အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း(၇၀)
(နိုင်ငံ့ရဲ့ပင်မစစ်တပ်)
"ဘယ်လိုမျိူးလဲ"
"ပါဝင်တဲ့နိုင်ငံတွေက သူတို့ရဲ့ အကောင်းဆုံးဆိုတဲ့ တပ်ဖွဲ့တွေကို ကျိုင်းကောင်နယ်မြေ ထွက်ပေါ်လာချိန်မှာ ပေါ်တယ်ကနေ တဆင့် စေလွှတ်ရတယ်"
"ဒီနိုင်ငံအတွက် ပေါ်တယ်ကတော့ သီရိမင်္ဂလာအင်ပါယာရဲ့ မြို့တော် ဟန်လင်းမှာပဲ"
"ကျိုင်းကောင်နယ်မြေ ပြိုင်ပွဲကို နှစ်၂၀ တစ်ခါ လုပ်လေ့ရှိတယ်"
"ကျိုင်းကောင်တွေ ပေါ်လာတိုင်းလဲ ပတ်ဝန်းကျင်နိုင်ငံတွေကို ဝင်ဖျတ်ဆီးကြလို့ ဝိုင်းတိုက်ရာကနေ နောက်ပိုင်းမှာ သတ်ဖြတ်နိုင်မှုနဲ့ ရှင်သန်နိုင်မှု အလိုက် နိုင်ငံတစ်ခုရဲ့ အဆင့်သတ်မှတ်ချက်တွေ ပေါ်လာတယ်လို့ ပြောကြတာပဲ"
စောရန်နိုင်က
"အဲဒါဆိုရင် အောင်မင်္ဂလာ ပင်မစစ်တပ်က အဆင့်သတ်မှတ်ချက် အတွက် ကျိုင်းကောင်နယ်မြေကို ထွက်သွားပြီပေါ့ အဲ့လိုလား"
"အင်း .. ဟုတ်တယ်၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲလေ ၊ အခုဆို ပြန်လာနေကြလောက်ပြီ"
"ကျိုင်းကောင်နယ်မြေက ဘယ်နိုင်ငံမှာရှိတာလဲ"
"အယုဒ္ဓယအင်ပါယာရဲ့ လက်အောက်ခံ မဲဆောက်နိုင်ငံ ထဲမှာပဲ"
"ပြောရရင် ကျိုင်းကောင်တွေ သားဖောက်လဖြစ်တဲ့ နွေဦးရာသီအစ ဆိုရင် မဲဆောက်နိုင်ငံက လူပေါင်း သိန်းချီ သေဆုံးလေ့ရှိတယ်၊ အင်ပါယာတွေကသာ ဂရုမစိုက်ခဲ့ရင် အယုဒ္ဓယ အင်ပါယာ ပျက်ဆီးသွားမှာပဲ"
"ပြည်နယ်စောင့်တပ် တစ်ခုမှာ စစ်အင်အား ဘယ်လောက်ထိ ပိုင်ဆိုင်ထားကြလဲ"
"၁၂ သိန်း ၈ သောင်းဆီ ရှိတယ်၊ ဘုရင့်မြို့တော်ရှိတဲ့ အရှေ့ပြည်နယ်ကတော့ အဲဒီထက်ပိုများမှာပေါ့"
"ဘာပဲပြောပြော မင်းရဲ့လက်ရှိအင်အားနဲ့ နိုင်ငံပင်မစစ်တပ်ကို မပြောနဲ့ဦး ပြည်နယ်စောင့်တပ် တွေကိုတောင် နိုင်မှာမဟုတ်ဘူး"
"ပြီးတော့ အဓိက အချက်တစ်ခုကို မင်းမေးဖို့ မေ့နေတယ်"
စောရန်နိုင်တစ်ယောက် မျက်မှောင်ကျုံ့လိုက်ရင်း
"ဘာကိုလဲ"
"နိုင်ငံရဲ့ပင်မတပ်က အင်အားဘယ်လောက်ထိ ရှိထားလဲ သိလား ၊ ပြည်နယ်စောင့်တပ်တွေ ဘာလို့အခုထိ ရောက်မလာ ကြသေးတာလဲ ဆိုတာ"
"ပြီးတော့ ပြည်နယ်စောင့်တပ်သာ တကယ်တိုက်ရင် မင့်တပ်တွေ ခုခံနိုင်မယ် ထင်လား"
"ပြည်နယ်စောင့်တပ်ရဲ့ စစ်သေနာပတိက ဘာလို့ ပြည်နယ်စောင့်တပ်တွကို အသုတ်လိုက်ပဲ လွှတ်ပြီး လူခွဲပစ်တာလို့မင်းထင်လဲ"
"မသိဘူး ပြီးတော့ နိုင်ငံရဲ့ ပင်မတပ်ဖွဲ့က အင်အားကြီးတာလား"
"အင်အား ... ဟုတ်လား၊ အင်အားနဲ့ မဆိုင်ဘူး၊ ပါဝင်တဲ့လူတွေရဲ့ နောက်ခံ ကျင့်ကြံဆင့် တွေက မင်းယှဉ်နိုင်တဲ့အရာ တွေမဟုတ်ဘူး"
"အဲဒီလိုပဲ မင့်ရဲ့ နောက်ခံကလဲ သူတို့မော်ကြည့်ရဲခဲ့တဲ့ အရာမဟုတ်ဘူး"
"နိုင်ငံရဲ့ ပင်မစစ်တပ်က လူ ၂၅၀ ကျော်လေးပဲ ရှိတာပါ ၊ ဒါပေမဲ့ အနိမ့်ဆုံးကျင့်ကြံဆင့်က ချီစစ်သူကြီးပဲ"
"စစ်ခေါင်းဆောင်ရဲ့ကျင့်ကြံဆင့်က ချီဧကရာဇ် အထွတ်အထိပ်မှာ ရှိတယ် ၊ သုံးတဲ့ ဖွဲ့စည်းပုံအစီအရင်က ကျားဖြူဖွဲ့စည်းပုံ အစီအရင်ပဲ ၊
"အဆင့် ၃ အစီအရင် တခုဖြစ်လို့ ချီဧကရာဇ် အထွတ်အထိပ် တောင် မချိုးဖောက်နိုင်ဘူး"
"ရန်မိသားစု ဒီလို ထောင်လွှားနိုင်တာက ဘာကြောင့်လို့ မင်းထင်လဲ"
စောရန်နိုင်ခေါင်းရမ်းလိုက်ရင်း
"မသိဘူး"
"အဲဒီ စစ်ခေါင်းဆောင်က ရန်မိသားစုက မို့လေ"
"မင်းပြောကြည့် ငါတို့လို့ ချီဧကရာဇ်အဆင့် ဗိုလ်ချုပ်ကြီးတွေက အကြောင်းမရှိပဲ ရန်မိသားစု အမိန့်ကိုနာခံ ပါ့မလားဟ"
"နိုင်ငံရဲ့ ဘုရင်တောင် ရန်မိသားစု ခေါင်းဆောင်ကို မျက်နှာသာပေးရတယ်လေ"
"အဲဒါဆိုရင် ကျွန်တော့်အဘိုးကိုကျ ဘာလို့နှယ်နှင်ရဲတာလဲ"
"ဟား .. ဟား .. ဒါကလဲ ရန်မိသားစု ခေါင်းဆောင်ရဲ့ ဆန္ဒတစ်ခုဆို မမှားဘူးမလား"
"စစ်ခေါင်းဆောင် မရှိတော့တဲ့နောက် ရန်ခေါင်းဆောင်က သူ့သားကို မိသားစုခေါင်းဆောင်ဖြစ်စေချင်တာလေ"
"မျိုးဆက်အရ အမတ်ကြီးရန်နိုင်စိုးက ရန်မိသားစုခေါင်းဆောင် ဖြစ်ရမှလေ၊ ဒါပေမဲ့ အခြေအနေအရ ရန်နိုင်စိုးက နန်းတွင်းအမတ်ဖြစ်သွားရတော့ မိသားစုခေါင်းဆောင် နေရာကို လက်ရှိရန်ခေါင်းဆောင်က ယာယီယူထား ပေးရတာ"
"မင်းရဲ့အသက် ၂၀နှစ် ပြည့်ရင် မိသားစုထုံးစံအရ လက်ရှိရန်မိသားစုရဲ့ အနာဂတ်ခေါင်းဆောင် အဖြစ် သတ်မှတ်ခံရတော့မှာလေ"
"ကျန်တာတော့ မင်းလဲ သဘောပေါက်မှာပါ"
"အင်း"
[ ကျုပင်ခုတ် ကျုငုတ်မကျန် ငါ့ကိုပါသတ်ချင်နေတာက ဘာမဟုတ်တဲ့ မိသားစု ဆက်ခံသူ နေရာကြောင့်ပေါ့ ]
"ဒါနဲ့ ဘာလို့ ကျွန်တော့်ကို ဒီလောက်ထိ ပြောပြနေတာလဲ"
" ရန်လုံးကျော်ဆိုတာ လက်ရှိ ပြည်နယ်စောင့်တပ်ရဲ့ ခေါင်းဆောင်ပဲလေကွာ၊ ကုန်ကုန်ပြောရရင် စစ်ခေါင်းဆောင်ရဲ့ သစ္စာခံ ရန်မိသားစုဝင် တစ်ဦးလေ"
"ဟဲ ... မင့်ရဲ့လက်ရှိ ကျင့်ကြံဆင့်နဲ့ နောက်ခံနဲ့ဆိုရင် ရန်ခေါင်းဆောင်နေရာက ပြေးမလွတ်ဘူးလေ ဟက်"
"အရင်ကဆိုရင် တစ်မျိုးတစ်မည် ဖြစ်နိုင်ပေမဲ့ အခုအချိန်မှာ မင်းသာတစ်ခွန်း ပြောလိုက် အနောက်ပြည်နယ်စောင့်တပ်နဲ့ မြောက်ပိုင်းပြည်နယ်စောင့်တပ်တွေက မင့်စကားတခွန်းပဲ"
"ဘာလို့"
အခန်း(၇၀)ပြီး
စာစဉ်၅
အခန်း(၇၁)
( တတိယမြောက် အပြင်လူသစ္စာခံ ချီဧကရာဇ်စဦး အဆင့် )
"ဘာလို့"
"ဘာလို့ဆိုရင် အခုလိုပြောပြတဲ့ ကျေးဇူးနဲ့ ငါ့ကိုများ မသတ်ပဲလွတ်ပေး မလားလို့ပါ ဟီး"
"ဟား .. ခင်ဗျားကိုသတ်မယ်လို့ ကျွန်တော်မပြောမိပါဘူး"
"တကယ်လာ .. ဟီး"
"အင်း ... ခင်ဗျားသာ ကျွန်တော့်ဆီ သစ္စာခံမယ် ဆိုရင်ပေါ့"
"ရတယ်လေ ဒါပေမဲ့ ငါ့ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးတွေကိုတော့ ပြန်မသတ်နိုင်ဘူး"
"သူတို့နဲ့ငါက ကျိုင်းကောင်နယ်မြေမှာ သေဖော်သေဖက် ရှင်ဖော်ရှင်ဖက်တွေ ဖြစ်ခဲ့ကြတာ"
"ကောင်းပြီလေ၊ ဒါပေမဲ့ ခင်ဗျားရဲ့သစ္စာရှိခြင်း ကိုပြပေးရမယ်"
"ဘယ်လိုမျိုးလဲ"
"ကျွန်တော်မြို့တော်သစ် တည်တဲ့အခါ မြို့စောင့်လုပ်ပြီးပြပေါ့"
"ကောင်းပါပြီ"
သောကမြို့အဝင် မြို့ရိုးတံခါးဝမှာတော့ ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာနဲ့ လွင်မိုး တို့ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြပါတယ်။
စောရန်နိုင်နဲ့ ထွန်းအောင်တို့ လေကြောင်း ခရီးနှင်ရင်း ရောက်လာကြပါတယ်။
"အရှင်စော ကို ဂါဝရပြုပါတယ်"
"အရှင်စော ကို ဂါဝရပြုပါတယ်"
"အရှင်စော ကို ဂါဝရပြုပါတယ်"
စောရန်နိုင်လဲ ခေါင်းငြိမ့်အသိအမှတ် ပြုလိုက်ပါတယ်။ သောကမြို့စား အိမ်တော်အတွင်း
"ရန်သူ့သတင်း ဘာထူးသေးလဲ"
မင်းထင်နော်ရထာက
"တင်ပြပါတယ် အရှင်စော"
"ဟူးကောင်းလွင်ပြင် ဓညဝတီမြို့ပြင်မှာ ရန်သူအင်အား ၇ သိန်း ကျော် ရောက်ရှိ စခန်းချနေကြပါတယ်"
"တစ်ခါတစ်လေ တပ်စုလေး တွေကတော့ ဆေးပင်တစ်ရာမြို့ ပတ်ဝန်းကျင်မှာ ပေါ်လာတက်တယ်လို့ သိရပါတယ်"
"ဆေးပင်တစ်ရာမြို့ကို ဘာလို့ မသိမ်းနိုင်သေးတာလဲ ဗိုလ်ချုပ်ကြီး"
"ပုံမှန်ဆိုရင်တော့ သိမ်းနိုင်ပါပြီ ဒါပေမဲ့ အရှင်စော"
"ဘာပြဿနာ ရှိနေတာလဲဗျ"
"ကျင့်ကြံသူ တပ်ဖွဲ့တွေက ဆေးပင်တစ်ရာမြို့မှာ အထိုင်ချပြီး ပြန်စုဖွဲ့နေကြတာပါ"
"အော် ... ဒါပေမဲ့လဲ မသိမ်းလို့တော့ မရဘူးဗျ"
ပါလာတဲ့ ထွန်းအောင်ကလဲ
"ကြည့်ရတာ မင့ူရဲ့တပ်တွေကို သူတို့တွေ မတိုက်ချင်လို့ ငါ့လို ဝေ့ဝိုက်နေကြတာပဲ"
မင်ထင်နော်ရထာ မျက်မှောင်ကျုံ့ရင်းနဲ့
"မင်းက ဘယ်သူလဲ ချီဧကရာဇ် စဦးအဆင့်လောက်နဲ့ ငါတို့သခင်ကို မင်းနဲ့ငါ နှိုင်းယှဉ်ပြောလို့ ရပြီထင်နေတာလား"
ပြောရင်းဆိုရင်း ရုတ်တရက် ဆိုသလို ဝင်တိုက်ခိုက် ပါတော့တယ်။
စောရန်နိုင် တစ်ယောက် ဘေးကနေ ပွဲကြည့်နေပါပြီ။ ဒါသူ့ရဲ့အကြံပါ။
သူ့အနေနဲ့က ချီဧကရာဇ် အထွတ်အထိပ် ဆိုသော်ငြားလည်း အဆင့်တူများနဲ့ ကြီးကြီးမားမား (အဆင့်တူကို တွေ့မနေတာပါ ) မတိုက်ဖူးပါ။
ထွန်းအောင်နဲ့ တိုက်တုန်းကလဲ လက်သီးတချက်ထိုးရင်း ပွဲပြီးသွားပါတယ်။
ဒါကြောင့်လဲ မင်းထင်နော်ရထာကို ထွန်းအောင်အား တိုက်ခိုင်းပြီး ပြန်လေ့လာချင်တဲ့ သဘောပါ။
"လာခဲ့စမ်းပါ"
အခန်း(၇၁)ပြီး
အခန်း(၇၂)
( လက်ရည်စမ်းခြင်း )
"လာစမ်းပါ"
"ချွမ် ... ချွင် .. ဝှစ် .. ဝှစ် .. ဝုန်း"
သောကမြို့ရဲ့ ကောင်းကင်ယံ ထက်မှာတော့ ချီဇကရာဇ် နှစ်ဦးဖြစ်တဲ့ ထွန်းအောင်နဲ့ မင်းထင်နော်ရထာ တို့နှစ်ဦးသား တိုက်ခိုက်နေ ကြပါတယ်။
တိုက်ပွဲကနေ ဖြာထွက်လာတဲ့ ချီစွမ်းအင် လှိုင်းတွေက သောကမြို့ရဲ့ ကောင်းကင်တခွင်ကို လှပစွာ တန်ဆာဆင် ထားသလို အရောင်သွေး စုံစွာ ဖြန့်ကျက် လျက်ရှိနေပါတယ်။
"ရာသီအလိုက် ပန်းတွေပွင့်တယ်
ရာသီအလိုက် ပန်းတွေကြွေတယ်
နုပျိုခြင်းက တခဏသာ
ကြွေလွင့်သည်က ထာဝရတည်း"
"ဂန္ဓာဓားသိုင်း၁၂ကွက် ... လွင့်ကြွေသောရာသီ"
တောက်ပသော အလင်းတန်း တွေနဲ့အတူ ချီစွမ်းအင် ဓားတစ်ချောင်း ပေါ်ထွက်လာပြီး ထွန်းအောင်ဆီ ခုတ်ပိုင်း လိုက်ပါတယ်။
"ဟား .. ဟား၊ ကောင်းတယ်ဟေ့ ငါ့ဓားကွက်ကို ကြည့်လိုက်"
"လေနှင်ရာကို အဖော်ပြုလို့
တိမ်လွှာတွေလို ငါလှုပ်ရှားတယ်
ခရီးဘယ်မှာ ဆုံးမည်နည်း"
"တိမ်လွှာဓား၁၀ကွက် .. ပေါ့ပါးသောမိုးတိမ်"
မန္တာန်တစ်ပုဒ် ရွတ်ဆိုရင်း ဓားကွက် ထုတ်လိုက်တဲ့ ထွန်းအောင်ရဲ့ ပတ်ပတ်လည်မှာတော့ မိုးပြာရောင် စွမ်းအင် ဓားများ ပေါ်ပေါက်လာပါတယ်။
ထို့နောက် ရှေ့တည့်တည့်ကို ဓားဖျားနဲ့ ညွှန်လိုက်တဲ့ အခါမှာတော့ စွမ်းအင်ဓားသွားတွေက မင်းထင်နော်ရထာရဲ့ စွမ်းအင်ဓားကြီးနဲ့ ဆုံမိကြပြီး ကောင်းကင်နဲ့ မြေပြင်တခွင် ကျယ်လောင်သော အသံကြီးထွက်ပေါ်စေပါတယ်။
"ဝှစ် .. ဝှစ် .. ဝုန်း .. အုန်း"
အဲဒီနောက် သူတို့နှစ်ဦး ဆက်မတိုက် ကြတော့ပါဘူး။ ကောင်းကင်ယံမှာ ရပ်နေရင်း တစ်ယောက်ကို တစ်ယောက်စူးစိုက် ကြည့်နေကြပါတယ်။
ထိုနောက် ထွန်းအောင်က
"မင်းလဲ ဓားသမား၊ ငါလဲ ဓားသမား၊ မာယာတွေမလိုဘူး တစ်ကွက်ထဲနဲ့ ဆုံးဖြတ်ကြမယ်"
မင်းထင်နော်ရထာလဲ ပြုံးလိုက်ရင်း
"ဓားသမားဆိုတာ ဒဲ့တိုး ဆန်တယ်၊ တစ်ကွက်လောက်ဆို လုံလောက်ပြီ၊ အငယ်မို့ စခွင့်ပြုပါ"
"ကောင်းပြီ"
"လေဘယ်လောက်တိုက်တိုက် ငါခိုင်မြဲတယ်
မပြိုလဲပဲ ငါယိမ်းယိုင်မယ်
လေငြိမ်ခိုက်မှာ ကောင်းကင်ထိုးဖောက်
ရှင်သန်ခြင်းကို ငါနားလည်သွား"
ဓားသိုင်းကွက် စာသားရွတ်ဆိုကာ ဓားသိုင်းဖော် နေစဉ်မှာပဲ မင်းထင်နော်ရထာရဲ့ ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ ချီစွမ်းအင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။
"ဂန္ဓာဓားသိုင်း၁၂ကွက် … နောက်ဆုံးဓားသိုင်း စေညွှန်ရာလွင့် ဂန္ဓဓား"
"ဝုန်း .. အုံး"
"ငါ့ပတ်လည်မှာ လေထုရှိတယ်
မိုးကြိုးဒဏ်ကို ငါမကြောက်ဘူး
လောကကြီးကို ငါထိုးဖောက်မယ်"
"တိမ်လွှာဓားသိုင်း ၁၀ကွက် .. နောက်ဆုံးဓားသိုင်း .. ကောင်းကင်ဖောက်ဓား"
"ဝှစ် .. ဝေါ .. ဝေါ .. ရွှတ် .. ခလွပ် .. ခလွပ် အုံး"
"အင့်"
ချီစွမ်းအင်နဲ့ ဖွဲ့တည်ထားတဲ့ ဓားများဆုံမိ ကြတဲ့အခါမှာတော့ မင်းထင်နော်ရထာရဲ့ ချီဓားသွားက ထွန်းအောင်ရဲ့ ချီဓားသွားကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား စေပါတယ်။
နောက်ဆက်တွဲ အနေနဲ့ ထွန်းအောင်က သွေးတလုတ် အန်ချလိုက်ရပါတယ်။ ထွန်းအောင် ရှုံးသွားပါတယ်။
ပါးစပ်က သွေးစများအား လက်ခုံဖြင့်သုတ်ရင်း
"ဟူး .. မျိုးဆက်သစ် တွေကို မျိုးဆက်ဟောင်းက မယှဉ်နိုင်ကြတာ မဆန်းတော့ ပါဘူးလေ၊ ငါရှုံးပြီ"
"အနိုင်ပေးလို့ ကျေးဇူးတင်ပါတယ်"
"ဖြောင်း .. ဖြောင်း .. ဖြောင်း"
"သိပ်ကို တော်ကြပါတယ်ဗျာ၊ ဒီလူငယ်လဲ ဗသုသုတ ရခဲ့ပါတယ်"
"မခံယူဝံ့ပါဘူး အရှင်စော"
အခန်း(၇၂)ပြီး