← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

The Path To The Throne

ရာဇပလ္လင်သို့ လျှောက်ရာလမ်း

MC စောရန်နိုင်

စာစဉ် ၆

အခန်း(၇၆) ပြီး

( ကြံစည်ကြခြင်း )

မြို့တော်ရဲ့ နောက်ထပ်တည်းခိုခန်း တစ်ခုမှာတော့

"အောင်ချမ်းနိုင်၊ ဒီပုံစံဆိုရင် မင်းတို့ အောင်မိသားစုရဲ့ ဘုရင်ဆက်ခံသူ နေရာကို ရန်မိသားစုက ယူသွားနိုင်တယ်နော်"

"ဟုတ်တယ်နော်၊ ဘယ်လိုလဲ ငါတို့ရဲ့ အကူအညီလိုသေးလား"

"ရတယ် မလိုပါဘူး၊ ငါတို့ပြဿနာ ငါတို့ရှင်းနိုင်ပါတယ်၊ မင်းတို့ သာ အင်ပါယာ လက်အောက်က လွတ်ဖို့ ဂရုစိုက်စမ်းပါ"

"အောင်ချမ်းနိုင်၊ အဲဒီတစ်ယောက်ကို ငါမျက်စိကျတယ်ကွာ၊ ကိစ္စတွေ အဆင်ပြေရင် ငါ့ကိုပေးမလား"

"မရဘူး၊ သူမကကို အောင်မိသားစုဝင် တစ်ယောက်ယောက်နဲ့ နေရာချ ပေးတော့မှာ"

"သူမနဲ့ ယူနိုင်တဲ့သူက အနာဂတ်ရဲ့ အောင်မိသားစု ခေါင်းဆောင် ဖြစ်လာလိမ့်မယ်ထင်တယ်"

"အဲဒါဆိုရင် မင်းပဲရအောင် ယူလိုက်လေ၊ ပြီးရင် မိသားစုခေါင်းဆောင် ဖြစ်ပြီပေါ့၊ အဲဒါပြီးရင် ငါတို့ကို ပြန်မျှလေကွာ"

"အင်း၊ အဲဒါကောင်းတယ်၊ ဒါပေမဲ့ ငါမှ သူမကို စိတ်မဝင်စားတော့တာ"

"ဟား .. ရော့၊ ဒါက ရမ္မာက်ထန်ဆေး .. သူမသောက်မဲ့ တစ်ခုခုထဲ ထည့်ဖျော်လိုက်၊ အရောင် အနံမရှိလို့ မသိသာဘူး၊ ပြီးရင် မင်းဂွင်ထဲ ရောက်ပြီပေါ့"

"ဟား .. ဟား၊ အဲဒါဆို အဆင်ပြေပြီ၊ သူမကိုရပြီးရင် မိသားစုခေါင်းဆောင် နေရာက ငါ့အတွက်ပဲ"

"ပြီးရင်ညီ အကိုတို့အတွက် သူမကို ပျော်တော်ဆက်ခိုင်း ပေးမယ်၊ ဟား .. ဟား"

ရန်နိုင်အောင်က

"ရန်ထက်အောင်ကိုပါ ရှင်းထုတ်ရမယ်"

"ဟုတ်တယ်၊ အောင်ချမ်းနိုင် သူကလဲ မင်းအတွက် အတားအဆီးတစ်ခုပဲလေ"

"အင်း .. အခုတလော သူမက သူ့နား နီးကပ်နေတယ်၊ ငါ့အထင်တော့ သူမက သူ့အပေါ် စိတ်ယိုင်နေပြီထင်တယ်နော်"

"မဖြစ်စေရဘူး၊ သူမကို အရယူမဲ့ အပြင် သူ့ကိုပါ ရအောင် ရှင်းပစ်ရလိမ့်မယ်"

"မဟုတ်ရင် အောင်မိသားစုရဲ့ နေရာကျဆင်းသွားနိုင်တယ်"

"စိတ်ချပါအစ်ကို အောင်ချမ်းနိုင်၊ ရန်ထက်အောင်သေလို့ ကျွန်တော် ရန်မိသားစု ခေါင်းဆောင်ဖြစ်ခဲ့ရင် အောင်မိသားစုကို ထောက်ခံမှာပါ၊ ဝင်လာခဲ့"

ထွန်းအောင်နဲ့ အနောက်ပြည် နယ်က ဗိုလ်ချုပ်ကြီး တချို့ အခန်းထဲ ဝင်လာပါတယ်။

"သူတို့က အနောက်ပြည်နယ်က ဗိုလ်ချုပ်ကြီးတွေ မလား၊ စိတ်ချရပါ့မလား၊ သူတို့ကို အင်ပါယာက တိုက်ရိုက် ခန့်ထားတာနော်၊ မတော်လို့"

ရန်နိုင်အောင်က ညစ်ညမ်းစွာ ပြုံးလိုက်ရင်း

"အစ်ကို‌ အောင်ချမ်းနိုင် စိတ်ချပါ၊ သူတို့ရဲ့မိသားစု ဝင်တွေက ကျွန်တော့် လက်ထဲမှာပါ၊ အဲဒီအတွက် ဒီကိစ္စ မှာစိတ်ချ လက်သပ် ခိုင်းနိုင်ပြီလေ"

"ဟား .. ကောင်းတယ်၊ သူမကို အရယူဖို့ ငါ့တာဝန်ထားလိုက်၊ ရန်ထက်အောင်ကို လုပ်ကြံဖို့ သူတို့တာဝန် ခံပါစေ၊ ပြီးခဲ့တဲ့ သားရဲတွင်းမှာ ရန်ထက်အောင် ဒဏ်ရာ ရထားတယ်"

ရွှေတစ်ခေတ်နိုင်ငံရဲ့ ကိုယ်စားလှယ် တစ်ဦးကလဲ

"ငါမှာ သူတို့ကို လည့်စားနိုင်မဲ့ သတင်းနှစ်ခု ရှိတယ်"

"ကောင်းတာပေါ့ဗျာ၊ ဆိုပါဦး"

"မြို့တော်ရဲ့ တောင်ဘက် မိုင်တစ်ရာ အကွာမှာ အဆင့် ၂ ကျိုင်းကောင်ဘုရင်မ တစ်ကောင်ရှိတယ်လို့ သတင်းရထားတယ်"

"ပြီးတော့ မြို့တော်ရဲ့ အနောက်ဘက် မှာလဲ အဆင့် ၃ ကျိုင်းကောင်ဘုရင်မရဲ့ သားရဲတွင်း ရှိတယ်တဲ့"

"ညီအစ်ကို ဆိုလိုတာက"

"အဆင့် ၂ နဲ့ ၃ ကိုလည့်စား ပြီး သူ့ကိုသတင်း ပေးလိုက်ပေါ့၊ ပြီးတော့ သူတို့ကိုပါထည့်ပေးပြီး သူတိုက်ခိုက်နေချိန် နောက်ကနေ တိုက်ခိုက် ခိုင်းလိုက်"

"သူမကိုတော့ ညီအစ်ကို အောင်က ဖိတ်ပြီး တစ်ခုခုဧည့်ခံ လိုက်ပေါ့ဗျာ၊ နောက်ပြီးရင် ဆေးခတ်ပြီး၊ အဟဲ"

"ဟား .. ဟား၊ သိပ်ကောင်းတယ်ဗျာ"

ဒီနှစ်လ အတွင်းမှာ အောင်မင်္ဂလာ ကိုယ်စားလှယ်တွေရဲ့ ကျိုင်းကောင် သတ်ဖြတ်မှုက ရတဲ့ရမှတ်တွေ ဟာ တခြားနိုင်ငံတွေ ထက်များစွာ သာလွန်နေပါတယ်။

ဒါကို ရွှေတခေတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့က မကျေနှပ်ပါဘူး၊ အဲ့ဒါကြောင့် အောင်မင်္ဂလာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့က ရန်ထက်အောင်နဲ့ မတည့်တဲ့ တိုက်နိုင်စိုး ရန်နိုင်အောင် အောင်ချမ်းနိုင်တို့ဆီ ချဉ်းကပ်နေတာပါ။

ရန်ထက်အောင် ကျဆုံးသွားရင် အောင်င်္ဂလာ ကိုယ်စားလှယ် အဖွဲ့ရဲ့ ထောက်တိုင် ကျိူပြီမို့ ကျန်သူတွေကို အေးဆေး ရှင်းထုတ်ယုံပါပဲ။

လူငယ်မျိူးဆက် ကောင်းကောင်းမရှိတဲ့ အောင်မင်္ဂလာနိုင်ငံကို တဖြည်းဖြည်းခြင်း ဝါးမြို ကျမှာပါ။

ဒါကို အောင်ချမ်းနိုင်တို့ အဖွဲ့က သတိမထားမိပါဘူး၊ သူတို့စိတ်ထဲမှာက လင်းဝူကို အပိုင်သိမ်း ဖို့နဲ့ ရန်ထက်အောင်ကို သတ်ချင်စိတ်ကသာ များနေခဲ့တာပါ။

"အဲ့ဒါဆိုရင် သူတို့ကို ကူညီဖို့ ရောင်းရင်း တို့ကိုပဲ မျက်နှာပူရတော့မှာပဲဗျာ"

"ဟဲ၊ စိတ်ချပါဗျ"

အခန်း (၇၆)ပြီး

အခန်း (၇၇)

( ကျွန်မ‌လင်းဝူရဲ့ အချစ်ဦး )

ကျွန်မ သူ့ကို ကြည့်မရခဲ့ပါဘူး

တစ်ပတ်အကြာ ရန်ထက်အောင်တို့ တည်းခိုရာ နေရာမှာတော့

"ညီအစ်ကိုတို့ ငါ အနေနဲ့ သတင်းတစ်ခု ရထားတယ်၊ မြို့တော်ရဲ့ အနောက်ဘက် မိုင်တစ်ရာ အကွာမှာ အဆင့် ၂ ကျိုင်းကောင် ဘုရင်မရဲ့ သားရဲတွင်းကို ရှာတွေ့ထားတယ်တဲ့"

"အဲ့ဒီ သားရဲ တွင်းကိုသာ ဖျတ်ဆီး နိုင်ခဲ့ရင် ငါတို့အဖွဲ့ရဲ့ အမှတ်တွေက အများဆုံး ဖြစ်သွားမှာပဲ"

"အဲ့ဒီတော့ သွားကြစို"

"ကောင်းပါပြီ စစ်ခေါင်းဆောင်"

ဘေးက လူတချို့ကလဲ

"ဒီတကြိမ်ပြိုင်ပွဲမှာ စစ်ခေါင်းဆောင် ပါလာလို့သာ ငါတို့အမှတ်တွေ အများကြီး ရနေတာကွ"

"အဲဒါတင်လားကွာ၊ ငါတို့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့ပေးတာလဲ ထည့်ပြောကြဦးလေ"

"မဟုတ်ရင် ဒီနေရာမှာ ရပ်ပြီး ဘယ်လိုလုပ် စကားပြောနေ နိုင်မှာလဲဟ"

"ကျေးဇူးတင်ပါတယ် စစ်ခေါင်းဆောင်၊ အခုလို အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့လို့ပါ"

"ဟား .. ဟား၊ တစ်နိုင်ငံထဲ သားတွေပဲဗျာ၊ အရေးကြီးရင် သွေးစည်းကမှာပေါ့၊ စိတ်ထဲမထားပါနဲ့ဗျ"

"လင်းလေး .. သွားကြစို့လေ"

"ဟုတ် .. အကို"

ကျွန်မအနေနဲ့ သူ့ကို ယခင်က လုံးဝကို ကြည့်မရခဲ့ပါဘူး၊

မာနကြီးတယ်၊ မသိတက်ဘူး၊ မိန်းခလေးတဦးကို မျက်နှာသာ ပေးရကောင်းမှန်း မသိဘူး စသည်ဖြင့် ကျွန်မအနေနဲ့ ခေါင်းစဉ် အမျိုးမျိူး တက်ပြီး အမြင်ကတ်နေခဲ့တာပါ။

ဒါပေမဲ့ သားရဲတွင်း တွေထဲမှာ ကျွန်မရဲ့ ပေါ့ဆမှုကြောင့် လူတိုင်း အသက်ဆုံးရှုံးရ မလိုလို ခနခန ဖြစ်ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်လဲ အကြိမ်ကြိမ် သေမလိုတွေ ကြုံလာရပါတယ်။

ဖြစ်ခဲ့တိုင်းလဲ သူကပဲ အသက်စွန့်စားပြီး ပြန်ကယ်ပေးခဲ့ရတာပါ။ သူက ကျွန်မ စွတ်ဆွဲခဲ့သလို သူရဲဘောကြောင်သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး။

ဒါတွေကိုသိပ်ပြီး အဖတ်မလုပ်ခဲ့ သေးပါဘူး။ သူကစစ်ခေါင်းဆောင်၊ ဒါ သူ့တာဝန်ပဲလို့ ကျွန်မ ခံယူထားပါတယ်။

အဖြစ် အပျက် မတိုင်ခင်ထိပေါ့။

ထိုနေ့က အောင်ချမ်းနိုင်ရဲ့ ဖိတ်ကြားမှု တစ်ခုကို ကျွန်မ လက်ခံခဲ့ပါတယ်။ မကြာခင် အမျိူးတော်စပ်ရမဲ့ သူက ကျွန်မကို လုပ်ကြံရဲမယ်လို့ ကျွန်မ မထင်ခဲ့မိပါဘူး။

ကျွန်မ ဆေးတစ်မျိုးပါတဲ့ ရေနွေးတစခွက် ကိုသောက်မိခဲ့ပါတယ်။ ကျွန်မ သိသိခြင်း ပြန်လာချင် ခဲ့ပေမဲ့ အချိန်မမှီခဲ့ပါဘူး။

အောင်ချမ်းနိုင်ရဲ့ ယုတ်မာမှုအောက် ကျွန်မ သက်ဆင်းရ တော့မဲ့ အချိန်မှာ စစ်ခေါင်းဆောင် ရောက်လာပြီး ကျွန်မကို ကယ်တင်ခဲ့ပါတယ်။

အမြဲတမ်း ကျွန်မ ရန်တွေ့တာ အမြဲ ခံနေရတဲ့ သူတစ်ယောက်က ကျွန်မကို လာကယ်လိမ့်မယ်လို့ သူမ မတွေးထားမိပါဘူး။

အရင်က အမြင်ကတ်မှုတွေက လေးစားမှု တွေအဖြစ် အရည်ပျော်ကုန်ပါပြီ။ ကျွန်မ ရင်ဘက်ထဲမှာ အမျိုးအမည် မသိတဲ့ ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ်။

ကျွန်မရဲ့ အိပ်ခန်းဆီ အရောက်မှာ ကျွန်မကို အိပ်ယာပေါ် တင်ကာ စောင်ခြုံပေးလိုက်ရင်း

"မိန်းခလေး လင်း နောက်ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ ကိုယ် အခန်းအပြင်မှာ စောင့်ပေးပါ့မယ်"

"နေဦး .. ရှင် .. ကျွန်မကို မမုန်းဘူးလားဟင်"

"ဘာလို့မုန်းရမှာလဲ"

"ဘာလို့လဲ၊ ဘာလို့လဲ၊ ရှင့်အပေါ် အမြဲတမ်း ဒီလောက် ဆူပူရန်တွေ့ နေခဲ့တာလေ"

"တကယ်တော့၊ ကိုယ့်မိသားစုမှာ ကိုယ့်အပေါ် မင်းလောက် ဂရုတစိုက် ဆူပူ ပေးပြီး သတိမပျက်အောင် ဂရုစိုက်ပေးခဲ့တဲ့သူ မရှိတော့ဘူးလေ"

"အမေဆုံးပြီး ကထဲကပေါ့"

"ကျွန်မ တောာင်းပန်ပါတယ်၊ ကျွန်မ"

ကျွန်မ သောက်ထားတဲ့ ရမ္မာက်ထန် ဆေးရဲ့ အရှိုန်က အထွတ်အထိပ် ရောက်နေပါပြီ။

"ကျွန်မ ရှင့်ကို နမ်း ချင်တယ်"

"မိန်းခလေးလင်း သတိထား .. အု"

ဒီလိုနဲ့ ကျွန်မ နဲ့ သူ တညတာ ကုန်ဆုံးခဲ့ကြပါပြီ၊ သူမ သိလိုက်ရတာက သူကလဲ ကျွန်မ အပေါ် ချစ်နေတယ် ဆိုတာပါပဲ။

ကျွန်မ သိလိုက်ရတဲ့ နောက်တစ်ခုက အနေအေး သူတွေကိုအိပ်ယာထဲ ရန်မစမိဖို့ပါ၊ တညလုံး ကျွန်မ ခံစားလိုက်ရပါတယ်။

ရမ္မာက်ထန်ဆေး ဆေးပြယ်မပြယ်တော့ ကျွန်မ သေချာ မသိပါဘူး၊ ကျွန်မတော့ တော်တော် ကိုင်းသွားပါတယ်။

မနက်မိုးလင်းမှာတော့ ကျွန်မ လမ်းတောင် မလျှောက်နိုင်လောက်အောင် ဖြစ်သွားရပါတယ်ရှင်။

"လင်းလေး .. သွားကြစို့လေ"

"ဟုတ် .. အကို"

အခန်း (၇၇)ပြီး

အခန်း (၇၈)

( လုပ်ကြံခံရခြင်း )

မဲဆောင် မြို့တော် မြောက်ဘက် မိုင်တစ်ရာခန့် အကွာ ကျောက်ဂူကြီး တလုံးရှေ့မှာတော့ ထွန်းအောင် လမ်းပြ လိုက်ပါလာတဲ့ ရန်ထက်အောင် တို့ အဖွဲ့ ရောက်ရှိ‌နေပါတယ်။

သူတို့ အဖွဲ့က နှစ်ဖွဲ့ခွဲ လိုက်ကြပါတယ်။ တစ်ဖွဲ့ကို အောင်ချမ်းနိုင် ဦးဆောင်ပြီး မြို‌့တောင်ဘက်က သားရဲဆီသွား ကြပါတယ်။

တစ်ဖွဲ့ကိုတော့ ရန်ထက်အောင် ဦးဆောင်ကာ ထွန်းအောင်က လမ်းပြ လာပါတယ်။

"စစ်ခေါင်းဆောင် .. ရှေ့မှာ ကျိုင်းကောင် အုပ်ကြီးဗျို့"

"သတိထားကြ"

"ကျိ .. ကျိ .. ကျိ"

ထောင်ချီတဲ့ ကျိုင်းကောင် သားရဲ အုပ်ကြီးက ရန်ထက်အောင်တို့အဖွဲ့ ရှိနေရာ ဂူအပြင်ဘက်ကို ပြေးထွက်လာကြပါတယ်။

"လေခွင်းဓား"

"သေခြင်းတံ‌ဆိပ်"

"မီးနဂါးလှံ"

"အသွားရှိရင် အပြန်ရှိမယ်၊

ငါ့ဓားရောက်ရာ နယ်မြေပျက်သုံး

အင်္သချေဓားတို့ ပြန်ရာလမ်း"

ရန်ထက်အောင် ရဲ့ ရွတ်ဖတ်သံ အဆုံးမှာတော့ ပတ်ဝန်းကျင် လေထုထဲမှာ ရာချီတဲ့ အပြာရောင် စွမ်းအင်ဓား သွားတွေဟာ မြေပြင်ကို ဦးတည်လျက် စောက်ထိုး ဖြစ်ပေါ်လာကြပါတယ်။

"သွား"

သူ့စကားအဆုံးမှာ ရာချီ ချိတ်ဆွဲ နေတဲ့ လေထုထဲက စွမ်းအင် ဓားသွားတွေက မြေပြင်မှာရှိတဲ့ ကျိုင်းကောင်အုပ် ဆီ ပြေးဝင် သွားကြပါတယ်။

"ဝှီး .. ဝှီး .. ဝှီး .. ဇုတ် .. ဇုတ်"

"ကျီး .. ကျီး .. ကျီး .. ကျိ"

"စစ်ခေါင်ဆောင် အတော်ဆုံးပဲဗျို့"

"အား .. ငါ့ချစ်ချစ်က အတော်ဆုံးပဲ၊ ချစ်လိုက်တာ"

"အဟမ်း .. အမ ၊ အမက မိန်းခလေးဆိုတာ သတိရဦးနော်"

"ဟုတ်ပါ့ အမလင်းပဲ အရင်ကဆို ညီအကို ရန်ထက်‌အောင်ကို အမြဲတမ်း ရန်တွေ့နေတာ အခုမှ ဘယ်လိုဖြစ် ပြန်တာလဲ"

လင်းထက်နဲ့ ဗျတ္တ တို့က ဝင်ပြီး တားနေရပါတယ်။ အခုတလော လင်းဝူတစ်ယောက် ရန်ထက်အောင် မှ ရန်ထက်အောင် ဖြစ်နေတာပါ။

သူရဲကောင်းဆန်မှု ခေါင်းဆောင်ပီသ မှုတွေကြောင့် လင်းထက်၊ ဗျတ္တ၊ ဒဿ၊ အောင်ဇေယျနိုင်၊ နန္ဒ တို့လေးယောက်ဟာ ရန်ထက်အောင်နဲ့ သွေးသောက်ညီအကို အဖြစ် သစ္စာ ဆိုထားကြတာ ကြာပါပြီ။

အောင်ဇေယျနိုင်ဟာ အောင်ချမ်းနိုင်ရဲ့ ညီငယ်တယောက် ဖြစ်ပြီး အောင်မိသားစု ဝင် တယောက်ဖြစ်ပေမဲ့ ရန်ထက်အောင် အပေါ် ယုံကြည်လေးစားသူပါ။

ဒါကြောင့်လဲ ရန်ထက်အောင်ကို စံပြအဖြစ် နမူနာ ယူပြီး ခေါင်းဆောင်ကောင်း တယောက် ဖြစ်အောင်လုပ်မယ်လို့ ကြုံးဝါးထားသူပါ။

လင်းဝူအပေါ် နှစ်သက်နေပေမဲ့ ညီအကို သံယောဇဉ်နဲ့ သစ္စာ တရားကြောင့် နောက်ဆုတ်ပေးခဲ့သူ တယောက်ပါ၊ အခုတော့ လင်းဝူကို သူ့ရဲ့ အမရင်း တယောက်လိုပဲ ဆက်ဆံနေပါပြီ။

လင်းဝူက ရန်ထက်အောင်ထက် အသက် နည်းနည်း ငယ်ပြီး သူတို့လေးယောက်ထက် အသက်နည်းနည်း ပိုကြီးပါတယ်။ ဗိုလ်လဲ ကျတက်ပါသေးတယ်။

"ဘာဖြစ်လဲ၊ သေချင်နေတာလား"

လက်သီး တရွယ်ရွယ်နဲ့ ပြန်ရန်တွေ့ နေတဲ့ လင်းဝူကို ကြည့်ပြီး ရန်ထက်အောင် ပြုံးနေရပါတယ်။

ထွန်းအောင်က သူ့ဘေးနာက ပြည်နယ် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ချစ်မွှေး ကို မျက်စ ပစ်ပြလိုက်ပါတယ်။

ချစ်မွှေးက မသိမသာ ခေါင်းညိမ့်ပြလိုက်ရင်း

"စစ်ခေါင်းဆောင် ဟိုဘက်မှာ မသင်္ကာ စရာတခုတွေ့ ထားပါတယ်၊ လိုက်စစ်ဆေး ပေးပါဦးဗျ"

"ကောင်းပြီ၊ မင်းတို့ ခနစောင့်နေကြဦး၊ ငါသူတို့နဲ့ သွားကြည့်လိုက်ဦးမယ်"

"အကို့ .. ဂရုစိုက်နော်၊ သူတို့ကို ညီမ မသင်္ကာဘူး"

လင်းဝူရဲ့ မိန်းမသားပီပီ မသိစိတ်က သတိပေးနေတာပါ။

"အင်းပါ"

ရန်ထက်အောင် တစ်ယောက် ဒဿ နဲ့ လင်းထက် ကို ခေါ်ပြီး ဂူရဲ့အတွင်းပိုင်းကို ထွန်းအောင်တို့ အဖွဲ့ နဲ့ အတူတူ လိုက်ဝင်ခဲ့ပါတယ်။

ခနအကြာမှာတော့

"ကျီး .. ကျီ"

"ဝှစ် .. ရွှတ် .. ဝုန်း"

"အဆင့် ၂ ကျိုင်းကောင်ဘုရင်မကြီးဟ ပြေး .. ပြေး"

"ဇုတ် ... အင့်"

"ညီအစ်ကိုရန်"

"ထွန်းအောင် .. မင်းတို့ ဘာလုပ်တာလဲကွ"

တိုက်ခိုက်သံများနဲ့ အတူ ဒဿနဲ့ လင်းထက် တို့ရဲ့ အော်သံများက ဂူရဲ့ အတွင်းပိုင်း ထဲကနေ ထွက်ပေါ်လာပါတယ်။

"အစ်ကို၊ ဘာဖြစ်တာလဲ"

"ညီအစ်ကို ရန်"

"မလာနဲ့ ပြန်ထွက်ကြ၊ အကုန်ပြန်ဆုတ်"

အခန်း (၇၇)ပြီး

အခန်း(၇၈)

( ထားခဲ့ ကြရပြီ )

"မလာနဲ့ ပြန်ထွက်ကြ၊ အကုန်ပြန်ဆုတ်"

ရန်ထက်အောင်ဟာ နောက်ကျောမှာစိုက် ဝင်နေတဲ့ ဓားတန်းလန်းနဲ့ ပဲ ထွန်းအောင်တို့ကို ပြန်ကယ်နေခဲ့ ရှာပါတယ်။

နောက်ဆုံး ကျန်နေတဲ့ အဆင့် ၂ ကျိုင်း‌ကောင်ဘုရင်မ သားရဲကို သတ်ပြီးချိန်မှာတော့ ရန်ထက်အောင် တစ်ယောက် ဒူးတစ်ဖက်ထောက်ချလိုက်ရင်း

"ဝေါ့"

သွေးမဲ တစ်လုတ်အား အန်ချလိုက်ရင်း

"ဘာလို့လဲ .. ဝေါ့ .. ငါက မင်းတို့အပေါ် လုံလောက်အောင် မကောင်းခဲ့လို့လား ထွန်းအောင်"

ထွန်းအောင်နဲ့ ဗိုလ်ချုပ်ကြီး တချို့ ရန်ထက်အောင်ရှေ့ ဒူးနှစ်ဖက် စုံထောက်ချလိုက်ရင်း ခေါင်းများငုံ့လျက်

"စစ်ခေါင်းဆောင်၊ ကျွန်တော်တို့ အမှားတွေပါ"

လင်းထက် တို့ကလဲ ထွန်းအောင်တို့ကို သတ်ဖို့ ဓားနဲ့ ရွယ်လိုက်တဲ့အခါမှာတော့

"ရပ်လိုက် .. ဒါသူတို့အပြစ် မဟုတ်ဘူး"

"အစ်ကို စကားမပြောနဲ့တော့နော်၊ ဒဏ်ရာကို ချီနဲ့ အရင်ပြန်ကုထားပါဦး၊ ညီမတို့ ဒီကနေ"

ရန်ထက်အောင်က လက်ကာပြလိုက်ရင်း

"မရတော့ဘူး လင်လေး၊ ဓားပေါ်မှာ ဝိဉာဉ် နဲ့ ချီကို တားဆီးနိုင်တဲ့ ဆူရာ အဆိပ် သုတ်ထားတယ် ဝေါ့"

"မင်းတို့ကွာ .. တောက်"

လင်းထက်က ထွန်းအောင်တို့ကို ကြည့်ရင်း ဓားတရွယ်ရွယ်နဲ့ ဖြစ်နေပါတယ်။

"စစ်ခေါင်းဆောင် ကျွန်တော်တို့ကို ခွင့်မလွှတ်ပါနဲ့၊ ကျွန်တော်တို့ သေသင့်ပါတယ်"

"ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ ပြောစမ်း"

ဗျတ္တက ဓားဦးနဲ့ ချိန်ရင်း မေးလိုက်ပါတယ်။

"အောင်ချမ်းနိုင်နဲ့ ရန်နိုင်အောင် ဖမ်းထားတဲ့ ကျွန်တော်တို့ရဲ့ မိသားစု ဝင်တွေကိုတော့ သဘောထားကြီးပြီး ကယ်ပေးကြပါဗျာ"

"စစ်ခေါင်းဆောင် .. စစ်ခေါင်းဆောင် ကယ်ပေးခဲ့တဲ့ ဒီအသက်တွေကို ပြန်ပေးပြီး၊ နောင်ဘဝကျမှ ကျွန် အဖြစ်နဲ့ လာဆပ်ပါရစေ"

"ကျွန်တော်တို့ကို ခွင့်မလွှတ် ပါနဲ့ စစ်ခေါင်းဆောင်"

ရန်ထက်အောင်က သူရဲ့ လက်ကျန် ချီစွမ်းအင် အသုံးပြုပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေကို တားဆီး လိုက်ပါတယ်။

သူ့အသက်ကို ထိန်းထား တဲ့ လက်ကျန် ချီစွမ်းအင် ဖြစ်တာမို့ သူရဲ့ ခန္ဓာကိုယ် ဟာ ပြိုလဲကျ သွားပါတယ်။

"ဝေါ့ .. ဝေါ့"

"အစ်ကို"

"လူအများရဲ့ အသက်နဲ့ ငါတစ်ယောက်ရဲ့ အသက်လဲ ရတာတန်ပါတယ်"

"မင်းတို့ကိုလဲ ငါခွင့်လွှတ်တယ်၊ ဝေါ့ လင်းထက်၊ ဗျတ္တ၊ နန္ဒ၊ အောင်ဇေယျနိုင်၊ ဒဿ ၊ မင်းတို့လက်ထဲ လင်းလေးနဲ့ ထွန်းအောင်တို့ရဲ့ မိသားစု ဝင်တွေ ကိုအပ်ခဲ့မယ်"

"အခုတော့ မင်းတို့ သွားကြတော့"

ထိုအချိန်မှာပဲ ဂူရဲ့ ပိုနက်တဲ့ အတွင်းပိုင်း ထဲကနေ

"ကျီး ကျိ ကျိ လူသားတွေ အကုန်သေရမယ်"

"မဖြစ်တော့ဘူး .. ဝေါ့ .. အမြန်ထွက်ကျတော့ ၊ အဆင့် ၆ ကျိုင်းကောင်ဘုရင်မပဲ"

"လင်းထက်၊ လင်းလေးနဲ့ တခြားသူတွေကို ခေါ်ထုတ်သွားတော့ သွား အခုသွား"

"ညီအစ်ကို"

"အခုချက်ခြင်း အကုန်ပြန်ဆုတ်ကြ၊ ဒါက ငါစစ်ခေါင်းဆောင်ရဲ့ အမိန့်ပဲ"

"ဝေါ့"

"အစ်ကို"

"ဟုတ်"

"ဆုတ်ကြ .. ပြန်ဆုတ်ကြ၊ ငါတို့တာဝန်ကို မမေ့နဲ့"

လင်းထက်က ယာယီခေါင်းဆောင်နေရာကို ယာယီယူလိုက်ပြီး ထွန်းအောင်အပါအဝင် အားလုံးကို ချီစွမ်းအင်နဲ့ အပြင်ကို တွန်းထုတ်လိုက်ရပါတယ်။

ခနအကြာမှာတော့ လင်းထက်တစ်ယောက် မျက်နှာညိုးငယ်စွာနဲ့ လိုက်လာပါတယ်။

"နင် .. နင်၊ အစ်ကို့ကို ထားခဲ့တာလား၊ ပြောစမ်းငါ့ကို"

"ဒါက သူရဲ့ဆန္ဒပဲ"

"မဖြစ်ဘူး ငါပြန်ဝင်ပြီး .. အင့်"

ဂူထဲပြန်ဝင်မယ် တကဲကဲဖြစ်နေတဲ့ လင်းဝူကို ဗျတ္တက အနောက်ကနေ မေ့မြောအောင် လုပ်ပြီး ထိန်းလိုက်ပါတယ်။

"မဲဆောင်မြို့ဆီပြန်ပြီး ရမှတ်အပ်နှံကြရအောင်"

"ကောင်းပါပြီ"

လင်းထက်ရဲ့ အမိန့် နဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မဲဆောင်မြို့ဆီ ပြန်ခဲ့ကြပါတယ်။ အမှတ်ကောင်းကောင်းရခဲ့‌ ပေမဲ့ ထက်မြက်တဲ့ ခေါင်းဆောင် တဦးကိုတော့ ဆုံးရှုံး လိုက်ရပါပြီ။

အခန်း (၇၈)ပြီး

All Chapters