အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အခန်း (၇၉)
( ခံတပ်ကို ကူညီကြရပြီ )
"ကောင်းပါပြီ"
မဲဆောင်မြို့ထဲနဲ့ မြို့ပြင်မှာတော့
"ကျီ .. ကျီ .. ကျီ"
"ဆုတ်ကြ၊ ဆုတ်ကြ၊ နိုင်ငံကူး ပေါ်တယ်ဆီ လူစုခွဲသွားကြ"
ထောင်ချီတဲ့ ကျိုင်းကောင် အုပ်ကြီးရဲ့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဆုတ်ပြေးကြရင်း လူတွေကွဲကုန်ပါတယ်။
အဆင့် ၅ ကျိုင်းကောင်ဘုရင်မ ဦးဆောင်တဲ့ ကျိုင်းကောင် အုပ်ကြီးဟာ မဲဆောင် မြို့တော်ကို ဝင်ဖျတ်ဆီး နေကြပါပြီ။
တချို့သော ကျိုင်းကောင်သားရဲများက မြို့ထဲဝင်ရောက် ကုန်ပြီး မဲမဲမြင်ရာ သတ်ဖြတ် နေကြပါတယ်။
နိုင်ငံပေါင်းစုံက အင်အားကြီး ကိုယ်စားလှယ် အဖွဲ့ အများစုဟာ ရမှတ်အပ်ပြီး ပြန်ကုန်ကြပြီမို့ လင်းထက်တို့လို နောက်ကျနေတဲ့ အင်အား နည်းတဲ့ ကိုယ်စားလှယ် အဖွဲ့ အနည်းငယ်သာ ကျန်ရစ်နေခဲ့တာပါ။
မြို့ထဲမှာတော့ ကျိုင်းကောင်သုတ်သင်ရင်း ရတဲ့ ရမှတ်စု ကျောက်ပြား များကို အပ်နှံ နေကြတဲ့ ကိုယ်စားလှယ် အဖွဲ့ တချို့ရှိနေပါသေးတယ်။
ဒါပေမဲ့ အဆင့်အမြှင့်ဆုံးက ချီဧကရာဇ် အလယ်လတ်အဆင့်သာရှိတာမို့ အဆင့်၅ ကျိုင်းကောင်ဘုရင်မကို မတားဆီးနိုင်တော့ပါဘူး။
ရမှတ်အပ်နှံ ပြီးစဖြစ်တဲ့ လူ ၁၅၀ပါတဲ့ လင်းထက် တို့အဖွဲ့ လဲ မြို့ထဲ ကျူးလာတဲ့ ကျိုင်းကောင်သားရဲ တွေကို တားဆီး နေကြပါတယ်။
အကဲဖြတ် အဖွဲ့ရဲ့ အဆင့်မြင့်ဆုံး ကျင့်ကြံသူဖြစ်တဲ့ သီရိမင်္ဂလာ နိုင်ငံ အကြီးအကဲတစ်ဦးက
"အမှတ်အပ်ပြီးတဲ့ အဖွဲ့တွေ နိုင်ငံကူးပေါ်တယ် ဆီ အပြန်သွားကြတော့၊ ငါတို့တားထားပေးမယ်"
"ဟုတ်"
နိုင်ငံကူး ပေါ်တယ် တည်ရှိရာ မြို့အရှေ့ဘက် ခြမ်းမှာလဲ များပြားလှတဲ့ ကျိုင်းကောင်ငယ်တချို့ ဝင်ရောက်တိုက်ခိုက်နေကြပါတယ်။
မဲဆောက်နိုင်ငံ မဲဆောင်မြို့ရဲ့ နိုင်ငံကူး ပေါ်တယ်ကို ခံတပ်တစ်ခုနဲ့ ဝန်းရံထားကြတာပါ။
တခါတရံ ကျိုင်းကောင်သားရဲတွေ ကျွန်ဝင်လာပြီး တိုက်ခိုက်တက်ကြလို့ နိုင်ငံကူးပေါ်တယ် မပျက်ဆီးအောင် ကာကွယ်ထားကြတာပါ။
ခံတပ်ခေါင်းဆောင်က ချီဧကရာဇ် အထွတ်အထိပ် အဆင့် ရှိတာမို့ အဆင့် ၆ ကျိုင်းကောင်ဘုရင်မ တစ်ကောင် ပေါ်မလာမခြင်း သူထိန်းနေနိုင်ပါတယ်။
"မင်းတို့က ဘယ်နိုင်ငံက ကိုယ်စားလှယ် အဖွဲ့လဲဟေ့"
တိုက်ခိုက်ရင်းနဲ့ ခံတပ်ဆီ တိုးဝင်လာနေတဲ့ လင်းထက်တို့ကို ခံတပ်အပေါ်ကနေ လှမ်းမေးလိုက်တာပါ။
"အောင်င်္ဂလာ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ပါ"
"ခုန်တက်ခဲ့ကြ၊ မင်းတို့နိုင်ငံက ကောင်တွေ ရှုပ်သွားတဲ့ဇာတ်လမ်းဟေ့"
ခံတပ်ထဲ အရောက်မှာတော့ အကြောင်းစုံ သိလိုက်ရပါတယ်။
သတင်းမှားနဲ့ ရန်ထက်အောင် တို့ကို လည့်စားချင်သူ အောင်ချမ်းနိုင်နဲ့ ရန်နိုင်အောင်တို့ဟာ ရွှေတစ်ခေတ်နိုင်ငံ ရဲ့ အကြံအစည်အတိုင်း ထွန်းအောင်က တဆင့် သတင်းမှား ကို ပေးစေခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ကိုယ်တိုင်လဲ ရွှေတစ်ခေတ် နိုင်ငံရဲ့ သတင်းအမှား အောက်မှာ လည့်စားခံ လိုက်ရပြီး အဆင့် ၆ ကျိုင်းကောင် ဘုရင်မရဲ့ သားရဲတွင်းထဲ ဝင်ရောက်မိကြပါတယ်။
ထောင်ချီတဲ့ ကျိုင်းကောင်အုပ်ကြားထဲ ချီဧကရာဇ် အလယ်လတ်နဲ့ စဦး အဆင့်သာ ရှိကြတဲ့ သူတို့အဖွဲ့ဟာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ရပါတယ်။
နောက်ဆုံးမှာ အောင်ချမ်းနိုင်၊ တိုက်နိုင်စိုး၊ရန်နိုင်အောင်တို့ သုံးယောက်သား ကိုယ့်လူကို ပြန်ချနင်းကာ လွတ်မြောက်လာကြပါတယ်။
သူတို့မသိလိုက်တာက သူတို့နောက်မှာ အဆင့် ၅ ကျိုင်းကောင်ဘုရင်မ နဲ့ ကျိုင်းကောင်အုပ်ကြီး ပါလာတာပါပဲ။
အကျိူးဆက်အနေနဲ့ အင်အားနည်းပြီး ကျင့်ကြံဆင့် နိမ့်ကြတဲ့ နိုင်ငံတချို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ အသတ်ခံလိုက်ရပြီး မဲဆောင်မြို့တော်ပါ တိုက်ခိုက်ခံ လိုက်ရပါတယ်။
ထွန်းအောင်ကလဲ သတင်းမှားအကြောင်း ဖြည့်စွတ်လိုက်တဲ့ အခါမှာတော့
"တောက် .. ကိုယ်ကျိုးအတွက်နဲ့ နိုင်ငံ့အရးကိုတောင် ချနင်းရဲ တဲ့ကောင်တွေပဲကွ"
ခံတပ်ခေါင်းဆောင်က မကျေမနှပ်နဲ့ ပြောလိုက်တာပါ။
"ကျီ .. ကျီး"
"အဆင့် ၅ ကျိုင်းကောင်ဘုရင်မ ရောက်လာပြီ၊ ကြည့်ရတာ သူတို့နဲ့ အတူလာတဲ့ မင်းတို့ အော်ရာကို နောက်ယောက် လိုက်လာပုံရတယ်"
"မင်းတို့ နိုင်ငံသား လုပ်ခဲ့တဲ့ပြသနာ မင်းတို့လဲ ကူရှင်းကြ"
"ကျီး .. ကျီး .. ဝုန်း .. ဒုန်း .. ဒုန်း"
ထောင်ချီတဲ့ ကျိုင်းကောင်အုပ်ကြီးဟာ ခံတပ်နံရံ ကို အရှိုန် ပြင်းပြင်း ဝင်ဆောင့်ကြပါတော့တယ်။
"ငါ အဆင့် ၅ ကျိုင်းကောင်ဘုရင်မ ကိုတားထားမယ်၊ မင်းတို့က ကျန်တဲ့ အဆင့်က ဘုရင်မ တွေကို သတ်ကြ"
"ကောင်းပါပြီ"
အခန်း(၇၉)ပြီး
အခန်း(၈၀)
"ထန် .. ထန် .. ကျီး .. ကျိ၊ ကျိ"
ခံတပ်ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဖြိုးဝင်တစ်ယောက် အဆင့် ၅ ကျိုင်းကောင် ဘုရင်မကို တော်တော် တိုက်နေရပါတယ်။
ကျိုင်းကောင်တွေဆိုတာ သူတို့ရဲ့အပေါ် အခွံဟာ အင်မတန် မာကျောပါတယ်။ ဓားသွားပုံ သဏ္ဌာန် ခြေလက် ၆ ချောင်းပါရှိပြီး အဖြူဖျော့ဖျော့ အရောင် ရှိကြပါတယ်။ အရွယ်ရောက်ပြီး ကျိုင်းကောင်ဟာ ၅ ပေ ခန့် အမြင့်ရှိပြီး ၆ ပေခန့် အရှည် ရှိကြပါတယ်။
ဘုရင်မ သားရဲတွေရဲ့ အဆင့်ကိုတော့ အရောင်နဲ့ဦးခေါင်း ကိုကြည့်ပြီး ခွဲထားပါတယ်။
( အသေးစိတ်ကို စောရန်နိုင် နဲ့ ဆုံတဲ့အချိန်မှာ ရေးပေးပါ့မယ် )
အဆင့် ၄ လောက်ဆိုရင်ကို ဖြိုးဝင်းအနေနဲ့ သာသာယာယာ ထိန်းနိုင်ပါသေးတယ်။ အခုက အဆင့် ၅ ဖြစ်နေတာမို့ မာကျောတဲ့ အပေါ်ယံ အခွံကို မထိုးဖောက်နိုင် ဖြစ်နေပါတယ်။
ဒေါသကြီးလှတဲ့ ကျိုင်းကောင်ဘုရင်မဟာ ရုတ်တရက် ဆိုသလို ဖြိုးဝင်းနဲ့ တိုက်ခိုက် နေရာကနေ ရှောင်ထွက် လိုက်ပြီး လင်းထက်တို့ ရှိရာဆီ ပြေးဝင်သွားပြီး သူမရဲ့ ရှေ့လက်များနဲ့ သားရဲစွမ်းအင်တွေ ပစ်လွတ်လိုက်ပါတယ်။
"သတိထားကြ၊ ပြေးဝင်လာနေပြီ"
"ရွှတ် .. ရွှတ် .. ရွှတ်"
"အင့် .. အု .. အား"
တစ်စုတစ်စည်းထဲ ခုခံနေတဲ့ ပြည်နယ်ဗိုလ်ချုပ်ကြီး တချို့ဟာ အလျင်အမြန်ပဲ ချီစွမ်းအင်နဲ့ ခုခံလိုက်ပေမဲ့ ကျိုင်းကောင် ဘုရင်မ ပစ်လွတ်လိုက်တဲ့ သားရဲစွမ်းအင် ကို မခံနိုင်ပဲ အကာ အကွယ်ရောလူတွေပါ အပိုင်းပိုင်းပြတ်ကုန်ပါတယ်။
"မဟုတ်ဘူး"
နောက်ထပ် အကြိမ်ကြိမ်ပဲ ဖြိုးဝင်းရဲ့ တိုက်ခိုက်မှု့ တွေကို လျစ်လျူ ရှု့ပြီး လင်းထက်တို့ရဲ့ အောင်မင်္ဂလာ ကိုယ်စားလှယ် အဖွဲ့တွေဆီကိုသာ ဦးတည်တိုက်ခိုက် နေတာမို့ လူ ၆၀ ကျော် သေဆုံးသွားရပါတယ်။
ပြာယာခက်နေတဲ့ လင်းထက်လဲ မတက်နိုင်တဲ့အဆုံး
"ခံတပ်ခေါင်းဆောင်၊ တစ်ခုခုလုပ်ပါဦး၊ ဘုရင်မက ကျွန်တော် တို့ကိုပဲ ဦးတည်တိုက်ခိုက်နေ သလိုပဲဗျ"
"ဟုတ်တယ်၊ ဒီလိုဆို မင်းတို့ ကိုယ်စားလှယ်အဖွဲ့တွေ အကုန် သေကုန်လိမ့်မယ်"
"သွားကြ နိုင်ငံကူးပေါ်တယ်ဆီ ဆုတ်ကြတော့၊ ကျန်တာငါတို့ကံပဲ"
ပြည်နယ်ဗိုလ်ချုပ်ကြီး တချို့ကလဲ
"သခင်လေး လင်း၊ ခံတပ်ခေါင်းဆောင်ပြောတာမှန်တယ် မြန်မြန်ဆုတ်ပါတော့"
"ဟုတ်တယ်၊ ကျွန်တော်တို့ ခုခံရင်းနေခဲ့မယ်၊ သခင်လေးတို့သာ ပြန်ဆုတ်ပြီး ကျွန်တော်တို့ မိသားစုဝင်တွေကို သူယုတ်မာတွေ လက်ထဲကနေ ကယ်ပေးကြပါ"
"ဟုတ်တယ်၊ ဟုတ်တယ် ပြန်ဆုတ် .. အား"
"ငါက အခုလက်ရှိ စစ်ခေါင်းဆောင်ပဲ ငါ့၊ အင့်"
အနောက်က ရောက်နေတဲ့ ခံတပ် ခေါင်းဆောင်က လင်းထက် အပါအဝင် လူတချို့ကို မေ့မြောအောင် လုပ်လိုက်ရင်း
"ကျန်ခဲ့ချင်တဲ့သူတွေ ကျန်ခဲ့ကြပြီး၊ သွားချင်တဲ့ သူတွေ သွားကြတော့"
"အခုမလုပ်ရင် ခံတပ် တစ်ခုလုံး ပျက်ဆီးကုန်မယ်၊ ဘုရင်မက မင်းတို့ကိုပဲ တစ်ခုခုကြောင့် မဲနေတာ"
"မင်းတို့ လူတချို့ကို သူထပ်သတ်နိုင်ရင် သူဆက်ပြီး တိုက်ခိုက်မှာမဟုတ်တော့ဘူး"
"ငါပြောတာနားလည်ကြလား၊ တခြားသူတွေကို ငဲ့ကြပါဦးဟ"
ပြည်နယ်ဗိုလ်ချုပ်ကြီး အများစုက
"ထွန်းအောင်၊ ချစ်မွေး မင်းတို့နှစ်ယောက်က သူတို့နဲ့ အရင်းနှီးဆူံးပဲ ဒါကြောင့် သူတို့ကို ခေါ်ပြီး အခုသွားတော့"
အခြေအနေ တင်းမာနေတုန်းမှာပဲ ဘုရင်မက ပေါ်တယ်ရှိရာဆီ ပြေးဝင်လာနေပါတယ်။
ဗိုလ်ချုပ်ကြီးတချို့နဲ့ ဖြိုးဝင်းက ပြေးထွက်သွားကာ အသေခံ တားဆီးနေကြပါတယ်။
"ကျီး .. ရွှတ် .. ရွှတ် .. အင့် .. အား"
"ထွန်းအောင်၊ ချစ်မွှေး နဲ့ မင်းတို့အနောက်ပြည်နယ်က လက်ကျန်လူတွေစုပြီး သခင်လေးလင်း တို့ကို ခေါ်သွားကြတော့"
ထိုဗိုလ်ချုပ်ကြီးက မြောက်ဘက်ပြည်နယ် လင်းမိသားစုက နောက်ဆုံးကျန်နေတဲ့ သူတစ်ယောက်ပါ။ သူတို့လင်းမိသားစု ဝင်တွေက ဒီခရီးမှာ လူသိပ်မပါ ကြပါဘူး။
တခြားသူတွေ တစ်ယောက်ပြီးတစ်ယောက် အသက်ပေး ကာကွယ်နေရတဲ့ အခြေအနေတွေကို ကြည့်ရင်း ထွန်းအောင်က
"ရောင်းရင်းတို့ အတူတူ မသေပေးနိုင်ခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ကြပါ"
ထွန်းအောင်နဲ့ ချစ်မွှေးတို့နဲ့ ဗိုလ်ချုပ်ကြီး ၁၀ဦးက လင်းထက်တို့အပါအဝင် မိသားစုဝင် သခင်လေးတချို့ကို ချီစွမ်းအင်နဲ့ ထွေးပိုက်လိုက်ရင်း နိုင်ငံကူး အထွက်ပေါ်တယ်ထဲ ခုန်ဝင်လိုက်ကြပါတယ်။
( နိုင်ငံကူး ပေါ်တယ်တွေမှာက အဝင်နဲ့ အထွက် ဆိုပြီး ပေါ်တယ် နှစ်ခု တစ်စုံစီ ရှိကြပါတယ်၊ ဖွင့်တဲ့သူရဲ့ လမ်းညွှန်မှုနဲ့ အလုပ်လုပ်ကြပါတယ် )
အခန်း (၈၀)ပြီး
စာစဉ် ၆
အခန်း(၈၁)
( ပေးဆပ်ခဲ့ကြသူများ )
"ထန် ... ထန် ... ကျီး ... ကျိ၊ ကျိ"
ခံတပ်ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဖြိုးဝင်းတစ်ယောက် အဆင့် ၅ ကျိုင်းကောင်ဘုရင်မကို တော်တော် တိုက်နေရပါတယ်။
ကျိုင်းကောင်တွေဆိုတာ သူတို့ရဲ့အပေါ် အခွံဟာ အင်မတန် မာကျောပါတယ်။ ဓားသွားပုံ သဏ္ဌာန် ခြေလက် ၆ ချောင်းပါရှိပြီး အဖြူဖျော့ဖျော့ အရောင် ရှိကြပါတယ်။ အရွယ်ရောက်ပြီး ကျိုင်းကောင်ဟာ ၅ ပေ ခန့် အမြင့်ရှိပြီး ၆ ပေခန့် အရှည် ရှိကြပါတယ်။
ဘုရင်မ သားရဲတွေရဲ့ အဆင့်ကိုတော့ အရောင်နဲ့ဦးခေါင်း ကိုကြည့်ပြီး ခွဲထားပါတယ်။
( အသေးစိတ်ကို စောရန်နိုင် နဲ့ ဆုံတဲ့အချိန်မှာ ရေးပေးပါ့မယ် )
အဆင့် ၄ လောက်ဆိုရင်ကို ဖြိုးဝင်းအနေနဲ့ သာသာယာယာ ထိန်းနိုင်ပါသေးတယ်။ အခုက အဆင့် ၅ ဖြစ်နေတာမို့ မာကျောတဲ့ အပေါ်ယံ အခွံကို မထိုးဖောက်နိုင် ဖြစ်နေပါတယ်။
ဒေါသကြီးလှတဲ့ ကျိုင်းကောင်ဘုရင်မဟာ ရုတ်တရက် ဆိုသလို ဖြိုးဝင်းနဲ့ တိုက်ခိုက် နေရာကနေ ရှောင်ထွက် လိုက်ပြီး လင်းထက်တို့ ရှိရာဆီ ပြေးဝင်သွားပြီး သူမရဲ့ ရှေ့လက်များနဲ့ သားရဲစွမ်းအင်တွေ ပစ်လွတ်လိုက်ပါတယ်။
"သတိထားကြ၊ ပြေးဝင်လာနေပြီ"
"ရွှတ် ... ရွှတ် ... ရွှတ်"
"အင့် ... အု ... အား"
တစ်စုတစ်စည်းထဲ ခုခံနေတဲ့ ပြည်နယ်ဗိုလ်ချုပ်ကြီး တချို့ဟာ အလျင်အမြန်ပဲ ချီစွမ်းအင်နဲ့ ခုခံလိုက်ပေမဲ့ ကျိုင်းကောင် ဘုရင်မ ပစ်လွတ်လိုက်တဲ့ သားရဲစွမ်းအင် ကို မခံနိုင်ပဲ အကာအကွယ်ရော လူတွေပါ အပိုင်းပိုင်းပြတ်ကုန်ပါတယ်။
"မဟုတ်ဘူး"
နောက်ထပ် အကြိမ်ကြိမ်ပဲ ဖြိုးဝင်းရဲ့ တိုက်ခိုက်မှု တွေကို လျစ်လျူ ရှု့ပြီး လင်းထက်တို့ရဲ့ အောင်မင်္ဂလာ ကိုယ်စားလှယ် အဖွဲ့တွေ ဆီကိုသာ ဦးတည်တိုက်ခိုက် နေတာမို့ လူ ၆၀ ကျော် သေဆုံးသွားရပါတယ်။
ပြာယာခက်နေတဲ့ လင်းထက်လဲ မတက်နိုင်တဲ့အဆုံး
"ခံတပ်ခေါင်းဆောင်၊ တစ်ခုခုလုပ်ပါဦး၊ ဘုရင်မက ကျွန်တော်တို့ကိုပဲ ဦးတည်တိုက်ခိုက်နေ သလိုပဲဗျ"
"ဟုတ်တယ်၊ ဒီလိုဆို မင်းတို့ ကိုယ်စားလှယ်အဖွဲ့တွေ အကုန် သေကုန်လိမ့်မယ်"
"သွားကြ နိုင်ငံကူးပေါ်တယ်ဆီ ဆုတ်ကြတော့၊ ကျန်တာငါတို့ကံပဲ"
ပြည်နယ်ဗိုလ်ချုပ်ကြီး တချို့ကလဲ
"သခင်လေး လင်း၊ ခံတပ်ခေါင်းဆောင် ပြောတာမှန်တယ် မြန်မြန်ဆုတ်ပါတော့"
"ဟုတ်တယ်၊ ကျွန်တော်တို့ ခုခံရင်းနေခဲ့မယ်၊ သခင်လေးတို့သာ ပြန်ဆုတ်ပြီး ကျွန်တော်တို့ မိသားစုဝင်တွေကို သူယုတ်မာတွေ လက်ထဲကနေ ကယ်ပေးကြပါ"
"ဟုတ်တယ်၊ ဟုတ်တယ် ပြန်ဆုတ် ... အား"
"ငါက အခုလက်ရှိ စစ်ခေါင်းဆောင်ပဲ ငါ့၊ အင့်"
အနောက်က ရောက်နေတဲ့ ခံတပ် ခေါင်းဆောင်က လင်းထက် အပါအဝင် လူတချို့ကို မေ့မြောအောင် လုပ်လိုက်ရင်း
"ကျန်ခဲ့ချင်တဲ့သူတွေ ကျန်ခဲ့ကြပြီး၊ သွားချင်တဲ့ သူတွေ သွားကြတော့"
"အခုမလုပ်ရင် ခံတပ် တစ်ခုလုံး ပျက်ဆီးကုန်မယ်၊ ဘုရင်မက မင်းတို့ကိုပဲ တစ်ခုခုကြောင့် မဲနေတာ"
"မင်းတို့ လူတချို့ကို သူထပ်သတ်နိုင်ရင် သူဆက်ပြီး တိုက်ခိုက်မှာမဟုတ်တော့ဘူး"
"ငါပြောတာနားလည်ကြလား၊ တခြားသူတွေကို ငဲ့ကြပါဦးဟ"
ပြည်နယ်ဗိုလ်ချုပ်ကြီး အများစုက
"ထွန်းအောင်၊ ချစ်မွေး မင်းတို့နှစ်ယောက်က သူတို့နဲ့ အရင်းနှီးဆူံးပဲ ဒါကြောင့် သူတို့ကို ခေါ်ပြီး အခုသွားတော့"
အခြေအနေ တင်းမာနေတုန်းမှာပဲ ဘုရင်မက ပေါ်တယ်ရှိရာဆီ ပြေးဝင်လာနေပါတယ်။
ဗိုလ်ချုပ်ကြီးတချို့နဲ့ ဖြိုးဝင်းက ပြေးထွက်သွားကာ အသေခံ တားဆီးနေကြပါတယ်။
ကျီး ... ရွှတ် ... ရွှတ် ... အင့် ... အား"

အခန်း (၈၁)ပြီး