အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အခန်း(၈၂)
(လူ တချို့သာသိတဲ့ အချက်တစ်ခု)
အောင်မင်္ဂလာ နိုင်ငံရဲ့ အဝင်နိုင်ငံကူး ပေါ်တယ်ရှေ့မှာတော့ ထွန်းအောင်အပါအဝင်၊ ဗိုလ်ချုပ်ကြီး ၁၂ဦးဟာ ခေါင်းငုံထားကြပါတယ်။
သူတို့ရှေ့မှာတော့ လင်းဝူက ဆူပူပြောဆို ကြိမ်းမောင်းလျက်ရှိပါတယ်၊ လင်းထက်တို့ကလဲ အံတကျိတ်ကျိတ်နဲ့ ဘေးမှာရှိနေပါတယ်။
"နင်တို့ရူးနေလား၊ ယောကျာ်းတွေ မဟုတ်ကြဘူးလား"
"ဘာလို့ သူတို့ကို ထားခဲ့ရတာလဲ၊ နင်တို့တွေ တော်တော် သူရဲဘောကြောင် နေတာလား"
ပုံမှန်ဆိုရင် သူတို့ရဲ့အဆင့်နဲ့ ရာထူးအရ လင်းဝူကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ အခုကတော့ အခြေအနေ မတူတော့ပါဘူး။
သူတို့အသက်ကို ရန်ထက်အောင်က ပေးခဲ့တာပါ။ သူတို့မိသားစုတွေကို ပြန်ကယ်ပေးနိုင်မှာလဲ လင်းဝူ တို့လို သခင်လေးတွေ လက်ထဲမှာပါ။
"သူတို့ရဲ့ သဘောဆန္ဒ အရ နေခဲ့ကြတာပါ သခင်မလေးလင်း"
"သွားကြတော့ နင်တို့မျက်နှာ ငါမကြည့်ချင်တော့ဘူး"
"ဒါပေမဲ့ ကျွန်တော်တို့ မိသားစုဝင်"
"အစ်ကိုရဲ့ စကားနားထောင်ပြီး ငါတို့တာဝန်ယူပေးမယ်၊ တစ်လအတွင်း အိမ်ပြန်ရောက်စေရမယ်"
"ကျေးဇူးတင်ပါတယ်၊ သခင်မလေး လင်း၊ နောင်တစ်ချိန် တစ်ခုခု လိုအပ်ခဲ့ရင်၊ ဒီလူတွေက အမြဲအသင့် ရှိနေပေးပါ့မယ်"
"မင်းတို့လို သစ္စာဖောက်တွေ ကလား"
ဗျတ္တနဲ့ နန္ဒတို့က မတက်သာစွာနဲ့
" အမလင်း ကျွန်တော်တို့ဂိုဏ်းတွေကို အမြန်ပြန်ရလိမ့်မယ်"
" ဟုတ်တယ်အမလင်း၊ ကျွန်တော်ဆီလဲ အခုပဲ ဆက်သွယ်လာတယ်"
" အင်းပါ၊ ဂရုစိုက်သွားကြ"
" ဟုတ်"
ဒီလိုနဲ့ ဗျတ္တနဲ့ နန္ဒတို့ဟာ အလျင်အမြန်ပဲ လမ်းခွဲသွားကြပါတယ်။ လင်းဝူက သူတို့နှစ်ယောက်ကို ကြည်ပြီး
"ထားလိုက်တော့၊ အခုအရေးကြီး ကိစ္စ ပြောစရာရှိတယ် "
"နင်တို့ ဗိုလ်ချုပ်ကြီးတွေလဲ နှုတ်လုံရလိမ့်မယ်၊ မဟုတ်ရင်"
"ပြောပါ သခင်မလေး၊ နောက်တစ်ကြိမ်ဆိုတာ မရှိစေရပါဘူး"
"မောင်လေး၊ ဗျတ္တ၊ ဒဿ၊ နန္ဒ၊ အောင်ဇေယျနိုင်၊ ငါနင်တို့ကို ပြောစရာရှိတယ်၊ ကျန်သူတွေလဲ ဒီကိစ္စကို လျို့ဝှတ်ပေးထားကြပါ"
"ဟုတ် အမလင်း"
"ဟုတ် အမ"
"ကောင်းပါပြီ၊ သခင်မလေး လင်း"
"ငါ နင်တို့ထဲက တစ်ဦးဦးနဲ့ အမြန်ဆုံး လက်ထပ်ရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ငါ့မှာ အစ်ကိုနဲ့ ရတဲ့ မျိုးဆက် တစ်ခု ရှိနေပြီ"
"ဗျာ ... ၊ အမ တကယ်လား၊ အဲ့ဒါဆိုရင် ကျွန်တော်တို့ လင်းမိသားစုဆီပြန်ပြီး "
"မဟုတ်ဘူးမောင်လေး"
"လင်းမိသားစုဆီ ပြန်ရင်လဲ အောင်မိသားစုဝင် တစ်ယောက်ယောက်နဲ့ လက်ထပ်ရမှာပဲ"
"အဲဒီအခါ ကျရင် အမရဲ့ အခြေအနေကို သိသွားပြီး အစ်ကိုမျိုးဆက်ကို ဒုက္ခ ပေးကြမှာဆိုးတယ်"
"အဲဒီအတွက် အကိုရဲ့ သွေးသောက်ထဲက တစ်ဦးဦးနဲ့ငါ အမြန်ဆုံးလက်ထပ်ရလိမ့်မယ်၊ အကောင်းဆုံးက အောင်မိသားစုဝင်ဖြစ်တဲ့ အောင်ဇယျနိုင်ပဲ"
"ဗျာ ... အမလင်း၊ ဒါက မဖြစ်သင့်ဘူးနော်"
"ပြီးတော့ဒါက ညီအစ်ကို ရန်ထက်အောင် အပေါ် သစ္စာမဲ့ သလို ဖြစ်သွားမှာလေ"
"ဘာလဲ နင်က နင့် ညီအစ်ကိုရဲ့ မျိုးဆက်ကို ပျက်ဆီးစေချင်တာလား၊ နင်က အောင်မိသားစုကမလို့လား"
"အမလင်း၊ ဒီသဘောမျိုးမဟုတ်ပါဘူး၊ ကျွန်တော်က အမလင်း ကို မကာကွယ်နိုင်မှာ ဆိုးတာပါ"
"တော်ပြီ ဆက်မပြောနဲ့တော့ နင် ငါ့ကို လက်မခံနိုင်ရင် တခြားသူတွေကော ဘယ်လိုထင်လဲ"
ထိုအခါ ထွန်းအောင်က
"တစ်ခုဝင်ပြောခွင့်ပြုပါ သခင်လေးအောင်နဲ့ သခင်မလေးလင်း"
"အင်း ... ပြော"
"သခင်မလေး လင်းစီစဉ်တာ မှန်ပါတယ်၊ သခင်လေးက အောင်မိသားစုဝင် ဖြစ်တဲ့အတွက် အောင် နဲ့ လင်း မိသားစုနှစ်ခုရဲ့ စေ့စပ်ဖို့ရာ ကတိကဝတ်ကိုလဲ ဖြည့်စည်းပြီးသားဖြစ်သွားမှာပါ"
"အဲဒါအပြင် အောင် နဲ့ လင်း မိသားစုကို ပေါင်းစည်းစေသူက ဘုရင်ဖြစ်ရမယ်ဆိုတဲ့ အင်ပါယာရဲ့ အမိန့်စာနဲ့လဲ ကိုက်ညီတာမို့ ဘုရင်နေရာက သေချာပေါက် သခင်လေး ရမှာပါ"
"အကယ်၍ သခင်လေးသာ ဘုရင်ဖြစ်ခဲ့ရင် စစ်ခေါင်းဆောင်ရဲ့ မျိုးဆက် ကို ကာကွယ်နိုင်ပါလိမ့်မယ်"
ဗျတ္တ ၊ဒဿ၊ နဲ့ နန္ဒ တို့ကလဲ
"ဟုတ်တယ်၊ လောလောဆယ် အသင့်တော်ဆုံးကမင်းပဲ အောင်ဇေယျနိုင်၊ငါတို့လို အာဏာမပြည့်ဝတဲ့ ဂိုဏ်းတွေက အမလင်းကို အပြည့်အဝ ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ကောင်းပြီ ငါအမလင်းနဲ့ လက်ထပ်မယ်"
"ကျေးဇူးပါပဲ မောင်လေး အောင်ဇေယျနိုင်၊ ဒါပေမဲ့ အမက မင်းနဲ့ အတူတူတော့ မအိပ်ချင်ဘူး"
အောင်ဇေယျနိုင်က ရယ်မောလျက်
"ဟား ... အမလင်းက လျှောက်တွေးနေပါပြီဗျာ၊ ညီအစ်ကို အပေါ် ကျွန်တော်ရဲ့ သစ္စာစောင့်သိမှုက အပြည့်ပါဗျ"
"အမလင်း စိတ်ချပါ၊ လက်ထပ်ပြီးတဲ့ အချိန်ကစပြီး အမလင်းကို လက်ဖျားနဲ့တောင် မထိစေရပါဘူး"
"ကောင်းပြီ၊ ဒီလိုပဲ လုပ်ကြတာပေါ့၊ ရှင်တို့တွေလဲ နူတ်လုံပါစေ"
"စိတ်ချပါ သခင်မလေး လင်း၊ ဒီအကြောင်းတွေကို အသက်နဲ့အတူ မြုပ်နှံသွားပါ့မယ်"
အခန်း(၈၂)ပြီး
အခန်း (၈၃)
( အောင်ဘုရင်ရဲ့ စီမံမှု )
တစ်လခန့်အကြာမှာတော့ ထွန်းအောင်တို့ ပြည်နယ်စောင့်ဗိုလ်ချုပ်ကြီးတွေရဲ့ ထိန်းသိမ်းခံထားရတဲ့ မိသားစုဝင်တွေလဲ လွတ်မြောက်လာကြပါတယ်။
လင်းဝူနဲ့ လက်ထပ်ယူနိုင်မှုကြောင့် အောင်ဇေယျနိုင်လည်း အောင်မင်္ဂလာနိုင်ငံရဲ့ ထီးနန်းကို ဆက်ခံနိုင်ခဲ့ပါတယ်။
လင်းဝူကိုတော့ ဝူ ဆိုတဲ့ဘွဲ့တစ်ခု ပေးအပ်ကာ ကိုယ်လုပ်တော်ဝူအဖြစ် နေရာပေးခဲ့တယ်။
ခုနှစ်လ ကြာပြီးချိန်မှာတော့ လင်းဝူဟာ စောရန်နိုင်ကို မွေးဖွားသန့်စင်နိုင်ခဲ့ပါပြီ၊၊
အောင်ဇေယျနိုင်ဟာ စောရန်နိုင်ရဲ့ တစ်နှစ်ပြည့် ကင်မွန်းတပ် မွေးနေ့မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ကျင်းပပေးခဲ့ပါတယ်။
ဘုရင်ဖြစ်တဲ့ အောင်ဇေယျနိုင်ဟာ ရန်ထက်အောင်ရဲ့ အစ်ကိုကြီးဖြစ်သူ ရန်နိုင်စိုးအား အမတ်ကြီးအဖြစ် ရာထူးပေးအပ်ကာလင်းဝူရဲ့ မွေးစားဖခင်အဖြစ်နဲ့ အနီးကပ်လုံခြုံရေးကို သေသေချာချာ စီစဉ်ပေးခဲ့ပါတယ်။
အဲဒီပွဲမှာတော့ အသက်ရှင်ကျန်ရစ်သူ ပြည်နယ်စောင့်ဗိုလ်ချုပ်ကြီးများ တက်ရောက်၍ ကောင်းချီးပေးခဲ့ကြပြီး ကတိသစ္စာ တစ်ခုကို အတူတကွ ထားရှိခဲ့ကြပါတယ်။
ထွန်းအောင်တစ်ယောက် ပြောရင်း ဝမ်းနည်းနေပါတယ်။ စောရန်နိုင်ရှေ့ ရုတ်တရက် ဒူးထောက်လိုက်ရင်း
"သခင်လေးစော ... ဒါတွေက ငါတို့အမှားတွေပါ"
"စစ်ခေါင်းဆောင်နဲ့ သခင်မလေးလင်းရဲ့ ကျေးဇူးတွေက ငါတို့အသက်နဲ့ ပြန်ဆက်လို့ မရနိုင်ပါဘူး"
မင်းထင်နော်ရထာက
"ဓားသမားတစ်ဦးရဲ့ ရာဇဝင် တစ်ခု ရိုင်းခဲ့ပြီပေါ့ဗျာ"
လွင်မိုးနဲ့ မေသူဇာတို့ အပါအဝင် ဇာတ်လမ်း ပြောနေချိန် တဖြည်းဖြည်း စုရုံးလာကြတဲ့ မိသားစုခေါင်းဆောင်နဲ့ ဂိုဏ်းချုပ်၊အကြီးအကဲများကလဲ
" ငါတို့ကတော့ တော်ဝင်မိသားစု ဆိုပြီး အောင်မိသားစုကို လေးစားလိုက်ကြရတာ၊ ဒီအကြောင်းတွေကိုသာ မသိခဲ့ရင် သူတို့ကို ဆက်ပြီး လေးစားကြည်ညိုနေမိမှာပဲ"
" ဟုတ်တယ်၊ အခုတော့ကွာ ဘာကို မြင့်မြတ်တဲ့ မိသားစုကြီး တွေလဲ၊ အလကား လူသတ်သမား၊တစ်ကိုယ်ကောင်း သမားတွေ"
" တောက်၊ ဒီလောက် ကောင်းတဲ့ စစ်ခေါင်းဆောင် တစ်ဦးကို ဆုံးရှုံးခံ လိုက်ရတယ်လို့ကွာ"
ဘေးက လာနားထောင်နေတဲ့ လူအုပ်ကြီးရဲ့ ဒေါသတကြီး ဝေဖန်မှုများကို စောရန်နိုင်က လက်ကာပြကာ ဟန့်တားလိုက်ရင်း
"တော်ကြတော့ ... သူတို့အပြစ်တွေကို သူတို့ပြန်ပေးဆပ် ခိုင်းမှာပါ"
"အခုတော့ လာမဲ့စစ်ပွဲ ကိုပဲ အာရုံစိုက်ကြတာပေါ့"
ပွင့်လင်းလေလံစံအိမ် ရဲ့ အကြီးအကဲတစ်ဦးက
" ဟုတ်ကဲ့ပါ ခေါင်းဆောင်၊ ကျွန်တော်တို့ ပွင့်လင်း လေလံစံအိမ်ကနေ သတင်းတချို့ရထားပါတယ်"
"ဟုတ်လားဗျ၊ အများသိအောင် မျှဝေပေးပါဦး"
လတ်တလော တိုက်ပွဲတွေမှာ စောရန်အတွက် စစ်သတင်းတွေကို ပွင့်လင်းသောလေလံစံအိမ်က တာဝန်ယူပေးနေပါတယ်။
သတ္တုရိုင်းသယ်ယူ ပို့ဆောင်ရေးနဲ့ စစ်အင်အား နေရာချထားမှုကိုတော့ စောရန်နိုင်ရဲ့ CH-47 ရဟတ်ယာဉ်တွေနဲ့ အဓိက လုပ်ဆောင်နေတာပါ။
ကုန်ကုန်ပြောရမယ်ဆိုရင် သားရဲတစ်ထောင်မြို့ရဲ့ လက်ကျန် မိသားစု တွေနဲ့ ဂိုဏ်းကြီးငယ်က စောရန်နိုင်ရဲ့ လက်အောက်မှာ စည်းစည်းရုံးရုံး နဲ့လက်တွဲ လုပ်ဆောင်နေကြပြီးပါပြီ။
လွန်ခဲ့တဲ့နှစ် ၂၀ ရဲ့ဇာတ်လမ်း အပြီးမှာတော့ ပိုပြီးစည်းလုံးကြတော့မှာပါ။
"မြို့အရှင်ရဲ့ အမိန့်အရ အောင်ပန်းခရိုင်ကို ဗိုလ်ချုပ် စည်သူကျော်စွာရဲ့ထိုးစစ်စတင်ခဲ့ရင်း အခု မြို့ငယ်အချို့ကို သိမ်းပိုက်ပြီးပါပြီ"
"ပြဿနာက အခုထိ ရန်သူပင်မတပ်ရဲ့ သတင်းကို မရသေးတာပါ"
ထွန်းအောင်က
"စေတစ်ရာမြို့ကနေ သားရဲတစ်ထောင်မြို့ကို တိုက်ခိုက်ဖို့ လမ်းကြောင်းကို တာဝန်ယူထားတာက ဗိုလ်ချုပ်ကြီး ရန်ပိုင်ထွေးပဲ၊ သူနဲ့အတူ စစ်သည် ခြေက်သိန်းလေးသောင်း ပါပါလိမ့်မယ်"
"သူကိုယ်တိုင်က ချီဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ၊ ပြည်နယ်စောင့်တပ်မှာ ဒုတိယ အာဏာ အရှိဆုံး လူတစ်ယောက်ပဲ"
"သခင်လေးစော ၊ ဗိုလ်ချုပ် စည်သူကျော်စွာ ဆိုသူကို ထိုးစစ် ရပ်ခိုင်းထားပေးပါ၊ ရန်ပိုင်ထွေးက သခင်လေးစောရဲ့တပ်နဲ့ ထိပ်တိုက်မတွေ့ချင်လို့ ရှောင်နေတာပါ"
"သူသာထွက်လာရင် ဗိုလ်ချုပ် စည်သူကျော်စွာ ဆိုသူ ခုခံနိုင်မှာ မဟုတ်ဘူး၊ သတင်းတစ်ခု ချန်ခဲ့ပြီး စေတစ်ရာမြို့ဆီ ပြန်ဆုတ် စေချင်တယ်"
"ကောင်းပြီလေ၊ ဒီကိစ္စကို ဗိုလ်ချုပ်ကြီးဆီပဲ တာဝန်ပေးခဲ့လိုက်ပါ့မယ်"
"ဒါနဲ့ စောနက အစ်ကို မင်းထင်နော် ရထာ ပြောတဲ့သတင်းအရ ဟူးကောင်းလွင်ပြင်ကို ရန်သူ ၇သိန်း ကျော် ဝင်ရောက်လာတယ်ဆို"
"ဟုတ်ကဲ့"
အခန်း ( ၈၃ ) ပြီး
အခန်း ( ၈၄ )
( ဗိုလ်ချုပ်ကြီးချစ်မွှေး )
" ဟုတ်ကဲ့"
" အဲဒီအထဲမှာ ပြည်နယ်စောင့်တပ်တွေ ပါသေးလား၊ ခေါင်းဆောင်ကကော ဘယ်သူလဲဗျ၊ ဦးလေးထွန်း သိထားသေးလား"
" ဟုတ်ကဲ့၊ ပါပါတယ် သူက ချစ်မွှေးပါပဲ၊ သူ့လက်အောက် စစ်သည် သုံးသိန်းနှစ်သောင်း ပါတဲ့ ပြည်နယ်စောင့်တပ် တစ်ခုရှိပါတယ်"
" ကျန်ရှိတဲ့ အင်အား ၄ သိန်းကျော်က ရန်မိသားစု လက်အောက်ခံ အနောက်ပြည်နယ်က တခြားမိသားစုဝင်တွေနဲ့ စုစည်းထားတဲ့ မိသားစု တပ်ဖွဲ့တွေပါ"
" ရန်မိသားစု ခေါင်းဆောင် ရန်နိုင်အောင် ကိုယ်တိုင် ခေါင်းဆောင်မယ်လို့ သိရပါတယ်"
" စစ်ကြောင်းအရတော့ မိသားစုတပ်ပေါင်းစုက ဟူးကောင်းလွင်ပြင်မှာ ခွဲထွက်ပြီးနွယ်ပန်းမြို့ လမ်းကြောင်းဘက် ကူးကြမှာပါ"
" ချစ်မွှေးနဲ့ ပြည်နယ်စောင့် တပ်ကတော့ ဆေးပင်တစ်ရာမြို့ က ဂိုဏ်းအဖွဲ့အစည်းတွေဆီ ပေါင်းကြမှာပါ"
စောရန်နိုင် ခနမျှ စဉ်းစားလိုက်ရင်း
" ဦးလေးထွန်းအောင်၊ ကျွန်တော် ဗိုလ်ချုပ်ကြီး ချစ်မွှေးနဲ့ တွေ့ ချင်တယ်ဗျာ"
" ဟုတ်ကဲ့ပါ သခင်လေး၊ ကျွန်တော်လဲ အဲ့ဒီလို အကြံရှိထားပါတယ်"
" အစ်ကိုမင်းထင်နော်ရထာ လိုက်ခဲ့ပါ၊ သွားကြစို့ ဦးလေးထွန်းအောင်"
" ဟုတ်ကဲ့"
ဆေးပင်တစ်ရာမြို့မှာတော့ ချစ်မွှေးဦးဆောင်တဲ့ ပြည်နယ်စောင့် တပ်ကြီးတစ်ခုဟာ မြို့ပြင်မှာ စခန်းချ ရပ်နားနေကြပါတယ်။
"ရှေ့က ဘယ်သူတွေလဲ၊ ရပ်ကြစမ်း"
စခန်းအဝ အရောက်မှာ စောရန်နိုင်တို့ သုံးယောက်သား ကင်းစောင့်စစ်သည်တွေရဲ့ တားဆီးမှုကို ခံနေရပါတယ်။
"သေချင်လို့လား၊ ငါက ဗိုလ်ချုပ်ကြီး ထွန်းထွန်းအောင်ပဲကွ"
"ဟာ ... ဗိုလ်ချုပ်ကြီး၊ တောင်းပန်ပါတယ်ခင်ဗျ၊ ဗိုလ်ချုပ်ကြီးမှန်း မသိလို့ပါ၊ ကြွပါခင်ဗျ"
ကင်းစောင့်စစ်သည်များ ပြာယာခတ်ကုန်ပါတယ်။ ထွန်းအောင်က
"ဟွန်း ... သွားစမ်း၊ မင်းတို့ဗိုလ်ချုပ်ကြီး ချစ်မွှေးကို လာတွေ့ခိုင်းလိုက်ကြ၊ ဒီမှာ ဧည့်သည် ပါတယ်လို့"
"ငါ ခန်းမထဲကစောင့်နေမယ်လို့ ကြားလား"
"ဟုတ်၊ ဟုတ်ကဲ့"
ခနအကြာမှာတော့ ချစ်မွှေးတစ်ယောက် ခန်းမဆီ ရောက်ချလာပါပြီ။ ထွန်းအောင်နဲ့ ရင်းနှီးစွာ ထွေးပိုက်လိုက်ကြရင်း
"ဟား ... ဟား၊ ရောင်းရင်းရေ ဘယ်လေတိုက်ပြီး ရောက်ချလာတာလဲဗျ"
"ဘယ်လေမှ မတိုက်ပါဘူးကွာ၊ မင်းဆီပဲတိုက်ရိုက်ကူးလာတာ"
" လာ၊ လာ မင်းကိုမိတ်ဆက်ပေးမယ်၊ သူက စစ်ခေါင်းဆောင်ဟောင်းရဲ့ မျိူးဆက်၊ သားရဲတစ်ထောင်မြို့စား စောရန်နိုင်တဲ့"
ချစ်မွှေးတစ်ယောက် အလန့်တကြားဖြစ်သွားပြီး
" ရောင်းရင်း မင်း ... မင်းငါ့ကို အသေသတ်နေတာလားဟ"
"မြို့ထဲမှာ ဟိုသခင်လေးတွေ ရောက်နေတာ မင်းမသိဘူးလားဟ"
"ဟေ ... တကယ်လား၊ အဲဒါဆိုရင် ပိုမကောင်းဘူးလား"
" မကောင်းဘူးဟ၊ သူတို့နဲ့ အတူတူ ဂိုဏ်းဘိုးတော်တွေ ပါလာကြတယ်ဟ"
" အေး ... အဲဒါဆိုရင်တော့ ပြဿနာပဲဟေ့"
" ထားလိုက်တော့၊ ငါပဲကြည့်ပြီး စီစဉ်လိုက်တော့မယ်"
ထိုနောက် စောရန်နိုင်ဘက် လည့်ကြည့်လိုက်ပြီး ညှိုးငယ်စွာဖြင့်
" သခင်လေးစော၊ ဒီနှစ်တွေထဲ ပင်ပန်းသွားရပြီ၊ ဖခင်မရှိပဲ ရှင်သန်ခဲ့ရတယ်၊ ကျွန်တော်တို့ အပြစ်တွေပါ"
"ရပါတယ်ဗျ၊ ကျေးဇူးပါပဲ ဦးလေးချစ်မွှေး ၊ ဦးထွန်းအောင်က သေသေချာချာ ရှင်းပြပြီးပါပြီ၊ ဦးလေးတို့ကို အပြစ်မယူလိုတော့ပါဘူး"
" သခင်လေး အခုလို ရန်သူတွေကြား လာရတဲ့ အကြောင်းအရင်းလေး သိပါရစေ၊ ဒီငယ်သား တက်စွမ်းသလောက် ကူညီပါ့မယ်"
ထွန်းအောင်က ကြားဝင်ပြီး
" ရောင်းရင်းချစ်မွှေး၊ ငါတို့ ပြည်နယ်စောင့်တပ် ဗိုလ်ချုပ်ကြီးတွေ သီးသန့်ထားခဲ့ကြတဲ့ ကတိကို မှတ်မိသေးရဲ့လား"
" အင်း ... စစ်ခေါင်းဆောင်ရဲ့ ကလေးငယ်သာ ကျင့်ကြံနိုင်ခဲ့ရင် ငါတို့တွေ သူ့အပေါ် သစ္စာခံပါမယ်ဆိုတဲ့ ကတိကို ပြောတာလား၊ ငါမှတ်မိပါတယ်"
" ဒါပေမဲ့ သခင်လေးစောက မကျင့်ကြံနိုင်"
" ဝှစ်"
အခန်း (၈၄)ပြီး