အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း( ၈၅ )
( သစ္စာခံကြခြင်း )
"ဝှစ်"
" ဟာ ... ချီဧကရာဇ် အထွတ်အထိပ်အဆင့်၊ သခင်လေးစောက ဘယ်လိုဖြစ်ပြီး"
စောရန်နိုင်ဟာ ချစ်မွှေးရဲ့စကား မဆုံးခင်မှာပဲ သူ့ရဲ့ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြလိုက်တာပါ။ ထွန်းအောင်က
" ဟား ... ဟား၊ ရောင်းရင်းချစ်မွှေး ငါတို့ကဒီကို အကြောင်းမဲ့သပ်သပ် လာတယ်ထင်နေတာလား၊ ဘယ်လိုထင်လဲ"
ချစ်မွှေးက အံ့ဩောသွားပေမဲ့ တစုံတရာကို စဉ်းစားမိပြီး
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး မဟုတ်သေးဘူး "
"ရောင်းရင်းထွန်းအောင်၊ သခင်လေးကိုခေါ်ပြီး မြန်မြန်ထွက်သွားတော့၊ သခင်လေးရဲ့ ကျင့်ကြံဆင့်အော်ရာကြောင့် သူတို့တွေ သိသွားလောက်ပြီ"
စောရန်နိုင်က ပြုံးလိုက်ပြီး
" ဦးချစ်မွှေး၊ မစိုးရိမ်ပါနဲ့ ကျွန်တော့်ရဲ့ အော်ရာကို သူတို့တတွေ မခံစားမိနိုင်အောင် ထိန်းချုပ်ထားပါတယ်"
"ဘေးနားက လူတွေကလွဲပြီး တခြားသူတွေ မသိနိုင်ပါဘူး"
သူတို့ဘေးက တပ်မှူးကြီးတွေနဲ့ ဗိုလ်ချုပ်တွေကို လက်ညိုးထိုးပြီး အသိပေးလိုက်ပါတယ်။
ထိုအခါကြမှ ချစ်မွှေးတစ်ယောက် သက်ပြင်းချနိုင်ပါတော့တယ်၊ ထို့နောက် သူ့လူတွေကို ကြည့်လိုက်ရင်း
"ငါ ချစ်မွှေးကတော့ သခင်လေးစော နောက်ကိုပဲလိုက်တော့ယ်ဆိုတာ မင်းတို့အားလုံးကို သိစေချင်တယ်"
"မင်းတို့တွေလည်း သူဘယ်သူလဲဆိုတာ သိကြမယ်ထင်ပါရဲ့၊ အဲဒီတော့ မင်းတို့ရဲ့ သဘောဆန္ဒအတိုင်း ရွေးချယ်ခွင့်ပေးမယ်"
သူ့အနားကလူတေဠသာ သူ့လူရင်းတွေချည်းပါပဲ။
"ကျွန်တော်တို့ကလဲ ဗိုလ်ချုပ်ကြီးလိုပဲ ယခင်က လေးစားရတဲ့ စစ်ခေါင်းဆောင်ရဲ့ မျိုးဆက်ကို ယုံကြည်ပြီး သစ္စာခံလိုပါတယ်"
"ဟား ... ကောင်းပြီလေ၊ ဒါဆိုရင်လဲ"
ချစ်မွှေးနဲ့ သူ့လူတွေက စောရန်နိုင်ကို ဒူးတစ်ဖက်ထောက်၊ လက်သီးဆုပ်၊ ဦးညွှန့်လျက်
"ကျွန်တော်တို့ သခင်လေးစောကို သစ္စာခံလိုပါတယ်"
"သခင်လေးစောရဲ့ အမိန့်သည် ကျွန်တော်တို့၏ ဝင်သက်ထွက်သက် ဖြစ်ပါစေ"
ထိုနောက် သူတို့ရဲ့ သွေးအစီအနှစ်အား အန်ထုတ်ကာ စောရန်နိုင်ရှေ့ တွန်းပို့လိုက်ရင်း
" ဒီသစ္စာကို ကောင်းကင်နဲ့ မြေကြီးက သက်သေဖြစ်ပါစေ"
( သေလိုကသေ၊ ရှင်လိုကရှင် ဟု အဓိပ္ပာယ်ရပါတယ် )
စောရန်နိုင်က ချစ်မွှေးတို့ရဲ့ သွေးအစီအနှစ်အား သူတို့ဆီ ပြန်တွန်းပို့လိုက်ရင်း
"ထကြပါ၊ ဒီလောက်ထိ ပေးဆပ်ဖို့လဲ မလိုအပ်ပါဘူးလေ၊ အခုတော့ အစီအစဉ်အချို့ကို အရင်ဆွေးနွေးကြတာပေါ့ဗျာ"
" ကျေးဇူးပါသခင်လေးစော"
ထွန်းအောင်က ကြားဝင်ပြီး
" သခင်လေးစော၊ သူတို့ရဲ့တပ်ကို သောကမြို့ဆီ ဘယ်လိုလာခိုင်းမှာလဲ"
"မပူပါနဲ့ ကျွန်တော်စဉ်းစားထားတာ ရှိပါတယ်ဗျာ၊ အဆင်ပြေသွားမှာပါ"
ထို့နောက် ချစ်မွှေးတို့ဖက်အား
" ဦးချစ်မွှေးရဲ့ တပ်တွေက သောကမြို့ဆီ အထက်အမိန့်အရ ဆိုတဲ့ ပုံစံနဲ့ တိုက်ခိုက်ဖို့ချီတက်လာခဲ့ပါ"
"သူကတော့ ကျွန်တော့်ရဲ့တပ်က ဗိုလ်ချုပ်ကြီးတစ်ဦးပဲ၊ သူကသောကမြို့ခံတပ်မှာ တာဝန်ယူထားသူလဲဖြစ်တယ်"
အဲဒီနောက်မှာတော့ စောရန်နိုင်ဟာ သူ့ရဲ့အစီအစဉ်ကို ပြောပြပြီး လိုအပ်တဲ့ ညှိနှိုင်းပြင်ဆင်ဖို့ကို တိုင်ပင်ခဲ့ကြပါတယ်။
" ကောင်းပါပြီသခင်လေး"
တစ်ပတ်ခန့် အကြာမှာတော့ ချစ်မွှေးဦးဆောင်တဲ့ ပြည်နယ်စောင့်တပ်သား သုံးသိန်းနှစ်သောင်းဟာ ဆေးပင်တစ်ရာ မြို့ကြီးမှတဆင့် ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်လာကြပါတယ်။
မင်းထင်နော်ရထာခေါင်းဆောင်တဲ့ စစ်သည် တစ်သိန်းဟာလဲ ဟူးကောင်းလွင်ပြင် အစပ်မှာပဲ ဆီးကြိုတိုက်ခိုက် ခဲ့ကြပါတယ်။
နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး မင်းထင်နော်ရထာရဲ့တပ်ဟာ အင်အားနည်းပါးမှုကြောင့် ကြားဖြတ်တိုက်ခိုက်မှု မအောင်မြင်ခဲ့ပဲ သောကမြို့အထိ ခွာစစ် ဆင်ခဲ့ရပါတယ်။
များမကြာမှီ သောကမြို့ခံစစ်ဟာ အရှိန်ပြင်းပြင်း ထိုးစစ်ဆင်တဲ့ ချစ်မွှေးရဲ့ စစ်တပ်ကို တောင့်မခံနိုင်တော့ပဲ အရှံးပေးလိုက်ရပါတော့တယ်။
ဒီသတင်းကို ဟူးကောင်းလွင်ပြင်ထဲမှာ စုစည်းနေတဲ့ ရန်သူတပ်ဖွဲ့အသီးသီးဆီ ရောက်ရှိသွားပါတယ်။
အခန်း (၈၅) ပြီး
အခန်း ၈၆
( ဒွိဟဖြစ်ပေါ်စေတဲ့ ကြေညာစာတမ်း )
ဆေးပင်တစ်ရာ မြို့ထဲမှာတော့ တိမ်အရိပ်ဂိုဏ်းချုပ် မင်းပိုင်ဆက်က လူရွယ်တချို့ကို တည်ခင်းဧည့်ခံ နေပါတယ်။
"ဗိုလ်ချုပ်ကြီး ထွန်းထွန်းအောင်က ရန်မိသားစုကို ဒုတိယအကြိမ် သစ္စာဖောက်သွားတယ်ဆိုတာ အမှန်ပဲလား"
"အမှန်ပါပဲ"
"ဒီလူကို မယုံရဘူးဆိုတာ အစကထဲက သိထားသင့်တယ် ၊တောက် ... "
" အခြေအနေကို သေချာမသိရသေးပါဘူး ဗျတ္တရာ၊ ဆက်ပြီးစောင့်ကြည့်ကြရအောင် "
"အင်း၊ ဒါဆိုလဲကောင်းပြီလေ"
" ဂိုဏ်းချုပ်မင်းပိုင်ဆက် ကျွန်တော်တို့ အားနာပေမဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်ချင်သေးတာမို့ သောကမြို့တိုက်ပွဲဆီ ကျွန်တော်တို့နှစ်ဂိုဏ်းက ယာယီအနေနဲ့ ပါဝင်အားဖြည့်ဦးမှာ မဟုတ်တာ အားနာပါတယ်ဗျာ"
"ဟား ... ရပါတယ်၊ လက်ရှိလူထုတ်ပုံနဲ့ဆိုရင် သောကမြို့ကို သေချာပေါက် ခြေမှုန်းနိုင်မှာပါ"
ထိုစဉ်
"တင်ပြပါတယ်၊ ဗိုလ်ချုပ်ကြီး ချစ်မွှေးက ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ဖို့ ချီတက်သွားပါတယ်"
"တင်ပြပါတယ်၊ ဗိုလ်ချုပ်ကြီး ချစ်မွှေးနဲ့ သူပုန်တပ်ခေါင်းဆောင်တို့ ဟူးကောင်းလွင်ပြင်အစပ်ဒေသမှာ တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး အနိုင်ရလိုက်ပါတယ်"
"တင်ပြပါတယ်၊ ဗိုလ်ချုပ်ကြီးချစ်မွှေးက သောကမြို့ကိုသိမ်းပိုက်ပြီး သူပုန်တွေကို ဖမ်းဆီးထားပါပြီ"
"တင်ပြပါတယ်၊ ရန်မိသားခေါင်းဆောင်ဟာ မိသားစုတပ်ဖွဲ့တွေကို ဦးဆောင်ပြီး နွယ်ပန်းမြို့ဆီ ဦးတည်သွားနေကြပါပြီ"
" တင်ပြပါတယ်၊ သေနာပတိ ရန်ပိုင်ထွေးက စေတစ်ရာမြို့ဆီ ဦးတည်ပြီး ချီတက်နေပါပြီ"
ထိုသတင်းများကြောင့် တိမ်အရိပ်ဂိုဏ်း အကြီးအကဲတစ်ဦးက
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့လဲ သောကမြို့ဆီ အမြန်ဆုံး ထွက်ခွာသင့်ပါတယ်၊ မဟုတ်ရင် သားရဲတစ်ထောင် မြို့ကိုသိမ်းဖို့ ရန်မိသားစုထက် ခြေတစ်လှမ်းစာ နောက်ကျနေပါလိမ့်မယ်"
ဂိုဏ်းချုပ်မင်းပိုင်ဆက်က
" ဟား ... ရန်မိသားစုက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ၊ သူတို့နဲ့ တစ်ဖက်ထဲရှိနေတာက စောရန်နိုင်နဲ့ သွေးကြွေးကြောင့်လို ထင်နေကြပုံပဲ"
"အမှန်ပဲ ဂိုဏ်းချုပ်၊ သားရဲတစ်ထောင် တောအုပ်ထဲက အင်ကြင်းမြိုင် လျို့ဝှက်နယ်မြေ ပွင့်တော့မယ့် သတင်းကြောင့်သာမဟုတ်ရင်၊ ဟား ... "
" တော်တော့ အခုပဲ ဂိုဏ်းတပ်ဖွဲ့တွေကို သောကမြို့ဆီချီတက်ပြီး အကျိူးအမြတ် ရိတ်သိမ်းခိုင်းလိုက်ကြ"
" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ရန်မိသားစုခေါင်းဆောင် ရန်နိုင်အောင်လဲ ဒီသတင်းတွေကို ကြားပြီပါပြီ၊ ဒါကြောင့် ချစ်မွှေးရဲ့ သစ္စာခံပြည်နယ်စောင့်တပ် ထိန်းသိမ်းထားရာ နွယ်ပန်းမြို့ကို မိသားစုဝင်တပ်ဖွဲ့ အင်အား ၃သိန်းကျော်နဲ့ အတင်းဝင်တိုက်ခိုင်း ပါတော့တယ်။
တိမ်အရိပ်ဂိုဏ်း ဦးဆောင်တဲ့ ဂိုဏ်းပေါင်းစုံအင်အား ၃ သိန်းကျော်ကလဲ သောကမြို့ဆီ ဦးတည်ပြီး ထွက်ခွာလာကြပါတယ်။
ထိုအချိန်မှာပဲ အောင်မင်္ဂလာနန်းတွင်းမှ ကြေညာစာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
"ငါအောင်င်္ဂလာဘုရင်က ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တယ်၊ အနောက်ပြည်နယ် ပုန်ကန်မှုအရေးအခင်း တိုက်ပွဲများဟာ ရန်မိသားစုရဲ့ အတွင်းပြဿနာဖြစ်တာကြောင့် တစ်ခြားသော မိသာစုများ ဂိုဏ်းများ ပြည်နယ်စောင့်တပ်များက ဝင်ရောက်ကူညီခြင်း၊ စွတ်ဖက်ခြင်း မပြုလုပ်ရ၊ အောင်နိုင်သူအား ရန်မိသားစုခေါင်းဆောင်သစ်အဖြစ် အောင်မင်္ဂလာနန်းတွင်းမှ အသိအမှတ်ပြုသွားမည်၊ အနောက်ပြည်နယ်စောင့် စစ်တပ်အနေနဲ့ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိုပဲ ထိန်းသိမ်းသွားစေလိုတယ်"
ထိုကြေညာချက်ဟာ အနောက်ပြည်နယ်နဲ့ တစ်ခြားပြည်နယ် သုံးခုဆီ ပြန့်နှံ့သွားပါတယ်။ ထူးဆန်းစွာပဲ ထိုကြေညာစာတမ်းမှာ အနောက်ပြည်နယ်က မိသားစုတွေ၊ဂိုဏ်းတွေနဲ့ ပြည်နယ်စောင့်တပ်တွေကို ချပ်လှန်ထားခဲ့ပါတယ်။
မရူးတဲ့သူတိုင်းက ဒီကြေညာစာတမ်းကို မလေးစားတဲ့သူတိုင်း အောင်မင်္ဂလာနန်းတွင်းရဲ့ ရန်သူဖြစ်သွားမယ်ဆိုတာ သိထားကြတာမို့ ဘေးကနေပဲ ပွဲကြည့်နိုင်တော့မှာပါ။
ဒီကြေညာစာတမ်းက ဒွိဟများစွာဖြစ်စေတဲ့ စာတမ်းတစ်ခုပါ၊ အမိန့်တစ်ခုလဲ မဟုတ်သလို၊ သတိပေးချက်တစ်ခုလဲ ဟုတ်မနေပြန်ပါဘူး၊၊
လင်းမိသားစုဖက်က ကြည့်မယ်ဆိုရင် အောင်မိသားစုက လင်းမိသားစုရဲ့ စောရန်နိုင်အပေါ် ကူညီထောက်ပံ့နိုင်မှုကို ဖြတ်တောက်တဲ့ သဘောပါ၊၊
တစ်ခြားသူတွေအနေနဲ့ ကြည့်မယ်ဆိုရင် စောရန်နိုင်ဟာ အောင်ဘုရင်ရဲ့သားမို့ ကိုယ့်လမ်းကိုယ် ဖောက်စေတဲ့သဘော သက်ရောက်စေပါတယ်။
မိသားစုကြီးတွေကတော့ ဒီထက်နက်ရှိုင်းတဲ့ အတွေးကိုယ်ဆီ ရှိနေကြပါတယ်။
အထူးသဖြင့် အောင်မိသားစုပါပဲ၊ အထူးသဖြင့် အောင်ဇေယျနိုင် နန်းတက်ပြီးကထဲက အောင်မိသားနဲ့ အောင်မင်္ဂလာနန်းတွင်းဟာ တိတ်တိတ်ပုန်း အားပြိုင်မှုတွေ စတင်ပြီး ရှိလာခဲ့ပါတယ်။
အောင်ဇေယျနိုင်ဟာ အောင်မိသားစုကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အင်အားစု တည်ဆောက်နေတာကို အောင်မိသားစုက ရိပ်မိနေပါတယ်။
အခန်း ၈၆ ပြီး
အခန်း ၈၇
( အနောက်ဖက်ကရန်သူ )
သောကမြို့ အပြင်ဖက်
"ဗိုလ်ချုပ်ကြီးချစ်မွှေး၊ ဒါကဘာသဘောလဲ၊ ပြည်နယ်စောင့်တပ်က သူပုန်ကို ဖွတ်ထားပြီး ဂိုဏ်းတွေနဲ့ ရန်သူဖြစ်ချင်နေတာလား"
"ဟား ... မဆိုင်တာတွေ မပြောစမ်းပါနဲ့၊ မင်းတို့လို ဂိုဏ်းတွေနဲ့ မိသားစုတွေကသာ နိုင်ငံ့စစ်ရေးမှာ ဝင်ရှုပ်နေကြတာ မဟုတ်ဘူးလား"
"ဘာ၊ အဲ့ဒါဆိုရင် မင်းတို့ပြည်နယ်စောင့် တပ်ဖွဲ့တွေလဲ အတူတူပဲလေ၊ အောင်နန်းတွင်းရဲ့ ကြေညာစာတမ်းမှာ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ပါဝင်ပြီးသားပဲ"
"ဟဲ၊ အဲဒါကြောင့် အနောက်ပြည်နယ်စောင့်တပ်က သောကမြို့ကို ဂိုဏ်းတွေဆီ မအပ်တာပေါ့"
" မင်း ... မင်း၊ မင်းလူလည်မကျနဲ့"
"တော်လိုက်တော့၊ မင်းတို့ဂိုဏ်းတွေ နောက်ကြောင်းပြန်လည့်ရင်လည့် မလည့်ရင် တိုက်ပွဲဖြစ်ဖို့ ဝင်မလေးဘူးနော်"
"ဘာကွ မင်းတို့ဘုရင်က ငါတို့ဂိုဏ်းတွေနဲ့ တကယ်ပဲ တိုက်ပွဲဖြစ်ချင်နေတာလား"
"ဟာကွာ ... ရှုပ်ပါတယ်၊ သတ်ကြစမ်း"
ပြောပြောဆိုဆိုနဲ့ ဘယ်ကမှန်းမသိတဲ့ ဂိုဏ်းအကြီးအကဲတစ်ဦးက ထွန်းအောင်ကို ဝင်တိုက်ပါတော့တယ်။
" သတ် ... သတ်ကြ"
" ဝှစ် ... ရွှတ် ... ဇုတ် ... အု ... အား "
"အစီအရင်ခင်းကြစမ်း"
" နိုင်ငံတော်ကိစ္စတွေမှာ ဒီဂိုဏ်းတွေ ဝင်ရှုပ်နေတာကြာပြီ၊ သတ်ကြဟေ့ "
" ပစ် ပစ် လေးသမားတွေပစ်ကြ"
"ဝှစ် ဝှစ် ဝှစ်"
"ဝှစ် ... ရွှီး ... အုန်း ... ဝုန်း"
ချစ်မွှေးရဲ့ ပြည်နယ်စောင့်တပ်က သူပုန်တပ်တွေနဲ့ တိုက်ပွဲဖြစ်ထားရတာမို့ နဂိုကထဲက အင်အားအရ နည်းပါးနေပါပြီ။
ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် သွေးခင်းလမ်းကို လျှောက်လှမ်းနေကြတဲ့ ဂိုဏ်းသားတွေကိုလဲ မယှဉ်နိုင်ဖြစ်နေရပါတယ်။
"ဝှစ် ... ဇုတ် ... အင့်"
ပြည်နယ်စောင့်တပ်ရဲ့ ပေါင်းစပ်အစီအရင်တွေဟာ ချီဘုရင်အဆင့် ဂိုဏ်းချုပ်တွေရဲ့ ချီစွမ်းအင်နဲ့ တိုက်ခိုက်တဲ့ ဒဏ်တွေကြောင့် တစ်ခုပြီးတစ်ခု ပျက်ဆီးလာပါတယ်။
"ဝုန်း ... ခလွတ် ... ခလွတ် ... အား"
"ဗိုလ်ချုပ်ကြီး ဒီပုံစံဆိုရင် ကျွန်တော်တို့ ရေရှည်မခုခံနိုင်လောက်ဘူးနော်"
"ဟုတ်တယ်၊ အစီအစဉ်စဖို့ အချက်ပြလိုက်ကြတော့"
"ဟုတ် ၊ မီးပန်းနဲ့ အချက်ပြလိုက်တော့ဟေ့"
"ရွှီး ..... ဖောင်း"
သောကမြို့ရဲ့ ခပ်လှမ်းလှမ်းက တောအုပ်တစ်နေရာမှာတော့ ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာနဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ နှစ်ယောက်သား ဖုံးကွယ်အစီအရင် အတွင်းထဲကနေ သောကမြို့တိုက်ပွဲကို ကြည့်ရှု့နေကြပါတယ်။
"အချက်ပြနေပြီ၊ အမြောက်တပ်တွေ ပစ်ကြတော့"
"အုံး ... အုံး ... ဝုန်း"
"အား"
ဂိုဏ်းတပ်ဖွဲ့တွေ နောက်ပိုးအသိပ်ခံ လိုက်ရပါတယ်။ ဖုံးကွယ်အစီအရင်ကြောင့် ဘာကိုမှမမြင်နိုင်ခဲ့ကြပါဘူး။
ပါလာတဲ့ ချီဘုရင်အဆင့် ဂိုဏ်းချုပ်တွေကလဲ အရှေ့ကိုသာ မဲနေတာမို့ အနောက်ကရန်သူကို သတိမထားမိလိုက်တာပါ။
ဂိုဏ်းဘိုးဘေး ချီဧကရာဇ်အဆင့်တွေ တိုက်ပွဲထဲ ဝင်လာကြချိန်မှာပဲ တိုက်လေယာဉ်တွေ ထွက်ပေါ်လာပြီး နှောက်ယှက်ကြလို့ တိုက်ပွဲကို ထိထိရောက်ရောက် မကူညီနိုင်ကြ ဖြစ်နေပါတယ်။
"သေနတ်တပ်၊ ပစ်ကြ ... ပစ်ကြ"
"ဖောင်း ... ဖောင်း ... ဖောင်း ... ဒိုင်း ... ဒိုင်း"
"အာ့ ... အင့် ... အု ... အား"
ဂိုဏ်းသားတွေကလဲ ခေသူတွေမဟုတ်ကြပါဘူး၊ အများစုက ပြန်လည့်လာကြပါတယ်။ တချို့က ချီစွမ်းအင်တွေနဲ့ ပြန်တိုက်ကြပါတယ်။
ဂိုဏ်းသားတွေရဲ့ အားသာချက်က လေပေါ်ကနေ ပျံဝဲတိုက်ခိုက်နိုင်တာပါ။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက ခပ်ဝေးဝေးထိ ထိရောက်စွာ တိုက်ခိုက်နိုင်ပါတယ်။
"သံချောင်းလက်နက် ကိုင်ထားတဲ့ အဲဒီတပ်သားတွေကို အရင်သတ်ကြ"
"ဝီး .. ဝှစ် ... ဝှစ် .. ရွှီး"
အခန်း (၈၇)ပြီး