အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အခန်း (၈၈)
( တိမ်အရိပ်ဂိုဏ်း ဘိုးဘေးပေါ်လာခြင်း )
"ဝီး .. ဝှစ် ... ဝှစ် .. ရွှီး"
ကျင့်ကြံသူတွေရဲ့ တိုက်ကွက်မျိုးစုံက သေနတ်တပ်တွေဆီ ဦးတည်လာပါတယ်။
"ခရူးဆိတ်တပ်တွေ ကာထားကြစမ်း"
"ဝှစ် ... ထန် ... ထန်"
"ရွှီး ... ဝုန်း ... အုံး ... အား"
ခရူးဆိတ်တပ်တွေက ဒိုင်းကာတွေနဲ့ ဝိုင်းကာပေးကြပေမဲ့ ပိုလျှံလာတဲ့ ချီစွမ်းအင်တွေက သေနတ်တပ်ကို အထိအခိုက်များစေပါသေးတယ်။
ခရူးဆိတ်တပ်သားတွေလဲ အတုံးအရုန်း ကျဆုံးနေရပါတယ်။
"စက်သေနတ်ကြီးသမားတွေ လေပေါ်ကကောင်တွေကို ပစ်ချကြစမ်း"
"တပ်မှူးတွေ လေပေါ်တက်တိုက်ကြဟ"
"ဒက်ဒက်ဒက်ဒက်ဒက်"
gatling gun စက်သေနတ်ကြီးတွေရဲ့ အဖြစ်အပျက်က ဒုတိယကမ္ဘာစစ်မှာ လေကြောင်းကာကွယ်ရေး လုပ်နေရသလိုပါပဲ။
"အား ... အင့် ... ဝှီး ... အုန်း ... အုန်း"
ကျင့်ကြံသူတွေထဲမှာ အခြေတည်အဆင့်က အများဆုံးပါနေတာမလို့ စက်သေနတ်ကြီးတွေရဲ့ စွမ်းအင်လုံးတွေကို မခုခံနိုငိကြရှာပါဘူး။
ငှက်ကလေးများ လေပေါ်ကပြုတ်ကျသလို တဖြုတ်ဖြုတ်နဲ့ မြေပြင်ဆီ ပြုတ်ကျနေကြပါတယ်။ မြေပြင်မှာလဲ ချိုင့်တွင်းများစွာက ဖုန်တထောင်းထောင်းနဲ့ ရှိနေပါတယ်။
ချီစစ်သူကြီးအဆင့် ဂိုဏ်းအကြီးအကဲတွေလဲ ချီစွမ်းအင် အကာအကွယ်နဲ့ ကပြာကယာ ခုခံနေရပါပြီ။
တိုက်ပွဲအခြေအနေကို ပြန်လည့်ကြည့်ရင်း မင်းကိုင်ဆက်လဲ တစ်စုံတစ်ခုကို သဘောပေါက်သွားပါတယ်။
"မင်း ... မင်းကလဲ သူပုန်တွေနဲ့ ပူးပေါင်းလိုက်တာလား"
"ရှေ့က တိုက်ပွဲဆိုတာတွေက ဟန်ပြတွေပေါ့၊ ဟုတ်လား"
ချစ်မွှေးက တိုက်ခိုက်လျက်ပင် ဟားတိုက်ရီလိုက်ရင်း
"ဟား ... ဟား၊ ဘယ်လိုလဲ ခံစားလို့ကောင်းရဲ့လား"
"မင်းတို့တွေ ဖိအားပေးလို့ စစ်ခေါင်းဆောင်ကို ငါတို့ပြန်လုပ်ကြံခဲ့ရတယ်၊ အခုတော့ စစ်ခေါင်းဆောင်အတွက် လက်စားချေနိုင်တော့မယ်၊ သေကြစမ်း"
ထွန်းအောင် မင်းပိုင်ဆက်ဘေးနားမှာ ရုတ်တရက်ပေါ်လာပြီး ပြောပြောဆိုဆိုနဲ့ တိုက်ခိုက်ပါတော့တယ်။
"ဝှစ် ... ရွှတ် ... အု ... ဝှီး ... ဘုန်း"
ချီဘုရင်အထွတ်အထိပ် အဆင့်သာရှိတဲ့ မင်းပိုင်ဆက်ဟာ ချစ်မွှေး တစ်ယောက်ကိုတောင် မနည်းခုခံနေရတာပါ။ ထွန်းအောင်ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို မခံနိုင်ပဲ မြေပြင်ပေါ်ကို ပြုတ်ကျ သေဆုံးသွားရပါတယ်။
"မင်းတို့တွေ လွန်သွားပြီ"
"အုန်း ... ဝုန်း ... ဂျိန်း ... ဂျိန်း ... ဂျိန်း"
ကောင်းကင်ပြင် တစ်ခုလုံး မိုးကြိုးတွေနဲ့အပြည့် ဖြစ်သွားပါတယ်။
မိုးကြိုးတွေကြားမှာတော့ လူရွယ်တစ်ယောက် လေပေါ်လမ်းလျှောက်လာနေပါတယ်။
ထိုလူရွယ်က ထွန်းအောင်ဆီကို လက်ညိုးတစ်ချောင်း ညွှန်ပြလိုက်တဲ့ အချိန်မှာပဲ
"ဝုန်း ... ဂျိန်း ... ဖောက် ... အု ... ဘုန်း"
မိုးကြိုးတစ်ခုက ထွန်အောင်ကို လာရောက်ထိမှန်သွားပါတယ်။ ထွန်းအောင်က ချီစွမ်းအင်နဲ့ ကာလိုက်ပေမဲ့ ကျင့်ကြံဆင့်က ကွာခြားတာမို့ အကာအကွယ်ကျိုးပေါက်ပြီး မြေပြင်ပေါ် ထိုးကျသွားရပါတယ်။
"ဝေါ့ ... ချီဧကရာဇ် အထွတ်အထိပ်"
ထိုလူရွယ်က သောကမြို့ဆီနဲ့ မင်းထင်နော်ရထာရဲ့ တပ် အသီးသီးဆီကို စွမ်းအင်လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပါသေးတယ်။
"ဝုန်း ... ဂျိန်း ... ဘုန်း ... အား"
အပြာရောင်မိုးကြိုးတွေက သောကမြို့ နံရံတွေကို ထိမှန်သွားပြီး မြို့နံရံတွေ ပြိုကျကုန်ပြီး စစ်သည်အများအပြား မြေမြုပ်ခံလိုက်ရပါတယ်။
ထိုအတူ အပြာရောင်မိုးကြိုးကြီးတွေက ခရူးဆိတ်တပ်သားတွေရဲ့ ချီစွမ်းအင်ပါဝင်တဲ့ ဒိုင်းကာတွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပါတယ်။
အမြောက်ငယ်အများအပြားလဲ ဖျတ်ဆီးခံလိုက်ရသလို သေနတ်တပ်သားတွေလဲ အတုံးအရုန်း သေဆုံးကြရပါတယ်။
ထိုလူရွယ်ကတော့ တိမ်အရိပ်ဂိုဏ်းရဲ့ ထောက်တိုင်ကြီး တစ်ခုဖြစ်တဲ့ ဂိုဏ်းဘိုးဘေး မင်းသက်နိုင် ပါပဲ။
အခန်း (၈၈)ပြီး
အခန်း (၈၉)
( ဂိုဏ်းများကို ဆုံးမခြင်း ၁ )
ဂိုဏ်းဘိုးဘေး မင်းသက်နိုင်က
"စောရန်နိုင်ကို ပြောလိုက်ကြ၊ ခုပြဿနာနောက်မှရှင်းမယ်လို့"
"အဲဒီအချိန်ကျရင် သားရဲတစ်ထောင်မြို့ကို တိမ်အရိပ်ဂိုဏ်းရဲ့ လက်ထဲကို အပြီးအပ်ရမယ်လို့၊ ကြားလား"
ထိုသို့ပြောပြီးနောက် စစ်မြေပြင်ကို လွမ်းမိုးနိုင်တဲ့ အသံဖြင့် အမိန်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
"သောကမြို့ကို တိုက်ခိုက်နေတဲ့ တိမ်အရိပ်ဂိုဏ်းသားတွေ အကုန်ပြန်ဆုတ်ကြ၊ ဒီထက်အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိနေပြီ"
သူဟာ ပြောရင်းဆိုရင်နဲ့ပဲ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းထဲ ဝင်ရောက်ပျောက်ကွယ် သွားပါတော့တယ်။
ဂိုဏ်းတွေလဲ ပြန်ဆုတ်သွားကြပါပြီ။ စစ်မြေပြင်ကတော့ အထီးကျန် စိတ်ပျက်ဖွယ် ကောင်းလွန်းနေခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ မင်းထင်နော်ရထာနဲ့ ချစ်မွှေးတို့ ဒဏ်ရာအပြင်းအထန် ရခဲ့ကြပါတယ်။ စစ်သည်သိန်းချီ အသက်ပေးခဲ့ရပြီး သောကမြို့ရိုးနံရံလဲ ပြိုကျခဲ့ရပါတယ်။
အမြောက်ငယ် သုံးဆယ်ခန့် ဆုံးရှူံးခဲ့ရသလို သေနတ်တပ်လဲ အထိနာသွားပါတယ်။ အထူးသဖြင့် သေနတ်အများအပြားက မိုးကြိုးကြောင့် ပြန်အသုံးပြုလို့ မရကြတော့ပါဘူး။ အကာအကွယ်အစီအရင် အများအပြားလဲ ပျက်ဆီးကုန်ပါသေးတယ်။
ဒါတောင်မှ ချီဧကရာဇ် အထွတ်အထိပ်အဆင့် တစ်ဦးရဲ့ မိနစ်ပိုင်းမျှ တိုက်ခိုက်မှုကိုပဲ ခံလိုက်ကြရတာပါ။
ဒီအကြောင်းတွေကို စောရန်နိုင် ကြားသိရချိန်မှာတော့ ဒေါသအကြီးအကျယ် ထွက်ခဲ့ရပါသေးတယ်။
ခေါင်းဆောင်လာတဲ့ တိမ်အရိပ်ဂိုဏ်းက ဆုတ်ခွာသွားပေမဲ့ တခြားဂိုဏ်းတွေကတော့ ဆေးပင်တစ်ရာမြို့မှာပဲ ပြန်စုစည်းနေကြပါတယ်။
စောရန်နိုင်အနေနဲ့ ဒီဂိုဏ်းတွေနဲ့ စာရင်းရှင်းမှ ရတော့မှာပါ။
[ အစ်ကိုဇော်ပိုင်၊ အရိပ်အစေခံ ၅၀နဲ့ လောင်ချာ ၁၀လက်ယူသွားပါ၊ အဆင့်၃သားရဲအမြူတေ အလုံအလောက်ကိုလဲ အစ်ကိုဝင်းလှိုင်ဆီကထုတ်သွားလိုက် ]
[ ဟူးကောင်းလွင်ပြင်တဝိုက်က ဂိုဏ်းတွေရဲ့ ဌာနေတွေကို သွားဆုံးမလိုက်ကြ ၊ရရင်ရသလို လုံးဝဖျတ်ဆီးပစ်ခဲ့၊ ယူနိုင်သမျှအကုန်ပြန်သယ်ခဲ့ပေး ]
[ ဟုတ် ]
ဟူးကောင်းလွင်ပြင် တစ်နေရာမှာရှိနေတဲ့ မဟူရာညဂိုဏ်းဟာ အလယ်အလတ်အဆင့်ရှိပြီး ချီဘုရင် စဦးအဆင့် ဂိုဏ်းချုပ်တစ်ဦးက အုပ်ချုပ်နေပါတယ်။
မဟူရာညဂိုဏ်းချုပ် လောင်လူ အပါအဝင် ဂိုဏ်းရဲ့ အဆင့်မြင့် အကြီးအကဲတချို့နဲ့ အဆင့်မြင့်ဂိုဏ်းသားတွေက ဆေးပင်တစ်ရာမြို့မှာ ရောက်ရှိနေကြပါတယ်။
ဂိုဏ်းမှာတော့ အကြီးအကဲတချို့နဲ့ ဂိုဏ်းသားတချို့သာ ကျန်ရှိနေခဲ့ကြတာပါ။
"အကြီးအကဲ၊ ကျွန်တာ်တို့ဂိုဏ်းချုပ် အဆင်ပြေပါ့မလား"
အမေးခံရသူ အကြီးအကဲက
"ပြောရခက်တယ်ဟ၊ ဒီသူပုန်တွေက သာမာန်သူပုန်တွေ မဟုတ်ဘူးလေ။ ဂိုဏ်းပေါင်းစုံတပ်ဖွဲ့ကို တွန်းလှန်နိုင်ခဲ့တာ နှစ်ခါရှိပြီမလား"
"ပုန်ကန်သူတွေထဲမှာ ချီဧကရာဇ် အဆင့် ဗိုလ်ချုပ်ကြီးတွေပါ ပါနေတာဆို"
"အေးလေ၊ ငါတို့လို အလယ်အလတ်ဂိုဏ်းလေးတွေက ဒီတိုက်ပွဲမှာ အမြောက်စာသာသာ သဘောထားခံနေရမှာပဲ"
"သူပုန်တွေဘက်မှာ ကျင့်ကြံဆင့်မြင့်သူတွေ ရှိရုံသာမကဘူးဟ၊ လက်နက်ဆန်းတွေလဲ ပါသေးတယ်တဲ့"
တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ဖူးပြီး ဒဏ်ရာကြောင့်ဂိုဏ်းပြန် နားနေကသူ စီနီယာဂိုဏ်းသား တစ်ယောက်က
"ဟုတ်တယ်၊ ငါကိုယ်တိုင်ကြုံခဲ့ရတာ ဟိုမှာကြည့်လေ အဲဒီလိုမျိုး အရောင်တွေနဲ့ပစ်ကြတာ"
ဂိုဏ်းအကြီးအကဲက ထိပ်လန့်သွားပြီး
"ငါ့လခွီးကိုပစ် ... အဲဒါက မင်းအဘ သူပုန်တွေပစ်တာဟ"
" ရွှီး ... ရွှီး ... ရွှီး ... ရွှီး"
"အုန်း ... ဝုန်း ... အုံး"
အရိပ်အစေခံတွေ ပစ်လွတ်လိုက်တဲ့ လောင်ချာက စွမ်းအင်လုံးတွေက ဂိုဏ်းရဲ့ အဆောက်အဦးတချို့ကို ထိမှန်နေကြပါတယ်။
"ဖွင့်၊ ဂိုဏ်းအကာအကွယ် မြန်မြန်ဖွင့်ကြပါဟ"
ဂိုဏ်းရဲ့ သတိရှိတဲ့ အကြီးအကဲတချို့က သူပုန်တွေဆီ ပျံသန်းပြေးဝင် သွားကြပါတယ်။
"ဒိုင်း ဒိုင်း ဒိုင်း ပေါက် ပေါက် ပေါက်"
အတွေ့အကြုံရင့်ကျက်နေတဲ့ ဂိုဏ်းတစ်ခုမို့ လျင်လျင်မြန်မြန်ပဲ တုန့်ပြန်နိုင်ကြပါတယ်။ ဂိုဏ်းအကာအကွယ် အစီအရင်ကို သေနတ်စွမ်းအင်ကျည်က မတိုးပေါက်တော့ပါဘူး။ ဒါကိုလဲ ဇော်ပိုင်က တွေးထားပြီးသားပါပဲ။
"ဝင်လာတဲ့ကောင်မှန်သမျှကို အမိအရ ပစ်ချကြစမ်းကွာ"
" ဒက် ဒက် ဒက် ဒက် ဒက်"
" ဒိုင်း ... ဒိုင်း ... ဒိုင်း ... ဒိုင်း"
ဇော်ပိုင်က လိုရမယ်ရ စက်သေနတ်ကြီး နှစ်လက်ပါဆွဲလာခဲ့ပြီး အရိပ်အစေခံတပ်သားတွေကို kar 98k တွေ တပ်ဆင်လာခဲ့ပါသေးတယ်။ အမြောက်ငယ်တစ်လက်ကိုလဲ ယူလာဖို့ မမေ့ပါဘူး။
"အဲဒီအစီအရင်ကို အဆင့်၂ သားရဲအမြူတေနဲ့ ထည့်ပစ်စမ်းကွာ"
"ဟုတ်"
"အုံး ... ခလွပ် ... ဝုန်း"
ဂိုဏ်းအကာအကွယ် အစီအရင်က စက္ကူတစ်စလို ပျက်ဆီးသွားရှာပါတယ်။ အသဲအသန် ပျံသန်းလာတဲ့ ဂိုဏ်းကြီးအကဲတွေလဲ kar 98k စာ မိကုန်ပါသေးတယ်။
"ဒိုင်း ... ဒိုင်း ... အာ့"
အခန်း ( ၈၉ ) ပြီး
အခန်း ( ၉၀ )
( ဂိုဏ်းများကို ဆုံးမခြင်း ၂ )
မကြာခင်မှာပဲ အဆင့်မြင့်ကျင့်ကြံသူ မရှိသေးတဲ့ ဂိုဏ်းငယ်တချို့ဟာ ဇော်ပိုင်တို့ရဲ့ ဖျတ်ဆီးလုယူခြင်းဒဏ်ကို ခံစားလိုက်ရပါတယ်။
ဟူးကောင်လွင်ပြင်ဒေသက ဂိုဏ်းတည်နေရာများ ဖျတ်ဆီးခံလိုက်ရတဲ့ ဂိုဏ်းချုပ်တွေဟာ သူတို့ဂိုဏ်းဆီ ပြန်သွားကြရတာမို့ ဆေးပင်တစ်ရာမြို့မှာ ပြန်စုဖွဲ့နေတဲ့ ဂိုဏ်းပေါင်းစုံတပ်ဖွဲ့ကြီးရဲ့ ပင်မအင်အားဟာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပါပြီ။
စောရန်နိုင်ရဲ့ အမိန့်အရ ဇော်ပိုင်ရဲ့ နောက်ပစ်မှတ်တစ်ခုက ဂီတလုလင်ပျိုဂိုဏ်းပါ။ အဆိုပါဂိုဏ်းက အနောက်ပြည်နယ်ရဲ့ အဆင့် ၄ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်နေပါတယ်။
ပင်မရဲ့ ဂိုဏ်းတည်နေရာက ဟူးကောင်းလွင်ပြင်ထဲက ဓညဝတီ မြို့မှာတည်ရှိနေတာပါ။
စောရန်နိုင်က ထိုဂိုဏ်းကို လုံးဝကိုအမှုန့်ကြေသွားအောင် ချေမှုန်းခိုင်းလိုက်တာပါ။ အကူအနေနဲ့ ရဟတ်ယာဉ်တစ်စင်း နဲ့ အမြောက်ငယ် ၁၀ လက်ကိုပါ အမြူတေ အလုံအလောက်နဲ့ ထည့်ပေးလိုက်ပါသေးတယ်။
စက်သေနတ်ကြီး ၅ လက်လဲလက်ဆောင်ထည့်ပေးလိုက်ပါသေးတယ်။ နော်မန်ကနိုက် မြင်းသည် ၁သောင်းက အပိုဆုပါ။
( CH 47 ရဟတ်ယာဉ်မှာ နေရာလွတ်အစီအရင်ပါကြောင်း ရှေ့အခန်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ၊ မင်းရဲကျော်စွာနဲ့ မြင်းတပ်ကို နွယ်ပန်းမြို့ကနေ စေတစ်ရာမြို့ဆီ ရွှေ့ပြောင်းတုန်းကပါ )
ဒီကနေ့မှာတော့ ဂီတလုလင်ဂိုဏ်းကြီးရဲ့ ဂိုဏ်းရင်ပြင်ထဲမှာ ဂိုဏ်းသားတွေ စုစည်းနေကြရပါတယ်။ မကြာခင်က ရရှိထားတဲ့ အရေးကြီးသတင်းတချို့ကို ဂိုဏ်းချုပ်ကိုယ်တိုင် ကြေညာပေးမှာပါ။ သူလဲဆေးပင်တစ်ရာမြို့ကနေ ကပြာကယာပြေးလာရတာပါ။
"ဘာကြေညာချက်မလို့ ဒီလောက်ကြီးလုပ်နေရတာလဲဟ"
"မသိပါဘူး၊ တိုက်ပွဲထဲပါသွားတဲ့ စီနီယာတွေလဲ ပြန်ပါလာပုံပဲ"
"တော်ကြတော့ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေ ထွက်လာနေပြီ"
ဂိုဏ်းရဲ့ စီနီယာဂိုဏ်းသားတစ်ဦးက မာန်လိုက်တာကြောင့် တီးတိုးပြောနေကြတဲ့ ဂိုဏ်းသားတွေ ငြိမ်ကျကုန်ပါတယ်။ ဂိုဏ်းချုပ်က တိုတိုတုတ်တုတ်နဲ့
"ကျိုင်းကောင်နယ်မြေရဲ့ အပြင်ဘက်ခံစစ် ကျိုးပေါက်သွားပြီ"
"ဟာ"
"ဒီသတင်းက သေချာရဲ့လား၊ ယုံကြည်ရပါ့မလား"
"ဟုတ်တယ် အပြင်ဘက်ခံစစ်မှာ အင်ပါယာတွေက အဆင့်မြင့် ကျင့်ကြံသူတွေ စောင့်ကြည့်နေကြတာမလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"အပြင်ဘက်ခံစစ် ကျိုးပေါက်သွားရင် အတွင်းဘက်ပိုင်းက အဆင့်မြင့် ကျိုင်းကောင်ဘုရင်မတွေ ထွက်လာကြတော့မှာလေ"
" ဘုရားရေ ၊ ဘာတွေဖြစ်ကုန်တာလဲဟ "
"အခုအချိန်မှာ ဂိုဏ်းကြီးတွေလဲ ကျိုင်းကောင် ... "
" ရွှီး ... အုံး ... ဝုန်း ... အား"
ရုတ်တရက် တိုက်ခိုက်မှုကို ဂီတလုလင်ဂိုဏ်းချုပ်က ချီစွမ်းအင်နဲ့ ကာကွယ်လိုက်နိုင်ပေမဲ့ ဘေးက အကြီးအကဲတွေကတော့ ကံမကောင်းရှာခဲ့ပါဘူး။
"ဘယ်သူက ဂီတလုလင်ဂိုဏ်းကို တိုက်ခိုက်ရဲတာလဲ"
ပြောပြောဆိုဆိုနဲ့ ချီဧကရာဇ် စဦးအဆင့်အော်ရာကို ထုတ်လွင့်လိုက်ပါတယ်။ ဇော်ပိုင်က
"နားငြီးတယ်ကွာ၊ အမြောက်ငယ်၅လက်နဲ့ ဝိုင်းသမကြစမ်း ၊ ကျန်၅လက်က ဂိုဏ်းထဲကနေရာအနှံ့ မနားမနေပစ်ထားကြ"
" စက်သေနတ်ကြီးတွေက လူအုပ်ထဲလှမ်းပစ်ကြ၊ တက်လာသမျှကို လောင်ချာနဲ့သာဝိုင်းထု၊ တစ်လက်နဲ့မသေရင် နှစ်လက်နဲ့ဝိုင်းထုကြကွာ"
"ဟုတ်ကဲ့ပါ"
"မင်းတို့လိုသူပုန်တွေက ငါတို့ကိုတကယ်ပဲ လာတိုက်ရဲမယ်မထင်ထားဘူး"
"ဘာသူပုန်လဲ၊ ပုန်ကန်နေတာမဟုတ်ဘူး တော်လှန်နေတာကွ အဲဒီကောင်ကို ဝိုင်းပစ်ကြစမ်း"
" ဒက်ဒက်ဒက်ဒက်ဒက်ဒက်ဒက်ဒက်ဒက် "
[ ငါ့လခွီး ပြောမိတာမှားပါတယ်ကွာ ]
မျက်စိရှေ့တင် ဖျတ်ဆီးခံနေရတဲ့ သူ့ရဲဂိုဏ်းကိုကြည့်ပြီး ဂီတလုလင်ဂိုဏ်းချုပ် တစ်ယောက်အကြီးအကျယ် ဒေါသထွက်နေပါပြီ။ သူဘာမှမတက်နိုင်ခဲ့ပါဘူး။
ရန်သူတွေက အဝေးရော အနီးကပ်ပါ လက်နက်အစုံနဲ့ ပစ်ခတ်နေတာမို့ ဂိုဏ်းအကာအကွယ်အစီအရင်လဲ ပျက်ဆီးသွားရပါပြီ။ သူရင်ထဲကနေ ပျို့တက်လာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရပါတယ်။
"ဘိုးဘေး ... ဂီတလုလင်ဂိုဏ်း ဒုက္ခရောက်နေပါပြီ၊ ကူညီကယ်တင်ပေးပါ"
"ဘယ်သူက ဂီတလုလင်ဂိုဏ်းကို ဒုက္ခပေးရဲတာလဲ"
ဂိုဏ်းရဲ့ တားမြစ်နယ်တစ်ခုဆီကနေ အသံတချို့ ထွက်ပေါ်လာပါတယ်။
"နားငြီးပါတယ်ဆိုနေကွာ၊ အဲဒီတားမြစ်နယ်ဖက်ကို အမြောက်တွေအကုန် ဝိုင်းပစ်ကြစမ်း၊ အဆင့်၃ အမြူတေနဲ့ပစ်ကြ"
" အုံး အုံး အုံး အုံး အုံး အုံး အုံး အုံး အုံး အုံး"
"ငါရဲ့ ဂီတလုလင် ... ငါ့လခွမ်း ဘာတွေလဲဟ"
ဆယ်မိနစ်ခန့် ဝိုင်းဝန်းပစ်ခတ် အပြီးမှာတော့ တားမြစ်နယ်မြေဆိုတဲ့ နေရာက သုင်္ဿန်လိုလို တစပြင်လိုလို ဖြစ်သွားရရှာပါတယ်။ ဂိုဏ်းဘိုးဘေးဆိုသူတွေလဲ အသံမထွက်ရဲတော့ပါဘူး။
နေ့တစ်ဝတ်ခန့် ဝင်မွှေပြီးချိန်မှာတော့ ဇော်ပိုင်နဲ့ အဖွဲ့တွေ နောက်ကြောင်းပြန်ခေါက်ခဲ့ကြရပါတယ်။ မခေါက်လို့လဲမရပါဘူး၊ ဂိုဏ်းတည်နေရာက ကြီးမားတာကြောင့် အသုံးပြုရတဲ့ အမြူတေပမာဏက ကြီးမားသွားပါတယ်။
ပါသမျှအမြူတေလဲ ကုန်လုလုရှိသွားပါပြီ။ လက်နက်အားကိုးနဲ့ လာမိုက်ကြတာမို့ ပါသမျှ ကုန်လုလုအချိန်မှာတော့ ပြန်လစ်ကြရတာ မဆန်းပါဘူး။ လက်နက်မဲ့သွားရင် ကျင့်ကြံခြင်းအရ ဘယ်လိုမှ ဂီတလုလင်ဂိုဏ်းကို မယှဉ်ပြိုင်နိုင်ကြပါဘူး။
"ပြန်ဆုတ်ဖို့ပြင်ထားကြတော့"
အခန်း ၉၀ပြီး