အိုး..သွားပြီ၊ အရှင်မက တကယ်ကြီး သရုပ်ဆောင်နေတာ
Vol. 2 Ch. 16
ချင်းမိသားစု နေအိမ်သည် မဟာကျင်းတော်ဝင်မိသားစု၏ ဘိုးဘွားပိုင် မြေနေရာ ဖြစ်ပြီး လျို့ဝှက် အစီအရင်များနှင့် နတ်သားရဲများ စောင့်ကြပ်နေသည့် နေရာ ဖြစ်သည်။ သာမန်ရေကန်ဟု ထင်ရသော နေရာသည်လည်း အလွန်နက်ရှိုင်းပြီး ရေအောက်တွင် မြွေနဂါးများ ရှိနေတတ်သည်။
သမိုင်းကြောင်းအရ မဟာကျင်းတော်ဝင်မိသားစုတွင် ဧကရီ တုန်းဖန်လျူလီနှင့် စစ်သူကြီး ချင်းဖုန်းဟော်တို့သာ ကျန်ရှိတော့သည်။ ဤဘိုးဘွားပိုင် နေအိမ်သည် ယခုအခါ ဧကရီ၏ သီးသန့်နန်းဆောင် ဖြစ်နေပြီး တိုင်းပြည်၏ အရေးပါသော လူနည်းစုသာ သိရှိကြသည်။
ထမင်းစားပွဲ၌။
ဝူတျဲသည် စိတ်မအေးနိုင်ဘဲ ချွေးစေးများပင် ထွက်နေသည်။ မဟာကျင်းတော်ဝင်မိသားစု၏ ဘိုးဘွားပိုင်နေအိမ် တည်နေရာမှာ လျို့ဝှက်ချက်တစ်ခု ဖြစ်ပြီး ယခု သူက ထိုအမှန်တရားကို သိသွားပြီ ဖြစ်သည်။ ဧကရီက သူ့ကို နှုတ်ပိတ်ရန် ဆုံးဖြတ်လိုက်လျှင် မည်သို့ လုပ်မည်နည်း။ ဝူတျဲက တည်တည်ငြိမ်ငြိမ် နေရန် ကြိုးစားရင်း လွတ်မြောက်မည့် နည်းလမ်းကို ရှာဖွေနေ၏။
“အရှင်မ...”
ဝူတျဲ၏ နှုတ်ခမ်းလေးများက စကားပြောရန် ပြင်လိုက်သည်။
“ရှူး”
တုန်းဖန်လျူလီက သူ၏ လက်ညှိုးလေးကို နှုတ်ခမ်းပေါ်တင်ရင်း ဘေးမှ မုန့်ချင်ကျိုးကို တစ်ချက် ကြည့်လိုက်သည်။ ဝူတျဲ ချက်ချင်း နားလည်သွားပြီး ခေါင်းညိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်သာ ထမင်း ဆက်စားနေတော့သည်။
ဒါဆိုရင်တော့ ဝန်ကြီးမုန့် ပြောတဲ့ သိက္ခာရှိတဲ့ ဇနီးဆိုတာ ဧကရီ ဖြစ်နေတာပေါ့။ ဒါကို ဝန်ကြီးမုန့်က မသိသေးဘူးပဲ...
ငါတော့ သေရတော့မှာပဲ...
ဝူတျဲ တွေးနေမိသည်။
နာရီဝက် အတွင်းမှာပင် ဧကရီ၏ ကြီးမားသော လျို့ဝှက်ချက်များကို သူ သိသွားခဲ့ပြီ ဖြစ်သည်။
ဝူတျဲက ငါးဟင်းတစ်ဖဲ့ကို တူဖြင့် ယူလိုက်ရင်း ရုတ်တရက် အသိတစ်ခု ဝင်လာသည်။ ဧကရီက နန်းတော်ပြင်ပမှာ လူငယ်လေးတစ်ယောက်ကို တိတ်တဆိတ် မွေးထားပြီး သူရဲ့ သရုပ်ကို ဖုံးကွယ်ပြီးတော့ သာမန်လင်မယားလို ဟန်ဆောင်နေတာပဲ။ ပြီးတော့ မုန့်ချင်ကျိုးကို လောကကြီးရဲ့ အာရုံစိုက်မှုတွေ၊ မုန်းတီးမှုတွေ ခံရအောင် လုပ်ထားပြီး သူတို့နှစ်ယောက်ကတော့ လွတ်လွတ်လပ်လပ် စံစားနေကြတာကိုး။
ဧကရီ့ရဲ့ ကြင်ရာတော်အစစ်ကတော့ ဧကရီနဲ့ တစ်ခါမှတောင် မထိတွေ့ဖူးတဲ့ သနားစရာ လူပြက်တစ်ယောက် ဖြစ်နေတာပေါ့။
ဝူတျဲ သက်ပြင်းချလိုက်ပြီး ငါးဟင်းကို ပါးစပ်ထဲ ထည့်လိုက်ရာ...
“အု..”
ခါးလိုက်တာ၊ စပ်လိုက်တာ၊ ငန်လိုက်တာ၊ ညှီလိုက်တာ။
ဝူတျဲသည် သူ၏ ပါးစပ်ကို ပိတ်ထားရင်း ပြန်ထွေးထုတ်ရန် ကြိုးစားနေရသည်။ ဒါက ဘယ်လို အရသာဆိုးကြီးလဲ။ ဧကရီက ငါ့ကို လုပ်ကြံသတ်ဖြတ်မယ့်သူလို့ သိပြီး တမင် သတ်နေတာလား။
ဝူတျဲ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဝန်ကြီးမုန့်နှင့် စုချင်ချိုးတို့လည်း မျက်နှာ ပျက်နေသည်ကို တွေ့လိုက်ရသည်။
“အရသာ မကောင်းဘူးလား”
တုန်းဖန်လျူလီက မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။
“အတော်လေး ဆိုးတယ်...”
မုန့်ချင်ကျိုးက ပွင့်ပွင့်လင်းလင်းပင် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“အရသာ ရှိလိုက်တာ...”
ဝူတျဲကတော့ လက်မထောင်ပြလိုက်သည်။
“ကျွန်မကတော့... အဆင်ပြေပါတယ်...”
စုချင်ချိုးကတော့ လက်ဖက်ရည်ကို ခပ်အေးအေးသာ သောက်နေသည်။
တုန်းဖန်လျူလီက ခေါင်းညိတ်လိုက်ပြီး ဝူတျဲကို ကြည့်ကာ ငါးပန်းကန်လုံးကို ရှေ့သို့ တိုးပေးလိုက်သည်။
“အရသာ ရှိရင် အများကြီး စားပေါ့...”
ဝူတျဲသည် မုန့်ချင်ကျိုးကို ကြည့်ရင်း စိတ်ထဲမှ မေးနေမိသည်။
ရှင်က တကယ်ပဲ ဖြောင့်ချက်ပေးနေတာလား။ အရသာမကောင်းဘူးလို့ ဘယ်လိုတောင် အေးအေးဆေးဆေး ပြောနိုင်ရတာလဲ...
“စားလေ...”
တုန်းဖန်လျူလီက ထပ်ပြောသည်။
“ဟုတ်... ဟုတ်ကဲ့...”
ဝူတျဲ မျက်လုံးမှိတ်ပြီး ငါးများကို အကုန် စားလိုက်ရတော့သည်။
“စားနိုင်လိုက်တာ၊ အေးအေးဆေးဆေး စားပါ။ နောက်ထပ် ရှိသေးတယ်...”
တုန်းဖန်လျူလီက ပြုံးပြီး ကျန်သည့် ဟင်းများကိုပါ တိုးပေးလိုက်သည်။
“မရတော့ဘူး၊ ကျွန်မ ထပ်မစားနိုင်တော့ဘူး။ အု...”
ဝူတျဲသည် အန်ချင်စိတ်ကို အောင့်ထားရင်း ငြင်းလိုက်ရသည်။
မုန့်ချင်ကျိုး မကြည့်ရက်တော့သဖြင့် ကျန်သည့်ဟင်းများကို ယူသွားပြီး ပြောလိုက်သည်။
“ငါ ဒါတွေကို ပြန်ချက်ပေးမယ်...”
“ဒါက ကျွန်မ ပထမဆုံးအကြိမ် ချက်တာလေ။ အလဟဿ မဖြစ်စေနဲ့။”
တုန်းဖန်လျူလီ မကျေမနပ် ဖြစ်သွားသည်။
မုန့်ချင်ကျိုးက ပြုံးရင်း ပြောလိုက်သည်။
“မင်း မှားနေပြီ။”
“ဘာ မှားလို့လဲ...”
တုန်းဖန်လျူလီ နားမလည် ဖြစ်သွားသည်။
“ငါက အမှားတွေကို ပြင်ဆင်ပြီး နဂိုထက် ပိုကောင်းအောင် လုပ်မှာလေ။ ဒါက ဘယ်လိုလုပ် အလဟဿ ဖြစ်မှာလဲ...”
မုန့်ချင်ကျိုးက ဆက်ပြောသည်။
“ဥပမာအားဖြင့် ဧကရီနဲ့ အရာရှိတွေလိုပေါ့၊ ဧကရီက လမ်းညွှန်ချက်တွေ ပေးတယ်။ အရာရှိတွေက အဲဒီ လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်ပြီး လိုအပ်တာတွေ ပြင်ဆင်ပေးရတာလေ။ ဘယ်သူက ဘယ်သူ့ကို အလဟဿ ဖြစ်စေလို့လဲ။ ဒါက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဖြည့်ဆည်းပေးတာပဲ မဟုတ်လား...”
မုန့်ချင်ကျိုး၏ အသံက နူးညံ့ပြီး တည်ငြိမ်နေသည်။ ဝူတျဲက စိတ်ထဲမှ ချီးကျူးနေမိသည်။
စကားပြောတာ တကယ် တော်တာပဲ။ ပညာတတ်တွေ ချစ်ရေးဆိုတာက တစ်မျိုးပဲ...
“ဧကရာဇ်နဲ့ အရာရှိတွေလား...”
တုန်းဖန်လျူလီက မုန့်ချင်ကျိုးကို စိုက်ကြည့်နေမိသည်။ ယခု သူတို့ အခြေအနေကလည်း ဧကရီနှင့် အရာရှိ (မုန့်ချင်း)လို ဖြစ်မနေဘူးလား။
“ဒါက ဥပမာ ပေးတာပါ၊ ဘာဖြစ်လို့လဲ...”
မုန့်ချင်ကျိုးက မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး”
တုန်းဖန်လျူလီ လည်ချောင်းဟန့်ရင်း လက်ကာပြလိုက်သည်။
“ရှင် သဘောရှိတာသာ လုပ်ပါ၊ သွားပြီး ပြင်ဆင်လိုက်တော့။”
အိမ်ရှေ့တွင် အိပ်နေသော ခွေးဝါကြီးကလည်း မုန့်ချင်ကျိုးကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေသည်။ စုချင်ချိုးကမူ သူ၏ မှတ်စုစာအုပ်လေးထဲတွင် ချက်ချင်း လိုက်ရေးနေတော့သည်။
“ဒီလိုလည်း ရတာလား...”
ဝူတျဲသည် အံ့ဩ၍ မဆုံးတော့ပေ။ ဧကရီ၏ နားရွက်လေးများ နီရဲနေသည်ကို သူ တွေ့လိုက်ရသည်။ မုန့်ချင်ကျိုး ပြုံးလျက်ပင် မီးဖိုချောင်ထဲ ဝင်သွားတော့သည်။ သူက ဧကရီကို မြူစွယ်လိုက်မိသည် ဆိုသည်ကို သိပုံမရပေ။
ဧကရီကလည်း စဉ်းစားနေမိသည်။
သူ ငါ့ရဲ့ သရုပ်မှန်ကို သိနေတာလား၊ မသိရင်ရော ခုနက စကားတွေက ဘာကို ဆိုလိုတာလဲ...
မုန့်ချင်ကျိုး ဟင်းများကို ပြန်ချက်ပြီး ထွက်လာချိန်တွင် ဝိုင်းထဲ၌ ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲ”
မုန့်ချင်ကျိုးက နားမလည်သလို မေးလိုက်သည်။
တုန်းဖန်လျူလီ ခေါင်းခါပြပြီး အသားတစ်ဖဲ့ကို စားလိုက်သည်။ အရသာကတော့ ယခင်ကနှင့် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။
“ရှင် ပြောတာ မှန်တယ်၊ တကယ် အရသာ ရှိတယ်...”
တုန်းဖန်လျူလီသည် သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တောက်ပသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ မုန့်ချင်ကျိုးကတော့ တစ်ခုခု ထူးဆန်းနေသလို ခံစားရသော်လည်း ပြန်ပြုံးပြလိုက်သည်။
“ဒါဆိုရင် အများကြီး စားပေါ့...”
တုန်းဖန်လျူလီက မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဒါပေါ့၊ ကျွန်မ ဝအောင် မစားရသေးဘူးလေ...”
စုချင်ချိုးကတော့ စိတ်ထဲမှ တွေးနေမိသည်။
အရှင်မတော့ သွားပြီ၊ တကယ်ကြီး ချစ်မိသွားပြီ...