← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁) - ဟူယွမ်၏ အမြီးလေးချောင်း ပုံစံ၊ ယဲ့ဖုန်း ဝင်ရောက်လာပြီ

~[မြေအောက် နက်ရှိုင်းသော နေရာတွင် ဖြစ်သည်။]

တုန်းချန်သည် အံ့ဩစွာ လွှတ်ခနဲ အော်ဟစ်လိုက်လေ၏။

“ဒါက... ‘ခြောက်မြှောင့်’ သတ်ဖြတ်ခြင်း ဝင်္ကပါပါလား”

သူ၏ မျက်လုံးများက အထက်စီးမှ ဝင်္ကပါကို စူးစိုက်ကြည့်နေ၏။

“ဒီဝင်္ကပါရဲ့ အဓိက တိုက်ခိုက်မှု စွမ်းအားက အောက်ခံပြားနဲ့ အလံတိုင်တွေထဲက ခြောက်မြှောင့်ကြယ် စွမ်းအားကနေ လာတာပဲ။ အရည်အချင်း ပြည့်မီတဲ့ ကျင့်ကြံသူ တစ်ယောက်သာ ဦးဆောင် အသက်သွင်းမယ် ဆိုရင်... ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းအားတွေ ထုတ်လွှတ်နိုင်တယ်”

တုန်းချန်တစ်ယောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

“ကြည့်ရတာ လျိုယွင်ဂိုဏ်းတော့ အသက်ဆက်နိုင်မယ့် ပုံပဲ”

သူ လျိုယွင်ဂိုဏ်းအတွက် စိုးရိမ်နေသည်မှာ သံယောဇဉ်ကြီး၍ မဟုတ်ပါ။ ဒီနေရာက ပုန်းအောင်းနေရန် သင့်တော်သောကြောင့်သာ ဖြစ်သည်။ တုန်းချန်အတွက်တော့ ဒီနေရာက မဆိုးလှ။

တကယ်လို့ ဒီနေရာသာ ပျက်စီးသွားပါက၊ သူသည် တရားဝင် ဂိုဏ်းသားအဖြစ် ဆက်နေ၍ မရတော့ပေ။ ရုပ်ဖျက်ပြီး ဆက်လက် အသက်ရှင်ရန် ခက်ခဲသွားပေလိမ့်မည်။

“ဒါပေမဲ့... ဒီဝင်္ကပါရဲ့ အောက်ခံပြားက အက်ကွဲနေပြီ။ နောက်ဆုံးတစ်ကြိမ်ပဲ သုံးလို့ရတော့မယ်။ ရန်သူကို မနိုင်ရင်တော့... ဒီဘိုးဘေးကြီး ချက်ချင်း ထွက်ပြေးပြီး တခြား အင်အားစုတစ်ခုခုမှာ ဝင်ခိုလှုံရတော့မှာပဲ”

တုန်းချန်သည် ထိုသို့ တွေးတောနေမိလေ၏။

[ကောင်းကင်ယံတွင် ဖြစ်သည်။]

နတ်ဆိုးဘုရင် ဟူယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ လှောင်ပြောင်သော မျက်နှာထားဖြင့် ပြုံးလိုက်၏။

“ဝင်္ကပါ ဟုတ်လား”

“ရယ်စရာပဲ”

“ဝင်္ကပါတွေသာ အသုံးဝင်တယ် ဆိုရင်... ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင်တွေ ဘာလုပ်ဖို့ လိုဦးမှာလဲ”

နတ်ဆိုးဘုရင် ဟူယွမ်သည် ခွက်ထိုးခွက်လန်.. ရယ်မောလိုက်လေ၏။

လေထဲတွင် ပျံဝဲနေသော ‘သွေးလက်သည်း’ ကြီးသည် ရုတ်တရက် ‘ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ’ ၏ ဒိုင်းကာကို လှမ်းဆွဲလိုက်ရာ၊ ဝင်္ကပါကို အသက်သွင်းနေသော စွမ်းအားကြီး ကျင့်ကြံသူ (၆) ဦးစလုံး တုန်ခါသွားရသည်။ ညည်းညူသံများ ထွက်ပေါ်လာကာ သွေးအန်မလို ဖြစ်သွားကြ၏။

ယဲ့ဖုန်းနှင့် ဒုတိယမြို့စားမင်းတို့ အတူတူ ရပ်နေကြ၏။

စန်းယွမ်မြို့စားမင်းသည် သူတို့ဘေးတွင် ရပ်လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ဒီဝင်္ကပါက အသုံးဝင်မယ် ထင်လား”

ရိုးရိုးသားသား ပြောရရင် စန်းယွမ်မြို့စားမင်းက အခုချက်ချင်း ထွက်ပြေးချင်နေပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် ဝင်္ကပါထဲတွင် ပိတ်မိနေသော နတ်ဆိုးဘုရင် ဟူယွမ်ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

“ဝင်္ကပါက နတ်ဆိုးဘုရင်ကို နာကျင်အောင်တော့ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်၊ သေအောင်သတ်ဖို့ ဆိုတာကတော့... အခက်အခဲက သာမန်ကာလျှံကာ မဟုတ်ဘူးဗျ”

စန်းယွမ်မြို့စားမင်း - “ဒါဆို အခု ပြေးကြမလား”

ထိုအခါ၊ယဲ့ဖုန်းသည် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။

“ခင်ဗျား ပြေးချင်ရင် အခု မြန်မြန်ပြေးလိုက်တော့... မဟုတ်ရင် နောက်ဆို အခွင့်အရေး ရမှာ မဟုတ်ဘူး”

“ဟဲဟဲ... ကျွန်တော်က စတာပါဗျာ”

စန်းယွမ်မြို့စားမင်း မျက်နှာရဲသွားရှာသည်။

[ဝင်္ကပါ အတွင်းတွင် ဖြစ်သည်။]

ချင်းယွင်ကျန်းရန်၏ မျက်နှာထားသည် ခက်ထန်ကြမ်းတမ်းနေ၏။

“နတ်ဆိုးဘုရင်... သေစမ်းကွ”

ပြောပြီးသည်နှင့် သူသည် ဝင်္ကပါကို ဦးဆောင်ကာ စွမ်းအားကြီး ကျင့်ကြံသူ (၆) ဦး၏ အလင်းတန်းများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်၏။ ထိုအလင်းတန်းသည် ပြင်းရှသော ဓားချီစွမ်းအင် တစ်ခုအဖြစ် ဖွဲ့တည်သွားပြီး ခုတ်ပိုင်းချလိုက်တော့သည်။

ဓားဆန္ဒ တစ်မျှင်ပင် ပါဝင်နေသဖြင့် ပိုမို အစွမ်းထက်မြက်နေ၏။

နတ်ဆိုးဘုရင် ဟူယွမ်သည် ဤဓားချီစွမ်းအင်မှာ သာမန်မဟုတ်ကြောင်း အာရုံခံမိလိုက်၏။ သူသည် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး၊ သွေးစွမ်းအင်များကို ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အကာအကွယ် ချပ်ဝတ်အဖြစ် ပြောင်းလဲကာ ခုခံလိုက်၏။

“ရွှပ်”

အကာအကွယ် ချပ်ဝတ်နှင့် ဓားချီစွမ်းအင်တို့ တစ်ပြိုင်နက် ကွဲကြေသွားကြ၏။ နတ်ဆိုးဘုရင် ဟူယွမ်၏ လက်မောင်းများတွင် ဓားရာများ ထင်ကျန်ရစ်ခဲ့ပြီး သွေးများ ပန်းထွက်လာကာ သူ့ကို အောင်မြင်စွာ ဒေါသထွက်စေခဲ့ပြီ ဖြစ်သည်။

“ကောင်းတယ်... ဒီဘုရင်ကြီးကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့... ကွဲစမ်းကွာ”

နတ်ဆိုးဘုရင် ဟူယွမ်သည် ဟိန်းဟောက်လိုက်ပြီး လက်သည်းများကို ဝှေ့ယမ်းလိုက်သည်။ ဝင်္ကပါ၏ ဒိုင်းကာကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ၊ ဒိုင်းကာကြီး တစ်ခုလုံး တုန်ခါသွားပြီး ကွဲအက်မလို ဖြစ်သွားသည်။

“ဆက်တိုက်ကြ”

လျိုယွင်ဂိုဏ်းချုပ်က လိုက်၏။ညာသံပေး

ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော ချင်းယွင်ကျန်းရန် အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်၏။ သူသည် စိတ်စွမ်းအင် အမြောက်အမြားကို ထပ်မံ အသုံးပြုပြီး၊ ဓားဆန္ဒကို ဝင်္ကပါ၏ ဓားချီစွမ်းအင်နှင့် ပေါင်းစပ်ကာ ဟူယွမ်၏ မျက်နှာပေါ်တွင် ထင်ရှားသော ဓားရာတစ်ခု ပေးစွမ်းလိုက်၏။

“ကောင်းတယ်... တော်တော် ကောင်းတယ်”

နတ်ဆိုးဘုရင် ဟူယွမ်သည် မျက်နှာပေါ်မှ စီးကျလာသော သွေးများကို ကြည့်ပြီး လုံးဝ ဒေါသပေါက်ကွဲသွားတော့သည်။

သူ့လက်မောင်းများ ဖောင်းပွလာပြီး ခန္ဓာကိုယ် ပတ်လည်ရှိ သွေးစွမ်းအင်များကို ပြန်လည် စုပ်ယူလိုက်၏။ ကျောနောက်ရှိ အမွှေးပွပွ မြေခွေးမြီး (၃) ချောင်းသည် ဆန့်ထွက်လာသည်။ တဆက်တည်း၌၊ စတုတ္ထမြောက် အမြီး တစ်ချောင်း လေထဲမှ ဘွားခနဲ ပေါ်လာကာ ကြွက်သားများဖြင့် ပြည့်နှက်နေသော အမြီးလေးချောင်း မြေခွေးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

“ဝုန်း”

နတ်ဆိုးဘုရင် ဟူယွမ်၏ အရှိန်အဝါသည် အနည်းဆုံး (၅၀) ရာခိုင်နှုန်း မြင့်တက်သွား၏။ သူ့လက်သည်းများသည် ကာကွယ်ရေးကို ရက်စက်စွာ ဆွဲဖြဲလိုက်ပြီး၊ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာရာ ဝင်္ကပါ တစ်ခုလုံး ညည်းညူသံများ ပေးကာ တုန်ခါသွားရသည်။

လျိုယွင်ဂိုဏ်းချုပ်သည် သူ့ရှေ့က ဝင်္ကပါအောက်ခံပြားကို ကြည့်လိုက်သည်။

အက်ကွဲကြောင်းများ လျင်မြန်စွာ ကျယ်ပြန့်လာပြီး၊ နောက်ဆုံးတွင် “ကလွပ်” ဟူသော အသံနှင့်အတူ ကွဲကြေသွားသည်ကို တွေ့လိုက်ရသည်။

ဝင်္ကပါ ကျိုးပျက်သွားချေ၏။

“နာကျည်းစရာ ကောင်းလိုက်တာကွာ”

“ဝေါ့”

လျိုယွင်ဂိုဏ်းချုပ်သည် ဒေါသတကြီး သွေးအန်လိုက်မိသည်။

မူလက နတ်ဆိုးဘုရင် ဟူယွမ်သည် ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါကို ဖောက်ထွက်နိုင်စွမ်း မရှိသင့်ပေ။ သို့သော် ဝင်္ကပါအောက်ခံပြားက ပျက်စီးလွန်း‌နေ၏။ အကြိမ်ကြိမ် ရိုက်ခတ်မှုတွေကို ခံနိုင်ရည် မရှိတော့ဘဲ၊ ယခုတော့ လုံးဝ ပြိုကျသွားခဲ့ရသည်။

“သွားပြီ... အကုန် သွားပြီ”

အားလုံး မျှော်လင့်ချက် ကုန်ဆုံးသွားကြ၏။

အလယ်အလတ်အဆင့် ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါတောင် ကျိုးပျက်သွားပြီဆိုလျှင်၊ လျိုယွင်ဂိုဏ်းမှာ နတ်ဆိုးဘုရင်၏ စွမ်းအားကို တားဆီးနိုင်မယ့်အရာ ဘာကျန်သေးသနည်း။

[မြေအောက် နက်ရှိုင်းသော နေရာတွင် ဖြစ်သည်။]

တုန်းချန်.. သက်ပြင်းချလိုက်၏။

“နောက်ဆုံးတော့ ဝင်္ကပါအောက်ခံပြားက မတောင့်ခံနိုင်တော့ဘူးပဲ... ဒီဘိုးဘေးကြီးက မျှော်လင့်ချက် သိပ်မထားသင့်ပါဘူး... ကြည့်ရတာ တခြားဂိုဏ်းတစ်ခုကို အမြန်ပြောင်းပြီး အသက်ဆက်မှ ဖြစ်တော့မယ်”

[ကောင်းကင်ယံတွင် ဖြစ်သည်။]

အမြီးလေးချောင်း နတ်ဆိုးမြေခွေးအဖြစ် ပြောင်းလဲသွားသော ဟူယွမ်၏ အရှိန်အဟုန်သည် ရေတံခွန်ကြီးသဖွယ် ဖြစ်နေ၏။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် စွမ်းအားကြီး ပညာရှင် (၆) ဦးသည် ထိုအရှိန်အဟုန်ဖြင့် ရိုက်ခတ်ခံလိုက်ရပြီး၊ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် မြေပြင်ပေါ်သို့ အားလျော့စွာ ပြုတ်ကျသွားကြ၏။

သူတို့ထဲတွင် ကုန်းချင်းချိုးသည် ယဲ့ဖုန်း၏ ဘေးနားသို့ ကျရောက်သွားသည်။

“ခင်ဗျား သူ့ကို မယှဉ်နိုင်ဘူး။ ကျွန်တော်တောင် သိပ်ယုံကြည်မှု မရှိဘူး”

ယဲ့ဖုန်းသည် သက်ပြင်းချလိုက်ပြီး ကုန်းချင်းချိုးကို ကူညီထူမပေးလိုက်၏။ သင်းပျံ့သော ရနံ့လေးတစ်ခု နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး စိတ်ကို လန်းဆန်းစေ၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့”

ကုန်းချင်းချိုးသည် သူမ ရင်ဘတ်ကို ဖိထားရင်း ပြင်းထန်စွာ ချောင်းဆိုးလိုက်၏။ နှင်းကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ၏ မျက်နှာနှင့် မျက်ဝန်းများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။

“သြော်... ကံဆိုးလိုက်တာ”

“ဂိုဏ်းချုပ်အဆင့် ပညာရှင် (၆) ယောက် ဝိုင်းတိုက်တာတောင် ရှုံးနိမ့်သွားရတယ်”

“ကံတရားက ငါတို့ လျိုယွင်ဂိုဏ်းကို ဖျက်ဆီးချင်နေတာလား”

မြေပြင်ပေါ်တွင် ရှင်းကွမ်ရွှမ်၊ လုရှန်ယွဲ့ နှင့် အခြားသူများသည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ပြည့်နှက်နေကြ၏။

သူတို့ ခုခံချင်ကြ၏။

သို့တိုင်၊ နတ်ဆိုးဘုရင် ဟူယွမ်က ကြောက်စရာ ကောင်းလွန်းနေသည်။

အပေါ်စီးကနေ ဖိနှိပ်ထားသော အရှိန်အဝါ တစ်ခုတည်းနှင့်တင် သူတို့ မလှုပ်နိုင်ဘဲ ဖြစ်နေကြရသည်။ ပြန်တိုက်ဖို့ နေနေသာသာ၊ ရန်သူက သူတို့ဘက်က စွမ်းအားကြီး ပညာရှင်တွေကို တံမြက်စည်းလှည်းသလို ရှင်းထုတ်ပစ်သည်ကိုပဲ ထိုင်ကြည့်နေရသည်။

“မင်းပါလား”

ရုတ်တရက် ကောင်းကင်ယံမှ စူးရှသည့် အသံ တစ်ခု ထွက်ပေါ်လာ၏။

ထိုအသံကို ကြားတော့ အားလုံးက ဟူယွမ်ဘက် လှည့်ကြည့်လိုက်ကြ၏။

ဟူယွမ်က ကုန်းချင်းချိုးဘေးနားမှာ ရပ်နေသော ယဲ့ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး၊ မျက်လုံးထဲမှာ အငြိုးအတေးတွေ တောက်လောင်နေတာကို သူတို့..တွေ့လိုက်ရသည်။

“ဟုတ်တယ်... တော်တော် တိုက်ဆိုင်တာပဲ”

ယဲ့ဖုန်းက ဟူယွမ်ကို ကြည့်ပြီး ပြုံးလိုက်၏။

“အဲဒီတုန်းက မြေအောက်ထဲကို ခိုးဝင်ပြီး... နတ်ဆိုးဘုရင် ခန္ဓာကိုယ်ရဲ့ ခေါင်းကိုဖြတ်၊ လက်မောင်းကိုဖြတ်... ပြီးတော့ ဥက္ကာခဲမိုးရွာတဲ့ သိုင်းနည်းစနစ်ကိုသုံးပြီး ငါ့နတ်ဆိုးမြို့တော်က စစ်သည်သောင်းချီကို သတ်ပစ်ခဲ့တာ မင်းပဲ... ဒီနေ့တော့ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

ဒေါသတကြီး ဟိန်းဟောက်သံကြီး ရိုက်ခတ်ပေါက်ကွဲသွားရာ အားလုံး အံ့ဩမှင်သက်သွားကြ၏။

ဟိုတလောက နတ်ဆိုးမြို့တော်မှာ မွှေနှောက်သွားသော လျှို့ဝှက်ဆန်းကြယ် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင်က... ယဲ့ဖုန်း ဖြစ်နေတာလား။

ဤအခိုက်အတန့်၌၊ ကုန်းချင်းချိုး၊ ချင်းယွင်ကျန်းရန်၊ လျိုယွင်ဂိုဏ်းချုပ်၊ ရေပေါ်ဖြူ မြို့တော် ဒုတိယမြို့စားမင်း၊ စန်းယွမ်မြို့စားမင်း၊ ရှင်းကွမ်ရွှမ်၊ တုန်းချန် နှင့် အခြားသော ထောင်ပေါင်းများစွာသော လူများသည် ယဲ့ဖုန်းကို စိုက်ကြည့်နေကြပြီး၊ မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည် ထွန်းတောက်လာကြ၏။

ယဲ့ဖုန်းက အထွတ်အထိပ်အဆင့် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်ကို ဒေါသတကြီး ခေါင်းဖြတ်သတ်ခဲ့တာကို ပြန်လည် သတိရသွားကြသည်၊ မျှော်လင့်ချက် ကုန်ဆုံးနေသော အချိန်မှာ အလင်းရောင် ပြန်တွေ့လိုက်ရသလို ခံစားလိုက်ကြရသည်။ မှောင်မိုက်ပြီး ကွေ့ကောက်နေသော လမ်းအဆုံးမှာ တောက်ပတဲ့ ရွာလေးတစ်ရွာကို တွေ့လိုက်ရသလိုမျိုးပင်။

‘ယဲ့ဖုန်း ရှိနေသရွေ့... မျှော်လင့်ချက် ရှိသေးတယ်’

အချို့က ဒီလို မဖြစ်နိုင်မည့် အတွေးမျိုးကိုတောင် တွေးမိလိုက်ကြ၏။

“ငါ့ကို အပိုင်းပိုင်း ဆုတ်ဖြဲမယ် ဟုတ်လား။ မင်း လုပ်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်”

ယဲ့ဖုန်း စကားပြောလိုက်၏။

သူသည် ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။

ပြီးပြည့်စုံသော အရိုးဖြူ ဓားဝင်္ကပါသည် သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဝိုင်းရံထား၏။

ဘယ်လက်တွင် လေဝိညာဉ်ပုလဲကို ကိုင်ထားပြီး၊ ညာလက်တွင် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ဆုပ်ကိုင်ထားသည်။

မလှုပ်ရှားသေးခင်မှာပင် ထက်ရှသည့် ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေလေ၏။

“ပြင်းထန်လိုက်တဲ့ အရှိန်အဝါ”

ဟူယွမ်၏ မျက်လုံးများ စူးရှသွားသည်။

လေဝိညာဉ်ပုလဲကို သူ ရင်းနှီးသည်။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့သည့် ကာလတုန်းက မြေအောက်မှာ တိုက်ခိုက်တုန်းက ယဲ့ဖုန်းက ဒီဝိညာဉ်လက်နက်ကို သုံးခဲ့ဖူးသည်လေ။

အခု အသစ်ပေါ်လာသည်ြ အရိုးဖြူ ဓားဝင်္ကပါနှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကတော့... ဟူယွမ်ကို တစ်စုံတစ်ရာ ထူးခြားမှုကို အာရုံခံမိစေပြီး၊ မျက်နှာထား လေးနက်သွားစေ၏။

“ဂိုဏ်းချုပ်ယဲ့... ခင်ဗျား ဘယ်လောက် ယုံကြည်မှု ရှိလဲ”

ယွင်ဟွာကျန်းရန်က လေးနက်သော လေသံဖြင့် မေးလိုက်မိ၏။

“နည်းနည်းလေးပါပဲ”

ယဲ့ဖုန်း တီးတိုး ဖြေလိုက်၏။

“နည်းနည်းလေးပဲလား”

အားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။

‘ဒီလောက် စွမ်းအားကြီးတဲ့ ယဲ့ဖုန်းတောင်မှ အခုချိန်မှာ နတ်ဆိုးဘုရင် ဟူယွမ်ကို နိုင်ဖို့ အခွင့်အလမ်း နည်းနေတာလား။

ဒါဆို ငါတို့မှာ တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား။’

[မြေအောက် နက်ရှိုင်းသော နေရာတွင် ဖြစ်သည်။]

တုန်းချန်သည် ယဲ့ဖုန်းကို ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

‘အထက်တန်း အဆင့် ဝိညာဉ်လက်နက်ပါလား... ပြီးတော့ အရည်အသွေးက အရမ်းမြင့်တယ်... ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် အဆင့်ကိုတောင် ရောက်မလိုပဲ... ဒါ့အပြင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တွေချည်း သက်သက်နဲ့ ပြုလုပ်ထားတဲ့ ဓားဝင်္ကပါ... ဒီလူက တကယ်ပဲ ချမ်းသာတာပဲ... တုန်းချန်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဒီလူက ယဲ့ဖုန်း လို့ ခေါ်တယ်... အဆင့်မြင့်ဂိုဏ်း မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး တစ်ယောက်ပဲ... သူက ဘယ်လိုလုပ် ဒီလောက် အဖိုးတန်တဲ့ ဝိညာဉ်လက်နက်တွေကို ပိုင်ဆိုင်ထားရတာလဲ’

တုန်းချန် နားမလည်နိုင် ဖြစ်နေသည်။

ဟူယွမ်သည် ယဲ့ဖုန်းကို ရက်စက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။၏။

ယဲ့ဖုန်းက ဘယ်သူလဲ ဆိုတာ သူ တိတိကျကျ မသိသော်ငြား၊ နတ်ဆိုးမြို့တော်မှာ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့သူ ဆိုတာနှင့် ၊ သူ အသတ်ချင်ဆုံး လူတစ်ယောက် ဖြစ်သည် ဆိုတာကိုတော့ သူ သိသည်။

“သေစမ်း”

ဟိန်းဟောက်သံနှင့်အတူ ဟူယွမ်၏ ပုံရိပ်သည် လျှပ်တပြက်.. ယဲ့ဖုန်းရှေ့ ရောက်လာ၏။

“ဂျီး”

ကြောက်မက်ဖွယ် လက်သည်းများဖြင့် ကုတ်ချလိုက်ရာ လေထုပင် တုန်ခါသွားသည်။

ထိုစဉ်၊ ယဲ့ဖုန်း၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် အရိုးဖြူ ဓားဝင်္ကပါသည် ဖြူစင်သန့်ရှင်းသော ပန်းပွင့်တစ်ပွင့်အလား သူ့ရှေ့တွင် ပွင့်လန်းလာပြီး၊ ဟူယွမ်၏ လက်သည်းများကို တားဆီးလိုက်၏။

“ခုတ်ပိုင်းစမ်း”

ယဲ့ဖုန်း၏ ဘယ်လက်ရှိ လေဝိညာဉ်ပုလဲ အနည်းငယ် တုန်ခါသွားပြီး၊ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်သည် ကြောက်မက်ဖွယ် ဓားအလင်းတန်းအဖြစ် ဖြစ်တည်လျက် ဟူယွမ်၏ ခေါင်းကို ဖြတ်ရန် ကြိုးစားလိုက်၏။ သို့သော် ဟူယွမ်က ရှောင်တိမ်းနိုင်ခဲ့၏။

“ထက်လိုက်တဲ့ အရှိန်အဝါ”

ဟူယွမ်သည် သွေးစို့နေသော သူ့လည်ပင်းကို ထိတ်လန့်စွာ စမ်းကြည့်လိုက်၏။ အချိန်မီ မရှောင်လိုက်လျှင် အမှန်တကယ် ခေါင်းပြတ်သွားတော့မလိုပင်။

ရိုးရိုးသားသား ပြောရရင် ယဲ့ဖုန်းက လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်တည်းနှင့် နတ်ဆိုးဘုရင် ဟူယွမ်ကို ခေါင်းဖြတ်နိုင်မယ်လို့ မမျှော်လင့်ထားပါချေ။ ထို့ကြောင့် အဲဒီစွမ်းအင်ကို ထုတ်လွှတ်ပြီးတာနှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို မြှောက်ထားပြီးသား ဖြစ်နေ၏။

“ဓာတ်ကြီးငါးပါး ဖမ်းယူခြင်း ဝဲကတော့” က ရုတ်တရက် ရုန်းကြွလာသည်။

၎င်းက ပတ်ဝန်းကျင်ရှိ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ပြီး၊ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို အားဖြည့်ပေးလိုက်ရာ၊ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

“ရွှပ်”

မီတာရာချီ ရှည်လျားသော ဧရာမ ဓားချီစွမ်းအင်ကြီး လေထုတွင်း ဖြတ်သန်း တိုက်ခတ်သွားသည်။

ဟူယွမ်၏ မျက်နှာအမုအရာ ထိတ်လန့်သွားပြီး အမြန် ရှောင်တိမ်းလိုက်၏။ သို့သော် ဒုတိယမြောက် လေဓာတ် ဝိညာဉ်စွမ်းအင်က အလင်းကြိုး တစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး သူ့ဘယ်ခြေထောက်ကို ရစ်ပတ်ထားကာ တောင့်တင်းသွားစေ၏။

“ဒုတ်”

ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် ဟူယွမ်၏ ခြေထောက်များကို ပိုင်းဖြတ်လိုက်ရာ၊ သူ မချိမဆံ့ အော်ဟစ်လိုက်မိသည်။

ယဲ့ဖုန်းကို ကြည့်သော သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသည်။

“ဟူး”

ယွင်ဟွာတောင်တန်းရှိ လူတိုင်း ထိုမြင်ကွင်းကို ကြည့်ပြီး အေးစက်သော လေများကို ရှူရှိုက်လိုက်မိကြ၏။

ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါတောင် မယှဉ်နိုင်သော နတ်ဆိုးဘုရင်က... ယဲ့ဖုန်းနှင့် တိုက်ခိုက်ပြီးခါစမှာပင် ခြေထောက်တွေ ပြတ်သွားခဲ့ပြီ…။

ကြောက်စရာ ကောင်းလိုက်တာ။

“မင်းရဲ့ စွမ်းအားက ထပ်တိုးလာပြန်ပြီပဲ”

ဟူယွမ် နောက်ဆုတ်လိုက်ပြီး မျက်နှာထား လေးနက်သွား၏။ သူသည် အထူးသွေးမျိုးဆက် ကျင့်စဉ် တစ်ခုကို အမြန် လည်ပတ်လိုက်ပြီး၊ ပြတ်သွားသော ခြေထောက်များကို ပြန်လည် ဆွဲယူလိုက်၏။ သွေးစွမ်းအင် အမြောက်အမြားကို အသုံးပြုပြီး ပြန်လည် ဆက်စပ်လိုက်၏။

“ခြေလက်တွေ ပြန်ဆက်လို့ ရတယ်လား”

လူအုပ်ကြီး မျက်နှာပျက်ကုန်ကြ၏။

မနည်း ဖြတ်ထားရသည့် ခြေထောက်တွေက တကယ်ကြီး ပြန်ဆက်လို့ ရသည်တဲ့လား။ ဒါက သဘာဝလွန်နေပြီတည်း။

ဒါဆို ဘယ်လို ဆက်တိုက်ကြမလဲ။

ယဲ့ဖုန်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

ရိုးရိုးသားသား ပြောရလျှင် သူ့ဓားချက် လွဲသွားတာပါ။ အကယ်၍သာ နတ်ဆိုးဘုရင် ဟူယွမ်ရဲ့ ခေါင်းကို နှစ်ပိုင်းခွဲနိုင်ခဲ့မည် ဆိုလျှင်တော့၊ သေချာပေါက် သတ်နိုင်လောက်မည်။

“ဟုတ်သားပဲ... နတ်ဆိုးသားရဲဆောင်ရဲ့ စောင့်ကြည့်ရေး စနစ်”

ယဲ့ဖုန်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဟူယွမ်၏ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုလိုက်၏။

[ဟူယွမ်: နတ်ဆိုးဘုရင် ခန္ဓာကိုယ် + ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်]

[ပါရမီ: ခြေလက်များ ပြန်လည်ဆက်စပ်နိုင်ခြင်း]

[မှတ်ချက်: မူလက အမြီးသုံးချောင်း မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် ဖြစ်ပြီး၊ မိမိ၏ အသားနှင့် သွေးမျိုးဆက်ကို စတေးကာ ‘အလယ်အလတ်အဆင့် သက်ေတလေးပါး နတ်ဆိုး ဝင်္ကပါ’ ကို အသုံးပြု၍ မြေကမ္ဘာ မျောက်ဝံကြီး၏ နတ်ဆိုးဘုရင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး သက်ရှိပုံစံသစ် ဖြစ်လာသူ]

ဟူယွမ်၏ အချက်အလက်များကို ကြည့်ပြီးနောက် ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။

ရုပ်ခန္ဓာကိုတောင် ပေါင်းစပ်လို့ ရတယ်ဆိုသည့် အချက်က တကယ်ကို မယုံနိုင်စရာ ကောင်းသည်။

‘နှမြောစရာပဲ... နတ်ဆိုးဘုရင် ဟူယွမ်ရဲ့ အားနည်းချက်ကို မမြင်ရဘူး... ဪ... နေပါဦး... ကြည့်ရတာ သူက နတ်ဆိုးဘုရင် ခန္ဓာကိုယ်ကိုပဲ ရရှိထားတာ၊ ကျင့်ကြံခြင်း အဆင့်ကတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်မှာပဲ ရှိနေသေးတာကိုး... ဒါကြောင့် ငါ့ကို မယှဉ်နိုင်တာ ဖြစ်မယ်... ပြီးတော့ ဒါက ဟူယွမ်ရဲ့ တစ်ခုတည်းသော အားနည်းချက် ဖြစ်ပုံရတယ်’

ယဲ့ဖုန်း ဤအချက်ကို မှတ်သားလိုက်၏။

အကယ်၍ ဟူယွမ်၏ ကျင့်ကြံခြင်းအဆင့်သာ ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်သွားလျှင်၊ သူ၏ ဖိအားသက်သက်နှင့်တင် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား၏ ခုတ်ချက်ကို တားဆီးနိုင်မည့် ဒိုင်းကာ တစ်ခု ဖြစ်ပေါ်လာနိုင်သည်။ သို့ရာတွင်၊ ဟူယွမ်က ဝိညာဉ်ပင်လယ် အဆင့် မဟုတ်ဘဲ နတ်ဆိုးဘုရင် ခန္ဓာကိုယ်သာ ရှိနေတာမို့ ဒီပွဲက နိုင်ဖို့ သေချာသလောက်ပါပင်။

ယဲ့ဖုန်း၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာ၏။

[ကောင်းကင်ယံတွင် ဖြစ်သည်။]

ဟူယွမ် မောဟိုက်နေ၏။

နတ်ဆိုးဘုရင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးနောက်၊ သူသည် ခြေလက်များ ပြန်လည် ဆက်စပ်နိုင်သော ပါရမီကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် ပြဿနာက သူ၏ ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေသေးခြင်း ဖြစ်၏။

ခြေလက်များကို အကန့်အသတ်မရှိ ပြန်လည် ဆက်စပ်နိုင်မည် မဟုတ်ပါ။ အကြိမ် အနည်းငယ် ပြုလုပ်ပြီးသည်နှင့် သူ၏ခွန်အားများ ကုန်ခန်းသွားမည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ရှိပါက သူသည် ယဲ့ဖုန်းအား သေချာပေါက် မယှဉ်ပြိုင်နိုင်တော့ပေ။

“အဆင့်တက်ဖို့ ဝိညာဉ်သွေးကြော အမြုတေ လိုတယ်”

ဟူယွမ်၏ မျက်နှာထား အေးစက်သွားပြီး၊ သူ့လက်ဖဝါးပေါ်တွင် ဝိညာဉ်သွေးကြော အမြုတေ တစ်ခု ပေါ်လာကာ ကိုက်ခွဲလိုက်၏။

ဒါက နတ်ဆိုးမြို့တော်၏ ဝိညာဉ်သွေးကြော အမြုတေ ဖြစ်၏။

မထွက်ခွာမီက ဟူယွမ် ကိုယ်တိုင် ထုတ်ယူခဲ့တာ ဖြစ်ပြီး၊ အသုံးပြုဖို့ ဆန္ဒ မရှိခဲ့သော်လည်း၊ ယဲ့ဖုန်းနှင့် တွေ့လိုက်ရတော့ တခြား ရွေးချယ်စရာ မရှိတော့ပေ။

ဝိညာဉ်သွေးကြော အမြုတေ ဗိုက်ထဲ ရောက်သွားသည်နှင့် ကြီးမားသော အရှိန်အဝါ တစ်ခု ဟူယွမ်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ကျင့်ကြံခြင်း အဆင့် မြင့်တက်လာကာ ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။

“မျောက်ဝံ-မြေခွေး ဓမ္မရုပ်သွင်”

ရုတ်ချည်းပင်၊ ဟူယွမ်သည် လေထဲ၌၊ လက်ဟန်များ ရေးဆွဲလိုက်ရာ၊ သူ့ကျောနောက်မှ ကြီးမားသော အရှိန်အဝါ တစ်ခု ကောင်းကင်သို့ ထိုးတက်သွားတော့၏။ ၎င်းက မြေခွေးခေါင်းနှင့် မျောက်ဝံကိုယ် ပါရှိသော ပေ (၁၀၀) အမြင့်ရှိ ဘီလူးကြီးအဖြစ် အသက်ဝင်လာကာ ယဲ့ဖုန်းကို ကြောက်မက်ဖွယ် အားဖြင့် နင်းချလိုက်၏။

“ဓာတ်ကြီးငါးပါး ဖမ်းယူခြင်း ဝဲကတော့”

ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ဝင့်ကာ တောက်ပသော ဓားချီဖြင့် ခုတ်ချလိုက်သည်။ မျောက်ဝံ-မြေခွေး ဓမ္မရုပ်သွင်ကို အလွယ်တကူ စုတ်လိုက်၏။ပြဲ

နောက်တစ်ခဏတွင် ဟူယွမ်သည် မြေပြင်ပေါ်သို့ ဒိုင်ဗင်ထိုးဆင်းသွားသည်ကို ယဲ့ဖုန်း သတိထားမိလိုက်၏။

‘သူ့ပစ်မှတ်က ဝိညာဉ်သွေးကြော အမြုတေပဲ’

ယဲ့ဖုန်း ချက်ချင်း သဘောပေါက်လိုက်ပြီး အမြန်ဆုံး အရှိန်ဖြင့် လိုက်ဖမ်းလိုက်၏။

“မဖြစ်ဘူး... အဲဒီနေရာက လျိုယွင်ဂိုဏ်းရဲ့ ဝိညာဉ်သွေးကြော ရှိတဲ့နေရာ... အမြန် တားကြ”

လျိုယွင်ဂိုဏ်းချုပ်သည် ဒဏ်ရာကို ဂရုမစိုက်ဘဲ အလျင်အမြန်.. ပြေးဝင်သွားသည်။

ချင်းယွင်ကျန်းရန်၊ ကုန်းချင်းချိုး စသော စွမ်းအားကြီး ပုဂ္ဂိုလ်များလည်း လှုပ်ရှားလိုက်ကြ၏။

သို့သော်ငြား၊ သူတို့က နှေးလွန်းလေ၏။

လက်မတင်လေးမှာပင်၊ ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြုပြီး အရှိန်ကို အဆမတန် မြှင့်တင်လိုက်၏။ ထို့နောက် အရိုးဖြူ ဓားဝင်္ကပါဖြင့် မိမိကိုယ်ကို ဖုံးလွှမ်းကာ၊ တခဏချင်း မီတာထောင်ချီ ရွေ့လျားပြီး ဟူယွမ်ကို ကျော်တက်ကာ မြေပြင်ပေါ်သို့ အရင် ရောက်ရှိသွားသည်။

“ဝုန်း”

ယဲ့ဖုန်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်မှုသည် ပြင်းထန်သော ရိုက်ခတ်မှု ဖြစ်စေပြီး၊ သူ့ပတ်လည်တွင် မီတာ (၁၀၀) ကျယ်သော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။ သူသည် တွင်းအလယ်တွင် ရပ်လျက် ကောင်းကင်မှ ဆင်းသက်လာသော ဟူယွမ်ကို မော့ကြည့်လိုက်၏။

“မင်း... ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ”

ဟူယွမ် ကြောင်အမ်းသွား၏။

သူ ဘာမှမလုပ်နိုင်ခင်မှာပင်၊ ဧရာမ ဝဲကတော့ကြီးသဖွယ် ဖြစ်နေသော ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ကိုင်ဆောင်ထားသည့် ယဲ့ဖုန်းသည် သူ့ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလာသည်ကို တွေ့လိုက်ရသည်။

ဟူယွမ်၏ ဒိုင်ဗင်ထိုးဆင်းမှုက မြန်လွန်းသဖြင့် ရှောင်တိမ်းချိန် မရတော့ပေ။

တစ်ချိန်တည်းမှာပင် အရိုးဖြူ ဓားဝင်္ကပါသည် ပန်းပွင့် တစ်ပွင့်လို ပွင့်လန်းလာသည်။ ၎င်းက ဟူယွမ်၏ ခြေလက်များကို ထိုးဖောက်ကာ လေထဲတွင် ချုပ်နှောင်ထားလိုက်သဖြင့် ရှောင်တိမ်းဖို့ ပိုခက်ခဲသွားစေ၏။

“ဝှစ်”

ဤဓားချက်သည် ကမ္ဘာမြေကို တုန်ခါသွားစေ၏။

တွင်းထဲမှ လခြမ်းပုံသဏ္ဌာန် ထက်ရှသော ဓားချီစွမ်းအင် တစ်ခု ထိုးတက်သွားသည်ကိုသာ အားလုံး မြင်လိုက်ရသည်။ ထိုဓားချီသည် နတ်ဆိုးဘုရင် ဟူယွမ်ကို အလယ်မှ နှစ်ပိုင်းပိုင်းပစ်လိုက်ပြီး၊ သူ့နဖူးကို ပေါက်ကွဲသွားစေ၏။ ထိုအခါ တောက်ပသော အလင်းတန်း တစ်ခု အဝေးသို့ ထွက်ပြေးသွားသည်။

ဒါက ဟူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်တည်း။

သေရေးရှင်ရေး အခါသမယမှာ သူက နတ်ဆိုးဘုရင် ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ဝိညာဉ်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။

ဝိညာဉ်ခန္ဓာကိုယ် သက်သက်မို့ ဟူယွမ်သည် လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားသည်။ ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၃) မျှင်စလုံး ကုန်ခန်းသွားပြီမို့ လိုက်မမီတော့ဘဲ၊ အဝေးသို့ ပြေးထွက်သွားသော အလင်းတန်းကို ကြည့်ကာ သက်ပြင်းချလိုက်ရသည်။

“သြော်... ငါ့အမြန်နှုန်းက လိုနေသေးတာပဲ”

[မြေအောက် နက်ရှိုင်းသော နေရာတွင် ဖြစ်သည်။]

တုန်းချန် တံတွေးတစ်ချက် မျိုချလိုက်မိသည်။

ထွက်ပြေးသွားသော ဟူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်ကို ကြည့်ပြီး တုန်းချန် နှုတ်ခမ်းသပ်လိုက်မိသည်။

'ဒီနတ်ဆိုးဘုရင်ရဲ့ ဝိညာဉ် ခန္ဓာကိုယ်က ဝိညာဉ်ပင်လယ်အဆင့် မဟုတ်လောက်ဘူး... ဒီဘိုးဘေးကြီးသာ နောက်က လိုက်ပြီး... ဟိုထူးခြားတဲ့ တားမြစ်ကျင့်စဉ်ကို သုံးလိုက်ရင်... သေချာပေါက် မျိုချလို့ ရမှာပဲ’

ထိုသို့ တွက်ချက်မိပြီး တုန်းချန်သည် မြေလျှိုးသိုင်းနည်းစနစ်ကို ထုတ်ဖော်လျက်.. အလျင်အမြန်.. လိုက်သွားတော့သည်။

မထင်မှတ်စရာပင်၊ ယဲ့ဖုန်းက ဤမျှ စွမ်းအားကြီးမားနေလေ၏။ သူ့ထံမှ မည်သည့် ကျင့်ကြံမှုအငွေ့အသက်ကိုမျှ မခံစားရသော်လည်း ထူးဆန်းသော နည်းလမ်းများစွာကို အသုံးပြု၍ နတ်ဆိုးဘုရင်အဆင့်ရှိ ဟူယွမ်အား အနိုင်ယူလိုက်လေသည်။

[မြေပြင်ပေါ်တွင် ဖြစ်သည်။]

ယဲ့ဖုန်းသည် တွင်းနှုတ်ခမ်းတွင် ရပ်လျက် နှစ်ပိုင်းပြတ်နေသော နတ်ဆိုးဘုရင် ခန္ဓာကိုယ်ကို ကြည့်ကာ ဟောဟဲ ဆိုက်နေသည်။

ဟူယွမ်၏ ဝိညာဉ် ထွက်ပြေးသွားသော်လည်း၊ နတ်ဆိုးဘုရင် ခန္ဓာကိုယ် ကျန်ရစ်ခဲ့၏။ ၎င်းကို သန့်စင်ပြီး အဆင့်မြင့် ဝိညာဉ်သွေး အမြောက်အမြား ထုတ်ယူနိုင်မည် ဖြစ်ရာ အမြတ်အစွန်း ကြီးမားလှပေသည်။

ဒီတိုက်ပွဲက တော်တော်လေး တွက်ခြေကိုက်ပေ၏။

အခန်း (၂၄၂) - နတ်ဆိုးမြို့တော်ကို ငြိမ်းချမ်းစေခြင်းနှင့် ဟူယွမ်၏ အမြီးသေးလေး

~လျိုယွင်တောင်တန်းတွင် ဖြစ်သည်။

အားလုံးသည် စကားလုံးများ ဆွံ့အနေကြပြီ ဖြစ်သည်။

ယဲ့ဖုန်းက တကယ်ပဲ နတ်ဆိုးဘုရင်ကို သတ်လိုက်တာလား။

ယုံကြည်ဖို့ ခက်ခဲနေပေမဲ့၊ အားလုံးက မျက်မြင်သက်သေတွေပဲ မဟုတ်ပါလော။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ ပျော်ရွှင်စွာ အော်ဟစ်ကြွေးကြော်သံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

[ဂိုဏ်း ဂုဏ်သတင်းအမှတ် +၁၆၇၇]

“နတ်ဆိုးဘုရင်ကို ဂိုဏ်းချုပ်ယဲ့ တကယ် သတ်လိုက်ပြီဟေ့”

“ခုနက အလင်းတန်းလုံးကြီးက ဘာကြီးလဲ”

“နတ်ဆိုးဘုရင်ရဲ့ ဝိညာဉ်ခန္ဓာကိုယ် ထင်တယ်။ နှမြောစရာပဲ... ဂိုဏ်းချုပ်ယဲ့က ဆက်မလိုက်ဘဲ လွှတ်ပေးလိုက်တယ်”

“ဒါပေမဲ့ အဲဒီ နတ်ဆိုးဘုရင်ရဲ့ ဝိညာဉ်က အားနည်းပုံရတယ်။ ရုပ်ခန္ဓာမရှိဘဲနဲ့ သူ့မှာ စွမ်းအား ဆယ်ပုံတစ်ပုံတောင် ရှိတော့မှာ မဟုတ်ဘူး။ ငါတို့လို ဂိုဏ်းချုပ်အဆင့် ပညာရှင်တွေအတွက်တော့ ပြိုင်ဘက် မဟုတ်တော့ပါဘူး”

ဂိုဏ်းချုပ်အသီးသီးက ကောင်းကင်ယံမှ အကြည့်လွှဲလိုက်ကြပြီး၊ ရှိသမျှ ကျင့်ကြံသူများအားလုံးနှင့်အတူ ယဲ့ဖုန်းကို အကြည့်များ

ပို့လွှတ်လိုက်ကြ၏။ သူတို့၏ အကြည့်များတွင် လေးစားမှု၊ သတိထားမှုနှင့် အံ့ဩမှုများ ရောယှက်နေကြ၏။၏။

အထူးသဖြင့် ချင်းယွင်ကျန်းရန် ဖြစ်လေ၏။ သူ့ရင်ထဲတွင် ဝမ်းသာဝမ်းနည်း ခံစားနေရ၏။

ဝမ်းသာတာက နတ်ဆိုးဘုရင် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားပြီး၊ ချင်းယွင်တောင်တန်းအတွက် လက်စားချေနိုင်ခဲ့၍ ဖြစ်သည်။ ဝမ်းနည်းတာကတော့ ယဲ့ဖုန်း၏ စွမ်းအားက ကြောက်ခမန်းလိလိ နက်ရှိုင်းလွန်းနေ၍ပင်။ ယွင်ဟွာဂိုဏ်းမှာ တိုက်ခိုက်ခဲ့တုန်းကနှင့် ယှဉ်လျှင် အဆများစွာ တိုးတက်လာခဲ့၏။

ဒါက ချင်းယွင်ကျန်းရန်ကို ပြင်းထန်သည့်

အားငယ်စိတ်များ ဖြစ်ပေါ်စေခဲ့သည်။

“ဓားဆန္ဒကို သဘောပေါက်လိုက်ရင် ယဲ့ဖုန်းကို ဖိနှိပ်နိုင်ပြီလို့ ထင်ခဲ့တာ... ငါအတွေးလွန်သွားတာပဲ”

ချင်းယွင်ကျန်းရန်သည် ဓားကို ကိုင်ထားသော လက်ကို ဖြေလျော့လိုက်ပြီး မြေကြီးပေါ်သို့ အားလျော့စွာ ထိုင်ချလိုက်မိသည်။

စန်းယွမ်မြို့စားမင်းသည် ယဲ့ဖုန်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ တွန့်သွားလေ၏။

ခုနလေးတင် သူက ယဲ့ဖုန်းကို “ထွက်ပြေးပါ”ဟု အကြံပေးခဲ့တာကို ပြန်သတိရသွားသည်။ မကြာခင်မှာပဲ ယဲ့ဖုန်းက လူသိရှင်ကြား နတ်ဆိုးဘုရင်ကို သတ်ပြလိုက်တော့၊ သူ့ မျက်နှာ ဘယ်နား သွားထားရမှန်း မသိတော့ပေ။

ယဲ့ဖုန်း ဒီလောက် သန်မာမှန်းသာ သိခဲ့လျှင်၊ သူက သေချင် သေပါစေ အရှုံးမပေးပေ၊ နတ်ဆိုးဘုရင်ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ပြီး ယဲ့ဖုန်း မျက်နှာရအောင် ယူလိုက်ရမည်ကိုပင်။

သို့သော်၊ တွက်ကိန်းတွေ ဘယ်လောက် ထုတ်ထုတ်၊ စန်းယွမ်မြို့စားမင်း မှားသွားခဲ့ခြင်းပါပင်။

“ဒီနေ့ကစပြီး အင်အားစု အသီးသီးက လူတွေက ငါ့ကို စစ်ပွဲကနေ ထွက်ပြေးတဲ့ သူရဲဘောကြောင်သူလို့ သတ်မှတ်ကြတော့မယ်။ တစ်သက်လုံး တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေ တခဏအတွင်း ပျက်စီးသွားပြီ... ဟူး...”

စဉ်းစားလေ စိတ်ဓာတ်ကျလေ ဖြစ်နေရှာသည်။

“ဂိုဏ်းချုပ်ယဲ့... ဒီနေ့ ဝင်ရောက် ကူညီပေးတဲ့အတွက် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ”

လျိုယွင်ဂိုဏ်းချုပ်သည် ပျံသန်းလာပြီး ယဲ့ဖုန်းကို ခါးကိုင်း၍ ဂါရဝပြုလိုက်၏။ သူ့မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိမှုများ အထင်းသား ပေါ်လွင်နေသည်။

ကုန်းချင်းချိုးကလည်း ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“ကျွန်မရဲ့ အစ်ကိုကြီးအတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့။ ဒီနေ့ကစပြီး ကုန်းချင်းချိုးက ရှင်ပြောသမျှ နာခံပါ့မယ်”

အသွင်ပြောင်း သားရဲ သူမက ရွှေယန်မြို့ (နတ်ဆိုးမြို့တော်၏ ယခင်အမည်) က လာသူ ဖြစ်သည်။ ဟူယွမ်က နတ်ဆိုး တပ်မတော်နှင့် ဝင်တိုက်စဥ်က သူမက လွဲလျှင် ဘယ်သူမှ အသက်မရှင်ခဲ့ကြပါ။ တကယ့်ကို အိပ်မက်ဆိုးပါပင်။

ယဲ့ဖုန်းက နတ်ဆိုးဘုရင်ကို သတ်ဖြတ်လိုက်ခြင်းသည် သူမအတွက် ကြီးမားသော အဓိပ္ပာယ် ရှိလေ၏။

ဒီကိစ္စက တခြား မည်သည့်

အရာထက်မဆို ပိုအရေးကြီးပါသည်။

“မိတ်ဆွေတို့... ယဉ်ကျေးနေစရာ မလိုပါဘူး။ နတ်ဆိုးဘုရင် ဟူယွမ်ကို ကျွန်တော် သတ်လိုက်ပေမဲ့၊ သူ့ဝိညာဉ်က လွတ်မြောက်သွားတယ်။ တကယ်တမ်း သေဆုံးသွားတာ မဟုတ်သေးဘူး။ ကျွန်တော်တို့ အခွင့်အရေးကို အရယူပြီး နတ်ဆိုးမြို့တော်ကို ဝင်တိုက်ကာ ဖရိုဖရဲ ဖြစ်အောင် လုပ်ပစ်ရမယ်”

ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ကိုင်ဆောင်ထားသည်။ အရိုးဖြူ ဓားဝင်္ကပါက သူ့ပတ်ပတ်လည်တွင် ဝန်းရံထား လေသည်။ သူ့အသံထဲတွင် နွေးထွေးသော ရင်းနှီးမှုများ ပါဝင်နေသည်။

ထိုစကားကို ကြားသောအခါ အားလုံး ခေါင်းညိတ်လိုက်ကြ၏။

“နတ်ဆိုးမြို့တော်ကို ချီတက်ကြ... နတ်ဆိုးတွေကို သတ်ကြဟေ့”

“တိုက်ခိုက်ကြစို့”

ရှိသမျှ ကျင့်ကြံသူအားလုံး ချီတက်ကြတော့သည်။

ချင်းယွင်တောင်တန်းကို ဖြတ်သန်းသွားစဉ်၊ ချင်းယွင်ဂိုဏ်းသားများသည် နတ်ဆိုးဘုရင် ဟူယွမ် သေဆုံးသွားပြီ ဆိုသော သတင်းကို ကြားလိုက်ရသဖြင့် အားတက်သွားကြပြီး၊ ထောင်ပေါင်းများစွာသော စစ်တပ်ကြီး ဖွဲ့စည်းကာ နတ်ဆိုးမြို့တော်ကို ဝင်တိုက်ရန် လိုက်ပါလာကြ၏။

နတ်ဆိုးမြို့တော်တွင် ဖြစ်သည်။

ဆိုဟွန်းကျန်းရန် အသွင်ပြောင်းထားသော ဝက်နတ်ဆိုး “ကျူးယုံဖု” သည် တောင်ပေါ်တွင် အုတ်ခဲသယ်နေသော နတ်ဆိုးများကို ကြီးကြပ်နေစဉ်၊ အရှေ့တောင်ဘက်မှ လူအုပ်ကြီး ချီတက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

“ယဲ့... ယဲ့ဖုန်း”

ရှေ့ဆုံးမှ အရိုးဖြူဓားကို စီးနင်းလာသော ခန့်ညားသော လူငယ်ကို မြင်လိုက်ရသည်နှင့် ဆိုဟွန်းကျန်းရန်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ သူ ဘာမှ ဆက်မတွေးတော့ဘဲ အသက်လု ထွက်ပြေးတော့သည်။

ကောင်းကင်ယံတွင်၊

ကြီးမားကျယ်ပြန့်သော နတ်ဆိုးမြို့တော်ကို ငုံ့ကြည့်ရင်း ယဲ့ဖုန်းက လေးနက်စွာ လိုက်၏။တိုက်တွန်း

“မိတ်ဆွေတို့... နတ်ဆိုးမြို့တော်က ရှေ့မှာ ရှိနေပြီ... တိုက်ကြ”

ပြောပြီးသည်နှင့် သူသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ဝှေ့ယမ်းလိုက်ပြီး၊ ဓာတ်ကြီးငါးပါး ဖမ်းယူခြင်း ဝဲကတော့ကို အသက်သွင်းကာ၊ နတ်ဆိုးမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမ ဓားကွန်ရက်ကြီးတစ်ခု ဖန်တီးလိုက်၏။

“သီသီလေး လွတ်သွားတယ်ဟ”

မြို့ပြင်ဘက်တွင် ဆိုဟွန်းကျန်းရန် အသည်းအသန် ပြေးလွှားနေသည်။

ဓားကွန်ရက် ဖုံးလွှမ်းသွားသော နတ်ဆိုးမြို့တော်ကို လှမ်းကြည့်ရင်း၊ သူ ကြောက်ရွံ့မှုနှင့် စိတ်သက်သာရာရမှုတို့ ရောထွေးနေသည်။

‘အမလေး၊ မြို့ပြင်မှာ အုတ်သယ်နေလို့သာပေါ့... မဟုတ်ရင် ငါ ကပ်ဘေးက လွတ်မှာ မဟုတ်ဘူး။’

“သတ်ကြ”

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် ယဲ့ဖုန်း ချန်ထားပေးသော ဓားကွန်ရက် အပေါက်မှတဆင့် နတ်ဆိုးမြို့တော်ထဲသို့ ဝင်ရောက်သွားကြပြီး၊ မြို့ထဲရှိ သောင်းနှင့်ချီသော နတ်ဆိုးများကို စတင် အမဲလိုက်ကြတော့သည်။

“မောက်မာလိုက်တာ... ငါတို့ နတ်ဆိုးမြို့တော်မှာ သောင်းကျန်းရဲတယ်ပေါ့... နတ်ဆိုးဘုရင်ရဲ့ ဒေါသကို ခံယူကြစမ်း”

အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်သည် ကောင်းကင်ယံသို့ ပျံတက်လာပြီး၊ ဧရာမ ကျီးကန်းမည်းကြီးအဖြစ် ပြောင်းလဲကာ၊ ကျင့်ကြံသူများကို လောင်ကျွမ်းစေရန် ပြင်းထန်သော မီးတောက်များ မှုတ်ထုတ်လိုက်၏။

“ရွှစ်”

ယဲ့ဖုန်းသည် ဓားတစ်ချက်တည်းဖြင့် သူ့ကို ခုတ်ပိုင်းလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“နတ်ဆိုးဘုရင် ဟူယွမ်ကို ငါဂိုဏ်းချုပ် ကိုယ်တိုင် သတ်လိုက်ပြီ... နတ်ဆိုးမြို့တော်... ဒီနေ့ကစပြီး မင်းတို့ ဇာတ်သိမ်းပြီ”

“ဝုန်း”

ယဲ့ဖုန်းသည် ဟူယွမ်၏ အလောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ၊ ကြီးမားသော အမိုးခုံး အဆောက်အအုံကြီး တစ်ခုကို ထိုးဖောက်သွားသည်။ နတ်ဆိုးများအားလုံးသည် ခန့်ညားထည်ဝါသော နတ်ဆိုးဘုရင်၏ အလောင်းကြီးကို ကြည့်ပြီး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်ကုန်ကြ၏။

“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး”

“ငါတို့ရဲ့ ကြီးမြတ်ပြီး ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုးဘုရင်ကြီးက ဘယ်လိုလုပ် သေနိုင်မှာလဲ”

“ငါ မယုံဘူး”

နတ်ဆိုးဗိုလ်ချုပ် အများအပြား ဟိန်းဟောက်ပြီး ပြန်လည် တိုက်ခိုက်ရန် ကြိုးစားကြ၏။

သို့သော် ချင်းယွင်ကျန်းရန်၊ လျိုယွင်ဂိုဏ်းချုပ်၊ ကုန်းချင်းချိုး နှင့် အခြားသော ဂိုဏ်းချုပ်အဆင့် ပညာရှင်များသည် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ရာ၊ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။

ယဲ့ဖုန်းသည် မြို့ထဲတွင် လှည့်ပတ်သွားလာရင်း ဟူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်ကို ရှာဖွေနေသည်။

ဝမ်းနည်းစရာက ဟူယွမ်က သိပ်ကောက်ကျစ်လွန်းသည်။

သူ နတ်ဆိုးမြို့တော်ကို ပြန်မလာဘဲ တခြားနေရာတွေမှာ သွားပုန်းနေတာ ဖြစ်မည်။

“ဟူယွမ်ရဲ့ ဝိညာဉ်ခန္ဓာကိုယ်က သိပ်မသန်မာလို့ တော်သေးတာပေါ့... တကယ်လို့ သူသာ ဝိညာဉ်ပင်လယ်အဆင့်ကို ရောက်နေပြီဆိုရင်... ဝိညာဉ်ခန္ဓာကိုယ် သက်သက်နဲ့တင် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက် ဖြစ်နေဦးမှာ”

ယဲ့ဖုန်း တီးတိုး လိုက်၏။ညည်းညူ

ထို့နောက် သူသည် ဟူယွမ်၏ အကြွင်းအကျန်များကို သိမ်းဆည်းလိုက်သည်။ သေဆုံးသွားသော နတ်ဆိုးများထံမှ ဝိညာဉ်သွေး အမြောက်အမြားကို တိတ်တဆိတ် ထုတ်ယူကာ စနစ်၏ နေရာလပ်ထဲတွင် သိမ်းဆည်းလိုက်၏။

ဒီတိုက်ပွဲမှာ သူက အကြီးမားဆုံး အကျိုးအမြတ် ရရှိသူပါပင်။

နာရီဝက်နီးပါး ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက်၊ နတ်ဆိုးဗိုလ်ချုပ် အများစု သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။ အလယ်အလတ်နှင့် အဆင့်မြင့် နတ်ဆိုးစစ်သည် ထက်ဝက်ကျော်လည်း သေဆုံးကုန်ကြပြီး၊ အားနည်းသော နတ်ဆိုးအချို့သာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရကာ ကံကြမ္မာကို စောင့်မျှော်နေကြ၏။

နတ်ဆိုးမြို့တော်၏ မြေအောက်တွင် ဖြစ်သည်။

ကုန်းချင်းချိုးသည် (၁၀) မီတာ ရှည်လျားသော မြွေပုံသဏ္ဌာန် ဝိညာဉ်သွေးကြောကို ကြည့်လိုက်၏။ ဝိညာဉ်သွေးကြော၏ ခေါင်းပိုင်း ကွဲကြေနေပြီး၊ ကိုယ်ထည်ရှိ အရေးကြီးသော ကျောက်စိမ်းများလည်း ပျောက်ဆုံးနေသဖြင့် ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။ အရေးကြီးဆုံးဖြစ်သည့် ဝိညာဉ်သွေးကြော အမြုတေလည်း ခြေရာလက်ရာမကျန် ပျောက်ဆုံးနေ၏။

“တောက်... သောက်ကျိုးနည်း”

ကုန်းချင်းချိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

နတ်ဆိုးမြို့တော် (မူလက ရွှေယန်မြို့) တွင် အသေးစား ဝိညာဉ်သွေးကြော တစ်ခု ရှိခဲ့သည်။ မြို့သူမြို့သား အားလုံး နတ်ဆိုးများ၏ စားသောက်ခြင်းကို ခံလိုက်ရသဖြင့် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့၏။ ယခုတော့ ဝိညာဉ်သွေးကြောပါ ပျောက်ကွယ်သွားတော့၏။

ဆိုလိုသည်မှာ ရွှေယန်မြို့သည် လုံးဝ သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ပြန်လည် တည်ဆောက်နိုင်လျှင်တောင်မှ လူတွေကို တခြားနေရာကနေ ပြောင်းရွှေ့ပေးရဦးမည်။

သို့သော်၊ ဝိညာဉ်သွေးကြော မရှိဘဲနှင့်တော့... ရွှေယန်မြို့ဟာ အရင်ကလို စည်ကားသိုက်မြိုက်သည့် အခြေအနေကို ပြန်ရောက်နိုင်မှာ မဟုတ်တော့ပေ။

“အစ်ကိုကြီး... အကြီးအကဲတို့... မြို့သူမြို့သားတို့... ကျွန်မ အသုံးမကျလို့ ရွှေယန်မြို့ရဲ့ အခြေခံအုတ်မြစ်ကိုတောင် မကာကွယ်နိုင်ခဲ့ဘူး”

ကုန်းချင်းချိုး မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး တစ်မြို့လုံးကို ဦးခိုက် ကန်တော့လိုက်၏။

လူအုပ်ကြီး သူမနောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။

စည်ကားသိုက်မြိုက်ခဲ့သော ကြယ်အဆင့် မြို့တော်ကြီး တစ်ခု ပျောက်ကွယ်သွားလေသည်။ သမိုင်းမြစ်ရေစီးကြောင်းထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့ရပြီ ဖြစ်သဖြင့် ဝမ်းနည်းစရာ ကောင်းလှသည်။

ချင်းယွင်ဂိုဏ်းသားများလည်း မြေခွေးသေ၍ ယုန်ငိုသလိုမျိုး ဝမ်းနည်းကြေကွဲမှုကို ခံစားနေကြရ၏။

ရွှေယန်မြို့နှင့် ယှဉ်လျှင် ချင်းယွင်ဂိုဏ်းက အနည်းဆုံး သုံးပုံနှစ်ပုံလောက် အသက်ရှင် ကျန်ရစ်ခဲ့သေးသည်။ ဝိညာဉ်သွေးကြော ဆုံးရှုံးသွားသော်လည်း မျှော်လင့်ချက်ရောင်ခြည် ကျန်နေပါသေး၏။

“ဝမ်းနည်းပါတယ်ကွယ်”

လျိုယွိဇီသည် ကုန်းချင်းချိုး၏ ပခုံးကို ကိုင်လိုက်ပြီး မီးခိုးငွေ့များ ဖုံးလွှမ်းနေသော နတ်ဆိုးမြို့တော်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

မကြာမီ ထိုအဖွဲ့သည် မြေအောက် နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားကြ၏။

ပြင်းထန်စွာ ဒဏ်ရာရနေသော နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် မြေကြီးပေါ်တွင် လဲလျောင်းနေသည်။ ကုန်းချင်းချိုးက ဒေါသတကြီးဖြင့် သူ့ကျောကုန်းကို နင်းလိုက်ပြီး မေးလိုက်၏။

“အမြီးသုံးချောင်း မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးမြေ ဘယ်မှာလဲ။ ပြောစမ်း... မပြောရင် အခုချက်ချင်း ခေါင်းဖြတ်ပစ်မယ်”

“ဘိုးဘေးမြေက... ဒီကနေ မိုင်ဆယ်ချီ... ရာချီ ဝေးတဲ့ မြေအောက်လှိုဏ်ဂူထဲမှာပါ... ခင်ဗျားတို့ ရွှေယန်မြို့ ကျင့်ကြံသူတွေ အမှတ်မထင် ရောက်သွားဖူးတဲ့ နေရာပါပဲ... ကျွန်တော် နေရာပြောပြပြီးပြီနော်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”

နတ်ဆိုးဗိုလ်ချုပ်က အသက်ဘေးအတွက် တောင်းပန်ရှာ၏။

“ခွပ်”

ကုန်းချင်းချိုးသည် နတ်ဆိုးဗိုလ်ချုပ်ကို ခြေထောက်ဖြင့် နင်းချေပစ်လိုက်၏။

ဒီလို ယုတ်မာသည့် နတ်ဆိုးတွေကို သူမက ဘယ်လိုလုပ် အသက်ချမ်းသာပေးနိုင်မည်လဲ။

“ဘိုးဘေးမြေကို သွားကြစို့”

ယဲ့ဖုန်း ပြောလိုက်၏။

“ကောင်းပြီ”

ဂိုဏ်းချုပ်အသီးသီး ခေါင်းညိတ် သဘောတူလိုက်ကြ၏။

အမြီးသုံးချောင်း မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးမြေ တည်နေရာကို သိလိုက်ရပြီ ဆိုတော့၊ ဟူယွမ် ထွက်မပြေးနိုင်ခင် အမြန် သွားရောက် တိုက်ခိုက်ရမည်။

*

မိုင်ဆယ်ချီ ဝေးကွာသော နေရာတွင်မူ၊

သွေးကန်ထဲမှ အလင်းတန်းတစ်ခု ထိုးတက်လာပြီး၊ ဟူယွမ်၏ မျက်နှာကို ဝေဝါးစွာ မြင်တွေ့နေရသည်။

ခန်းခြောက်သွားသော သွေးကန်ကို ကြည့်ပြီး သူ့မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်လာသည်။

“သွေးကန်ရဲ့ နောက်ဆုံး စွမ်းအားတွေကို စုပ်ယူပြီးပြီဆိုတော့... ခန္ဓာကိုယ်အသစ် တစ်ခုကို သိမ်းပိုက်ပြီး ပြန်လည် ရှင်သန်ဖို့ လုံလောက်ပါပြီ... နှစ် (၃၀) လောက် ကြိုးစားပမ်းစား ကျင့်ကြံပြီးရင်... ဝိညာဉ်ပင်လယ်အဆင့်ကို တကယ် ရောက်သွားလိမ့်မယ်... ပြီးရင် ဟိုလျှို့ဝှက်ကျင့်စဉ်တွေကိုပါ တတ်မြောက်သွားရင်... မင်းတို့အားလုံးကို အဆတစ်ထောင် ပြန်ပေးဆပ်ခိုင်းမယ်ကွ”

ပြောပြီးသည်နှင့် ဟူယွမ်သည် ဘိုးဘေးမြေ၏ လမ်းကြောင်းများမှတဆင့် မြေအောက်နက်ရှိုင်းသော နေရာသို့ တိုးဝင်သွားသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းပြီး အဝေးသို့ အရှိန်ပြင်းစွာ ထွက်ပြေးသွားတော့သည်။

သူ့နောက်မလှမ်းမကမ်းတွင် ထူးဆန်းသော အရိပ် တစ်ခု တိတ်တဆိတ် လိုက်ပါလာသည်ကို သူ သတိမထားမိပေ။ နှစ်ယောက်စလုံး မြောက်ဘက် အဝေးဆီသို့ ဦးတည် ပြေးလွှားနေကြတော့သည်။

အခန်း (၂၄၃) - မြေခွေးဘုရင်နောက် လိုက်ခြင်း၊ တုန်းချန်၏ တွက်ကိန်း

~နတ်ဆိုးဘုရင် ဟူယွမ်နောက်ကို လိုက်နေသော အရိပ်မည်းမှာ တုန်းချန်မှ လွဲ၍ တခြားသူ မဟုတ်ပေ။

သူသည် "မြေလျှိုးသိုင်းနည်းစနစ်" ကို အသုံးပြုပြီး တိတ်တဆိတ် လိုက်ပါနေခြင်း ဖြစ်သည်။

ဒီသိုင်းနည်းစနစ်က သူ မူလနတ်ဘုရား အဆင့်တုန်းက ရခဲ့သော ပဉ္စမအဆင့် သိုင်းနည်းစနစ်တစ်ခု ဖြစ်၏။

လက်ရှိ ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသေး၍ အစွမ်းကုန် မထုတ်နိုင်သော်လည်း၊ မြေအောက်ထဲမှာ သွားလာသည့် အရှိန်ကတော့ ယုံနိုင်စရာ မရှိအောင် မြန်ဆန်နေဆဲပါပင်။

အကယ်၍ အာရုံခံမိသွားမှာကို မစိုးရိမ်ရဘူး ဆိုလျှင်၊ တုန်းချန်က ဟူယွမ်ကို လိုက်မီနေတာ ကြာလှပြီပင်။

“ဟီးဟီးဟီး”

တုန်းချန်က ကောက်ကျစ်စဉ်းလဲစွာ ရယ်မောလိုက်၏။

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ရှိတဲ့ ဝိညာဉ်ခန္ဓာကိုယ်... ဒါကိုသာ သန့်စင်နိုင်ခဲ့ရင် ငါ့အင်အားတွေ အဆမတန် တိုးတက်လာမယ်... စွမ်းအားကြီးတဲ့ လျှို့ဝှက်ကျင့်စဉ်တွေ အများကြီးကို ပြန်လေ့ကျင့်နိုင်မယ်... ပြီးတော့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းချုပ်တစ်ယောက်ရဲ့ စံနှုန်းအထိ တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မယ်”

သူတို့ နှစ်ယောက်... တစ်ယောက်ပြေး တစ်ယောက်လိုက်၊ တစ်လျှောက်လုံး (၁၀) မိုင် အကွာအဝေးကို ထိန်းထားရင်း ရှေ့ဆက်သွားနေကြ၏။

[နတ်ဆိုးမြို့တော်နှင့် မိုင်ဆယ်ချီဝေးသော မြေအောက်နေရာတွင် ဖြစ်သည်။]

ယဲ့ဖုန်းသည် ကြီးမားလေးလံသော ကျောက်တံခါးကြီးကို ဓားဖြင့် ပိုင်းဖြတ်လိုက်၏။

ဂိုဏ်းချုပ်အဆင့် ပညာရှင် အများအပြားသည် သူ့နောက်မှ ကပ်လိုက်လာကြပြီး၊ လမ်းကြောင်းတစ်လျှောက်တွင် လဲကျသေဆုံးနေသော အမြီးသုံးချောင်း မြေခွေးမျိုးနွယ် အကြီးအကဲ အများအပြားကို တွေ့လိုက်ကြရသည်။ အားလုံးက လက်ဝါးချက် တစ်ချက်တည်းနှင့် အသတ်ခံထားရခြင်း ဖြစ်သည်။

“ရက်စက်လိုက်တာ”

စန်းယွမ်မြို့စားမင်းက တီးတိုလိုက်၏။း မှတ်ချက်ချ

ယဲ့ဖုန်းသည် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက်၊ အမြီးသုံးချောင်း မြေခွေးမျိုးနွယ်၏ ဘိုးဘေးမြေ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာသို့ ဆက်သွားလိုက်ရာ၊ ပစ္စည်းအများစုကို ယူဆောင်သွားပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။

မကြာမီ သူတို့ သွေးကန်ဆီသို့ ရောက်ရှိသွားကြ၏။

ကွဲကြေနေသော သွေးကန်နှင့် ကျန်ရစ်နေသော သွေးမျိုးဆက် အနှစ်သာရများကို ကြည့်ပြီး၊ လူတိုင်း ကျောချမ်းသွားကြ၏။

ဒီနေရာမှာ ကျင့်ကြံသူ ဘယ်လောက်များများ သန့်စင်ခံခဲ့ရသနည်း။

“ဆက်ရှာကြ... သဲလွန်စလေး တစ်ခုတောင် အလွတ်မပေးနဲ့”

လျိုယွင်ဂိုဏ်းချုပ်က အမိန့်ပေးလိုက်ရာ၊ အကြီးအကဲများနှင့် တပည့်အများအပြားသည် မြေအောက်လှိုဏ်ဂူ တစ်ခုလုံးကို နှံ့နှံ့စပ်စပ် လိုက်လံရှာဖွေကြတော့သည်။

သို့သော် နာရီဝက် ကြာသွားသည့်တိုင် ဘာမှ မတွေ့ရပေ။

ထွက်ပြေးဖို့ သုံးခဲ့သည့် တခြား လမ်းကြောင်း တစ်ခုကို တွေ့သော်လည်း၊ ထိုလမ်းကြောင်းက ဖျက်ဆီးခံထားရပြီး ခြေရာ၊ လက်ရာ ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

“နတ်ဆိုးဘုရင် ဟူယွမ် ဒီမှာ မရှိတော့ဘူး”

နောက်ဆုံးတော့ ယဲ့ဖုန်းက အတည်ပြုလိုက်၏။၏။

‘စဉ်းစားကြည့်ရင်လည်း ဟုတ်တာပါပဲ။ သူလို ကြီးကျယ်ခမ်းနားတဲ့ နတ်ဆိုးဘုရင်ကြီးက ဒီနေရာမှာထိုင်ပြီး သေမင်းကို စောင့်နေလောက်အောင်တော့ မအဘူးလေ။ ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီး ထွက်ပြေးသွားတာ ကြာလောက်ပြီ။’

“ဝုန်း”

လူအများ မြေအောက်လှိုဏ်ဂူထဲမှ ထွက်ခွာလာပြီးနောက်၊ ယဲ့ဖုန်းသည် ဓားချက်တစ်ချက်တည်းဖြင့် ထိုနေရာကို ဖျက်ဆီးပစ်လိုက်၏။ ရွှေယန်မြို့လိုပါပင်... အမြီးသုံးချောင်း မြေခွေးမျိုးနွယ်၏ ဘိုးဘေးမြေလည်း သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ထိုအဖွဲ့သည် နတ်ဆိုးမြို့တော်သို့ ပြန်လာကြ၏။

အပျက်အစီးများကို ကြည့်ရင်း လူတိုင်း ထပ်မံ သက်ပြင်းချလိုက်ကြ၏။

“နတ်ဆိုးဘုရင် ဟူယွမ်ရဲ့ နတ်ဆိုးခန္ဓာကိုယ် ပျက်စီးသွားပြီ... နတ်ဆိုးမြို့တော်လည်း ပြိုလဲသွားပြီ... ဒီနတ်ဆိုးကပ်ဘေးကြီးကတော့ ယာယီအားဖြင့် ပြီးဆုံးသွားပါပြီ... လူကြီးမင်းတို့... ကျွန်တော် သွားခွင့်ပြုပါဦး”

ယဲ့ဖုန်းသည် လူအုပ်ကြီးကို နှုတ်ဆက်လိုက်ပြီး ဓားပျံစီးကာ ထွက်ခွာသွားလေ၏။

“ဂိုဏ်းချုပ်ယဲ့ကို နှုတ်ဆက်ပါတယ်”

ကျင့်ကြံသူ အများအပြားက ကပျာကယာ နှုတ်ဆက်လိုက်ကြ၏။

ယခုအခါ၊ ရှောင်ဖန်ကူသည် ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်နေ၏။ နတ်ဆိုးမြို့တော်က နတ်ဆိုးတွေနှင့် တိုက်ခိုက်ရင်း သူ့ဘယ်ဘက်လက်မောင်းမှာ ဓားဒဏ်ရာ အကြီးကြီး ရထားသည်။ ရှီးရှင်းယွီက သူ့ဒဏ်ရာကို ဆေးထည့်ပေးနေသည်။

နတ်ဘုရားတစ်ပါးလို ခန့်ညားထည်ဝါပြီး လူတိုင်း၏ လေးစားမှုကို ရရှိနေသည့် ယဲ့ဖုန်းကို ကြည့်ရင်း၊ ရှောင်ဖန်ကူ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။

သူ နောင်တရစ ပြုလာလေပြီ ။

“ငါသာ ဂိုဏ်းက မထွက်ဘဲ မြူခိုးတောင်ထိပ်မှာ ဆက်နေခဲ့ရင်... အခု အခြေအနေက ဘယ်လို ဖြစ်နေမလဲ”

‘ဟုတ်သားပဲ... ရှုဟုန်ယွီလည်း မြူခိုးဂိုဏ်းက ထွက်သွားတယ် မဟုတ်လား... သူရော ငါ့လိုပဲ နောင်တရနေမလား’

ရှောင်ဖန်ကု တွေးနေမိသည်။

သူ မှတ်မိသလောက်ဆိုရင် ရှုဟုန်ယွီက အေးအေးဆေးဆေး နေတတ်သော မိန်းမချောလေး တစ်ယောက်ပါ။ နေ့တိုင်း တောင်ထိပ်က သစ်ပင်ကြီးအောက်မှာ ဖိမပ်မပါသော ခြေထောက်ကလေးများနှင့် ထိုင်ပြီး လေညင်းခံရတာကို ကြိုက်တတ်သူလေ။

သူမ၏ နောက်ခံနှင့် ပါရမီအကြောင်းကိုတော့ ရှောင်ဖန်ကု သိပ်မသိပါချေ။

သို့သော်၊ သူ့အမြင်မှာတော့ ရှုဟုန်ယွီလည်း မြူခိုးဂိုဏ်းက ထွက်လာတာကို နောင်တရနေလောက်ပြီ ထင်ပါသည်။

ဘာပဲဖြစ်ဖြစ် မြူခိုးဂိုဏ်းက တစ်ဟုန်ထိုး တိုးတက်နေသည်လေ။ အနာဂတ်မှာ ကြယ်အဆင့်ဂိုဏ်း ဖြစ်လာဖို့ သေချာသလောက် ဖြစ်၏။ ပြီးတော့ ဝိညာဉ်ပင်လယ်အဆင့်နှင့် ယှဉ်နိုင်သော ယဲ့ဖုန်း ရှိနေမှတော့... မြူခိုးဂိုဏ်းက နှစ် (၁၀၀) လောက် တည်ငြိမ်နေဦးမည်ပင်။ ကြယ်နှစ်ပွင့်အဆင့် အင်အားစုအထိ တိုးတက်ဖို့ အချိန်အလုံအလောက် ရှိနေသည်ပေါ့။

[ခရိုင်ဘုရင်မြို့တော်၊ ခရိုင်ဘုရင်အိမ်တော်။]

“ဟတ်ချိုး”

ရှုဟုန်ယွီ ရုတ်တရက် နှာချေလိုက်၏။

သူမသည် ခေါင်မိုးပေါ်တွင် ချိတ်ဆွဲထားသော တောင်းပုခက်ထဲတွင် ထိုင်လျက်၊ နှင်းကဲ့သို့ ဖြူဖွေးသော ခြေထောက်လေးများကို လှုပ်ရမ်းကာ လေညင်းခံနေ၏။ ပုံစံကတော့ အတော်လေး သက်တောင့်သက်သာ ရှိပုံ ရသည်။

သို့သော်၊ နှာချေပြီးနောက် နှာခေါင်းလေးကို ပွတ်သပ်ရင်း တီးတိုး လိုက်၏။ညည်းညူ

“မဖြစ်နိုင်ပါဘူး... ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ် အအေးမိမှာလဲ... တစ်ယောက်ယောက် ငါ့အကြောင်း အတင်းပြောနေတာ ဖြစ်မယ်”

ထသူမသည် ပုခက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သစ်သားလက်ရန်းနားတွင် ရပ်လိုက်၏။

အဆုံးအစမဲ့ ကျယ်ပြန့်ပြီး စည်ကားသိုက်မြိုက်နေသော မြို့တော်ကြီးကို ငေးကြည့်ရင်း၊ ရှုဟုန်ယွီသည် မေးကိုထောက်ကာ နှုတ်ခမ်းလိုက်၏။စူ

“ခရိုင်ဘုရင်မြို့တော်က စည်ကားပါတယ်... ဒါပေမဲ့ အဲဒီ စည်ကားမှုတွေက သူများတွေအတွက်ပါ... ငါ့အတွက်ကတော့ အထီးကျန်မှုတွေပါပဲ”

သူမသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေတော့၏။

*

[မြူခိုးတောင်ထိပ်ဝယ်၊ ]

ယဲ့ဖုန်းသည် နတ်ဆိုးဘုရင် ဟူယွမ်၏ အလောင်းကို ကျောက်တုံးကြီးပေါ်သို့ ပစ်တင်လိုက်၏။

နက်ရှိုင်းသော သက်စောင့်အားနှင့် ဖိနှိပ်မှု အရှိန်အဝါများ ချက်ချင်း ထွက်ပေါ်လာရာ၊ ဂိုဏ်းသားများနှင့် ဂိုဏ်းစောင့် ဝိညာဉ်သားရဲများသည် မြေဆွဲအား ရုတ်တရက် တိုးလာသော နေရာတစ်ခုသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်များ လေးလံသွားကြ၏။

နတ်ဆိုးဘုရင် ခန္ဓာကိုယ်က အရမ်း သန်မာသည်။

သေဆုံးသွားပြီ ဖြစ်သော်လည်း၊ အတွင်းထဲက သက်စောင့်အားတွေက ရှိနေသေးပြီး၊ ပတ်ဝန်းကျင် တဝိုက်မှာ သက်ရှိသတ္တဝါတွေကို ဖိနှိပ်ထားနိုင်သော စွမ်းအင်စက်ကွင်း တစ်ခု ဖန်တီးထား၏။

“ဝိညာဉ်သွေး လွှဲပြောင်းခြင်း”

ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နတ်ဆိုးဘုရင် အလောင်းပေါ် တင်လိုက်ပြီး၊ ရွှေရောင် သက်စောင့်အား အမျှင်တန်းပေါင်းများစွာကို ဆွဲထုတ်လိုက်၏။ ထိုအမျှင်တန်းများသည် လေထဲတွင် စုစည်းသွားပြီး ခေါင်းလောက် အရွယ်အစားရှိသော အဆင့်မြင့် ဝိညာဉ်သွေး အလုံးကြီး တစ်လုံး ဖြစ်ပေါ်လာသည်။ အထူးပုံစံများ ရေးထိုးထားပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေ၏။

ဝိညာဉ်သွေး မရှိတော့သော နတ်ဆိုးဘုရင် အလောင်း၏ ဖိနှိပ်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ယဲ့ဖုန်းသည် ဝိညာဉ်သွေးကို သိမ်းဆည်းလိုက်၏။

ဒါက နတ်ဆိုးဘုရင် အဆင့် သွေးမျိုးဆက် ဖြစ်ပြီး၊ အဆင့်မြင့်လွန်းသောကြောင့် မြူခိုးဂိုဏ်းက ဝိညာဉ်သားရဲများ၏ ခန္ဓာကိုယ်က လောလောဆယ် ခံနိုင်ရည် ရှိမှာ မဟုတ်သေးပေ။

သို့သော်၊ ယဲ့ဖုန်းက နတ်ဆိုးမြို့တော်က နတ်ဆိုးဗိုလ်ချုပ်တွေ၊ အဆင့်မြင့် နတ်ဆိုးစစ်သည်တွေဆီက ရထားသော ဝိညာဉ်သွေးတွေ အများကြီး စုဆောင်းထားသည်။ အလုံး (၃၀) ကျော်ရှိပြီး၊ တစ်လုံးစီက အနည်းဆုံး လက်သီးဆုပ်လောက် ရှိသည်။

“ဝါး... ဂါး”

အစ်ကိုကြီး ခေါင်းပြားသည် အိပ်မှုန်စမှုန် မျက်လုံးများဖြင့် လျှောက်လာပြီး၊ တောဝက်နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ဆီက ရထားသည့် ဝိညာဉ်သွေး တစ်လုံးကို လက်ညှိုးထိုးပြလာ၏။ ထို့နောက်တော့၊ သူ့ကိုယ်သူ ပြန်၍ လက်ညှိုးထိုးပြလာသည်။

ယဲ့ဖုန်း ဟက်ခနဲ ရယ်မောလိုက်မိ၏။

“မင်းက ဘာလို့ ဝက်နတ်ဆိုးတွေရဲ့ ဝိညာဉ်သွေးကို အဲဒီလောက် ကြိုက်နေရတာလဲ... ထားပါတော့... မင်း လိုချင်မှတော့ ပေးရတာပေါ့”

ယဲ့ဖုန်းသည် ဝိညာဉ်သွေးကို အစ်ကိုကြီး ခေါင်းပြားဆီသို့ လွှဲပြောင်းပေးလိုက်၏။

နောက်တစ်ခဏတွင် အစ်ကိုကြီး ခေါင်းပြား၏ မျက်လုံးများ ပြူးကျယ်သွားသည်၊ အမြင်အာရုံ မည်းမှောင်သွားပြီးနောက် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး ခလူးခလော..ဟောက်သံကြီးများ ပေးကာ အိပ်ပျော်သွားတော့သည်။

“ဘာဖြစ်သွားတာလဲ”

ယဲ့ဖုန်း ကြောင်သွား၏။

“တီ..တီ..အစ်ကိုကြီး ခေါင်းပြားဟာ သွေးမျိုးဆက် အဆင့်မြှင့်တင်မှု ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ခန့်မှန်း အိပ်စက်ချိန် (၇) ရက် ဖြစ်ပါတယ်…”

စနစ် က ကြင်နာစွာ အသိပေးလိုက်၏။

“ဪ... အဲလိုလား”

ယဲ့ဖုန်း သဘောပေါက်သွားသည်။

သူသည် ကျန်ရှိနေသော ဝိညာဉ်သွေး အချို့ကို ရွေးချယ်ပြီး တခြား ဝိညာဉ်သားရဲများကို ပေါင်းစပ်ပေးလိုက်၏။

ထို့နောက် နတ်ဆိုးဘုရင် အလောင်းကို အာရုံစိုက်လိုက်၏။

ဒါက လက်နက်သွန်းလုပ်ဖို့ အကောင်းစား ကုန်ကြမ်းပင်။

ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ကိုင်ဆောင်ပြီး နေ့တစ်ဝက်လောက် အလုပ်ရှုပ်နေလိုက်၏။ နောက်ဆုံးတွင် မာကျောသော အရိုးများကို အပိုင်းပိုင်းဖြတ်ကာ၊ သံရည်ကျိုမီးဖိုထဲသို့ အသုတ်လိုက် ထည့်ပြီး အရိုးဖြူတုံးများအဖြစ် ပြောင်းလဲလိုက်၏။

“အရိုးဖြူ ဓားဝင်္ကပါက တော်တော် စွမ်းအားကြီးပေမဲ့... ခိုင်ခံ့မှုတော့ သိပ်မရှိဘူး။ နတ်ဆိုးဘုရင် ခန္ဓာကိုယ်က ဝိညာဉ်အရိုးတွေနဲ့ ပေါင်းစပ်လိုက်ရင် စွမ်းအား အများကြီး တိုးလာနိုင်တယ်”

သူသည် အရိုးဖြူ ဓားဝင်္ကပါကို ထုတ်ယူလိုက်ပြီး၊ နတ်ဆိုးဘုရင်၏ ဝိညာဉ်အရိုးများနှင့် ပေါင်းစပ်ကာ အသစ်ပြန်လည် သွန်းလုပ်လိုက်တော့သည်။

[မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာတွင်ကား…]

ဟူယွမ်သည် တိတ်ဆိတ် ခြောက်သွေ့သော ချိုင့်ဝှမ်း တစ်ခုသို့ ရောက်ရှိလာသည်။

“ဒီနေရာက အဆင်ပြေတယ်... ငါနဲ့ သင့်တော်တဲ့ နတ်ဆိုးခန္ဓာကိုယ် ဒါမှမဟုတ် လူသားခန္ဓာကိုယ် တစ်ခုလောက် ရှာပြီး ဝင်ပူးလိုက်မယ်... ပြီးရင် သွေးမျိုးဆက် အထူးပြု ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရင်... ငါ့တိုးတက်မှုက မြန်ဆန်သွားလိမ့်မယ်”

ဟူယွမ်၏ ဝိညာဉ်အာရုံသည် ချိုင့်ဝှမ်းထဲတွင် လိုက်လံရှာဖွေလိုက်ရာ ပစ်မှတ်တစ်ခု တွေ့လိုက်ရသည်။

ကန်ရေပြင်နားမှာ လှဲလျောင်းပြီး ကျော့ရှင်းစွာ ရေသောက်နေသည့် အမွှေးဖြူ မြေခွေးတစ်ကောင် ဖြစ်သည်။ ရေသောက်ရင်း ရေပြင်ပေါ်က သူ့ပုံရိပ်ကို ပြန်ကြည့်ကာ ညှို့ဓာတ်ပြင်းသည့် အပြုံးမျိုး ပြုံးပြနေသည်။

မြေခွေးဖြစ်နေတာတောင်မှ နူးညံ့ပြီး ဆွဲဆောင်မှု ရှိနေ၏။

“ဒါပဲ”

ဟူယွမ်သည် ထိုမြေခွေးကို ဝင်ပူးရန် ပြင်လိုက်၏။

သို့သော်၊ ထိုအချိန်မှာပဲ အမွှေးဖြူ မြေခွေးက လှည့်ကြည့်လိုက်ရာ၊ ဟူယွမ် မျက်နှာပျက်သွားသည်။

“ဟာ... မြေခွေးမ ဖြစ်နေတာလား... ကံဆိုးလိုက်တာ”

သူသည် လေထဲတွင် ဆက်လက် ပျံဝဲနေပြီး တခြား ခန္ဓာကိုယ်တစ်ခုကို ဆက်ရှာရတော့သည်။

[အနီးနားရှိ မြေအောက်တွင် ဖြစ်သည်။]

တုန်းချန်သည် ဟူယွမ်နှင့် မီတာ (၁၀၀) အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ကြိုတင် ပြင်ဆင်ထားသော ဝင်္ကပါငယ်လေးတစ်ခု သူ့လက်ဖဝါးပေါ်တွင် အသင့်ရှိနေ၏။

“ဟီးဟီးဟီး”

တုန်းချန် ကောက်ကျစ်စွာ ရယ်မောလိုက်၏။

“ဝှီး”

ဝိညာဉ်စွမ်းအင် ပိုက်ကွန်ကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ဟူယွမ်ကို ဖမ်းချုပ်ရန် ကြိုးစားလိုက်၏။ ဟူယွမ် တောင့်တင်းသွားပြီးနောက် မီတာ (၁၀၀) ကျော် ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။

“ဟွန်း... ပိုးကောင်မွှားကောင်တွေရဲ့ လှည့်ကွက်”

ဟူယွမ် လှောင်ပြောင်လိုက်၏။

သို့သော် အစစ်အမှန် အန္တရာယ်က အခုမှ ကျရောက်လာခြင်း ဖြစ်သည်။

ရုတ်တရက် “ကြယ်ခုနစ်ပွင့် ဝိညာဉ်ဖမ်း ဝင်္ကပါ”တစ်ခု မြေကြီးထဲမှ ထိုးတက်လာ၏။ ကြယ်ပွင့် အမှတ်အသား (၇) ခု ပါဝင်သည်။ ကြယ်ပွင့် တစ်ခုစီမှ ခရမ်းရောင်ရင့်ရင့် ကြိုးမျှင်များ ထွက်ပေါ်လာကာ ဟူယွမ်ကို ရစ်ပတ်လိုက်ရာ၊ သူ့ဝိညာဉ်စွမ်းအား ဆယ်ပုံတစ်ပုံလောက်အထိ လျော့ကျသွားစေ၏။

“အောင်မြင်ပြီ”

တုန်းချန်သည် ချက်ချင်း ပြေးထွက်လာ တော့၏။ တဆက်တည်း၌၊ လက်နှစ်ဖက်ဖြင့် ဧရာမ တူကြီးသဖွယ် လက်ဟန်ပြုလုပ်ကာ ဟူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်ကို မူးဝေသွားအောင် ရိုက်ချလိုကစေ၏။်

အခွင့်ကောင်းကို အသုံးချပြီး တုန်းချန်သည် ပါးစပ်ကို ဟကာ ဟူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်ကို မျိုချလိုက်တော့၏။

ထို့နောက် တုန်းချန်သည် “ကြယ်ခုနစ်ပွင့် ဝိညာဉ်ဖမ်း ဝင်္ကပါ” ၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။ ဝင်္ကပါ၏ ဖိအားကို အသုံးပြုပြီး ဟူယွမ်၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်လိုက်၏။ သိုင်းနည်းစနစ်များကို အဆက်မပြတ် ပြောင်းလဲပြီး ဟူယွမ်ကို သူ့ခန္ဓာကိုယ်ထဲတွင် လုံးဝ ပိတ်လှောင်ကာ စတင် သန့်စင်လိုက်တော့၏။

“မောက်မာလိုက်တာ... ဒီဘုရင်ကြီးကို လုပ်ကြံရဲတယ်ပေါ့”

ဟူယွမ် သတိပြန်ဝင်လာပြီး ဒေါသတကြီး သောင်းကျန်းလေတော့သည်။

All Chapters