← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အပိုင်း ( 577 )

တရားမျှတမှုကို လက်ကိုင်ထားခြင်း၊ လျူမိသားစုကို ဖိနှိပ်ခြင်း

လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက

လျူမိသားစု၏ ရှေးခေတ်ပုံသဏ္ဍာန် ခန်းမတစ်ခုအတွင်း၌

လျူချောင်သည် ရွှေချည်မျှင် စန္ဒကူးဖြင့် ပြုလုပ်ထားသော ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ကာ၊ ဆွဲဆောင်မှု အားကောင်းသော မိန်းမပျိုတစ်ဦးကို ရင်ခွင်ထဲတွင် ပိုက်ထားခဲ့သည်။

“ အလှလေး၊ ဒီည ငါ့ကို စောင့်ကြည့်နေလိုက် …….. “

လျူချောင်သည် မိန်းမပျို၏ နူးညံ့သော ပါးပြင်ကို ထိတွေ့ကာ လူယုတ်မာပြုံးပြုံး၍ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည်။

“ မုန်းစရာကြီး “ ဆွဲဆောင်မှုအားကောင်းသော မိန်းမပျိုမှ ကလူကျီစယ်နေဟန် အမူအရာဖြင့် စောဒကတက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ဝန်ထမ်းတစ်ဦးသည် အလောတကြီး ပြေးဝင်လာခဲ့ကာ သတင်းပို့လာခဲ့သည် “ အကြီးအကဲ၊ ဆောင်းပါးကို ထုတ်လိုက်ပါပြီ “

လျူချောင်သည် သူ၏အားလပ်ချိန်ကို အနှောင့်အယှက်ပေးလာသည့် လူအား မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

သို့သော် သူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ ခေါင်းငြိမ့်ပြလိုက်သည် “ ငါသိပြီ၊ ဆောင်ပါးအသစ်တွေ ထပ်ရေးပါ၊ အကြောင်းအရာကတော့ အရင်ကအတိုင်းပဲ “

သူညွှန်းဆိုခဲ့သော အကြောင်းအရာဆိုသည့် အရာမှာ ကမ္ဘာနှစ်ခုကြားရှိ ငြိမ်းချမ်းရေးအတွက် ရှုကျိုးကို ကမ္ဘာ့ကြယ်ဆီသို့ လွှဲပြောင်းပေးအပ်ခြင်းအကြောင်းသာလျှင် ဖြစ်သည်။

သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်သည့်အလျောက် လျူချောင်သည် စာတမ်းများကို သူကိုယ်တိုင် ရေးစရာ မလိုအပ်ပေ။

ထို့ကြောင့် သူသည် စာတမ်းနှင့် သတင်းစာများ ထုတ်ဝေရန်အတွက် သက်ဆိုင်ရာ အလုပ်သမား ပညာရှင်တစ်ဦးကို အလုပ်ခန့်ထားခဲ့သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် အလုပ်သမားသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားပြီးမှ စကားပြောလာခဲ့သည် “ အကြီးအကဲ၊ တကယ်လို့ ဗိုလ်ချုပ်ရှုက ဒီကိစ္စတွေ အကြောင်း သိသွားပြီးတော့၊ ဒီကို ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ “

လျူချောင်မှာ မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းကို ငါပြောထားတဲ့ဟာတွေကိုသာ ရေးနေစမ်းပါကွာ၊ ဘာလို့ အများကြီး လျှောက်တွေးနေရတာလဲ “

“ တကယ်လို့ မင်းက ရှုကျိုးကို ဘောတွေ ငှားလိုက်မယ်ဆိုရင်တောင်မှ၊ သူက ဒီကိုလာရဲမှာ မဟုတ်ဘူး “

အလုပ်သမားသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ အကြီးအကဲ၊ ဗိုလ်ချုပ်ရှုက ရှေ့တန်းမှာ လူသောင်းနဲ့ချီပြီးတော့ သတ်ခဲ့တာနော်၊ သူက ကြယ်ပြာဂြိုဟ်ရဲ့ ဂုဏ်ထူးဆောင် ဝန်ကြီးတစ်ယောက်နော်၊ အကြီးအကဲက သူ့ကို အသရေဖျက်ဖို့အတွက် ဒါတွေ ရေးခိုင်းတယ်ဆိုတော့ …… ကျွန်တော့်ရဲ့ အသိစိတ်က အဲ့တာကို လက်မခံနိုင်ဘူးဖြစ်နေတယ် “

“ အဓိပ္ပါယ် မရှိလိုက်တာကွာ “

လျူချောင်၏ အမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့ပြီး၊ သူသည် အော်ငေါက်ပြောဆိုလာခဲ့သည် “ အဲ့ကောင်လေးက တိုက်ပွဲအစီအရင်ကို အားကိုးပြီးတော့ စစ်ရေးဆိုင်ရာ အောင်မြင်မှုတွေ ရခဲ့တာ၊ သူက စစ်သည်တော် သောင်းဂဏန်းကို တစ်ယောက်တည်း ဘယ်လိုလုပ်သတ်နိုင်မှာလဲ “

“ အဲ့တာက သူ့ရဲ့ အောင်ပွဲ မဟုတ်ဘူး၊ ကြယ်ပြာဂြိုဟ်ရဲ့ အောက်ခြေက သိုင်းပညာရှင်တွေရဲ့ အောင်ပွဲပဲ “

“ တကယ်လို့ သူ့ကို ကမ္ဘာ့ကြယ်ဆီ လွှဲပြောင်းပေးလိုက်မဲ့ ကိစ္စကို သူသဘောတူလာခဲ့မယ်ဆိုရင်တော့၊ အဲ့တာက သူ့ရဲ့ အောင်ပွဲ ဖြစ်သွားလိမ့်မယ် “

“ ဒါပင်မဲ့ အခုကျတော့ အဲ့ကောင်လေးက ဘယ်ဂျောင်မှာ ပုန်းနေမှန်းကို မသိဘူး။ သူက ကမ္ဘာနှစ်ခုကြားက စစ်မီးတောက်ကို လောင်စာထည့်ထားပြီးတော့၊ လျူမိသားစုရဲ့ ကလေး အများကြီးကို ရှေ့တန်းစစ်မြေပြင်မှာ သေသွားစေခဲ့တယ် “

လျူချောင်၏ အသံမှာ ကျယ်လောင်နေခဲ့ပြီး၊ သူ၏ တည်ရှိမှုမှာ ကျားတစ်ကောင်ကဲ့သို့ ဖြစ်သွားသဖြင့် သူ့ရင်ခွင်အတွင်းရှိ မိန်းမပျိုသည် အမူအရာ ဖြူဖျော့သွားပြီး မလှုပ်ရှားရဲတော့ပေ။

သို့ရာတွင် အလုပ်သမားကမူ လျူမိသားစုအတွင်းတွင် မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့သောကြောင့် အမူအရာ ဖြူဖျော့သွားသော်လည်း၊ အေးဆေးတည်ငြိမ်နေခဲ့သည်။

သူသည် တစ်ခဏခန့် ငြိမ်သက်နေခဲ့ပြီး စကားထပ်ပြောလာပြန်သည် “ သူ့ကို လွှဲပြောင်းပေးလိုက်တာက၊ သူ့ကို သွားသေခိုင်းလိုက်တာပဲ မဟုတ်ဘူးလားဗျ “

“ ဟက် “

လျူချောင်သည် အေးစက်စွာ ရယ်မောနေတော့သည် “ သူ့အသက်က သူ့အသက်ပဲလေ၊ ငါတို့ လျူမိသားစုက ကလေးတွေရဲ့ အသက်နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “

“ တကယ်လို့ မင်းမရေးချင်ဘူးဆိုရင်လည်း၊ မြန်မြန်လစ်လိုက်တော့။ မင်းနေရာကို ငါလူစားထိုးလိုက်မယ် “

လျူချောင်သည် အလွန်တရာ ဒေါသထွက်နေပုံရသည်၊ အလုပ်သမားသည် တိတ်တဆိတ် သက်ပြင်းချကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

“ အဲ့လိုလား “

ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်မှ ရောက်ရှိလာပုံရသည့် အေးစက်စက် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

လျူချောင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်သည်။

ခန်းမ၏ ထောင့်တစ်နေရာတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ မင်းးးး ”

လျူချောင်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ ဒီကောင်က ဘယ်သူတုန်းဟ။ သူဝင်လာတာကို ငါဘယ်လိုလုပ် မသိရတာလဲ

“ ဘုတ် ….. ဘုတ် …….. “

ပုံရိပ်သည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့ပြီး၊ အမှောင်ထုအတွင်းမှ ပေါ်ထွက်လာခဲ့သည်၊ ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် လျူချောင်၏ နှလုံးသားကို ထိုးနှက်နေသကဲ့သို့ အလွန်တရာ ကျယ်လောင်နေခဲ့သည်။

“ ငါ့ရဲ့ အသက်က အသက်မဟုတ်ဘူးပေါ့ “

“ ဒါဆိုရင် မင်းရဲ့ အသက်အိုကြီးက ဘယ်လောက်တောင် တန်ဖိုးရှိနေမလဲဆိုတာကို ငါသိချင်မိတယ် “

အေးစက်စက်အသံနှင့်အတူ ရှုကျိုး၏ ပုံရိပ်ပါ ပေါ်ထွက်လာခဲ့သည်။

“ မင်းလား “

လျူချောင်၏ အမူအရာမှာ ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်၊ သူသည် ရှုကျိုးကို မှတ်မိနေခဲ့သည်။

သို့သော် သူသည် ရှုကျိုးက သူတို့ လျူမိသားစု၏ အဓိက နယ်မြေအတွင်းသို့ ရဲရဲတင်းတင်း ဝင်လာရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည့် အရာကား ဒီကလေးက ငါတို့မိသားစုရဲ့ ခံစစ်တွေကို ဘယ်လိုလုပ် ကျော်ဖြတ်လာခဲ့တာလဲ။ ဘာလို့ ငါကတောင် သူဝင်လာတာကို သတိမထားမိရတာလဲ။

“ ရှု ……. ရှုကျိုး၊ မင်းက ဒီမှာ ဘာလုပ်နေတာလဲ “

မည်သည့်အကြောင်းအရင်ကြောင့် ဆိုသည်ကို မသိသော်လည်း ရှုကျိုး၏ စူးရှရှ အကြည့်ကို မြင်တွေ့လိုက်ရသောအခါတွင် လျူချောင်သည် အပြစ်ရှိသကဲ့သို့ အနည်းငယ် ခံစားသွားခဲ့ရသည်။

သို့ရာတွင် သူကိုယ်တိုင်က သတ္တမအဆင့် ပညာရှင်ဖြစ်သည်ဆိုသည်ကို မှတ်မိသွားသောအခါတွင် သူသည် ကိုယ့်ကိုကိုယ် အားပေးကာ ကျယ်လောင်စွာ အော်ငေါက်လာခဲ့သည်။

ရှုကျိုးသည် စကားလုံးများကို ဖြန်းတီးမနေဘဲ ဖမ်းဆီးမှု ဝရမ်းကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

“ လျူချောင်၊ မင်းက ဂုဏ်ထူးဆောင် ဝန်ကြီးတစ်ယောက်ကို စော်ကားခဲ့ပြီးတော့ လူထုကို မတည်မငြိမ် ဖြစ်သွားအောင် သွေးထိုးလှုံ့ဆော်ခဲ့တယ် “

“ အခု မင်းကို တရားဝင် ဖမ်းဆီးလိုက်ပြီ “

ရှုကျိုးသည် သူနှင့် စကားလုံးများ ဖလှယ်ရန် စိတ်မပါတော့ပေ။

ဒုဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အဆင့်အမြင့်ဆုံး ဖမ်းဆီးမှု ဝရမ်းတို့ကို ကိုင်ဆောင်ထားသူ ဖြစ်သည့်အလျောက်၊ ဤအဘိုးကြီးသည် ဂုဏ်ထူးဆောင် ဝန်ကြီးတစ်ဦးဖြစ်သည့် သူ့ကို သူ့အရှေ့မှာပင် ပေါ်ပေါ်တင်တင် စော်ကားပြောဆိုခဲ့သည်။

စစ်ဖြစ်နေစဥ် ကာလအတွင်း၌ အဆိုပါ စော်ကားမှုသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို နင်းချေလိုက်ခြင်းသာလျှင် မဟုတ်ဘဲ၊ ရှေ့တန်းတွင် အသက်စွန့်နေသည့် လူများကိုပါ စော်ကားလိုက်ခြင်း ဖြစ်သည်။

၎င်းမှာ ခွင့်လွှတ်၍ မရသော ရာဇဝတ်မှုတစ်ခု ဖြစ်သည်။

ဖမ်းဆီးမှု ဝရမ်းကို မြင်တွေ့လိုက်ရသောအခါတွင် လျူချောင်၏ အမူအရာမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

“အဆင့်အမြင့်ဆုံး ဝရမ်းလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လျူချောင်၏ အမူအရာ ပေါက်ထွက်လာခဲ့ပြီး၊ ခန်းမအပြင်ဘက်သို့ အလောတကြီး ပြေးထွက်သွားတော့သည်။

သူသည် ရှုကျိုး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရမည်ဆိုပါက အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။

လျူမိသားစုနှင့် ရှုကျိုးအကြားရှိ ရန်ငြှိုးများကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်တောင်မှ၊ ယခုလေးတင် သူပြောခဲ့သည့် စကားလုံးများနှင့်တင် ပြစ်ဒဏ်ကြီးတစ်ခုကို ခံယူရနိုင်ပေသည်။

သူတွေးမိသည့် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဤနေရာမှ ထွက်ပြေးခြင်းသာလျှင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်၊ လျူချောင်သည် ထွက်ပြေးခြင်း ပညာရပ်ကို အပိုင်နိုင်ဆုံး တတ်ကျွမ်းနေခဲ့သည်၊ သူ၏ ကျင့်ကြံရေးကို ဖွင့်ထုတ်ကာ အဝေးသို့ ထွက်ပြေးရန်အလို့ငှာ နတ်စွမ်းရည်ကို အသုံးပြုရန် ကြံရွယ်လိုက်သည်။

“ ငါ့ရှေ့မှာ မဆင်မခြင် လှုပ်ရှားရဲနေတယ်ပေါ့ “

ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ အရှေ့သို့ လက်ဆန့်တန်းလိုက်သည်။

ဝရုန်းးးးး

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်မှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ချက်ချင်း ဖြစ်ပေါ်လာခဲ့ပြီး၊ အဆိုပါ အက်ကွဲကြောင်း တစ်ခုချင်းစီတိုင်းမှာ မီတာ ထောင်နှင့်ချီ၍ ရှည်လျားနေခဲ့သည်။

ရှုကျိုးမှ သူ၏လက်ကို ဆုပ်ခံလိုက်သောကြောင့်၊ အဆိုပါ ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားပြီး၊ သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် သမုဒ္ဒရာ လှိုင်းလုံးများသဖွယ် တွန့်ခေါက်သွားကာ ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေခဲ့သည်။

အဆိုပါ လှိုင်းလုံးကြီးများအောက်တွင် မည်သည့်လွတ်မြောက်ရေး နည်းစနစ်ကမှ အသုံးဝင်တော့မည် မဟုတ်ပေ။

၎င်းကို ကြည့်ခြင်းအားဖြင့် ရှကျိုး၏ ဟင်းလင်းပြင် ထိန်းချုပ်နိုင်စွမ်းက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 578 )

တရားမျှတမှုကို လက်ကိုင်ထားခြင်း၊ လျူမိသားစုကို ဖိနှိပ်ခြင်း ၂

တွေးလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပြိုကွဲသွားစေကာ၊ ရန်သူ၏ ဆုတ်ခွာမှုကို လုံးဝချုပ်နှောင်လိုက်သည်။

လျူချောင်သည် ထိုမြင်ကွင်းကို မြင်တွေ့သွားကာ၊ လုံးဝစိတ်ဓာတ်ကျသွားခဲ့သည်။

“ မင်းက အဆင့်၆ ပညာရှင် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းနေရတာလဲ “

သူသည် မယုံကြည်နိုင် ဖြစ်နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည်။

“ ဒီကို ပေးလိုက် “

ရှုကျိုးမှ လက်သီးဆုပ်လိုက်ရာ၊ ‘ ဘမ်း ဘမ်း ဘမ်း ‘ ဟူသောအသ့နှင့်အတူ လျူချောင်၏ ခြေလက်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။

လျူချောင်သည် မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသတကြီး စိုက်ကြည့်လာခဲ့သည် “ မင်းက အလွန်အကျွံ အပြစ်ပေးနေတာပဲ၊ စစ်ဌာနကို ငါသတင်းပို့မယ် “

” မင်းက ဖမ်းဆီးမှုကို ခုခံခဲ့တာလေ။ ငါက ဥပဒေအတိုင်း ဆောင်ရွက်နေတာ “

ရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။

အဆင့်မြင့် ဖမ်းဆီးမှု ဝရမ်းကို ကိုင်ဆောင်ထားသူတစ်ဦးအနေဖြင့် သူသည် အင်အားသုံး၍ ဖမ်းဆီးနိုင်ပေသည်။

အကယ်၍ သူက အလွန်အကျွံ အပြစ်ပေးလိုက်မည်ဆိုလျှင်တောင်မှ၊ ပြဿနာဖြစ်လာလိမ့်မည် မဟုတ်ပေ။

ရှုကျိုးသည် သူနှင့် စကားပြောလိုစိတ် မရှိဘဲ၊ သူ၏ခြေလက်များကို ဖြတ်ခဲ့ပြီးသည့်နောက်တွင် သူ့အား ဖမ်းဆီးမှု ဝရမ်းနှင့်အတူ ချက်ချင်း ချုပ်နှောင်လိုက်သည်။

“ ဗွီ “

ရှုကျိုး၏ စိတ်စွမ်းအားသည် ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့လာခဲ့ပြီး၊ အထဲတွင် လျူချောင်၏ ကိုယ်ပိုင်ပစ္စည်းများ ရှိ၊ မရှိဆိုသည်ကို စစ်ဆေးကြည့်ရှုနေတော့သည်။

ကံဆိုးစွာဖြင့် သူသည် မည်သည့် ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ပေ။

“ ဟမ့် “

တစ်ခဏ အကြာတွင် ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ၊ လျူချောင်ကို ခန်းမအတွင်းမှ သယ်ထုတ်သွားတော့သည်။

ခန်းမအတွင်းမှ ပြန်ထွက်လာသည့်အချိန်တွင်

“ လျူမိသားစုနယ်မြေမှာ ဘယ်သူက မဆင်မခြင် လုပ်ရဲနေတာလဲ “

ကျယ်လောင်သော အော်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ပုံရိပ်အများအပြားက အဖော်ပြုလိုက်ပါလာခဲ့ကာ လျင်မြန်စွာ ချဥ်းကပ်ရောက်ရှိလာခဲ့သည်။

ရှုကျိုးနှင့် လျူချောင်တို့ကြားတွင် ဖြစ်ခဲ့သည့် လှုတ်ခတ်မှုက လျူမိသားစု၏ ပညာရှင်များကို ဆွဲဆောင်သွားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

ရှုကျိုးသည် စိတ်အေးလက်အေး ဖြစ်နေစဲဖြစ်နေပြီး၊ ခန်းမ၏ တံခါးဝတွင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဖမ်းဆီးမှု ဝရမ်းကို အသက်သွင်းကာ၊ လျူချောင်၏ ပါးစပ်နှင့် စိတ်စွမ်းအားတို့ကိုပါ ချိတ်ပိတ်လိုက်ပြီး၊ သူ့ထံမှ မည်သည့်အသံမှ မဖြစ်ပေါ်လာအောင် ပြုလုပ်လိုက်သည်။

၎င်းမှာ ဖမ်းဆီးမှု ဝရမ်း၏ အမျိုးမျိုးသော စွမ်းရည်များအနက်မှ တစ်ခုဖြစ်ပြီး၊ အခြေခံ ဖမ်းဆီးမှု ဝရမ်းမှာပင် ထိုစွမ်းရည် ရှိနေခဲ့သည်။

ပစ်မှတ်ကို ဖမ်းဆီးနိုင်သရွေ့၊ ကြံရာပါတို့နှင့် အဆက်အသွယ် ပြုလုပ်ခြင်းမှ တားဆီးနိုင်ရန်အတွက် သူ၏အာရုံငါးပါးကို ပိတ်ဆို့နိုင်ပေသည်။

မကြာခင် အချိန်မှာပင် အလင်းတန်းပေါင်းများစွာသည် ခန်းမအထက်သို့ ရောက်ရှိလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်၊ သူတို့အားလုံးသည် သတ္တမအဆင့် ပညာရှင်များသာ ဖြစ်နေခဲ့သည်။

ရှုကျိုးမှ ထိုလူများကို တိတ်တဆိတ် ကြည့်ရှုစစ်ဆေးနေခဲ့ရာ၊ ထိုလူများအနက်၊ လူလေးဦး(သို့) ငါးဦးမှာ စာရင်းထဲတွင် ပါဝင်နေသည်ကို မြင်တွေ့သွားခဲ့သည်။

ထိုလူများသည် သူ့ကို ကမ္ဘာ့ကြယ်သို့ လွှဲပြောင်းပေးရန် ကြံစည်နေသည့်လူများ ဖြစ်သည်။

ထိုလူများအနက် ခေါင်းဆောင်ဖြစ်သူမှာ စာရင်းထဲတွင် ပါဝင်သည့် နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်၊ လျူပေ့ချန်ပင် ဖြစ်သည်။

သူသည် ဤအုပ်စုထဲတွင် အစွမ်းအထက်ဆုံး လူဖြစ်သည်။

“ လျူမိသားစုမှာ ပါရမီရှင်တွေ တကယ်ကြီးကို စုနေကြတာပဲ “

ရှုကျိုး၏ အကြည့်များ အေးစက်သွားခဲ့သည်။ ကမ္ဘာနှစ်ခုအကြားတွင် ပြင်းထန်သော တိုက်ပွဲများစွာ ဖြစ်ပေါ်နေခဲ့သော်လည်း၊ ဤအဆင့်မြင့် ပညာရှင်များမှာ တိုက်ပွဲမှ ရှောင်ပြေးနေရုံတင်မဟုတ်ဘဲ၊ ဇိမ်ခံ၍ ပျော်ရွှင်စွာ နေထိုင်ကြသည်။

ထို့အပြင် သူတို့သည် အပျက်သဘောဆောင်သည့် စကားများစွာ ပြောဆို၍ ကြယ်ပြာဂြိုဟ် နောက်တန်းပတ်ဝန်းကျင်ကို မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ခဲ့ကြသည်။

“ အငယ်လေး၊ လျူချောင်ကို ချက်ချင်းလွှတ်ပေး၊ သေဒဏ်ကို တောင့်တမနေနဲ့ “

ကောင်းကင်ထက်ရှိ ခရမ်းရောင်ဆံသားပိုင်ရှင် အကြီးအကဲတစ်ဦးမှ အော်ပြောလာခဲ့သည်၊ သူ၏အမည်မှာ လျူပင်းအန်ဖြစ်ပြီး၊ အလယ်အလတ် သတ္တမအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်၊ သူသည်လည်း စာရင်းတွင် ပါဝင်နေလျက်ရှိသည်။

“ ငါ့ရဲ့ လျူမိသားစုမှာ ရိုင်းရိုင်းစိုင်းစိုင်း လှုပ်ရှားရဲနေတယ်ဆိုတော့၊ မင်းဆီမှာ ဝက်ဝံနှလုံးနဲ့ ကျားသစ်အူတွေ ရှိနေတာပဲ ဖြစ်ရမယ် “

“ လျူချောင်ကို ချက်ချင်း လွှတ်ပေးလိုက်၊ ပြီးတော့ သူ့ကို စိတ်ရင်းအမှန်နဲ့ တောင်းပန်ဖို့နဲ့ လျော်ကြေးပေးဖို့ ငါအကြံပေးလိုက်မယ်၊ အဲ့လိုဆိုရင် ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရှိနေသေးတယ် “

“ ချက်ချင်းလက်နက်ချပြီးတော့၊ မင်းရဲ့ အမှားအတွက် ဒူးထောက်တောင်းပန်လိုက် “

ကောင်းကင်ထက်ရှိ ပုံရိပ်များမှ အေးစက်စက် အော်ပြောလာခဲ့ပြီး၊ သူတို့၏ အရှိန်အဝါများကို ဖွင့်ထုတ်လာကြသည်။

ထိုစဥ် အားကောင်းသော ဖိအားတစ်ခုသည် ဧရာမ လှိုင်းလုံးကြီးသဖွယ် မြင့်တက်လာခဲ့သည်။

ထိုဖိအားအောက်တွင် အစောပိုင်း သတ္တမအဆင့် ပညာရှင်များကပင် အမူအရာ ဖြူဖျော့သွားခဲ့သည်။

သို့သော် ရှုကျိုးကမူ မပြောင်းမလဲ တည်ငြိမ်နေစဲပင် ဖြစ်သည်။

ထို့အစား သူ့လက်တွင် ရှိနေသည့် လျူချောင်မှာ တစ်စုံတစ်ခုကို ပြောပြချင်နေသည့်အလား လှုပ်လှုပ်ရွရွဖြင့် ဂဏာမငြိမ် ဖြစ်လာခဲ့သည်။

“ လျူချောင်၊ မကြောက်နဲ့၊ ငါတို့ မင်းကို မြန်မြန်ကယ်မှာပါ “

ကောင်းကင်ထက်ရှိ လျူပင်းအန်သည် လျူချောင်၏ အခြေအနေကို သတိပြုမိသွားခဲ့ကာ၊ ချက်ချင်း အော်ပြောလာခဲ့သည် “ အငယ်လေး၊ မင်းရဲ့အမှားတွေအတွက် ဒူးထောက်မတောင်းပန်သေးဘူးလား “

လျူချောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ၊ သူ၏ အမူအရာမှာ ရဲပတောင်းခတ်သွားခဲ့သည်။

သူသည် ရှုကျိုးထံတွင် အဆင့်အမြင့်ဆုံး ဖမ်းဆီးမှု ဝရမ်းရှိနေသောကြောင့် လုံးဝရန်သွားမစသင့်ဘူးဟု အလွန်တရာ သတိပေးချင်နေခဲ့သည်။

သို့သော် သူ၏ စိတ်စွမ်းအားနှင့် ပါးစပ်နှစ်ခုလုံး ချိတ်ပိတ်ခံထားရသောကြောင့် သူ၏ အတွေးများကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြသနိုင်ခဲ့ပေ။

“ အမှားတွေအတွက် ဒူးထောက်တောင်းပန်ရမှာလား “

ထိုအခိုက်အတန့်တွင် ရှုကျိုး အလွန်တရာ အေးစက်နေသော ဟန်အမူအရာဖြင့် အေးအေးလူလူ စကားစပြောလာခဲ့သည် “ ဒူးထောက်ပြီး လက်နက်ချလိုက်သင့်တဲ့ လူတွေက ခင်ဗျားတို့ပဲ “

“ အတင့်ရဲချက် “

“ ရိုင်းစိုင်းတယ် “

လျူမိသားစု၏ ပညာရှင်များသည် ဤလူငယ်လေးက သူတို့၏ ဖိအားများအောက်မှာပင် ဤကဲ့သို့ ဆက်လက်၍ မောက်မာနေရဲဦးလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဒေါသတကြီး ဖြစ်သွားကြသည်။

သို့သော် တစ်ချိန်တည်းမှာပင် လျူပင်းအန်နှင့် တစ်ခြားလူများသည် ဤလူငယ်လေးထံတွင် အင်အားကြီး ကျောထောက်နောက်ခံတစ်ခု ရှိ၊ မရှိဆိုသည်ကို စတင်၍ သံသယဝင်သွားခဲ့သည်။

“ ဟမ် “

“ မင်းက ….. ရှုကျိုးလား “

ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ဖြစ်သူ၊ လျူပေ့ချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ၊ စကားပြောလာခဲ့သည်။

ကမ္ဘာနှစ်ခုကြားက ငြိမ်းချမ်းရေးအတွက် ရှုကျိုးကို ကမ္ဘာ့ကြယ်သို့ လွှဲပြောင်းပေးရန်အတွက် စစ်ဌာနကို အကြံပြုခဲ့ကြသော်လည်း၊ သူအပါအဝင် လျူမိသားစု၏ အဆင့်မြင့် ပညာရှင် အများစုသည် ရှုကျိုး၏ ပုံပန်းသွင်ပြင်က မည်သည့်ပုံစံမျိုးဖြစ်လဲဆိုသည်ကို မသိကြပေ၊ သူတို့သည် အမည်ကိုသာလျှင် ကြားဖူးထားခဲ့သည်။

အဆင့်မြင့် ပညာရှင်များသည် လောကီရေးရာကိစ္စများကိုသာ ပြောဆိုဆွေးနွေးလေ့ရှိပြီး၊ အလယ်အလယ်အဆင့်မှ ကိစ္စရပ်များအကြောင်း ပြောဆိုကြသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

ရှုကျိုး၏ စွမ်းဆောင်မှု(သို့) အောင်မြင်မှုများက မည်မျှပင် ထူးချွန်နေပါစေ၊ သူတို့အတွက် ရှုကျိုးသည် သူတို့နှင့် အလှမ်းဝေးသည့် ဂျူနီယာတစ်ဦးသာလျှင် ဖြစ်နေခဲ့သည်။

အမြင့်ပိုင်းအဆင့်များသို့ ရောက်မလာဘူးဆိုပါက ပုရွက်ဆိတ်တစ်ကောင်အဖြစ်သာ သတ်မှတ်ထားကြမည် ဖြစ်သည်။

ထို့အပြင် လျူပေ့ချန်နှင့် တစ်ခြားလူများသည် ရှုကျိုးက ကောင်းကင်လမ်း ပြတ်တောက်နေသည့် အစစ်အမှန် သိုင်းပညာဌာနမှ လူတစ်ဦးဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။

၎င်းမှာ သူတို့က အဆိုပါ အကြံပြုချက်ကို ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်းများအနက်မှ တစ်ခုဖြစ်သည်။

အမြင့်ပိုင်း အဆင့်များသို့ မရောက်ရှိသေးသည့် ဂျူနီယာတစ်ဦးကို ကမ္ဘာ့ကြယ်သို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြင့် စစ်ပွဲရပ်တန့်သွားရမည်မှာ ကောင်းမွန်သော ကိစ္စတစ်ခုပင် မဟုတ်လော။

သို့ရာ၌ ရှုကျိုးအပေါ်တွင် ရှိနေသည့် သူတို့၏ နားလည်မှုမှာ အစီအရင်ခံစာနှင့် သတင်းစကားတို့ဖြင့်သာ ကန့်သတ်ခံခဲ့ရပြီး၊ သူတို့သည် သူ၏ အသွင်အပြင်ကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးခဲ့ပေ။

ယခုမှသာလျှင် လျူပေ့ချန်သည် ရှုကျိုးကို ဂရုတစိုက် ကြည့်ရှု လေ့လာနေရင်းဖြင့် သူ၏အထောက်အထားကို မှတ်မိသွားခဲ့ခြင်း ဖြစ်သည်။

“ ဆိုတော့ ရှုကျိုးဆိုတာက သူလား “

လျူပင်းအန်နှင့် တစ်ခြားလူတို့မှာလည်း တစ်ပြိုင်နက် တုံ့ပြန်ပြောဆိုလာကြသည်။

မကြာခင် အချိန်မှာပင် သူတို့သည် ရှုကျိုးက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာရလဲဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

လျူပင်းအန်မှ အလောတကြီး စကားထပ်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာ ရှိခဲ့တဲ့ အချိန်တုန်းက ငါတို့မိသားစုနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်ဆိုတာကို ငါသိတယ်၊ ဒါပင်မဲ့ အဲ့ဒါတွေက ဂျူနီယာတွေကြားက အသေးအမွှားကိစ္စလေးပဲ၊ မင်းက ဒီလောက်ကြီးအထိ ပုံကြီးချဲ့နေဖို့ မလိုအပ်ဘူး “

“ အမှန်ပဲ၊ ငါတို့လျူမိသားစုက အာဇာနည်မျိုးဆက်တစ်ခုပဲ။ တကယ်လို့ မင်းက ဂျူနီယာတွေကို စိန်ခေါ်ချင်တယ်ဆိုရင်၊ လွတ်လွတ်လပ်လပ် လာခဲ့လိုက်၊ ဒီလောက်ကြီးအထိ အရှက်ခွဲနေစရာ မလိုဘူး “

တစ်ခြားလူများမှာလည်း စကားပြောဆိုလာခဲ့သည်။

ရှုကျိုးသည် သူတို့ကို တစ်ချက်မျှ ငေးကြည့်လိုက်သည်၊ ဒီမြေခွေးအိုကြီးတွေက ပြဿနာကို ရှောင်တဲ့နေရာမှာ တော်တော်ကြီးကို ကျွမ်းကြတာပဲ

သူတို့သည် စကားလုံးအနည်းငယ်ဖြင့် တကယ့်ပြဿနာကို ဖုံးကွယ်လိုက်ပြီး၊ သူ့အား စိတ်သဘောထား သေးနှုပ်နုံချာသည့် လူတစ်ဦးအဖြစ် ချယ်မှုန်းသွားခဲ့သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုလူအိုကြီးများက အရင်ဦးဆုံး တိုက်ခိုက်လာအောင် ပြုလုပ်ရမည်ဖြစ်သည်၊ ထိုကဲ့သို့ ဖြစ်ပျက်လာမှသာလျှင် သူသည် ထိုအဘိုးကြီးများကို စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဖမ်းဆီးနိုင်မည် ဖြစ်သည်။

“ ကျုပ်ဘာလို့ ဒီကိုရောက်လာရသလဲဆိုတာကတော့ ခင်ဗျားတို့တွေက ကျုပ်ထပ်ပိုသိသင့်ပါတယ် “

ရှုကျိုးသည် လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများကို တစ်ဦးပြီးတစ်ဦး အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ ခင်ဗျားတို့ အဆင့်မြင့် ပညာရှင်တွေက စစ်မြေပြင်ရဲ့ အဓိက အင်အားစုတွေ ဖြစ်နေသင့်တာ၊ ဒါပင်မဲ့ ခင်ဗျားတို့ကတော့ လိပ်တွေလိုပဲ ဒီနေရာမှာ ပုန်းနေပြီးတော့၊ သွေးကြောင်နေကြတယ် “

“ ခင်ဗျားတို့က ခင်ဗျားတို့ လျူမိသားစုရဲ့ ဘိုးဘေးတွေကို အရှက်ရအောင် လုပ်နေတာပဲ၊ ခွေးတွေဝက်တွေထပ်တောင် ဆိုးနေသေးတယ် “

“ ပါးစပ်ပိတ်ထားစမ်း “

ရှုကျိုးစကားမပြီးဆုံးခင် အချိန်မှာပင် တစ်စုံတစ်ဦးသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဒေါကြီးမောကြီး အော်ဟစ်လာခဲ့သည်။

လျူပင်းအန်၏ အသံသည် ဒေါသတို့ဖြင့် သိသိသာသာ တုန်ရင်နေလျက်ရှိသည်၊ ရှုကျိုး၏ စကားလုံးများက အလွန်တရာ ပြင်းထန်လှသောကြောင့် သူအမှန်တကယ် ဒေါသထွက်နေခဲ့ပြီဖြစ်သည်။

လျူမိသားစု၏ တစ်ခြား ပညာရှင်များမှာလည်း ထိုအတိုင်းသာဖြစ်နေခဲ့ပြီး၊ မျက်လုံးများ ပိုမိုနီရဲလာကြသည်။

အကယ်၍ လျူပေ့ချန်ကသာ လှုပ်ရှားလာမည်ဆိုပါက၊ သူတို့သည် ရှုကျိုးကို ချက်ချင်း တိုက်ခိုက်လာကြမည် ဖြစ်သည်။

သို့ရာ၌ လျူပေ့ချန်၏ အမူအရာမှာလည်း အလွန်တရာ ဆိုးရွားနေခဲ့ပြီဖြစ်သည်။

သူသည် ရှုကျိုးကိုစိုက်ကြည့်ကာ မာမာထန်ထန် ပြောဆိုလာခဲ့သည် “ ဂျူနီယာ၊ ဒီလိုစော်ကားမှုတွေနဲ့ဆိုရင်၊ တကယ်လို့ မင်းက ဖြေရှင်းချက် မပေးဘူးဆိုရင်၊ ဒီနေရာကနေ မထွက်သွားနိုင်မှာကို ငါကြောက်မိတယ် “

“ ဟားဟားဟား “

ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်လိုက်ရသောအခါတွင် ရှုကျိုးသည် တဟားဟား ရယ်မောနေတော့သည်။

သူသည် အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ဒီလျူမိသားစုက ငါဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်သွားလို့ရတဲ့ နေရာတစ်ခုပဲ။ ခင်ဗျားတို့ထဲက ဘယ်ကောင်က ကျုပ်ကို တားနိုင်မှာမို့လို့လဲ၊ ဘယ်သူကကော လုပ်ရဲလို့လဲ “

“ စိတ်ကြီးဝင်ချက်ကတော့ “

လျူပေ့ချန်မှ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ငါတို့လျူမိသားစုရဲ့ ဘိုးဘေးတွေက ပြည်သူလူထုရဲ့ အာဇာနည်အဖြစ် အသိအမှတ်ပြုတာကို ခံထားရတယ်။ သူတို့ရဲ့ မြင့်မြတ်တဲ့ နာမည်တွေကို အာဇာနည်ကျောက်တိုင်မှာတောင် ရေးထိုးပေးထားခဲ့တယ် “

“ ငါ့ရဲ့ လျူမိသားစုက ကမ္ဘာနှစ်ခု စစ်ပွဲကြားမှာ အကြိမ်ပေါင်းများစွာ ကူညီခဲ့ပြီးတော့၊ လျူမိသားစုရဲ့ လူငယ်လူရွယ်တွေကလည်း စစ်မြေပြင်မှာ သူရဲကောင်းဆန်ဆန် အသက်စွန့်ခဲ့ကြတယ် “

“ အခုမင်းက ဒီနေ့ဒီနေရာမှာ ရည်ရွယ်ချက်ရှိရှိ စော်ကားပြောဆိုနေတာ ငါတို့မိသားစုရဲ့ တားမြစ်ချက်ကို ချိုးဖောက်လိုက်တာပဲ “

“ မင်းအားကိုးနေတဲ့ဟာက ဘယ်ဟာကြီးပဲဖြစ်နေပါစေ၊ ငါ၊ လျူပေ့ချန်က ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ရှာဖွေမယ် “

ထို့နောက်တွင် လျူပေ့ချန်သည် ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး၊ လက်ကို ဆန့်တန်းလာခဲ့ကာ၊ ရှုကျိုးကို ဤနေရာမှာတင် ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအချိန်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 579 )

အားလုံးကို ခေါ်သွားရမယ်။ လျူမိသားစုကို စီရင်ခြင်း

“ ဘယ်လောက်တောင် ဖြောင့်မတ်လိုက်တဲ့ လုပ်ရပ်လဲ “

ရှုကျိုး၏ မျက်နှာသည် အေးစက်စက် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည် “ မင်းတို့ ငကြောက်ကောင်တွေက အကြောင်းပြချက်တစ်ခုကို ဖမ်းဆုပ်ထားပြီးတော့၊ စစ်မြေပြင်ကို မသွားရဲကြဘူး။ ဒီအကြောင်းတွေကိုသာ သိသွားမယ်ဆိုရင် တမလွန်မှာ ရှိနေတဲ့ မင်းတို့ဘိုးဘေးတွေက ဝိညာဥ်တောင် ပြိုကွဲသွားမလားဆိုတာကို ငါသိချင်မိတယ် “

သူသည် ဤလူများက စစ်ပွဲသို့ မသွားရဲကြသောကြောင့်၊ လျူမိသားစု၏ ဘိုးဘေးများကို အရှက်ရစေခဲ့သည်ဟု စကားထောက်လိုက်သည်။

ရလဒ်အနေဖြင့် ဤလူတစ်စုသည် ဂျပိုးကို လိပ်ဖြစ်အောင် ပြုလုပ်ပြီး၊ သူက လျူမိသားစု၏ အာဇာနည်များကို စော်ကားကာ မိသားစု တားမြစ်ချက်ကို ချိုးဖောက်သည်ဟုပင် စွပ်စွဲခဲ့ကြသည်။

ထိုကဲ့သို့သော အရှက်ကင်းမဲ့မှုမျိုးသည် ရှုကျိုး ဒေါသကို လောင်ကျွမ်းသွားစေခဲ့သည်။

ဤအခိုက်အတန့်တွင် လျူပေ့ချန်သည် မည်သည့်စကားကိုမှ ထပ်မပြောလာခဲ့သော်လည်း၊ သူ၏ အမူအရာမှာ ပိုမိုအေးစက်သွားခဲ့ပြီး၊ ရုတ်တရက် လက်ဆန့်တန်းကာ ရှုကျိုးကို ဆွဲကိုင်လာခဲ့သည်။

“ ဘုမ်းးး “

ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ဧရာမ လက်ဝါးကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ ရှုကျိုးအပေါ်သို့ ကျဆင်းလာခဲ့သည်။

လျူပေ့ချန်၏ တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ ရည်ရွယ်ချက်က အောင်မြင်သွားပြီဆိုသည်ကို သိသွားခဲ့သည်။

သူသည် စကားပြောရန် လေကုန်ခံမနေဘဲ၊ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ ဝုန်းးးး “

လက်သီးနှင့် လက်ဝါးတို့ တိုက်မိသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးများကို ချက်ချင်း ထုတ်လွှတ်လာခဲ့သည်။

သူတို့အနောက်တွင် ရှိနေသည့် ခန်းမသည် ချက်ချင်း ပြိုကျပျက်စီးသွားပြီး၊ မြေပြင်တွင် ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ၊ တုန်ခါမှုလှိုင်းလုံးများသည် ဘက်ပေါင်းစုံသို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လျူပင်းအန်နှင့် တစ်ခြားလူများမှာ အချိန်မှီ ဝင်ရောက်စွက်ဖက်လာခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ထိုတုန်ခါမှု လှိုင်းလုံးနဲ့တင် အနီးအနားရှိ အဆောက်အဦးများ ပြိုကျပျက်စီးသွားရမည် ဖြစ်သည်။

ထို့နောက်တွင် သူတို့သည် တိုက်ပွဲမြေပြင်၏ အလယ်ဗဟိုသို့ လှည့်ကြည့်လာခဲ့ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။

“ ဒီသားရဲလေးက အဆင့်၇ကို တကယ်ကြီး ထိုးဖောက်နိုင်ခဲ့တာပဲ “

“ သူက လျူပေ့ချန်နဲ့ တကယ်ကြီး တိုက်ခိုက်နိုင်တာလား “

လျူပင်းအန်နှင့် တစ်ခြားလူများသည် ပိန်ပိန်ပါးပါး အသွင်အပြင် ရှိသည့် ရှုကျိုးကို ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။

အစောပိုင်း အချိန်များအတွင်းက လျူချောင်က ရှုကျိုး၏လက်ထဲတွင် ရှိနေသည်ကို မြင်ခဲ့ရသည့် အချိန်တွင်၊ သူသည် ရှုကျိုးက အမြင့်ပိုင်း အဆင့်များသို့ အဆင့်တက်လာနိုင်သည်ဟု မှန်းဆမိနေခဲ့သည်။

လျူချောင်သည် အစောပိုင်း သတ္တမအဆင့် ပညာရှင်များဖြစ်ပြီး၊ အဆင့်မြင့် ပညာရှင်တစ်ဦးကသာလျှင် သူ့အား ငှက်ကလေးကြက်ကလေးသဖွယ် ဖမ်းဆီးချုပ်နှောင်ထားနိုင်မည် ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာန၏ အမြင့်ပိုင်းအဆင့်များဆီသို့ သွားရာ ကောင်းကင်လမ်းကြောင်းက ပြတ်တောက်နေခဲ့သောကြောင့်၊ ရှုကျိုးက မည်ကဲ့သို့ အဆင့်မြင့် ပညာရှင်တစ်ဦးဖြစ်လာရလဲဆိုသည်မှာ အမှန်ပင် မှန်းဆရခက်ခဲနေခဲ့သည်။

ပို၍ အံ့ဩဖွယ်ကောင်းသည့်အရာမှာ သတ္တမအဆင့်သို့ ယခုမှ ရောက်ရှိလာခဲ့သည့် ရှုကျိုးက နှောင်းပိုင်း သတ္တမအဆင့်သို့ ရောက်ရှိထားသည့် လျူပေ့ချန်နှင့် ယှဥ်တိုက်နေနိုင်ခြင်းပင် ဖြစ်သည်။

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်၇နယ်ပယ်က အဲ့လောက်တောင် စွမ်းတာလားဟ “

“ ကမ္ဘာ့ကြယ်ရဲ့ အစောပိုင်း အဆင့်၇ ပညာရှင်တစ်ယောက်ကတောင် နှောင်းပိုင်း အဆင့်၇ ပညာရှင်ရဲ့ တိုက်ကွက်ကို အသာအယာ မခုခံနိုင်ဘူးလေ “

အဆင့်တူတွင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များထပ် ပိုမို အစွမ်းထက်သည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကပင် ယခုကဲ့သို့ အဆင့်ကျော် မတိုက်ခိုက်နိုင်ကြပေ။

အစောပိုင်းနှင့် နှောင်းပိုင်း သတ္တမအဆင့်တို့ကြားရှိ ကွာဟချက်က နယ်ပယ်သေးနှစ်ခုသာ ဖြစ်နေပုံရသော်လည်း၊ အစစ်အမှန် ကွာဟချက်ကမူ အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။

ရှုကျိုးသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့ကပင် မလုပ်ဆောင်နိုင်ခဲ့သည့် အလုပ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

“ အားလုံးပဲ၊ ဒီကောင်လေးကို ဖမ်းဖို့ အတူတူ တိုက်ခိုက်ကြ “

လျူပေ့ချန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

သူသည် သူက ရှုကျိုးကို မဖိနှိပ်နိုင်ဘူးဆိုသည်ကို မယုံကြည်ပေ၊ တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်လိုသည်ဆိုပါက သူသည် တစ်ခြားလူများကို အားကိုးရမည် ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘဲ ရှုကျိုးလွတ်မြောက်သွားမည်ဆိုပါက၊ လျူမိသားစု၏ ဂုဏ်သတင်းမှာ လုံးဝပျက်စီးသွားရမည် ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လျူပင်းအန်နှင့် တစ်ခြားလူတို့မှာလည်း သူတို့၏ ကျင့်ကြံရေးများကို ထုတ်လွှတ်ကာ ရှုကျိုးကို တိုက်ခိုက်လာကြသည်။

“ ဘုမ်းးးး “

လူတော်တော်များများသည် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်ကာ အတူတကွ တိုက်ခိုက်လာကြသည်။

၎င်းမှာ သတ္တမအဆင့် ပညာရှင် အများအပြားက ရှုကျိုးကို ဖမ်းဆီးရန် ရှိသမျှအကုန် ထုတ်သုံးလာခဲ့ခြင်း ဖြစ်သည်။

သာမန် သတ္တမအဆင့် ပညာရှင်တစ်ဦးသာဆိုပါက ဤကဲ့သို့သော ဝိုင်းရံတိုက်ခိုက်မှုမျိုးထံမှ မည်သို့မျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးကမူ တည်တည်ငြိမ်ငြိမ် ဖြစ်နေစဲပင် ဖြစ်ပြီး၊ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည် “ မင်းတို့ လူယုတ်မာအိုကြီးတွေက တကယ်ကို အရှက်မရှိကြတာပဲ “

ဤလူများက အတူတကွ ဝိုင်းရံတိုက်ခိုက်လာခဲ့ခြင်းမှာ သူလိုချင်နေသည့် အရာပင် ဖြစ်သည်။

ရှုကျိုးသည် ချက်ချင်း ရှေ့တက်လာခဲ့ပြီး၊ လျှပ်စီးတန်းတစ်ခုကဲ့သို့ လှုပ်ရှားကာ လက်သီးတစ်လုံး ပစ်သွင်းလာပြန်သည်။

“ ဝုန်းးးး “

ချက်ချင်းဆိုသလိုပင် အဆိုပါ လက်သီးချက်သည် လျူမိသားစု၏ အစောပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦးအပေါ်သို့ ကျရောက်သွားကာ၊ သူ့ကို လွင့်ထွက်သွားစေခဲ့သည်။

…

ထိုစဥ် ရှုကျိုးက လျူပေ့ချန်နှင့် လျူမိသားစု၏ တစ်ခြားသော အဆင့်မြင့် ပညာရှင်တို့နှင့် အပြင်းအထန် တိုက်ခိုက်နေသောကြောင့်

ပုံရိပ်အများအပြားသည် ဤခန်းမရှိရာဘက်သို့ ဦးတည်ပျံသန်းလာကြသည်။

သူတို့သည် လျူမိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင်များဖြစ်သည်။ လျူမိသားစု၏ နဝမအဆင့် ပညာရှင်၏ အကာကွယ်ပေးမှုအောက်တွင် သူတို့သည် စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိခဲ့ကာ လျူမိသားစုအတွင်းမှာပင် အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြရသည်။

“ အဲ့တာက ဘယ်သူလဲဟ။ အကြီးအကဲတွေ အများကြီးနဲ့တောင် တိုက်ခိုက်ရဲနေတယ် “

“ ငါတို့ လျူမိသားစုထဲကို ဝင်လာခဲ့ပြီး၊ ဒီလောက်တောင် ရဲတင်းနေတာက တကယ်ကို မဆင်မခြင် လုပ်လိုက်တာပဲ “

သူတို့သည် တိုက်ပွဲကွင်းပြင် အနီးအနားတွင် မတ်တပ်ရပ်ကာ အဝေးမှ လှမ်းကြည့်နေကြသည်။

ထိုလူများထဲတွင် လျူတျန်မုပါ ပါဝင်နေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် တအံ့တဩ ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ ဘယ်သူက ဒီလောက်တောင် ရဲတင်းနေပြီးတော့ ငါတို့ လျူမိသားစုကို တိုက်ခိုက်နေရဲရတာလဲ “

လျူတျန်မုသည် အလွန်တရာ အံ့ဩနေခဲ့သည်၊ လျူမိသားစုသည် အရှေ့ပိုင်းပြည်နယ်၏ စူပါမိသားစုကြီးတစ်ခုဖြစ်ပြီး၊ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် သိကြသည့် ထင်ရှားသော မိသားစုတစ်ခု ဖြစ်သည်။

လနတ်ဘုရားဂိုဏ်းကပင် လျူမိသားစုပိုင်နက်တွင် ပြဿနာ လာမရှာရဲကြပေ။

လျူတျန်မုသည် အရှေ့ဘက်သို့ တစ်ခဏခန့် ပျံသန်းလာခဲ့ပြီး၊ တိုက်ပွဲမြေပြင်အနီးသို့ ရောက်ရှိလာခဲ့ကာ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ရသည်။

သို့သော် အဝေးမှ လှမ်းမျှော်ကြည့်ရှုလိုက်သောအခါတွင် သူသည် လုံးဝမှင်သက်သွားခဲ့ရသည်။

“ မဖြစ်နိုင်ဘူး ……. ဘယ်လိုလုပ် သူဖြစ်နေရတာလဲ “

လျူတျန်မုသည် ရှုကျိုးက လျူမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်အများအပြားနှင့် တိုက်ခိုက်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

သတ္တမအဆင့်နယ်ပယ်။ အများနှင့်တစ်ယောက် တိုက်ခိုက်ခြင်း

၎င်းမှာ အစစ်အမှန် သိုင်းပညာဌာန၏ ယခင်ဌာနမှူးလက်ထက်မှ လူတစ်ချို့ကသာ ပြုလုပ်နိုင်သည့်အရာဖြစ်သည်။

“ သူက အဆင့်၇ကိုတောင် ရောက်နေပြီလား။ ပြီးတော့ ဒီလောက်တောင် စွမ်းတယ်ပေါ့ “

လျူတျန်မု၏ စိတ်နှလုံးသားမှာ အလွန်တရာ တုန်လှုပ်သွားခဲ့သည်။ သူ၏ယုံကြည်မှုများ ပြိုကွဲသွားသည့်အလား ဖြစ်နေခဲ့ကာ အလိုအလျောက် နောက်ဆုတ်မိသွားခဲ့သည်။

ယခင်က သူသည် ရှုကျိုးကို အမှီလိုက်ရန် တွေးထားခဲ့ဖူးသည်၊ သို့သော် ယခုတွင်ကား သူ၏အတွေးများက ဟာသကြီးတစ်ခုသာ ဖြစ်နေပုံရသည်။

…

“ ဘုမ်းး “

တိုက်ပွဲကွင်ပြင်အတွင်း၌ ရှုကျိုးသည် လူအိုကြီးတစ်သိုက်နှင့် စီးချင်းထိုးနေလျက်ရှိသည်။

သတ္တမအဆင့် ပညာရှင်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသော်လည်း၊ သူသည် မည်သို့မျှ မကြောက်လန့်သွားဘဲ၊ တည်တည်ငြိမ်ငြိမ် ထိပ်တိုက်ရင်ဆိုင်နေခဲ့ပြီး၊ ထိုးချက်တစ်ခု(သို့) တိုက်ကွက်တစ်ခုချင်းစီတိုင်းသည် သတ္တမအဆင့် ပညာရှင် တစ်ဦးကို လွင့်ထွက်သွားစေခဲ့သည်။

လျူပေ့ချန်၏ မျက်နှာသည် ကျောက်မီးသွေးကဲ့သို့ မည်းနက်နေပြီဖြစ်ပြီး၊ ရှုကျိုးကို စိုက်ကြည့်နေခဲ့ကာ သတ်ဖြတ်လိုစိတ်များ ပိုမိုအားကောင်းလာခဲ့သည် “ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်၊ ငါ့ရဲ့ လျူမိသားစုက တစ်ကမ္ဘာလုံးရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျောသွားလိမ့်မယ် “

အမှန်တိုင်းပြောရမည်ဆိုပါက သူကိုယ်တိုင်ကပင် ရှုကျိုး၏ တိုက်ခိုက်ရေး စွမ်းအားက ဤမျှမြင့်မားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် အဆင့်မြင့် ပညာရှင်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေခဲ့ရသော်လည်း၊ အောက်စည်းသို့ ရောက်သွားရမည့်အစား အပေါ်စီးသို့ပင် ရောက်ရှိနေခဲ့ကာ အနည်းငယ်မျှ လွှမ်းမိုးချယ်လှယ်နေနိုင်ခဲ့သည်။

“ အားလုံးပဲ၊ ရှိသမျှ အကုန်ထုတ်သုံးတော့၊ ပိတ်လှောင်ခြင်း အစီအရင် ဖွဲ့စည်းပြီးတော့ ဒီကောင်လေးကို နှိမ်နင်းကြမယ် “

လျူပေ့ချန်သည် လျူပင်းအန်နှင့် တစ်ခြားလူများကို ညွှန်ကြားလိုက်သည်။

“ နားလည်ပါပြီ “

All Chapters