← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

အားလုံးက ပုံရိပ်ယောင်တွေဖြစ်မှန်း သိနေသော်လည်း မင်္ဂလာပွဲ၏ အဆင့်တိုင်းကို ရှန်းဝမ်ချင်း လေးလေးနက်နက် ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားများ ပြီးဆုံးသွားချိန်တွင် မှောင်ရီပင်ပျိုးနေခဲ့လေပြီ။

စံအိမ်၏အရှင်သခင်ဖြစ်သည့်အလျောက် မင်္ဂလာပွဲသို့ ကြွရောက်လာကြသော ဧည့်သည်တော်များကို ဧည့်ခံဖို့အတွက် ရှန်းဝမ်ချင်း ကျန်ခဲ့ရသည်။ ယန်ရုန်ရုန့်ကိုတော့ အိပ်ခန်းဆောင်သို့ အခြွေအရံများက ပို့ဆောင်ပေးခဲ့ကြပါသည်။

အိပ်ခန်းဆောင်ထဲရောက်ရှိသည်နှင့်တစ်ပြိုင်နက် ယန်ရုန်ရုန် ခေါင်းပေါ်က ပဝါနီကို လှန်ဖို့ ပြင်လိုက်သည်။ အနီးနားတွင် ရပ်နေသည့် အခြွေအရံနှစ်ယောက်က အသည်းအသန်ဝိုင်းတားလိုက်ရပါသည်။

“သခင်မ! သခင်လေးရောက်မလာသေးဘူးလေ၊ အဲ့တာကြောင့် ပဝါကို လှန်လို့မရသေး-!”

သို့သော် သူတို့စကားမဆုံးခင် ယန်ရုန်ရုန်က နှစ်ယောက်စလုံးကို သတိလစ်သွားအောင် ရိုက်ချပစ်လိုက်ပါသည်။

ထို့နောက် လေးလံလှသော ပန်းသရဖူကြီးကို ချွတ်ပစ်လိုက်ပြီး စိတ်ရှုပ်စရာကောင်းသော အဆောင်အယောင်များကို ချွတ်ပစ်လိုက်သည်။ ခေတ္တစဉ်းစားပြီးနောက် အခန်းထဲမှ ကတ်ကြေးတစ်လက်နှင့် မီးခတ်ကျောက်တို့ကို ရှာဖွေကာ အရေးပေါ်အသုံးပြုဖို့အတွက် ဝတ်ရုံထဲ ထည့်လာခဲ့ပါသည်။

အိပ်ခန်းဆောင်ထဲမှ ထွက်လာပြီးနောက် အစေခံတန်းလျားဆီ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။

ဒီနေ့ညက ကျွန်းသခင်၏မင်္ဂလာဦးညဖြစ်သဖြင့် စံအိမ်အတွင်းရှိ လူတွေအားလုံး ခြံဝန်းထဲမှာ အောင်ပွဲခံနေကြပါသည်။ ထို့ကြောင့် လမ်းတစ်လျှောက်လုံး လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရဘဲ သွားလိုသည့် နေရာကို ယန်ရုန်ရုန် အဟန့်အတားမရှိ သွားနိုင်ခဲ့သည်။

အစေခံတန်းလျားထဲကို ရောက်ရှိပြီးနောက် သစ်သားစင်မြင့်အောက်ရှိ သေတ္တာကို ဆွဲထုတ်ကာ မီးခတ်ကျောက်ကို ထွန်းညှိလိုက်ပါသည်။

မှိန်ပျပျ အလင်းရောင်၏ အကူအညီဖြင့် သစ်သားစင်မြင့်အောက်ရှိ ကြမ်းပြင်ပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းတစ်ခုကို ယန်ရုန်ရုန် မြင်လိုက်ရသည်။ လက်ဖြင့် စမ်းကြည့်လိုက်ရာ အုတ်ချပ်များအကြားမှ အနည်းငယ် ထိုးထွက်နေသည့် အင်္ဂတေကြောင်းများကို ခံစားမိသွဦားသည်။

နေ့ဘက်တွင် ဘာမှ ရှာမတွေ့ခဲ့သော်လည်း ညအချိန်ရောက်သည်နှင့် ထိုအက်ကွဲကြောင်း ပေါ်လာခဲ့သည်။

ထို့ကြောင့် သူမ၏ သံသယများ ပိုမိုသေချာသွားခဲ့ပါသည်။ ညအချိန်ရောက်မှသာ ပုံရိပ်ယောင်ကမ္ဘာထဲမှ အရာများစွာ၏ အသွင်အစစ်အမှန်များ ပေါ်လာတတ်သည်။

ဟုံနျန်ကျစ်ကော၊ အာ့ကျန်းကော၊ ဒီလျှို့ဝှက်အက်ကွဲကြောင်းတွေကော ထိုစည်းမျဉ်းနှင့် ကိုက်ညီမှု ရှိပါသည်။

ယန်ရုန်ရုန် အသင့်ယူလာသည့် ကတ်ကြေးကို ထုတ်ကာ အက်ကွဲကြောင်းထဲ ထိုးစိုက်လျက် အားကုန်သုံးပြီး အပေါ် ဆွဲလှန်ပစ်လိုက်ပါသည်။

ဂျွတ်-

ကြမ်းခင်းအုတ်ပြား ပွင့်ထွက်သွားသောအခါ မှောင်အတိကျနေသည့် ဥမင်လှိုဏ်ခေါင်းဝတစ်ခုကို မြင်လိုက်ရလေသည်။

ကတ်ကြေးကို ပြန်သိမ်းလိုက်ပြီး အစေခံတန်းလျားထဲရှိ မီးအိမ်တစ်လုံးကို ယူဆောင်ကာ ဥမင်လှိုဏ်ခေါင်းထဲ ယန်ရုန်ရုန် ဆင်းလာခဲ့တော့သည်။

လှိုဏ်ခေါင်းက အလွန်မှောင်မိုက််ပြီး ကျဉ်းမြောင်းလွန်းပါသည်။ ယန်ရုန်ရုန် မီးအိမ်တစ်လုံးဖြင့် အချိန်အတော်ကြာအောင် လျှောက်လှမ်းပြီးမှ လမ်းဆုံးကို ရောက်ရှိသွားခဲ့သည်။

လှိုဏ်ခေါင်း၏ အဆုံးသတ်တွင် ဆွေးမြေ့နေသော သစ်သားတံခါးတစ်ချပ် ရှိနေပါသည်။

တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်ရာ ကျွီခနဲ မြည်သံကျယ်နှင့်အတူ ဖြည်းညှင်းစွာ ပွင့်သွားခဲ့သည်။

တံခါးနောက်တွင်လည်း ပိန်းပိတ်အောင် မှောင်မိုက်နေပါသည်။ သူမ မျက်နှာကို လေအေးတစ်ချက် တိုးဝှေ့လာသလို ခံစားလိုက်ရသည်။ ထိုလေအေးကြောင့် မီးအိမ်ထဲက မီးတောက်များလည်း တလှပ်လှပ် လှုပ်ခါသွားခဲ့သည်။

မီးအိမ်ကို ရှေ့တိုးလျက် အခန်းထဲကို စစ်ကြည့်လိုက်သောအခါ ယန်ရုန်ရုန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

ဘာမှ ရှိမနေပေ…

သေချာစစ်ဆေးကြည့်လိုက်ရာ တံခါး၏နောက်ဘက်တွင် အောက်ခြေကိုပင် မမြင်ရသော အသူရာချောက်နက်ကြီးတစ်ခုသာ ရှိနေသည်။ သူမက ထိုချောက်နက်ကြီး၏ အစွန်းတွင် မတ်တပ်ရပ်နေခြင်းဖြစ်ကာ ခြေတစ်လှမ်းလောက် ရှေ့တိုးလိုက်သည်နှင့် အရိုးတွေတစ်စစီကျိုးပဲ့ပြီး သေဆုံးသွားမှာ သေချာပါသည်။

ယန်ရုန်ရုန် နှလုံးရပ်မတန့် ထိတ်လန့်သွားခဲ့သည်။ အခန်းထဲ အလျှင်စလို ဝင်မသွားခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

မီးအိမ်ကိုကိုင်ရင်း ယန်ရုန်ရုန် နောက်သို့ ခြေနှစ်လှမ်းပြန်ဆုတ်လိုက်ပါသည်။

ဥမင်လှိုဏ်ခေါင်းကြီးက လမ်းဆုံလမ်းခွမရှိသည့် လမ်းဖြောင့်တစ်ခုသာဖြစ်သည်။ ထို့ကြောင့် သူမ လမ်းမှား ရောက်လာစရာအကြောင်းမရှိပေ။

သို့သော် ဒီအောက်မှာ အမှန်တကယ် ဘာမှရှိမနေပါက ဥမင်လှိုဏ်ခေါင်း၏ ရည်ရွယ်ချက်မှာ ဘာဖြစ်နိုင်မည်နည်း။

ထို့အပြင် ဗိသုကာပညာအရ စဉ်းစားကြည့်လျှင်လည်း မြေအောက်တွင် ဒီလောက် ကြီးမားသည့် ချောက်နက်ကြီး ရှိနေပါက အပေါ်ဘက်တွင် တည်ဆောက်ထားသည့် စံအိမ်မှာလည်း အခြေမခိုင်နိုင်ဘဲ အချိန်မရွေး မြေကျွံကျနိုင်ချေ အလွန်များပါသည်။

ဘယ်လိုပဲစဉ်းစားကြည့်ပါစေ ဒီချောက်နက်ကြီးက သံသယဖြစ်စရာ ကောင်းလွန်းနေပါသည်။

ခေတ္တတွန့်ဆုတ်သွားပြီးနောက် ယန်ရုန်ရုန် သတ္တိမွေးကာ ရှေ့သို့ ပြန်တိုးလာခဲ့သည်။ ထို့နောက် ညာဘက်လက်ကို ဆန့်တန်းပြီး ရှေ့ကလေထုကို စမ်းကြည့်လိုက်ပါသည်။ သူမ လက်ချောင်းထိပ်များ ချောက်စွန်းကို ရောက်ရှိသွားသည်နှင့် မမြင်ရသည့် အကာအရံတစ်ခုကို ထိတွေ့ခံစားမိလိုက်သည်။

ပထမတော့ အံ့အားသင့်မိသော်လည်း ယန်ရုန်ရုန် ချက်ချင်း ပျော်ရွှင်သွားခဲ့ပါသည်။

သူမကို ချောက်ထဲပြုတ်မကျနိုင်အောင် တစ်စုံတစ်ခုက တားဆီးထားလျှင် ဒီချောက်နက်ကြီးကလည်း လှည့်ကွက်တစ်ခုသာ ဖြစ်နိုင်ပါသည်။ ရန်သူက မဝင်စေချင်သည့် နေရာတစ်ခုတွင် အလွန်အရေးပါသည့် အရာတစ်ခုခု ရှိနေနိုင်မှာ သေချာသည်။

ယန်ရုန်ရုန် အံကြိတ်လိုက်ပြီး သတ္တိမွေးလျက် ချောက်နက်ကြီးဆီ တဟုန်ထိုး ပြေးသွားလေတော့သည်။

ချောက်စွန်းကို ကျော်ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ ခန္ဓာကိုယ်က အကာအရံတစ်ခုနှင့် ဝင်တိုက်မိပြီး ဖောက်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမနားထဲ ပိုးထည်စ စုတ်ပြဲသွားသည့် အသံတစ်သံမျိုး ကြားလိုက်ရပြီး သူမမြင်နေရာသည့် အရာအားလုံး မှုန်ရီဝေဝါးသွားခဲ့သည်။

စက္ကန့်ပိုင်းခန့်ကြာသောအခါ အသူရာချောက်နက်ကြီးလည်း ပျောက်ကွယ်သွားခဲ့ပါသည်။

ယခု သူမရှေ့တွင် ရှိနေသည်က အလွန်ကျယ်ဝန်းလှသော အခန်းလွတ်ကြီးတစ်ခုပင်။ ဆန်းကြယ်ပြီး နားလည်ရခက်သော မှော်သင်္ကေတများကို ကြမ်းပြင်ပေါ်တွင် ရေးထွင်းထားသည်။ ၎င်းတို့မှာ မမြင်ရသော သံကြိုးများသဖွယ် ကြေးမုံတစ်ချပ်ကို ရစ်ပတ်ထားပါသည်။

ဒါက သစ်သားတံခါးနောက်ကွယ်ရှိ အစစ်အမှန်မြင်ကွင်းပင်။

သူမ မြင်ခဲ့ရသည့် အသူရာချောက်နက်ကြီးက ကျူးကျော်ဝင်ရောက်လာသူများကို လှည့်စားဖို့ ဖန်ဆင်းထားသည့် ပုံရိပ်ယောင်သက်သက်သာ ဖြစ်နိုင်သည်။

ကြမ်းပြင်ပေါ်ရှိ မှော်သင်္ကေတများကို ဂရုတစိုက် ရှောင်ရှားရင်း ကြေးမုံကြီးရှေ့သို့ ယန်ရုန်ရုန် လျှောက်လာခဲ့သည်။

ထိုကြေးမုံက လူတစ်ရပ်စာလောက်ရှိပြီး ၎င်း၏ အနားသတ်ဘောင်ထဲတွင် ဝိညာဉ်ကျောက်တုံးများစွာကို ထည့်သွင်းထားသည်။ ကြေးမုံ၏ မျက်နှာပြင်တွင် အနီရောင် မှော်သင်္ကေတများစွာဖြင့် ပြည့်နှက်နေပြီး အနီးကပ် ကြည့်လိုက်လျှင် ထိုသင်္ကေတများထံမှ အနက်ရောင် အခိုးအငွေ့အချို့ ဖြာထွက်နေသည်ကို မြင်နိုင်ပါသည်။

အလွန်အမင်း အန္တရာယ်ရှိနိုင်သည့် အရှိန်အဝါကို ခံစားနေရသည်။

ယန်ရုန်ရုန် တီးတိုး ရေရွတ်လိုက်လေသည်။

“ဧကန္တ… ဒါ သမိုင်းဝင် ရှေးဟောင်းရတနာ ဖူရှန်းကြေးမုံများလား…”

ထိုစကားအဆုံးတွင် ကြေးမုံပေါ်ရှိ အနီရောင်မှော်သင်္ကေတများ ရုတ်တရက် စီးဆင်းသွားခဲ့သည်။ ကြေးမုံထဲမှ တစ်စုံတစ်ခု ထွက်လာတော့မည့်ပုံစံမျိုးပင်။

ယန်ရုန်ရုန် ထိတ်လန့်သွားပြီး နောက်ဆုတ်ကာ အချိန်မရွေး ထွက်ပြေးနိုင်ဖို့ အသင့်ပြင်လိုက်ပါသည်။

အနီရောင်မှောင်သင်္ကေတများ ကြေးမုံ၏ အနောက်ဘက်သို့ စီးဆင်းသွားသောအခါ ကြေးမုံ၏ငွေဖြူရောင် မျက်နှာပြင်က အထင်းသား ပေါ်လာခဲ့ပါသည်။ ကြေးမုံထဲတွင် ယန်ရုန်ရုန် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသည်။

အံ့အားသင့်ဖို့ကောင်းစွာဖြင့် ကြေးမုံထဲရှိ သူမ၏ ပုံရိပ်တွင် ရွှေရောင် ရောင်ဝါများထွက်နေသည်။ မှောင်အတိကျနေသော မြေအောက်ခန်းထဲတွင် သူမ ပုံရိပ်က တောက်ပနေသည့် မီးအိမ်တစ်လုံးလို ထင်ရှားလွန်းပါသည်။

ယန်ရုန်ရုန် ဘာမှ နားမလည်နိုင်ခင် အလွန်သိမ်မွေ့နူးညံ့သော အသံတစ်သံ ကြေးမုံထဲမှ ထွက်လာခဲ့ပါသည်။

“နောက်ဆုံးတော့လည်း ဒီအထိ ရောက်လာခဲ့တာပဲ…”

ထိုအသံမှာ ယောက်ျားအသံလား မိန်းမအသံလား ဝေခွဲရခက်ပါသည်။

ယန်ရုန်ရုန် သတိကြီးကြီးထားပြီး မေးလိုက်သည်။

“နင်ဘယ်သူလဲ”

“ခုနကပဲ မင်းငါ့နာမည်ကို ခေါ်လိုက်တာ မဟုတ်ဘူးလား”

“နင်က ဖူရှန်းကြေးမုံပေါ့”

ယန်ရုန်ရုန် နားလည်သွားခဲ့သည်။

“ငါတို့ကို ဒီပုံရိပ်ယောင်ကမ္ဘာထဲ ခေါ်လာခဲ့တာ နင်ပဲ!”

“မင်းတို့ကိုယ်တိုင် ငါ့ဆီကို လိုလိုလားလား ရောက်လာခဲ့တာလေ၊ အရှေ့ပင်လယ်ပြင်မှာ ညဘက်အန္တရာယ်တွေနဲ့ ပြည့်နေတာကို သိသိလျက်နဲ့ ပုံရိပ်ယောင်တွေနောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ကြတာ… အခု မင်းတို့သိချင်နေတဲ့ အမှန်တရားကို သိလိုက်ရပြီမဟုတ်လား၊ မင်းတို့ပျော်သင့်တယ်”

ယန်ရုန်ရုန် အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

“ဒီလို ငရဲမှာ ပိတ်မိနေတာ ဘာပျော်စရာမှ မကောင်းဘူး”

“ဒီနေရာက ဘာတွေများဆိုးရွားနေလို့လဲ၊ ဒီမှာဆိုရင် မင်းက ကျွန်းသခင်ရဲ့ ဂုဏ်သရေရှိ ဇနီးမယားအဖြစ် နေရမှာ၊ ကိုယ်ချစ်တဲ့လူနဲ့ ဆံဖြူသွားကျိုးတဲ့အချိန်ထိ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာ၊ စားကောင်းသောက်ဖွယ်တွေလည်း ရှိတယ်၊ အဝတ်အစားလှလှလေးတွေလည်းရှိတယ်၊ တစ်သက်တာ သုံးမကုန်နိုင်တဲ့ စည်းစိမ်ချမ်းသာတွေလည်းရှိတယ်၊ အပြင်ဘက်မှာဆိုရင် ဒီလို ပြီးပြည့်စုံတဲ့ဘဝမျိုး မင်းဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး”

ယန်ရုန်ရုန် စိတ်မဝင်စားပေ။

“ဒါတွေအားလုံးက နင်ဖန်တီထားတဲ့ ပုံရိပ်ယောင်တွေပဲလေ၊ အကုန် အတုအယောင်တွေချည့်ပဲ”

“တစ်ခါတလေ အတုအယောင်နဲ့ အစစ်အမှန်ဆိုတာ စကားလုံးချင်းပဲ ကွာခြားတာပါ၊ အားလုံးကို အစစ်အမှန်လို့ ခံယူထားသရွေ့ မင်းမြင်တွေ့ခံစားနေရတဲ့အရာတွေက အစစ်အမှန်ပဲ”

“အဲ့တာကို ကိုယ့်ကိုယ်ကိုယ်လှည့်စားတာလို့ ခေါ်တယ်”

ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။

“ဒီလောကကြီးမှာ အရာရာကို လေးလေးနက်နက် စဉ်းစားနေရင် နာကျင်မှုတွေကိုပဲ ခံစားရမှာ၊ တစ်ခါတလေ ဝေခွဲမရတဲ့ အခြေအနေတွေက အများကြီးပိုကောင်းပါတယ်၊ မင်းကို ပိုပျော်ရွှင်စေလိမ့်မယ်”

“နာကျင်တာဖြစ်ဖြစ် ပျော်ရွှင်တာဖြစ်ဖြစ် ငါ့ရွေးချယ်မှုနဲ့ ငါပဲ”

ယန်ရုန်ရုန် ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

“ငါ့အတွက် နင် ဝင်ဆုံးဖြတ်ပေးစရာအကြောင်းမရှိဘူး”

“ငါနားမလည်ဘူး…”

ကြေးမုံက ရွှင်ပျပျအသံဖြင့် မေးလိုက်သည်။

“လက်တွေ့ကမ္ဘာမှာ စိတ်ပျက်အားလျော့စရာတွေနဲ့ပဲ ပြည့်နေတာ… ဘာလို့ ဒီလောက်ထိ ပြန်သွားချင်နေရတာလဲ”

All Chapters