← Chapters

အရှက်မရှိသော ရှစ်လေ့

Vol. 5 Ch. 72

အရှက်မရှိသော ရှစ်လေ့

Vol. 5 Ch. 72

ထိုမှတ်ချက်က ရှစ်လေ့၏ ဝေ့ပေါ်၌ ပွက်လောရိုက်သွားစေသည်။

[အထူးပြုလုပ်ချက် ဟုတ်လား၊ ငါ သိနေတယ်၊ လူတစ်ယောက်က ဘယ်လိုလုပ် ဝံပုလွေတစ်ကောင်ကို လက်ဗလာနဲ့ ချနိုင်မှာလဲ]

[ငါလခွမ်းတဲ့မှ၊ ငါတို့ အရူးလုပ်ခံရတာပဲ၊ ဝိုင်က နာမည်ကျော်ဖို့အတွက် ဘာမဆိုလုပ်တာပဲ၊ အရှက်ကိုမရှိဘူး]

[အားလုံးက အညာတွေချည်းပဲ၊ အမှိုက်ကောင်၊ ဒါ ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းအတွက်ပဲ ဖြစ်ရမယ်]

[ဆရာရှစ်လေ့ရဲ့ မျက်လုံးက စူးရှပြီး မျက်စိရှင်တာပဲ၊ သိုင်းပညာ ကျွမ်းကျင်သူ ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး]

[ဝိုင် အနုပညာနယ်ပယ်ကနေ ထွက်သွားစမ်း]

…

လုပ်ကြံပြောဆိုသူများ၏ အင်အားက အကန့်အသတ်မဲ့လှသည်။ ထိုအကြောင်းအရာက ရေပန်းစားသော စာမျက်နှာသို့ အလွန် လျင်မြန်စွာ ရောက်ရှိသွားသည်။

မရေတွက်နိုင်သော လုပ်ကြံပြောဆိုသူများနှင့် ရှစ်လေ့၏ ပရိသတ်များ ပူးပေါင်းကာ ရှစ်လေ့၏ ဦးဆောင်မှုနောက် လိုက်၍ ဝိုင်အား ခွေးရူးတစ်အုပ်သဖွယ် ဝိုင်းတိုက်ခိုက်လေသည်။

ယခုလေးတင် ဖွင့်လိုက်သော ရဲ့လင်းချန်၏ ဝေ့ပေါ်အကောင့်ပေါ်မှာတောင်မှ ပုတ်ခတ်စော်ကားသော စကားများနှင့် ပြည့်နေ၏။

[ဝိုင် မင်း လူလိမ်ကောင်၊ ထွက်သွားစမ်း]

[အရမ်း အရှက်မဲ့တဲ့ ခွေးကောင်]

[သိုင်းပညာ ထူးချွန်သူတဲ့လား၊ မင်း ဆရာရှစ်ရဲ့ လက်သီးကိုတောင် မခံနိုင်ဘူးလို့ ငါ လောင်းရဲတယ်]

…

ရဲ့လင်းချန် ပြန်မပြောပေ။ သူ့ပရိသတ်များစွာက ရှစ်လေ့၏ အကောင့်သို့ အပြေးသွားနေပြီး နှစ်ဖက်လုံး အပြိုင်အဆိုင် ရန်ဖြစ်နေကြသည်။

[လူတစ်ယောက်က အရည်အချင်း ရှိတယ်ဆိုတာကို ဝန်ခံဖို့ ခက်သလား]

[ရှစ်လေ့က သဘောထား သေးသိမ်တဲ့လူပဲ၊ အခြားသူကို ပုတ်ခတ်ရသလို့ ဘာများ တန်ဖိုးတက်သွားသလဲ]

[ဒါက စတားတစ်ယောက်ရဲ့ အကျင့်စရိုက်လား၊ ရှစ်လေ့က စောက်ရမ်း ရွံဖို့ကောင်းလိုက်တာ]

လီထိုက်သည် ဆက်၍ သည်းမခံတော့နိုင်သဖြင့် ရဲ့လင်းချန်ဘက်မှ ရပ်တည်၍ ပို့စ်တစ်ခု တင်လိုက်သည်။

[ဘယ်သူမဆိုရဲ့ အောင်မြင်မှုက ကြိုးစားအားထုတ်မှု မရှိဘဲ မရနိုင်ဘူး၊ ဝိုင်ရဲ့ ဗွီဒီယိုက အစစ်အမှန်ဆိုတာကို ငါကိုယ်တိုင် အာမခံတယ်၊ လူတစ်ယောက်ကို သူ့ရဲ့ သတ္တိနဲ့ပဲ တိုင်းတာတယ်၊ အဲ့လူက ဘယ်လိုပုန်းရမလဲ ဆိုတာနဲ့ အခြားသူတွေ အမြင့်ကို တက်လှမ်းချိန်မှာ နင်းချေဖို့ပဲ သိတဲ့သူဆိုရင် လူရယ်စရာပဲ]

[အာ … အာ …. အမျိုးသမီး သူရဲကောင်းရဲ့ ဒဏ္ဍာရီက အခု ပြနေတာ မဟုတ်ဘူးလား၊ အဲ့တော့ ဒါရိုက်တာလီက ဝိုင်ဘက်က ရပ်တည်မှာပဲလေ၊ ဒါပေမဲ့ မာန်တက်တာလည်း အကန့်အသတ် ရှိသင့်တယ်၊ ဝံပုလွေကို လက်ဗလာနဲ့ တိုက်တဲ့ ဗွီဒီယိုနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဉာဏ်ရည်ကို ခင်ဗျားက အထင်သေးတာလား၊ လူသားက တောရိုင်းတိရစ္ဆာန်နဲ့ တိုက်ခိုက်နိုင်တယ်ပေါ့]

ရှစ်လေ့သည် အလွန် ကျေနပ်အားရစွာဖြင့် ရယ်မောနေပြီး မာန်တက်စွာ ပြောလိုက်သည်။

[အဲ့ဝံပုလွေကို ဝိုင်ကိုယ်တိုင် မွေးထားတာလို့ ငါ ထင်တယ်၊ ဒီဗွီဒီယို ရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့၊ ယဉ်ပါးနေတဲ့ ဝံပုလွေက သူ့သခင်ကို တိုက်ခိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဝိုင်က ရက်ရက်စက်စက် သတ်ပစ် လိုက်တာပဲ၊ နာမည်ကျော်ဖို့အတွက်လေးနဲ့လေ၊ သူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်]

[ဒါ ဖြစ်နိုင်တယ်၊ ဆရာရှစ ခင်ဗျားက ဒါကို ကောင်းကောင်း လေ့လာသုံးသပ်နိုင်တာပဲ]

[ငါတို့ ဆရာရှစ်ကို ထောက်ခံတယ်၊ ဝိုင်က အရမ်း အရှက်မဲ့တယ်]

[ရက်စက်မှုမှာ သာယာတဲ့ ငကြောင်၊ သူက လူတောင် မဟုတ်ဘူး၊ ဝိုင်က အရှက်မရှိတဲ့ အရှုံးသမား]

နောက်ဆုံးတွင် ရှစ်လေ့က ဝေ့ပေါ် ပို့စ်အသစ်တစ်ခု တင်လိုက်သည်။

[ငါ သရုပ်ဆောင်ထားတဲ့ “ငါက သူရဲကောင်း” ဆိုတဲ့ ဇာတ်လမ်းက ဖန်သားပြင်ပေါ်မှာ ပြသတော့မယ်၊ ဇာတ်လမ်းထဲက လက်သီးချက်တိုင်းနဲ့ အားလုံးက ဆက်စပ်နေပြီးတော့ တကယ့် ကွန်ဖူးအစစ်ပဲ၊ အားလုံး မလွတ်တမ်း စောင့်ကြည့်ကြပါ]

ရှစ်လေ့သည် ရုပ်ရှင်နယ်ပယ်ထဲသို့ ကြိုရောက်နေသူ ဖြစ်ပြီး လက်ရှိ ဇာတ်လမ်းထဲမှ စတားများထက် ပိုမြင့်သော နေရာ၌ ရှိသူ ဖြစ်သည်။

[ဆရာရှစ် ကျုပ်တို့ ခင်ဗျားကို အားပေးမယ်]

[ငါတို့ ဆရာရှစ်ရဲ့ သိုင်းပညာကိုပဲ ယုံတယ်]

“ယုတ်မာလိုက်တဲ့လူ၊ သူက နင့်ကို နင်းချေပြီး သူ့ရုပ်ရှင်ကို ဈေးဗန်းခင်းတာပဲ”

ရှောင်ဖေးဖေးက အံကြိတ်၍ ပြောလာပြီး ဒေါသကြောင့် မျက်နှာက သုန်မှုန်နေသည်။

“မျိုးမစစ်ကော နိမ့်ကျလိုက်တဲ့လူ”

အစ်မလင်း၏ မျက်နှာတွင်လည်း ဒေါသတို့ ပြည့်နေ၏။ ရဲ့လင်းချန် ဝံပုလွေအား တိုက်ခိုက်သည်ကို သူမမျက်လုံးနှင့် တပ်အပ်မြင်ခဲ့ပြီးသား ဖြစ်သည်။ ထိုအတွက် သူ့အသက်ကိုပင် စွန့်စားခဲ့ရသေးသည်။

“ဒါပေမဲ့ နင် အလျင်စလို ပြောဆိုပြုမူလို့ မရဘူး၊ နင့်ပုံရိပ်ကို နင် ထိန်းသိမ်းရမယ်၊ နင် စောင်းပါးရိပ်ခြည် ပြောလို့ရတယ်၊ ဒါပေမဲ့ နင် သူ့ကို အရမ်း တစ်တစ်ခွခွ ပေါ်တင် ပုတ်ခတ်လို့ မရဘူး”

ရဲ့လင်းချန်၏ စိတ်အခြေအနေ မှုန်မှိုင်းနေသည်ကို အစ်မလင်း ခံစားမိသည်။

“ကျွန်တော့်တာဝန် ထားလိုက်ပါ၊ ကျွန်တော့မှာ အကြံရှိပါတယ်”

ရဲ့လင်းချန်သည် ဝေ့ပေါ်၌ ပြန်မပြောခင် အေးအေးဆေးဆေး ပြောလိုက်သည်။

[မင်းက ဒီလောက် ယုံကြည်မှု ရှိနေတယ်ဆိုတော့ ငါတို့ ပြိုင်မလား]

[မင်းကလား၊ အရေးမပါတဲ့ လူယုတ်မာကလေ၊ မင်းမှာ ငါနဲ့ ယှဉ်နိုင်တဲ့ အခွင့် မရှိဘူး]

ရှစ်လေ့က အေးစက်စွာ ပြောလိုက်သည်။

[မင်းက လေသမားပဲ၊ တစ်ခုခု လွဲချော်သွားမှာ စိုးတာလား၊ မဟုတ်မှလွဲရော မင်း ကြောက်နေတာလား]

[အာ အာ … မင်းက ဘယ်လို ရှိုးလုပ်ရမလဲတော့ သိသားပဲ၊ မင်း ငါ့ကို တွန်းလှန်နိုင်မှာ မဟုတ်ဘူး၊ မင်းကိုယ်မင်း ကျွမ်းကျင်သူများ ထင်နေလား၊ ငါ မင်းကို လက်တစ်ဖက်တည်းနဲ့ အမှောက်သိပ်လို့ရတယ်]

[ဒါဆိုလည်း လေပဲကျယ်မနေနဲ့၊ လာမယ့်နှစ်ရက်အတွင်း ငါတို့ အချိန်းအချက် လုပ်မလား]

[အာဟာ …မင်းမှာ လုပ်ပိုင်ခွင့် မရှိဘူး]

ရဲ့လင်းချန်၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။ ဤလူက ယခု သူနှင့် ဘော်လီဘော ပုတ်နေသည်။ သူက ရှောင်ဖယ်နေခြင်းသာ ဖြစ်သည်။ ပြန်ပို့လာသော စာတိုင်း၌ “အာ … အာ” ဟူသော စကား ပါနေပြီး သူ့ကိုယ်သူ မာနကြီးသယောင် ပြုမူနေပြီး စကားလုံးတိုင်းက ရဲ့လင်းချန်အား ဖဲ့နေ၏။

[ဟုတ်တယ် မင်းက ဘာမို့လို့လဲ၊ မင်းက ဆရာရှစ်နဲ့ ယှဉ်ပြိုင်ရအောင် တော်နေပြီလို့ ထင်နေတာလား]

[မင်းလို ဘာမဟုတ်တဲ့ကောင်ကများ၊ မင်းက ဆရာရှစ်ကို နာမည်ကြီးဖို့အတွက် အသုံးချနေတာပဲ]

ရှစ်လေ့ကသာ ရဲ့လင်းချန်ကို နာမည်ကြီးဖို့ အသုံးချနေမှန်း သိသာသော်လည်း အခြေအနေက ရဲ့လင်းချန်ဘက် အလေးမသာချေ။

[အားလုံး ဆက်ပြောကြ၊ သူ့ကို ဆက်ဖိနှိပ်၊ သူ့ကို ဖျက်ဆီးလိုက်]

ရှစ်လေ့ကိုယ်တိုင်က မကြာခဏ စကားအချို့ကိုသုံး၍ ပရိသတ်များ၏ မီးတောက်ကို ဆက်၍ လောင်မြှိုက် ပေးလေသည်။ သူသည် များသောအားဖြင့် ဘေးထွက်နေ၍ အားပါးတရ ရယ်ကာ အပုပ်ချနေပြီး မကြာခဏ ပုံစံအသစ်ဖြင့် ဦးဆောင် တိုက်ခိုက်နေသည်။

ရှစ်လေ့၏ ပရိသတ်များနှင့် လုပ်ကြံပြောဆိုသူများကလွဲလျင် အခြားသူများက အပျင်းပြေ ဝင်ပါခြင်း ဖြစ်သည်။

အင်တာနက်သည် အလွန် ကြီးမားသော ပလက်ဖောင်းဖြစ်ပြီး လူတစ်ယောက်က ကွန်ပျူတာ နောက်ကွယ်၌ ပုန်းနေသရွေ့ ဘယ်သူမှ မိမိ ဘယ်သူလဲ မသိချေ။ ထို့ကြောင့် လူတော်တော်များများသည် စိတ်လွတ်လက်လွတ်ဖြင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် မုန်းတီးသော မှတ်ချက်များကို လိုင်းပေါ်တွင် ရေးသားခြင်း သို့မဟုတ် နိုင်ငံအရေးများ ပြောလာကြသည်။

ထိုသို့သောလူများ စုပေါင်းထားခြင်းအား ကီးဘုတ်ဖိုက်တာများဟု ခေါ်ဆိုကြပြီး သူတို့သည် များသောအားဖြင့် စိတ်ဓာတ် နိမ့်ကျသော လူတန်းစားများ ဖြစ်ပြီး လက်တွေ့ဘဝတွင် ဘာမဟုတ်သော လူများဖြစ်ပြီး အင်တာနက်ပေါ်တွင်သာ ကိုယ့်ကိုယ်ကိုယ် အဖိုးတန်သူများဟု ခံစားကြပြီး အခြားသူများအား cyber bullying လုပ်ခြင်းဖြင့် အလွန်အကျွံ အားရကျေနပ်ကြသည်။

မှန်သလား မှားသလား ဂရုမစိုက်ဘဲ အရင်ဆုံး ပြစ်တင်မာန်မဲ ဆဲဆိုကြပြီး နောက်ပိုင်းအတွက် တာဝန်ယူသော စိတ် မရှိကြချေ။

အထူးသဖြင့် ယခု သူတို့ တိုက်ခိုက်နေရသည့်လူက ရေပန်းစားနေသည့် ဝိုင် ဖြစ်နေသည်။ ထို့ကြောင့် ဤသို့ ပုတ်ခတ် ပြောဆိုခြင်းမှ ရလာသော စိတ်ကျေနပ်မှုနှင့် အခွင့်အရေးက ထူးခြားပြီး လူသိများစေသည်။

ဤသို့သော အခြေအနေမျိုးတွင် ရှောင်ဖေးဖေးကဲ့သို့ စတားတစ်ယောက်သာ ဖြစ်နေပါက သူတို့ မြေခွေးမ၊ ပြည့်တန်မ စသည်ဖြင့် မဆဲဆိုရဲပေ။ ထိုသို့လုပ်မိပါက သူတို့ သေချာ ပျိုးထောင်ထားပြီး နာမည်ရလာသော အခြေအနေက တစ်မဟုတ်ချင်း ပျက်စီးသွားပေလိမ့်မည်။

ဆေးဘယ်လောက်ခါးခါး သူတို့ မျိုချရမည်သာ။

သို့သော် ဤဝေဖန်လေကန်ရေးသမားများသည် ရဲ့လင်းချန်ကိုသာ တိုက်ခိုက်နေကြသည်။ ဝိုင်သည် တစ်ယောက်တည်းသာ ဖြစ်သည်။

သူသည် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူက အောက်တန်းစားများ၏ ဆွဲချခြင်းကိုခံ၍ သိက္ခာအကျခံ ရပါမည်လော။

သူတို့က ဘာအရေးယူမှုမှ မခံရဘဲ သူ့ကို လွတ်လွတ်လပ်လပ် တိုက်ခိုက်မည်တဲ့လား။ သူက သဘောထားကြီးပြီး ခွင့်လွှတ်ပေးမည်ဟု သူတို့ ထင်နေလေသလား။ လူတစ်ယောက်က ရုပ်ရှင်စတား ဖြစ်သည်နှင့် သူတို့က ပြောချင်သလို ပြောလို့ရပြီတဲ့လား။

ယခုက အကျိုးအကြောင်း စဉ်းစားနေရမည့် အချိန်မဟုတ်ချေ။ အခြားသူများက မိမိကို ပုတ်ခတ်စော်ကား၍ တိုက်ခိုက်ချိန်တွင် သူတို့က ကျိုးကြောင်းဆီလျော်ခြင်း ရှိ၊မရှိ မစဉ်းစားတော့ချေ။ သင့်တော်သည့် တစ်ခုတည်းသော တုံ့ပြန်ချက်မှာ အခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံရလျင် သူတို့ မပျက်စီးမချင်း သူတို့ကို လက်တုံ့ပြန်ခြင်းသာ ဖြစ်လေသည်။

ဤမိုးမြေအောက်၌ ရဲ့လင်းချန်ကဲ့သို့ ပါရမီရှင် မသင်ယူနိုင်သော အရာဟူ၍ မရှိချေ။ မည်သို့သော ပြိုင်ပွဲ ဖြစ်နေပါစေ ပါရမီရှင်က အမြဲ ထိပ်သို့ တက်လှမ်းနိုင်မည် ဖြစ်ပီး သားပုပ်လေလွင့်‌ ပြောခြင်းကလည်း ခြွင်းချက် မဟုတ်ချေ။

ရဲ့လင်းချန်သည် Baidu သို့ ချက်ချင်းဝင်၍ လူအများအား မည်သို့ သားပုပ်လေလွင့်ပြော၍ ပုတ်ခတ်ရမလဲ ဆိုသည်ကို စလေ့လာတော့သည်။

“လူအများအား မည်သို့ ပုတ်ခတ်ရမလဲ ပညာအား ကိုယ်တိုင် ‌လေ့လာခြင်း၊ ပုတ်ခတ်ခြင်းစွမ်းရည် တစ်မှတ်”

“လူအများအား မည်သို့ ပုတ်ခတ်ရမလဲ ပညာအား ကိုယ်တိုင် ‌လေ့လာခြင်း၊ ပုတ်ခတ်ခြင်းစွမ်းရည် တစ်မှတ်”

“လူအများအား မည်သို့ ပုတ်ခတ်ရမလဲ ပညာအား ကိုယ်တိုင် ‌လေ့လာခြင်း၊ ပုတ်ခတ်ခြင်းစွမ်းရည် တစ်မှတ်”

“လူအများအား မည်သို့ ပုတ်ခတ်ရမလဲ ပညာအား ကိုယ်တိုင် ‌လေ့လာခြင်း၊ ပုတ်ခတ်ခြင်းစွမ်းရည် တစ်မှတ်”

....

ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့ နားဝေတိမ်တောင်ဖြင့် ကြည့်နေကြသည်။ သူတို့ အချင်းချင်း ပြန်ကြည့်မိကြပြီး သူတို့မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင် ပေါ်လာ၏။

သူ၏ ဟန်ပန်အရ ရဲ့လင်းချန်သည် ဝေ့ပေါ်မှ ကီးဘုတ်ဖိုက်တာများအား အသားကုန် ပြောဆိုရန် အင်အား စုစည်းနေခြင်း ဖြစ်လေသည်။

“လင်းချန် အလျင်စလို မလုပ်နဲ့၊ နင့်မျက်နှာကို မဖော်တာတောင်မှ ဝိုင်ဆိုတဲ့ နင့်ကျော်ကြားမှုက အလွယ်တကူ ရလာတာ မဟုတ်ဘူး၊ နင့်ပုံရိပ်ကို အပစ်မခံနဲ့”

ရှောင်ဖေး‌ဖေး မနေနိုင်ဘဲ သူ့အား သတိပေးစကား ပြောလာသည်။

“အစ်မဖေးဖေး စောင့်ကြည့်နေလိုက်၊ ပွဲက စတော့မှာ”

ရဲ့လင်းချန် အသာ ပြုံးလိုက်သည်။ သူ၏ ပုတ်ခတ်ခြင်းစွမ်းရည်က မူလက ဆယ်ရာခိုင်နှုန်း ရှိနေရာမှ တစ်ရာ ရာခိုင်နှုန်းသို့ မြင့်တက်သွားသည်။

လူအများအား ပုတ်ခတ်ပြောဆိုခြင်း၌ အဆင့်များ ရှိလျင် ယခုလောက်ဆို သူ ဘုရင် ဖြစ်နေလောက်သည်။ ပွဲဖြစ်နေဆဲ ဖြစ်သော ဝေ့ပေါ်ကို သူ ဖွင့်လိုက်သည်။

ဝိုင်က တစ်ခဏမျှ ဘာမှမပြောဖြစ်သော်လည်း ရှစ်လေ့က ဆက်လက်၍ ပုတ်ခတ်ဆဲဖြစ်ကာ သူ့ပရိသတ်များနှင့် လုပ်ကြံပြောဆိုသူများကို ဦးဆောင်၍ ရဲ့လင်းချန်၏ ဝေ့ပေါ်အကောင့်အား သဲကြီးမဲကြီး တိုက်ခိုက်နေသည်။

[ဘာဖြစ်တာလဲ၊ မင်း ပေါ်သွားလို့ မပြောရဲတော့တာလား]

[ဝိုင် ဘယ်မှာလဲ၊ ထွက်လာခဲ့]

[မင်း အပူမခံနိုင်ရင် မီးဖိုချောင်ထဲက ထွက်လေ၊ မင်း တတ်နိုင်တုန်း ပြေးထား]

[ဝိုင်ကို ထောက်ခံတဲ့ ငတုံးတွေ ရှိနေသေးတာလား၊ သူက လူလိမ်ဆိုတာကို မင်းတို့ မသိသေးဘူးလား]

စာမျက်နှာတစ်ခုလုံးတွင် ဝိုင်၏ ပရိသတ်များကို ဆွဲချမှုများနှင့် ပြည့်နေပြီး သူတို့ ပြန်မတိုက်နိုင်တော့ချေ။

ဒါရိုက်တာလီတောင်မှ လူအများနှင့် ဆက်သွယ်ပြောဆိုပြီး ရှစ်လေ့အား ပို့စ်ဖျက်ခိုင်းသော်လည်း ရှစ်လေ့က မကြားသ‌ယောင် နေနေသည်။

All Chapters