← Chapters

ဖိအားပေးခံရတာလား

Vol. 5 Ch. 74

ဖိအားပေးခံရတာလား

Vol. 5 Ch. 74

“ပြီးသွားပြီ”

ရဲ့လင်းချန် ဝေ့ပေါ်ကို ပိတ်လိုက်ပြီးနောက် အစ်မလင်းနှင့် ရှောင်ဖေးဖေးတို့ကို လှည့်ကြည့်လိုက်သည်။ သူမတို့က သူ့အား ဆွံ့အစွာဖြင့် ကြည့်နေပြီး ရှက်သလို ပြုံးနေကြသည်။

“နင့်ဝေ့ပေါ်အကောင်ရဲ့ ပရိသတ်တွေက နှစ်ဆဖြစ်သွားပြီ၊ နင် ဘာမှမလုပ်ဘဲနဲ့ ဘယ်လိုလုပ် ပရိသတ်တွေကို ဆွဲဆောင်နိုင်တာလဲ၊ ငါ နည်းနည်း မနာလို ဖြစ်လာပြီ”

ရှောင်ဖေးဖေးက ပြောပြီး ရဲ့လင်းချန်အား အသာအယာ စိုက်ကြည့်နေသည်။

သူ ပေကျင်းသို့ ပထမဆုံးရောက်လာချိန်ကို သူမ ယခုထိ မှတ်မိပါသေးသည်။ ရဲ့လင်းချန်သည် လမ်းပေါ်မှ လုပ်စားနေသူ၏ ပြဿနာကို ဖြေရှင်းခြင်းဖြင့် Tik Tok ၌ နာမည်ကြီးလာသည်။ ထိုအချိန်က ရဲ့လင်းချန် ရှေ့ထွက်၍ သူပါဟု ပြောလာပါက ပရိသတ် တစ်သိန်းကျော် ရလာရန် မခက်ချေ။

သို့သော် ယခုအခါ၌ ပုတ်ခတ်စော်ကားသော စကားအချို့ ပြောရုံနှင့် ရဲ့လင်းချန်က ပရိသတ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤသည်က ကြောက်စရာ ကောင်းလှသည်။

“မတတ်နိုင်ဘူးလေ၊ တစ်ခါတလေ ထူးချွန်လွန်းတာကိုက ပြဿနာပဲ”

ရဲ့လင်းချန်က တုန်လှုပ်ချောက်ချားဟန်ဖြင့် ခေါင်းခါ၍ ပြောလိုက်သည်။ ရှောင်ဖေးဖေး ဘာမှမပြောဘဲ အကြည့်သာ လွှဲသွားသည်။

သို့သော် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးနှင့် မတူဘဲ အစ်မလင်းက ဆက်တိုက် မျက်မှောင်ကြုတ်နေပြီး အသာ သက်ပြင်းချလာ၏။

“နင် စကားနပန်းပွဲမှာ နိုင်သွားတယ်ဆိုပင်မယ့် ရှစ်လေ့က သူ့ပန်းတိုင်ကို ရပြီးသွားပြီ၊ အရှက်မရှိတဲ့ ခွေးမသား”

“ဘာဖြစ်လို့လဲ”

“သူက အမြဲ ဝိုင်ရဲ့ ကျော်ကြားမှုကို ကျော်တက်ချင်နေတာလေ၊ အခု ဒီကိစ္စက အကြီးအကျယ် ဖြစ်သွားတာဆိုတော့ သူ့ရုပ်ရှင်ကို ကြော်ငြာချင်တဲ့ သူ့ရည်ရွယ်ချက်လည်း အောင်မြင်သွားပြီ”

“မြေခွေးအိုကြီး”

ရှောင်ဖေးဖေး စိတ်ဆိုးမာန်ဆိုး ကျိန်ဆဲလေသည်။

ရှစ်လေ့သည် အနုပညာနယ်ပယ် အတွင်း၌ နှစ်အတော်ကြာအောင် ရှိနေပြီး ဖြစ်သဖြင့် လှည့်ကွက်များစွာကို သိနားလည်သည်။

“သူက ကျွန်တော့်ကို နင်းပြီး ကျော်ကြားချင်တာလား၊ စိတ်မကောင်းစရာပဲ၊ သူ ဘဝင်မြင့်လွန်းနေပြီ”

ရဲ့လင်းချန်၏ မျက်လုံးတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး တစ်ကိုယ်တည်း ပြောနေ၏။

ထို့နောက် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့သည် တစ်ခဏမျှ ရောက်တတ်ရာရာ ပြောနေပြီးနောက် နှုတ်ဆက်စကား ပြောကာ ထွက်လာလိုက်သည်။

ဝံပုလွေပေါက်လေး နှစ်ကောင်အား အဆောင်သို့ ပြန်ခေါ်လာပြီးနောက်တွင် ရဲ့လင်းချန်၏ အခန်းဖော် သုံးယောက်က ပြန်မရောက်လာသေးချေ။ သူတို့ အထူး ဘက်စကတ်ဘော လေ့ကျင့်ရေးအား ကြည့်နေသေးပုံ ရသည်။

ဘာမှလုပ်စရာ မရှိသဖြင့် ရဲ့လင်းချန်သည် အင်တာနက်ကဖေးသို့ သွားပြီး ကိုးလ်နှင့်အတူ ဒိုတာနှစ်ပွဲ ဆော့လိုက်သည်။ ကြည့်ရှုသူ အရေအတွက် နံပါတ်က ၆၆၆ နှင့်အထက် ရှိနေသည်။ ထို့နောက် ခုနစ်နာရီအတိတွင် သူသည် “ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်း”အား တိုက်ရိုက် ထုတ်လွှင့်လေသည်။

ကိုးနာရီ၌ ထုတ်လွှင့်ခြင်း ပြီးသွားပြီး ရဲ့လင်းချန် အိမ်ပြန်လာသည်။ သူ ဘာလုပ်လုပ် အတားအဆီးနှင့် ကြုံတွေ့ရမည့် ပုံပေါ်ပြီး ရေပန်းစားမှု ရရှိခြင်းတွင်လည်း အတူတူပင်။

ကြီးမားသော ကိစ္စအချို့အပြီးတွင် ရဲ့လင်းချန်၏ ရေပန်းစားမှု တိုးတက်နှုန်းက တန့်နေ၏။ မည်သည့် ကိစ္စအကြောင်းအရင်း အသစ်မှ မရှိသေးသဖြင့် တိုးတက်မှု ငြိမ်နေသည်က နားလည်နိုင်စရာ အခြေအနေပင်။

ရဲ့လင်းချန်သည် လမ်းလျှောက်လာရင်း ရေပန်းစားမှု တိုးလာအောင် မည်သို့ လုပ်ရမလဲ အကြိတ်အနယ် တွေးနေ၏။

သူ့မျက်နှာကို ထုတ်မပြချင်သောကြောင့် ပုံမှန် စတားများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သော သူ့အရည်အသွေးက အကြီးအကျယ် ကန့်သတ်ခံထားရသလို ဖြစ်နေသည်။

သူ နာမည်ကြီးချင်သည်။ သူ ဘာမှမလုပ်ဘဲ ကြာကြာနေလျင် အလွန် လျင်မြန်စွာ မေ့လျော့ခံရပြီး ချောင်ထိုးခံ ရလောက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်း ဆက်လုပ်နေခြင်းက နည်းလမ်းတစ်ခု ဖြစ်သော်လည်း သူ၏ ရေပန်းစားမှုက အစကလောက် မဟုတ်တော့သည်က နှမြောစရာပင်။

*ဝတ္ထုတစ်ခု …ရေးကြည့်ရင်ရော*

*ဒါမှမဟုတ် စူပါမန်းယောင်ဆောင်တာကရော*

ရဲ့လင်းချန်သည် ဗဟုသုတနှင့် စွမ်းရည်တို့နှင့် ပတ်သက်သော သူ့အဆင့်အား တိုးတက်မြင့်မားအောင် လုပ်ချင်နေသည်။ အခြေခံအဆင့်က ဤမျှ အထင်ကြီးစရာ ကောင်းနေလျင် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် အဆင့်တို့က မည်မျှ အထင်ကြီးစရာ ကောင်းနေမည်နည်း။

*ရေပန်းစားမှု … ပိုရေပန်းစားလာအောင် ငါ ဘာလုပ်နိုင်မလဲ*

သူ့မျက်နှာကို သူ ထုတ်မပြချင်၍ မဟုတ်ဘဲ သူ့၌ ပါရမီရှင် စနစ် ရှိနေသောကြောင့်သာ။ များစွာသော လူများ၏ အကြည့်အောက်တွင် အမှားလုပ်မိလောက်သည်က မလွဲဧကန်ပင်။ ထိုသို့ဖြစ်လာလျင် သူသည် စမ်းသပ်ခံရရန် ဖမ်းဆီးခံရလောက်သလို ပါရမီရှင် စနစ်၏ လျှို့ဝှက်ချက်ကိုလည်း ဖုံးထား၍ မရနိုင်လောက်ပေ။

သူ့ကိုယ်သူ ကာကွယ်နိုင်လောက်သည့် အခြေအနေသို့ မရောက်မချင်း ငြိမ်နေခြင်းက အလုံခြုံဆုံးပင်။ မည်သို့ပင် ဆိုစေကာမူ လက်ရှိတွင် သူ နှိမ့်ချနေရန် လိုအပ်ပေသည်။

“ယီးပဲ၊ မိုက်လိုက်တဲ့တင်ကွာ”

“အဲ့လိုမိန်းမမျိုးနဲ့သာဆိုရင် ငါ သူနဲ့ တစ်ညအိပ်ပြီး သေရမယ်ဆိုရင်တောင် တန်တယ်ကွာ”

“နေဦး အဲ့ဒါ Tik Tok စတား ချန်ရှောင်ယန် မဟုတ်လား၊ ဒီညတော့ ငါတို့ ကံကောင်းတာပဲဟေ့”

ထိုအသံ သုံးသံလုံး တုန်ယင်နေပြီး ရတနာတစ်ချို့ ရှာတွေ့သကဲ့သို့ ဖြစ်နေကြသည်။

“မြန်မြန်လုပ် သူ့ကို မြန်မြန်ချီ”

“ဒီည ငါ သာယာမှု ခံစားပြီး သေမယ်ကွာ၊ ကောင်းကင်ဘုံက ငါ့ဆုတောင်းတွေကို ဖြည့်ဆည်းပေးလိုက်တာပဲ”

“လွန်ရောကျွံရော ထောင်သုံးနှစ်ပေါ့ကွာ၊ သေဒဏ်ဆိုလည်း တန်တာပဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး အသံလာရာသို့ လိုက်ကြည့်မိသည်။ ယောက်ျား သုံးယောက်က အမျိုးသမီးတစ်ယောက်အား ဝိုင်းထားပြီး ညစ်ကျယ်ကျယ် ပြုံးနေကြသည်ကို သူ တွေ့လိုက်သည်။

အမျိုးသမီးသည် အနီရဲရဲ ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားပြီး အမှောင်ထုတွင်း၌ အလွန် ရင်သက်ရှူမောဖွယ် ကောင်းလှသည်။

သူမ၏ ခန္ဓာကိုယ်က အသည်းခိုက်ဖွယ်ကောင်းပြီး ကြီးမား‌သော ရင်သားနှင့် ဖွံ့ထွားသော တင်ပါးတို့ ရှိသည်။ သူမ ခန္ဓာကိုယ်မှ အလွန် တက်ကြွ၍ သိမ်မွေ့သော ပင်ကိုယ်စရိုက် ရှိသည်။ သို့သော် လက်ရှိတွင် သူမတွင် ဝမ်းနည်းသော အသွင်အပြင် ပေါ်နေသည်။ သို့သော် ယင်းက သူမအလှကို ပို၍ အရောင်တင်သလို ဖြစ်နေ၏။

သေချာကြည့်မည်ဆိုလျင် သူမမျက်နှာက သေးသွယ်ပြီး ခြေလက်များက နူးညံ့သည်။ အရေပြားက ကျောက်စိမ်းသဖွယ် ဝင်းနေပြီး မျက်လုံးများက ရီဝေဝေ ဖြစ်နေကာ အရက်မူးနေပုံ ရသည်။

သူမမျက်နှာက အရက်ကြောင့် နီမြန်းနေပြီး သူမအလှအပက ရင်သက်ရှုမောဖွယ် ကောင်းလှသည်။

“ဝေးဝေးသွား၊ ထွက်သွားလို့ ငါ ပြောနေတယ်လေ”

သူမ၏ အားနည်းသေးသွယ်သော လက်များက ယောကျ်ားသား သုံးယောက်အား အင်အားမဲ့စွာ တွန်းထုတ်နေပြီး အသံက ဖျော့တော့၍ ကူကယ်ရာ မဲ့နေသည်။

*အရက်မူးနေတဲ့ မိန်းကလေးကို အခွင့်အရေး ယူနေတာလား*

ယင်းက ရဲ့လင်းချန်၏ အတွေးထဲ ပထမဆုံး ဝင်လာသည့် အတွေးပင်။ ဤနေရာတွင် အင်တာနက်ကဖေးများ သာမက အနီးအနားတွင် ဘားများ အများအပြား ရှိလေသည်။

ဤအမျိုးသမီးက အရက်မူးနေမှန်း သိသာလှပြီး ထိုယောက်ျားများက သူမကို အခွင့်ကောင်း ယူနိုင်ပြီဟု တွေးနေကြခြင်း ဖြစ်မည်။

*ဒီလိုညအချိန်မှာ ဒီလောက် မူးနေအောင် သောက်တယ်ဆိုတော့ ဒီအမျိုးသမီးက တကယ်ကို … သူ့ကိုယ်သူ မချစ်တတ်ပါလား*

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ သူသည် သူများကိစ္စထဲ ဝင်ပါတတ်သူ မဟုတ်သော်လည်း သူမမျက်နှာပေါ်မှ ဝမ်းနည်းသော အရိပ်အယောင်ကြောင့်အပြင် ဤမိန်းမလှလေး မတရားကျင့်ခံရသည်ကို မကြည့်နိုင်သဖြင့် သူ ရှေ့တိုးသွားသည်။

“လာပါ အလှလေးရဲ့ တစ်ယောက်တည်း သောက်ပြီး မူးနေလို့ ဘာထူးမှာလဲ၊ နည်းနည်း ပျော်ရအောင်လေ”

“ဟားဟားဟား အချိန်ဆွဲမနေနဲ့၊ ငါ မစောင့်နိုင်ဘူး”

“လာပါ အလှလေးရဲ့၊ ငါ မင်းကို‌ သာယာမှုဆီ ခေါ်သွားပေးမယ်”

တဏှာရူးသုံးယောက်က သူတို့၏ မသတီစရာ လက်များကို ဆန့်၍ အတင်းအကြပ် လုပ်ရန် ပြင်နေချိန်တွင် ကျယ်လောင်သော အော်သံက ပေါ်ထွက်လာသည်။

“ရပ်လိုက်စမ်း၊ ကောင်မလေးကို လွှတ်လိုက်”

*ဟမ်*

ထိုလူသုံးယောက်သည် ပထမ၌ ထိတ်လန့်သွားကြသည်။ သို့သော် သူတို့ ရဲ့လင်းချန်ကို မြင်သောအခါ ထိတ်လန့်စိတ် ပျောက်သွားပြီး အထင်သေးဟန် ပေါ်လာ၏။

“အဲ့ကောင် ဘယ်က ရောက်လာတာလဲ၊ သူကများ ငါ့နိဗ္ဗာန်ကို ဖျက်ဆီးချင်တယ်ပေါ့လေ၊ ထွက်သွားစမ်း”

“ဟေ့ကောင်လေး မင်းက သူရဲကောင်းလုပ်ချင်တာလား၊ အဲ့လိုလုပ်ဖို့ မင်းက ညှပ်မနေဘူးလား”

ရဲ့လင်းချန် မျက်နှာက လေးနက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့အားလုံး အခု အသာတကြည် ထွက်သွားမယ်ဆိုရင် ငါ ဘာမှမဖြစ်ခဲ့သလို နေပေးမယ်”

“အသာတကြည် ထွက်သွား ဟုတ်လား၊ အဲ့ဒါ ဘာလဲ”

ထိုလူသုံးယောက် တွေဝေဟန် ပြလာသည်။

“ပြောချင်တာက ထွက်သွားတဲ့”

“ယီးပဲ မင်း သေချင်နေတာပဲ”

“သူကများ ငါတို့ကို လာစိန်ခေါ်နေတဲ့၊ ဒီငချွတ်လေး အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်”

သူတို့သုံးယောက်၏ မျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်လာသည်။ ရဲ့လင်းချန် လက်တစ်ဖက်ကို ရှေ့ဆန့်လိုက်ပြီး ခါးကို မတ်လိုက်သည်။ လေတစ်ချက် အတိုက်တွင် သူ့အဝတ်အစားများ တဖျပ်ဖျပ် လွင့်သွားပြီး သိုင်းပညာရှင်နှင့် တူသွားစေသည်။

“ငါလခွမ်း၊ သူက ငနုံကောင်ပါ၊ သူ့ကိုယ်သူ သိုင်းသမားလို့ ထင်နေတာတော့ မဟုတ်ဘူးမလား”

“ဒီမျိုးမစစ်လေးက ငါတို့ကို ရယ်ပြီး သေစေချင်တာလား”

တစ်ခဏအကြာ၌

“ဘုန်း ဘုန်း ဘုန်း”

သူတို့သုံးယောက်လုံး မြေကြီးပေါ် လဲကျသွားပြီး နဖူးတွင် ဘုများ ထနေကာ နှာခေါင်းကျိုး၍ မျက်နှာ ရောင်ကိုင်းသွားသည်။  သူတို့ သတိလစ်သွားလေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

“သူရဲကောင်း”

ချန်ရှောင်ယန်က အရက်မူးနေသော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို ကြည့်၍ လက်ညှိုးထိုးကာ ပြောလာသည်။ သူမ၏ လှပသော မျက်နှာလေးက ရူးကြောင်ကြောင် ပြုံးလာလေသည်။

“မဟုတ်ဘူး၊ မမှန်သေးဘူး သိုင်းပညာရှင်”

“ဟီးဟီး သိုင်းပညာရှင် …”

တစ်ခဏအကြာတွင် အရက်နံ့နှင့် ရေမွှေးနံ့တို့ ရောနေသော ရနံ့တစ်ခုက ရဲ့လင်းချန်၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး ချန်ရှောင်ယန်က သူ့ရင်ခွင်ထဲ ပြိုကျလာ၏။

“ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မမှာ ဘာမှပြန်ပေးစရာ မရှိဘူး၊ ကျွန်မ ခန္ဓာကိုယ်ကိုပဲ ပေးဆပ်နိုင်မယ်၊ ကျွန်မ သူရဲကောင်းကြီး မငြင်းဘူးလို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် သူမက ဖျော့တော့စွာ ပြုံးနေသည်။

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူ ထွက်သွားချင်သော်လည်း ချန်ရှောင်ယန်အား ဤသို့ ထားခဲ့ရန် မဖြစ်နိုင်ချေ။

သူ့၌ ရွေးချယ်စရာမရှိဘဲ သူမအား အနီးအနားက ဟိုတယ်သို့ ခေါ်သွားလိုက်သည်။ ဟိုတယ် မန်နေဂျာ၏ အကဲခတ်သော အကြည့်အောက်တွင် ရဲ့လင်းချန် အခန်းတစ်ခန်း ရလာသည်။

အချိန်ကို ကြည့်လိုက်သောအခါ ညဆယ်နာရီ ဆယ်မိနစ် ဖြစ်နေသည်။ သူ ယခု ကျောင်းသို့ ပြန်သွားလျင် အဆောင်တံခါး မပိတ်ခင် ပြန်ရောက်လောက်သည်။

သို့သော် ချန်ရှောင်ရန်က ရဲ့လင်းချန်ကို လက်နှစ်ဖက်ဖြင့် ရစ်ပတ် ဖက်တွယ်ထားသည်။

“ယောက်ျားတွေက အမှိုက်တွေ၊ ရှင်လည်း မထူးခြားနားပဲ”

သူမက တီးတိုးပြောဆိုလာသည်။

“တေးရေးဆရာ၊ တေးရေး တေးဆိုသမား၊ ဒါရိုက်တာ၊ ပရိုဂျူဆာ အားလုံးက ကျွန်မနဲ့ အိပ်ချင်နေတာ၊ ဟီးဟီးဟီး အဲ့လူဆိုးကောင်တွေ စိတ်ကူးတောင် ယဉ်လို့မရစေရဘူး၊ ကျွန်မ ထွက်လိုက်ရင် ဘာတတ်နိုင်မှာလဲ၊ ရှင်ကလည်း အမှိုက်ကောင်ဆိုပင်မယ့် သူတို့ထက် ရှင့်ဆီမှာပဲ ကျွန်မကိုယ်ကျွန်မ ပေးပစ်လိုက်မယ်”

ထိုစကားကို ရဲ့လင်းချန် လက်မခံနိုင်ပါ။ သူက ထိုမျှ ဆိုးယုတ်နေသလား။

သူ ခေါင်းခါလိုက်ပြီး ချန်ရှောင်ယန်ကို တွန်း၍ ထွက်သွားရန် ပြင်လေသည်။ သို့သော် သူ့လက်များကို ချန်ရှောင်ယန်က တင်းကြပ်စွာ ဆုပ်ကိုင်လာ၏။

All Chapters