← Chapters

အခန်း (၂၀၉)

Vol. 21 Ch. 209

အခန်း (၂၀၉)

Vol. 21 Ch. 209

''မိန်းမော်မျိုးနွယ်စုက မျိုးနွယ်စုရဲ့ အဖိုးတန်ရတနာဖြစ်တဲ့ ညှို့ယူဝိညာဉ် ကြေးမုံမှန် ကို မင်းဆီ ပေးအပ်ထားမယ်လို့...မထင်ထားဘူး..."

သွေးရောင်ဓားချက်သည် အလွန် စွမ်းအားပြင်းထန်လှ၏။ ယခု တစ်ချီ တိုက်ခိုက်မှုအပြီးတွင် သူသည် အသာစီး မရခဲ့သည့်အပြင် အနည်းငယ်ပင် အထိနာသွားရလေသည်။ ထို့ကြောင့် ရှီမင်အပေါ် အထင်သေးစိတ်များ ပျောက်ကွယ်သွားပြီး သတိထား ဆက်ဆံလာလေသည်။

သူသည် ရှီမင်ကို မသိရှိဘဲ ငရဲကမ္ဘာငယ်လေးတစ်ခုမှ ကျွမ်းကျင်သူတစ်ဦးအဖြစ်သာ ထင်မှတ်ခဲ့သည်။ သို့သော် ရှီမင်၏ စွမ်းရည်များက ဤမျှ အထိပြင်းထန်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

သူ၏ သွေးမျိုးဆက် စွမ်းရည်ဖြစ်သော မိစ္ဆာဥဒေါင်းအကာအကွယ် ကို ထုတ်သုံးခဲ့သော်လည်း မိစ္ဆာဥဒေါင်း၏ ပျက်သုဉ်းခြင်းအလင်းတန်းများသည် လီလီဗီ၏ ညှို့ယူဝိညာဉ် မှန်ကြေးမုံ ထဲသို့ စုပ်ယူခြင်း ခံလိုက်ရ၏။

''လီလီဗီ... မင်းလည်း ခွေးမွေးတတ်နေပြီပေါ့...''

''ငါ့ရဲ့ စွမ်းရည်က မင်းတို့ထက် နိမ့်ကျနေမှတော့ ငါ လက်ခံလိုက်ပါ့မယ်...''

ပြောပြီးသည်နှင့် သူသည် လမ်းဖယ်ပေးရန်ကိုယ်ကို လှုပ်ရှားလိုက်သည်။

လီလီဗီသည် သက်ပြင်းချလိုက်ပြီး ညှို့ယူဝိညာဉ် မှန်ကြေးမုံကို ပြန်လည် သိမ်းဆည်းကာ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် ရှီမင်သည် နေရာမှ မရွေ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျုံးရှန်သည် သူ့အား အမိန့်သစ်တစ်ခု ပေးလိုက်သောကြောင့်ဖြစ်သည်။

'သူ့ကို ဖမ်းပြီး မဟာဥဒေါင်းမင်း ရဲ့ သွေးအနှစ်သာရကို စုပ်ယူလိုက်... ငါ့အတွက် အရမ်း အသုံးဝင်တယ်...'

သူတို့ရှေ့တွင် ရပ်နေသော မော်ပိုင်ဟော်သည် ယန်မော်မျိုးနွယ်စု စစ်စစ် မဟုတ်ပေ။ အစောပိုင်းက သူ ထုတ်ဖော်ခဲ့သော မိစ္ဆာဥဒေါင်းငှက်ပုံရိပ်သည် ငရဲဘုံ၏ အခြားသော ဒဏ္ဍာရီလာ မျိုးနွယ်စုတစ်ခုဖြစ်သည့် မိစ္ဆာဥဒေါင်းမျိုးနွယ်စု၏ မွေးရာပါ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

မော်ပိုင်ဟော်သည် ယန်မော်မျိုးနွယ်စုနှင့် မိစ္ဆာဥဒေါင်းမျိုးနွယ်စုတို့ ပေါင်းစပ်ရာမှမွေးဖွားလာသော သွေးနှောတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ ရုပ်ရည်သည် သာမန် ယန်မော်မျိုးနွယ်များကဲ့သို့ ကြမ်းတမ်းခက်ထန်ခြင်း မရှိဘဲ ချောမွေ့သောအသားအရည်နှင့် မိန်းမဆန်သော ရုပ်ရည်မျိုးရှိနေခြင်း ဖြစ်သည်။

ထို့အပြင် မိစ္ဆာဥဒေါင်းပုံရိပ်ကို ကြည့်ခြင်းအားဖြင့် မော်ပိုင်ဟော်၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာဥဒေါင်းသွေးသည် သန့်စင်ရုံသာမက ဘိုးဘေးများ၏ စွမ်းရည်ကိုပါ ပြန်လည်နိုးထထားပုံရသည်။

မိစ္ဆာဥဒေါင်းမျိုးနွယ်စုသည် ဗုဒ္ဓဝါဒီမှ မဟာဥဒေါင်းမင်းကြီးနှင့် ဆက်စပ်မှု ရှိပေသည်။ မဟာဥဒေါင်းမင်းသည် ဝါရင့်သော ဘုရားလောင်း ဖြစ်ပြီး ထိပ်တန်း တရားလေးပါးထဲမှ တစ်ခုဖြစ်သော ဥဒေါင်းကျမ်းစာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ ထို့ပြင် ဥဒေါင်းမင်းမန္တန် ကဲ့သို့သော မန္တန်များကိုလည်း တတ်ကျွမ်းပြီး မိစ္ဆာများ၊ အဆိပ်များနှင့် ရောဂါဆိုးများကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။

သူသည် မန္တန်တောင်တန်းရှိ သုသိဒ္ဓိကျောင်းတော်တွင် သီတင်းသုံးသော ဘုရားလောင်း ဖြစ်သည်။

မိစ္ဆာဥဒေါင်းခန္ဓာကိုယ် ဆိုသည်မှာ မဟာဥဒေါင်းမင်းကြီး လွတ်မြောက်ခြင်းအဆင့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိချိန်တွင် စွန့်ပယ်လိုက်သော သတ်ဖြတ်လိုစိတ်၊ လောကီအာရုံခံစားမှုများနှင့် ဆိုးယုတ်ကောက်ကျစ်သောစိတ်အစရှိသည့် မကောင်းသော စိတ်အကြွင်းအကျန်များ ဖြစ်သည်။

ထိုမကောင်းသော စိတ်များသည် ဗုဒ္ဓခန္ဓာကိုယ်မှ ခွဲထွက်လာပြီး မိစ္ဆာခန္ဓာကိုယ်အဖြစ် စုစည်းသွားကာ ငရဲဘုံသို့ ကျရောက်သွားပြီးနောက်တွင် မိစ္ဆာဥဒေါင်းမျိုးနွယ်စု ဖြစ်လာခြင်း ဖြစ်သည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး လူသားများကို စားသောက်လေ့ ရှိကြသည်။

နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံသည် ငရဲဘုံကို ချိပ်မပိတ်မီ အချိန်က မိစ္ဆာဥဒေါင်းမျိုးနွယ်စုသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ကျူးကျော်တိုက်ခိုက်ရာတွင် အဓိက အင်အားစုအဖြစ် ပါဝင်ခဲ့သည်။ သူတို့ ပေါ်လာသည်နှင့် ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက်ကို အသုံးပြုကာ မိုင်သန်းချီ ပတ်လည်ရှိ သက်ရှိအားလုံးကို တစ်လုပ်တည်း ဝါးမြိုပစ်လေ့ ရှိ၏။ သို့သော် ထိုအချက်များက အဓိက မဟုတ်ပေ။

အဓိကအချက်သည် မိစ္ဆာဥဒေါင်းမျိုးနွယ်စု၏ ထိပ်တန်းသွေးမျိုးဆက် ပိုင်ရှင်များထံမှ မဟာဥဒေါင်းမင်းကြီး၏ သွေးအနှစ်သာရ တစ်စက်ကို ထုတ်ယူရရှိနိုင်ခြင်းပင် ဖြစ်သည်။

ထိုသွေးအနှစ်သာရသည် ကျုံးရှန်၏ ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော် အရှင်သခင်များအတွက် ကောင်းကင်နဂါးဗုဒ္ဓစွမ်းအား ကို ကျင့်ကြံရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။ ကျုံးရှန်အနေဖြင့် ငရဲသတ္တဝါများအပေါ်တွင် သနားညှာတာရန် မလိုအပ်ချေ။

ထို့အပြင် ဤကုန်းမြေတိုက်သည် ယန်မော်မျိုးနွယ်စုများ ကြီးစိုးသော နေရာဖြစ်သော်လည်း သူတို့၏ အဓိက အခြေစိုက်ရာ နေရာ မဟုတ်ဘဲ ယန်မော်မျိုးနွယ်စုတွင် ယန်မော်ငရဲဘုံဟု ခေါ်သော အလယ်အလတ်ကမ္ဘာလတ်တစ်ခုသီးသန့် ရှိလေသည်။

လက်ရှိတွင် ကျင့်ကြံခြင်း အမြင့်ဆုံးသူသည် သူတို့ရှေ့ရှိ မော်ပိုင်ဟော်တစ်ယောက်သာ ဖြစ်သည်။ လက်ဦးမှုရယူပြီး လျင်မြန်စွာ သတ်ဖြတ်နိုင်လျှင် ပြဿနာ ရှိလာမည် မဟုတ်ပေ။

သခင်ဖြစ်သူ၏ အမိန့်ကို ရရှိပြီးနောက် ရှီမင်သည် တုံဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာနတ်ဘုရားအတုအယောင် အမြုတေကိုနိုးဆွလိုက်ရာ သွေးရောင် သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီးနောက် သွေးစွန်းနေသော ဓားရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ မော်ပိုင်ဟော်၏ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်မှ ထိုးခွဲထွက်ပေါ်လာသည်။

သွေးခန္ဓာ မိစ္ဆာလက်နက်။

ဤသည်မှာ ထိပ်တန်း လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။ သွေးရောင်ဓားရှည်သည် အလွန် ထက်ရှပြီး မော်ပိုင်ဟော်၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် ထိုးဝင်သွား၏။

''ငါ့ကို သတ်ချင်တာလား...''

''အဲဒီလောက် မလွယ်ဘူး...''

မော်ပိုင်ဟော်သည် အစပိုင်းတွင် လန့်သွားသော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

သူသည် ယန်မော်မျိုးနွယ်၏ သခင်လေးဖြစ်သကဲ့သို့ မျိုးနွယ်နှစ်ခု၏ သွေးကို ဆက်ခံထားသူ ဖြစ်ပြီး တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝလှသည်။ အစောပိုင်းက တိုက်ခိုက်မှုသည် လီလီဗီကို ဖိအားပေးရုံ သက်သက်သာ ဖြစ်ပြီး အခြေအနေမကောင်းလျှင် နောက်ပြန်ဆုတ်ရန် ရည်ရွယ်ထားပြီး ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် တစ်ဖက်မှအလျော့မပေးဘဲ ဆက်လက်ဖိအားပေးတိုက်ခိုက်လာခြင်းဖြစ်၍ သူလည်းအစွမ်းကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်လေသည်။

သို့နှင့် သူသည် ကောင်းကင်သို့ မော့၍ အော်ဟစ်လိုက်လျှင် သူ၏ ခန္ဓာကိုယ်သည် မျက်တောင်တစ်ခတ်အတွင်း၌ပင် မိစ္ဆာဥဒေါင်းငှက်ပုံစံသို့ ပြောင်းလဲသွားသည်။ မိစ္ဆာဥဒေါင်းငှက်သည် တစ်ကိုယ်လုံးတွင် မိစ္ဆာမီးတောက်များ တဟုန်းဟုန်း လောင်ကျွမ်းလာကာ အသွင်ပြောင်းလဲမှုသည် မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွား၏။

ထို့နောက် မိစ္ဆာဥဒေါင်းငှက်သည် နှုတ်သီးကြီးကို ဖွင့်လိုက်ရာ ကြီးမားသော စုပ်ယူအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် တွင်းနက်ကြီးတစ်ခု ပေါ်လာသကဲ့သို့ အရာအားလုံးကို စုပ်ယူဝါးမြိုလိုက်တော့သည်။

ဤသည်ကား မိစ္ဆာဥဒေါင်းငှက်၏ ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက် ပင် ဖြစ်၏။ မြို့ထဲရှိ ကံဆိုးသော ယန်မော်မျိုးနွယ်ဝင်များသည် ကောင်းကင်ပေါ်သို့ပျံတက်သွားကာ မိစ္ဆာဥဒေါင်းငှက်၏နှုတ်သီးကြီးထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။ ထိုမိစ္ဆာများသည် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး မော်ပိုင်ဟော်ကို အားဖြည့်ပေးလိုက်လေသည်။

လီလီဗီသည် ဘေးမှ ရပ်ကြည့်နေရင်း နားမလည်နိုင် ဖြစ်သွားရ၏။

မော်ပိုင်ဟော်က အရှုံးပေးပြီး လမ်းဖယ်ပေးနေပါလျက် ရှီမင်က အဘယ်ကြောင့် အသေအကြေ တိုက်ခိုက်နေရသနည်း။

ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက် ထွက်ပေါ်လာသောအခါ လီလီဗီပင်လျှင် ထိုစုပ်ယူအားကို ခုခံရန် ခက်ခဲလာသည်။ မိစ္ဆာဥဒေါင်းငှက်သည် ဗုဒ္ဓ၏ မကောင်းသောစိတ်မှ ဖြစ်ပေါ်လာသူဖြစ်သဖြင့် ငရဲဘုံတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။

ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက်သည် သာမန် မဟုတ်ဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ရှေးဟောင်းဒဏ္ဍာရီလာ သားရဲကြီးလေးကောင်ထဲမှ တစ်ကောင်ဖြစ်သော ထောင်ထျဲ့၏ စွမ်းရည်နှင့် ဆင်တူနေသည်။

သို့သော် ထောင်ထျဲ့၏ ကောင်းကင်ဝါးမြိုခြင်းသိုင်းကွက်နှင့် ယှဉ်လျှင် ကွာခြားချက် ရှိနေသေးသည်။ ကောင်းကင်ဝါးမြိုခြင်းသိုင်းကွက်သည် အရာအားလုံးကို ဝါးမြိုနိုင်ပြီး သစ်ပင်ပန်းမန်များ၊ ကျောက်တုံးသံတုံးများ၊ စွမ်းအင်အမျိုးမျိုးနှင့် ဟင်းလင်းပြင်တို့ကိုပါ ဝါးမြိုချေဖျက်နိုင်သည်။

မိစ္ဆာဥဒေါင်းငှက်၏ ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက်မှာမူ သက်ရှိများကိုသာ ဝါးမြိုရန်အတွက် သီးသန့် ဖန်တီးထားသော သိုင်းကွက်တစ်ခုနှင့် တူနေသည်။

ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက် ထွက်ပေါ်လာသောအခါ ရှီမင်၏ သွေးရောင်ဓားကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ဓားကိုပါ စုပ်ယူဝါးမြိုရန် ကြိုးစားလာသည်။တွင်းနက်ထဲတွင် စုဝေးနေသော စွမ်းအားများသည် အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း ရှီမင်တစ်ယောက် ခံစားလိုက်ရသည်။ အကယ်၍ သူသာ တွင်းနက်ထဲသို့ ကျရောက်သွားပါက မိစ္ဆာနတ်ဘုရားအတုအယောင် အမြုတေရှိနေလျှင်ပင် လွတ်မြောက်ရန် လွယ်ကူမည်မဟုတ်ပေ။

ရှီမင်သည် ဓားကို လှည့်ကာ ဝါးမြိုခြင်းနယ်ပယ်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

'မလောနဲ့... ငါ မင်းကို ကူညီမယ်...'

တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်သောအခါ ရှီမင်တစ်ယောက် စိတ်အေးသွားရသည်။ ထို့နောက်ဓားကို ပြန်လှည့်လိုက်ပြီး တွင်းနက်ထဲသို့ ထိုးစိုက်ချလိုက်၏။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲသို့ မူလနတ်ဘုရားသန္ဓေသား လမ်းကြောင်းမှတစ်ဆင့် အလွန်အားကောင်းသော စွမ်းအားများ စီးဝင်လာကြသည်။ ထိုစွမ်းအားများတွင် ဓာတ်ကြီးငါးပါး သူတော်စင်စွမ်းအားများနှင့် ပြင်းထန်သော ကောင်းကင်နဂါးဗုဒ္ဓစွမ်းအားလည်း ပါဝင်နေသည်။

ထို့ပြင် နို့နှစ်ရောင် သမ်းနေသော စွမ်းအားတစ်မျိုးလည်း ပါဝင်နေပြီး အခြားစွမ်းအားများကို ထိန်းညှိပေးနေ၏။

ရှီမင်သည် ရှီးရွှယ်သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံသူ ဖြစ်ရာ ပုံမှန်ဆိုလျှင် ပြင်ပစွမ်းအားများစွာ ဝင်ရောက်လာပါက စွမ်းအားချင်း ဖီလာဆန့်ကျင်ပြီး ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်သည်။

သို့သော်နို့နှစ်ရောင် စွမ်းအားသည် အလွန် ဆန်းကြယ်ကာ စွမ်းအင်အမျိုးမျိုးကို ပေါင်းစပ်ပေးနိုင်စွမ်း ရှိသောကြောင့် ရှီးရွှယ်သတ်ဖြတ်ခြင်းစွမ်းအား၊ ကောင်းကင်နဂါးဗုဒ္ဓစွမ်းအားနှင့် ဓာတ်ကြီးငါးပါး စွမ်းအားတို့သည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားကြသည်။

ထိုနို့နှစ်ရောင် စွမ်းအားသည် ယွမ်ရှီချီစွမ်းအား ပင် ဖြစ်သည်။ စွမ်းအားများ ပေါင်းစပ်သွားပြီးနောက် စွမ်းအားသစ်တစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုစွမ်းအားသစ်သည် ငရဲဘုံရှိ မိစ္ဆာစွမ်းအားများထက် အဆင့်အတန်း ပိုမို မြင့်မားနေ၏။

ချက်ချင်းပင် ရှီမင်၏ သွေးရောင်ဓားစွမ်းအားသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး မိစ္ဆာဥဒေါင်းငှက်ကြီး၏ နှုတ်သီးအတွင်းသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။

All Chapters