← Chapters

မဟာကျင်းသို့ ထိပ်တန်းပါရမီရှင် (၇)ဦး ရောက်ရှိလာခြင်း

Vol. 3 Ch. 32

မဟာကျင်းသို့ ထိပ်တန်းပါရမီရှင် (၇)ဦး ရောက်ရှိလာခြင်း

Vol. 3 Ch. 32

ဝူတျဲသည် ဘေးတွင် ရပ်၍ ယပ်တောင်ခတ်ပေးနေရင်း မုန့်ချင်ကျိုး၏ ခပ်တိုးတိုး ရေရွတ်သံများကို ကြားရသောအခါ သူ၏ အကြည့်များမှာ ထူးဆန်းသွားတော့သည်။

သူ စိတ်ထဲမှ တွေးနေမိသည်မှာ… အကယ်၍ သခင်လေးသာ လက်ရှိ ဧကရီက သူ၏ဇနီး ဖြစ်ကြောင်း သိသွားခဲ့လျှင် ဒေါသတကြီးဖြင့် ထိုပါရမီရှင် လူငယ်များကို ခေါင်းဖြတ်သတ်ပစ်လေမလား ဟူ၍ပင်။

ခဏမျှ ဝေခွဲမရ ဖြစ်ပြီးနောက် ဝူတျဲသည် ထိုအတွေးကို ပြန်ဖျောက်လိုက်၏။

သခင်လေး၏ ပြတ်သားရက်စက်သော သဘာဝအရ သူ ချစ်မြတ်နိုးရသူအတွက် ဒေါသပေါက်ကွဲကာ ထိုပါရမီရှင် အားလုံးကို သတ်ဖြတ်ပြီး မဟာကျင်းကိုပါ ဘေးဒုက္ခများ ဆိုက်ရောက်အောင် လုပ်နိုင်သည် မဟုတ်ပါလား။

“အမှိုက်ကောင်တွေ...”

နေမင်းအရှင်သခင်ဟု ခေါ်သည့် ဝါကြီးမှာ ရုတ်တရက် သူ၏ ပျင်းရိသော အမူအရာကို ဖျောက်ကာ ကျောကိုကုန်း၊ သွားများကိုဖြဲ၍ သတ်ဖြတ်လိုသော အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။

ဖြောင်း..

မုန့်ချင်ကျိုးက နေမင်းအရှင်သခင်၏ နဖူးကို ရိုက်ထည့်လိုက်ပြီး ငေါက်လိုက်၏။

“ဘာတွေ ငြီးနေတာလဲ”

“....”

နေမင်းအရှင်သခင်မှာ မုန့်ချင်ကျိုးကို အားကိုးရာမဲ့စွာ ကြည့်ပြီးမှ ငြိမ်သက်စွာ ပြန်လှဲသွားတော့သည်။

ကောင်းပြီလေ၊ မင်းရဲ့မိန်းမအတွက် ဒေါသထွက်ပေးမလို့ကို ခင်ပွန်းဖြစ်တဲ့ မင်းကတောင် ခွင့်မပြုဘူးပဲ။

ဘာပဲဖြစ်ဖြစ် ကောင်းကင်ပြိုရင်လည်း အရပ်ရှည်တဲ့သူတွေ ခံမှာပေါ့၊ ငါတော့ ပြန်အိပ်တော့မယ်...

မုန့်ချင်ကျိုးမှာမူ ရှားရှားပါးပါး အားလပ်ချိန်တွင် လက်ဖက်ရည်အစား ဝိုင်ကို တစ်ကိုယ်တည်း သောက်နေသည်။

သူက နတ်ဘုရားအာရုံကို မသုံးနိုင်သော်လည်း ကောင်းကင်မှ ရောက်လာသူများ၏ ရမ်းကားသော အရှိန်အဝါများကို ခံစားနေရသည်။

ဝတ္ထုထဲတွင်မူ...

ဧကရီ၏ မွေးနေ့ပွဲ၌ ပါရမီရှင်များ ရောက်ရှိလာပြီး ဧကရီ၏ အာဏာနှင့် မဟာကျင်း၏ အင်အားကို ရရှိရန်အတွက် သူကို လက်ထပ်ရန် အတင်းအကျပ် စီစဉ်ကြလိမ့်မည်။

မူလဇာတ်လမ်းအရ ဧကရီသည် ထိုပါရမီရှင် (၇)ဦးကို မွေးနေ့ပွဲ ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုခဲ့သည်။

ထိုပါရမီရှင် ခုနစ်ဦးက မဟာကျင်း၏ ပါရမီရှင်များကို အပြတ်အသတ် အနိုင်ယူကာ မွေးနေ့ပွဲတွင် နေရာယူသွားပြီး မဟာကျင်း တစ်ပြည်လုံးတွင် ဧကရီနှင့် ထိုက်တန်သော ယောက်ျားတစ်ယောက်မျှ မရှိဟု ရဲရဲတင်းတင်း ပြောဆိုရင်း အသီးသီး လက်ထပ်ခွင့် တောင်းကြမည် ဖြစ်သည်။

နန်းတွင်းအရာရှိများနှင့် ဧကရီတို့ အကျပ်ရိုက်နေချိန်တွင်မှ...

ဇာတ်လိုက် ကျောက်ကော်က ခန့်ညားစွာ ရောက်ရှိလာပြီး ထိုပါရမီရှင် (၇)ဦးကို ကျင့်စဉ်အဆင့် နှိမ့်ချ၍ တိုက်ခိုက်ခိုင်းကာ အားလုံးကို အနိုင်ယူပြလိမ့်မည်။

“ဒါပေမဲ့ အခုတော့ ဇာတ်လမ်းက ပျက်သွားပြီ။ ကျောက်ကော်နဲ့ ရှုဘုရင်က နတ်ဘုရားမြှုပ်နှံရာ တောင်တန်းမှာ ပိတ်မိနေကြတာ။ အခုဆိုရင် ဧကရီ ချင်းလျူလီကို ဘယ်သူက လာကယ်မလဲဆိုတာ ကြည့်ချင်စမ်းပါသေးတယ်...” မုန့်ချင်ကျိုးက တွေးနေသည်။

မူလဇာတ်လမ်းတွင် ကျောက်ကော်သည် တူညီသော ကျင့်စဉ် အဆင့်ရှိသည့် ပါရမီရှင် (၇)ဦးကို အနိုင်ယူကာ ဧကရီ၏ မျက်နှာသာပေးမှုနှင့် အရာရှိများ၏ လေးစားမှုကို ရယူပြီး သူ၏ အနာဂတ် လွှမ်းမိုးမှုအတွက် လမ်းခင်းနိုင်ခဲ့သည်။

ယခုတွင်မူ ဇာတ်လမ်း ပျက်သွားသဖြင့် ကျောက်ကော်မှာ လမ်းပျောက်နေသော ခွေးတစ်ကောင်လို ဖြစ်နေသည်။ တစ်ပါးသူကို ကယ်တင်ဖို့မဆိုထားနှင့်၊ ကိုယ့်အသက်ကိုယ်တောင် မနည်းလုနေရသည့် အခြေအနေ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်...

စစ်သူကြီးအိမ်တော်၌ အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး မြို့တော်တစ်ဝှမ်း ကြောက်မက်ဖွယ် ဖိအားများ ပြန့်နှံ့သွားသည်။ အလင်းများ ပျောက်ကွယ်သွားချိန်တွင် ကောင်းကင်၌ လူတစ်ဦး ရပ်နေ၏။

ထိုသူမှာ အရပ်(၉)ပေခန့်ရှိပြီး ရှုပ်ပွနေသော ဆံပင်များကို ဆံထိုးဖြင့် ထိုးထားကာ ရုပ်ရည်ကြမ်းတမ်းပြီး ပေါက်ကွဲထွက်မတတ် သန်မာသော ကြွက်သားများကို ဝတ်စုံဖြင့်ပင် မဖုံးဖိနိုင်ပေ။

ပါရမီရှင် (၇)ဦးမှာ ထိုသူကို မြင်သောအခါ မျက်နှာပျက်သွားကြ၏။

“ချင်းဖုန်းဟော်… ခင်ဗျားက နတ်ဘုရားမြှုပ်နှံရာ တောင်တန်းကို သွားနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် မြို့တော်မှာ ရှိနေတာလဲ”

ချင်းဖုန်းဟော်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သတ်ဖြတ်လိုသော လေသံဖြင့် ဆိုသည်။

“ငါမရှိတုန်း လူပြက်တစ်သိုက်က မဟာကျင်းကို လောဘတက်ရဲတယ်ပေါ့၊ အသက် မရှင်ချင်ကြ တော့ဘူးလား...”

မဟာချန်မှ စစ်ရေး ဒုတိယဝန်ကြီး ဝမ်ထန်ကမူ မျက်စိမှေးကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ “ဪ... ဒါက ကိုယ်ပွားတစ်ခုပဲကိုး၊ အလွန်ဆုံးရှိလှ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းလောက်ပဲ ရှိမှာပါ...”

ထိုစကားကို ကြားသောအခါ အခြားပါရမီရှင်များလည်း စိတ်အေးသွားကြသည်။

ကိုယ်ပွားတစ်ခုတည်းကို သူတို့ ဂရုစိုက်စရာ မလိုပေ။ သူတို့ကိုယ်သူတို့ အဆင့်ကျော် တိုက်ခိုက်နိုင်သော ပါရမီရှင်များဟု မှတ်ယူထားကြသည် မဟုတ်ပါလား။

ဝိညာဉ်ငါးပါး မျိုးနွယ်စုမှ တတိယခေါင်းဆောင် ဟွမ်ဟောင်၏ နဖူးတွင် ရွှေရောင်ဦးချိုများ တောက်ပနေ၏။ သူက ရွှေရောင်ပုရွက်ဆိတ်မှ ပြောင်းလဲလာသော မိစ္ဆာတစ်ကောင် ဖြစ်သည်။ ပင်လယ်ဖုံးလွှမ်းနယ်ပယ် နှောင်းပိုင်းရှိသော ဤမိစ္ဆာကြီးသည် ဧကရီကို လက်ထပ်ပြီး လူသား နယ်မြေများကို ဝါးမျိုးရန် ကြံစည်နေသူ ဖြစ်သည်။

“ကျွန်တော်တို့က ဧကရီရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ လက်ဆောင်တွေနဲ့ လာခဲ့တာပါ။ စစ်သူကြီးချင်း... ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ၊ လူသားတွေက သဘောထား သေးသိမ်တယ်လို့ ထင်ရစေတယ်...” ဟွမ်ဟောင်က ကျော့မော့စွာ ပြောလိုက်သည်။

ကျန့်ဝမ်ထျန်း၏ ခြေအောက်ရှိ ပေ(၁၀၀) ရှည်လျားသော ရှေးဟောင်းသံဓားကြီးမှာ တုန်ခါသွားပြီး သူက အေးစက်စွာ ဆိုသည်။

“ကိုယ်ပွားတစ်ခုကများ ကြမ်းတမ်းရဲတယ်ပေါ့။ တစ်ချိန်က ကမ္ဘာကို ဓားတစ်လက်တည်းနဲ့ လွှမ်းမိုးခဲ့ပြီး နိုင်ငံပေါင်းစုံကို ဦးညွှတ်စေခဲ့တဲ့ လျို့ဝှက်ဓားသခင်ကို မေ့နေပြီလား...”

အောက်လိုင် နိုင်ငံမှ စစ်သူကြီးချုပ် ဆွန်ပိုင်ရှန်းက မုတ်ဆိတ်ကို သပ်ရင်း ဟားတိုက်ရယ်မောလိုက်သည်။

“စစ်သူကြီးတစ်ယောက်အနေနဲ့ ဒေါသနောက်ကို လွယ်လွယ်ပါသွားတာ ပညာမရှိရာ ကျတယ်နော်...”

အခြေအနေများ တင်းမာလာပြီး ချင်းဖုန်းဟော်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါများက ဒြပ်ထုတစ်ခုသဖွယ် စုစည်းကာ အာကာသကို တုန်ခါစေတော့သည်။

မြို့တော်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များသည် ချင်းဖုန်းဟော်၏ ဒေါသကြောင့် ဖရိုဖရဲ ဖြစ်လာသည်။

ချင်းဖုန်းဟော်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အေးစက်စွာ ပြောလိုက်သည်။

“ကြွက်စုတ် (၇)ကောင်... ဂုဏ်ပြုပွဲကို အကြောင်းပြပြီး ယုတ်မာတဲ့ ကိစ္စတွေ လုပ်ချင်နေတာလား။ ငါ့ကို အရူးမှတ်နေတာလား...”

“တိုက်ချင်ရင် တိုက်ကြမယ်လေ။ ငါ့ရဲ့ ကိုယ်ပွားလောက်နဲ့တင် မင်းတို့ မနိုင်ပါဘူးကွာ...”

ပါရမီရှင် (၇)ဦး အကြည့်ချင်း ဖလှယ်လိုက်ကြရာ မျက်လုံးများထဲ လှောင်ပြောင်မှုနှင့် အထင်သေးမှုများ ပြည့်နှက်နေသည်။

သူတို့ တစ်ဦးချင်းစီသည် မဟာကျင်းထက် များစွာ သာလွန်သော အင်အားစုများကို ကိုယ်စားပြုသည်။ သူတို့သည် အဝေးကြီးမှ လာခဲ့ကြခြင်းမှာ ဧကရီအတွက်သာ ဖြစ်သည်။

ဧကရီက ထိပ်တန်း အင်အားစု (၇)ခုလုံးကို တစ်ပြိုင်နက်တည်း ရန်စရဲပါ့မလား။

“ဦးနှောက်မရှိတဲ့ လူကြမ်း...” ဝူယာထျန်းဂိုဏ်းမှ အကြီးအကဲချုပ် တွမ့်ဝူချိုက လှောင်ပြောင်လိုက်၏။

ထိုအချိန်မှာပင်...

ဧကရာဇ်နန်းတော်ရှိ ရွှေပလ္လင်ခန်းမအတွင်းမှ အေးစက်သော အပြစ်တင်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။ ထိုအသံသည် ဖရိုဖရဲ ဖြစ်နေသော မြို့တော်၏ ဝိညာဉ်စွမ်းအင်များကို ပိတ်ဆို့ထားသည့် စည်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး လူတိုင်းကို ချက်ချင်း ဖိနှိပ်လိုက်တော့သည်။

ပါရမီရှင် (၇)ဦး၏ မျက်နှာများ ပျက်သွားကြ၏။

ကျန့်ဝမ်ထျန်း၏ ပေ(၁၀၀) ရှည်သော ရှေးဟောင်းသံဓားကြီးမှာ ထိန်းချုပ်မှု လွတ်သွားပြီး အာကာသ အတားအဆီးကို ဖောက်ထွက်ကာ ထွက်ပြေးသွားတော့သည်။

“မဖြစ်နိုင်ဘူး.. ငါ့ရဲ့ အသက်သွေးကြော ဝိညာဉ်ဓားက ဘာလို့ ထိန်းချုပ်မရ ဖြစ်သွားတာလဲ...”

ကျန့်ဝမ်ထျန်း လန့်ဖျပ်သွားပြီး တည်ငြိမ်မှု ပျက်ပြားသွားသည်။

မိုဝူယီ၏ သွေးကြောများထဲတွင် သွေးများ ဆူပွက်လာပြီး မျက်နှာက နီရဲလာကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

“ငါ့ရဲ့ အသွေးအသားတွေက သဟဇာတမဖြစ်တော့ဘူး၊ နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ အခြေခံတွေ တုန်ခါကုန်ပြီ၊ ဧကရီ... မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့...”

ဟွမ်ဟောင်မှာ ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေရသည်။ သူ၏ နဖူးပေါ်ရှိ ရွှေရောင် ဦးချိုနှစ်ချောင်းမှာ အချင်းချင်း ရိုက်ခတ်နေပြီး လူသားပုံစံ ပျက်ယွင်းလုနီးပါး ဖြစ်ကာ မူလရုပ်သွင် ပေါ်လာတော့သည်။

“ရပ်... ရပ်လိုက်တော့”

ဟွမ်ဟောင် ဟိန်းဟောက်လိုက်သည်။

ပါရမီရှင် လူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် သွေးအန်ကုန်ကြသည်။ မြို့တော်ကို လွှမ်းခြုံ ထားသော ဖိအားမှာ တဖြည်းဖြည်း လျော့ပါးသွားပြီး ပျောက်ကွယ်သွားသည်။

ရွှေပလ္လင်ခန်းမမှ ဧကရီ၏ အပြစ်တင်သံ တစ်ချက်တည်းနှင့် ပင်လယ်ဖုံးလွှမ်းနယ်ပယ်ရှိ ပါရမီရှင် ခုနစ်ဦးလုံးကို နှိမ်နင်းလိုက်နိုင်ခြင်း ဖြစ်သည်။

မဟာကျင်း၏ အရာရှိများနှင့် မြို့သူမြို့သားများမှာ အံ့အားသင့်စွာဖြင့် ဧကရီ သက်တော်ရာကျော် ရှည်ပါစေကြောင်း ကြွေးကြော် ဂုဏ်ပြုကြတော့သည်။

“အားလုံး... လက်နက်ဖြုတ်ပြီး တပ်တွေကို ဆုတ်ခွာစေ။ ပြီးရင် ဧကရီကို တွေ့ဖို့ ခန်းမထဲ ဝင်ခဲ့ကြ...”

မိန်းမစိုးတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။

ပါရမီရှင် (၇)ဦးသည် သူတို့၏ မာန်မာနများကို ချိုးနှိမ်လိုက်ရပြီး ရောင့်တက်ရဲခြင်း မရှိကြတော့ပေ။

မဟာချန်အင်ပါယာမှ ဝမ်ထန်ကမူ မျက်လုံးများ တုန်ခါလျက် ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။

“ကောလာဟလတွေက အမှန်ပဲ၊ ဧကရီက အဲဒီအဆင့်ကို ရောက်နေပြီ... နံနက်ခင်းအလင်းနယ်ပယ်ကို ခြေတစ်လှမ်း လှမ်းနေပြီပဲ...”

ဝမ်ထန်သည် ချက်ချင်း ဒူးတစ်ဖက်ထောက်၍ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“မဟာချန်အင်ပါယာမှ သံတမန် ဝမ်ထန်... မဟာကျင်း ဧကရီကို ဂါရဝပြုပါတယ်...”

“ထကြ...”

ဧကရီက အေးစက်စွာ မိန့်ကြားလိုက်သည်။

ဝမ်ထန် ခေါင်းငုံ့လိုက်သည်နှင့် ကျန်ပါရမီရှင် (၆)ဦးမှာလည်း မာန်မာနများကို မဆုပ်ကိုင်ထားရဲတော့ပေ။ သူတို့အားလုံး ဝိညာဉ်စွမ်းအင်များကို ဖယ်ရှားကာ သာမန်လူများကဲ့သို့ ခန်းမထဲသို့ လမ်းလျှောက် ဝင်လာပြီး ဧကရီ၏ ရှေ့မှောက်တွင် ရိုသေစွာ ဒူးထောက်လိုက်ကြသည်။

သူတို့ ယူဆောင်လာသော လက်ဆောင်များကိုမူ ဧကရီက လှည့်ပင်မကြည့်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနကို ဘဏ္ဍာတိုက်သို့ သိမ်းဆည်းရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။

ချင်းဖုန်းဟော်၏ ကိုယ်ပွားကလည်း နောက်မှလိုက်ပါလာပြီး စစ်ဘက် အရာရှိများ၏ ရှေ့ဆုံးတွင် ရပ်လိုက်သည်။

“အရှင်မ... ကျွန်တော် ခရီးဝေးကနေ လာခဲ့တာက မွေးနေ့ကို ဂုဏ်ပြုဖို့တင်မကဘဲ အရှင်မရဲ့ တိုင်းပြည်က လူငယ်တွေနဲ့ လက်ရည်စမ်းချင်လို့လည်း ပါပါတယ်။ တကယ်လို့ ကျွန်တော် ရှုံးနိမ့်ခြင်း မရှိခဲ့ရင် အရှင်မဆီက ဆုတစ်ခု တောင်းဆိုချင်ပါတယ်...” ဝမ်ထန်က ပြုံးလျက် ဆိုသည်။

တုန်းဖန်လျူလီသည် လိုက်ကာ နောက်ကွယ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း ဇာမဏီမျက်ဝန်းများကို မှေးကာ မေးလိုက်သည်။

“မင်းက မွေးနေ့ပွဲ ပြိုင်ပွဲမှာ ပါဝင်ချင်တယ်ပေါ့...”

ပါရမီရှင် လူငယ်အားလုံးက ပြိုင်တူ ပြောလိုက်သည်။ “ကျွန်တော်တို့လည်း တူညီတဲ့ ဆန္ဒရှိပါတယ်...”

ဧကရီ၏ ဘေးတွင် ဓားကိုကိုင်၍ ရပ်နေသော စုချင်ချိုးက တုန်းဖန်လျူလီကို ခေါင်းခါပြရင်း အသံလွှင့် စကားပြောလိုက်သည်။

“အရှင်မ... ဒီလူတွေက မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ လက်ခံလို့ မဖြစ်ပါဘူး။”

တုန်းဖန်လျူလီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဝမ်ထန်နှင့် အခြားသူများ၏ ရည်ရွယ်ချက်ကို ကောင်းစွာ သိသည်။ သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော ဆန္ဒများကို ကြည့်ခြင်းအားဖြင့် သူတို့၏ အကြံအစည်များကို သူ ဖောက်ထွင်း မြင်နေရသည်။

သူတို့က အင်အားစုအသီးသီး၏ အမိန့်အရ လက်ထပ်ခွင့်တောင်းရန် လာကြခြင်းဖြစ်ပြီး တုန်းဖန်လျူလီ၏ ပြိုင်ဘက်ကင်း အလှအပကို မြင်လိုက်ရသောအခါ အားလုံး စိတ်လှုပ်ရှားသွားကြခြင်း ဖြစ်သည်။

“ခွင့်ပြုတယ်...”

တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မဟာကျင်း ဧကရီ...”

ဝမ်ထန်သည် နှုတ်ခမ်းမှ အပြုံးကို မထိန်းနိုင်ဘဲ အလျင်အမြန် ဦးညွှတ်လိုက်သည်။

ပါရမီရှင် (၇)ဦးသည် အချင်းချင်း အကဲခတ်လိုက်သည်။ သူတို့၏ စိတ်ထဲတွင် မဟာကျင်းမှ မျိုးဆက်သစ် လူငယ်များသည် စိုးရိမ်စရာ မဟုတ်ပေ။ အစစ်အမှန် ပြိုင်ဆိုင်မှုမှာ သူတို့အချင်းချင်းကြားတွင်သာ ရှိသည်။

“ဒါပေမဲ့...”

တုန်းဖန်လျူလီက ဆက်ပြောသည်။

“တကယ်လို့ မင်းတို့ ရှုံးနိမ့်ခြင်း မရှိခဲ့ရင် ငါ တောင်းဆိုချက်တစ်ခု လက်ခံပေးမယ်...”

“ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်ယောက် ရှုံးနိမ့်သွားရင်တော့... မဟာကျင်းကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း ဒါမှမဟုတ် တန်ဖိုးတူတဲ့ ပစ္စည်းတွေ ပေးရမယ်...”

“ဥပမာ... နယ်မြေတွေ၊ နတ်ဘုရားအဆင့် ဝိညာဉ်ရတနာတွေ၊ ဂိုဏ်းစောင့် ကျင့်စဉ်တွေပေါ့...”

ထိုစကားကို ကြားသောအခါ...

ပါရမီရှင် (၇)ဦးလုံး လန့်ဖျပ်သွားကြသည်။

မဟာကျင်း ဧကရီမှာ ကောင်းမွန်သော အစီအစဉ် ရှိနေသည်။

အနိုင်ရသူက တစ်ဦးတည်းသာ ရှိနိုင်သည်။ မည်သူပဲ နိုင်နိုင်၊ မဟာကျင်းကသာ အမြတ်ထွက်မည် ဖြစ်သည်။

“ကျွန်တော် သဘောတူပါတယ်”

ဝမ်ထန်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။

အခြား ပါရမီရှင်များလည်း ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသလိုက်ကြသည်။ သူတို့ထဲ မည်သူကများ မိမိကိုယ်ကို ပါရမီရှင်ဟု ယုံကြည်မှုမရှိဘဲ ဒီကမ်းလှမ်းမှုကို ငြင်းပယ်မှာတဲ့လဲ။

“ဒါဆိုရင်...”

တုန်းဖန်လျူလီ စကားစလိုက်သည်။

ရုတ်တရက် ချင်းဖုန်းဟော်က ရှေ့သို့တက်လာပြီး ဖြတ်ပြောလိုက်၏။

“အရှင်မ... ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်...”

“ကျေးဇူးပြုပြီး အခမ်းအနားရေးရာ ဒုတိယဝန်ကြီး မုန့်ချင်းကို ဒီမွေးနေ့ပွဲ တက်ရောက်ခွင့် ပေးပါ...”

ချင်းဖုန်းဟော်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။

မုန့်ချင်းဆိုတဲ့ ကောင်လေး... ဧကရီနဲ့ ကြင်ရာတော်ကြားက သံယောဇဉ်ကို ဝင်စွက်ဖက်ရဲတယ်ပေါ့။ ဒီအဘိုးကြီးက မင်္ဂလာဦး ဇနီးမောင်နှံရဲ့ ဆက်ဆံရေးကို ဘယ်လို ပါးပါးနပ်နပ် ပြန်ဆက်ပေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။

All Chapters