← Chapters

ဝန်ကြီးမုန့်က ဧကရီရဲ့ ကြင်ရာတော်လား

Vol. 3 Ch. 33

ဝန်ကြီးမုန့်က ဧကရီရဲ့ ကြင်ရာတော်လား

Vol. 3 Ch. 33

ရွှေပလ္လင်ခန်းမကြီးအတွင်း တိတ်ဆိတ်မှုက စိုးမိုးလျက်ရှိ၏။ တုန်းဖန်လျူလီသည် နဂါးခေါင်းတပ် လက်တင်ကို လက်ချောင်းလေးများဖြင့် အသာအယာ ခေါက်နေရင်း တည်ငြိမ်စွာပင် ရှိနေသော်လည်း မျက်ခုံးနှစ်ခုကြား၌မူ စိုးရိမ်ရိပ်များ အနည်းငယ် ယှဉ်တွဲလျက် ရှိနေ၏။

“ဒီစစ်သူကြီးက အခု ဘာပြဿနာတွေ ထပ်ရှာဦးမလို့လဲ...”

ဝန်ကြီးမုန့်အား ခန်းမအတွင်းသို့ ခေါ်ယူခြင်းသည် ပြဿနာကို ဖိတ်ခေါ်ခြင်းသာ ဖြစ်မည်ကို သူ သိရှိနေ၏။ ထိုသူသည် နှစ်တစ်ထောင်တွင် တစ်ယောက်သာ ပေါ်ထွန်းသည့် ပါရမီရှင် ပညာရှိတစ်ဦး ဖြစ်သည်ဟု ဆိုစေကာမူ ယခုအချိန်တွင်မူ သာမန်လူသားတစ်ဦးမျှသာ ဖြစ်သောကြောင့် ပါရမီရှင် လူငယ်(၇)ဦးကို ရင်ဆိုင်ရန်မှာ မလွယ်ကူလှပေ။

“မုန့်ချင်းရဲ့ ကျင့်စဉ်က သေးငယ်လွန်းတယ်၊ ဒီလို တာဝန်ကြီးကို သူ မထမ်းဆောင်နိုင်ဘူး။ ငါ ခွင့်မပြုဘူး...” တုန်းဖန်လျူလီက ဆို၏။

ချင်းဖုန်းဟော်သည် ဧကရီ၏ အဆောင်တော်အတွင်း အရှုပ်အထွေးများကို ရှင်းလင်းရန်နှင့် ဧကရီ၏ ကြင်ရာတော်အပေါ်၌သာ သစ္စာစောင့်သိစေရန် အခိုင်အမာ ဆုံးဖြတ်ထားသူ ဖြစ်၏။ ထို့ကြောင့် သူက ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ကာ အသံလေးနက်စွာဖြင့် လျှောက်တင်လိုက်တော့သည်။

“အရှင်မင်းကြီး၊ ဝန်ကြီးမုန့်ကို ဘာသတိပေးချက်မှ မရှိဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ သူက လုံရှန်းဘုရင်ကို ဖမ်းဆီးနိုင်ခဲ့တယ် ဆိုရင်တောင်မှ ဒါက လူအများ လက်ခံနိုင်ဖို့ အတွက် မလုံလောက်သေးပါဘူး...”

“ကျွန်တော်လည်း လက်မခံနိုင်ပါဘူး...”

“ဝန်ကြီးမုန့်ကို ခေါ်ယူပြီး မွေးနေ့ပွဲမှာ ပါဝင်ဆင်နွှဲစေလိုပါတယ်။ ပြီးတော့ တိုင်းပြည်အသီးသီးက သံတမန်တွေနဲ့လည်း ယှဉ်ပြိုင်ခိုင်းစေချင်ပါတယ်...”

ချင်းဖုန်းဟော်သည် “ယှဉ်ပြိုင်” ဆိုသည့် စကားလုံးကို အထူးအလေးပေးကာ ပြောဆို၏။

ဒီကောင်ချောလေးက ဧကရီရဲ့ ကြင်ရာတော်နဲ့အပြိုင် ဧကရီ့ရဲ့ မျက်နှာသာပေးမှုကို လုချင်နေတာလား၊ မင်းကို ငါ ဒီနေ့ အမှန်အတိုင်း ဖြစ်အောင် မလုပ်နိုင်ရင် ငါ့နာမည်ကို ပြောင်းရေးလိုက်မယ်...

ချင်းဖုန်းဟော်၏ မျက်နှာထက်၌ မသိမသာ ပြုံးရိပ်ယောင်သန်းသွား၏။ ဝန်ကြီးမုန့်အား ရှင်းထုတ်နိုင်လျှင် ဧကရီသည်လည်း ကျေနပ်သွားမည်မှာ အမှန်ပင် ဖြစ်သည်။

ခန်းမတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွား၏။ စစ်ဘက်နှင့် အရပ်ဘက် အရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်လျက် ဇဝေဇဝါ ဖြစ်နေကြ၏။ ဧကရီ၏ လက်ရုံးဖြစ်သော စစ်သူကြီးချင်းက အဘယ်ကြောင့် ယနေ့တွင် ဧကရီ၏ ဆန္ဒကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားသနည်း။

“စစ်သူကြီး... သတိထားပါဦး။ နိုင်ငံတကာက သံတမန်တွေ ကြည့်နေကြတယ်၊ ဧကရီ့မျက်နှာကိုလည်း ထောက်ထားပါဦး...” ယုံကြည်ရသည့် အရာရှိတစ်ဦးက အသံလှိုင်းဖြင့် သတိပေးသော်လည်း ချင်းဖုန်းဟော်ကမူ ဂရုမစိုက်ပေ။

“ဘာမှ လာမပြောနဲ့။ ဧကရီနဲ့ ကြင်ရာတော်ရဲ့ အိမ်ထောင်ရေး သာယာဖို့အတွက်ဆိုရင် ငါ့အသက် ပေးရရင်တောင် ဒီကောင်ချောလေးကို ငါ မောင်းထုတ်ရမယ်...” ချင်းဖုန်းဟော်က ပြန်လည် တုံ့ပြန်၏။

ထိုစကားကို ကြားရသောအခါ အရာရှိက အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဒူးထောက်ကာ ဆိုတော့သည်။

“အရှင်မ... ကျွန်တော်လည်း လက်မခံနိုင်ပါဘူး… ဝန်ကြီးမုန့်ကို ခန်းမထဲ ခေါ်ပေးပါ။”

ဧကရီ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်လျက် ရှိနေ၏။ သူသည် အောက်တွင် ဒူးထောက်နေကြသည့် စစ်ဘက်အရာရှိများကို ကြည့်ရင်း ဘာမှမဆိုဘဲ တိတ်ဆိတ်နေ၏။ စစ်ဘက် အရာရှိများသည်လည်း သူတို့ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကာ ပြိုင်တူပင် အော်ဟစ်တောင်းဆိုကြတော့သည်။

“အရှင်မ၊ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး...”

အရပ်ဘက်အရာရှိများသည်မူ ဝန်ကြီးချုပ် ကျန်းစန်းဟိုင်ကို ကြည့်လျက် ဝေခွဲမရ ဖြစ်နေကြ၏။ ကျန်းစန်းဟိုင်က သက်ပြင်းတစ်ချက်ကို အသာအယာချကာ မျက်လုံးများကို မှိတ်ထားသည်။

“အဘိုးကြီးချင်း... နောက် တစ်ခုခုလုပ်မယ်ဆိုရင် ငါ့ကို အရင်တိုင်ပင်ဖို့ မှတ်ထားဦး...” ကျန်းစန်းဟိုင်၏ အသံလှိုင်းက ချင်းဖုန်းဟော်ထံသို့ ရောက်ရှိလာ၏။

ချင်းဖုန်းဟော်ကမူ နားမလည်နိုင်စွာဖြင့် ကျန်းစန်းဟိုင်ကို ကြည့်ကာ စိတ်ထဲမှ မေးလိုက်၏။

“ဘာကို ဆိုလိုတာလဲ...”

ကျန်းစန်းဟိုင်သည် ဒေါသထွက်လုနီးပါး ဖြစ်နေသော ဧကရီကို တစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်ရုံသာ ပြု၏။

အဆောင်တော်ထဲမှာ မီးလောင်နေတာကို နိုင်ငံရဲ့ စစ်ဗျူဟာမှူးဖြစ်တဲ့ မင်းက ဘာမှမလုပ်ဘူး။ နောက်ဆုံးတော့ ငါပဲ ဒီအခြေအနေကို ကယ်တင်ရတာပေါ့။ အမှိုက်ပဲ။ အခု ကြည့်နေလိုက်တော့၊ ငါ ဘယ်လို ပွဲစမလဲဆိုတာ....

ချင်းဖုန်းဟော်က စိတ်ထဲမှ ကြုံးဝါးနေ၏။

တိုင်းပြည်အသီးသီးမှ သံတမန်များသည်လည်း ဤမြင်ကွင်းကို ကြည့်ကာ ဝန်ကြီးမုန့်အကြောင်းကို တိတ်တဆိတ် စုံစမ်းနေကြ၏။ တစ်ရက်အတွင်းမှာပင် သာမန်လူတစ်ယောက်မှ တတိယအဆင့် အရာရှိကြီး ဖြစ်လာသည်ဟူသော သတင်းကြောင့် သူတို့အားလုံး အံ့အားသင့်နေကြ၏။

“အရှင်မ... အဲဒီ ဝန်ကြီးမုန့်ဆိုတဲ့လူက အပြင်ကိုတောင် ထွက်မပြရဲတဲ့အထိ ရုပ်ဆိုးနေလို့လား၊ ထွက်လာခိုင်းလိုက်ပါဦး...” ဝမ်ထန်က လှောင်ပြောင်သည့် လေသံဖြင့် ဆို၏။

ဟွမ်ဟောင်ကလည်း ခပ်အေးအေးပင် ထပ်လောင်းပြောဆို၏။

“မဟာကျင်းကတော့ ပျက်သုဉ်းနေပြီပဲ။ ဧကရီက မျက်မမြင် တစ်ယောက်ကို မျက်နှာသာပေးတယ်၊ ကြင်ရာတော်ကလည်း သာမန်လူသား၊ အခု အချစ်တော်ကလည်း သာမန်လူသား... ရယ်စရာကြီးဗျာ။”

“မိုက်ရိုင်းလှချည်လား...”

ချင်းဖုန်းဟော် ဟိန်းဟောက်လိုက်ပြီး သူ၏ အရှိန်အဝါဖြင့် ဟွမ်ဟောင်ကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်၏။ အခြေအနေသည် ချက်ချင်းပင် တင်းမာလာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ခန်းမအတွင်း ဖုံးလွှမ်းသွားတော့သည်။

ထိုအချိန်တွင် ရွှေပလ္လင်ခန်းမ အပြင်ဘက်၌ တုတ်ကောက်ကို အားပြုကာ တစ်လှမ်းချင်း လျှောက်လှမ်းလာသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ တံခါးစောင့် မိန်းမစိုးသည် ထိုသူကို မှတ်မိသွားကာ အသံကုန်ဟစ်၍ ကြေညာလိုက်တော့သည်။

“ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး မုန့်ချင်... ဝန်ကြီးမုန့် ရောက်ရှိလာပါပြီ။”

တင်းမာနေသည့် အခြေအနေသည် ချက်ချင်းပင် ငြိမ်ကျသွားပြီး အားလုံးက တံခါးဝသို့ လှည့်ကြည့်လိုက်ကြ၏။ ဝတ်စုံပြာဆင်မြန်းကာ မျက်လုံးကို အဝတ်နက်စည်းထားသည့် မုန့်ချင်ကျိုးက နောက်ကျစွာပင် ရောက်ရှိလာ၏။ သူသည် လက်နှစ်ဖက်ကို စုကာ ဦးညွှတ်လိုက်ပြီး ဆို၏။

“အရှင်မ... မုန့်ချင်၊ အရှင်မကို ဂါရဝပြုပါတယ်...”

ထိုအချိန်၌ ချင်းဖုန်းဟော်က ရောက်ရှိလာသောသူကို မြင်လိုက်ရသည့်အခါ ဦးနှောက်တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ ပါးစပ်အဟောင်းသားဖြင့် ကျန်းစန်းဟိုင်ဘက်သို့ တုန်ယင်စွာ လှည့်ကြည့်လိုက်ပြီး ဆိုတော့သည်။

“ငါ... ငါ ပြဿနာရှာမိသွားပြီလား။ ဝန်ကြီးမုန့်ချင် ဆိုတာက တကယ်တော့ ကြင်ရာတော်ကိုယ်တိုင် ဖြစ်နေတာလား...”

All Chapters