← Chapters

ချန်ယွမ်ဓားသူတော်စင်က သေဟန်ဆောင်ပြီး ပါရမီရှင်တွေကို ဓားနဲ့ ရှင်းပစ်လိုက်တယ်

Vol. 3 Ch. 42

ချန်ယွမ်ဓားသူတော်စင်က သေဟန်ဆောင်ပြီး ပါရမီရှင်တွေကို ဓားနဲ့ ရှင်းပစ်လိုက်တယ်

Vol. 3 Ch. 42

“ချန်ယွမ်သေသွားပြီ။ အဖြေက ဆုံးဖြတ်ပြီးပြီ..” တွမ့်ဝူချိုးက သက်ပြင်းချလိုက်၏။ လောကချုပ်ငြိမ်း အမွှေးတိုင်တစ်တိုင် ကျန်နေသေးသည်။ လောဘကြီးသော အကြံအစည်သမားများကို ရင်ဆိုင်ရန် လုံလောက်သည်။

ဝမ်ထန်က ဝမ်းသာအားရ ရယ်မောလိုက်၏။ “ ဒီတော့ ချန်ယွမ်ဓားသူတော်စင်ရဲ့ အရည်အချင်းက ဒါပဲပေါ့။ အစ်ကိုဝူချိုးက သူ့ကို တစ်ယောက်တည်း အနိုင်ယူခဲ့တာ။ ငါတို့ရဲ့ အကူအညီတောင် လိုအပ်မနေဘူး...”

ပါရမီရှင် လူငယ် တော်တော်များများမှာ အချင်းချင်းပြုံးပြနေကြသော်လည်း အားလုံး၏မျက်လုံးများမှာ တွမ့်ဝူချန်၏ လက်ထဲတွင် ရှိနေသော လောကချုပ်ငြိမ်း အမွှေးတိုင် တစ်ချောင်းကို လောဘတကြီး စိုက်ကြည့်နေကြ၏။

တွမ့်ဝူချိုးက တည်ငြိမ်စွာဖြင့် ပြောသည်။ “အားလုံးကို သတိပေးလိုက်မယ်။ ဒီလောကချုပ်ငြိမ်း အမွှေးတိုင်ကို နတ်ဘုရားသင်္ချိုင်းအမွှေးတိုင်လို့ ခေါ်တယ်။ အားလုံးထဲမှာ စွမ်းအား အကြီးဆုံးပဲ။ အချိန်တွေ ကြာသွားခဲ့ပြီ ဆိုရင်တောင်မှ လရောင်ထွန်းလင်းနယ်ပယ်က ကျင့်ကြံသူတွေလောက်ကိုတော့ ခွေးကလေး၊ ဝက်ကလေးလို သတ်ပစ်လိုက်လို့ရတယ်...”

ဝမ်ထန်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “အစ်ကိုဝူချိုး၊ ဘာတွေပြောနေတာလဲ။ ကျွန်တော်တို့က ဘယ်လိုလုပ် လောကချုပ်ငြိမ်း အမွှေးတိုင်ကို လိုချင်ရမှာလဲ...”

“မလိုချင်တာ အကောင်းဆုံးပဲ...” တွမ့်ဝူချိုးက အေးစက်စွာ သရော်လိုက်၏။

ကျန့်ဝမ်ထျန် စကားပြောရင်း ရှေ့သို့ အနည်းငယ်တိုးလာသည်။ “ ဒီအလောင်း ကျွန်တော့်ကို ပေးပါ။ နောက်ပွဲတွေ ကျွန်တော် မပါတော့ဘူး...”

ဝမ်ထန်နှင့် တခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။ “ အစ်ကိုဝမ်ထျန်၊ ယူပါ။”

ကျန့်ဝမ်ထျန်၏ ရည်ရွယ်ချက်ကို အားလုံးက သဘောပေါက်သည်။ သူက ချန်ယွမ်ဓားသူတော်စင်၏ အချိန်နှင့်နေရာလွတ် နတ်ဘုရားအဆင့် ဓားအသိကို လောဘတက်နေကာ အလောင်းကောင်ဆီမှ နားလည်တတ်မြောက်အောင် လုပ်ချင်နေသည်။

သို့ရာတွင် ဝမ်ထန်နှင့် တခြားသူများမှာ ချန်ယွမ်ဓားသူတော်စင် အမှန်တကယ် မသေဘဲ အသက် ပြန်ရှင်လာမည်ကို ပူပန်နေသေးရာ ကျန့်ဝမ်ထျန်အား ရှေ့ထွက်ပြီး စုံစမ်းစစ်ဆေးစေလိုကြသည်။

ကျန့်ဝမ်ထျန်မှာလည်း ထိုအရာအား ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် သူက ချန်ယွမ် ဓားသူတော်စင်၏ အလောင်းတစ်ဝိုက်တွင် ဓားအခင်းအကျင်းအလွှာများ အထပ်ထပ်ချကာ သတိတကြီး ချဥ်းကပ်လိုက်၏။

ကျန့်ဝမ်ထျန်က နတ်ဘုရားသတ်ဖြတ်ခြင်း ဓားအခင်းအကျင်း အလွှာ ၉၉လွှာဖြင့် ဓားကိုင်လျက် မတ်တပ်ရပ်လျက်ရှိသော ချန်ယွမ်ဓားသူတော်စင်အား ဝန်းရံထားသည်။

“ ဒီလောက်ဆို အဆင်ပြေလောက်ပါပြီ...” ကျန့်ဝမ်ထျန်က သူ့ကိုယ်သူ ရေရွတ်လိုက်၏။

ထိုအခိုက်အတန့်တွင် ရုတ်တရက်ပြောင်းလဲမှု တစ်ခုက ဖြစ်ပွားသွားသည်။

အသက်မဲ့နေရမည် ဖြစ်သော ချန်ယွမ်ဓားသူတော်စင်က ရုတ်တရက် ခေါင်းကို မော့လာသည်။

လျင်မြန်သော လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဓားက ကျန့်ဝမ်ထျန်၏ ဦးခေါင်းခွံအား ထိုးဖောက် သွားတော့သည်။

“လောကချုပ်ငြိမ်း အမွှေးတိုင်က တကယ့်ကိုပဲ ခေတ်တစ်ခေတ်ရဲ့ တားမြစ်ပစ္စည်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပါတယ်။ ငါတောင်မှ နည်းနည်းလေး အားစိုက်လိုက်ရတယ်...” ချန်ယွမ်ဓားသူတော်စင်က အနည်းငယ် ရယ်ကာ ဆိုသည်။

ထိုခဏအတွင်းမှာပဲ သူ၏ ဆံပင်ဖြူများမှာလည်း ပြန်လည်မည်းနက်လာကာ အသားအရည်မှာလည်း ကျောက်စိမ်းကဲ့သို့ ဝင်းလက် ပြည့်ဖြိုးလာ၏။

ကျန့်ဝမ်ထျန်၏ မူလဝိညာဥ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကာ သူ၏ သေးငယ်လှသော မူလဝိညာဥ်က ကြောက်ရွံ့ကာ မယုံကြည်နိုင် ဖြစ်နေသည်။ “မင်း မသေဘူးလား။ လောကချုပ်ငြိမ်း အမွှေးတိုင်တောင် မင်းကို မသတ်နိုင်ဘူးလား...”

ချန်ယွမ်ဓားသူတော်စင်မှာ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

အမှန်တကယ်တွင်တော့ တွမ့်ဝူချိုးက လောကချုပ်ငြိမ်း အမွှေးတိုင်အား အသက်သွင်းလိုက်သည့် အချိန် မုန့်ချင်ကျိုး၏ ပင်မခန္ဓာကိုယ်က အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်း ပညာရပ်နှင့် အဆက်အသွယ် ဖြတ်ချလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် အသက်တစ်ရှိုက်သုံးပါးသန့်စင်ခြင်း ပညာရပ်က လွန်စွာ အစွမ်းထက်လှ၏။ ဆက်သွယ်မှုကို ဖြတ်ချလိုက်သည်နှင့် လောကချုပ်ငြိမ်း အမွှေးတိုင် အသစ်စက်စက် မဟုတ်ပါဘဲနှင့် ပင်မခန္ဓာကိုယ်ကို ခြေရာခံရန် မဖြစ်နိုင်ပေ။

ထို့နောက် မုန့်ချင်ကျိုးက သေဆုံးသွားသော ချန်ယွမ်ဓားသူတော်စင် နေရာတွင် အစားထိုးရန် ဒုတိယမြောက် ခန္ဓာအခွံကို အသက်သွင်းလိုက်တော့သည်။

အားလုံး၏ ရှေ့မှောက်တွင် သူက အစစ်ကို အတုဖြင့် အစားထိုးကာ ထိခိုက်ပျက်စီးမှုကို ပြီးပြည့်စုံစွာ လွှဲယူနိုင်လိုက်သည်။

အရေးမပါလှသော ခန္ဓာခွံတစ်ခုက လောကချုပ်ငြိမ်း အမွှေးတိုင်နှစ်ချောင်းအား တားဆီးပေးနိုင်ခဲ့သည်။

အရမ်းကို တန်တဲ့ အလဲအလှယ်ပဲ...

“အခု၊ ငါ့အလှည့်ပဲ...” ချန်ယွမ်ဓားသူတော်စင်က နေရာလွတ်သကို အေးခဲထားကာ ထွက်ပြေးတော့မည့် မူလဝိညာဥ်ကို ညှာတာမှုမရှိ ချေမှုန်းလိုက်သည်။

ကျန့်ဝမ်ထျန်၊ သေသွားလေပြီ။

“ အချိန်စီးဆင်းမှု၊ နှေးစမ်း...” ချန်ယွမ်ဓားသူတော်စင်က အေးဆေးစွာ အမိန့်ပေးလိုက်၏။

စင်မြင့်တစ်ခုလုံးက ရှေးခေတ် ဓာတ်ပုံများကဲ့သို့ အဖြူ၊ အမည်းများ ဖြစ်သွားကာ အနှေးပြကွက်ဖြင့် တစ်ကွက်ချင်း ပြနေသည်။

ရွက်ကြွေများမှာ လေထဲတွင် ရပ်တန့်နေကာ အလွန်နှေးသော အရှိန်ဖြင့် ကြွေကျလာသည်။ တောင်ပံ ခတ်နေသော ငှက်တောင်ပံများမှာလည်း အနှေးကွက် အားကစားပြကွက်များကဲ့သို့ပင်…

သူတို့၏ နယ်ပယ်တွင် ပြိုင်ဘက်ကင်းသော ပါရမီရှင် လူငယ်နှစ်ဦးမှာ အတွေးများ နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ ခန္ဓာတွင်းရှိ ဝိညာဥ်စွမ်းအား စီးဆင်းမှုမှာလည်း လိပ်တွားသွားသကဲ့သို့ပင်။

ချန်ယွမ်ဓားသူတော်စင်၏ အချိန်နှင့်နေရာလွတ် ကွန်ရက်မှာ ကမ္ဘာအသေး တစ်ခုလုံးကိုပင် လွှမ်းခြုံ၍ ထားနိုင်လောက်သည်။

တွမ့်ဝူချိုး၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူ လောကချုပ်ငြိမ်း အမွှေးတိုင်အား မီးညှိ ချင်သော်လည်း အချိန်စီးဆင်းမှုက နှေးကွေးလွန်းလှ၏။

“မင်း…..ငါ…. တို့….ကို….သတ်…လို့…မ…ရ…ဘူး…” တွမ့်ဝူချိုးက စကားပြောရန် ရုန်းကန်နေရကာ စကားတစ်လုံးနှင့် တစ်လုံးကြားတွင် အချိန်အများကြီးခြားနေ၏။

“ငါ…တို့…နောက်…က…အင်…အား…စု..တွေ..က…မ…ဟာ…ကျင်း…ကို…အ…လွတ်…ပေး…မှာ…မ…ဟုတ်…ဘူး...”

ချန်ယွမ်ဓားသူတော်စင်က ဖြည်းညှင်းစွာ လျှောက်လာကာ တွမ့်ဝူချိုး၏ လက်ထဲမှ နတ်ဘုရားသင်္ချိုင်း အမွှေးတိုင်အား ယူလိုက်ပြီး သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။

“ဒါက အနှေးနဲ့အမြန်ပဲ ဖြစ်လာမဲ့ကိစ္စတွေလေ...” ချန်ယွမ်ဓားသူတော်စင်က တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။

ဝတ္ထုတစ်ဝက်ခန့်တွင် ပါရမီရှင် လူငယ်များ၏ အင်အားစုများက မဟာကျင်းအား ကျူးကျော်ရန်၊ နယ်မြေများ သိမ်းပိုက်ရန်နှင့် ဧကရီအား ထိန်းချုပ်ရန် အကြောင်းပြချက် အမျိုးမျိုး ရှာလာကြသည်။

မည်မျှပင် ညှိနှိုင်းရန်ကြိုးစားသည် ဖြစ်စေ၊ အချည်းနှီးသာ ဖြစ်သည်။

“ဝူယာထျန်ဂိုဏ်းရဲ့ တကယ့်ရည်ရွယ်ချက် မဟာကျင်းနိုင်ငံရဲ့ ပထမဧကရာဇ် ချန်ထားခဲ့တဲ့ ရှေးဟောင်း နတ်ဘုရား ရတနာဖြစ်တဲ့ ဧကရာဇ် နဂါးရေကန်ပဲ...” ချန်ယွမ်ဓားသူတော်စင်က တွမ့်ဝူချိုး၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

တွမ့်ဝူချန်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ သရဲမြင်ရသကဲ့သို့ ချွေးစေးများ ပြန်လာ၏။

ဤသည်မှာ ဝူယာထျန်ဂိုဏ်း၏ ထိပ်တန်းလျို့ဝှက်ချက်ပင်။

ချန်ယွမ်ဓားသူတော်စင်က ဘယ်လိုသိတာလဲ...

ချန်ယွမ်ဓားသူတော်စင်က ဆက်ပြီး ပြောသည်။ “ဒါတင်ဘယ်ကမလဲ။ မဟာချင်းက မဟာကျင်းရဲ့ ကံတရား အခွင့်အလမ်းကို လိုချင်နေတာကိုရော၊ သွေးပင်လယ်တိုင်းပြည်က ဧကရီလျူလီရဲ့ မျိုးဆက်ကို လိုချင်နေတာကိုပါ သိသေးတယ်။ သူတို့အားလုံးမှာ ဧကရီကို ကမ်းလှမ်းဖို့အတွက် လျို့ဝှက်တဲ့ အကြံအစည်တွေ ရှိကြတယ်။ ဒါတွေအားလုံးက အပြစ်ကြီးတဲ့ သစ္စဖောက်လုပ်ရပ်တွေဆိုပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်နဲ့ ယှဥ်ရင်တော့ ပမွှားလေးပါ...”

တွမ့်ဝူချိုးသ အလွန်အမင်း ထိတ်လန့်သွားသည်။ သူ၏ မျက်လုံးထဲတွင် ချန်ယွမ်ဓားသူတော်စင်မှာ ငရဲမင်းကြီးအသွင်ပင်။

“ခြိမ်းခြောက်တာတွေက အသုံးဝင်ဦးမယ် ထင်နေသေးလား။” ချန်ယွမ်ဓားသူတော်စင်က ရယ်မောကာ တွမ့်ဝူချိုး၏ နဖူးအား လက်ဖြင့် ထိုးလိုက်သည်။

အချိန်နှင့်နေရာလွတ် ဓားအသိက ကျူးကျော်ဝင်လာကာ သူ၏ ဝိညာဥ်(၇)ခုနှင့် စိတ်ဝိညာဥ်(၆)ခုအား တစ်စစီ ဖြိုခွဲလိုက်သည်။

ဝူယာထျန်ဂိုဏ်း၏ အကြီးအကဲခေါင်းဆောင် တွမ့်ဝူချိုး သေသွားလေပြီ။

“သွေးပင်လယ်ရဲ့ တတိယမြောက်သားတော်၊ သွေးပင်လယ်ဧကရာဇ်ရဲ့ တရားမဝင်သားတော်။ အမေကို အစောကြီးကတည်းက ဆုံးရှုံးလိုက်ရတယ်။ နန်းတော်မှာ အပယ်ခံ။ သူ့ရဲ့ အသက်ပြည့် အခမ်းအနားမှာ ချိတ်စည်းကို ချိုးဖျက်ပြီး သွေးနတ်ဘုရား ခန္ဓာကိုယ်ကို နိုးထစေနိုင်ခဲ့တယ်။ တကယ့်ကို သမားရိုးကျ ဇာတ်ကွက်ကြီး...”

ချန်ယွမ်ဓားသူတော်စင်က‌ နေရာလွတ်ထဲတွင် ဖြတ်လျှောက်ရင်း စကားပြောလာသည်။ ထို့နောက် ဓားကို အေးစက်စွာ မြှောက်လိုက်ကာ ပြောသည်။ “မင်းက သာမန်ဇာတ်ကောင်လေး ဖြစ်နေတာ နှမျောစရာပဲ။ သေလိုက်တော့...”

လက်ချောင်းဓားထဲမှ ကြောက်မက်ဖွယ် ဓားအသိကို ထုတ်လွှတ်ကာ ဓားမုန်တိုင်းကို ဖြစ်ပေါ်စေလျက် မိုဝူယီ၏ ခန္ဓာကိုယ်ကို ကြိတ်ချေလိုက်သည်။

အရိပ်အယောင်မျှ ကျန်ခဲ့လျှင်ပင် သွေးတစ်စက်လောက်သာ ကျန်ခဲ့လျှင်ပင် ဤပြိုင်ဘက်ကင်း ပါရမီ လူငယ်သည် သွေးတစ်စက်ဖြင့်ပင် ပြန်လည်မွေးဖွားလာနိုင်၏။

သွေးပင်လယ် တတိယမြောက်မင်းသား မိုဝူယီ သေသွားလေပြီ။

“စွန်းပိုင်ရှန့်၊ ငါ မင်းရဲ့ တိုက်ပွဲနတ်ဘုရား နည်းစနစ်ကို ငှားပြီး ကြည့်လို့ရမလား” ချန်ယွမ် ဓားသူတော်စင်က ရပ်ကာ စွန်းပိုင်ရှန့်အား ကြည့်လာသည်။

အကြောက်အရွံ့ကင်းသော စွန်းပေရှန်မှာ ယခုအခါ ထိတ်လန့်နေကာ တုန်လှုပ်နေသော မျက်နှာဖြင့် ပြောသည်။ “ဒါဆို…မင်း…ငါ့အသက်ကို…ချမ်းသာပေးမှာလား။”

ချန်ယွမ်ဓားသူတော်စင်က ဘေးအိမ်တွင် နေသော အစ်ကိုကြီး တစ်ယောက်ကဲ့သို့ နွေးထွေးစွာ ပြုံးပြလိုက်သည်။ “ဒါပေါ့...”

စွန်းပိုင်ရှန့်က အပျော်လွန်လျက် နဖူးပေါ်ရှိ လျို့ဝှက်နေရာကို အသက်သွင်းလိုက်သည်။

ရွှေရောင်ရှေးဟောင်းစာအုပ်တစ်အုပ်က ချန်ယွမ်ဓားသူတော်စင်ဆီသို့ မျောလွင့်လာ၏။

“ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါစကားကို ဆုံးအောင် မပြောရသေးဘူးလေ။ ဒါပေါ့... ဘယ်ရမလဲ” .ချန်ယွမ်ဓားသူတော်စင်က တည်ငြိမ်စွာပြောကာ လက်ကို ဝှေ့ယမ်းလိုက်တော့သည်။ ထောင်ချီသော ဓားများက စွန်းပိုင်ရှန့်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားကာ ပျားအုံကဲ့သို့ ဖြစ်လာသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ပြိုင်ပွဲဝင်ပေါ်၌ ဝမ်ထန် တစ်ယောက်တည်းသာ ကျန်တော့၏။

အရှိန်အဟုန်ပြင်းပြင်းဖြင့် ရောက်လာခဲ့သော ပါရမီရှင် (၇)ယောက်တွင် (၆)ယောက် သေဆုံးသွားပြီး ဖြစ်ကာ ဝမ်ထန်သာ ကျစ်ရစ်တော့သည်။

“တိုင်းပြည်(၁၀)ခုရဲ့ ကံတရားကို လုယူတယ်။ သက်ရှိ ကုဋေရာချီရဲ့ ကံတရားကို ခိုးယူထားတယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့နည်းလမ်း။ စိတ်ဝင်စားစရာပဲ...”

ချန်ယွမ်ဓားသူတော်စင်က သက်ပြင်းချလိုက်သည်။

ကောင်းကင်တာအိုကို စိန်ခေါ်သည့် ဤနည်းလမ်းမှာ မည်သူ့ထံကမှ သင်ယူထားခြင်းမဟုတ်ပေ။ ဝမ်ထန် ကိုယ်တိုင် ပင်ပန်းဆင်းရဲစွာ တီထွင်ထားခြင်း ဖြစ်၏။

ဒီကမ္ဘာကြီးမှာ သူရဲကောင်းတွေ များလွန်းနေတာက စိတ်မကောင်းစရာပဲ။ ဝမ်ထန်က သေချာပေါက် ပါရမီရှင်ပဲ။

“ကံမကောင်းစွာနဲ့ပဲ မင်းက ငါ့ကို ရန်စခဲ့တယ်...”

ချန်ယွမ်ဓားသူတော်စင်က နှမျောသည့်ပုံစံကို ပြလျက် ဝမ်ထန်၏ အသက်အား ဓားတစ်ချက်တည်းဖြင့် ရှင်းတော့မည်အချိန် ပြိုင်ပွဲစင်နေရာမှာ လှုပ်ခါသွား၏။

ဝမ်ထန်၏ ခြေဖဝါးအောက်တွင် အက်ကွဲကြောင်း တစ်ခုပေါ်လာကာ ဝဲဂယက်က တစ်ခုက မလှုပ်ရှားနိုင်သော ဝမ်ထန်အား သယ်ဆောင်ထွက်ပြေးသွား၏။

ထွက်မသွားခင် ဝမ်ထန်က စကားသံ ချန်ထားရစ်ခဲ့သည်။

“ငါ..ပြော….ခဲ့….တာ…ပဲ။…ငါ့…ကံ….က...အ..ကန့်…အ..သတ်…မဲ့..တယ်..။.ဘယ်…သူ….မှ..ငါ့ကို…သတ်လို့…မရဘူး...”

“တစ်နေ့ ငါ သေချာပေါက် လက်စားပြန်လာချေမယ်...”

ချန်ယွမ်ဓားသူတော်စင် ကြောင်အသွား၏။ “ ဒါက ဖြစ်ရောဖြစ်နိုင်လို့လား...”

သောက်ရမ်းကောင်းလွန်းတဲ့ကံပဲ...

သေရန် သေချာနေသည့် အခိုက်အတန့်တွင် ဝဲဂယက်တစ်ခုက ဝမ်ထန်အား အဝေးသို့ သယ်ယူသွားသည်။

ချန်ယွမ်ဓားသူတော်စင်က အချိန်ကို ပြန်လှည့်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဤကမ္ဘာငယ်လေးက ဝဲဂယက်ကြောင့် ဖရိုဖရဲ ဖြစ်နေပြီး ဖြစ်ကာ အချည်းနှီးပင်။

သူ၏ လက်ရှိခွန်အားဖြင့် ချန်ယွမ်ဓားသူတော်စင်သည် အတင်းအဓမ္မ အချိန်ကို ပြောင်းပြန်လှန်၍မရပေ။

“ကျောက်ကော်၊ ကျောက်ကော်၊ မင်းကိုယ်မင်း စွမ်းအားလွန် ဇာတ်လိုက်လို့ ခေါ်ရဲသေးတယ်ပေါ့။ မင်းက ဝမ်ထန်လောက်တောင်မှ အစွမ်းအစမရှိဘဲနဲ့...”

ချန်ယွမ်ဓားသူတော်စင်က သက်ပြင်းသာချလိုက်တော့သည်။

All Chapters