← Chapters

ဘုရားရေ၊ ဧကရီက လက်အောက်ငယ်သားကို နှောင့်ယှက်နေတယ်

Vol. 3 Ch. 45

ဘုရားရေ၊ ဧကရီက လက်အောက်ငယ်သားကို နှောင့်ယှက်နေတယ်

Vol. 3 Ch. 45

ချန်ယွမ်ဓားသူတော်စင်သည် စိတ်ရှုပ်ထွေးလျက် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ ပင်လယ်ဖုံးလွှမ်း ‌နယ်ပယ် နှောင်းပိုင်းဖြင့်ပင် ဧကရီ၏ အလစ်ငိုက်တိုက်မှုတွင် အငိုက်မိသွားရသည်။

“မျက်နှာဖုံး ကွဲသွားပြီ...” ချန်ယွမ်ဓားသူတော်စင်သည် မြေကြီးပေါ် နှစ်ပိုင်းကွဲနေသော မျက်နှာဖုံးကို ကြည့်ကာ ပြောလိုက်သည်။ သူကည် ပါးပြင်ကို ထိကြည့်လျက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားလေသည်။

“ အရှင်မ၊ ဒါက ဘာအဓိပ္ပာယ်လဲ...”

တုန်းဖန်လျူလီက ချန်ယွမ်ဓားသူတော်စင်အား စိုက်ကြည့်နေသည်။ အလွန်လှပသော မျက်နှာပင်။

ရွာသားများသာ ရှိနေပါက ချန်ယွမ်ဓားသူတော်စင်၏ မျက်နှာကို ကြည့်ကာ သေချာပေါက် အံ့အားသင့်လျက် “ ဘုရားရေ၊ ဒါက ကူယွဲ့ကောထဲက ကျူးပါကျဲ ရှေးခေတ်ပုံစံပဲ” ဟု ပြောကြလိမ်မည်။

“ငါမှန်းတာ မှားသွားတာလား...” တုန်းဖန်လျူလီက ခဏတာ ကြောင်အနေသည်။ ထို့နောက် သူမ၏ နတ်ဘုရားအသိဖြင့် ချန်ယွမ်ဓားသူတော်စင်အား စစ်ဆေးကြည့်ရာ မူမမှန်သည့်အရာ မတွေ့ရပေ။

ရုံးတော်မှ အရပ်ဘက်စစ်ဘက် အရာရှိများ၊ နိုင်ငံအသီးသီးမှ သံတမန်များနှင့် အင်အားစုအမျိုးမျိုးတို့မှ ကိုယ်စားလှယ်များသည် ချန်ယွမ်ဓားသူတော်စင် ပုံရိပ်ကို တိတ်တဆိတ် မှတ်သားနေကြကာ တစ်ချို့မှာ လျှို့ဝှက်စွာပင် ပုံကြမ်းဆွဲထား၏။

မုန့်ချင်ကျိုးထက် အနည်းငယ်မျှသာ နိမ့်သော ချန်ယွမ်ဓားသူတော်စင်၏ ချောမောသော ရုပ်ရည်ကြောင့် အားလုံး အံ့ဩသင့်နေကာ ဧကရီ၏ ထူးဆန်းသော လုပ်ရပ်ကြောင့် ဇဝေဇဝါ ဖြစ်နေကြသည်။

“အရှင်မ၊ ဘာလုပ်လိုက်တာလဲ။ ချန်ယွမ်ဓားသူတော်စင်က မဟာကျင်းက မဟုတ်ဘူးလေ။ အရှင်မရဲ့ လုပ်ရပ်တွေက နည်းနည်းမသင့်တော်ဘူးလားလို့။” စုချင်းချိုး ထိတ်လန့်ကာ တီးတိုးပြောလိုက်သည်။

တုန်းဖန်လျူလီ - “..”

ငါသူ့ကို အရမ်းအလိုလိုက်မိတာလား။ သူ ငါ့ကို လုံးဝ အလေးအနက် ထားတဲ့ပုံ မပေါ်ဘူး...

ချန်ယွမ်ဓားသူတော်စင်က ဒေါသကြောင့် မျက်ခုံးများ တွန့်ချိုးလာကာ ပြောသည်။ “ဧကရီ၊ ကျွန်တော့်ကို အကြောင်းပြချက်ပေးပါ...”

တုန်းဖန်လျူလီ၏ မျက်လုံးထဲတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ သူသည် အရင်ဆုံး မုန့်ချင်ကျိုး၏ မျက်နှာထားကို လေ့လာကြည့်လိုက်ကာ သူ စိတ်ထဲမထားသည်ကို မြင်တော့မှ စိတ်သက်သာရာရသွားသည်။ ထို့နောက် ပျင်းရိစွာ ပြန်ထိုင်ကာ ခပ်တည်တည်ဖြင့် ပြောသည်။ “ရုံးတော်မှာ လူတွေ မျက်နှာဖုံး တပ်ထားတာ မကြိုက်လို့။ ဒီအကြောင်းပြချက်က မလုံလောက်လို့လား။”

သို့သော် ချန်ယွမ်ဓားသူတော်စင်၏ သာမန်ဟု ထင်ရသော အသွင်အပြင်အောက်တွင် အနည်းငယ် ချိုင့်ဝင်နေသော မျက်လုံးများအား မည်သူမှ သတိမထားမိလိုက်ပေ။

မျက်မမြင်စနစ်က အင်အားကြီးလွန်းရာ သူ၏ ခန္ဓာကိုယ်အား ချိတ်ပိတ်ထားရုံမက ကိုယ်ပွားအားလည်း မျက်မမြင် ဖြစ်စေသည်။

သံသယများ မြင့်တက်လာမည်ကို စိုးရိမ်နေသော မုန့်ချင်ကျိုးက မျက်နှာဖုံး တပ်လိုက်၏။ ဆရာ တပည့်နှစ်ယောက်လုံး မျက်မမြင် ဖြစ်နေသည်မှာ တိုက်ဆိုင်လွန်းလှသည်။

ပြီးခဲ့သည့်ပြိုင်ပွဲအတွင်းတွင် သူ၏ ကိုယ်ပွားသည် ဓားအသိ အားလုံးကို မဖြစ်မနေ ထုတ်လွတ်ခဲ့ရပြီး ကမ္ဘာငယ်လေးတစ်ခုအား လွှမ်းခြုံထားနိုင်သော ကွန်ရက်တစ်ခု ဖြစ်လာကာ သူ့အတွင်းရှိ လှုပ်ရှားမှု အားလုံးကို ခံစားသိရှိနိုင်တော့၏။

“ ချန်ယွမ်၊ မရိုင်းနဲ့လေ...” မုန့်ချင်ကျိုးက ဝင်တားလာသည်။

ထိုစကားကို ကြားသောအခါ ချန်ယွမ်ဓားသူတော်စင်က ဒေါသကို ထိန်းလိုက်၏။ ထို့နောက် အပြုံးမျက်နှာဖုံးအား ပြန်ပြင်ရန် လက်ကို ဝှေ့ယမ်းကာ ပြန်တပ်ပြီးနောက် လေးစားစွာဖြင့် ပြောသည်။ “ဟုတ်ကဲ့ပါ ဆရာ...”

မုန့်ချင်ကျိုးက ဒေါသထွက်လာမည်ကို ဂရုမစိုက်ဘဲ သက်ပြင်းတစ်ချက် ချလိုက်သည်။

ကံကောင်းထောက်မစွာ သူက သတိထား၍ ကိုယ်ပွားအား သူနှင့် ရုပ်အတူတူ မဖန်တီးထားပေ။

မျှော်လင့်ထားသည့်အတိုင်း ချန်ယွမ်ဓားသူတော်စင်၏ မျက်နှာက ဧကရီ၏ သံသယကို တိုးပွားလာစေသည်။ ရှိနေကြသော ပရိတ်သတ်အပေါင်းမှာလည်း အတူတူပင် သံသယဝင်လာကြ၏။

ထို့အပြင် ထိပ်တန်းနတ်ဘုရား ပညာရပ်ဖြစ်သော အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်း ပညာရပ်ကြောင့် သာမန်ပညာရပ်များက ကိုယ်ပွားမှန်း စစ်ဆေးသိနိုင်မည် မဟုတ်ပေ။

“အန္တရာယ်များလိုက်တာ။ ငါ ချန်ယွမ်ဓားသူတော်စင် သရုပ်ကို ဒီမှာကြာကြာထားလို့ မဖြစ်ဘူး။ ဒီပုံနဲ့ ကြာကြာနေလို့ မရတော့ဘူး...”

ပြဇာတ်တိုလေး ပြီးသွားသောအခါ ဧကရီက မုန့်ချင်ကျိုး၏ အကြောင်းကို မသိလိုက်ရဘဲ ထိုကိစ္စအား ထပ်မပြောတော့ပေ။

“ဆက်လုပ်ကြ...” ဧကရီက လက်ကိုဝှေ့ယမ်းကာ ဆိုလာ၏။

အထွတ်အထိပ် လူငယ်(၇)ယောက်နှင့် ချန်ယွမ်ဓားသူတော်စင်၏ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ဧကရီ၏ မွေးနေ့ပွဲ တရားဝင် စတင်တော့သည်။

အရာရှိများနှင့် ဧည့်သည်တော်များ နေရာယူကာ ကပွဲများနှင့် အစားအသောက်များကို သောက်စား ကြတော့၏။ ပွဲတွင် ရေပန်းအစားဆုံးလူမှာ ချန်ယွမ်ဓားသူတော်စင် ဖြစ်ကာ ထို့နောက် ကျန်းစန်းဟိုင်နှင့် မုန့်ချင်ကျိုးတို့ ဖြစ်သည်။

ဧကရီကိုမူကား မည်သူမှ ခွက်မတိုက်ရဲကြပေ။

ချင်းဖုန်းဟော်၏ ပုံရိပ်မှာ ကြမ်းတမ်းကာ အလေးမထားတတ်သူမှန်း လူအများ၏ စိတ်ထဲတွင် စွဲထင်နေသည်။ အဆင့်နိမ့်သူများက သူ့အား ကြောက်ရွံ့လေးစားကြကာ သူနှင့် အာဏာတူ ခွန်အားတူသူများက ကိုယ်ပွားသာ ထိုနေရာတွင် ထိုင်နေသည်ဟု ယူဆကာ အထင်အမြင်သေးလျက် ဖယ်ကြဥ်ကြသည်။

“အသက်ဝင်လိုက်တာ...” ဧကရီက ကျောက်စိမ်းခွက်ဖြင့် နဂါးသွေးအတုဖြင့် ပြုလုပ်ထားသော ဝိုင်ကို သောက်လျက် မျက်လုံးများက ငိုက်စိုက်ကျနေသည်။

“ စိတ်မကောင်းစရာပဲ။ ငါက ဘယ်မှာမှ ဝင်မဆန့်ဘူး။ ဒီအသက်ဝင်မှုက ငါနဲ့ဆိုင်မနေဘူး...”

စပျစ်သီးများ ခိုးစားနေသော စုချင်းချိုးက ပလုတ်ပလောင်းဖြင့် ရေရွတ်လိုက်သည်။ “အရှင်မ မူးနေပြီလား...”

တုန်းဖန်လျူလီသည် စုချင်းချိုးကာ ကြည့်လိုက်ကာ ခေါင်းအနည်းငယ်ခါလိုက်သည်။ “ အရူးမလေး...”

“ငါသက်သက်လုပ်နေတာ။ ငါ့နယ်ပယ်မှာဆို အရက်မူးဖို့က ခက်တယ်လေ...”

“ဒီဟာကို အခွင့်ကောင်းယူပြီး ခဏနားမလို့။”

သုံးဝိုင်းခန့် သောက်ပြီးနောက် အားလုံး အနည်းငယ် ထွေလာပြီဖြစ်သည်။

နောက်တစ်ခုမှာ ပင်လယ်ဖုံးလွှမ်းနယ်ပယ်အောက်ရှိ သိုင်းကျင့်ကြံသူများ ပြိုင်ပွဲ ဖြစ်သည်။ ထိပ်တန်းဆု (၁၀)ခုအတွက် ယှဥ်ပြိုင်ကြခြင်းဖြစ်၏။ ထူးချွန်သော စွမ်းရည်ရှိသူများက တော်ဝင်ဆုလဒ်များနှင့် အခွင့်အလမ်းများ ရရှိနိုင်သည်။

ဝန်ကြီးမုန့်နှင့် ဧကရီအား တုပလျက် လူငယ်များစွာက မျက်လုံးကို စည်းကာ ဓားရှည်များဖြင့် ဟန်ရေး ပြကြ၏။

အစိမ်းရောင်ဝတ် ဓားသမားက မျက်လုံးကို အမည်းရောင် ပိုးသားစစည်းကာ စင်ပေါ် ခုန်တက်လာကာ အော်ဟစ်လိုက်သည်။

“ မျက်မမြင်ဓားသမား၊ တိမ်တက်နယ်ပယ် အလယ်အလတ်အဆင့်။ ကျုပ်ကို သင်ပြပေးကြပါဦး...”

သူနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အင်္ကျီများ ပြုတ်ထွက်လုမတတ် ကြွက်သားများဖြင့် တောင့်တင်းနေသော လူက မျက်လုံးစည်းလျက် ထွက်လာသည်။

“မျက်မမြင်လက်သီး၊ တိမ်တက်နယ်ပယ် အလယ်အလတ်အဆင့်၊ ကျွန်တော်ကို သင်ကြားပေးပါဦး။”

ထို့နောက် လူအုပ်ထဲမှ တစ်ယောက်ယောက်က မေးခွန်းထုတ်လာ၏။ “မင်းက အကြားအမြင်ရနေတဲ့ လုမင်မလား။ ဘယ်တုန်းက မျက်လုံးကန်းသွားတာလဲ..”

ဗလနှင့်လူ ဒေါသထွက်သွား၏။ “ ငါက မွေးကတည်းက မမြင်တာ။ ငါက မျက်မမြင် လက်သီးဘုရင်ပဲ။”

ဟာသပြဇာတ်ကဲ့သို့ပင်။ ပါဝင်ယှဥ်ပြိုင်သူပေါင်း တစ်သောင်းကျော်တွင် တစ်ဝက်ခန့်က မျက်မမြင် ဟန်ဆောင်ကာ ကြားဝါနေကြ၏။

အများစုက တိုက်ခိုက်နေရင်း မျက်လုံးစည်း ပြုတ်ကျသော လှပကာ ကြီးမားသော မျက်လုံးများ ပေါ်လာတော့သည်။

စိတ်ရှုပ်ထွေးနေသော ဧည့်သည်တော်များက မနေနိုင်တော့ဘဲ မေးလာကြသည်။ “ မဟာကျင်းမှာ မျက်လုံးကန်းတာကို လှတယ်လို့ ယူဆကြတာလား...”

“မဟုတ်ပါဘူး။ ဧကရီက မျက်မမြင်တဲ့ ချောမောတဲ့ ယောက်ျားတွေအပေါ် မျက်စိကျတယ်လို့ ဟောလဟာလ ရှိတယ်လေ။ ပြိုင်ပွဲဝင်တွေက သူ့ဆီက စိတ်ဝင်စားမှုကို ရချင်နေတာ။ ဒါပေမဲ့ ဒါတွေက အလကားပါ။ သူတို့က ဝန်ကြီးမုန့်နဲ့ ဧကရီယောက်ျားတို့ကို မတုပခင် ကိုယ့်ကိုကိုယ် အရင်ဆုံး ပြန်ကြည့်သင့်တယ်။” တစ်ယောက်ယောက်က ထူးဆန်းစွာပြောလ၏။

ချင်းဖုန်းဟော်၏ မျက်နှာမှာ မည်းမှောင်နေသည်။ သူက လက်သီး ကို ခပ်တင်းတင်း ဆုပ်ထားကာ အံကြိတ်ထားသည်။

ရှက်စရာကောင်းလိုက်တာ...

“အရှင်မ၊ ကျွန်တော်သွားပြီး ဖြေရှင်းလိုက်ရမလား...” ချင်းဖုန်းဟော် ဒေါသထွက်လာကာ ဧကရီအား အသံပို့လွှတ်လိုက်သည်။

တုန်းဖန်လျူလီက အရက်သောက်နေရင်း ပြုံးကာ ပြောလိုက်သည်။ “ မလိုဘူး။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကိုက ငါ့ကို ပျော်အောင်လုပ်ဖို့လေ။ အဲဒီသတင်းတွေက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ငါထင်တယ်...”

ချင်းဖုန်းဟော် - “...”

မူးနေပြီဖြစ်သော တုန်းဖန်လျူလီက ပန်းရောင်လျှာလေးဖြင့် နှုတ်ခမ်းကို သပ်ကာ အခုထိ အစားစားနေဆဲ မုန့်ချင်ကျိုးကို ယစ်မူးစွာ ကြည့်နေလေးသည်။

“လာ ငါနဲ့လာသောက်...”

အသံတစ်ခုက မုန့်ချင်ကျိုးထံ ပျံ့လွင့်လာသည်။ သားရဲကြီးတစ်ကောင်၏ ခြေထောက်အား ကိုက်နေရင်း သူ တုန်လှုပ်သွား၏။

စကားကို ဒီလိုမြှူဆွယ်တဲ့ လေသံနဲ့ပြောပြီး ဆွဲဆောင်ဖို့ ကြိုးစားနေတာ ဘယ်သူလဲ...

ဘယ်သူလဲဟ...

“ချစ်အရာရှိလေး၊ ဧကရီနဲ့ လာသောက်ပါ....”

မုန့်ချင်ကျိုး၏ မျက်လုံးများ ပြင်းထန်စွာ လှုပ်ခါသွားသည်။

ငါလား... ဧကရီဆီကိုလား...

မာနကြီးပြီး လွှမ်းမိုးတတ်တဲ့ ဧကရီမှာ ဒီလိုဘက်ခြမ်းလည်း ရှိသေးတာလား။

ပုလ္လင်ပေါ် မျက်နှာမူလျက် မုန့်ချင်ကျိုးက သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ကျွန်တော်မျိုးပါလား...”

“ ဟုတ်တယ်၊ မင်းပဲ။ ငါနဲ့လာသောက်...”

စိတ်မရှည် ဖြစ်လာသော တုန်းဖန်လျူလီက အနီရောင်ခန်းဆီးစနောက်မှ ထွက်လာကာ မုန့်ချင်ကျိုးကို ဧကရီထိုင်ခုံဆီ ဆွဲခေါ်လိုက်သည်။

ဧကရီ၏ မျက်နှာက နီရဲနေပြီး ညှို့ယူတတ်သော ခန္ဓာကိုယ်က ထိုင်ခုံပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး နဂါးပလ္လင်၏ လက်မောင်းပေါ်တွင် ခေါင်းမှီထားကာ သူ၏ အနက်ရောင်ဆံပင်များက ပန်းချီကား တစ်ချပ်ကဲ့သို့ မြေပြင်ပေါ် ပြန့်ကျဲနေပြီး အဝတ်အစားတွေက ခန္ဓာတစ်ဝက်ကို ဖုံးအုပ်ထားသော်လည်း သူ၏ ဆွဲဆောင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

မျက်စိမမြင်ရသော မုန့်ချင်ကျိုးမှာ စိတ်ရှုပ်ထွေးနေ၏။

ဘာတွေဖြစ်ကုန်တာလဲ...

ဧကရီက သူ့ရဲ့ လက်အောက်ငယ်သားကို အနှောင့်အယှက်ပေးနေတယ်။

All Chapters