မင်းက အထက်ဘုံမှာ ပုန်းနေရုံနဲ့ ငါမင်းကို မသတ်နိုင်ဘူးလို့ မဆိုလိုဘူး
Vol. 23 Ch. 264
"ခရမ်းရောင်နန်းတော်အဆင့်မှာပဲ ရှိနေတာကို ကောင်းကင်ဘုံသို့ခြေခြောက်လှမ်းရှိတဲ့ မဟာအုပ်စိုးရှင်တစ်ယောက်ရဲ့ အသက်နဲ့ သေခြင်းတရားကို ထိန်းချုပ်ရတာ... ဒီခံစားချက်က တကယ်ကို နှစ်သက်ဖို့ကောင်းတယ်"
သံချေးတက်နေသောစက်ရုပ်ငှက်က ပြောလိုက်သည်။ ၎င်း၏အသံမှာ အလွန်နားငြီးစရာကောင်းပြီး မိမိ၏အောင်မြင်မှုအသေးအဖွဲလေးအပေါ် သာယာနေသည့် လူဖျင်းတစ်ယောက်၏ လေသံမျိုးဖြင့် ပြည့်နှက်နေ၏။
ကျိယွမ်သည် တိတ်ဆိတ်နေပြီး ငှက်ကိုသာကြည့်နေ၏။ သူစကားမပြောမီမှာပင် စက်ရုက်ငှက်က အားရစွာ ဆက်ပြောပြန်၏။
"လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်တုန်းကလည်း ငါ့နောက်ကို လိုက်လာတဲ့ ခြေလှမ်းခြောက်လှမ်းအဆင့် ခွန်အားကြီးသူတစ်ယောက် ရှိခဲ့ဖူးတယ်။ ဟဲဟဲ... အဲ့ဒီတုန်းက ငါက ခရမ်းရောင်နန်းတော်အဆင့်ပဲ ရှိသေးပေမဲ့ သူ့ကို ကောင်းကောင်းကြီး အရသာခံခဲ့တာ။"
" သူက သူ့ရဲ့မိသားစုနဲ့ သားစဉ်မြေးဆက်တွေကို လက်မလွှတ်နိုင်ခဲ့ဘူးလေ ။ ငါ့ဆီအညံ့ခံခဲ့တာပေါ့ ၊ ဒါပေမဲ့ ကံမကောင်းတာက သူသေပြီးတဲ့နောက်မှာ ငါက သူ့မိသားစုတစ်ခုလုံးကို မတော်တဆ သတ်မိသွားတယ်"
စက်ရုပ်ငှက်က ကျိယွမ်အားမောက်မာစွာ ထပ်ပြောသည်။
"မင်း စိုးရိမ်နေတာ၊ မင်း ဒေါသထွက်နေတာကို ငါသိတယ်၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မင်း ဘယ်လောက်ပဲ စိုးရိမ်နေပါစေ... မင်း ငါ့ကို နာကျင်အောင်မလုပ်နိုင်ဘူးလေ ၊ ဟားဟားဟား"
ငှက်က အားရပါးရ ရယ်မောလိုက်လေသည်။
ကြီးကျယ်သော ပုဂ္ဂိုလ်များကို ကစားရခြင်းနှင့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များကို လှောင်ပြောင်ရခြင်း ခံစားချက်မှာ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှ၏။
ယခုကဲ့သို့သော အံ့ဖွယ်ဖန်တီးမှုနှင့်ဆိုလျှင် ဒဏ္ဍာရီလာအဆင့်တစ်ဦးပင်လျှင် သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပါ။
(အံဖွယ်ဖန်တီးမှုဆိုသည်မှာ အဆင့်မြင့်ရုပ်သေးအတတ်ပညာဖြင့်ပြုလုပ်ထားသော စက်ရုပ်များကို ခေါ်၏)
"ငါ ဒီကို မလာခင်မှာ မင်းရဲ့အချက်အလက်တွေကို စုံစမ်းခဲ့တယ်။ မင်းက... ကျောက်စိမ်းပြားပေါ်မှာ တစ်ယောက်ယောက်က မင်းကို စော်ကားလိုက်တာနဲ့ အဲ့ဒီလူနောက်ကို တကယ့်လက်တွေ့ဘဝအထိ လိုက်ပြီး ရှင်းတတ်တဲ့လူဆို ဟုတ်လား။ အခု ငါက မင်းကို ဒီလိုမျိုး စော်ကားနေပြီပဲ၊ မင်းဘာလို့ ထိုက်ဟွမ်နန်းတော်ကို လာပြီး ငါ့ကို သင်ခန်းစာမပေးတာလဲ"
စက်ရုပ်ငှက်၏ ထိန်းချုပ်သူ လီချိုးရှန်က လှောင်ပြောင်လိုက်ပြန်သည်။
"အိုး... ဆောရီး၊ ငါမေ့သွားတယ်။ မင်းက ကန်းလန်ဘုံထဲက ဝက်တစ်ကောင်ပဲ။ ပထမအချက်က မင်း အထက်ဘုံကို မရောက်နိုင်ဘူး၊ ဒုတိယအချက်က မင်း သေတော့မယ် ၊ ငါ့ကို ဘယ်လိုတုန့်ပြန်နိုင်မှာလဲ ၊ သနားစရာပဲ "
ကျိယွမ်က မျက်လုံးများကို မှေးပြီး ပုခုံးတွန့်လိုက်သည်။
"မင်းသေရင် သက်သက်သာသာသေလို့ရအောင် အမှောင်နေမင်းရဲ့ ဌာနချုပ် ဘယ်မှာလဲဆိုတာ ဘာလို့ ငါ့ကို မပြောပြတာလဲ"
စက်ရုပ်ငှက်သည် ခေတ္တမျှ ရပ်တန့်သွားပြီး တဟားဟားရယ်မော၏။
"မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ၊ ဒါမှမဟုတ် မင်း လက်ရှိအခြေအနေကို နားမလည်သေးတာလား"
လေ့မိသားစု၏ စစ်သူကြီးလေးယောက်ကို စိတ်ကြိုက်စေခိုင်းထားနိုင်သဖြင့် လီချိုးရှန်သည် ပြိုင်ဘက်ကင်း အနေအထားတွင် ရှိနေနှင့်ပြီဟုပင် ဆိုနိုင်သည်။
ထို့ပြင် အံ့ဖွယ်ဖန်တီးမှုအတွင်း၌ ရှိနေခြင်းကြောင့် သွေးဝတ်စုံ ဓားနတ်ဘုရားသည် သူ့ကို လုံးဝ မထိခိုက်စေနိုင်ပါ။
သူ၏ စစ်မှန်သောခန္ဓာကိုယ်မှာ အထက်ဘုံ၌ ဘေးကင်းစွာ ရှိနေ၏။
ဤအံ့ဖွယ်ဖန်တီးမှုကို ကောင်းကင်ဘုံအားလုံးအပေါ် ရောင်ပြန်ဟပ်နိုင်သည့် ဒဏ္ဍာရီအဆင့်အထွတ်အထိပ်တစ်ဦးက ဖန်တီးထားခြင်းဖြစ်ပြီး ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားတစ်ပါးက စစ်ဆေးပေးထားခြင်း ဖြစ်သည်။
အောက်ဘုံမှ ဒဏ္ဍာရီလာအဆင့်ရှိသူတစ်ဦးက တိုက်ခိုက်လာလျှင် သူ့ကို နာကျင်စေရန် အံ့ဖွယ်ဖန်တီးမှုကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ကန်းလန်ဘုံမှာ ပိတ်ဆို့ခံထားရသော ကမ္ဘာတစ်ခု ဖြစ်သောကြောင့် ဒဏ္ဍာရီလာအဆင့်လည်း မရှိနိုင်ချေ။
လီချိုးရှန်သည် အကြွင်းမဲ့ ယုံကြည်မှု ရှိနေ၏
ကျိယွမ်၏ အကြည့်များသည် စက်ရုပ်ငှက်၏ ခန္ဓာကိုယ်မှ အခြားအစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားပြီး နောက်ထပ် အချက်အလက်များက သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
သူသည် ထိုငှက်ရုပ်၏အားနည်းချက်များကို ရှာဖွေနေခြင်း ဖြစ်သည်။
သူက စက်ရုပ်ငှက်အားကြည့်ကာ တုန့်ပြန်လိုက်သည်။
"ငါ့ရဲ့ ယုံကြည်မှုကိုမေးတာလား ၊ ငါ့ရဲ့ယုံကြည်မှုက ငါ့ရဲ့ ခွန်အားကနေ လာတာပေါ့"
လေ့မိသားစု၏ စစ်သူကြီး လေးယောက်နှင့် ရင်ဆိုင်နေရသော်လည်း ကျိယွမ်သည် ထူးထူးခြားခြား တည်ငြိမ်နေဆဲပင်။
စက်ရုပ်ငှက်လီချိုးရှန်က ဟာသတစ်ခုအလား ရယ်မောလိုက်သည်။
"ဒါဆိုရင် စိတ်ဝိညာဉ်နဲ့ တူတဲ့ အဲ့ဒီခွန်အားကြီးသူဆိုတဲ့ မင်းရဲ့ ဝှက်ဖဲကို ငါ့ကို ပြစမ်းပါဦး"
ကျိယွမ်၏ ဝှက်ဖဲမှာ ကောင်းကင်ဘုံသိူ့ခြေခြောက်လှမ်းအဆင့် အထွတ်အထိပ်ရှိ ခွန်အားကြီးသူတစ်ဦး ဖြစ်ကြောင်း သူ သိနှင့်ပြီးသားပင်။
၎င်းမှာ နတ်ဘုရားဝိညာဉ်နှင့် တူသော်လည်း နတ်ဘုရားဝိညာဉ် မဟုတ်သော စိတ်ဝိညာဥ်လေးတစ်ခုသာ ဖြစ်လေသည်။
သူသည် ကျိယွမ်၏ လှည့်ကွက်များကို မြင်နှင့်ပြီးသားဖြစ်၏။
ထိုအချိန်မှာပင် လေ့မိသားစုစစ်သူကြီး လေးယောက်၏ ခံစားချက်ကင်းမဲ့သောအကြည့်များက ကျိယွမ်အပေါ်သို့ ကျရောက်လာသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်တွင် မိုးကြိုးများ ထစ်ချုန်းလာပြီး အားကောင်းသော နတ်ဘုရားနယ်ပယ်တစ်ခု ပေါ်ထွက်လာ၏။
ပြင်းထန်သောမိုးကြိုးနယ်ပယ်ကြီးက ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ကျိယွမ်သည် ထိုမြင်ကွင်းကို ခြိမ်းခြောက်မှုဟု ထည့်မတွက်ပါ။
သူ၏မျက်လုံးများက စက်ရုပ်ငှက်ပေါ်၌သာ စိုက်ကြည့်နေသည်။
"ငါ့ရဲ့ ဝှက်ဖဲက စိတ်ဝိညာဉ်တစ်ခုပဲလို့ ဘယ်သူပြောလဲ။ ငါ့မှာ... နှစ်ခု ရှိတာလည်း ဖြစ်နိုင်တာပဲ "
ထိုသို့ပြောပြီးသည်နှင့် ကျိယွမ်က တီးတိုး ရွတ်ဆိုလိုက်သည်။
"ဟဲဟဲ.. ယန်ယန်၊ ကလေးငယ်လေး ပုန်းကွယ်ရာမှ ထွက်ပေါ်လာစေ၊ ငါ့အမိန့်ကို နာခံ၊ မကောင်းဆိုးဝါး အားလုံးကို နှိမ်နင်းစေ"
ချက်ချင်းလိုလိုပင် ကျိယွမ်၏အမိန့်သံနှင့်အတူ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံသို့ခြေခြောက်လှမ်း အထွတ်အထိပ်အရှိန်အဝါများ ထွက်ပေါ်နေသော အစွမ်းထက် ပုံရိပ်နှစ်ခုက ဟင်းလင်းပြင်နယ်မြေထဲ၌ ထင်ဟပ်လာ၏။
သူတို့၏ မျက်လုံးများကလည်း လေ့မိသားစုစစ်သူကြီးများကဲ့သို့ မှေးမှိန်နေသော်လည်း ကျိယွမ်၏ ရှေ့တွင် လေးစားမှုပြသရန်တော့ မမေ့ကြပါ။
"အရှင့်ရဲ့ အမိန့်အတိုင်းပါပဲ"
ချက်ချင်းဆိုသလိုပင် နတ်ဘုရားနယ်ပယ်များ ပွင့်ထွက်လာပြီး
တိုက်ပွဲ စလိုက်ကြသည်။
အဝေးတွင်ကြည့်နေသော စက်ရုပ်ငှက်၏ မျက်လုံးများတွင် အံ့အားသင့်သွားသော အမူအရာတစ်ခု လက်ခနဲ ပေါ်လာ၏။
"မင်းမှာ တခြားဝှက်ဖဲတစ်ခု ရှိနေသေးတာလား။ ဒါက မျှော်လင့်မထားတဲ့ ကိစ္စပဲ"
သို့သော်လည်း ပြဿနာမရှိပါ ။ အရာအားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။
"ဂျိမ်း.."
"ဂျိမ်း...ဂျိမ်း.."
မဟာအုပ်စိုးရှင်ခြောက်ပါး ပြင်းထန်စွာတိုက်ခိုက်နေကြပြီး သူတို့၏ နတ်ဘုရားနယ်ပယ်များမှာ အပြန်အလှန် ပွတ်တိုက်နေကြသည်။
ကျိယွမ်၏ စိတ်ဝိညာဥ်နှစ်ခုသည် လေ့မိသားစု၏ စစ်သူကြီး လေးယောက်ထဲမှ မည်သူထက်မဆို ပိုမိုအားကောင်းသော နတ်ဘုရားနယ်ပယ်များ ရှိ၏။
သို့သော် လေ့မိသားစု၏ စစ်သူကြီး လေးယောက်သည် သူတို့၏ နတ်ဘုရားနယ်ပယ်များကို ပေါင်းစပ်ထားကြပြီး သူတို့၏ စုပေါင်းစွမ်းအားမှာ ကြီးမားလှသဖြင့် တိုက်ခိုက်မှုတွင် အသာစီးရရန် လုံလောက်လေသည်။
ဟင်းလင်းပြင်နယ်မြေတစ်ခုလုံး၌ လျှပ်စီးများနှင့် ရွှေရောင်အလင်းတန်းများ တဂျိမ်းဂျိမ်းမြည်ဟည်းကာ လှည့်ပတ်နေပြီး နယ်ပယ်တစ်ခုလုံးမှာလည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သာမန် ယင်နတ်ဘုရားတစ်ပါးသာ ဤနေရာသို့ ဝင်လာမည်ဆိုလျှင် သူတို့သည် တိုက်ပွဲကြားတွင် ညပ်ပြီး ချက်ချင်းပင် အပိုင်းပိုင်း ပြတ်သွားနိုင်၏။
"မင်းရဲ့ ဝှက်ဖဲက မျှော်လင့်မထားတာ မှန်ပေမဲ့... ဒီအတိုင်းဆိုရင် သူတို့အားလုံး သေဖို့ သိပ်မကြာတော့ဘူး"
လီချိုးရှန်က ကျိယွမ်အားခနဲ့လ်ုက်သည်။
ကျိယွမ်တွင် ဝှက်ဖဲနှစ်ခု ရှိနေခြင်းကတော့ သူ၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
"မင်းရဲ့ဝှက်ဖဲတွေက ငါ့ကိုအံသြသွားစေတာတော့မှန်ပါတယ် ၊ ဒါပေမဲ့ အနိုင်ယူဖို့တော့ မလုံလောက်သေးဘူး .ဟားဟား ဟားဟားဟား "
ထိုအရာက သူ့အားအံ့သြစေသော်လည်း အနိုင်ယူရန်တော့ မလုံလောက်သေးပါ။
တဟားဟားအော်ရယ်နေသော စက်ရုပ်ငှက်အား ကြည့်ကာ ကျိယွမ်က စိတ်ပျက်စွာ ခေါင်းယမ်း၏။
"တိုက်ပွဲက မပြီးသေးဘူး၊ ဘာမဆို ဖြစ်နိုင်တယ်..."
" အနိုင်အရှုံးက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံဆင့်ပေါ်မှာပဲ မူတည်နေမယ်ဆိုရင် ဘာလို့ တိုက်ခိုက်နေဦးမှာလဲ။ ကျင့်ကြံဆင့်မြင့်တဲ့သူက အမိန့်ပေးလိုက်တာနဲ့ အဆင့်နိမ့်တဲ့သူတွေက ခေါင်းဖြတ်ပေးနေရမှာပေါ့ ၊ အဲဒါဆို တကယ်ပဲပျင်းစရာကောင်းနေလိမ့်မယ်"
နတ်ဘုရားနယ်ပယ်နှစ်ခု၏ တိုက်ပွဲက အလွန်ပြင်းထန်နေသော်လည်း ကျိယွမ်သည် ထိုတိုက်ပွဲနှင့်မသက်ဆိုင်သော အပြင်လူတစ်ယောက်ကဲ့သို့ တည်ငြိမ်နေပြီး စက်ရုပ်ငှက်ကိုသာ စောင့်ကြည့်နေသည်။
"မင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမဲ့ ကံမကောင်းတာက မင်းက အန္တရာယ် အရမ်းများလွန်းတယ်။ မဟုတ်ရင် မင်းကို အထက်ဘုံကို ခေါ်သွားပြီး ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားဖို့ ငါ့ဆရာကို တောင်းဆိုမိမှာပဲ"
လီချိုးရှန်က ရယ်မောရင်း အထက်စီးမှပြောလိုက်သည်။
သူ၏စကားသံကြောင့် ရုတ်တရက် ကျိယွမ်၏ နှာခေါင်းကအနည်းငယ် လှုပ်သွား၏။
ဒီကောင် မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာပဲ။
လီချိုးရှန်သည် အမှန်တကယ်ပင် အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနေခြင်း ဖြစ်သည်။
ကန်းလန်ဘုံမှ ကျင့်ကြံသူများသည် သူ၏ လက်လှမ်းမီရာတွင် မရှိပါ။
သူအားကိုးနေသော သူ၏ဆရာပင်လျှင် ကန်းလန်ဘုံမှ တစ်စုံတစ်ယောက်ကို အထက်ဘုံသို့ ခေါ်မသွားနိုင်ချေ။
"မင်းလို အဓိပ္ပာယ်မရှိတာတွေ ပြောတတ်တဲ့သူတွေကို ငါတော်တော်သဘောမကျဘူး "
ကျိယွမ်က သူ၏နှာခေါင်းကို ပွတ်ရင်းမှ လီချိုးရှန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်း ငါ့ကို သဘောမကျဘူးဆိုရင် ငါ့ကို ရအောင်သတ်ကြည့်ပါလား၊ ဟားဟား ဟားဟား "
စက်ရုပ်ငှက်က ကျိယွမ်အား ကစားစရာတစ်ခုလို လှောင်ရယ်နေ၏။
ကျိယွမ်က သူ့အားသတ်ချင်နေသော်လည်း ဘာမှမလုပ်နိုင်ဖြစ်ပြီး ဆွေ့ဆွေ့ခုန်နေသည်ကို မြင်ရလေ သူကပို၍ သဘောကျလေပင်။
ကျိယွမ်က အေးစက်စွာပြုံးလိုက်သည်။
"မင်းဆန္ဒကို ငါ သေချာပေါက် ဖြည့်ဆည်းပေးမှာပါ"
"မင်းက ငါ့ထက်တောင် ပိုပြီး ခေါင်းမာနေပါလား၊ ဒါပေမဲ့ ကံမကောင်းတာက... ကြည့်စမ်း၊ မင်းရဲ့ ဝှက်ဖဲနှစ်ခုက ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။ အသက်ရှူအကြိမ် သုံးရာလောက်လား ၊ ဒီထက်နည်းသွားရင်တော့ စိတ်မကောင်းစရာပဲ ဟားဟား ဟားဟား "
လီချိုးရှန်က လှောင်ပြောင်ပြီးရင်း လှောင်ပြောင်နေ၏။
ယင်နတ်ဘုရားများအကြားမှ တိုက်ပွဲမှာ အချိန်ကြာမြင့်လေ့မရှိပါ ။
နှစ်ပေါင်း ရာချီ၊ ထောင်ချီ ကြာမြင့်သော တိုက်ပွဲများသည် ခရမ်းရောင်နန်းတော်အဆင့်များကြားတွင်သာ ဖြစ်ပေါ်တတ်၏။
"ဘယ်သူက နိုင်မယ်ဆိုတာ မသေချာသေးပါဘူး"
ကျိယွမ်သည် တည်ငြိမ်စွာဖြင့် ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။
မဟာအုပ်စိုးရှင်များကြားမှ တိုက်ပွဲတွင် ဆန်းပြားသော နည်းစနစ်များ မရှိဘဲ နတ်ဘုရားနယ်ပယ်များ၏ ထိပ်တိုက်တွေ့ဆုံမှုသာ ရှိသည်။
လီချိုးရှန်၏စက်ရုက်ငှက်က သက်တမ်းရင့်နေသော ဆရာကြီးတစ်ဦးလို သက်ပြင်းချ၏။
"ငါ အရမ်း သိချင်နေတယ်၊ မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲဆိုတာ "
သို့သော် လီချိုးရှန်က တစ်ဖက်လူ၏ အမူအရာမှာ ဟန်ဆောင်နေခြင်းမျိုး မဟုတ်သည်ကိုတော့ သတိပြုမိသည်။
"ဒါမှမဟုတ် မင်းမှာ တခြားဝှက်ဖဲ ရှိနေသေးတာလား။ရှိတယ်ဆိုရင် အမြန်သုံးလိုက်တာ ကောင်းမယ်။"
"ဘာလို့ဆို လေ့မိသားစုရဲ့စစ်သူကြီး လေးယောက် သေသွားရင်တောင် ငါက နောက်ထပ် လူတွေထပ်လွှတ်ဦးမှာမို့လို့လေ"
လီချိုးရှန်အတွက် လေ့မိသားစု၏ စစ်သူကြီး လေးယောက်မှာ ကစားစရာ အရုပ်ကြီး လေးရုပ်သာဖြစ်သည်။
"မင်း ဘယ်သူ့ကိုမှ လွှတ်ပေးဖို့ မလိုပါဘူး။ အမှောင်နေမင်းရဲ့ ဌာနချုပ် ဘယ်မှာလဲဆိုတာသာ ပြောပြပါ၊ ငါကိုယ်တိုင်ပဲ သွားလိုက်ပါ့မယ် ၊ မင်းအလုပ်ရှုပ်သက်သာသွားတာပေါ့"
ကျိယွမ် ဤမျှအထိ သည်းခံပြီး စကားများပြောနေခြင်းမှာ သူသိချင်သောအရာကို မသိရသေးသောကြောင့်သာ ဖြစ်၏။
ဒီငှက်စုတ်ထဲကကောင်ကို ငါတကယ်သတ်ချင်နေပြီ ။
"မင်းက လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီးထင်နေတာပဲ "
" အမှောင်နေမင်းရဲ့နေရာကို မင်းသိသွားတော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ။
အဲ့ဒါက... ယူထျန်းနယ်မြေရဲ့ ဖုန်းလိုင်တောင်ကြားမှာ ရှိတယ် ၊ ကဲ ..မင်းဘာလုပ်နိုင်လဲ ၊ ပြောစမ်း "
လီချိုးရှန်က ကျိယွမ်၏ ဘဝမြင့်နေသော အမူအယာကို ကြည့်မရဖြစ်ကာ အမှောင်နေမင်း၏တည်နေရာအား ဖွင့်ပြောလိုက်တော့သည်။
ဒီနေရာကတောင် အသက်ရှင်လျှက် မထွက်နိုင်မဲ့ကောင်က သိသွားတော့ရော ဘာလုပ်နိုင်မှာမို့လဲ။
"ကျေးဇူးပဲ ၊ လိပ်စာကို သိပြီဆိုတော့ ဒီပျင်းစရာကောင်းတဲ့ တိုက်ပွဲကိို အဆုံးသတ်သင့်ပြီ"
ကျိယွမ်၏ မျက်လုံးများထဲ၌ ထက်မြက်သောအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ခုနလေးတင် သူသည် ထိုငှက်စုတ်၏အားနည်းချက်ကို ရှာတွေ့ခဲ့ထားပြီးသားဖြစ်ရာ ယခုအချိန်မှာ အဆုံးသတ်ရတော့မည့် အချိန်ပင်။
"မင်းက အသေခံတော့မယ်ပေါ့လေ "
လီချိုးရှန်ကတော့ ဝံ့ကြွားသော အမူအရာ ရှိနေဆဲဖြစ်ပြီး လေသံမလျော့သေးပေ။
"မလောပါနဲ့။ ငါ လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက်ကို ရှင်းပြီးတာနဲ့ နောက်ထပ် မင်းဆီကို လာခဲ့ပါ့မယ်"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟားဟား ဟားဟား ၊ မင်းက ငါ့ကို မင်းအလွယ်တကူ သတ်နိုင်တဲ့ အဲ့ဒီအားနည်းတဲ့သူတွေနဲ့ အတူတူပဲလို့ တကယ်ကြီး ထင်နေတာလား"
ကျိယွမ်က သူ့အားမတုန့်ပြန်တော့ပါ ။သူက အာရုံစ်ုက်လျှက် တီးတိုးရွတ်ဆိုလိုက်၏။
ယခုတစ်ကြိမ်တွင် သူက စိတ်ဝိညာဥ်လေးခုအား တစ်ပြိုင်နက်တည်း ခေါ်ထုတ်သည်။
ထိတ်လန့်ဖွယ်ကောင်းသော ပုံရိပ်လေးခုမှာ မည်သည့်နေရာကမှန်းမသိရဘဲ ရုတ်တရက် ထွက်ပေါ်လာ၏။
သူတို့မှာလည်း ရုပ်သေးများနှင့် တူကြပြီး၊ ခံစားချက်ကင်းမဲ့သောမျက်နှာများနှင့် ဗလာဖြစ်နေသော မျက်လုံးများ ရှိကြသည်။
လေးယောက်လုံး၏အရှိန်အဝါကလည်း ပထမနှစ်ယောက်ကဲ့သ်ု့ပင် ကြောက်မက်ဖွယ်ကောင်း၏။
"သတ်.."
ကျိယွမ်၏ တိုးညင်းသောအမိန့်သံအဆုံး၌ မဟာအုပ်စိုးရှင်ခြောက်ပါးသည် လေ့မိသားစုစစ်သူကြီး လေးယောက်ကို တစ်ပြိုက်နက်တိုက်ခိုက်လေတော့သည်။
"ခြောက်ယောက် လေးယောက်လား"
လီချိုးရှန်၏ အပြုံးမှာ ခေတ္တမျှ ပျက်ယွင်းသွားသည်။
"ဒီလိုခွန်အားကြီးတဲ့သူတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။ မင်း ငါ့ကို တကယ်ပဲ အံ့သြသွားစေတယ်၊ ဒါပေမဲ့ ဒါက ဒီလောက်ပါပဲ"
ဘာပဲဖြစ်ဖြစ် သူသည် ပြိုက်ဘက်ကင်း အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။
ဟင်းလင်းပြင်ထဲ၌ နတ်ဘုရားနယ်ပယ်ခြောက်ခုက စစ်သူကြီးလေးယောက်၏ စုပေါင်းနယ်ပယ်ကို အညှာအတာမရှိ ဖိနှိပ်နေသဖြင့် လေ့မိသားစုစစ်သူကြီး လေးယောက်၏ နတ်ဘုရားနယ်ပယ်များမှာ ဆက်တိုက် ပြိုလဲလာသည်။
"မင်းတို့အစွမ်းက ဒါလေးပဲလား"
ကျိယွမ်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး
ရုတ်တရက် လှုပ်ရှားလိုက်ရာ သူ၏အရှိန်မှာ ပေါက်ကွဲထွက်လာသည့်အလား မြန်ဆန်သွားသည်။
သူက တိုက်ခိုက်နေကြသော မဟာအုပ်စိုးရှင်များကြားမှ ဖြတ်သန်းသွားပြီး စက်ရုပ်ငှက်ကို ဖမ်းချုပ်လိုက်၏။
"လာစမ်း.."
စက်ရုက်ငှက်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် လှောင်ပြောင်လိုက်သည်။
"ဒါဆို မင်းအခုထိ ကြံစည်နေတာက ငါ့ကို ဖမ်းဖို့ပေါ့ ဟုတ်လား။
ဒါပေမဲ့ မင်း ငါ့ကို တကယ် ဖမ်းမိသွားပြီလို့ ထင်နေတာလား။"
" ဆောရီးပဲ၊ ငါက ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ပဲ ဖြစ်နေပေမဲ့ မင်းက ငါ့ကို သတ်ဖို့ အရည်အချင်း မရှိပါဘူး။ မင်း မလုပ်နိုင်ဘူး"
"အိုး... တကယ်လား"
ကျိယွမ်က ဖော်ရွေစွာပြုံးပြကာ ငှက်ရုပ်အား ပိုပြီး ပြင်းပြင်းထန်ထန် ညှစ်လိုက်၏။
မပျက်စီးနိုင်ဟု ယူဆထားသော အံ့ဖွယ်ဖန်တီးမှုသည် ရုတ်တရက် ကွဲအက်သွားလေသည်။
လီချိုးရှန် အံ့အားသင့်သွားပြီး ထိတ်လန့်တကြားအော်ဟစ်မိသွား၏။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ကောင်းကင်ဘုံးအားလုံးအပေါ် ရောင်ပြန်ဟပ်နိုင်သည့် ဒဏ္ဍာရီအဆင့် ခွန်အားကြီးသူတစ်ဦးက ဖန်တီးထားပြီး ယန်နတ်ဘုရားတစ်ပါးက စစ်ဆေးထားသော အံ့ဖွယ်ဖန်တီးမှုက အဘယ့်ကြောင့် အလွယ်တကူ ကျိုးပျက်သွားလေသနည်း။
ဒဏ္ဍာရီအဆင့် ခွန်အားကြီးသူတစ်ဦးပင်လျှင် ထိုသို့ မလုပ်နိုင်သင့်ပါ။
ထိတ်လန့်စွာတွေးနေစဉ်မှာပင် လီချိုးရှန်သည် ပြင်းထန်သော မီးတောက်များက သူ့ကို ဝါးမြိုနေသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
သူ၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားသည်။
"မင်း ငါ့ကို တကယ် အံ့သြသွားစေတယ်၊ အံ့ဖွယ်ဖန်တီးမှုကို ဖျက်ဆီးလိုက်တာပေါ့၊ ဒါပေမဲ့... သာမန် နေမင်းမီးတောက်လေးက ငါ့ကို နာကျင်စေနိုင်မယ်လို့ မင်းထင်နေတာလား"
ဒါက သူ၏ အသိစိတ်ဝိညာဥ်အပိုင်းအစတစ်ခုသာ ဖြစ်သည်။ ၎င်းသည် လုံးဝ လောင်ကျွမ်းသွားလျှင်ပင် အထက်ဘုံရှိ သူ၏ စစ်မှန်သောခန္ဓာကိုယ်ကို ထိခိုက်စေမည် မဟုတ်ပါ။
"သွေးဝတ်စုံဓားနတ်ဘုရား၊ ငါ အမှောင်နေမင်း ဌာနချုပ်မှာ မင်းကို စောင့်နေမယ်"
လီချိုးရှန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"နောက်တစ်ခါ ငါ မင်းကို သတ်ပြီးတဲ့နောက်မှာ သွေးဝတ်စုံမဟာမိတ်အဖွဲ့ကို လည်း ဖျက်ဆီးပစ်မယ်၊ ပြီးတော့ မင်းရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ငါ ကောင်းကောင်းကြီး ပြုစုပေးပါ့မယ်၊ ဟားဟားဟားဟား"
စကားဆုံးသည်နှင့် သူအသိစိတ်သည် အံ့ဖွယ်ဖန်တီးမှုမှ ထွက်ခွာသွားခဲ့သည်။
ကျိယွမ်၏ အကြည့်က နက်နဲနေပြီး လီချိုးရှန်၏ ခြိမ်းခြောက်မှုများကို ဂရုမစိုက်ပါ။
" ငါ အမှောင်နေမင်းကို ဖျက်ဆီးတာကို မင်းမြင်ရမှာ မဟုတ်လို့ နှမြောစရာပဲ"
သူ့ကို အသက်ရှူအကြိမ် ရာပေါင်းများစွာကြာအောင် လှောင်ပြောင်နေခဲ့သောရန်သူကို အသက်ရှင်ခွင့်ပေးထားမည် မဟုတ်ပါ။
ကျိယွမ်သဘာဝအရ သူသည် လီချိုးရှန်အား နေရာတွင်ပင် အမှုန့်ကြိတ်ပစ်မှာ သေချာ၏ ။
"မင်းက အထက်ဘုံကို ပြန်သွားရုံနဲ့ ဘေးကင်းသွားပြီလို့ ထင်နေတာလား။"
ဒါက ချီယွမ်ကို အထင်သေးနေခြင်းပင် ဖြစ်သည်။
ကျိယွမ်သည် အွန်လိုင်းမှ ရန်သူများကို ခြေရာခံရာတွင် အမြဲတမ်း ကျွမ်းကျင်အဆင့်ရှိသူ ဖြစ်၏။
အခြားတစ်ဖက်ရှိ ယူဆာက အထက်ဘုံ၌ ရှိနေစေကာမူ ၎င်းမှာ အရေးမကြီးပါ။
သူက ပျက်စီးသွားသော ငှက်ရုပ်ကိုတစ်ချက်ကြည့်ပြီးနောက် ဟင်းလင်းပြင်ထဲမှ တိုက်ပွဲဆီသ်ု့ လှမ်းကြည့်လိုက်သည်။
စိတ်ဝိညာဥ်ခြောက်ခုက တစ်ပြိုင်နက် တိုက်ခိုက်နေခြင်းကြောင့် လေ့မိသားစု စစ်သူကြီးလေးယောက်၏ နတ်ဘုရားနယ်ပယ်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ပြိုလဲနေပြီး၊ သူတို့ ခုခံနိုင်ရန် ရုန်းကန်နေရလေပြီ။
ကျိယွမ်သည် လေ့မိသားစု၏ စစ်သူကြီး လေးယောက်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငြိမ်းချမ်းစွာ အနားယူကြပါ"
သူသည် လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်များမှာ တုန်ခါသွားပြီး ကြီးမားသော စွမ်းအားတစ်ခုက သူ၏လက်ဖဝါးထဲတွင် စုစည်းလာသည်။
သူက လက်ဝါးကို အနည်းငယ် တွန်းထုတ်လိုက်လေ၏။
ထိုတွန်းအားက စစ်သူကြီးလေးပါး၏ ကိုယ်ထည်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။
သူတို့၏ နတ်ဘုရားနယ်ပယ်များက ပျက်စီးနေပြီဖြစ်ရာ သူတို့တွင် ခုခံရန် ဘာမှ မကျန်တော့ပါ။
သူတို့၏ ကြီးမားသော ကိုယ်ထည်များမှာ တစ်ခုစီပြုတ်ကျလာသော်လည်း သူတို့၏ မျက်လုံးများမှာ အသက်မဲ့နေဆဲ ဖြစ်သည်။
"လောကဆီကို ပြန်သွားကြပါ"
ကျိယွမ်၏ အသံက ဟင်းလင်းပြင်နယ်မြေထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။
စစ်သူကြီး လေးယောက်၏ ကိုယ်ထည်များ အစိတ်စိတ်ပြိုကွဲပျက်စီးသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲကာ လောကဆီသို့ အမှန်တကယ် ပြန်ရောက်သွားကြ၏။
သူတို့သည် သေဆုံးပြီးနောက်တွင် ရန်သူများ၏ ကျွန်အဖြစ် အသုံးချခံရတော့မည် မဟုတ်ပါ။
"ပွဲက မပြီးသေးဘူး"
လေ့မိသားစု၏စစ်သူကြီး လေးယောက်ကို ဖြေရှင်းပြီးနောက်တွင် ကျိယွမ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အလင်းတန်းတစ်ခု ပေါ်လာသည်။
"မင်းက အထက်ဘုံကို ပြန်ရောက်သွားရုံနဲ့ ငါက မင်းနောက်ကို ခြေရာခံပြီး မခုတ်နိုင်ဘူးလို့ ထင်နေတာလား။
အင်တာနက်ကိုသန့်စင်ခြင်းက ငါ့ဆီကနေ စတင်တယ်ဆိုတာ မင်းမသိသေးဘူးပဲ"
ကျိယွမ်က ကောင်းကင်အား မော့ကြည့်လိုက်ရာ ဟင်းလင်းပြင်ကိုဖြတ်ကျော်ပြီး ကောင်းကင်ရှိ သူ၏အမြုတေကို မြင်လိုက်ရသည်။
အမြုတေကို ငါ့ဆီပဲ ခေါ်လို့ရတယ်လို့ ဘယ်သူကပြောလဲ။
သူသာ ကိုဩဒိနိတ်များကို သိရှိမည်ဆိုလျှင် ၎င်းသည် သူချိန်ရွယ်ထားသော နေရာသို့ တိကျစွာ ထိမှန်နိုင်သည် မဟုတ်ပါလား။
"ငှက်စုက်ထဲကကောင် ငါလာပြီ.."
...........
အလယ်အလတ်ဆင့်ကောင်းကင်ဘုံသုံးပါးတွင်ပါဝင်သော ဆဋ္ဌမကောင်းကင်ဘုံတွင်ဖြစ်သည်။
(ကောင်းကင်ဘုံကိုးထပ်ကို အဆင့် ၃ ဆင့်ခွဲထားသည် ။ တစ်ဆင့်တွင် ကောင်းကင် ၃ ထပ် ပါဝင်၏။ ၁ထပ်မှ ၃ ထပ်ထိကို တစ်ဆင့်၊ ၄ ထပ်မှ ၆ ထပ်ထိ တစ်ဆင့် ၊ ၇ထပ်မှ ၉ ထပ် ထိကို တစ်ဆင့်)
ထိုက်ဟွမ်နန်းတော်သည် ဆဌမကောင်းကင်ဘုံတွင် လွှမ်းမိုးထားသော အင်အားစုတစ်ခု ဖြစ်သည်။
၎င်းသည် ကမ္ဘာပေါင်း တစ်ထောင်နီးပါးနှင့် မရေမတွက်နိုင်သော ကမ္ဘာငယ်များကို ထိန်းချုပ်ထား၏။
ယခု ထိုကမ္ဘာများထဲမှ တစ်ခု၌ ဖြစ်သည်။
လူသူကင်းဝေးသော ဂူတစ်ခုအတွင်း၌ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး နိုးထလာသည်၊ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေပြီး မျက်နှာမှာ ဖြူဖျော့နေသော်လည်း အများအားဖြင့် မောက်မာမှုနှင့် ယုံကြည်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
"အဲ့ဒီကောင်က အံ့ဖွယ်ဖန်တီးမှုကို တကယ်ပဲ ဖျက်ဆီးနိုင်ခဲ့တာလား"
ထိုသို့ တွေးမိသောအခါ လီချိုးရှန်မှာ အနည်းငယ် တုန်လှုပ်သွားလေသည်။
"ဟင်..ဒါကဘာလဲ"
ရုတ်တရက် သူသည် ထူးခြားမှုတစ်ခုကို သတိပြုမိသွား၏။
"နေမင်းမီးတောက်လား"
နေမင်းမီးတောက်၏ သေးငယ်သော အငွေ့အသက်လေးတစ်ခုမှာ သူ၏ အသိစိတ်အတွင်း၌ ရှိနေသည်။
ကျိယွမ်သည် အံ့ဖွယ်ဖန်တီးမှုကို ဖျက်ဆီးစဉ်တွင် လီချိုးရှန်၏ အသိစိတ်ကို လောင်ကျွမ်းစေရန် စစ်မှန်နေမင်းမီးတောက်ကို အသုံးပြုခဲ့၏။
သို့သော် ထိုအသိစိတ်အစိတ်အပိုင်းလေးတစ်ခု လောင်ကျွမ်းသွားခြင်းမှာ သူ့အတွက် ဒဏ်ရာအနည်းငယ်သာ ရမည်ဖြစ်သည်။
"တောက်... သူက ငါ့ရဲ့ ခန္ဓာကိုယ်ကိုတောင် နာကျင်စေနိုင်ခဲ့တာလား။ ငါ ဆရာ့ဆီကနေ နောက်ထပ် အံ့ဖွယ်ဖန်တီးမှုတစ်ခု ထပ်တောင်းပြီးတာနဲ့ သူ့ကို ဖမ်းပြီးတော့ သူ့ရဲ့ သူငယ်ချင်းတွေကို ကိုယ်တိုင် အရှက်ခွဲပစ်မယ်"
ထိုင်ဟွမ်နန်းတော်၏ စွန့်ပစ်ခံထားရသော စစ်မှန်တပည့်တစ်ဦးအနေဖြင့် လီချိုးရှန်၏ စိတ်နေစိတ်ထားမှာ ကြာလေ ပျက်စီးလေဖြစ်နေခဲ့လေပြီ ။ သူသည် လူများကို နှိပ်စက်ရခြင်းကို ပျော်ရွှင်မှုအဖြစ် ယူဆ၏။
"ဟမ့်...သူက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား၊ အလွန်ဆုံးရှိလှရင် ငါ့ဆီမှာ နေမင်းမီးတောက်ရဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့တာပဲ ရှိတာ"
သူသည် ထိုအမှတ်အသားကို ဂရုမစိုက်ပါ။
၎င်းမှာ လမ်းပြတစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်ကို သူသိသော်လည်း ကျိယွမ်ကဲ့သို့ အောက်ဘုံမှ ကျင့်ကြံသူတစ်ဦးက သူ၏နေရာကို သိရုံနှင့် ဘာလုပ်နိုင်မည်နည်း။
ငါ့ကို သတ်ဖို့ အထက်ဘုံကို လာမှာလား။ ဆုတောင်းနေလိုက် ။
သူသည် ထိုအမှတ်အသားကို ဖယ်ရှားရန် မလောပါ။
လီချိုးရှန် မတ်တပ်ရပ်လိုက်သည်၊ သူ၏မျက်နှာမှာ ဖြူဖျော့နေဆဲဖြစ်ပြီး မျက်လုံးများက မှေးမှိန်နေသော်လည်း အလွန် ရက်စက်ကြမ်းကြုတ်ပုံ ရှိနေဆဲပင်။
မကြာမီတွင် သူသည် ဂူဗိမာန်တစ်ခုသို့ ဦးတည်သွားပြီး အလွန်လေးစားစွာ အသံပြု၏
"ဆရာ"
ရှေ့ရှိ ဂူဗိမာန်အတွင်း၌ ကောင်းကင်ဘုံသို့ခြေခြောက်လှမ်းအထွတ်အထိပ်ရှိ ခွန်အားကြီးသူတစ်ဦး နေထိုင်သည်။
သူ၏ဆရာဖြစ်ပြီး၊ ဤကမ္ဘာရှိ အစွမ်းအထက်ဆုံး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်၏ တပည့်လည်း ဖြစ်သည်။
ကန်းလန်ဘုံတွင် လီချိုးရှန်သည် ဒဏ္ဍာရီလာအဆင့်များကို အထင်သေးခဲ့ပြီး ကောင်းကင်ဘုံသို့ခြေခြောက်လှမ်းအဆင့်ရှိ မဟာအုပ်စိုးရှင်များကို သတ်ဖြတ်ခြင်းနှင့် အရှက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်။
သို့သော် အထက်ဘုံ၌မူ ထိုကဲ့သို့သော ခွန်အားကြီးသူနှင့် ရင်ဆိုင်ရသောအခါ သူသည် အောက်ကျနောက်ကျဖြင့်သာ ဆက်ဆံရ၏။
"ဘာကိစ္စလဲ"
ဂူဗိမာန်အတွင်းမှ မကျေမနပ် ညည်းညူသံ ထွက်လာသည်။
"ဆရာ၊ ကျွန်တော် ကန်းလန်ဘုံမှာ ပြဿနာတချို့နဲ့ တွေ့ခဲ့လို့ ဆရာ့ကို အစီရင်ခံဖို့ လာတာပါ"
လီချိုးရှန်သည် အောက်ဘုံတွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူ၏ဆရာအား အစီရင်ခံလိုက်သည်။
သူ၏စကားများကို ကြားသောအခါ ဂူဗိမာန်အတွင်းရှိ အကြီးအကဲ အံ့အားသင့်သွားပုံရသည်။
"ဒီကန်းလန်ဘုံက တကယ်ပဲ ပါရမီရှင်တွေ ထွက်တာပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို နောက်ထပ် အံ့ဖွယ်ဖန်တီးမှုတစ်ခု ပေးမယ်၊ မင်း အမှောင်နေမင်းကို အမိန့်ပေးပြီး သူ့ကို ရှင်းပစ်လိုက်လို့ ရတယ်"
အကြီးအကဲသည် သွေးဝတ်စုံ ဓားနတ်ဘုရားကို အရေးတယူ မရှိပါ။
မွေးဖွားလာကတည်းက ကန်းလန်ဘုံရှိ သက်ရှိများ၏ ကံကြမ္မာမှာ သတ်မှတ်ပြီးသား ဖြစ်သည်။
ထို့ကြောင့် သွေးဝတ်စုံဓားနတ်ဘုရားမှာလည်း သေလူများထဲက သေလူတစ်ယောက်သာ။
"မင်းဆီမှာရှိတဲ့ နေမင်းမီးတောက်ကို ငါ မဖယ်ရှားနိုင်ဘူး၊ ဒါပေမဲ့ စိတ်မပူနဲ့။ ဒါက အမှတ်အသားတစ်ခုပဲမို့လို့ မင်းကို မထိခိုက်စေနိုင်ဘူး"
ဂူဗိမာန်အတွင်းမှ အသံအိုကြီးက သူ့ကို စိတ်ချစေခဲ့ရာ လီချိုးရှန်သည် နောက်ဆုံးတွင် သူ၏ စိုးရိမ်ပူပန်မှုများကို လက်လွှတ်လိုက်နိုင်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
သူ၏ ဂူသို့ချက်ချင်းပြန်လာပြီး သွေးဝတ်စုံဓားနတ်ဘုရားကို ကိုင်တွယ်ရန်အတွက် အောက်ဘုံသို့ ပြန်သွားရန် ပြင်ဆင်လေတော့သည်။
"ဒီတစ်ခါ မင်းလွတ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"
သူ၏မျက်လုံးများတွင် ရက်စက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
သို့သော် ထိုအခိုက်အတန့်တွင် သူနေသောကမ္ဘာရှိ ကောင်းကင်ယံမှာ ရုတ်တရက် အဆများစွာလင်းထိန်သွား၏။
"ဘာဖြစ်တာလဲ"
လီချိုးရှန်က ထူးဆန်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများတွင် ထိတ်လန့်သွားသော အမူအရာတစ်ခု ပေါ်လာသည်။
"ဘာတွေ ဖြစ်နေတာလဲ... နေမင်းကြီး ပြုတ်ကျလာနေပြီ"
သူ၏အသံမှာ တုန်ခါနေပြီး မြင်ကွင်းကို မယုံကြည်နိုင်သလို ကြည့်နေမိ၏။
ကောင်းကင်အထက်တွင် တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွန်းလင်းနေပြီး
ကြီးမားသော ကြယ်တာရာ အရိပ်တစ်ခု ဆင်းသက်လာနေခြင်းပင်။
တဖြည်းဖြည်းနှင့် ကောင်းကင်တစ်ခုလုံးမှာ နေမင်း၏ အရိပ်မှလွဲ၍ ဘာမှ မရှိတော့ပါ။
နေဦး၊ နေမင်းနှစ်စင်းလား။
နေမင်းနှစ်စင်းမှာ အကန့်အသတ်မရှိသော ဖျက်ဆီးခြင်း စွမ်းအင်များကို သယ်ဆောင်လာပြီး ကမ္ဘာတစ်ခုလုံးကို ပြားချပ်သွားစေတော့မည့်အလား ဆင်းသက်လာနေကြ၏။
အဆုံးမဲ့သော တောက်ပသည့် အလင်းတန်း၊ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းနှင့် အရာအားလုံးကို လောင်ကျွမ်းစေမည့် စွမ်းအင်များသည် လူတိုင်းကို ကျောချမ်းသွားစေသည်။
ဂူဗိမာန်အတွင်းရှိ သူ၏ဆရာမှာလည်း ထိတ်လန့်သွားပုံရသည်။
သူသည် အထက်မှ နေမင်းများအကြောင်းကို သိရှိထားပြီး အထက်ဘုံရှိ ကြီးကြပ်သူထံ အစီရင်ခံထားပြီး ဖြစ်သည်။
ယခုထိုနေမင်းများက ထိုက်ဟွမ်နန်းတော်ရှိ တစ်စုံတစ်ယောက်ကို ချိန်ရွယ်ထားကြောင်း ထင်ရှားနေလေပြီ။
ယနေ့မှာတော့ ထိုနေမင်းနှစ်စင်းမှာ သူတို့ကမ္ဘာသို့ ရုတ်တရက်ကြီး ဆင်းသက်လာနေ၏။
ကံမကောင်းသည်မှာ ဤကမ္ဘာတွင်... ၎င်းကို ကာကွယ်ရန် ယန်နတ်ဘုရား မရှိပါ။
သို့သော်လည်း ခွန်အားကြီးသူအချို့က ဝင်ရောက်စွက်ဖက်ပြီး နေမင်းများ ပြုတ်ကျလာခြင်းကို တားဆီးရန် ကြိုးစားကြလေသည်။
"ဘယ်သူက ထိုက်ဟွမ်နန်းတော်ရဲ့ နယ်မြေမှာ ဒီလောက် မောက်မာရဲတာလဲ"
"ဒါက ထိုင်ဟွမ်နန်းတော်ရဲ့ ထိုက်လင် နယ်မြေ ပဲ"
မဟာအုပ်စိုးရှင်းများ တစ်ဦးပြီးတစ်ဦး လှုပ်ရှားလာကြပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုကာ ဆင်းသက်လာသော နေမင်းနှစ်စင်းကို တားဆီးရန် ကြိုးစားကြတော့သည်။
ကံမကောင်းစွာဖြင့် နေမင်းနှစ်စင်းမှာ ပိုမိုပြင်းထန်လာပြီး သူတို့၏ ကြိုးပမ်းမှုများမှာ အလဟဿဖြစ်ကုန်၏။
"မစိုးရိမ်ပါနဲ့၊ ငါတို့က ဒီလောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကို မစော်ကားခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုက... ဒီကို ကျလာမှာ မဟုတ်ပါဘူး"
ဂူဗိမာန်အတွင်းရှိ အကြီးအကဲက လီချိုးရှန်အား နှစ်သိမ့်၏။
ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ကို ထိုက်ယင်နယ်မြေမှ မည်သူကများ သွားပြီး ရန်စခဲ့သနည်းဆိုတာကိုတော့ အမှန်တကယ်ပင် သူ သိချင်နေသည်။
သို့သော် လီချိုးရှန်း၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွား၏။
အဘယ်ကြောင့်ဆိုသော် သူ၏အတွင်းရှိ နေမင်းမီးတောက်အငွေ့အသက်မှာ ပို၍ တောက်ပလာကာ၊ ပို၍ ပူပြင်းလာပြီး သူ့ကို ဝါးမြိုနေသောကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး၊ အလွန်ထိတ်လန့်ကာ နားမလည်နိုင်တော့ပေ။
"ဆရာ .. နေမင်းမီးတောက်...၊ အထက်က နေမင်းတွေက နေမင်းမီးတောက်နောက်ကို လိုက်လာတာ"
လီချိုးရှန်က အသည်းအသန် အော်ဟစ်လိုက်သည်။
သူ၏ဆရာသာလျှင် သူ့ကို ကယ်တင်နိုင်မည့်အလား အော်ဟစ်ငိုကြွေးတော့သည်။
"ဘာ"
ဆရာဖြစ်သူမှာ မှင်တက်သွားပြီး သူလည်း ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် အဖြေမှန်ကို စဥ်းစားချိန်မရခင်မှာပင် ဧရာမ နေမင်းအရိပ်နှစ်ခုမှာ သူ၏ခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
ဝုန်း ..
အဆုံးမဲ့သော အပူရှိန်နှင့် အလင်းတန်းများ၊ အဆုံးမဲ့သော မီးတောက်များနှင့် အပူလှိုင်းများ ဟုန်းဟုန်းထကာ ဖြတ်သန်းသွား၏။
ထိတ်လန့်နေသော မျက်နှာနှင့်အတူ လီချိုးရှန်၏ အသိစိတ်မှာ ပျောက်ကွယ်သွားခဲ့ပြီး သွေးဝတ်စုံဓားနတ်ဘုရားအကြောင်းကိုသာ တွေးတောနေမိသည်။
သူ နားမလည်နိုင်ခဲ့ပါ။
သူ၏ခန္ဓာကိုယ်မှာ မီးတောက်များအတွင်း ဝါးမြိုခံလိုက်ရပြီး သူ၏ဝိညာဉ်မှာလည်း တစ်ခဏချင်းအတွင်း ပျက်စီးသွားသော်လည်း သူ နားမလည်သွားခဲ့ပါ။
သူ၏ဆရာဖြစ်သူမှာလည်း ကြယ်တာရာအမြုတေ နှစ်ခု၏ တိုက်ခိုက်မှုအောက်တွင် မလွတ်မြောက်နိုင်ခဲ့ပေ။
သူသည်လည်း သေဆုံးချိန်အထိ ဇဝေဇဝါ ဖြစ်နေတုန်းပင် ။
နေမင်းမီးတောက်က... ဘယ်လိုလုပ်ပြီး နေမင်းကြီးအတွက် ကိုဩဒိနိတ် ဖြစ်နေရတာလဲ။
ထိုအခိုက်အတန့်တွင် ကန်းလန်ဘုံမှ ကျိယွမ်သည် အားရကျေနပ်စွာ ပုခုံးတွန့်လိုက်သည်။
"အထက်ဘုံမှ ပုန်းနေရုံနဲ့ လွတ်ပြီထင်လား ၊ ငါပြောပါတယ် အင်တာနက်မှာ ခြေရာခံတဲ့နေရာမှာ ငါအတော်ဆုံးပါလို့"
-------------