အခန်း (၂၆၁-၂၆၂)
Vol. 14 Ch. 261-262
အပိုင်း(၂၆၁) ကလေးတစ်ယောက်လောက် ယူရအောင်
လင်းယွမ်က ရယ်မောလိုက်ပြီး "သူ့ကိုယ်လုံးက ကြီးပေမယ့် တကယ်တော့ မွေးလာတာ ရက်ပိုင်းပဲ ရှိသေးတယ်... သေချာပြောရရင် ကလေးပေါက်စလေးပဲ ရှိသေးတယ်"
လင်းယွမ်က မျောက်ဝံနက်လေးကို အောက်ချပေးလိုက်သည်။
၎င်းက မတ်တတ်ရပ်၍ လမ်းလျှောက်တတ်ခြင်း မရှိသေးဘဲ လူသားကလေးငယ်တစ်ဦးကဲ့သို့ မြေပြင်ပေါ်တွင် တွားသွားနေကာ တစ်ခါတစ်ရံ မြေပေါ်ထိုင်လျက် လင်းယွမ်ကို မော့ကြည့်နေတတ်သည်။
ထို့နောက် လင်းယွမ်၏ ခြေထောက်ကို ဖက်ထားပြီး လုံးဝ မလွှတ်ပေးတော့ချေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရန်မေနှင့် တုံယန်တို့က အသံထွက်သည်အထိ ရယ်မောလိုက်ကြသည်။
ရန်မေက ပြုံးကာ "သူ ဘာစားတတ်လဲ... အမ သွားပြီး စားစရာလေး တစ်ခုခု လုပ်ပေးလိုက်မယ်"
လင်းယွမ်က "ကျွန်တော်တို့ စားတာနဲ့ အတူတူပဲ ကျွေးလို့ ရတယ်... ဒီကောင်လေးက ငယ်ပေမယ့် စားနိုင်သောက်နိုင်တာက ကျွန်တော်တို့ထက် မလျော့ဘူး... သွားတွေလည်း ပေါက်နေပြီဆိုတော့ အမာတွေလည်း စားလို့ ရပြီ"
ထိုစကားကို ကြားသောအခါ ရန်မေက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုလည်း ထမင်း နည်းနည်း ပိုချက်လိုက်မယ်"
လင်းယွမ်က "ထမင်း မချက်နဲ့တော့... ဆန်ကုန်တယ်... ငါးပဲ တန်းကျွေးလိုက်ပါ... အရင်က ကျွန်တော်တို့ သိမ်းထားတဲ့ ငါးတွေ အများကြီး ရှိသေးတယ်... မလုပ်ရသေးတဲ့ ငါးတွေလည်း အများကြီး ကျန်သေးတယ်ဆိုတော့ သူ့ကိုပဲ ကျွေးလိုက်ပါ"
"အိုကေလေ" ရန်မေက ခေါင်းညိတ်ပြသည်။
တုံယန်ကမူ မျောက်ဝံနက်လေးကို စတင် စနောက် ကစားနေလေပြီ။
လူတစ်ယောက်နှင့် မျောက်ဝံတစ်ကောင်သည် တုံယန်၏ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု အစွမ်းကြောင့် အမှန်တကယ်ပင် ချောမွေ့စွာ ဆက်သွယ်နိုင်နေကြသည်။
ထို့ကြောင့် လင်းယွမ်က မျောက်ဝံနက်လေးကို နောက်နောင် တုံယန်အား မွေးမြူခိုင်းရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"ယန်ယန်... နောက်ဆို ငါ အိမ်မှာ မရှိရင် မျောက်ဝံနက်လေးကို နင်ပဲ ပြုစုပေးရမယ်... ဒီကာလအတွင်း သူ့ကို သေချာ ဂရုစိုက်ပြီး နင်နဲ့ မြန်မြန် ရင်းနှီးသွားအောင် လုပ်ထား... နင့်စကား နားထောင်အောင် သင်ထား... သိလား"
တုံယန်က အံ့သြဝမ်းသာစွာဖြင့် "ဟင်... ကျွန်မ မွေးရမှာလား... ဒါ... ဒါ အဆင်ပြေပါ့မလား"
"သူ့ရဲ့ ကြီးထွားလာနိုင်တဲ့ အလားအလာက အရမ်း ကောင်းတယ်... အနာဂတ်မှာ နင့်ကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးနိုင်လိမ့်မယ်... နင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု အစွမ်းက သူနဲ့ ပူးပေါင်းဖို့ အသင့်တော်ဆုံးပဲ"
"ငါ နောက်ဆို အိမ်မှာ မရှိရင်လည်း သူက နင်တို့ကို ငါ့ကိုယ်စား ကာကွယ်ပေးနိုင်လိမ့်မယ်"
တုံယန်က ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ပါ အစ်ကိုလင်း... ဒါဆို သူ့ကို ကျွန်မဆီသာ အပ်လိုက်ပါ... ကျွန်မ သူ့ကို ဝဝဖြိုးဖြိုးလေး ဖြစ်အောင် သေချာ မွေးပေးပါ့မယ်"
လင်းယွမ်က ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး "အရမ်းကြီး အလိုမလိုက်နဲ့ဦး... သူက သန္ဓေပြောင်း သတ္တဝါဆိုတော့ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကို ဖျောက်ပစ်လိုက်လို့ မဖြစ်ဘူး"
"ကျွန်မ သိပါတယ်... ဒါနဲ့ အစ်ကိုလင်း... သူ့ကို ဘယ်လိုခေါ်ရမလဲ... နာမည်ရော ရှိလား"
လင်းယွမ်က ခေါင်းခါလိုက်ပြီး "မရှိသေးဘူး"
"ဒါဆို ကျွန်မတို့ သူ့ကို နာမည်တစ်ခု ပေးရအောင်" တုံယန်၏ မျက်လုံးများက တောက်ပနေပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလျက် ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ "ကောင်းပြီလေ... နင်ပဲ နာမည်တစ်ခု ပေးလိုက်"
"အင်း... သူ့ပုံစံက မည်းမည်းသည်းသည်းလေး ဆိုတော့... ရှောင်ဟိုင် လို့ ခေါ်ရင်ရော ဘယ်လိုနေလဲ" တုံယန်က ချက်ချင်းပင် နာမည်တစ်ခုကို စဉ်းစားမိသွားသည်။
လင်းယွမ်က ပြုံးပြီး "ဟုတ်ပြီ... ဒါဆိုလည်း ရှောင်ဟိုင်လို့ပဲ ခေါ်ကြတာပေါ့... ရိုးရှင်းပြီး မှတ်ရလွယ်တယ်"
တုံယန်က ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး ရွှေနက်မျောက်ဝံလေးအနီးသို့ ပြေးသွားကာ ၎င်း၏ အမွေးပွပွ ပါးပြင်လေးကို ညှစ်လိုက်ရင်း "ရှောင်ဟိုင်... လင်းရှောင်ဟိုင်... ဟားဟား... နင်က နောက်ဆိုရင် လင်းရှောင်ဟိုင်ပဲ"
လင်းယွမ်က ကြောင်အမ်းသွားပြီး ချက်ချင်းပင် "ရှောင်ဟိုင်ဆိုလည်း ရှောင်ဟိုင်ပေါ့... ဘာလို့ လင်းရှောင်ဟိုင် ဖြစ်သွားရတာလဲ"
"သူက အစ်ကို့ကို ဖေဖေလို့ ခေါ်နေတာလေ... အစ်ကို့မျိုးရိုး နာမည် မခံဘဲ ဘယ်သူ့နာမည် ခံရမှာလဲလို့"
လင်းယွမ်မှာ ဘာပြောရမှန်းမသိဘဲ ရယ်ရခက် ငိုရခက် ဖြစ်သွားသော်လည်း ဘာမျှ ဆက်မပြောတော့ဘဲ သူမ သဘောကျ စနောက်နေသည်ကိုသာ လွှတ်ထားလိုက်သည်။
မည်သို့ပင်ဆိုစေ တုံယန်က အသက် ဆယ့်ကိုးနှစ်သာ ရှိသေးပြီး အထက်တန်း ကျောင်းဆင်းခါစ အရွယ်ဖြစ်သဖြင့် ဆော့ကစားချင်နေသေးသော အချိန်ဖြစ်သည်။
လင်းယွမ်က သူမ၏ ကလေးဆန်သော ပျော်ရွှင်မှုလေးကို မဖျက်ဆီးရက်သဖြင့် သူမကို မပြုပြင်ပေးတော့ချေ။
မွန်းတည့်ချိန်တွင် ဆုန့်ဝမ်နှင့် တင်းယန်တို့ ပြန်ရောက်လာကြပြီး အိမ်မှ မိသားစုဝင်အသစ်လေးကို မြင်လိုက်ရသောအခါ အားလုံးမှာ အံ့သြသွားကြသည်။
ထို့နောက် တုံယန်က လင်းရှောင်ဟိုင်နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်နိုင်ကြောင်း သိလိုက်ရသောအခါ ဤကောင်လေးကို မွေးစားရန် အားလုံးက သဘောတူလိုက်ကြသည်။
အမှန်တကယ်ပင် ရွှေနက်မျောက်ဝံလေးတစ်ကောင်သာ ကြီးပြင်းလာပါက ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် ဖြစ်မည်မဟုတ်ပေ။
၎င်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးအတွက် အလွန် အရေးပါသော တိုက်ခိုက်ရေးစွမ်းအား တစ်ခုဖြစ်လာမည်ဖြစ်ရာ လျစ်လျူရှု၍ မရနိုင်ပေ။
နေ့လယ်ဘက် အိပ်စက်ချိန်တွင် လင်းယွမ်က တင်းယန်၏ အခန်းထဲ၌ အိပ်ခဲ့သည်။
အပြင်းအထန် ချစ်ပွဲဝင်ပြီးနောက် တင်းယန်က လင်းယွမ်၏ ရင်ခွင်ထဲသို့ ပင်ပန်းနွမ်းနယ်စွာ မှီကျလာသည်။
လင်းယွမ်က သူမ၏ ဖွံ့ထွားသော ရင်သားများကို ညင်သာစွာ ပွတ်သပ်ပေးနေသည်ကို အသာတကြည် ငြိမ်ခံနေရင်း သူမ၏ မျက်နှာထက်မှ နီရဲနေမှုများက မပြယ်သေးဘဲ "အစက ယန်ယန့်ရဲ့ အစွမ်းက အထောက်အကူပြုဖို့လောက်ပဲ ရမယ် ထင်ထားတာ... ဒီလိုမျိုးပါ သုံးလို့ရမယ်လို့ မထင်ထားဘူး"
လင်းယွမ်က "ငါ ပြောခဲ့တာ မှတ်မိသေးလား... အသုံးမဝင်တဲ့ အစွမ်းဆိုတာ မရှိဘူး... အသုံးမကျတဲ့ လူပဲ ရှိတယ်"
"အစွမ်းတိုင်းမှာ သူ့ဟာနဲ့သူ မှန်ကန်တဲ့ အသုံးချနည်းတွေ ရှိတယ်... အစွမ်းရဲ့ အလားအလာကို ဘယ်လို ဖော်ထုတ်ရမလဲဆိုတာ မစဉ်းစားဘူးဆိုရင် အစွမ်းကို အပေါ်ယံလောက်ပဲ အမြဲ သုံးနေရလိမ့်မယ်... ထိပ်တန်းအဆင့် ရောက်လာဖို့ အရမ်း ခဲယဉ်းတယ်"
"ဒီကိစ္စမှာတော့ ငါတို့အားလုံး ဝူမုန့်ဆီကနေ သင်ယူရလိမ့်မယ်"
တင်းယန်က သက်ပြင်းချလိုက်မိပြီး ခေါင်းညိတ်ကာ "ဟုတ်တယ်... ကိုယ့်အစွမ်းကို လေ့လာလေလေ ကျွန်မရဲ့ အစွမ်းသွင်းခြင်း အစွမ်းက အများကြီး အသုံးဝင်သေးတယ်ဆိုတာ သိလာရလေလေပဲ... နက်နက်ရှိုင်းရှိုင်း ထပ်ပြီး ဖော်ထုတ်လို့ ရသေးတယ်"
လင်းယွမ်က ပြုံးလျက် ခေါင်းငုံ့ကာ သူမကို အနမ်းတစ်ပွင့် ပေးလိုက်ပြီး "နင်ကလေ... နင့်ရဲ့ အစွမ်းတွေကို ငါတို့နှစ်ယောက်ရဲ့ အိပ်ခန်းထဲက ပျော်ရွှင်မှုတွေအပေါ်မှာပဲ ဖော်ထုတ်မနေနဲ့... အစွမ်းတွေ နှမြောစရာ ကောင်းတယ်"
တင်းယန်က အသံထွက်သည်အထိ ရယ်မောလိုက်မိပြီး သူ့ကို မျက်စောင်းထိုးကာ "အဲ့ဒါက တစ်ခါတည်းပါနော်" ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က ဤမိန်းမလှလေးသည် လင်းယွမ်၏ အကြမ်းပတမ်း ထိုးစစ်ဆင်မှုများကို မခံနိုင်တော့သော်လည်း အရှုံးမပေးလိုသဖြင့် သူမ၏ အစွမ်းသွင်းခြင်း အစွမ်းကို အသုံးပြုကာ သူမကိုယ်သူမ ပိတ်ဆို့ထားပြီး လင်းယွမ်ကို ဝင်ခွင့်မပြုခဲ့ပေ။
ဤနည်းလမ်းမျိုးကို တင်းယန်သာလျှင် စဉ်းစားမိနိုင်မည်ဖြစ်သည်။ ထိုကိစ္စကို တွေးမိတိုင်း လင်းယွမ်က သူမကို မစနောက်ဘဲ မနေနိုင်သဖြင့် တင်းယန်မှာ ရှက်ရွံ့ဒေါသထွက်ရသည်။
နေ့လယ်အနားယူပြီးနောက် တင်းယန်က အလျင်အမြန် ထကာ ကင်းလှည့်အဖွဲ့ကို ဦးဆောင်ရန် ထွက်သွားခဲ့သည်။
ဆုန့်ဝမ်သည်လည်း စိုက်ပျိုးရေးဇုန်သို့ ချက်ချင်း သွားရောက်ကာ အလုပ်များနေလေသည်။
တုံယန်ကမူ ရှောင်ဟိုင်ကို ခေါ်ကာ အနီးနားတစ်ဝိုက်တွင် လမ်းလျှောက်ထွက်ပြီး အချင်းချင်း ရင်းနှီးကျွမ်းဝင်မှု တိုးလာစေရန် လုပ်ဆောင်နေသည်။
လင်းယွမ်က အိပ်ခန်းမကြီးဆီသို့ ရောက်သွားသောအခါ ရန်မေတစ်ယောက် ကွန်ပျူတာရှေ့တွင် တစ်ခုခုကို သေချာစွာ စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
သူက သူမအနီးသို့ လျှောက်သွားလိုက်ပြီး မျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် Excel ဇယားတစ်ခုကို တွေ့လိုက်ရပြီး ထိုအထဲတွင် ကုန်တိုက်ကြီး၌ မကြာမီ ရောင်းချရတော့မည့် ပစ္စည်းအမျိုးမျိုး၏ စာရင်းများ ပါဝင်နေသည်။
ထိုပစ္စည်းများအားလုံးကို သက်ဆိုင်ရာ အမှတ်များဖြင့် သတ်မှတ်ပေးထားသည်။
လင်းယွမ်က ကြည့်နေရင်းနှင့် သူ၏ အကြည့်များက အလိုအလျောက် အောက်သို့ ရွေ့လျားသွားရာ ရန်မေ၏ ဖြူဖွေးချောမွေ့နေသော လည်တိုင်လေးနှင့် ချည်သားအိပ်ရာဝင်ဝတ်စုံ၏ ကျယ်ဝန်းသော လည်ပင်းပေါက်မှတစ်ဆင့် သူမ၏ ကြီးမားထွားကြိုင်းသော ရင်သားအစုံက အင်္ကျီကို တင်းကျပ်စွာ တွန်းကန်ထားသည်ကို တွေ့လိုက်ရသည်။
အာဖရိက-အာရှ မြေပြင်အက်ကြောင်းကြီးထက်ပင် မလျော့သော နက်ရှိုင်းသည့် ရင်သားအမြှောင်းလေးက လူတစ်ယောက်ကို ခေါင်းနစ်ဝင်သွားချင်စိတ် ပေါက်လာစေသည်။
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ ရွှေပုလဲဆွဲကြိုးတစ်ကုံးကို ယူထုတ်လိုက်ပြီး သူမ၏ လည်တိုင်လေးထက်သို့ ညင်သာစွာ စွပ်ပေးလိုက်ကာ "ဒီလောက် လှပတဲ့ ညှပ်ရိုးလေးမှာ လက်ဝတ်ရတနာလေးတွေနဲ့ မဆင်ယင်ထားရင် အရမ်း နှမြောစရာ ကောင်းတယ်"
ရန်မေက သူ၏ ခိုးကြည့်နေမှုကို စောစောကတည်းက ရိပ်မိထားသော်လည်း ရင်ထဲ၌ ဝမ်းသာပျော်ရွှင်နေသဖြင့် သူ့ကို မတားဆီးခဲ့ပေ။
ယခု သူမက သူ၏ ရုတ်တရက် ရိုမန်းတစ်ဆန်စွာ ထုတ်ပေးလာသော ရွှေပုလဲဆွဲကြိုးလေးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာသွားပြီး ခေါင်းလေးစောင်းကာ "ဘယ်ကရလာတာလဲ"
လင်းယွမ်က ပြုံးပြီး "သဘောကျလား"
"သဘောကျတာပေါ့... မောင်လေး ပေးတာဆိုရင် အကုန်လုံးကို သဘောကျတယ်"
ရန်မေက မနေနိုင်တော့ဘဲ လှည့်ကာ သူ၏ ရင်ခွင်ထဲသို့ ဝမ်းသာအားရ မှီချလိုက်သည်။
"သဘောကျရင် ပြီးတာပါပဲ... အရင်က ဟန်လုံစင်တာက ရွှေဆိုင်မှာ တမင် ရှာထားတာ... အဲ့တုန်းက တစ်ချက်ကြည့်လိုက်တာနဲ့ သဘောကျသွားတာ... ဒီရွှေပုလဲလေးက အမမေရဲ့ အသားအရေနဲ့ အရမ်း လိုက်ဖက်တယ်... ရွှေပုလဲလေးနဲ့ ဖြူဖွေးတဲ့ အသားအရေက အချင်းချင်း အလင်းပြန်ပြီး လိုက်ဖက်လွန်းတယ်"
ရန်မေမှာ သူ၏ ချီးမွမ်းစကားကြောင့် မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးတက်သွားကာ ခေါင်းမော့၍ အနမ်းများကို တောင်းဆိုလိုက်မိသည်။
လင်းယွမ်က အပြင်းအထန် တုံ့ပြန်လိုက်ပြီး အချိန်အတော်ကြာမှသာ ခွာလိုက်ကြသည်။
ရန်မေ၏ အသက်ရှူသံများ မြန်ဆန်နေပြီး သူမ၏ မျက်ဝန်းများက ရီဝေနေသော်လည်း ကြီးမားသော ဇွဲလုံ့လဖြင့် လင်းယွမ်ကို တွန်းဖယ်လိုက်သည်။
"နေ့ခင်းကြောင်တောင်ကြီးနော်"
လင်းယွမ်က အံ့သြသွားပြီး သူမ၏ ခါးသိမ်သိမ်လေးကို ဖက်လိုက်ကာ "ကျွန်တော့်ကို မချစ်တော့ဘူးလား... အရင်ကဆို နေ့ခင်းကြောင်တောင်လည်း ငြင်းလေ့မရှိပါဘူး"
ရန်မေ၏ လှပသော မျက်နှာလေးက ချက်ချင်း နီရဲသွားပြီး သူ၏ လက်မောင်းကို ရိုက်လိုက်ကာ "အဲ့ဒါက မိန်တုဥယျာဉ်မှာလေ... အိမ်မှာ တို့နှစ်ယောက်တည်း ရှိတာ... အခု ဒီအိမ်မှာက ဝမ်ဝမ်တို့၊ တင်းယန်တို့ ရှိသေးတယ်... သူတို့သာ ပြန်လာလို့ကတော့ အရှက်ကွဲပြီး သေရချည်ရဲ့"
လင်းယွမ်က ပြုံးကာ "ဘာကြောက်စရာ ရှိလို့လဲ... သူတို့ကိုပါ ဆွဲခေါ်ပြီး အတူတူ ပျော်လိုက်ပေါ့"
ရန်မေက နှာခေါင်းရှုံ့လိုက်ပြီး "နင် အဲ့ဒါပဲ အမြဲ တွေးနေတာမလား"
လင်းယွမ်က တဟီးဟီး ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်ကာ "ကွန်ပျူတာနဲ့ ဘာတွေ လေ့လာနေတာလဲ"
"ကုန်တိုက်မှာ တင်ရောင်းမယ့် ပစ္စည်းတွေလေ... ဟိုဘက်က ကုန်တိုက်ကြီး ဆောက်နေတာလည်း ပြီးသလောက် ဖြစ်နေပြီ... အလွန်ဆုံး နောက်ထပ် တစ်ရက်၊ နှစ်ရက်လောက်ဆိုရင် ဖွင့်လို့ရပြီလို့ ထင်တယ်... အဲ့ဒီအခါကျရင် အလုပ်တွေ အရမ်း များလာတော့မှာ"
လင်းယွမ်က "ဝန်ထမ်းအင်အားက သတ်မှတ်ပြီးပြီလား... အလုပ်နိုင်ပါ့မလား" ဟု မေးလိုက်သည်။
"ပြဿနာမရှိပါဘူး... မောင်လေးရဲ့ အစီအစဉ်အတိုင်း မိန်းကလေးတွေရယ်၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အလုပ်တွေ ဦးစားပေး စီစဉ်ထားတယ်"
"စားသောက်ဆောင်ဘက်မှာလည်း စမ်းသပ် ဖွင့်လှစ်နေပြီ... ဒါနဲ့ မောင်လေးကို မပြောရသေးတဲ့ သတင်းကောင်းတစ်ခု ရှိတယ်" ရန်မေက တစ်ခုခုကို ရုတ်တရက် သတိရသွားကာ အလျင်စလို ပြောလိုက်သည်။
လင်းယွမ်က အံ့သြသွားပြီး "ဘာသတင်းကောင်းလဲ"
"ဝမ်အန်းက သူရဲ့ အစွမ်းနဲ့ အစားအသောက်ကို ပေါင်းစပ်ဖို့ လေ့လာရာကနေ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အစားအစာကို အောင်အောင်မြင်မြင် လုပ်နိုင်သွားတယ်"
လင်းယွမ်က အံ့သြမှင်တက်သွားပြီး "သူ့အစွမ်းက အစားအသောက်နဲ့ ပေါင်းစပ်လို့ ရတယ်လား" ဟု အမြန် မေးလိုက်သည်။
"ဟုတ်တယ်... လောလောဆယ် သူက ကုန်တိုက် ပထမထပ်က ဆိုင်ခန်းတစ်ခုကို ငှားပြီး ကိတ်မုန့်ဆိုင်လိုမျိုး ဖွင့်ဖို့ စီစဉ်နေတယ်... ကုသနိုင်စွမ်းရှိတဲ့ မုန့်တွေကို သီးသန့် လုပ်ရောင်းဖို့ပေါ့"
"မနေ့က သူက ကျောက်ခိုင်ဆီကို တမင်သွားပြီး ကင်းလှည့်အဖွဲ့ ခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ချင်ကြောင်း ပြောခဲ့တယ်... ပြီးတော့ ထောက်ပံ့ရေးအဖွဲ့ဘက် ပြောင်းလုပ်ချင်တယ်တဲ့... အဲ့လိုလုပ်ရင် ကင်းလှည့်အဖွဲ့အတွက်လည်း ဆက်ပြီး အလုပ်လုပ်ပေးနိုင်သလို သူ့ရဲ့ ဆိုင်အလုပ်ကိုလည်း တွဲပြီး လုပ်နိုင်မှာလေ"
"အမလည်း ဘာမှ မဆုံးဖြတ်ရသေးဘူး... မောင်လေး ပြန်လာရင် မေးကြည့်မလို့ စောင့်နေတာ"
လင်းယွမ်က ချက်ချင်းပင် "ဒါက သဘောမတူစရာ ဘာရှိလို့လဲ... သူ့ကို ဖွင့်ခိုင်းလိုက်... ဒါကလည်း သူ့ရဲ့ ကိုယ်ပိုင်အစွမ်းကို အသုံးချတဲ့ နည်းလမ်းတစ်မျိုးပဲလေ... ကိတ်မုန့်ဆိုင် ဖွင့်တာက သူ့အစွမ်းနဲ့ ပိုပြီး သင့်တော်တယ်"
"ကင်းလှည့်အဖွဲ့ရဲ့ အပြင်အလုပ်တွေမှာ သူ့ရဲ့ ကုသရေးအစွမ်းက သိပ်ပြီး အသုံးမဝင်လှဘူး"
"သူ့ဆီကနေ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အစားအစာတွေ ထုတ်လုပ်နိုင်လာတဲ့အခါ ကင်းလှည့်အဖွဲ့တွေ အပြင်ထွက်ရင် အဲ့ဒါတွေကို ယူသွားကြတာက သူ့ကို ခေါ်သွားတာထက် အများကြီး ပိုကောင်းတယ်"
"ဒါနဲ့ သူလုပ်ထားတဲ့ အစားအစာတွေရဲ့ ကုသနိုင်စွမ်းက ဘယ်လိုနေလဲ"
ရန်မေက ခေါင်းခါလိုက်ပြီး "အသေးစိတ်တော့ အမလည်း မသိဘူး... မောင်လေး သူ့ဆီ သွားပြီး စကားပြောကြည့်မှ သိရမှာ"
"သိပြီ... ညနေကျရင် တစ်ခေါက်လောက် သွားကြည့်လိုက်မယ်... တခြား ဘာကိစ္စ ရှိသေးလဲ"
"စားသောက်ဆောင်ဘက်က ဟင်းလျာစာရင်းကိုလည်း မောင်လေးနဲ့ အတည်ပြုရဦးမယ်... ပစ္စည်းတွေ အတွက်လည်း စဉ်းစားရဦးမယ်"
လင်းယွမ်က ပြုံးကာ "စားသောက်ဆောင်ဘက်မှာတော့ အဓိက အစားအစာအနေနဲ့ ထမင်း၊ ဆန်ပြုတ်၊ ခေါက်ဆွဲတွေပေါ့... ဒါပေမယ့် ကန့်သတ်ပြီး ရောင်းဖို့ မှတ်ထားဦး... ဈေးနှုန်းကိုတော့ အမမေပဲ ကြည့်ပြီး သတ်မှတ်လိုက်"
"ဟင်းတွေကျတော့ အသားကို အဓိကထားပြီး ဟင်းသီးဟင်းရွက်ကို အရံအနေနဲ့ ထား... အသားကို များများလေး ထည့်ပေးပြီး ဟင်းသီးဟင်းရွက်ကိုတော့ သင့်တော်သလောက်ပဲ ထည့်"
"အသားဟင်းတွေကို ငါး၊ ပင်လယ်စာ၊ ပုစွန်၊ ဂဏန်း စတာတွေကို အဓိကထားပြီး တတ်နိုင်သမျှ လုပ်ခိုင်းလိုက်... လောလောဆယ် ကျွန်တော်တို့ဆီမှာ အဲ့ဒါတွေ မရှားပါဘူး... အလျှံအပယ် ရှိနေသေးတယ်"
"မီးဖိုချောင်ကို ပုံစံအမျိုးမျိုး ပြောင်းပြီး လုပ်ခိုင်းလိုက်... ငါးချဉ်စပ်၊ ငါးကင်၊ ရေလုံပြုတ်ငါး အစရှိသဖြင့်ပေါ့... ပုံစံလေးတွေ များများ လုပ်မှ လူတွေလည်း စားရတာ ရိုးအီမနေမှာ"
ရန်မေက ခေါင်းညိတ်လိုက်ပြီး တစ်ခုချင်းစီ မှတ်သားထားလိုက်သည်။
"ကျန်တာတွေကတော့ အမမေပဲ သဘောကျ ဆုံးဖြတ်လိုက်ပါ... တခြား ကိစ္စတွေ ရှိသေးလား"
ရန်မေက သံသယဝင်သွားပြီး "မောင်လေးမှာ တခြား ကိစ္စတွေ ရှိလို့လား... ဘာလို့ အရမ်း လောနေသလို ဖြစ်နေတာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြပြီး "နေ့လယ်နားချိန်လေးကို အခွင့်ကောင်းယူပြီး... ကိုယ်တို့ ကလေးယူမယ့် အစီအစဉ်ကို စတင်ရမယ်လေ"
ရန်မေက ကြောင်အမ်းသွားပြီး ချက်ချင်းပင် ခေါင်းမော့ကာ လင်းယွမ်ကို အံ့သြဝမ်းသာစွာ ကြည့်လိုက်သည်။
"မောင်လေး... တကယ် ပြောနေတာလား"
"တကယ်ပေါ့... အရင်က မိန်တုဥယျာဉ်ကနေ ထွက်လာတုန်းက ကတိပေးထားတာလေ"
"အခု ကျွန်တော်တို့လည်း တော်တော်လေး အတည်တကျ ဖြစ်နေပြီဆိုတော့ စဉ်းစားရမယ့် အချိန်ရောက်ပြီမလား"
ရန်မေမှာ အံ့သြဝမ်းသာဖြစ်သွားပြီး ကုန်တိုက်ကိစ္စများကို ဘယ်မှာ ဂရုစိုက်ချင်တော့မည်နည်း။
သူမက ချက်ချင်းပင် သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။ လင်းယွမ်က သူမကို အလိုက်သင့်လေး ပွေ့ချီကာ ကုတင်ပေါ်သို့ တင်လိုက်သည်။
……
လင်းယွမ် ဂူထဲမှ ထွက်လာချိန်တွင် ညနေ သုံးနာရီခန့် ရှိနေပြီဖြစ်သည်။ ဒါက မြန်သည်ဟု ဆိုရမည်။ အကယ်၍ လွှတ်ထားလိုက်မည်ဆိုပါက ညအထိ ကြာသွားနိုင်သည်။
လင်းယွမ်က အမမေကို သနားသဖြင့် ထုံးစံအတိုင်းပင် အချိန်အကြာကြီး ဒုက္ခမပေးတော့ဘဲ အမြန် ပြီးစီးစေကာ တောင်ကြားဆီသို့ စစ်ဆေးရန် ရောက်လာခဲ့သည်။
ယခုအခါ ဤနေရာကို တောင်ကြားဟု မခေါ်နိုင်တော့ဘဲ ထိုက်ယန်တောင် ခိုလှုံရေးစခန်းဟု ခေါ်ဆိုရမည်ဖြစ်သည်။ ထိုကုန်တိုက်ကြီးကိုလည်း ထိုက်ယန်တောင် ကုန်တိုက်ဟု အမည်ပေးထားသည်။
ယခုအချိန်တွင် ကုန်တိုက်အတွင်းပိုင်းကို ပြင်ဆင်မွမ်းမံမှု ပြီးစီးနေပြီဖြစ်ပြီး လင်းယွမ် ယခုလာရခြင်းမှာ ကျေးရွာအဆင့်သုံး လျှပ်စစ်မီးစက်များကို တပ်ဆင်ရန်ဖြစ်သည်။
သူက ကုန်တိုက်၏ မြေအောက်ခန်းသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။ ထိုနေရာတွင် လျှပ်စစ်မီးစက်များ ထားရှိရန်အတွက် သူ သီးသန့် ချန်ထားခဲ့သော အခန်းတစ်ခန်း ရှိသည်။
အခန်းတစ်ခုလုံးက မြေအောက် ပထမထပ်တွင် ရှိပြီး အရွယ်အစား မကြီးမားလှသော်လည်း စိုထိုင်းမှု မရှိစေရန်နှင့် မြေလျှိုးအစွမ်းရှိသော သန္ဓေပြောင်း သတ္တဝါများ တိုးဝင် ဖျက်ဆီးမည်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။
လင်းယွမ်က ဂူအတွင်း ပြင်ဆင်မှုများအပေါ် အလွန် ကြိုးစားအားထုတ်ခဲ့သည်။ အခန်းထဲတွင် ရေစိုခံဆေးများ အကြိမ်ကြိမ် သုတ်ထားရုံသာမက နံရံတစ်ခုလုံးကိုလည်း သစ်သားပြားများဖြင့် သေချာစွာ ပြန်လည် ပိတ်ဆို့ထားသည်။
သူက အခန်းအလယ်သို့ လျှောက်သွားကာ ပစ္စည်းသိုလှောင်ခန်းအတွင်းမှ လျှပ်စစ်မီးစက်များကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
သူ၏ စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် စက်ပစ္စည်းကိရိယာများက ဂူထဲ၌ ဝုန်းခနဲ ပေါ်လာလေသည်။
စက်ပစ္စည်းများက အရွယ်အစား မကြီးမားသော်လည်း စွမ်းအင်ထုတ်လုပ်မှုက မသေးငယ်ပေ။
လင်းယွမ်က မည်သည့် နည်းပညာဖြင့် ဤသို့ လုပ်ဆောင်နိုင်သည်ကို သေချာ မသိပေ။
သို့သော် စနစ်မှ ထုတ်ပေးသော ပစ္စည်းဖြစ်သဖြင့် အဆင့်မြင့်ပစ္စည်း ဖြစ်နေမည်မှာ သေချာသည်။
ပုံမှန်အားဖြင့် ဒီဇယ်ဆီသုံး မီးစက်များက မည်မျှပင် ကောင်းမွန်နေပါစေ ကျေးရွာတစ်ရွာလုံးစာ အဆင့်ကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။
သို့သော် ဤစက်က ထိုသို့ လုပ်ဆောင်နိုင်ပြီး ဒီဇယ်ဆီ အသုံးပြုမှု အချိုးအစားကလည်း အလွန် အံ့မခန်း ကောင်းမွန်သည်။
လင်းယွမ်က အသုံးပြုရန် လမ်းညွှန်စာအုပ်ကို ရှာဖွေလိုက်ပြီး လမ်းညွှန်စာအုပ်အတိုင်း မီးစက်ထဲသို့ ဆီစတင် ထည့်လိုက်သည်။
ဆီထည့်ပြီးနောက် သူက ထရန်စဖော်မာကို ရှာတွေ့သွားပြီး ထရန်စဖော်မာပေါ်ရှိ ဝါယာကြိုးများကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။
ထို့နောက် ဤနေရာတွင် ဦးစွာ မီးသီးတစ်လုံးကို ဖွင့်ကြည့်လိုက်သည်။
ခလုတ် ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မီးစက်က အနည်းငယ် တုန်ခါသွားပြီး မီးသီးလေး လင်းလာသည်။
"ဟင်... ဒီမီးစက်က အသံ ဒီလောက်တောင် တိုးတာလား"
လင်းယွမ် အံ့သြသွားသည်။ ဤမီးစက်ကို စတင် မောင်းနှင်လိုက်ပြီးနောက် အင်ဂျင်အသံက အလွန် တိုးနေပြီး တုန်ခါမှုကလည်း အလွန် နည်းပါးလှသည်။
အရင်က သူ့အိမ်မှာ သုံးခဲ့သော ဓာတ်ဆီသုံး မီးစက်က အလုပ်လုပ်လိုက်သည်နှင့် အဆောက်အအုံကို ဖြိုချတော့မည့်အလား အသံများ ဆူညံနေတတ်သည်ကို သိထားရမည်ဖြစ်သည်။
အင်ဂျင်က ဒုန်းဒုန်းဒိုင်းဒိုင်းနှင့် ရပ်တန့်မနေဘဲ မြည်နေသဖြင့် လူကို သေလုမတတ် ဆူညံစေသည်။
သို့သော် ဤမီးစက်က လုံးဝ ကွာခြားပြီး အသံပိတ်ထားသကဲ့သို့ပင် ဖြစ်သည်။
လင်းယွမ်က မျက်နှာအပြည့် ပြုံးရွှင်နေပြီး "ဒီအမှတ် တစ်သိန်းတစ်သောင်း အကုန်အကျခံရတာ တန်တယ်... စနစ်က ထုတ်ပေးတဲ့ ပစ္စည်းပီသပါပေတယ်"
လင်းယွမ်မှာ အလွန် ကျေနပ်သွားပြီးနောက် မီးကြိုးများကို အပေါ်ထပ်သို့ အလျင်အမြန် စတင် ဆွဲလိုက်သည်။ နောက်ပိုင်း အလုပ်များကိုမူ သူ ဆက်မလုပ်ချင်တော့ချေ။
ခိုလှုံရေးစခန်းထဲမှ အိမ်တွင်း အလှဆင်လုပ်ငန်းများ လုပ်ဖူးသော လူအချို့ကို တိုက်ရိုက် ရှာဖွေပြီး ဝါယာကြိုးများ သွယ်တန်းသည့် အလုပ်ကို သူတို့အား တာဝန်ယူခိုင်းလိုက်သည်။
နောက်ထပ် နှစ်ရက်ကြာမှသာ ကုန်တိုက်၏ ဝါယာကြိုး သွယ်တန်းမှု ပြီးစီးသွားပြီး အထပ်တိုင်းတွင် ပလပ်ပေါက် အများအပြား ချန်ထားခဲ့သည်။
လင်းယွမ်က ထိုစဉ်က အဆောက်အအုံကို ရှင်းလင်းစဉ်က ပလပ်ခုံ အစရှိသော မီးပစ္စည်းများကို အများအပြား ရှာတွေ့ခဲ့၍ တော်သေးသည်။
မဟုတ်ပါက ဤအရာများ မရှိလျှင် ကုန်တိုက်တွင် လျှပ်စစ်မီး သွယ်တန်းရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။
လင်းယွမ်တွင် ဝါယာကြိုးများ တကယ်ကို မရှိသဖြင့် အမှတ် တစ်ထောင်ကျော် အကုန်အကျခံကာ စနစ်၏ သတ်မှတ်အရည်အသွေး ကံစမ်းမဲမှတစ်ဆင့် အရွယ်အစား အမျိုးမျိုးရှိသော ဝါယာကြိုး တန်အနည်းငယ်ကို မဲဖောက် ယူခဲ့ရသည်။
ထိုဝါယာကြိုးများက အလွန် အသုံးဝင်သည်။ ကုန်တိုက်ကို ပြင်ဆင်ရန် အသုံးပြုရုံသာမက အပြင်ဘက်ရှိ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်နှင့် သားသတ်ရုံများအတွက်ပါ လျှပ်စစ်မီး သွယ်တန်းရမည် ဖြစ်သည်။
ထိုနေရာများတွင် အသုံးပြုရမည့်အပြင် အပြင်ဘက်ရှိ ခိုလှုံရေးစခန်းမှ အိမ်တိုင်းလိုလိုတွင် လျှပ်စစ်မီး သွယ်တန်းလိုပါက ဝါယာကြိုးများ လိုအပ်မည်မှာ သဘာဝပင်ဖြစ်သည်။
သို့သော် သူတို့က လင်းယွမ်၏ ကုန်တိုက်မှ အမှတ်များ အကုန်အကျခံ၍ ဝယ်ယူရမည်ဖြစ်သည်။
ဝါယာကြိုးများ ရှိရုံဖြင့် မလုံလောက်သေးဘဲ ပီဗွီစီ ပိုက်အမျိုးမျိုး၊ ပိုက်ဆက်ခေါင်း အမျိုးမျိုး စသည်တို့လည်း လိုအပ်သေးသည်။
ထိုအရာများက လင်းယွမ်၏ အမှတ် အတော်များများကို ထပ်မံ ကုန်ကျစေခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော် ဤကုန်တိုက်ကြီးက အဆင်သင့် ဖြစ်နေပြီဟု ထင်ရသော်လည်း အထဲတွင် လိုအပ်သော အသေးအမွှား ပစ္စည်းများက အမှန်တကယ်ပင် မနည်းပေ။
လင်းယွမ်က မည်မျှပင် ချွေတာနေပါစေ အမှတ် အမြောက်အမြားကို အသုံးပြုလိုက်ရပြီးမှသာ ပစ္စည်းအမျိုးမျိုးကို စုဆောင်းနိုင်ခဲ့သည်။
တကယ်တော့ ထိုရိုးရှင်းသော ပစ္စည်းများက တန်ဖိုး သိပ်မရှိလှပေ။
အဓိကက ကံစမ်းမဲနှိုက်ခြင်းက ကျပန်းဖြစ်နေပြီး မိမိ လိုချင်သော ပစ္စည်းကိုသာ အတိအကျလိုချင်ပါက သတ်မှတ် ကံစမ်းမဲနှိုက်ခြင်းကိုသာ ပြုလုပ်ရမည်ဖြစ်သည်။
သတ်မှတ် ကံစမ်းမဲနှိုက်မည် ဆိုပါက အမှတ် တစ်ထောင် ကုန်ကျမည်ဖြစ်သည်။
ကံကောင်းစွာဖြင့် ဤကာလအတွင်း ကင်းလှည့်အဖွဲ့က အားမနေခဲ့သလို သူ၏ သားသတ်ရုံဘက်မှလည်း နေ့စဉ် အမှတ် ရာဂဏန်း အတော်များများ ဝင်ငွေရှိနေသဖြင့် ဤကံစမ်းမဲနှိုက်ခြင်း ကုန်ကျစရိတ်ကို အံကိုက် ပြန်လည် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
သို့သော် ဤသို့ဖြစ်လာသောအခါ သူ စုဆောင်းထားသော အမှတ်များက ထပ်မံ ကုန်ခမ်းလုနီးပါး ဖြစ်သွားပြန်သည်။
အချိန်များက ထိုသို့ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ရာ နောက်ထပ် သုံးရက်ကြာသောအခါ နောက်ဆုံးတွင် ထိုက်ယန်တောင် ကုန်တိုက် ဖွင့်လှစ်မည့် နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။
"အစ်ကိုမာ... အစ်ကိုမာ... မြန်မြန် ထတော့"
အဒေါ်ကြီးလီ၏ ဂူထဲတွင် မာကောချိုင်တစ်ယောက် အိပ်ချင်မူးတူးဖြင့် သူ၏ ဇနီးဖြစ်သူ လီလန်ဟွာ၏ နှိုးခြင်းကို ခံလိုက်ရသည်။
မာကောချိုင်က မနေနိုင်တော့ဘဲ တစ်ပတ် လှည့်လိုက်ကာ "ဘယ်အချိန်ရှိသေးလို့ ထရမှာလဲ... ငါ မနေ့က ကင်းစောင့်ရတာ ညသန်းခေါင်ကျော်မှ ပြန်ရောက်တာကွ... ခဏလောက် ထပ်အိပ်ပါရစေဦး" ဟု ညည်းညူလိုက်သည်။
အဒေါ်ကြီးလီက ဒေါသတကြီးဖြင့် "အခု ခြောက်နာရီတောင် ထိုးတော့မယ်... ထိုက်ယန်တောင် ကုန်တိုက်က ခုနစ်နာရီဆို ဖွင့်တော့မှာ... အခုမှ စဖွင့်တာဆိုတော့ ဆုန့်ဝမ်က ငါ့ကို သတိပေးထားတယ်... အထူးလျှော့ဈေး အစီအစဉ်တွေ ရှိတယ်တဲ့... ဒီနေ့ ဖွင့်ပွဲဆိုတော့ အထဲမှာ ပစ္စည်းတွေ အများကြီးကို ဈေးအကြီးအကျယ် ချထားတာ"
"ပြီးတော့ အထဲက ပစ္စည်းတွေက အရေအတွက်နဲ့ပဲ ရှိတာ... တစ်ခုရောင်းရရင် တစ်ခု လျော့သွားပြီ... ဝူချင်းတို့၊ လျှိုရှုချင်းတို့ဆို မနက်စောစောကတည်းက တစ်မိသားစုလုံး သွားကြပြီ... ရှင်က အိပ်နေတုန်းလား... ဘယ်လိုလုပ် အိပ်နိုင်ရတာလဲ"
သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများက လျှော့ဈေးဖြင့် ဈေးဝယ်ခြင်းအပေါ် နားလည်၍မရနိုင်သော စွဲလမ်းမှု ရှိကြသည်။
အဒေါ်ကြီးလီက ထိုသို့ ပြောလိုက်သောအခါ ဦးလေးမာက ချက်ချင်းပင် ငေါက်ခနဲ ထလာပြီး အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားသည်။
သူက အလျင်စလို အဝတ်အစားများ ဝတ်ဆင်လိုက်ရင်း "အမယ်လေး... စောစောက မပြောဘူး... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘယ်လိုလုပ် မေ့နေရတာလဲ"
"ဟေ... ငါ့ဘောင်းဘီရော... ငါ့ဘောင်းဘီ"
လီလန်ဟွာက ရယ်မောကာ ဆူပူလိုက်ပြီး "အခုမှ လောရကောင်းမှန်း သိပြီလား... မြန်မြန်လုပ်... ခဏနေ လူများလာရင် တန်းစီရတော့မှာ... အဲ့ကျရင် ရှင်ဝယ်ချင်တဲ့ ပစ္စည်းတွေ လူတွေ ဝယ်သွားလို့ ကုန်သွားလိမ့်မယ်"
ထိုသို့ပြောရင်း ကုတင်အောက်တွင် ဖိမိနေသော ဘောင်းဘီကို ဦးလေးမာထံ ပစ်ပေးလိုက်သည်။
မာကောချိုင်က အလျင်စလို ဘောင်းဘီဝတ်ကာ အဝတ်စဖြင့် လုပ်ထားသော ခါးပတ်ကြိုးကို စည်းလိုက်ရင်း "အထဲမှာ အင်ဆူလင်တို့၊ သွေးချိုတိုင်းစက်တို့ ပါမပါတော့ မသိဘူး... တကယ်လို့ ရှိခဲ့ရင် ငါ ရှိသမျှ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းပြီးတော့ကို မင်းအတွက် တစ်စုံလောက် ပြင်ဆင်ပေးချင်သေးတယ်"
အဒေါ်ကြီးလီက ထိုစကားကို ကြားသောအခါ ဝမ်းသာပီတိဖြစ်ကာ မျက်လုံးများ နီရဲသွားပြီး "အမှတ်တွေကို ဘာလို့ အလဟဿ ဖြုန်းတီးပစ်မှာလဲ... ဒီအမှတ်တွေ ရှိရင် ဆောင်းတွင်းဝတ် အင်္ကျီအထူတွေ ပိုဝယ်တာကမှ ကောင်းသေးတယ်... ဒီနှစ် ဆောင်းတွင်းမှာ ပင်လယ်ဒီရေလှိုင်းကြီးတွေ လာနိုင်တယ်ဆို"
ဦးလေးမာက ထိုစကားကို ကြားသောအခါ သူ၏ ခေါင်းကို ပုတ်လိုက်ပြီး "ဟုတ်တယ် ဟုတ်တယ်... အဲ့ကိစ္စကလည်း အရေးကြီးတယ်... ဒါပေမယ့် အင်ဆူလင်သာ ရှိရင်တော့ မဖြစ်မနေ ဝယ်ရမယ်"
"မြန်မြန် သွားရအောင်... သွားကြည့်ကြတာပေါ့"
အဒေါ်ကြီးလီက "ရှင် ဘာမှ မစားတော့ဘူးလား"
ဦးလေးမာက အခန်းတံခါးကို တွန်းဖွင့်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ မိုးက ရွာသွန်းနေဆဲဖြစ်သော်လည်း အခန်းထဲသို့ အအေးဓာတ်များ ဝင်ရောက်လာသည်ကို သိသိသာသာ ခံစားနေရသည်။
သူက ချက်ချင်းပင် အနည်းငယ် တုန်ယင်သွားပြီး "ပြန်လာမှပဲ စားတော့မယ်... သွားမယ်... ငါတို့ သွားပြီး ဆောင်းတွင်းဝတ်ဖို့ အင်္ကျီအထူတွေ သွားရွေးကြမယ်"
အဒေါ်ကြီးလီသည်လည်း အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် ခေါင်းအသာညိတ်ပြကာ ထီးတစ်လက် ယူလိုက်ပြီး မိုးကာအင်္ကျီ ဝတ်ဆင်ထားသော ဦးလေးမာ နောက်မှ လိုက်ကာ အပြင်သို့ ချက်ချင်း ထွက်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်က မှောင်မိုက်နေဆဲဖြစ်သည်။ မူလကတည်းက မိုးအုံ့နေသော နေ့ဖြစ်သဖြင့် မိုးလင်းချိန် နောက်ကျမည်မှာ သဘာဝပင်ဖြစ်သည်။
သို့သော် သူတို့ ထွက်လာပြီးနောက် လမ်းပေါ်တွင် လူအတော်များများက မီးဝါးတောဘက်သို့ အလျင်အမြန် ပြေးသွားနေကြသည်ကို တွေ့လိုက်ရသည်။
"ဟင်... ကိုလျှို၊ ကိုဟူ... မင်းတို့ အစောကြီး ထကြတာလား"
မာကောချိုင်က လမ်းပေါ်တွင် ရင်းနှီးသောသူများကို ချက်ချင်း တွေ့လိုက်ရရာ ၎င်းတို့မှာ လျှိုတနန်နှင့် ဟူဝေမင်တို့ မိသားစုနှစ်စုပင် ဖြစ်သည်။
လျှိုတနန်နောက်မှ လိုက်လာသူများမှာ သမ်းဝေနေသော ကျောက်ခိုင်နှင့် လျှိုဖိန်ဖိန်တို့ ဖြစ်သည်။
ဟူဝေမင်ကမူ မိသားစုလိုက် ထွက်လာခြင်းဖြစ်ပြီး ဇနီးဖြစ်သူ လျှိုရှုချင်းနှင့် ကလေးဖြစ်သူ ဟူတုတုတို့ကို ခေါ်လာခဲ့သည်။
နှစ်ဖက် တွေ့ဆုံသွားကြသောအခါ အားလုံးက ပြုံးရယ်လိုက်ကြသည်။
"ဦးလေးမာ၊ အဒေါ်ကြီးလီ... ခင်ဗျားတို့လည်း စောစောစီးစီး ထလာတာပဲ မဟုတ်လား"
"အမယ်လေး... ဒီနေ့ ကုန်တိုက် ဖွင့်မယ်ဆိုတာ အကုန်လုံး သိနေကြတာပဲ... ဘယ်သူမဆို သွားပြီး စည်စည်ကားကားထဲ ပါချင်ကြတာပေါ့"
"အဒေါ်ကြီးလီ... အဒေါ်က နောက်ကျနေသေးတယ်... ဝူချင်းနဲ့ ချိုင်ကြည်တို့က ချိုင်ယောင်ကို ခေါ်ပြီး သွားနှင့်ကြပြီ... ကျွန်တော် ခုလေးတင် တွေ့လိုက်သေးတယ်"
"မြန်မြန် မြန်မြန်... အဲ့ဒါတွေ ပြောမနေကြနဲ့တော့... ငါတို့ မြန်မြန် သွားရအောင်... ကျောက်တွင်းနယ်မြေဘက်က လူတချို့ဆိုရင် မနေ့ညကတည်းက မပြန်ကြဘဲ ဝါးတောထဲမှာ ညအိပ်ပြီး ကုန်တိုက် တံခါးဖွင့်မယ့်အချိန်ကို စောင့်နေကြတယ်လို့ ငါ ကြားထားတယ်"
"ဘာ... အမယ်လေး... ဒီလူတွေတော့ တကယ်ပါပဲ... မြန်မြန်သွား မြန်မြန်သွား... နောက်ကျသွားလို့ ပစ္စည်းတွေ အကုန်သွားပါဦးမယ်"
လူအများစု စကားပြောနေရင်းဖြင့် ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားကြကာ မီးဝါးတောဘက်သို့ အလျင်စလို ပြေးသွားကြလေသည်။
ဆက်ရန်...
အပိုင်း(၂၆၂) ကျွမ်းရှုယွမ်၏ စီမံကိန်း
"အမရှန်းမန်... ညီမ ဝတ်ထားတာ လှလားဟင်"
"အမရှန်းမန်... ညီမရဲ့ ဒီဂါဝန်လေးကို ကြည့်ပါဦး... အရင်ကတည်းက မဝတ်ရက်လို့ သိမ်းထားတာ... အခု ကုန်တိုက် သွားမှပဲ ထုတ်ဝတ်ဖြစ်တော့တယ်... ဟိုလူအုပ်ကြီး မြင်ရင်တော့ မျက်လုံးကျွတ်ကျကုန်မှာ သေချာတယ်... ခစ်ခစ်"
"အမဟုန်မြန်... တခြားယောက်ျားတွေတော့ မသိဘူး... ရှမင် ဆိုတဲ့ကောင်ကတော့ သေချာပေါက် ပြူးကြည့်နေမှာ... ဟီးဟီး"
မုန့်ယိုယိုက သဘောကျစွာ ရယ်မောလိုက်လေသည်။ ဟုန်မြန်သည် ချက်ချင်းပင် မျက်နှာရဲသွားပြီး ရှက်ရမ်းရမ်းကာ အော်ငေါက်လိုက်လေသည်။
"မုန့်ယိုယို... နင် ငါမသိဘူး မထင်နဲ့နော်... နင် ဒီရက်ပိုင်း ကွမ်ဖုန်း ဆိုတဲ့ကောင်နဲ့ အတော်လေး ရင်းနီးနေတယ်ဆို... ဘာလဲ... ဒီအဝတ်အစားက သူ့ကို ပြချင်လို့ ဝတ်တာမလား"
မုန့်ယိုယိုသည် ရှက်သွားပုံမရဘဲ ဟီးခနဲ ရယ်မောကာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်လေ... သူက ညီမကို လေးလွှာမှာ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာ... ဟီးဟီး... ရုပ်ရှင်ဆိုတာ ဘာလဲတောင် မေ့လုနီးပါး ဖြစ်နေပြီ"
သူမ စကားဆုံးသည်နှင့် ဟုန်မြန်လည်း သက်ပြင်းတစ်ချက် ချလိုက်မိပြီး ပြောလိုက်သည်။
"ငါတို့တစ်တွေ ဈေးဝယ်ထွက်နိုင်မယ့်နေ့ ပြန်ရောက်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားမိဘူး"
"ရေဘေးကြီး စဖြစ်ကတည်းက ငါတို့ ထွက်ပြေးလိုက်ရတာလေ... အခုတော့ အခြေအနေတွေ တည်ငြိမ်သွားပြီ... ရုပ်ရှင်တောင် ပြန်ကြည့်နိုင်ပြီ... ဈေးဝယ်ထွက်နိုင်ပြီ ဆိုတော့... တကယ့်ကို ယုံတောင်မယုံနိုင်စရာပဲ"
ဟန်ရှန်းမန်သည် ဘေးတွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သူမတို့၏ ရွှင်မြူးနေပုံကို ကြည့်ရှုနေခိုက် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်ပြုံးရွှင်သွားမိသည်။
သို့သော် သူမတို့နှစ်ဦး လွမ်းဆွေးတမ်းတစွာ ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ သူမလည်း အတွေးနယ်ချဲ့သွားမိလေသည်။
ဟုတ်ပါသည်... အားလုံးပဲ ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့နှင့် ဝေးကွာနေခဲ့သည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီနည်း။
သူမသည် တစ်ချိန်က အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်ကိုပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့ချေပြီ။
"ဒေါက်... ဒေါက်... ဒေါက်... ဟေ့... နင်တို့ ပြီးကြပြီလား... မြန်မြန်လုပ်ကြဟ... ငါ အခုပဲ သတင်းကြားတာ... ဦးလေးညိုတို့အဖွဲ့ဆို မနက် ၄ နာရီကတည်းက ထွက်သွားကြပြီတဲ့"
"လျောင်ထောင်း တို့... မုန့်ကွမ်းလီ တို့ဆိုရင် ညကတည်းက သွားကြတာ... ပြန်တောင်မလာကြသေးဘူး"
အပြင်ဘက်မှ ရှမင် နှင့် ကောက်လီ တို့၏ အော်ခေါ်သံများ ထွက်ပေါ်လာသည်။
အခန်းထဲရှိ မိန်းကလေးသုံးဦးမှာ အံ့အားသင့်သွားကြပြီး ဟုန်မြန်က အခန်းတံခါးကို အလျင်အမြန် ဖွင့်လိုက်ရာ အပြင်ဘက်တွင် ထီးဆောင်းကာ စောင့်နေကြသည့် ရှမင် နှင့် ကောက်လီ တို့ကို တွေ့လိုက်ရသည်။
ဟုန်မြန်က မေးလိုက်သည်။
"နင် အခု ဘာပြောလိုက်တယ်... ဦးလေးညိုတို့က မနက်အစောကြီးကတည်းက ထွက်သွားကြတာလား"
မုန့်ယိုယိုကလည်း ခေါင်းပြူထွက်လာပြီး မနေနိုင်စွာ ဝင်ပြောလေသည်။
"ညကတည်းက အဲ့ဒီမှာ သွားစောင့်နေတဲ့လူတွေ ရှိတယ်ဟုတ်လား... အဲ့လောက်တောင် လိုလို့လားဟယ်"
ကောက်လီက အသံကိုနှိမ့်ကာ လှမ်းပြောလိုက်သည်။
"ငါ နင်တို့ကို ပြောပြမယ်... အခုပဲ သတင်းရတာ... ဒီတစ်ခေါက် ကုန်တိုက် ဖွင့်ပွဲမှာ ပစ္စည်းအားလုံးကို လျှော့ဈေးနဲ့ ရောင်းမှာတဲ့... နောက်ဆိုရင် ဒီဈေးနဲ့ ရတော့မှာ မဟုတ်ဘူး"
"ပြီးတော့ အထဲကပစ္စည်းတွေက အကန့်အသတ်နဲ့ ရောင်းမှာ... ရောင်းလိုက်ရင် ကုန်သွားမှာဆိုတော့ ဘယ်သူက မလောဘဲ နေမှာလဲ"
"ဟယ်ဟုတ်လား... မြန်မြန်... အမရှန်းမန်... မြန်မြန်သွားရအောင်"
ဟုန်မြန်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် စိတ်လောသွားပြီး ဟန်ရှန်းမန်ကို လှမ်းအော်ခေါ်လိုက်သည်။ ဟန်ရှန်းမန်လည်း အလျင်အမြန် ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ဒီလောက် စည်ကားမယ်လို့ မထင်ထားဘူး... ဒါဆို ငါတို့လည်း မြန်မြန်သွားကြစို့"
မုန့်ယိုယိုက စိတ်ပူစွာ ပြောလေသည်။
"ညီမ အဝတ်အစားတောင် မလဲရသေးဘူး"
"ဟိုရောက်မှ လူရှင်းတဲ့နေရာရှာပြီး လဲလိုက်တော့... လမ်းမှာ ရွှံ့တွေပေကုန်လိမ့်မယ်"
ဟုန်မြန်က အကြံပေးလိုက်သည်။ ထို့နောက် လူစုသည် အလျင်အမြန်ပင် အိမ်မှ ထွက်ခွာလာခဲ့ကြသည်။
အိမ်ပြင်သို့ ရောက်သောအခါမှ မီးဝါးတော ဘက်သို့ ဦးတည်သွားနေကြသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။
ကင်းစောင့်တာဝန်ကျနေသူများမှလွဲ၍ ကျောက်တွင်းနယ်မြေတစ်ခုလုံးရှိ လူတိုင်းနီးပါး အပြင်ထွက်လာကြခြင်း ဖြစ်သည်။
ဟန်ရှန်းမန်သည် ယနေ့ ကင်းစောင့်တာဝန်ကျနေသည့် ကင်းလှည့်အဖွဲ့ဝင်အချို့က သူတို့၏ သူငယ်ချင်းများကို အကူအညီတောင်းကာ ပစ္စည်းဝယ်ပေးရန် မှာကြားနေသည်ကိုပင် မြင်တွေ့လိုက်ရသည်။
ထိုအခါမှသာ ယခုဖွင့်လှစ်မည့် ထိုက်ယန် ကုန်တိုက်သည် မည်မျှ ရေပန်းစား လူစည်ကားနေကြောင်း သူမ သဘောပေါက်လိုက်သည်။
ကောင်းကင်သည် အလင်းရောင်ဖျော့ဖျော့သာ ရှိသေးသော်လည်း လမ်းမပေါ်တွင် လူများ ရှုပ်ထွေးကာ တိုးဝှေ့သွားလာနေကြပြီး အားလုံး၏ စိတ်အားထက်သန်မှုမှာ မြင့်တက်နေသည်။
"အမလေး... ဒီနေ့ ကုန်တိုက်မှာ ဘာပစ္စည်းတွေများ ရှိမလဲ မသိဘူးနော်... အရက်များ ပါမလား... ဟူး... တစ်ခွက်လောက်တော့ သောက်ချင်မိသား"
"ဘယ်လိုလုပ် အရက်ပါမှာလဲ... သေချာပေါက် စားသောက်ကုန်တွေပဲ ဖြစ်မှာပေါ့... ငါထင်တာတော့ ဆန်တို့ ဂျုံတို့လောက်ပဲ နေမှာပါ... တော်ကြာ အနီရောင်အသားတို့ အဖြူရောင်အသားတို့ ပါချင်လည်း ပါလာနိုင်တယ်"
"အဲ့ဒါဆိုရင်တော့ မိုက်ပြီဟေ့... ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီဆိုတော့ စားစရာ များများစုထားမှ ဖြစ်မှာ"
"ငါကတော့ တစ်ရှူးလိပ်လောက် ဝယ်ချင်တာ... နေ့တိုင်း သစ်ရွက်နဲ့ ဖြေရှင်းနေရတာ... တစ်ကိုယ်လုံးလည်း နံစော်နေပြီ"
"တစ်ရှူးလိပ်တော့ စိတ်မကူးနဲ့တော့... အဲ့ဒါတွေက ရေကြီးကတည်းက ပျက်စီးကုန်ပြီ... ရေထိတာနဲ့ ပျော်ကုန်တဲ့ဟာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
"လောင်ဆွန်း... မင်းရော... မင်းက ဘာဝယ်ချင်လို့လဲ"
"ငါကတော့ အဝတ်အစား နှစ်စုံလောက် ဝယ်ချင်တယ်... ဟူး... ငါ့မှာ ဒီအဝတ်အစားပဲ ဝတ်နေရတာ နှစ်ဝက်လောက် ရှိနေပြီ... တကယ် လဲစရာ အဝတ်အစား မရှိတော့ဘူး"
"အေးကွာ... မင်းပြောမှ ငါလည်း အဝတ်အစား ထူထူထဲထဲ နှစ်ထည်လောက် ဝယ်ချင်လာပြီ... ရာသီဥတုက အေးလာပြီ... ငါက နွေရာသီဝတ်တွေပဲ ရှိသေးတာ... ငါတို့က အစွမ်းပိုင်ရှင်တွေလည်း မဟုတ်တော့ အအေးဒဏ် ခံနိုင်တာ မဟုတ်ဘူး"
"စောင်တွေများ ရောင်းမလား မသိဘူး... ညဘက် ကောက်ရိုးပုံပေါ် အိပ်ရတာ အေးလွန်းလို့ မခံနိုင်တော့ဘူး... မွေ့ရာလေးခင်းပြီး စောင်လေးတစ်ထည်လောက် ခြုံလိုက်ရရင်တော့ ရှယ်ပဲကွာ"
...
လမ်းမပေါ်ရှိ လူများသည် တစ်ယောက်တစ်ပေါက် ပြောဆိုဆွေးနွေးရင်း မည်သည့်ပစ္စည်းများ ဝယ်ယူရမည်ကို တိုင်ပင်နေကြသည်။
အချို့ဆိုလျှင် ဝယ်ယူရမည့် ပစ္စည်းစာရင်းကိုပင် ကြိုတင်ရေးမှတ်ထားကြသေးသည်။
ထိုအချိန်တွင် မီးဝါးတော ထဲ၌ လူအများအပြား စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
အလုပ်သမားအဖြစ် လုပ်ကိုင်နေကြသည့် ခိုလှုံရေးစခန်း သုံးခုမှ လူများသည် ပြန်ပင်မပြန်ကြဘဲ မီးဝါးတော ထဲ၌ တစ်ညလုံး စောင့်ဆိုင်းနေခဲ့ကြသည်။
ကျွမ်းရှုယွမ် ၏ ဘေးတွင် ကောကျဲ နှင့် ပိုင်ကျစ်လဲ့ တို့ နှစ်ဦး ရှိနေပြီး မီးပုံကို ဝိုင်းကာ ထိုင်နေကြသည်။
သူမတို့၏ မီးပုံနှင့် ပေ ၃၀၊ ၄၀ ခန့်အကွာတွင် ပိုမိုကြီးမားသော မီးပုံကြီးတစ်ခု ရှိနေသည်။ ထိုနေရာတွင် လီယွဲ့ကျင်း ဦးဆောင်သော အမျိုးသားတစ်စု ထိုင်နေကြသည်။
ကောကျဲသည် ထိုဘက်သို့ လှမ်းကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် အသံနှိမ့်ကာ ပြောလိုက်သည်။
"လီယွဲ့ကျင်း ဆိုတဲ့ လူက... ဝူမုန့် ထွက်သွားတာနဲ့ သံယောဇဉ်တောင် မထားဘူး... ငါတို့ခေါင်းဆောင် လုပ်ချင်နေပြီ"
"ချန်ကျန့်ဖုန်း တို့... ယွမ်ရွေ့ တို့လို ကောင်စုတ်တွေကလည်း သူ့စကား နားထောင်ကြတယ်... ငါ့မှာ ဒေါသထွက်လွန်းလို့ သေတော့မယ်"
ပိုင်ကျစ်လဲ့က ပိန်းဥတစ်လုံးကို မီးကင်ရင်း တိုးတိုးလေး ပြောလေသည်။
"အဓိကက ယာဝေ ကပါ ဟိုဘက်ပါသွားတာ... အမကျွမ်း... ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ကျွမ်းရှုယွမ်သည် ယခုတစ်ကြိမ်တွင် လုံးဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ဝူဝမ်မျှော်စင် အဖွဲ့သားများသည် လုံးဝ ကွဲပြားသွားခဲ့ကြပြီ ဖြစ်သည်။
သူမ၏ ဘေးတွင် ကျန်ရစ်သူ မရှိသလောက် နည်းပါးသွားပြီး အများစုမှာ လီယွဲ့ကျင်း နောက်သို့ ပါသွားကြလေပြီ။
ယခုဆိုလျှင် ပိုင်ကျစ်လဲ့ နှင့် ကောကျဲ နှစ်ယောက်သာ သူမအနားတွင် ကျန်ရစ်တော့သည်။
ကျွမ်းရှုယွမ်၏ မျက်နှာထားက တည်ငြိမ်နေပြီး ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း အလျဉ်းမရှိပေ။
ဝူမုန့် မရှိတော့သည့်နောက်တွင် မူလလူများကို ပြန်လည်စည်းရုံးရန် ခက်ခဲမည်ဆိုသည်ကို သူမ ကြိုတင်တွေးဆထားပြီး ဖြစ်သည်။
သို့သော် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းသို့ သွားရောက်ပူးပေါင်းခြင်းထက် ဤနေရာတွင် နေရစ်ခြင်းက မျှော်လင့်ချက် ရှိသေးသည်။
ထိုမျှော်လင့်ချက်မှာ ဤခိုလှုံရေးစခန်း၏ ပိုင်ရှင် လင်းယွမ် ပင် ဖြစ်သည်။
လင်းယွမ်က သူမကို ကြည့်သည့် အကြည့်များမှာ မတူကွဲပြားနေသည်ကို သူမ၏ အာရုံခံစားမှုက အလိုလို သိနေသည်။
(ကျော်ကြီးကတော့ ဒီကိစ္စနဲ့ပတ်သတ်ရင် ဖျောက်လို့ရမယ့်ပုံမပေါ်ဘူး XD)
လင်းယွမ်သည် ဆုန့်ဝမ် ကို သွားရှာသည့် အခေါက်တိုင်းတွင် သူမက လင်းယွမ်နှင့် နီးစပ်ခွင့်ရရန် ကြိုးစားပြီး ချဉ်းကပ်ခဲ့သည်။
လင်းယွမ်က သူမကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။ ထိုအချက်က သူမကို အတိုင်းထက်အလွန် ပျော်ရွှင်စေခဲ့သည်။
မငြင်းပယ်ဘူး ဆိုတာ ဘာသဘောလဲ။
သူမ ကျွမ်းရှုယွမ် အတွက် မျှော်လင့်ချက် ရှိနေသေးသည် ဟူသော သဘောပင်။
လင်းယွမ် ဆိုသည့် ပုဂ္ဂိုလ်သည် သူမအပေါ် တစ်စုံတစ်ရာ စိတ်ဝင်စားမှု ရှိနေနိုင်သည်ဟု သူမ ယူဆသည်။
ဤသည်မှာ သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သက်သက် မဟုတ်ဘဲ ယောက်ျားများ၏ သဘောသဘာဝကို နားလည်ထားခြင်းကြောင့် ဖြစ်သည်။
သူမသည် မိမိ၏ အားသာချက်များကို ကောင်းစွာ သိရှိထားသည်။ သူမသည် ရုပ်ရည်ချောမောသည်၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သည်၊ အဓိကအားဖြင့် ပြိုင်ဘက်ကင်းသော နန်းဆန်သည့် အငွေ့အသက်မျိုး သူမထံတွင် ရှိနေသည်။
အာဏာရှိသော မည်သည့် ယောက်ျားမဆို သူမကဲ့သို့သော အမျိုးသမီးကို မိမိ၏ ခြေရင်းအောက်တွင် ထားရှိပြီး သူမ၏ မာန်မာနနှင့် ဂုဏ်သိက္ခာကို ရိုက်ချိုးပစ်လိုစိတ် ရှိကြစမြဲပင်။
ထိုကဲ့သို့သော ယောက်ျားများကို သူမ ကောင်းကောင်းကြီး သိသည်။
ကျွမ်းရှုယွမ်က လေသံအေးအေးဖြင့် ပြောလိုက်သည်။
"နင်တို့က ဒီကိစ္စကို ထိုင်ပြီး စိတ်ပူနေမယ့်အစား... ခဏနေ ကုန်တိုက် ဖွင့်ရင် ဘာဝယ်မလဲ ဆိုတာကို စဉ်းစားထားတာ ပိုကောင်းမယ်"
ကောကျဲသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပြောလေသည်။
"ငါကြားတာတော့ ကုန်တိုက်မှာ ဒီတစ်ခေါက် တန်ဖိုးကြီးပစ္စည်းတွေ အများကြီး ထုတ်ရောင်းမယ်တဲ့... လက်နက်တွေများ ပါမလား မသိဘူး... ဟိုအစ်ကိုယန် စီမံထားတဲ့ 'ထက်မြက်ခြင်း' အစွမ်းပါတဲ့ လက်နက်တွေကို ငါအရမ်း လိုချင်တာ... ဒါပေမဲ့ ပုံမှန်အချိန်ဆို ဝယ်ဖို့ အခွင့်အရေးမှ မရှိတာ"
ပိုင်ကျစ်လဲ့က မနေနိုင်စွာ ဝင်ပြောသည်။
"အမကော... အမက လက်နက်ယူပြီး ဘာလုပ်မလို့လဲ... အမရဲ့ စိတ်စွမ်းအင် ပုံရိပ်ယောင်အစွမ်းက အတော်လေး အစွမ်းထက်နေပြီပဲကို... လက်နက် သုံးဖို့ လိုသေးလို့လား"
ကောကျဲက မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"နင်ကတော့... နင့်အစွမ်းက ကုသပေးတာဆိုတော့ ဘာမှ နားမလည်ဘူး... ပုံရိပ်ယောင်အစွမ်းက ရန်သူကို ထိန်းထားဖို့ပဲ ရတာလေ... သတ်လို့မှ မရတာ"
"တကယ်လို့ ရန်သူက ကျည်ကာ ဝတ်ထားသလို ခံနိုင်ရည်မြင့်နေရင်... ငါ့ စိတ်စွမ်းအင်နဲ့ ထိန်းချုပ်ထားလို့ ဘာထူးမှာလဲ... အဲ့ဒီအချိန်ကျရင် ငါ့ စိတ်စွမ်းအင်နဲ့ ပေါင်းစပ်တိုက်ခိုက်ဖို့ လက်နက်ကောင်းကောင်း တစ်ခုတော့ ရှိမှဖြစ်မှာပေါ့"
ပိုင်ကျစ်လဲ့လည်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။ သူမသည် ကုသရေး အစွမ်းပိုင်ရှင် ဖြစ်သဖြင့် တိုက်ခိုက်ရေးဘက်တွင် မကျွမ်းကျင်ပေ။
ကောကျဲက ဆက်မေးလိုက်သည်။
"နင်ရော... ပိုင်ကျစ်... နင်က ဘာဝယ်မှာလဲ"
ပိုင်ကျစ်လဲ့က ခေါင်းကို ကုတ်လိုက်ပြီး ပြောသည်။
"ငါကြားတာတော့ ကင်းလှည့်အဖွဲ့ခေါင်းဆောင် ဝမ်အန်း က သူ့ရဲ့ အစွမ်းနဲ့ အစားအသောက်ကို ပေါင်းစပ်ပြီး မုန့်ဆိုင်ဖွင့်ဖို့ စမ်းသပ်နေတယ်တဲ့... ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အစားအစာတွေ ထုတ်လုပ်နိုင်တယ် ဆိုပဲ... ငါသွားကြည့်ပြီး နည်းနည်းဝယ်ပြီး လေ့လာကြည့်မလို့"
"နင်တို့လည်း သိတဲ့အတိုင်းပဲလေ... ငါ့ရဲ့ အာဟာရဖြည့်ရည် အစွမ်းကလည်း အစားအသောက် တစ်မျိုးပဲမလား... ဒါပေမဲ့ ထုတ်ကုန်က တစ်မျိုးတည်း ဖြစ်နေတော့... သူတို့ဆီက ပညာသွားယူပြီး နောက်ကျရင် ငါလည်း ကုသရေး မုန့်ဆိုင်တစ်ဆိုင်လောက် ဖွင့်ချင်လို့"
ကောကျဲက အံ့သြစွာဖြင့် ပြောလိုက်သည်။
"နင့် အကြံက မိုက်လှချည်လား... ဝိုး... နင်သာ ဆိုင်ဖွင့်ရင် သေချာပေါက် ရောင်းကောင်းမှာ... အခု ကင်းလှည့်အဖွဲ့ထဲမှာ ကုသပေးနိုင်တဲ့လူက လက်ချိုးရေလို့ ရတယ်"
"နင်တို့လို ပစ္စည်းမျိုးက နောက်ဆိုရင် သေချာပေါက် ရောင်းကောင်းမှာ... ပိုင်ကျစ်... နင် ဆိုင်ဖွင့်ရင် ငါနဲ့ အမကျွမ်း ကိုလည်း ခေါ်ဦးနော်... ငါတို့ ရင်းနှီးမြှုပ်နှံကြတာပေါ့"
ပိုင်ကျစ်လဲ့က ဟီးခနဲ ရယ်မောလိုက်ပြီး ကျွမ်းရှုယွမ် ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အမကျွမ်း ရော... အမက ဘာဝယ်မှာလဲ"
ကျွမ်းရှုယွမ်က ပိုင်ကျစ်လဲ့ကို သဘောကျစွာ ကြည့်လိုက်သည်။ ပိုင်ကျစ်လဲ့၏ အတွေးအခေါ်အတိုင်းသာဆိုလျှင် အနာဂတ်တွင် သူမသည် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၌ အမှန်တကယ် နေရာတစ်ခု ရလာနိုင်ပြီး ကြီးပွားချမ်းသာလာပေလိမ့်မည်။
ပိုင်ကျစ်လဲ့၏ မေးခွန်းကို ကြားသောအခါ ကျွမ်းရှုယွမ်က ပြုံးကာ ပြောလိုက်သည်။
"နင်တို့ကလေ... ဆိုင်ဖွင့်ချင်တယ်သာ ပြောတာ... ကုန်တိုက်က ဆိုင်ခန်းတွေကို ငှားရင် အမှတ် ဘယ်လောက် ပေးရလဲဆိုတာ စုံစမ်းပြီးကြပြီလား"
နှစ်ယောက်စလုံး ကြောင်အသွားကြပြီး ခေါင်းခါပြလိုက်ကြသည်။
ပိုင်ကျစ်လဲ့က အလျင်အမြန် မေးလိုက်သည်။
"အမကျွမ်း... အမ သိတယ်လား"
ကျွမ်းရှုယွမ်က နှုတ်ခမ်းထောင့်စွန်း ကွေးညွှတ်သွားကာ ပြောလိုက်သည်။
"ငါ စုံစမ်းထားပြီးပြီ... လောလောဆယ်တော့ ကုန်တိုက်က ဆိုင်ခန်းအများစုကို လင်းယွမ် ကိုယ်တိုင် ဖွင့်ထားတာ... ဒါပေမဲ့ ငါတို့သာ ငှားချင်တယ်ဆိုရင် သိပ်တော့ မခက်ခဲပါဘူး"
"ပထမဆုံးအနေနဲ့ ငါတို့က ဒီတစ်လ တာဝန်ထမ်းဆောင်တဲ့ ကာလကို ကျော်ဖြတ်ရမယ်"
"အချိန်တန်ရင် လင်းယွမ် က ငါတို့ကို အဖွဲ့သစ် ပြန်ဖွဲ့ပေးပြီး ဌာနအသီးသီးမှာ တာဝန်ချပေးလိမ့်မယ်"
"ငါတို့က မိန်းမသားတွေ ဖြစ်တဲ့အပြင် အစွမ်းပိုင်ရှင်တွေလည်း ဖြစ်တဲ့အတွက် အခွင့်ထူးတချို့ ရနိုင်တယ်... အပြင်ထွက် တာဝန်ထမ်းဆောင်စရာ မလိုဘဲ ခိုလှုံရေးစခန်းထဲမှာပဲ ထောက်ပံ့ရေး အလုပ်တွေ လုပ်လို့ရနိုင်တယ်"
"ဆိုင်ဖွင့်တာကလည်း လမ်းကြောင်းတစ်ခုပဲ... ဒါပေမဲ့ ဆိုင်ဖွင့်ဖို့အတွက် လုံလောက်တဲ့ အမှတ် ပေးဆောင်ပြီး ဆိုင်ခန်းငှားရမယ်"
"အမကျွမ်း... အမှတ် ဘယ်လောက် ကျတာလဲဟင်" စိတ်မြန်လက်မြန် ရှိသော ကောကျဲက ဖြတ်မေးလိုက်သည်။
ကျွမ်းရှုယွမ်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
"အမှတ် တစ်ထောင်လား"
ကျွမ်းရှုယွမ်က မျက်စောင်းထိုးကာ ပြောလိုက်သည်။
"နင် ငါး ရာဂဏန်းလောက် ဖမ်းလာရင်တောင် အမှတ် တစ်ထောင် ရနေပြီဟာ... ဘယ်လိုလုပ် အဲ့လောက် ဈေးပေါမှာလဲ"
"ဟယ်... ဒါဆို အမှတ် တစ်သောင်းတောင် ပေးရတာလား" ကောကျဲက ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်စွာ မေးလိုက်သည်။
ကျွမ်းရှုယွမ်က ခေါင်းညိတ်သည်။
"အင်း... အမှတ် တစ်သောင်း... အဲ့ဒါက တစ်လ ငှားခ ပဲ ရှိသေးတယ်"
"မြတ်စွာဘုရား... အဲ့လောက် အမှတ်အများကြီးကို ဘယ်တော့မှ ပြည့်အောင် စုနိုင်မှာလဲ... ပြီးတော့ တစ်လတစ်ခါ ပေးရမှာဆိုတော့ ဘယ်လိုလုပ် ရှာနိုင်မှာလဲ" ကောကျဲက စိတ်ဓာတ်ကျစွာ ညည်းတွားလိုက်သည်။
ကျွမ်းရှုယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ကောကျဲ... နင်ကတော့ အမြင်ကျဉ်းလွန်းတယ်... အမှတ် တစ်သောင်း ဆိုတာ များလို့လား... ငါ ပြောပြမယ်... အခုက ခိုလှုံရေးစခန်းမှာ လူနည်းသေးလို့ ဒီလောက် ဈေးပေါနေတာ... နောက်ဆိုရင် ငှားခက ဒီထက်မက ခုန်တက်သွားလိမ့်မယ်ဆိုတာ နင် ယုံလား"
"ဟမ်... ထပ်တက်ဦးမယ် ဟုတ်လား... အဲ့ဒါဆို ဘယ်သူက အဲ့လောက် အမှတ်များကြီးကို တတ်နိုင်မှာလဲ... လင်းယွမ် နဲ့ အတူရှိနေခဲ့တဲ့ မီးဝါးတောက လူဟောင်းတွေတောင် ချက်ချင်းကြီး အဲ့လောက် အမှတ်များကြီး ထုတ်နိုင်ပါ့မလား"
ကောကျဲက မယုံကြည်နိုင်စွာ ပြောလိုက်သည်။ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အမှတ်စနစ်သည် လွန်ခဲ့သော တစ်လခန့်ကမှ စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း သူမ သိထားသည်။ ထို့ကြောင့် မည်သူကမှ တစ်လအတွင်း အမှတ် တစ်သောင်း စုမိမည် မဟုတ်ပေ။
ကျွမ်းရှုယွမ်က ခေါင်းခါလိုက်သည်။
"နင်ကတော့လေ... ကြည့်ရတာ စီးပွားရေး တစ်ခါမှ မလုပ်ဖူးတဲ့ပုံပဲ... စီးပွားရေး လုပ်ရင် ပိုက်ဆံဝင်တာ ဘယ်လောက် မြန်သလဲ ဆိုတာကို... တကယ် လုပ်ကြည့်ရင် သိလာလိမ့်မယ်"
"ဒါပေမဲ့ ပထမဆုံး အရင်းအနှီး ရဖို့ကတော့ အခက်ခဲဆုံးပဲ... တစ်ယောက်တည်း စုလို့ မပြည့်ရင် လူများများ စုပေါင်းလိုက်ရင် ပြည့်သွားမှာပေါ့"
"အမှတ် တစ်သောင်း ဆိုတာ ကြားရရင်တော့ များတယ်... တကယ်တမ်းကျတော့ တစ်လ ရက် ၃၀ နဲ့ စားလိုက်ရင် တစ်ရက်ကို ပျမ်းမျှ အမှတ် ၃၀၀၀ ကျော်လောက်ပဲ ကျတာ"
"အမှတ် ၃၀၀၀ ကျော်ကို ငါတို့ သုံးယောက်နဲ့ စားလိုက်ရင် တစ်ယောက်ကို တစ်ရက် အမှတ် ၁၀၀၀ လောက် ရှာနိုင်ရင် လုံလောက်ပြီ"
"စီးပွားရေး မလုပ်ဘူး ဆိုရင်တောင် ငါးသွားဖမ်းရင် ကံကောင်းတဲ့ရက်ဆို အမှတ် ၁၀၀၀ လောက် ရနိုင်တာပဲလေ"
"ဒါကြောင့် ဒီဈေးနှုန်းက တကယ်တမ်းကျတော့ အရမ်းသက်သာနေတာ... နောက်ပိုင်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ လူတွေ ပိုများလာရင် စီးပွားရေးက ပိုကောင်းလာမှာ... အမှတ်တွေလည်း ပိုရလာမှာ... သဘောပေါက်လား"
ကောကျဲ တစ်ယောက် ကြောင်အသွားသည်။ ကျွမ်းရှုယွမ် ၏ ရှင်းပြချက်ကို ကြားပြီးနောက် တစ်လ အမှတ် တစ်သောင်း ဆိုသည်မှာ သိပ်မများလှဟု ခံစားလိုက်ရသည်။
"ဒါဆို အမကျွမ်း က ဆိုင်ခန်းငှားပြီး စီးပွားရေး လုပ်ဖို့ စီစဉ်ထားတာလား" ပိုင်ကျစ်လဲ့က အဓိကအချက်ကို သဘောပေါက်သွားပြီး မေးလိုက်သည်။
ကျွမ်းရှုယွမ်က ခေါင်းညိတ်သည်။
"တခြားလူတွေ သတိမထားမိခင် ငါတို့က နေရာကောင်းတစ်ခုကို မြန်မြန် ဦးထားမှ ဖြစ်မယ်"
"နင်တို့နှစ်ယောက် လက်ထဲမှာ အမှတ် ဘယ်လောက် ရှိလဲ"
ပိုင်ကျစ်လဲ့က ချက်ချင်းပင် ဖြေလိုက်သည်။
"ငါ့မှာ အမှတ် ၂၀၀၀ ကျော်လောက်ပဲ ရှိတာ"
"ဘာ... ပိုင်ကျစ်... နင် ဘာတွေလုပ်လို့ အမှတ် ၂၀၀၀ ကျော်တောင် စုမိနေတာလဲ" ကောကျဲက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ပိုင်ကျစ်လဲ့က လက်ချောင်းများကို ချိုးရေတွက်ရင်း ပြောသည်။
"အမှတ် ၂၀၀၀ ကျော် ဆိုတာ များလို့လား... ငါ နေ့တိုင်း အစွမ်းသုံးပြီး ထုတ်ထားတဲ့ အာဟာရဖြည့်ဆေးရည် ကုသရေးဆေးရည် တစ်ပုလင်းကို အမှတ် ၁ မှတ် နဲ့ ရောင်းတာလေ... လူတော်တော်များများက အလုပ်လုပ်ရတာ ပင်ပန်းတော့ ငါ့ဆီက လာဝယ်ကြတယ်... ငါ့ အစွမ်းသာ မကုန်သွားရင် ဒီထက်ပိုပြီးတောင် ရောင်းရဦးမှာ"
ကောကျဲက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဆိုင်ဖွင့်ချင်တာ မဆန်းပါဘူး... ကုသရေး အစားအစာ ရောင်းတာက ဒီလောက် ဝင်ငွေကောင်းတာကိုး"
"ကဲ... ကောကျဲ... နင့်မှာရော ဘယ်လောက်ရှိလဲ"
ကောကျဲက မျက်နှာငယ်လေးဖြင့် ပြောသည်။
"ငါ့မှာ အမှတ် ၉၀၀ ကျော်လောက်ပဲ ရှိတယ်... အဲ့ဒါတောင် ငါက စားလို့ရတဲ့ သန္ဓေပြောင်း အပင်တစ်မျိုး ရှာတွေ့ခဲ့လို့ ခေါင်းဆောင်ဆုန့်ဝမ် က အမှတ် ၅၀၀ ဆုချထားတာ ပါလို့နော်... ကျန်တဲ့ အမှတ် ၄၀၀ လောက်က ငါ ပင်ပင်ပန်းပန်း ငါးဖမ်း၊ အမဲလိုက်၊ မြေရှင်း၊ အုတ်သယ်ပြီး စုထားရတာ"
သူမ ပြောသည့်အတိုင်းပင် ဖြစ်သည်။ အပြင်ထွက် ငါးဖမ်း အမဲလိုက်ရခြင်းသည် အမှတ်များများစားစား မရဘဲ အချိန်ကုန် လူပင်ပန်းသည့် အလုပ်ဖြစ်သည်။
မြေရိုင်းရှင်းခြင်း၊ တောင်တူး ဖောက်ခွဲခြင်း တို့သည်လည်း ခွန်အားသုံးရသည့် အလုပ်များ ဖြစ်သဖြင့် အမှတ်ရရှိမှု နည်းပါးသည်။
သူမတို့သည် ပြစ်ဒဏ်ကျ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည့်အတွက် အလကား ခိုင်းမခံရခြင်းကပင် လင်းယွမ် ၏ ကရုဏာကြောင့် ဖြစ်သည်။
ပိုင်ကျစ်လဲ့က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ဒါဆို စုစုပေါင်း အမှတ် ၃၀၀၀ လောက်ပဲ ရှိသေးတာပေါ့... နောက်ထပ် အမှတ် ၇၀၀၀ လောက် လိုနေသေးတာပဲ"
"အမကျွမ်း... အမဆီမှာရော အမှတ် ဘယ်လောက် ရှိလဲ"
ပိုင်ကျစ်လဲ့သည် ကျွမ်းရှုယွမ်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ ယခု တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျွမ်းရှုယွမ် ထံတွင်သာ ရှိတော့သည်။
ကျွမ်းရှုယွမ်က ခေါင်းခါပြလိုက်သည်။
"ငါ့ကို မကြည့်နဲ့... ငါ့ အမှတ်က ပိုတောင် နည်းသေးတယ်... ၇၀၀ ကျော်ပဲ ရှိတယ်"
အမှန်တကယ်တော့ ဤပမာဏသည် သူမ အစွမ်းကုန် ကြိုးစားရှာဖွေထားခြင်း ဖြစ်သည်။
သူမ၏ အစွမ်းမှာ စိတ်ဖတ်သည့် အစွမ်းနှင့် ဆင်တူရာ အတော်လေး အသုံးနည်းနေသည်။
ကင်းလှည့်အဖွဲ့နှင့် လိုက်ပါပြီး ငါးဖမ်း၊ အမဲလိုက်၊ တောင်တူးသည့် ကြမ်းတမ်းသော အလုပ်များကို မိန်းမသား တစ်ယောက်အနေဖြင့် ရေရှည် လုပ်ကိုင်နိုင်မည် မဟုတ်ပေ။
ဆုန့်ဝမ် က ထိုအချက်ကို ထည့်သွင်းစဉ်းစားပေးသဖြင့် သူမကို စိုက်ပျိုးရေး ဇုန်တွင် အဒေါ်ကြီးလီ တို့နှင့်အတူ စိုက်ပျိုးရေး လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် စိုက်ပျိုးရေး လုပ်ခြင်းက အမှတ် မည်မျှ ရနိုင်မည်နည်း။
သူမသည် ဒီရက်ပိုင်းအတွင်း သူမ၏ စိတ်ဖတ်သည့် အစွမ်းကို အသုံးပြုကာ အဒေါ်ကြီးလီ တို့ကို ပျော်ရွှင်အောင် ပေါင်းသင်းခဲ့သည်။
အဒေါ်ကြီးလီ က သူမကို ဂရုစိုက်သဖြင့် အမှတ်ကောင်းကောင်း ရသည့် အလုပ်များကို ခွဲဝေပေးလေ့ရှိသည်။ ထို့ကြောင့်သာ သူမ အမှတ် ၇၀၀ ကျော် စုမိခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက အမှတ် ၇၀၀ ပြည့်ရန်ပင် ခက်ခဲပေလိမ့်မည်။
"ဟာ... ဒါဆို ဘယ်လိုလုပ်မလဲ... ငါတို့ သုံးယောက်ပေါင်းမှ အမှတ် ၄၀၀၀ လောက်ပဲ ရှိမှာလေ... နောက်ထပ် အမှတ် ၆၀၀၀ လောက် လိုနေတာ... ဘယ်လို ဆိုင်ဖွင့်ကြမလဲ" ပိုင်ကျစ်လဲ့က ခေါင်းငိုက်စိုက်ကျကာ ပြောလိုက်သည်။
ကောကျဲကလည်း ဝင်ပြောသည်။
"ပြီးတော့ ရှိသမျှ အမှတ်တွေအကုန်လုံး ဆိုင်ခန်းငှားခ ပေးလိုက်ရင်... ဆိုင်ဖွင့်ပြီးရင် စားဖို့သောက်ဖို့ကျ ဘယ်လိုလုပ်မလဲ"
"ငါ ယွဲ့ယာဝေ ဆီ သွားချေးကြည့်ရင် ကောင်းမလား" ကောကျဲက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
ပိုင်ကျစ်လဲ့ကလည်း ထောက်ခံသည်။
"ကောင်းမယ် ထင်တယ်... ယာဝေ က မွေးမြူရေးခြံဘက်မှာ လုပ်နေတာ... တိရစ္ဆာန်တွေကို မိတ်လိုက်အောင် လုပ်ပေးရတဲ့ တာဝန် ဆိုတော့ သူ့ အမှတ်က မနည်းလောက်ဘူး"
"သူက ချေးပါ့မလား ဆိုတာပဲ ပူရတာ... ငါကြားတာ သူက ယွမ်ရွေ့ နဲ့ သမီးရည်းစား ဖြစ်နေကြပြီဆို... နှစ်ယောက်သား မီးဝါးတော အပြင်ဘက်မှာ အိမ်ထောင်စုခွဲဖို့ ပစ္စည်းတွေ ဝယ်စုနေကြတာလေ"
ကောကျဲက တိုးတိုးလေး ပြောလိုက်သည်။
ပိုင်ကျစ်လဲ့လည်း သက်ပြင်းချလိုက်မိသည်။
ကျွမ်းရှုယွမ် ကမူ စိတ်လှုပ်ရှားပုံ မရဘဲ ပြောလိုက်သည်။
"မပူပါနဲ့... ငါ နည်းလမ်း စဉ်းစားပြီးသားပါ"
"ဘာနည်းလမ်းလဲ"
ပိုင်ကျစ်လဲ့ နှင့် ကောကျဲ တို့ နှစ်ယောက်လုံး လှမ်းကြည့်လိုက်ကြသည်။
ကျွမ်းရှုယွမ်က ပြုံးကာ ပြောလိုက်သည်။
"ငါတို့ရဲ့ တာဝန်ထမ်းဆောင်ကာလက တစ်လ ရှိတယ်... ဒီတစ်လ ကုန်သွားမှ ငါတို့က လွတ်လပ်တဲ့လူ ဖြစ်မှာ... အခုအချိန်မှာ ဆိုင်ခန်းငှားမယ် ဆိုရင် လင်းယွမ် က ခွင့်ပြုမှာ မဟုတ်ဘူး"
"ငါ စဉ်းစားထားတာက ဒီလို... ဒီနေ့ ဖွင့်ပွဲမှာ ပစ္စည်းကောင်းတွေ အများကြီး ပါလာမှာ သေချာတယ်... လူတိုင်းကလည်း လိုချင်ကြမှာပဲ... ဒါပေမဲ့ လူတိုင်းလက်ထဲမှာ အမှတ်က အကန့်အသတ်နဲ့ပဲ ရှိကြတာ"
"လူအများစုက လက်ထဲမှာ အမှတ် မလောက်ကြဘူး... ငါတို့က ဒီလိုလုပ်မယ်... ငါတို့ သုံးယောက်ပေါင်းထားတဲ့ အမှတ်တွေကို ထုတ်မသုံးဘဲ တခြားလူတွေကို အတိုးနဲ့ ချေးပေးလိုက်မယ်"
"တစ်လပဲ ချေးပေးမှာ... အတိုး များများယူမယ်... သူတို့က ပစ္စည်း လိုချင်နေတာဆိုတော့... ပြီးတော့ ကုန်တိုက်က ပစ္စည်းတွေကလည်း ဈေးပေါပြီး အကန့်အသတ်နဲ့ ရောင်းတာဆိုတော့ ဘယ်သူမှ စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး... သေချာပေါက် လာချေးကြလိမ့်မယ်"
"ငါတို့ရဲ့ ပထမဆုံး အရင်းအနှီးကို အတိုးချေးစားတာကနေ စမယ်"
"နောက်လရောက်လို့ ငါတို့ အရင်းရော အတိုးရော ပြန်ရရင်... ပြီးတော့ နောက်လ တစ်လလုံး ငါတို့ ရှာထားတဲ့ အမှတ်တွေပါ ပေါင်းလိုက်ရင် အမှတ် တစ်သောင်း သေချာပေါက် ပြည့်သွားလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် အမှတ်လည်း လုံလောက်ပြီ... ငါတို့လည်း တာဝန်ထမ်းဆောင်တဲ့သူ ဘဝကနေ လွတ်လပ်တဲ့သူ ဖြစ်သွားပြီမို့ လင်းယွမ် ဆီကနေ ဆိုင်ခန်းငှားလို့ ရပြီပေါ့"
သူမ စကားဆုံးသည့်အချိန်တွင် သူမ၏ မျက်ဝန်းများ၌ အမျှော်အမြင်များ တောက်ပနေပြီး သူမ၏ နန်းဆန်သော အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် ဆွဲဆောင်မှု ရှိနေလေသည်။
ပိုင်ကျစ်လဲ့ နှင့် ကောကျဲ တို့သည် သူမ၏ အငွေ့အသက်အောက်တွင် မျောပါသွားကြပြီး လေးစားအားကျစိတ်များ ဝင်ရောက်လာကြသည်။
ကောကျဲက ပေါင်ကို ဖြောင်းခနဲ ရိုက်ကာ ပြောလိုက်သည်။
"သိပ်ကောင်းတဲ့ အကြံပဲ... ဒီပထမတစ်လတော့ ငါတို့ နည်းနည်း သည်းခံပြီး နေလိုက်ကြတာပေါ့"
ပိုင်ကျစ်လဲ့က သတိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အမကျွမ်း... တကယ်လို့... တကယ်လို့များ... ငါတို့ ချေးလိုက်တဲ့ အကြွေးတွေ ပြန်မရရင် ဘယ်လိုလုပ်မလဲ"
ကျွမ်းရှုယွမ်က ရယ်မောလိုက်ပြီး ပြောသည်။
"ဖြစ်လာမှာ မဟုတ်ဘူး"
"မကြာခင် လူအပြောင်းအလဲတွေ လုပ်တော့မှာ... လင်းယွမ် က ငါတို့ လူတွေကို ပြန်ပြီး နေရာချထားပေးလိမ့်မယ်... အဲ့ဒီအချိန်ကျရင် တချို့က ရာထူးတက်လာမယ်... တချို့က မြောင်းထဲ ရောက်သွားမယ်"
သူမ စကားကို ခေတ္တရပ်လိုက်သည်။ မြောင်းထဲ ရောက်မည့်သူများထဲတွင် သူမကိုယ်တိုင် ပါဝင်နေသည် မဟုတ်ပါလော။
ခဏအကြာတွင် သူမက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
"အဲ့ဒီအချိန်မှာ မငြိမ်မသက်မှုတချို့ ဖြစ်လာနိုင်တယ်... လင်းယွမ် က သေချာပေါက် လူတချို့ကို စံပြအနေနဲ့ ဖမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်"
"ဒါကြောင့် အဲ့ဒီအချိန်မှာ ဘယ်သူမှ အမှားမလုပ်ရဲကြဘူး... ပြဿနာလည်း ရှာရဲမှာ မဟုတ်ဘူး... ငါတို့က စည်းမျဉ်းအတိုင်း လုပ်မယ်... မတရားတာ တွေ့ရင် အထက်လူကြီးဆီ တိုင်မယ်"
"အရာရှိသစ်က မီးသုံးဆိုင် ဆိုသလိုပဲ... အသစ်တက်လာမယ့် လူကြီးတွေက မီးမွှေးဖို့ အခွင့်အရေး ချောင်းနေကြတာ"
"ဉာဏ်ရှိတဲ့လူဆိုရင် ဒီအချိန်မှာ အကြွေးလိမ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး"
"ဒါကြောင့် ဒီတစ်ခေါက် ငါတို့ အတိုးနဲ့ချေးတာ ပြဿနာ သိပ်မရှိဘူး... ဒါပေမဲ့ ဒီတစ်လပဲ လုပ်မှာ"
မိန်းကလေး နှစ်ဦးသည် သူမ၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် အလွန် ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကာ ခေါင်းညိတ်လိုက်ကြသည်။
စကားပြောနေစဉ်မှာပင် အဝေးမှ လူတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။
" ၇ နာရီ ထိုးပြီဟေ့... ကုန်တိုက် တံခါးဖွင့်ပြီ"
တစ်ခဏချင်းမှာပင် မီးဝါးတော အတွင်းရှိ လူအုပ်ကြီးသည် မတ်တတ် ထရပ်လိုက်ကြပြီး အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ကုန်တိုက် ရှိရာသို့ ပြေးလွှား သွားကြလေတော့သည်။
ဆက်ရန်...