← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 14 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 14 Ch. 265-266

အပိုင်း(၂၆၅) လီယွဲ့ကျင်း၏ အစီအစဉ်

ဒီနေ့သည် ရေကြီးသည့် ကပ်ဘေးကြီး ကျရောက်ပြီးကတည်းက လူအားလုံးအတွက် အပျော်ရွှင်ဆုံး နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်ပေမည်။

အဘယ်ကြောင့်ဆိုသော် ဒီနေ့ ထိုက်ယန်တောင် ဈေးဝယ်စင်တာ ဖွင့်လှစ်လိုက်ခြင်းက လူတိုင်းကို မျှော်လင့်ချက်များ မြင်တွေ့သွားစေသောကြောင့်ပင် ဖြစ်သည်။

ရှင်သန်ရမည့် မျှော်လင့်ချက်ပင်တည်း။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် အလွန်စွမ်းအားကြီးမားသော ဆရာလင်းယွမ် အထိုင်ချနေသည်သာမက ပစ္စည်းရိက္ခာများလည်း ပေါများကြွယ်ဝနေပြီး ဈေးဝယ်စင်တာတောင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဒီဈေးဝယ်စင်တာကြီး ရှိနေသရွေ့ လူတိုင်းက စိတ်အေးချမ်းသာစွာ နေနိုင်ကြမည် ဖြစ်သည်။ ထိုနေရာတွင် ဖွင့်လှစ်ထားသရွေ့ ခိုလှုံရေးစခန်း၌ စားစရာ ရှိနေသေးသည်ဆိုတာကို သက်သေပြနေသောကြောင့် ဖြစ်သည်။

စားစရာ ရှိနေသရွေ့ လူများက ရုန်းရင်းဆန်ခတ် လုပ်ကြတော့မည် မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများ အားလုံး ပုံမှန်အတိုင်း လည်ပတ်နေမည် ဖြစ်သည်။

ရေကြီးစကတည်းက စည်းကမ်းများ ပျက်စီးပြီး ကိုယ်ကျင့်တရားများ ပျောက်ဆုံးနေသည့် ကြောက်မက်ဖွယ် ခေတ်ဆိုးကြီးက ရောက်လာတော့မည် မဟုတ်ပေ။

ဒါက လူတိုင်း၏ မျှော်လင့်ချက်ပင်တည်း။

ထို့ကြောင့် ဒီနေ့တစ်နေ့လုံး ခိုလှုံရေးစခန်း တစ်ခုလုံးက စိတ်လှုပ်ရှား ပျော်ရွှင်စရာ လေထုနှင့် ပြည့်နှက်နေသည်။

လူတိုင်းက ပစ္စည်းများကို အပြည့်အဝ ဝယ်ယူကာ ကျေနပ်စွာဖြင့် ပြန်လာခဲ့ကြသည်။

တစ်လလုံး စုဆောင်းထားသည့် အမှတ်များ အကုန်လုံး သုံးပစ်လိုက်ရပေမယ့် ကိစ္စမရှိပေ။ အမှတ်များ ကုန်သွားလျှင်လည်း နောက်လတွင် ထပ်ရှာရန် နည်းလမ်းရှိသေးသည်။

သူတို့ ဝယ်ယူလာသော စားစရာနှင့် အဝတ်အထည်များကတော့ လက်ဆုပ်လက်ကိုင် ရရှိထားပြီ ဖြစ်သည်။ အနည်းဆုံးတော့ နောက်လအတွက် ဗိုက်ဆာမည်ကို ပူစရာမလိုတော့ပေ။

လီယွဲ့ကျင်း နှင့် သိုင်းဘုရင်ဂေဟာမှ အဓိက အဖွဲ့ဝင်အချို့က သွားလာနေကြသော လူများကို ကြည့်ကာ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေကြသည်။

ယွမ်ရွေ့က မနာလိုစွာဖြင့် ပြောလိုက်သည် "ငါတို့တုန်းကသာ ပစ္စည်းတွေ အများကြီးရှိခဲ့ရင် ဈေးဝယ်စင်တာ တစ်ခုလောက် လုပ်နိုင်မှာပဲ"

(ကုန်တိုက် အစား ဈေးဝယ်စင်တာလို့ပဲ ပြန်တော့မယ်နော်)

ချန်ကျန့်ဖုန်းက သူ့ကို တစ်ချက်ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည် "ယွမ်ရွေ့... ဒီလိုစကားမျိုး နောက်ဆို ပါးစပ်ကနေ လွယ်လွယ် မပြောနဲ့တော့"

ယွမ်ရွေ့က မျက်မှောင်ကြုတ်လိုက်သည် "အစ်ကိုဖုန်း... ခင်ဗျားက ဘာသဘောနဲ့ပြောတာလဲ"

"ငါတို့တွေက သိုင်းဘုရင်ဂေဟာ ဆိုတဲ့ အမည်နာမည်ကို ဖျောက်ဖျက်ပစ်ရမယ်... ကိုယ့်ပြဿနာ ကိုယ်မရှာနဲ့" ချန်ကျန့်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ယွမ်ရွေ့က အသက်ရှူရပ်သွားပြီး ချက်ချင်း တိတ်ကျသွားသည်။

လီယွဲ့ကျင်းက သက်ပြင်းချကာ ပြောလိုက်သည် "ဝူမုန့် ရှုံးသွားတာ မတရားတာတော့ မဟုတ်ဘူး... ဆရာလင်းယွမ်ရဲ့ အစွမ်းက ဝူမုန့်နဲ့ထူလုံတို့ကို မယှဉ်နိုင်ရင်တောင် ဒီလို စီမံခန့်ခွဲမှု စွမ်းရည်မျိုးနဲ့တင် ငါတို့က အစောကြီးကတည်းက ပြိုကွဲသွားမှာပဲ"

"မင်းတို့ ကြည့်ကြည့်လေ... အခုဘယ်သူမှ ဘယ်ဘယ်ခိုလှုံရေးစခန်းက လာတာလဲဆိုတာကို ဂရုမစိုက်တော့ဘူး... သူတို့ရဲ့ အပြုံးတွေ အားလုံးက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြုံးနေကြတာ"

"အရင် သိုင်းဘုရင်ဂေဟာမှာတုန်းက သူတို့ ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင် မပြုံးခဲ့ကြဖူးဘူးလေ"

ဘေးနားရှိ ယွဲ့ယာဝေကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်... လူတိုင်းရဲ့ ရင်ထဲမှာ ဆရာလင်းယွမ်ရဲ့ နေရာက ဘယ်လိုမှ လှုပ်ခါလို့မရတဲ့ အနေအထားကို ရောက်နေပြီဆိုတာ ငါတောင် သိသိသာသာ ခံစားမိတယ်"

"တခြားလူတွေကို မပြောနဲ့... ငါကိုယ်တိုင်တောင် ဆရာလင်းယွမ်ကို လေးစားလွန်းလို့ ရိုသေနေရပြီ" လီယွဲ့ကျင်းက သက်ပြင်းချလိုက်သည်။

"ဒီအကြောင်းတွေ မပြောကြနဲ့တော့... အရင်က တိုင်ပင်ထားတဲ့ ကိစ္စကို မင်းတို့ ဘယ်လိုသဘောရလဲ" လီယွဲ့ကျင်းက ခေါင်းခါပြပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

ချန်ကျန့်ဖုန်းက အသံတိုးတိုးဖြင့် ပြောသည် "ငါ ပါမယ်"

ယွမ်ရွေ့က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် "ကျွန်တော်လည်း ပါမယ်" ဟု ပြောလိုက်သည်။

လီယွဲ့ကျင်းက ခေါင်းလှည့်ကာ ဘေးနားရှိ ယွဲ့ယာဝေကို ကြည့်လိုက်သည်။ အားလုံးထဲတွင် သူမ၏ ဆုံးဖြတ်ချက်က အရေးအကြီးဆုံး ဖြစ်သည်။

အကြောင်းမှာ သူမလက်ထဲတွင် အမှတ်များ အများကြီး ရှိနေသောကြောင့် လီယွဲ့ကျင်း အလိုချင်ဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။

ယွဲ့ယာဝေက ခေါင်းငုံ့ကာ စဉ်းစားလိုက်ပြီးနောက် ခဏအကြာတွင် ပြောလိုက်သည်။ "ဆရာလီ... ဆိုင်ဖွင့်မယ့် ကိစ္စကို တကယ်ပဲ အောင်မြင်မယ်လို့ ထင်နေတာလား"

လီယွဲ့ကျင်းက ခေါင်းညိတ်လိုက်သည်။ "တခြားဟာတွေ မပြောနဲ့ဦး... ငါက အစွမ်းသုံးပြီး သင်္ကေတကျောက်တုံးတွေကို ချရောင်းမယ်ဆိုရင် လူဘယ်နှစ်ယောက်လောက် လာဝယ်ကြမယ် ထင်လဲ"

"ဒါပေမယ့် ရှင်က တစ်နေ့ကို သင်္ကေတကျောက်တုံး ဘယ်လောက်တောင် လုပ်နိုင်လို့လဲ" ယွဲ့ယာဝေက မေးလိုက်သည်။

လီယွဲ့ကျင်းက ပြန်ဖြေသည်။ "ဆယ်တုံးလောက်တော့ ရတယ်... အဓိကက ငါတို့ဖွင့်မယ့် ဆိုင်က သင်္ကေတကျောက်တုံး တစ်ခုတည်း ရောင်းမှာမှ မဟုတ်တာ"

"ကျန့်ဖုန်းနဲ့ ယွမ်ရွေ့ရဲ့ အစွမ်းကလည်း ရှိသေးတယ်လေ... ကာကွယ်ပေးတဲ့ ဝန်ဆောင်မှုနဲ့ လိုက်လံရှာဖွေပေးတဲ့ ဝန်ဆောင်မှုတွေ ပေးလို့ရတယ် မဟုတ်လား"

"မင်းရဲ့ အစွမ်းကလည်း ဒီမှာရှိနေတာပဲ... နောက်ဆိုရင် လူတွေက ကိုယ်တိုင် မွေးမြူရေး လုပ်ချင်လာကြမှာပဲ... အဲဒီအခါကျရင် မင်းကို ငှားပြီး သန္ဓေပြောင်း တိရစ္ဆာန်တွေကို သားစပ်ပေးဖို့ အကူအညီ တောင်းကြမှာပဲ... အဲဒီအတွက် အခကြေးငွေ ယူလို့ရတယ်လေ"

"အဓိကအချက်က နောက်ပိုင်းကျရင် ဒီနေရာက ထိုက်ယန်တောင် တစ်ခုလုံးရဲ့ ဗဟိုချက် ဖြစ်လာတော့မှာ... ဒီမှာ ဆိုင်တစ်ဆိုင် ရှိထားရင် အမြတ်က သေချာပေါက် မရှုံးနိုင်ဘူး"

"အမှတ် တစ်သောင်းဆိုတာ များတယ်လို့ ထင်ရပေမယ့် ရေရှည်အတွက် ကြည့်မယ်ဆိုရင် ဒီဆိုင်ခန်းခက အရမ်းကို သက်သာနေပြီ"

"တကယ်လို့ မင်းက ရင်းနှီးမြှုပ်နှံဖို့ တကယ်ပဲ ဆန္ဒမရှိဘူးဆိုရင် ငါက မင်းဆီကနေ ချေးမယ်လေ... ဘယ်လိုလဲ"

လီယွဲ့ကျင်းက ဆက်လက် ဖျောင်းဖျနေသည်။ "လောလောဆယ် ငါ့လက်ထဲမှာ အမှတ် သုံးထောင်ကျော် ရှိတယ်... ကျန့်ဖုန်းနဲ့ ယွမ်ရွေ့ဆီက အမှတ် နှစ်ထောင်ပေါင်းလိုက်ရင် ငါးထောင်တော့ ပြည့်ပြီ... မင်းဆီကနေ အမှတ် ငါးထောင်လောက် ချေးပေးရင် ငါအမြန်ဆုံး ပြန်ဆပ်ပါ့မယ်... ဒါပေမယ့် ဒီဆိုင်ခန်းကို စောစော ငှားနိုင်လေ ပိုကောင်းလေပဲ"

ယွဲ့ယာဝေ ခဏမျှ တိတ်ဆိတ်သွားသည်။ သူမ၏ သားစပ်ပေးသည့် အစွမ်းကြောင့် လောလောဆယ် မွေးမြူရေးခြံတွင် ရာထူးကြီးကြီး ရထားပြီး အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

ဆရာလင်းယွမ်ကလည်း ကပ်စေးမနှဲဘဲ သူမကို လစာ အလွန်မြင့်မြင့် ပေးထားသည်။ တစ်လကို အခြေခံ အမှတ် တစ်ထောင်တောင် ရသည်။

လကုန်၍ သန္ဓေပြောင်း တိရစ္ဆာန်များ သားပေါက်လာလျှင် အပိုဆုကြေးများပါ ထပ်ရသေးသည်။ ဒါကြောင့်လည်း သူမက ဒီတစ်လတည်းနှင့်ပင် အမှတ် ငါးထောင်အထိ စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ပင်ပန်းသည်ကတော့ တကယ်ကို ပင်ပန်းလှသည်။ နေ့တိုင်း အစွမ်းများ ခုနစ်ခါ ရှစ်ခါလောက် ကုန်ခမ်းသွားသည်အထိ အလုပ်လုပ်ပြီးမှ အနားယူရခြင်း ဖြစ်သည်။

"ဆရာလီ... ရှင့်ရဲ့ အမြင်ကို ကျွန်မ ယုံကြည်ပါတယ်... ဒီအမှတ် ငါးထောင်ကို ကျွန်မရဲ့ ရင်းနှီးမြှုပ်နှံမှု အဖြစ်ပဲ သတ်မှတ်လိုက်ပါ"

ခဏတာ စဉ်းစားပြီးနောက် ယွဲ့ယာဝေက သူမ၏ ဆုံးဖြတ်ချက်ကို ချလိုက်သည်။

အနာဂတ်တွင် ဆိုင်ဖွင့်ခြင်းကသာ အမှတ်များ အများကြီး ရှာနိုင်မည့် နည်းလမ်းဟု သူမလည်း ခံစားမိသည်။

အလုပ်သမားဘဝနှင့် ရပ်တည်ရသည်မှာ အရမ်းပင်ပန်းလွန်းလှသည်။ ဒါ့အပြင် သူမ စောစောက ကိစ္စတစ်ခုကိုလည်း သေချာတွေးမိသွားသည်။

အခုက မွေးမြူထားသော သန္ဓေပြောင်း တိရစ္ဆာန် အရေအတွက် နည်းနေသေး၍သာ သားစပ်ရန် လိုအပ်နေခြင်း ဖြစ်သည်။

နောက်ပိုင်း မွေးမြူရေး လုပ်ငန်းများ ကျယ်ပြန့်လာပြီး တိရစ္ဆာန်များ များလာလျှင် သားစပ်ပေးရန် မလိုတော့ဘဲ သူတို့ဘာသာ သဘာဝအတိုင်း မျိုးပွားလာကြမည် ဖြစ်သည်။

ထိုအခါ ခိုလှုံရေးစခန်း၏ အသားစားသုံးမှုနှုန်းကို သူတို့ဘာသာ ဖြေရှင်းနိုင်သွားလိမ့်မည်။

ထိုအချိန်ရောက်လျှင် သူမ၏ အသုံးဝင်မှုက အကန့်အသတ်မရှိ ကျဆင်းသွားပြီး သူမ၏ တန်ဖိုးကလည်း ပျောက်ကွယ်သွားလိမ့်မည်။

ထို့ကြောင့်လည်း ယခုလို အစောပိုင်း ကာလတွင် ရှာထားနိုင်သော အမှတ်များဖြင့် ဆိုင်ဖွင့်ကာ ရင်းနှီးမြှုပ်နှံပြီး ကိုယ့်အတွက် နောက်ဆုတ်စရာ လမ်းကြောင်းတစ်ခု ရှာထားလိုခြင်း ဖြစ်သည်။

အဆောက်အအုံထဲကနေ ထွက်လာပြီး ထိုက်ယန်တောင်ကို အသက်ရှင်လျက် ရောက်လာရဲသူများဆိုသည်မှာ ဇွဲလုံ့လကြီးမားပြီး ရဲရင့်ကာ ဉာဏ်ပညာရှိသူများချည်းသာ ဖြစ်သည်။ ထိုအထဲတွင် အရူး ဘယ်နှစ်ယောက် ပါမည်နည်း။

လီယွဲ့ကျင်းက ပြုံးလိုက်ပြီး "ဟုတ်ပြီ... ငါတို့ လူအနည်းစုနဲ့တင် အမှတ် တစ်သောင်း ပြည့်သွားပြီ... ဒီလကုန်တာနဲ့ ငါတို့လည်း လွတ်လပ်တဲ့သူတွေ ဖြစ်သွားပြီဆိုတော့ အမရန်မေဆီ သွားပြီး ဆိုင်ခန်းသွားငှားလို့ ရပြီ" ဟု ပြောလိုက်သည်။

"အမကျွမ်းကိုရော ခေါ်လိုက်ရမလား"

ထိုအချိန်တွင် ယွမ်ရွေ့က ဝင်ပြောလိုက်သည်။

လီယွဲ့ကျင်းက မျက်မှောင်ကြုတ်သွားပြီး ယွမ်ရွေ့ကို ကြည့်ကာ "သူက ငါတို့နဲ့ အတူတူ ပူးပေါင်းပါဦးမယ်လို့ မင်းထင်နေတာလား"

ယွမ်ရွေ့က သက်ပြင်းချလိုက်သည် "ကျွန်တော်က လူတိုင်းက အရင်တုန်းက သိုင်းဘုရင်ဂေဟာကချည်းပဲလေ... အစ်ကိုမုန့် ထွက်သွားရင်တောင် ငါတို့က ရန်သူတွေ ဖြစ်စရာ မလိုဘူးလို့ တွေးမိလို့ပါ"

ချန်ကျန့်ဖုန်းက မျက်မှောင်ပြန်ကြုတ်လိုက်ပြီး ယွမ်ရွေ့ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ယွမ်ရွေ့... မင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်... သိုင်းဘုရင်ဂေဟာ ဆိုတဲ့ နာမည်ကို ပါးစပ်ဖျားမှာ အမြဲတမ်း တင်မနေနဲ့... အခု သိုင်းဘုရင်ဂေဟာ ဆိုတာ မရှိတော့ဘူး... ငါတို့က ခင်မင်ရင်းနှီးမှုကြောင့် စုပေါင်းမိကြတာ... သိုင်းဘုရင်ဂေဟာက ကျန်ရစ်သူတွေအနေနဲ့ စုပေါင်းမိတာ မဟုတ်ဘူး... မင်းမှာ ဦးနှောက်နည်းနည်း ရှိသေးရင် သိုင်းဘုရင်ဂေဟာဆိုတဲ့ စကားလုံး ငါးလုံးကို ထပ်မပြောနဲ့တော့"

လီယွဲ့ကျင်းကလည်း "ယွမ်ရွေ့... ကျန့်ဖုန်း ပြောတာ မှန်တယ်... အခုချိန်မှာ သိုင်းဘုရင်ဂေဟာ မရှိတော့ဘူး... ထိုက်ယန်တောင် ခိုလှုံရေးစခန်းပဲ ရှိတော့တယ်... နားလည်လား"

ယွမ်ရွေ့က နှုတ်ခမ်းတွန့်လိုက်ပြီး နှာခေါင်းရှုံ့ကာ "သိပါပြီဗျာ" ဟု ပြောလိုက်သည်။

သူ့ပုံစံကို ကြည့်ပြီး ချန်ကျန့်ဖုန်း မျက်မှောင်ကြုတ်သွားသည်။

လီယွဲ့ကျင်း၏ မျက်လုံးထဲတွင်လည်း မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဤယွမ်ရွေ့ကို ဆွဲသွင်းမိတာ မှားပြီလားဟု ချက်ချင်း နောင်တရသွားသည်။

သို့သော် တစ်ဖက်လူ၏ မြေလျှိုးအစွမ်းက တကယ့်ကို အသုံးဝင်လှသည်။ နောက်ပိုင်း ကျောက်တူးဖော်တာနှင့် အမဲလိုက်သည့် နေရာများတွင် တော်တော်လေး အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

ဟူး... ဘေးနားတွင် သုံးစရာလူ မရှိ၍သာ... မဟုတ်လျှင် ဤသို့သော ပြဿနာကောင်ကို သူလည်း ခေါ်ထားချင်မည် မဟုတ်ပေ။

နောက်ပိုင်း ဆရာလင်းယွမ်က သူတို့ကို သေချာပေါက် နေရာပြန်ချပေးလိမ့်မည် ဆိုတာ အရူးပင် သိသည်။ ယခုအချိန်ကြီးမှ အရင်အဖွဲ့ဟောင်း နာမည်ကို ပါးစပ်ဖျား တင်ထားနေလျှင် နေရာကောင်း ရရန်ဆိုတာ မဖြစ်နိုင်တော့ပေ။ သွားတိုင်ခံရပြီး ဖယ်ကျဉ်ခံရလျှင်တော့ ရယ်စရာကြီး ဖြစ်သွားလိမ့်မည်။

"ကဲပါ... ဒါတွေ မပြောကြတော့နဲ့... အခုတစ်ခေါက် အမှတ်တွေ မသုံးကြနဲ့ဦး... သုံးလေးရက်နေရင် ဆိုင်ခန်းငှားဖို့ စုထားကြ... ဒီနေ့တော့ မင်းတို့ကို စားသောက်တန်းမှာ အကောင်းဆုံးတွေ ဝယ်ကျွေးမယ်" လီယွဲ့ကျင်းက လူတိုင်းကို လှမ်းခေါ်လိုက်သည်။

ကျန်သည့်သူများလည်း ချက်ချင်း ပြုံးသွားကြပြီး စားသောက်တန်းဆီသို့ လိုက်သွားကြသည်။

စားသောက်တန်းကို ရောက်သောအခါတွင်တော့ သူတို့အားလုံး နောက်တစ်ကြိမ် အံ့သြမှင်သက် သွားကြရပြန်သည်။

ဒီက အစားအစာများနှင့် ယှဉ်လိုက်လျှင် အရင် သိုင်းဘုရင်ဂေဟာ၌ သူတို့ စားခဲ့ရသည်များက မိုးနှင့်မြေလို ကွာခြားလွန်းလှသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နောက်ပိုင်းတွင် အဆင့်မြင့် ခိုလှုံရေးစခန်း တစ်ခု သေချာပေါက် ဖြစ်လာတော့မည်ဟု လီယွဲ့ကျင်း ရင်ထဲတွင် ပိုပို၍ ယုံကြည်လာတော့သည်။

စတုတ္ထထပ်၊ ဖျော်ဖြေရေးဇုန်။

ရုပ်ရှင်ပြခန်းငယ်လေးများ အစီအရီ ရှိနေပြီး ပြခန်းတစ်ခုစီ၏ တံခါးဝတွင် ရုပ်ရှင်ပြသမည့် အချိန်စာရင်းနှင့် အချက်အလက်များကို ကပ်ထားသည်။ ဤနေရာတွင် ရုပ်ရှင်ဇုန် သာမကဘဲ ဇာတ်လမ်းတွဲဇုန်၊ ဖျော်ဖြေရေး အစီအစဉ်ဇုန် စသည်ဖြင့် ရွေးချယ်စရာများ အများကြီး ရှိသည်။

ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီးနောက် လူအများစုက ဘာလုပ်ရမှန်းမသိ အားလပ်နေတတ်ကြသည်။ အထူးသဖြင့် ညဘက်များတွင် အပြင်ထွက်ရန် အဆင်မပြေပေ။

ထို့ကြောင့် အနာဂတ်တွင် ဖျော်ဖြေရေးဇုန်က အလွန်ရေပန်းစားသည့် သုံးစွဲမှုနေရာ တစ်ခု ဖြစ်လာမှာ အသေအချာပင်။ လူများက ဒီနေရာတွင် အချိန်ဖြုန်းပြီး ပျင်းစရာကောင်းသော ညများကို ကျော်ဖြတ်နိုင်ကြမည် ဖြစ်သည်။

ဤသို့လုပ်ခြင်းက လုံခြုံရေး ထိန်းသိမ်းရန်အတွက် တကယ်ကို အကျိုးကျေးဇူး ရှိသည်။ နေရာတော်တော်များများတွင် လုံခြုံရေး ကမောက်ကမ ဖြစ်ရခြင်းက နေထိုင်မှု အသုံးအဆောင်များ မပြည့်စုံ၍ချည်းပဲ မဟုတ်ဘဲ လူများက အရမ်းအားလပ်နေပြီး ပြဿနာကို လိုက်ရှာနေ၍လည်း ဖြစ်နိုင်သည်ကို သိထားရမည်။

ထို့ကြောင့် ဖျော်ဖြေရေးဇုန်ဆိုသည်မှာ သူတို့၏ ပိုလျှံနေသော ခွန်အားများကို ကုန်စင်အောင် ထုတ်လွှတ်ပစ်မည့် နေရာဖြစ်သည်။

သို့သော်လည်း လောလောဆယ်တော့ ခိုလှုံရေးစခန်းက လူများက အမှတ်များ ရှာရန် အလုပ်များနေကြပြီး နေ့ခင်းဘက်တွင် အရမ်းပင်ပန်းနေကြ၍ ညဘက်များ၌ လျှောက်သွားရန် ခွန်အား သိပ်မကျန်တော့ပေ။

ဤဖျော်ဖြေရေးဇုန်က နောက်ပိုင်း ခိုလှုံရေးစခန်းကြီး ကြီးထွားလာမည့် အချိန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

ယခုလောလောဆယ် ဖျော်ဖြေရေးဇုန်သို့ လာသူများက လာလေ့လာသူများက ပိုများပြီး ရုပ်ရှင်လာကြည့်သူက အလွန်နည်းပါးသည်။

ဒီစတုတ္ထထပ်တွင် ရုပ်ရှင်ရုံအပြင် ဘိလိယက်ခုံ၊ ဖဲကစားဝိုင်း၊ ရေချိုးခန်း စသည့် အခြား ဖျော်ဖြေရေး ဝန်ဆောင်မှုများလည်း အများကြီး ရှိသေးသည်။

ရေချိုးခန်းကတော့ လူတိုင်းအတွက် အံ့သြဝမ်းသာစရာ အကောင်းဆုံး နေရာပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အိမ်တွင် ကိုယ့်ဘာသာ ရေချိုးရခြင်းက အရမ်းကို အလုပ်ရှုပ်သည့် ကိစ္စတစ်ခု ဖြစ်နေသောကြောင့်ပင်။

ရေနွေးတည်ရသည် သာမကဘဲ မြန်မြန်ချိုးရန်လည်း ဂရုစိုက်ရသည်။ မဟုတ်လျှင် ရေအေးသွားသည့်အခါ အပြင်ထွက်ပြီး မိုးရေချိုးတာကမှ ပိုမြန်ဦးမည်။

လင်းယွမ်၏ ရေချိုးခန်း ဒီဇိုင်းကလည်း တိုက်ဆိုင်စွာဖြင့် စဉ်းစားမိသွားခြင်း ဖြစ်သည်။

မူလက သူက ရေချိုးခန်း လုပ်ရန် အစီအစဉ် မရှိခဲ့ပေ။ သို့သော် လျှပ်စစ်မီးစက်ကို မဲပေါက်ပြီးနောက် စက်ပစ္စည်းပေါ်တွင် ရေအေးဖြင့် အပူချိန်ချပေးသည့် အအေးခံစနစ် တစ်ခု ပါဝင်နေတာကို သူ တွေ့လိုက်ရသည်။

ထိုသို့ အလုပ်လုပ်ပြီးသည့်အခါတွင်တော့ စွန့်ပစ်ရမည့် ရေနွေးများ ထွက်လာသည်။

လင်းယွမ်က အလကား သွန်ပစ်လိုက်ရမည်ကို နှမြောတာနှင့် ရေချိုးခန်းတစ်ခု လုပ်လိုက်ပြီး ရေအေးနည်းနည်း ရောကာ ရေအပူချိန်ကို ၃၈ ဒီဂရီ ကျော်လောက်တွင် ထိန်းထားလိုက်ခြင်း ဖြစ်သည်။

နောက်ပိုင်း လျှပ်စစ်မီးစနစ်ကို အဆင့်မြှင့်၍ ရလာနိုင်သည်ဟုလည်း သူ တွေးထားသည်။ မြို့တော်အဆင့် လျှပ်စစ်မီးစက် ဖြစ်လာလျှင် အပူချရန် ရေအေး ပိုလိုလာပြီး လည်ပတ်မှုကနေ ရေနွေးများ ပိုထွက်လာနိုင်စရာ ရှိသည်။

ထိုအချိန်ကျလျှင် ဈေးဝယ်စင်တာ တစ်ခုလုံးကို ကြမ်းပြင်အပူပေးစနစ် တပ်ဆင်ပေးနိုင်မည်။

အအေးလှိုင်းကြီး ရောက်လာတော့မည် ဖြစ်ရာ အပူပေးစနစ် ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။

ဖျော်ဖြေရေးဇုန်ရှိ ရုံးခန်းတစ်ခုအတွင်း၊ မီးချောင်းက အခန်းတစ်ခုလုံးကို လင်းထိန်နေစေသည်။ ဤနေရာသည် ကုန်တိုက်စနစ်၏ အဓိကနေရာဖြစ်သည်။

အချက်အလက်များ အားလုံးကို ဉာဏ်ရည်တု စနစ်က အလိုအလျောက် စုစည်းပေးပြီး ကုန်ကျသွားသည့် ပစ္စည်းစာရင်းများကို တစ်ခုချင်းစီ ဖော်ပြပေးသည်။

ထို့အပြင် နှုတ်ယူလိုက်သည့် အမှတ်များပေါ် မူတည်ပြီး အသင်းဝင်များ၏ လက်ကျန် အမှတ်များကိုပါ ခန့်မှန်းတွက်ချက် ပေးသေးသည်။

ရန်မေက ရုံးခန်းကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ အလုပ်က အရမ်းရိုးရှင်းပြီး ဉာဏ်ရည်တု စနစ်က ပေးလာသည့် ကုန်ကျပစ္စည်း စာရင်းများအတိုင်း အချိန်မီ ပစ္စည်းပြန်ဖြည့်ပေးရန်ပင် ဖြစ်သည်။

ဤအလုပ်ကို တခြားသူများ လုပ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းပြန်ဖြည့်ရန်ကို လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲမှ ယူရမည် ဖြစ်သောကြောင့်ပင်။

ရန်မေ တစ်ယောက်တည်းသာ အချက်အလက်များ ရပြီးလျှင် လင်းယွမ်ဆီ သွား၍ ပစ္စည်းပြန်ဖြည့်ခိုင်း၍ ရသည်။ တခြားသူများကတော့ လင်းယွမ်ကို တွေ့ရန်တောင် မလွယ်ကူပေ။

ရုံးခန်းထဲတွင် ရန်မေ တစ်ယောက်တည်း မဟုတ်ဘဲ လုယွီယန် လည်း ရှိနေသည်။

ဆွံ့အနားမကြား မိန်းကလေး ဖြစ်သည့် လုယွီယန်ကို ရန်မေက အမြဲတမ်း ဂရုစိုက်ပေးလေ့ရှိသည်။ လောလောဆယ် ဒီရုံးခန်းထဲသို့ ရန်မေကလွဲလျှင် လုယွီယန် တစ်ယောက်တည်းသာ ဝင်ခွင့်ရှိသည်။

ရန်မေက လုယွီယန်ကို သူမ၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးရန် ရည်ရွယ်ပြီး လေ့ကျင့်သင်ကြား ပေးနေသည်။

ဒီရုံးခန်းထဲတွင် ဉာဏ်ရည်တု စနစ်နှင့်သာ အလုပ်လုပ်ရမည် ဖြစ်ပြီး အလုပ်ပမာဏကလည်း သိပ်မများတာကြောင့် သူမ၏ ယခု လက်ရှိ အခြေအနေနှင့် အလွန်သင့်တော်သည်။

အလုပ်အားသည့် အချိန်ဆိုလျှင် အပြင်ထွက်ပြီး ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ သွားကြည့်၍လည်း ရသေးသည်။

လုယွီယန်ကလည်း ရန်မေ သူမကို ဂရုစိုက်မှန်း သိတာကြောင့် အလုပ်ကို သေချာ ဂရုတစိုက်ဖြင့် တက်တက်ကြွကြွ လုပ်ဆောင်သည်။

"အာ... အာ"

လုယွီယန်က ရန်မေကို လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်ပြီးနောက် ဒီနေ့အတွက် အချက်အလက် အစီရင်ခံစာကို ကမ်းပေးလိုက်သည်။

ရန်မေက အစီရင်ခံစာကို ပြုံးလျက် လှမ်းယူလိုက်ပြီး "ပင်ပန်းသွားပြီနော်... ယွီယန်" ဟု ပြောလိုက်သည်။

သူမက အစီရင်ခံစာကို တစ်ခေါက် ဖတ်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည် "ဒီနေ့ ဖွင့်ပွဲ အစီအစဉ်က တော်တော် အောင်မြင်တာပဲ... ဆန်၊ ဂျုံ၊ ဆီနဲ့ စားနပ်ရိက္ခာတွေ အများဆုံး ကုန်သွားတယ်... ပြီးတော့ လူသုံးကုန်ပစ္စည်း တချို့လည်း တော်တော်များများ ရောင်းရတယ်"

"လူတိုင်းရဲ့ လက်ကျန် အမှတ်တွေကို တစ်ချက် ကြည့်လိုက်ဦးမယ်"

ရန်မေက အသင်းဝင်များ၏ အမှတ်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

လူအားလုံးနီးပါး၏ အမှတ်များ သုည ဖြစ်နေတာကို တွေ့လိုက်ရသည်။ လူတိုင်းက သူတို့၏ ရှိသမျှ အမှတ်များကို အကုန်ထုတ်ပြီး သုံးပစ်လိုက်ကြတာ သိသာလှသည်။

ထို့နောက် လူတချို့၏ အမှတ်များက လုံးဝလျော့မသွားတာကိုလည်း သူမ သတိထားမိလိုက်သည်။ ထိုအထဲတွင် ဟူဝေမင် နှင့် လျှိုတနန် တို့လည်း ပါဝင်သည်။

ခဏလောက် စဉ်းစားလိုက်တာနှင့် ထိုလူများ၏ အကြံအစည်ကို ရန်မေ နားလည်သွားသည်။

သူမက ပြုံးလိုက်ပြီး "ဒီလူတွေက စီးပွားရေး လုပ်ချင်နေကြသေးတာပဲ" ဟု ပြောလိုက်သည်။

လုယွီယန်က တစ်ချက်ကြည့်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် တစ်ခုခုကို "အာ... အာ" ဆိုပြီး ပြောပြနေသည်။

ရန်မေက နားလည်သွားပြီး ပြုံးကာ မေးလိုက်သည် "သမီးက သွားကူညီချင်လို့လား"

လုယွီယန်က ခေါင်းဆက်တိုက် ညိတ်ပြပြီး နောက်ထပ် လက်ဟန်ခြေဟန် အနည်းငယ် ပြလိုက်ပြန်သည်။

ရန်မေ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ "အမ မစဉ်းစားမိတာပါ... သမီးက စကားလည်း မပြောနိုင်ဘူး၊ အသံလည်း မကြားရဘူးလေ... အဲဒီလို အလုံပိတ်ထားတဲ့ နေရာမှာ ဆက်နေရင် သမီးအတွက် တကယ် မကောင်းဘူး"

"ဟုတ်ပြီလေ... နောက်ဆို ဒီဘက်က အလုပ်တွေ ပြီးသွားရင် ဈေးဝယ်စင်တာရဲ့ ဒီစတုတ္ထထပ်မှာ သမီး သွားချင်တဲ့နေရာ သွားလို့ရတယ်... အပြင်ကို များများထွက်တာက သမီးအတွက် အကျိုးရှိတယ်"

လုယွီယန်က ဆွံ့အနားမကြား သူတစ်ယောက် ဖြစ်ပေမယ့် ဒီအတောအတွင်း နှုတ်ခမ်းဖတ်သည့် ပညာကိုလည်း သင်ယူထားတာကြောင့် ရန်မေ၏ စကားများကို နားလည်သွားသည်။ သူမ မျက်ရည်ဝဲသွားပြီး မျက်လုံးထဲတွင် မျက်ရည်များ လည်လာသည်။

"ကျေးဇူးတင်ပါတယ်" ဆိုသည့် လက်ဟန်ခြေဟန်ကို ပြလိုက်ပြီးနောက် ရန်မေကို မနေနိုင်ဘဲ ဖက်ထားလိုက်သည်။

ရန်မေက သူမ၏ ကျောပြင်လေးကို ဖွဖွလေး ပုတ်ပေးရင်း ခွန်အားနှင့် နွေးထွေးမှုများကို ပေးစွမ်းနေသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံး ဒီနေ့တစ်နေ့တာလုံး ပျော်ပွဲရွှင်ပွဲ လုပ်နေသလိုပင်။

ဈေးဝယ်တာ တစ်နာရီလောက်နှင့်တင် လူတိုင်းက လက်ထဲရှိသမျှ အမှတ်များ အကုန်သုံးပစ်လိုက်ကြပေမယ့် နောက်ပိုင်းတွင်လည်း ဟိုလျှောက်ဒီလျှောက်နှင့် ဆွေးနွေးပြောဆိုနေကြတာ အချိန်တစ်ဝက်လောက် ကုန်သွားခဲ့သည်။

မွန်းတည့်ချိန် ရောက်တော့ လူတချို့က မြေညီထပ်ရှိ စားသောက်တန်းကို သွားပြီး အစားအသောက် အကောင်းစားများကို စားသောက်လိုက်ကြသည်။

ထိုနောက်တွင်တော့ သူတို့အားလုံး အမှတ်များ ရှာရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်လာကြသည်။

ခိုလှုံရေးစခန်း၏ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ်ပြီး မီးဝါးတော အပြင်ဘက်က ခြံစည်းရိုး ကိစ္စလေးလောက်သာ အချောသတ်ရန် ကျန်တော့သည်။

ထို့ကြောင့် လူတော်တော်များများက သန္ဓေပြောင်း ငါးများ သွားဖမ်းရန် ချိန်းဆိုလိုက်ကြသည်။

အစွမ်းပိုင်ရှင် တချို့ကလည်း တာဝန်များ စတင်ခေါ်ယူနေပြီး တောင်ပေါ်တက်ကာ သန္ဓေပြောင်း အပင်များ ရှာဖွေတာ ဒါမှမဟုတ် သန္ဓေပြောင်း သတ္တဝါများကို အမဲလိုက်ရန် လူစုနေကြသည်။

သို့သော်လည်း လူအများစု ရွေးချယ်တာကတော့ ကျောက်တွင်းတွင် ကျောက်သွားတူးရန်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စွမ်းအင်ကျောက်တုံး များ၏ ဝယ်ဈေးကလည်း ထွက်လာပြီ ဖြစ်ပြီး စွမ်းအင်ကျောက်တုံး တစ်တုံးကို အမှတ် ၁၀၀ တောင် တန်ဖိုးရှိ၍ပင်။

အကယ်၍ သဘာဝဓာတ်စွမ်းအင် ပါဝင်သည့် စွမ်းအင်ကျောက်တုံး ဆိုလျှင်တော့ တန်ဖိုးက နှစ်ဆ ဖြစ်သွားမည်။

ကံကောင်း၍ တစ်နေ့ကို ရှစ်တုံး ဆယ်တုံးလောက် တူးနိုင်လျှင် ခဏလေးအတွင်းမှာပင် အမှတ် ထောင်ဂဏန်းလောက် ရသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ကျောက်တူးတာက သာမန်လူများအတွက် ပထမဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။

ကျွမ်းရှုယွမ်တို့ ညီအစ်မသုံးယောက် အဖွဲ့ထဲတွင်တော့ ကောကျဲ က ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ကျန်သည့်နှစ်ယောက်ကို ကျောက်တွင်းဘက် သွားရန် တိုက်တွန်းနေသည်။

ကျွမ်းရှုယွမ်က သူမ၏ ဉာဏ်ကောင်းမှုကို အသုံးချလိုက်ပြီး ပိုင်ကျစ်လဲ့ကို ကျောက်တွင်းတွင် သွားရောင်းရန် အာဟာရဖြည့်ရည် များ အများကြီး ပြင်ဆင်ခိုင်းလိုက်သည်။

ဤ အာဟာရဖြည့်ရည် က ပိုင်ကျစ်လဲ့က သူမ၏ အစွမ်းနှင့် ရေကျက်အေးကို ရောစပ်ပြီး ဖန်တီးထားသည့် ဖြည့်စွက်စာ ဖြစ်သည်။

ဒဏ်ရာများကို မြန်မြန်ကျက်စေရုံသာမကဘဲ ခွန်အားများကိုလည်း လျင်မြန်စွာ ပြန်လည်ပြည့်ဝလာစေသည်။

ကျောက်တွင်းက အလုပ်သမားများ မနက်ခင်း တစ်ပိုင်းလုံး အလုပ်လုပ်၍ ခွန်အားများ ကုန်ခမ်းသွားသည့်အခါ တစ်ခွက်လောက် သောက်လိုက်တာနှင့် ခွန်အားများ ချက်ချင်း ပြန်ပြည့်လာမည် ဖြစ်သည်။

ထို့ကြောင့် ထိုနေရာက ရောင်းကောင်းမည့် နေရာဖြစ်တာ အသေအချာပင်။

သူတို့သုံးယောက် သဘောတူညီသွားကြပြီး ကျောက်တွင်းဘက်ကို ချက်ချင်း ထွက်သွားကြသည်။

ဤသို့သော မြင်ကွင်းမျိုးများ နေရာအနှံ့တွင် ဖြစ်ပေါ်နေပြီး မနက်ပိုင်းက လူစည်ကားနေသည့် ခိုလှုံရေးစခန်း ရင်ပြင်ကြီးက နေ့လယ်ပိုင်း ရောက်တော့ လူတစ်ယောက်မှ မရှိတော့လောက်အောင် ရှင်းလင်းသွားသည်။

လူတိုင်းက အမှတ်များ ရှာရန် လောနေကြ၍ပင်။

ဟန်ရှန်းမန်ကလည်း လူတချို့ကို ခေါ်ပြီး မီးဝါးတော အပြင်ဘက်တွင် အိမ်တစ်လုံး ဆောက်လိုက်သည်။ သူမက လင်းယွမ်၏ အကြံပေးချက်ကို နားထောင်ပြီး ကျောက်တွင်းဘက်ကနေ ဒီဘက်ကို ပြောင်းလာကာ နေစရာတစ်ခု လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျောက်တွင်းဘက်ရှိ ကျောက်အိမ်များကိုတော့ လင်းယွမ်ဆီ ဈေးပေါပေါနှင့် ရောင်းလိုက်သည်။ နောက်ပိုင်းတွင် ကင်းလှည့်အဖွဲ့၏ အိပ်ဆောင်အဖြစ် အသုံးပြုမည် ဖြစ်သည်။

အရာအားလုံးက စနစ်တကျ လည်ပတ်နေပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးက လူတိုင်း၏ ကြိုးစားအားထုတ်မှုများ အောက်တွင် ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။

လူတိုင်း၏ ဘဝများကလည်း တဖြည်းဖြည်း တိုးတက်လာပုံရသည်။

ညဘက်ရောက်တော့ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံး မီးများ အကုန် ပိတ်သွားသည်။

လင်းယွမ် အိမ်ပြန်ရောက်သည့်အခါ ရန်မေ၊ တင်းယန်၊ ဆုန့်ဝမ် နှင့် တုံယန် တို့ မိန်းကလေးများ စုပြီး ဒီနေ့ ဖြစ်ပျက်ခဲ့သည့် စည်ကားလှသော မြင်ကွင်းများ အကြောင်းကို စကားများ တရစပ် ပြောနေကြသည်ကို တွေ့လိုက်ရသည်။

သူက ပြုံးပြီး မေးလိုက်သည်။ "ဘယ်လိုလဲ... ဒီနေ့ ဈေးဝယ်စင်တာမှာ အရောင်းအဝယ် ကောင်းလား"

ရန်မေက ပြုံးကာ "အရမ်းကောင်းတယ်... အချက်အလက်တွေကို သွားကြည့်လိုက်တာ လူတိုင်းက သူတို့လက်ထဲက အမှတ်တွေကို ကုန်လုနီးပါး သုံးပစ်လိုက်ကြတယ်"

လင်းယွမ်က ရယ်မောလိုက်ပြီး "သုံးပစ်တာ ကောင်းတာပေါ့... အမှတ်တွေ ကုန်သွားမှ သူတို့မှာ အမှတ်တွေ ထပ်ရှာချင်စိတ်တွေ ပိုဖြစ်လာမှာပေါ့"

တင်းယန်က ခေါင်းယမ်းလိုက်ပြီး "ကျွန်မ ဒီနေ့ အပြင်ဘက် တာဝန်ကျနေလို့ မနက်ပိုင်း ဖွင့်ပွဲတောင် မမှီလိုက်ဘူး... နေ့လယ်မှပဲ ပစ္စည်းတချို့ သွားဝယ်ဖြစ်တယ်... လက်ထဲက အမှတ်တွေက တကယ်ကို သုံးလို့မလောက်ဘူး"

ဆုန့်ဝမ်ကလည်း ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်ကာ လင်းယွမ်၏ လက်မောင်းကို ဖက်ထားရင်း "ကျွန်မလည်း ဒီနေ့ သွားတာပဲ... ဒါပေမယ့် လူအရမ်းများလွန်းလို့ တိုးမပေါက်ဘူး... နောက်တော့ စိုက်ခင်းဘက်ပဲ သွားနေလိုက်ရတယ်... နေ့လယ်ရောက်မှပဲ ဈေးဝယ်ထွက်ဖြစ်တယ်" ဟု ပြောလိုက်သည်။

လင်းယွမ်ဆီကို ပထမဆုံး အကြိမ် အပ်နှင်းပြီးကတည်းက ဆုန့်ဝမ်သည် မင်္ဂလာဆောင်ကာစ သတို့သမီးလေးလို လင်းယွမ်အနားတွင် ကပ်ချွဲနေတတ်ပြီး ရင်းနှီးသည့် အပြုအမူများလည်း လုပ်လေ့ရှိသည်။

ဥပမာ ယခုလိုမျိုး သူ၏ လက်မောင်းကို ဖက်ထားပြီး ဒီနေ့ အဖြစ်အပျက်များကို ပြောပြနေတာမျိုးပင်။

တင်းယန်ကတော့ နည်းနည်း ပိုရင့်ကျက်သောကြောင့် လူပုံအလယ်တွင် အရမ်း ရင်းရင်းနှီးနှီး နေရန် ရှက်တတ်သည်။ သို့သော် ညဘက် အိပ်ရာပေါ်တွင်တော့ သူမက ရိုင်းစိုင်းပြီး မာနကြီးတတ်သည်။

ရန်မေကတော့ အရင်အတိုင်း အိမ်ထောင်ရှင်မကောင်း ပီသစွာဖြင့် အားလုံးကို အပြုံးလေးနှင့် ကြည့်နေသည်။

တုံယန်ကလည်း ယခုဆိုလျှင် အားလုံးကို သိနေပြီ ဖြစ်သည်။ အမဝမ် နှင့် အမတင်း တို့က အစ်ကိုလင်းယွမ်နှင့် အဆင်ပြေသွားကြပြီ ဆိုသည်ကိုပင်။ သူမ၏ အစ်ကိုကြီး လင်းယွမ်မှာ လှပသော ဇနီးသည် နောက်ထပ် နှစ်ယောက် တိုးလာခဲ့ပြီလေ။

စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် သူမ နည်းနည်းတော့ စိတ်ညစ်သွားသေးသည်။ အစ်ကိုကြီး လင်းယွမ်က ဘာလို့ သူမကို စိတ်မဝင်စားတာလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။

ဒီအချိန်တွင်တော့ လင်းယွမ်က တုံယန်လေး၏ စိတ်ခံစားချက် အပြောင်းအလဲကို သတိမထားမိဘဲ ပြုံးကာ မေးလိုက်သည်။ "နင်တို့နှစ်ယောက်က ဘာသွားဝယ်တာလဲ... လိုချင်တာရှိရင် ငါ့ကို ပြောလိုက်ရင် ရပြီပဲကို"

ဆုန့်ဝမ်က ပြုံးလိုက်ပြီး "အို... ရှင်က မိန်းမတွေ အကြောင်းကို နားမလည်ပါဘူး... ကျွန်မတို့ လိုချင်တာက အဲဒီလို ဈေးဝယ်ရတဲ့ ခံစားချက်မျိုးရှင့်"

တင်းယန်ကလည်း ရယ်ကာ "ဟုတ်တယ်လေ... ရှင့်စီကတောင်းတာထက် ပစ္စည်းတွေ အများကြီးထဲကနေ ကိုယ်တိုင် ရွေးဝယ်ရသလောက် ဘယ်စိတ်ဝင်စားစရာ ကောင်းမှာလဲ"

လင်းယွမ်က ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး "ဒါဆို နင်တို့ ဘာတွေဝယ်လာလဲ" ဟု မေးလိုက်သည်။

"ကင်းလှည့်တဲ့ အချိန် စီးလို့ကောင်းအောင် သားရေဖိနပ် အရှည် နှစ်ရန်လောက် ဝယ်လာတယ်" တင်းယန်က ပြုံးကာ ပြောသည်။

"ကျွန်မလည်း အင်္ကျီ နည်းနည်းဝယ်လာတယ်" ဆုန့်ဝမ်ကလည်း ပြောလိုက်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး တစ်ခုခုကို သတိရသွားကာ ပစ္စည်းသိုလှောင်ခန်း ထဲကနေ လှပစွာ ထုပ်ပိုးထားသည့် လက်ဆောင်ဘူး အချို့ကို ထုတ်ယူလိုက်ပြီး "အတော်ပဲ... ငါလည်း နင်တို့အတွက် အင်္ကျီတချို့ ရွေးထားတယ်... ရော့... တစ်ယောက် တစ်ထည်စီ" ဟု ပြောလိုက်သည်။

မိန်းကလေးများ အားလုံးက ချက်ချင်း ဝမ်းသာသွားကြသည်။ လင်းယွမ်မှာ သိုလှောင်ခန်း ရှိ၍ ပစ္စည်းများ မရှားပါးဘူးဆိုတာ သိထားပေမယ့် သူတို့အတွက် သီးသန့် ရွေးချယ်ထားသည့် လက်ဆောင်ဟု ပြောလိုက်သည့်အခါ မိန်းကလေးများအားလုံး အရမ်းကို ပျော်ရွှင်သွားကြသည်။

အားလုံးက လက်ဆောင်ကို ကပျာကယာ ယူလိုက်ကြပြီး ဖွင့်ကြည့်ရန် လုပ်နေချိန်တွင် လင်းယွမ်က အမြန်တားလိုက်သည်။

"ဟေး... ဟေး... အခန်းထဲရောက်မှ ကိုယ့်ဘာသာ ဖွင့်ကြည့်... အခု မဖွင့်နဲ့ဦး"

မိန်းကလေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ လင်းယွမ်က လက်ဆောင်များ မတူ၍ သူတို့တွေ မနာလို ဖြစ်ကြမှာ စိုးရိမ်နေသည်ဟု ထင်လိုက်ကြသည်။

ရန်မေက ပြုံးကာ "ဟုတ်ပြီ... တော်ကြာမှ ကိုယ့်ဘာသာ ပြန်ကြည့်ကြတာပေါ့"

တုံယန်လေးကလည်း လက်ဆောင်ဘူး တစ်ဘူး ရလိုက်တာကြောင့် နုနယ်သည့် မျက်နှာလေးပေါ်တွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်သွားပြီး "ညီမလေးအတွက်ရော ပါတာလား" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "နင့်အတွက်လည်း ပါတာပေါ့... နင်ကလည်း ဒီမိသားစုရဲ့ တစိတ်တပိုင်း ပဲလေ" ဟု ပြန်ဖြေလိုက်သည်။

ဤစကားကို ကြားလိုက်ရသည့် အခါ တုံယန်၏ ရင်ထဲတွင် ပိုပြီး စိတ်လှုပ်ရှားသွားသည်။

အစ်ကိုကြီး လင်းယွမ်က ငါ့ကိုလည်း မိသားစုရဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလိုက်တာလား... သူက ငါ့ကို မိသားစုဝင် အဖြစ် သတ်မှတ်ထားတာလား...

ဒါဆို... ဒါဆို ငါက ဘယ်လို မိသားစုဝင် မျိုးလဲ... ဇနီးလား...

သူမ၏ မျက်နှာလေးက နီရဲသွားပေမယ့် မျက်နှာပေါ်တွင်တော့ ချစ်ခင်မြတ်နိုးမှုများ အပြည့်အဝ ပေါ်လွင်နေသည်။

ဤမြင်ကွင်းကို ကြည့်နေသည့် ရန်မေကတော့ ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး သူမ အရင်က စိုးရိမ်ခဲ့တာတွေက တကယ်ကို မှန်ကန်နေသည်ဟု တွေးလိုက်မိသည်။ ဤကောင်မလေးကလည်း မကြာခင်မှာ ကျရှုံးရတော့မှာပဲ။

ဆုန့်ဝမ် နှင့် တင်းယန် က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အကြည့်များကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ကြသည်။

တုံယန် နှင့် ပတ်သက်ပြီး သူတို့မှာ သိပ်ပြီး ဆန့်ကျင်ချင်စိတ် မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် အားလုံးက အတူတူ နေလာတာ ကြာပြီဖြစ်၍ သူမကို မိသားစုဝင် တစ်ယောက်လို သဘောထားပြီးသား ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ဤမြင်ကွင်းက သူတို့ကို နည်းနည်းတော့ သတိထားမိစေသည်။ နောက်ပိုင်း ဒီအိမ်တွင် အပြင်က လူများ ထပ်တိုးလာ၍တော့ မဖြစ်တော့ဘူးဟု တွေးလိုက်မိကြသည်။

ဆက်ရန်...

အပိုင်း(၂၆၆) မီးဓာတ်အစွမ်း နှစ်မျိုးကို ဆင့်ပွားနားလည်ခြင်း

ညဘက် အိပ်ခန်းဆောင်ထဲတွင် ရန်မေက လင်းယွမ်၏ ရင်ခွင်ထဲသို့ အမှီပြုရင်း တကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေရှာသည်။

သူမက လင်းယွမ် ယခုလေးတင် လက်ဆောင်ပေးထားသည့် အဝတ်အစားကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။

အလွန် ရှက်စရာကောင်းပြီး ဖိုမကိစ္စအတွက် သီးသန့်ချုပ်လုပ်ထားသည့် အတွင်းခံလေးပင် ဖြစ်၏။

ထို့ကြောင့်ပင် အိပ်ရာထက်၌ အတော်လေး ပင်ပန်းသွားခဲ့ရသည်။

ယခုအချိန်တွင် သူမက မျက်လုံးများကို မှေးစင်းထားပြီး မျက်ခွံကို ပင့်မရန်ပင် အားမရှိတော့သည့်ဟန်ဖြင့် တီးတိုး ရေရွတ်လိုက်လေသည်။

"ဒီနေ့ အချက်အလက်တွေကို ကြည့်မိတယ်... လျှိုတနန်၊ ဟူဝေမင်၊ လီယွဲ့ကျင်းတို့က အမှတ်တွေကို သိပ်မသုံးကြဘူး... ဆိုင်ဖွင့်ဖို့ စုနေကြတာ ထင်တယ်"

လင်းယွမ်က ပြုံးလိုက်ပြီး...

"ဟူဝေမင်တို့က အစကတည်းက ပေါက်စီဆိုင် ဖွင့်ဖူးတာပဲ... အခု ပြန်လုပ်ချင်ကြတာ ဆန်းတော့မဆန်းပါဘူး... ဒါပေမဲ့ လီယွဲ့ကျင်းကရော ဆိုင်ဖွင့်ချင်တာလား"

ရန်မေက...

"သူကတော့ သင်္ကေတကျောက်တုံးတွေ ရောင်းဖို့ စိတ်ကူးရှိပုံရတယ်... သူက ရေကွင်းသင်္ကေတ လုပ်နိုင်တယ်လေ... မြစ်ထဲမှာ နှစ်ရှည်လများ ငါးဖမ်းတဲ့သူတွေအတွက် ရေကွင်းသင်္ကေတဆောင်ထားရင် အသက်အန္တရာယ် ကာကွယ်နိုင်တော့ တော်တော်လေး လိုအပ်တဲ့ပစ္စည်း ဖြစ်နေတာ... သူ့ဈေးကွက်က မဆိုးဘူးလို့ ပြောရမယ်"

လင်းယွမ်က သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်ကာ...

"ဒါကတော့ ဟုတ်သားပဲ... အမရဲ့ ဦးလေးကရော ဘာပြောလဲ"

"ဦးလေးလင်းလား... သူကတော့ ဆိုင်ဖွင့်ဖို့ အစီအစဉ် မရှိပါဘူး... တတိယထပ်မှာ သင်္ကေတအရောင်းဆိုင် ဖွင့်ပြီး သူ့ကို အဲဒီမှာ ထိုင်ခိုင်းထားမလို့... ဒါမှ သူ့ခမျာ ဝင်ငွေမရှိ ဖြစ်မနေမှာလေ"

လင်းယွမ်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး...

"အဲဒီအစီအစဉ် ကောင်းတယ်... နောက်ကျရင် ကျွန်တော် အားတဲ့အချိန် ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံး တချို့ လုပ်ပေးမယ်... အဲဒီဆိုင်မှာ ပေါင်းပြီး တင်ရောင်းလိုက်ပေါ့... ကုန်ပစ္စည်း စုံသွားတာပေါ့"

"အင်း"

ရန်မေက ခေါင်းညိတ်လိုက်ပြီးနောက် ပင်ပန်းလွန်းသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။

လင်းယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ သူက အသာအယာ ထလိုက်ပြီး သူမကို စောင်သေချာ ခြုံပေးလိုက်သည်။ ထို့နောက် ကျန်သည့် နှစ်ယောက်ကို ပြုစုစောင့်ရှောက်ရန် ထွက်လာခဲ့လိုက်သည်။

သန်းခေါင်ကျော် အချိန်ရောက်မှသာ ကျန်နှစ်ယောက်ကို ပြုစုပြီးစီးသဖြင့် ဧည့်ခန်းသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သင်္ကေတ အရိုးနှစ်ခုကို ထုတ်ယူလိုက်သည်။

ဤသင်္ကေတ အရိုးနှစ်ခုမှာ ထျန်ဝေ၏ ဦးခေါင်းခွံထဲမှ တူးယူရရှိထားသော တစ်ခုနှင့် တင်းယန် သတ်ဖြတ်လိုက်သည့် မီးမှုတ်သော သန္ဓေပြောင်း တောဝက်ရိုင်းကြီး၏ ခန္ဓာကိုယ်မှ ရရှိထားသော တစ်ခုတို့ ဖြစ်ကြသည်။

လင်းယွမ်သည် အချိန်ရတိုင်း ဤသင်္ကေတများကို ထုတ်ယူ လေ့လာလေ့ရှိသည်။

ယခုအခါ အကြိမ်ရာပေါင်းများစွာ ပုံတူကူးချ လေ့လာပြီးနောက် ယနေ့ညတွင် အောင်မြင်နိုင်လောက်ပြီဟု သူ ခံစားမိနေသည်။

သူ၏ စိတ်စွမ်းအင်က အမှတ် ၅၀ အထိ ရှိနေပြီဖြစ်ရာ မတော်တဆမှု မရှိပါက ဤသင်္ကေတ နှစ်ခုသည် သာမန် အဖြူရောင်အဆင့် အစွမ်းများသာ ဖြစ်သည့်အတွက် ပုံတူကူးချ ရယူရန် မခက်ခဲလောက်ပေ။

လင်းယွမ်က ထျန်ဝေ၏ ဦးခေါင်းခွံ သင်္ကေတကို ကောက်ယူလိုက်ပြီး ဦးနှောက်ထဲတွင် စိတ်စွမ်းအင်ဖြင့် ပုံဖော် ကြည့်လိုက်သည်။

နက်နဲဆန်းကြယ်သော လမ်းကြောင်းများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး စိတ်စွမ်းအင် စုစည်းမှုအောက်တွင် ပုံသဏ္ဌာန်ရှိသော သင်္ကေတတစ်ခု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။

ထိုသင်္ကေတ၏ ပတ်ဝန်းကျင်တွင် မီးဓာတ် စွမ်းအင်များ အမြောက်အမြား စုဝေးလာတော့သည်။

သင်္ကေတ အောင်မြင်စွာ ဖွဲ့စည်းလိုက်နိုင်သည့် တခဏ၌ "ဝုန်း" ခနဲ အသံနှင့်အတူ စိတ်စွမ်းအင်ဖြင့် ပုံဖော်ထားသော သင်္ကေတတစ်ခုလုံး လင်းလက် တောက်ပသွားတော့သည်။

ထိုခဏချင်းမှာပင် လေထုထဲ၌ ပြင်းထန်သော မီးတောက်တစ်ခု ပေါ်လာလေသည်။

လင်းယွမ်က ထိုမီးတောက်ကို စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်ကြောင်း အာရုံခံမိလိုက်သည်။

ချက်ချင်းပင် စိတ်ဖြင့် စေခိုင်းလိုက်ရာ မီးတောက်သည် "ဝုန်း" ခနဲ မြည်ဟည်းသွားပြီး မီးနဂါးတစ်ကောင် အသွင်သို့ ပြောင်းလဲကာ လေထဲတွင် တစ်ပတ် ဝဲပျံသွားသည်။

လင်းယွမ်က စိတ်စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းလိုက်ရာ သင်္ကေတလည်း ပြိုကွဲသွားပြီး မီးနဂါးမှာလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"စနစ်... အစွမ်း ဇယားကွက်ကို ပြပေး"

[အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း၊ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း၊ လိပ်ခွံစွမ်းအင်အကာအကွယ်၊ ကျောက်အကြေးခွံအကာအကွယ်၊ ရုပ်သေးကြိုးမျှင်၊ မြေလျှိုးအစွမ်း၊ မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း၊ မီးနဂါးအက]

အစွမ်းများ စာရင်းထဲတွင် အစွမ်းသစ်တစ်ခု တိုးလာကြောင်း လင်းယွမ် တွေ့လိုက်ရသည်။

သူက ထိုအစွမ်းအပေါ်သို့ ချက်ချင်း အာရုံစိုက်လိုက်သည်။

စနစ်က သက်ဆိုင်ရာ အချက်အလက်များကို ချက်ချင်း ဖော်ပြပေးလာသည်။

မီးနဂါးအက - မီးဓာတ် အစွမ်း

အရည်အသွေး - အဖြူရောင်

လိုအပ်ချက် - စိတ်စွမ်းအင် ၅ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၃ မှတ်

အစွမ်းအာနိသင် - စိတ်စွမ်းအင်ဖြင့် ဤအစွမ်းကို ပုံဖော်ပါက မီးနဂါးတစ်ကောင်ကို ဖန်တီးနိုင်သည်။ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် မီးနဂါးသည် လွတ်လပ်စွာ ပျံသန်းနိုင်ပြီး ပစ်မှတ်ကို မီးလောင်တိုက်သွင်းနိုင်သည်။

လင်းယွမ်က အစွမ်းဖော်ပြချက်ကို ကြည့်ရင်း ထျန်ဝေကို ပြန်သတိရသွားသည်။

ထိုစဉ်က ထျန်ဝေသည် မီးနဂါးနှစ်ကောင်ကို ထိန်းချုပ်ပြီး စိတ်ကြိုက် တိုက်ခိုက်ခဲ့ရာ အစွမ်းထက်မြက်လှသည်။

နောက်ပိုင်းတွင် သူက မီးနဂါးကို ခန္ဓာကိုယ်တွင် ရစ်ပတ်ပြီး အချိန်တိုအတွင်း ပျံသန်းနိုင်စွမ်း ရှိအောင်ပင် အဆင့်မြှင့်တင်ခဲ့သေးသည်။

ယခု ကြည့်ရသည်မှာ မီးနဂါးအက၏ မူလအစွမ်းတွင် ပျံသန်းနိုင်စွမ်း ပါဝင်ပုံမရချေ။

ထျန်ဝေက မီးနဂါးအက အစွမ်းကို ကိုယ်တွင် ပူးကပ်လိုက်ပြီးနောက် ပျံသန်းနိုင်ရုံသာမက မိမိကိုယ်ကို အပူချိန်မြင့်မားသည့် အခြေအနေသို့ပါ ပြောင်းလဲနိုင်ခဲ့သည်။

"ဒါက ထျန်ဝေက သူ့ရဲ့ ကိုယ်ပိုင်အစွမ်းကို နက်နက်ရှိုင်းရှိုင်း လေ့လာတွေ့ရှိပြီးမှ ဖြစ်လာတဲ့ ပြောင်းလဲမှုလား"

"ထျန်ဝေ အစောဆုံး နားလည်ခဲ့တဲ့ အစွမ်းက ငါအခုမြင်နေရတဲ့ မီးနဂါးအက ဖြစ်ပြီးတော့... နောက်ပိုင်း ကျွမ်းကျင်လာမှ ပျံသန်းတာနဲ့... ကိုယ်ခန္ဓာ အပူချိန်မြှင့်တာတွေကို လုပ်နိုင်ခဲ့တာ ဖြစ်မယ်"

လင်းယွမ်က တွေးတော ဆင်ခြင်လိုက်သည်။ ဤအချက်က လက်တွေ့ အခြေအနေနှင့် ကိုက်ညီမှု ရှိသည်။

လူအများစုသည် အစပိုင်းတွင် အရိုးရှင်းဆုံး အစွမ်းများကိုသာ ပိုင်ဆိုင်ကြသည်။

သို့သော် အစွမ်းကို အဆက်မပြတ် အသုံးပြုရင်းဖြင့် အခြားသော ဆန်းကြယ်သည့် အသုံးပြုပုံများကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာကြသည်။

လူသားတို့၏ ဖန်တီးနိုင်စွမ်းသည် ဤနေရာ၌ အပြည့်အဝ ထင်ဟပ်နေလေသည်။

"မဆိုးဘူး... ငါ့မှာလည်း ဓာတ်ကြီးတစ်ခုခုပါတဲ့ တိုက်ခိုက်ရေး အစွမ်းတစ်ခု ရှိလာပြီပဲ"

"ဒီ မီးနဂါးအက က ငါ့မှာ အရင်က မရှိခဲ့တဲ့ ဓာတ်ကြီးအစွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားပြီ"

လင်းယွမ်က ပြုံးလိုက်မိသည်။ လက်ရှိတွင် သူ၌ ရုပ်ပိုင်းဆိုင်ရာ ကြွက်သားပေါက်ကွဲအစွမ်း ရှိသည်။

ထို့ပြင် ရေဓာတ် ခံစစ်အစွမ်းဖြစ်သော မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း နှင့် မြေဓာတ် ရုပ်ပိုင်းဆိုင်ရာ ခံစစ်အစွမ်းဖြစ်သော ကျောက်အကြေးခွံအကာအကွယ် တို့လည်း ရှိသည်။

စိတ်စွမ်းအင် ဘက်တွင်လည်း စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း နှင့် လိပ်ခွံစွမ်းအင်အကာအကွယ် ဟူသော တိုက်စစ်နှင့် ခံစစ် အစွမ်းနှစ်မျိုးဖြင့် ပြည့်စုံနေပြီ ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်ရေး အစွမ်းအနေဖြင့်လည်း သရဲတစ္ဆေပမာ လှုပ်ရှားနိုင်သော မြေလျှိုးအစွမ်း ရှိနေရာ မိမိ၏ အားနည်းချက်များမှာ တဖြည်းဖြည်း နည်းပါးလာပြီဟု ဆိုနိုင်သည်။

ဤသာမန် အဖြူရောင် အစွမ်းများအပြင် ရုပ်သေးကြိုးမျှင် ဟူသော အစိမ်းရောင်အဆင့် ထိန်းချုပ်ရေး စိတ်စွမ်းအင် အစွမ်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ဤအစွမ်းများ ရှိနေသရွေ့ မိမိသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်စွမ်းအင်ပိုင်းဆိုင်ရာနှင့် ဓာတ်ကြီးပိုင်းဆိုင်ရာ ဟူသော ကဏ္ဍသုံးရပ်လုံးတွင် တိုက်ခိုက်၊ ကာကွယ်၊ ရှောင်တိမ်း နိုင်စွမ်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။

ဒါမှသာ စစ်မှန်သော ဘက်စုံ စွမ်းအားပြည့်ဝခြင်း ဖြစ်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ အဓိက အချက်မှာ သင်္ကေတအရိုးများပေါ်ရှိ အစွမ်းများမှာ အမှတ်သုံးပြီး ကံစမ်းမဲနှိုက်ထားခြင်း မဟုတ်ပေ။

ဒါက မိမိအတွက် အမှတ်အမြောက်အမြားကို သက်သာစေခဲ့သည်။

ထို့ပြင် သင်္ကေတအရိုးပေါ်မှ သင်္ကေတများကို သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးများပေါ်တွင် ပုံတူကူးချပြီး ပြန်လည် ရောင်းချနိုင်ရာ ရွှေဥ ဥပေးသော ငန်းတစ်ကောင် ရလိုက်သည်နှင့် တူလေသည်။

နောင်အနာဂတ်တွင် သင်္ကေတအရိုးများနှင့် အစွမ်းပုလဲလုံးများသည် ဈေးကောင်းမည့် ပစ္စည်းများ ဖြစ်လာလိမ့်မည်ဟု လင်းယွမ် ခံစားမိသည်။

လင်းယွမ်က ပြုံးလိုက်ရင်း ထိုသင်္ကေတအရိုးကို သိမ်းဆည်းလိုက်ကာ သန္ဓေပြောင်း တောဝက်ရိုင်းထံမှ ရရှိထားသော သင်္ကေတအရိုးကို လှမ်းကြည့်လိုက်သည်။

"ဒီသင်္ကေတအရိုးထဲမှာရော ဘယ်လို အစွမ်းမျိုး ပါမလဲ မသိဘူး"

လင်းယွမ်က အရိုးပေါ်ရှိ သင်္ကေတကို စိတ်စွမ်းအင်ဖြင့် စတင် တည်ဆောက်ကြည့်လိုက်သည်။

သူ၏ အားကောင်းသော စိတ်စွမ်းအင်နှင့် ဤသင်္ကေတကို အကြိမ်ထောင်ချီ ပုံတူကူးချ လေ့ကျင့်ခဲ့ဖူးသော အတွေ့အကြုံများကြောင့် ယခုအခါ သင်္ကေတ တည်ဆောက်ရသည်မှာ အလွန် လွယ်ကူနေပြီ ဖြစ်သည်။

သို့သော် လင်းယွမ် အလွန် လွယ်ကူသည်ဟု ထင်ထားသော တည်ဆောက်မှု လုပ်ငန်းစဉ်တွင် ပြဿနာ တက်လာတော့သည်။

လင်းယွမ်၏ စိတ်စွမ်းအင်သည် သင်္ကေတကို ပြီးပြည့်စုံစွာ တည်ဆောက်လိုက်နိုင်သည်။

သို့သော် လေထုထဲတွင် စိတ်စွမ်းအင်ဖြင့် စုစည်းလိုက်သော သင်္ကေတသည် မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

လင်းယွမ်မှာ မှင်သက်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

"ထူးဆန်းတယ်... ဘာလို့ အလုပ်မလုပ်တာလဲ"

သူက စိတ်စွမ်းအင်ဖြင့် စုစည်းထားသော သင်္ကေတနှင့် အရိုးပေါ်ရှိ သင်္ကေတတို့ ကွာခြားချက် ရှိမရှိ ချက်ချင်း ပြန်စစ်ဆေးကြည့်လိုက်သည်။

သို့သော် ခဏအကြာတွင် သူ၏ မျက်နှာထား တည်သွားတော့သည်။

ဘာ ကွာခြားချက်မှ မရှိပေ။

"ဘာမှမကွာဘဲနဲ့... ဘာလို့လဲ"

လင်းယွမ်က နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်သည်။ ဒီကိစ္စတွင် သူ သတိမထားမိဘဲ ကျော်သွားသော အချက်တစ်ခုခု ရှိရမည်။

"နေဦး... အရင်တုန်းက ကျောက်အကြေးခွံအကာအကွယ်ကို ပုံတူကူးတုန်းက စိတ်စွမ်းအင်နဲ့ သင်္ကေတကို စုစည်းခဲ့တာ မဟုတ်ဘူး... ကိုယ်ခန္ဓာထဲက သန္ဓေပြောင်းစွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ထဲမှာ သင်္ကေတကို တည်ဆောက်ခဲ့တာ"

"အဲဒီတုန်းက ကျောက်အကြေးခွံအကာအကွယ် ဖြစ်လာဖို့ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက သရက်ရွက် ကို ဖြတ်သန်းစီးဆင်းပြီး မြေဓာတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားတာ... ဒါကြောင့် ငါ့ကိုယ်ပေါ်မှာ ကျောက်အကြေးခွံတွေ ဖြစ်လာခဲ့တာ"

"ဒီသင်္ကေတကရော သန္ဓေပြောင်းစွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ထဲမှာ သင်္ကေတ ဖွဲ့စည်းမှ အလုပ်လုပ်မယ့် အမျိုးအစားများလား"

လင်းယွမ်က ထိုအချက်ကို တွေးမိသည်နှင့် ချက်ချင်း စမ်းသပ်ကြည့်လိုက်သည်။

သူ့နှလုံးသား နေရာမှ သန္ဓေပြောင်း စွမ်းအင်များ စီးဆင်းထွက်ပေါ်လာပြီး ထိုတောဝက်ရိုင်း သင်္ကေတပုံစံအတိုင်း ခန္ဓာကိုယ်ထဲတွင် လှည့်လည် စီးဆင်းလိုက်သည်။

ကလီစာ ငါးမျိုးတွင် နှလုံးသည် မီးဓာတ်ဖြစ်ရာ စွမ်းအင်များသည် ထူးခြားသော သင်္ကေတ ဖွဲ့စည်းပုံဖြင့် ခန္ဓာကိုယ်ထဲတွင် တစ်ပတ် လှည့်ပတ်ပြီးနောက် နှလုံးကို ဖြတ်သန်းကာ လင်းယွမ်၏ ခြေထောက်နှစ်ဖက်ဆီသို့ လျင်မြန်စွာ စီးဆင်းသွားကြသည်။

တခဏအတွင်း သင်္ကေတသည် သူ၏ ခန္ဓာကိုယ်ထဲ၌ ပြီးပြည့်စုံစွာ ဖွဲ့စည်းသွားတော့သည်။

နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ ခြေထောက်နှစ်ဖက်၌ "ဝုန်း" ခနဲ မီးတောက်များ ထွက်ပေါ်လာပြီး ခြေထောက်များကို လွှမ်းခြုံသွားတော့သည်။

ကြမ်းပြင်သည် ချက်ချင်းပင် မီးကျွမ်းကာ ဝါညစ်ညစ် ဖြစ်သွားသည်။

လင်းယွမ်က အစွမ်းကို အလျင်အမြန် ရုပ်သိမ်းလိုက်ရာ ခြေထောက်မှ မီးတောက်များ ငြိမ်းသွားတော့သည်။

"အောင်မြင်ပြီ။"

လင်းယွမ် ဝမ်းသာသွားသည်။ သူက ဂူထဲမှ အလျင်အမြန် ထွက်လိုက်ပြီး အနီးနားရှိ တောင်ကမ်းပါးယံပေါ်သို့ ခုန်တက်လိုက်သည်။

"ဒါကြောင့် သင်္ကေတအရိုးပေါ်က သင်္ကေတတွေက... စိတ်စွမ်းအင်နဲ့ စုစည်းမှ ရတာ မဟုတ်ဘဲ... ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင်နဲ့ စုစည်းမှ ရတာမျိုးလည်း ရှိနိုင်တာပဲ"

"မီးဓာတ် အစွမ်းချင်း တူရင်တောင်မှ ကွဲပြားမှု ရှိနေသေးတာပဲ"

"ဒါက ဘာကြောင့်လဲ"

လင်းယွမ် တွေးတော ဆင်ခြင်ကြည့်လိုက်သည်။ သူ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါ အဖြေတစ်ခုကို ခန့်မှန်းမိလာသည်။

"အခြေခံ ဓာတ်ကြီးလေးပါး ပြဿနာကြောင့်များလား"

"တကယ်တော့ ဓာတ် အစွမ်းချင်း တူရင်တောင်မှ ဓာတ်သဘောအရ ခွဲခြားတာမျိုး မဟုတ်ဘဲ"

"အစွမ်းတူ ပေမယ့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အပိုင်းနဲ့ စိတ်စွမ်းအင် အပိုင်းဆိုပြီး ခွဲခြားထားတာများလား"

"ဥပမာ မီးဓာတ်အစွမ်းဆိုပါစို့... ထျန်ဝေရဲ့ မီးဓာတ်အစွမ်းက စိတ်စွမ်းအင် အသုံးပြုမှုအပေါ်မှာ သိသိသာသာ မှီခိုနေရတယ်"

"ဒါပေမဲ့ ဒီသန္ဓေပြောင်း တောဝက်ရိုင်းရဲ့ အစွမ်းကျတော့... စိတ်စွမ်းအင်နဲ့ မောင်းနှင်တာ မဟုတ်ဘဲ... မီးဓာတ် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ မောင်းနှင်တာ ဖြစ်နေတယ်"

လင်းယွမ်က ထိုအချက်ကို တွေးမိသောအခါ သူ လမ်းကြောင်းမှန် ရှာတွေ့ပြီဟု ခံစားလိုက်ရသည်။

ချက်ချင်းပင် အရည်အသွေး ဇယားကွက်ကို ဖွင့်ပြီး အစွမ်းများ စာရင်းကို ကြည့်လိုက်သည်။

[အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း၊ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း၊ လိပ်ခွံစွမ်းအင်အကာအကွယ်၊ ကျောက်အကြေးခွံအကာအကွယ်၊ ရုပ်သေးကြိုးမျှင်၊ မြေလျှိုးအစွမ်း၊ မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း၊ မီးနဂါးအက၊ မီးစင်္ကြာ]

"မီးစင်္ကြာ..."

မီးစင်္ကြာ - မီးဓာတ် အစွမ်း

အရည်အသွေး - အဖြူရောင်

လိုအပ်ချက် - ခန္ဓာကိုယ်ကြံ့ခိုင်မှု ၄ မှတ်၊ အလျင် ၃ မှတ်

အစွမ်းအာနိသင် - ဤအစွမ်းကို အသုံးပြုပါက ခြေဖဝါးအောက်တွင် မီးစင်္ကြာများ ဖြစ်ပေါ်လာပြီး အလွန် လျင်မြန်သော အလျင်ဖြင့် ပြေးလွှားနိုင်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလေ ပေါက်ကွဲအား ကောင်းလေ ဖြစ်ပြီး အလျင် မြင့်မားလေ လှုပ်ရှားမှု သွက်လက်လေ ဖြစ်သည်။

လင်းယွမ်က အစွမ်း အာနိသင်နှင့် လိုအပ်ချက်များကို သေချာဖတ်ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်လာပြီး ယုံကြည်ချက် ပိုရှိလာသည်။

"ဟုတ်တယ်... ဒီအစွမ်းက စိတ်စွမ်းအင် လုံးဝ မလိုဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှု အပိုင်းကို အဓိက လိုအပ်တာပဲ"

"စိတ်စွမ်းအင်နဲ့ ဘာမှမဆိုင်ဘူး... ဒါက အလျင်ပိုင်းနဲ့ပါတ်သတ်တဲ့ အစွမ်းတစ်ခု ဖြစ်နေတာကိုး"

"ဒါဆိုရင် ငါ့ရဲ့ ယူဆချက် မမှားဘူးပေါ့... ဓာတ် အစွမ်းတွေမှာလည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အပိုင်းနဲ့ စိတ်စွမ်းအင် အပိုင်းဆိုပြီး နှစ်မျိုး ကွဲပြားနေတာပဲ"

"တချို့ အစွမ်းတွေက စိတ်စွမ်းအင်နဲ့ ထုတ်လွှတ်ရပြီး... တချို့ အစွမ်းတွေကျတော့ စိတ်စွမ်းအင်နဲ့ လုံးဝ မပတ်သက်ဘူး"

လင်းယွမ် လေ့လာလေ အစွမ်းများက အမှန်တကယ်ပင် အမျိုးမျိုး အဖုံဖုံ ကွဲပြားဆန်းကြယ်ကြောင်း တွေ့ရှိလာရလေ ဖြစ်သည်။

ဤသို့ အစွမ်းများ ကွဲပြား ဆန်းကြယ်နေခြင်း၏ နောက်ကွယ်ရှိ အနက်ရှိုင်းဆုံး အဓိပ္ပာယ်မှာ သန္ဓေပြောင်း အစွမ်းများ ရှုပ်ထွေး များပြားခြင်းကို ကိုယ်စားပြုနေသည်။

သို့သော် စစ်မှန်သော နောက်ကွယ်မှ ယုတ္တိဗေဒမှာမူ လူသား မျိုးရိုးဗီဇ များ၏ ကွဲပြား စုံလင်စွာ ရွေးချယ်မှုပင် ဖြစ်ပေသည်။

သူက မျက်လုံးမှိတ်လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် သန္ဓေပြောင်း စွမ်းအင်များကို စီးဆင်းစေလိုက်သည်။ နောက်တစ်ခဏတွင် ခြေဖဝါးအောက်၌ မီးစင်္ကြာကဲ့သို့ မီးလုံးကြီးနှစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။

လင်းယွမ်က ခြေဖျားဖြင့် မြေကြီးကို အသာတို့လိုက်ပြီး ခြေဖနောင့်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်သည်။

"ဝုန်း"

ခြေအောက်မှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အမြောက်ဆန် တစ်တောင့်ပမာ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ညအမှောင်ထုထဲတွင် မီးရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်ယံ၌ မီးတန်းရှည်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် လေထဲတွင် ပေ ၂၀၀ နီးပါး ရှည်လျားသော မီးတန်းကြီး ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

ဆိုလိုသည်မှာ သူ၏ ခြေတစ်လှမ်း ပေါက်ကွဲအားသည် တခဏချင်းမှာပင် ပေ ၂၀၀ ခန့် ခရီးရောက်သွားခြင်း ဖြစ်သည်။

လင်းယွမ်က လေထဲတွင် ခေတ္တ ရပ်တန့်လိုက်ပြီး နောက်တစ်ခဏ၌ လေထဲမှာပင် နောက်တစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။

ခြေဖဝါးအောက်ရှိ မီးစင်္ကြာများမှာ "ဝုန်း" ခနဲ အရှိန်အဟုန်ဖြင့် လင်းလက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တဟုန်ထိုး ရှေ့သို့ ပြေးထွက်သွားပြန်ရာ မျက်စိတစ်မှိတ်အတွင်း ပေ ၁၅၀ ခန့် ထပ်မံ ရောက်ရှိသွားပြန်သည်။

စိတ်စွမ်းအင်ကို အသုံးပြုလိုက်ရာ ပြုတ်ကျနေသော သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွားပြီး ခြေထောက်အောက်တွင် မီးတောက်များ နင်းလျက် လေထဲတွင် ရပ်တန့်နေလိုက်သည်။

ထို့နောက် အစွမ်းကို ထပ်မံ အသုံးပြုပြီး ခြေတစ်လှမ်း လှမ်းလိုက်ပြန်ရာ ခန္ဓာကိုယ်က ပေ ၁၅၀ ခန့် ထပ်မံ ပြေးထွက်သွားပြန်သည်။

"မီးစင်္ကြာ အစွမ်းရဲ့ အလုပ်လုပ်ပုံက ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ အလျင် တို့နဲ့ တိုက်ရိုက် အချိုးကျနေတယ်... ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အလျင် အမှတ် ၅၀ စီ ရှိနေတဲ့ အခြေအနေမှာ ပေါက်ကွဲအား ထုတ်လိုက်ရင် ပေ ၁၅၀ ကျော်လောက် အလွယ်တကူ ရောက်သွားနိုင်တယ်"

"ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ပါ ပေါင်းစပ်လိုက်ရင် လေထဲမှာ အလျင်အမြန် ပြေးလွှားနိုင်ပြီး ထူလုံရဲ့ ပျံသန်းနှုန်းထက် လုံးဝ နှေးမှာ မဟုတ်ဘူး"

"မဟုတ်သေးဘူး... ထူလုံ တက်တူးဝိညာဉ် သိန်းငှက်ကြီးအဖြစ် ပြောင်းလဲပြီးတဲ့ အချိန်ထက်တောင် ပိုမြန်နေဦးမယ်"

လင်းယွမ် ပြုံးလိုက်မိသည်။ မိမိ၏ ယခုပုံစံကိုသာ တစ်ယောက်ယောက် မြင်သွားပါက မီးဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။

"ဒီသင်္ကေတကို တင်းယန်ကို ပေးပြီး သင်ခိုင်းရင် သူ တတ်မြောက်နိုင်မလား မသိဘူး"

လက်ရှိအချိန်အထိ လင်းယွမ်ကဲ့သို့ သင်္ကေတ အစွမ်းများကို မိမိ၏ ကိုယ်ပိုင် အစွမ်းသဖွယ် ပေါင်းစပ် အသုံးပြုနိုင်သူ တစ်ယောက်ကိုသာ တွေ့ဖူးသေးသည်။

ထိုသူမှာ ဝူမုန့် ပင် ဖြစ်သည်။ ဝူမုန့်သည် သူ၏ "သွေးသားကြီးထွားခြင်း" အစွမ်းကို အသုံးပြုပြီး သွေးလေများကို အတင်းအဓမ္မ တွန်းပို့ကာ ပေါက်ကွဲသင်္ကေတကို အသက်သွင်း၍ ပေါက်ကွဲလက်သီး ကို ဖန်တီး အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် အနှစ်သာရအားဖြင့် သူ၏ အစွမ်းမှာ သွေးသားကြီးထွားခြင်း သာ ဖြစ်ပြီး စစ်မှန်သော မီးဓာတ် ပေါက်ကွဲလက်သီး ကို လေ့ကျင့်နိုင်ခဲ့ခြင်း မဟုတ်ပေ။

ထို့ကြောင့် လူတိုင်း သင်္ကေတကို သင်ယူပြီးသည်နှင့် အလားတူ အစွမ်းများကို တတ်မြောက်နိုင်သည် မဟုတ်ကြောင်း ထင်ရှားနေသည်။

ဥပမာအားဖြင့် ဦးလေးရန်၊ လီယွဲ့ကျင်း စသည့် လူများဆိုလျှင်လည်း အစွမ်းသင်္ကေတများကို ပုံတူကူးချပြီး သင်္ကေတကျောက်တုံးများ ပြုလုပ်သည့် နည်းပညာကို တတ်မြောက်ထားကြသော်လည်း သူတို့ကိုယ်တိုင် ထိုအစွမ်းများကို အမှန်တကယ် အသုံးပြုနိုင်ခြင်း မရှိကြပေ။

လင်းယွမ်က သူတို့နှစ်ဦးကို မေးမြန်းဖူးရာ သူတို့သည် သင်္ကေတကို ထွင်းထုရုံသာ တတ်ကျွမ်းပြီး သင်္ကေတနှင့် သက်ဆိုင်သည့် ဓာတ်အစွမ်းများ မရှိကြသဖြင့် အသုံးပြုရန် အခြေအနေ မပေးကြောင်း သိခဲ့ရသည်။

ထိုအချိန်ကစ၍ လူတိုင်းသည် လူ့ခန္ဓာကိုယ် ဓာတ်ကြီးငါးပါး သဘောတရားအတိုင်း သန္ဓေပြောင်း စွမ်းအင်များကို စိတ်ကြိုက် ပြောင်းလဲနိုင်ခြင်း မရှိကြောင်း လင်းယွမ် နားလည်ခဲ့ရသည်။

မိမိ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ထူးခြားနေသဖြင့်သာ မိမိ၏ ကလီစာငါးခုသည် သန္ဓေပြောင်း စွမ်းအင် ဓာတ်သဘောများကို ပြောင်းလဲပေးနိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။

အစွမ်းသင်္ကေတများက လေ့လာသူကို ထိုစွမ်းရည်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခြင်း မဟုတ်ပေ။

ဆိုလိုသည်မှာ ဝူမုန့်သည် စစ်မှန်သော ပေါက်ကွဲလက်သီး ကို မလေ့ကျင့်ချင်၍ မဟုတ်ဘဲ လေ့ကျင့်၍ မရသောကြောင့်သာ ဖြစ်သည်။

သူက သွေးသားကိုသာ ထိန်းချုပ်နိုင်သဖြင့် သူ့အစွမ်းကို သုံးပြီး သင်္ကေတကို အတုယူကာ အလားတူ အာနိသင် ရအောင် လုပ်ဆောင်ရခြင်း ဖြစ်သည်။

သင်္ကေတသည် စွမ်းအင် ထုတ်လွှတ်ရာ လမ်းကြောင်း တစ်ခုကိုသာ ပေးစွမ်းနိုင်ပြီး စွမ်းအင်၏ အနှစ်သာရကို ပြောင်းလဲနိုင်ခြင်း မရှိချေ။

ဥပမာ ရေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်သည် စိတ်စွမ်းအင် လုံလောက်စွာ ရှိပါက မီးနဂါးအက သင်္ကေတကို သင်ယူနိုင်ကောင်း သင်ယူနိုင်ပေမည်။

သို့သော် သူ သင်္ကေတကို စုစည်းလိုက်သောအခါ ရေနဂါးအက သာ ဖြစ်လာနိုင်ပြီး မီးနဂါးအက ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သင်္ကေတသည် ပုံစံခွက်တစ်ခုနှင့် တူပြီး ထိုအထဲသို့ ထည့်လိုက်သည့် စွမ်းအင်က ရေ ဖြစ်စေ၊ မီး ဖြစ်စေ သင်္ကေတ ထုတ်လွှတ်မှုကို သက်ရောက်မှု ရှိမည် မဟုတ်ချေ။

လင်းယွမ်က တွေးတော ဆင်ခြင်လိုက်သည်။ ထုတ်လွှတ်မှုကို မထိခိုက်စေသော်လည်း သင်္ကေတ၏ အစွမ်း အာနိသင်ကိုရော ထိခိုက်နိုင်မလား...

ထိခိုက်နိုင်သည်ဟု လင်းယွမ် ထင်မြင်မိသည်။

ဥပမာ သူ ယခု သင်ယူထားသည့် မီးစင်္ကြာ ဆိုလျှင် ၎င်း၏ သင်္ကေတ သဘောတရားသည် မီးဓာတ်၏ ပေါက်ကွဲမှုမှ ရရှိသော တွန်းကန်အားကို အသုံးပြုပြီး ဤကဲ့သို့ လျင်မြန်စွာ ပြေးလွှားခြင်းကို ပြီးမြောက်စေခြင်း ဖြစ်နိုင်သည်။

သို့သော် ရေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်က မီးစင်္ကြာ ကို ပုံဖော်မည် ဆိုပါက မီးဓာတ် အစွမ်း၏ အာနိသင်မျိုး ရရှိရန် ခဲယဉ်းပေလိမ့်မည်။

အသုံးမဝင်သည်မျိုးပင် ဖြစ်သွားနိုင်သည်။

သို့မဟုတ်ပါက သင်္ကေတသည် သန္ဓေပြောင်း စွမ်းအင်များကို ခန္ဓာကိုယ်ထဲ တစ်ပတ် လှည့်ပတ်စေပြီး နှလုံးမှတဆင့် မီးဓာတ်စွမ်းအင် အဖြစ် ပြောင်းလဲကာ အစွမ်း ဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေစရာပင် လိုမည် မဟုတ်ပေ။

"ဒါကြောင့် ထူးခြားတာက သင်္ကေတ မဟုတ်ဘူး... ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကသာ ထူးခြားနေတာ"

လင်းယွမ် သဘောပေါက် နားလည်သွားသည်။ တချိန်တည်းမှာပင် စနစ်မှ ဖော်ပြထားသော ကိုယ်တိုင် လိုက်လျောညီထွေ ပြောင်းလဲနိုင်သည့် မျိုးရိုးဗီဇမြေပုံ အသွင်ပြောင်းမျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံ အပေါ် ပြင်းပြသော မျှော်လင့်ချက်များ ထားရှိလာမိသည်။

"ဒါပေမဲ့ ဒီ မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက ဘာကြီးလဲ"

"စနစ်က မျိုးရိုးဗီဇမျိုးစေ့ ရဖို့အတွက် အမှတ်တစ်သန်းတန် ကံစမ်းမဲဘီးမှာမှ ပါတာဆိုတော့... ဒီ မျိုးရိုးဗီဇမျိုးစေ့က သေချာပေါက် အရမ်း တန်ဖိုးကြီးတဲ့အရာ ဖြစ်ရမယ်"

"ကံစမ်းမဲ နှိုက်တာကလွဲရင် ငါ ဘယ်နေရာမှာ မျိုးရိုးဗီဇမျိုးစေ့ကို ရနိုင်မလဲ"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို မျိုးရိုးဗီဇမျိုးစေ့ ဆိုသည့် အရာကို တွေးမိတိုင်း ခေါင်းကိုက်ရသည်။

လက်ရှိ အချိန်အထိ သူသည် လက်တွေ့ကမ္ဘာတွင် မျိုးရိုးဗီဇမျိုးစေ့နှင့် ပတ်သက်သည့် သတင်းအစအန တစ်ခုမျှ မကြားဖူးသေးပေ။

"စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတွေမှာ မျိုးရိုးဗီဇမျိုးစေ့ သုတေသနတွေ ရှိနေမလား... ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းကို ငါ တစ်ခေါက်လောက် သွားသင့်လား"

လင်းယွမ် တွေးတောနေမိသည်။ စိတ်ထဲတွင် ထိုသို့သော အကြံအစည်များ ရှိနေသည်။

သို့သော် လောလောဆယ် ထိုက်ယန်တောင်ဘက်တွင် ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးသဖြင့် သူ ချက်ချင်း ထွက်သွား၍ မရသေးပေ။

"ထိုက်ယန်တောင်ဘက်က ကိစ္စတွေ အားလုံး ပြီးပြတ်ပြီး အခြေအနေ တည်ငြိမ်သွားမှ... မျိုးရိုးဗီဇမျိုးစေ့ သတင်းကို ထွက်ပြီး စုံစမ်းတော့မယ်"

လင်းယွမ်သည် ခိုလှုံရေးစခန်းသို့ ပြန်လာခဲ့ပြီး ရန်မေ၏ ဘေးတွင် ဝင်လှဲကာ အနားယူလိုက်သည်။

နောက်တစ်နေ့ မိုးလင်းသောအခါ ခိုလှုံရေးစခန်းမှ လူများ နိုးထလာကြပြီး နေ့သစ်တစ်ခု၏ အလုပ်များသော ဘဝကို စတင်ကြတော့သည်။

လူတိုင်း၏ မျက်လုံးများသည် တောက်ပနေကြပြီး သူတို့၌ ကြိုးစား ရုန်းကန်ရမည့် ပန်းတိုင်တစ်ခု ရှိနေကြသည်။

ထိုပန်းတိုင်မှာ သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီးပြီး အမှတ်များ ရအောင် ရှာဖွေရေးပင် ဖြစ်သည်။

မနေ့ ညနေက ငါးဖမ်းမိထားသူများလည်း ရှိကြရာ သားသတ်ရုံသို့ သွားရောက် ရောင်းချပြီးနောက် လက်ထဲတွင် အမှတ်အနည်းငယ် စုမိကြသဖြင့် မနက်စောစောစီးစီး အစားအသောက်တန်းတွင် မနက်စာ လာစားနေကြသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးသည် လူနေမှု အငွေ့အသက်များဖြင့် စည်ကား သက်ဝင်နေလေသည်။

လင်းယွမ် အိပ်ရာထပြီး အိမ်တွင် မနက်စာ စားလိုက်သည်။ ထို့နောက် သားသတ်ရုံသို့ သွားကာ သန္ဓေပြောင်း သတ္တဝါ တစ်သုတ်ကို ကူညီ သတ်ဖြတ်ပေးလိုက်ရာ အမှတ် နှစ်ထောင်ကျော် ရိတ်သိမ်းလိုက်နိုင်ပြန်သည်။ ထို့နောက် တင်းယန် နှင့် ကျောက်ခိုင် တို့ကို သွားရှာလိုက်သည်။

ဒီနေ့ သူတို့နှစ်ဦး တာဝန်ကျချိန် မဟုတ်သဖြင့် လင်းယွမ်က သူတို့နှစ်ဦးကို ခေါ်ပြီး ကျောက်တွင်း ဧရိယာဘက်သို့ ထွက်လာခဲ့ကြသည်။

"ကင်းလှည့်အဖွဲ့သစ် တိုးချဲ့ဖွဲ့စည်းတာ ဘယ်လို အခြေအနေ ရှိလဲ"

တင်းယန်က...

"တိုးချဲ့ဖွဲ့စည်းတာ ပြီးသွားပြီ... အရင် ခိုလှုံရေးစခန်း သုံးခုက အစွမ်းပိုင်ရှင် အားလုံးကို ကင်းလှည့်အဖွဲ့ထဲ ထည့်ထားလိုက်တယ်... အခုဆိုရင် နေ့တိုင်း အဖွဲ့သုံးဖွဲ့ အလှည့်ကျ တာဝန်ယူပြီး ဖုန်းဟွမ်ဘုရားကျောင်း၊ မိန်ဟိုင်ဥယျာဉ် နဲ့ ကျောက်တွင်း ဧရိယာတွေကို အသီးသီး ကင်းလှည့်ကြတယ်... ခိုလှုံရေးစခန်း ပင်မ ကင်းလှည့်အဖွဲ့ကလည်း လူတချို့ ခွဲထုတ်ပြီး သိုင်းဘုရင်ဂေဟာ ဘက်ကို သွားရောက် ကင်းလှည့်ကြတယ်... နေ့တိုင်း တောင်တစ်ပတ် ပြည့်အောင် ပတ်နိုင်တဲ့ အနေအထားပါပဲ"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး...

"ပြဿနာရှာတဲ့သူ မရှိဘူးမလား"

ကျောက်ခိုင်က ရယ်မောလိုက်ပြီး...

"အစ်ကိုလင်း... အစ်ကိုက သူတို့ကို အထင်ကြီးလွန်းနေပြီ... အစ်ကို ရှိနေမှတော့ ဘယ်သူကများ ပြဿနာရှာရဲမှာလဲ... တစ်ယောက်ပြီး တစ်ယောက် လိမ်မာနေကြတာများ... ကျွန်တော်တောင် နမူနာပြဖို့ ခေါင်းမာတဲ့ကောင် တစ်ကောင်နှစ်ကောင်လောက် ရှာနေတာ ရှာမရဘူး ဖြစ်နေတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး...

"မင်းတို့နှစ်ယောက်လည်း ကိုယ့်အစွမ်းကိုယ် ကောင်းကောင်း မြှင့်တင်ထားကြ... တစ်နေ့ ငါ ထိုက်ယန်တောင်မှာ မရှိတဲ့အချိန်ကျရင် မင်းတို့က ဒီလူတွေကို ထိန်းထားနိုင်ရမှာ"

တင်းယန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို ရိပ်မိလိုက်သကဲ့သို့ လင်းယွမ်ကို မေးလိုက်သည်။

"ရှင်က ထိုက်ယန်တောင်ကနေ ထွက်သွားတော့မလို့လား"

လင်းယွမ်က ခေါင်းခါလိုက်ပြီး...

"အခု လောလောဆယ်တော့ မဟုတ်သေးပါဘူး... ဒါပေမဲ့ ငါက ထိုက်ယန်တောင်မှာပဲ တောက်လျှောက် နေနေလို့ မဖြစ်ဘူးလေ... နောက်ကျရင် ငါလည်း အပြင်ထွက်ပြီး ကိစ္စတွေ လုပ်စရာ ရှိလာဦးမှာ... ထိုက်ယန်တောင်ကို နင်တို့ပဲ ဦးဆောင်ပြီး ထိန်းသိမ်းရမှာ"

တင်းယန်က သက်ပြင်းချလိုက်ပြီး...

"စိတ်ချပါ... ကျွန်မတို့ ကိုယ့်အစွမ်းကိုယ် တိုးတက်အောင် ကြိုးစားပြီး လေ့ကျင့်ပါ့မယ်"

ကျောက်ခိုင်ကလည်း လေးနက်စွာဖြင့်...

"အစ်ကိုလင်း... ကျွန်တော်လည်း ကြိုးစားပါ့မယ်"

လင်းယွမ်က ပြုံးလိုက်ပြီး...

"မင်းတို့နှစ်ယောက်ကို ငါ အစိတ်ချဆုံးပဲ... အထူးသဖြင့် ကျောက်ခိုင် မင်းပဲ... မင်းရဲ့ အစွမ်းက ငါတို့ ခိုလှုံရေးစခန်းမှာ နှစ်ခုမရှိတဲ့ အစွမ်းပဲ... အလားအလာ အရမ်းကောင်းတယ်... ကောင်းကောင်း ကြိုးစား"

ကျောက်ခိုင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် အားနာမိသွားသည်။ မကြာသေးမီက ဖိန်ဖိန် နှင့် အတူ ယောက္ခမ ဖြစ်သူ ဆိုင်ဖွင့်မည့်ကိစ္စကို ကူညီရင်း အလုပ်ရှုပ်နေသဖြင့် မိမိ၏ အစွမ်းပိုင်းဆိုင်ရာ လေ့လာမှုနှင့် တူးဖော်မှုများ အနည်းငယ် လျော့ရဲခဲ့မိသည်။

တင်းယန်က ကျောက်ခိုင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဖိန်ဖိန်နဲ့ သူ့အဖေက ခိုလှုံရေးစခန်းမှာ ဆိုင်ဖွင့်မလို့ဆို"

ကျောက်ခိုင်က "အင်း" ဟု ပြန်ဖြေလိုက်ပြီး...

"အအေးခန်း သိုလှောင်ရုံ လုပ်မလို့ စိတ်ကူးထားကြတယ်... ကျွန်တော့်ရဲ့ အစွမ်းကို သုံးပြီး ရေခဲတိုက် လုပ်မယ်... ပြီးတော့ လူတွေကို ပစ္စည်းတွေ သိမ်းဆည်းပေးပြီး အခကြေးငွေ ယူမယ်ပေါ့"

တင်းယန်က ကြောင်သွားပြီးနောက် ရယ်မောလိုက်ကာ...

"နည်းလမ်းကောင်းပဲ... အရင်တုန်းက တိုက်ခန်းမှာတုန်းကလည်း နင်က ဒေါက်တာရန် နဲ့ တုံယန် တို့ တိုက်နှစ်တိုက်အတွက် ရေခဲတိုက် လုပ်ပေးပြီး ပစ္စည်းတွေ အများကြီး ရခဲ့ဖူးတာပဲ... နင်က အလုပ်ဟောင်း ပြန်လုပ်တာပဲပေါ့"

ကျောက်ခိုင်က ခေါင်းကုတ်ရင်း ဟီးခနဲ ရယ်လိုက်သည်။

သို့သော် လင်းယွမ်က ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"မင်းရဲ့ ဒီစီးပွားရေးက နောက်ရက်ပိုင်းအတွင်း အရှုံးပေါ်လိမ့်မယ်"

"ဗျာ... မဟုတ်ဘူးလေ အစ်ကိုလင်း... ဘာလို့လဲဗျ"

ကျောက်ခိုင်က ထိုစကား ကြားသည်နှင့် ချက်ချင်း စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

လင်းယွမ်က လှမ်းပြောလိုက်သည်။

"ရေခဲမုန်တိုင်းကြီး လာတော့မယ်"

ဆက်ရန်...

All Chapters