အခန်း (၂၇၇-၂၇၈)
Vol. 14 Ch. 277-278
အပိုင်း(၂၇၇) မရိုးသားသော မိတ်ဆွေဟောင်းများ
ဦးလေးရန်က ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူတို့သုံးယောက်ကို ဝိုင်းထားသည့် လူအုပ်စုကို သေချာကြည့်ရှုလိုက်သည်။
ထိုသို့ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"အာကောချင့်... လီတာ့မင်... ရန်ယိ... မင်းတို့ သုံးယောက်ပါလား"
ဆန့်ကျင်ဘက်မှ လူသုံးယောက်သည် ရုတ်တရက် နာမည်ခေါ်ခံလိုက်ရသဖြင့် အံ့သြသွားကြပြီးနောက် ချက်ချင်းပင် စိတ်ဆိုးသွားပုံရသည်။
သို့သော် ဦးလေးရန်ကို သေချာမြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားပြီး အံ့သြမှင်သက်သွားကြသည်။
"ဦးလေးရန်"
"ဦးလေးရန်"
"ဦးလေး ဖြစ်နေတာကိုး"
ထို့နောက် သူတို့သုံးယောက်က ဦးလေးရန်၏ နောက်ကျောဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ပထမဆုံး မြင်လိုက်ရသည်မှာ ခန္ဓာကိုယ် ပြည့်ဖြိုးတောင့်တင်းနေသည့် ရန်မေ ဖြစ်ပြီး ၎င်းတို့၏ မျက်လုံးများ အရောင်တောက်သွားကြသည်။
ထို့နောက် ရန်မေ၏ မျက်နှာကို သေချာမြင်လိုက်ရသည့်အခါ တစ်ဖန် ထပ်မံ အံ့သြသွားကြပြန်သည်။
"ရန်မေ"
"ဟေ... တကယ်ပဲ ရန်မေပါလား"
ထိုသူသုံးယောက်သည် လင်းယွမ် ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်နှာအပြည့် အံ့သြနေကြလေသည်။
လင်းယွမ်က ထိုလူသုံးယောက်ကို အကဲခတ် ကြည့်ရှုလိုက်သည်။ အလယ်မှလူမှာ အရပ်ရှည်ပြီး သန်မာထွားကျိုင်းကာ ကြွက်သားများဖြင့် ပြည့်ဖြိုးနေသည်။
အသားအရေမှာ ညိုမောင်းနေပြီး ကြည့်လိုက်သည်နှင့် နှစ်ပေါင်းများစွာ အလုပ်ကြမ်း လုပ်ကိုင်ခဲ့သူမှန်း သိသာလှသည်။
သူသည် မြင်းမျက်နှာပုံစံ၊ နှာခေါင်းပွပွ၊ နှာခေါင်းပေါက် အနည်းငယ် ကြီးမားပြီး လက်ထဲတွင် ပေါက်ပြားတစ်လက်ကို ကိုင်ဆောင်ထားသည်။
သူ့နောက်မှ လူနှစ်ယောက်အနက် တစ်ယောက်မှာ အရပ် ၅ ပေ ၃ လက်မ ခန့်သာရှိပြီး ဆံပင်ကို နောက်လှန်ဖီးထားကာ ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးနေသည်။
သူ၏ ကြွက်မျက်လုံးကဲ့သို့ မျက်လုံးများက ရန်မေကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် အရောင်များ တောက်နေသကဲ့သို့ ရှိသည်။
နောက်တစ်ယောက်မှာ အရပ် ၅ ပေ ၇ လက်မ ဝန်းကျင်ခန့်ရှိပြီး သွက်လက်ဖျတ်လတ်မည့် ပုံစံရှိသည်။
ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဓားမတစ်လက်ကို ကိုင်ဆောင်ထားကာ ဆံပင်ကို ကတုံးဆံတောက် ညှပ်ထားသည်။
မျက်နှာထားမှာ အနည်းငယ် မှိုင်းညို့နေသည်။
ဦးလေးရန်က ဟားတိုက်ရယ်မောလိုက်ပြီး အသားမည်းမည်းနှင့် လူသန်ကြီးရှေ့သို့ လျှောက်သွားကာ ပြောလိုက်သည်။
"အာကောချင့်... ငတုံးလေး... ဦးလေးရန်ကို အမှတ်မိတော့ဘူးလား"
ထို့နောက် ကတုံးဆံတောက်နှင့်လူကို ကြည့်ကာ ဆက်ပြောသည်။
"ရန်ယိ... မင်းက ဘယ်လိုလုပ် ကတုံးဆံတောက် ညှပ်ထားရတာလဲ"
ဆံပင်နောက်လှန်ဖီးထားသည့် ပုပုဝဝလူကိုလည်း လှမ်းပြောလိုက်သေးသည်။
"ပြီးတော့ မင်း... လီတာ့မင်... ဒီလောက် ကပ်ဘေးကြီး ကြုံနေတာတောင် မင်းက ဝနေတုန်းပဲ... ပိန်သွားတယ်ကို မရှိဘူး... မင်းမိဘတွေက စားကောင်းသောက်ဖွယ်တွေ အကုန်လုံး မင်းကိုပဲ ပုံကျွေးထားတာလား"
ဦးလေးရန်၏ ရင်းနှီးနွေးထွေးစွာ ပြောဆိုလိုက်မှုကြောင့် ထိုသုံးယောက်စလုံး အံ့သြနေမှုများ ပျောက်ကွယ်သွားပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကာ တစ်မျိုးတစ်မည် ထူးဆန်းသွားကြသည်။
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နားလည်မှုရှိစွာ ပြုံးလိုက်ကြသည်။ ခေါင်းဆောင်ဖြစ်ပုံရသည့် "အာကောချင့်" ခေါ် အသားမည်းမည်း လူသန်ကြီးက ပြုံး၍ ပြောလိုက်သည်။
"ဦးလေးရန်... ဘယ်လိုဖြစ်ပြီး ဦးလေးတို့ ဖြစ်နေရတာလဲ... ဘာလို့ ဒီရောက်နေတာလဲ... ဦးလေးက ထိုက်ယန်တောင်မှာ မြေးထိန်းနေတယ်လို့ ကြားထားတာ"
ဦးလေးရန်က သက်ပြင်းချကာ ပြောလိုက်သည်။
"ငါတို့ ကံကောင်းလို့ပါကွာ... ရေဘေးကြီး ဖြစ်ပြီးတော့ ထိုက်ယန်တောင်ဘက် ထွက်ပြေးခဲ့ကြတယ်... အသက်မသေဘဲ ကျန်ရစ်ခဲ့တာပေါ့... ရန်မေက သူ့မိဘတွေကို ရှာချင်တယ်ဆိုလို့ မိန်တောင်ဘက်ကို လာခဲ့ကြတာ"
"ငါလည်း အသက်ကြီးနေပြီဆိုတော့ အပေါင်းအသင်းဟောင်းတွေနဲ့ပဲ အတူနေချင်တာနဲ့ လိုက်လာခဲ့တာကွ"
"ဒါနဲ့... မင်းတို့ရော ရန်မေရဲ့ မိဘတွေ ဘယ်မှာရှိလဲ သိကြလား"
ထိုအချိန်တွင် ရန်မေကလည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့ထွက်လာပြီး မေးလိုက်သည်။
"ကိုရန်ယိ... ကျွန်မ မိဘတွေ ဘယ်မှာရှိလဲ သိလားဟင်"
သူမက အသားမည်းမည်း အာကောချင့်ကို မမေးဘဲ ဓားမကိုင်ထားသည့် ရန်ယိကိုသာ ရွေးမေးလိုက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤသုံးယောက်တွင် အာကောချင့်နှင့် လီတာ့မင်တို့မှာ လီမျိုးနွယ်များ ဖြစ်ကြသည်။ အာကောချင့်၏ နာမည်ရင်းမှာ လီကောရှန် ဖြစ်ပြီး သူ့တွင် လီကောချင့် ဟုခေါ်သော အစ်ကိုတစ်ယောက် ရှိသည်။
ရွာထဲတွင် သူ့ကို နာမည်ရင်း လီကောရှန် ဟု ခေါ်သူမရှိဘဲ အားလုံးက "အာကောချင့်" (ကောချင့်၂) ဟုသာ ခေါ်ဝေါ်ကြသည်။
လီကောရှန်ဖြစ်စေ၊ လီတာ့မင်ဖြစ်စေ သူတို့နှစ်ယောက်၏ အိမ်များသည် ရန်မေ၏ မိဘအိမ်နှင့် မနီးကပ်လှပေ။
ရန်ယိ၏ အိမ်ကသာ ရန်မေတို့အိမ်နှင့် နီးသောကြောင့် သူမက ရန်ယိကို မေးလိုက်ခြင်း ဖြစ်သည်။
ရန်ယိ၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။ အရပ်ပုပု ဝတုတ်တုတ် လီတာ့မင်က ရယ်ကျဲကျဲဖြင့် ဝင်ပြောလေသည်။
"အမရန်မေ... ဦးလေးရုံဝေနဲ့ ဒေါ်လေးဖန်းတို့ ယွင်ချွမ်ဘုရားကျောင်းထဲမှာ ရှိကြတယ်... ဒါနဲ့ ဘယ်လိုဖြစ်ပြီး အမတစ်ယောက်တည်း ဖြစ်နေတာလဲ... ကိုကြီးကျစ်ချန်ရော"
အာကောချင့် ခေါ် လီကောရှန်ကလည်း ရန်မေကို လှမ်းကြည့်လိုက်ပြီး ပါးစပ်ဖြဲကာ ဝါထိန်နေသော သွားများကို ဖော်လျက် ပြောလိုက်သည်။
"ရန်မေ... မတွေ့တာ ကြာပြီနော်... ငါတို့ကို အမှတ်မိတော့ဘူးလား... ဟဲဟဲ... ပြောရရင် နင့်ယောကျ်ားနဲ့ ငါနဲ့က ဆွေမျိုးတော်စပ်သေးတယ်လေ... ကျစ်ချန်က နင်နဲ့အတူ ပါမလာဘူးလား"
ထိုသို့ပြောနေရင်း သူ၏မျက်လုံးများက လင်းယွမ်ဘက်သို့ မသိမသာ ရောက်သွားသည်။
လင်းယွမ်သည် အစမှအဆုံး တည်ငြိမ်စွာပင် ရှိနေပြီး သူတို့ ဆွေမျိုးဆက်စပ်နေကြသည်များကို တိတ်တဆိတ် ကြည့်ရှုနေသည်။
ရန်မေ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်။ ထိုယောက်ျား၏ နာမည်ကို သူမ မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ဤလူများက ထိုနာကျင်ဖွယ် အတိတ်ဆိုးများကို ပြန်လည် အမှတ်ရစေသည်။
သူမက အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။
"သူ... သူ ပြန်မလာနိုင်တော့ဘူး"
ထိုစကားကို ကြားလိုက်သည်နှင့် အမျိုးသား သုံးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ခမ်းများ တွန့်ကွေးသွားကာ အဓိပ္ပာယ်ပါသော အပြုံးများကို ပြုံးလိုက်ကြသည်။
ထိုအချိန်တွင် လီကောရှန်က စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေသော လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အပေါ်အောက် အကဲခတ်ကာ မေးလိုက်သည်။
"ဟေ... ဒီမိတ်ဆွေက နည်းနည်း စိမ်းနေသလိုပဲ... ငါတို့ရွာကပဲလား"
လင်းယွမ်က ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။
"အင်း... ဟုတ်တယ်လို့ ပြောလို့ရပါတယ်"
လီကောရှန် မျက်လုံးပြူးသွားသည်။
"ပြောလို့ရတယ်... ဟုတ်လား"
ပုပုဝဝနှင့် ကြွက်မျက်လုံးပိုင်ရှင် လီတာ့မင်ကလည်း လင်းယွမ်ကို အပေါ်အောက် သေချာကြည့်ရှုလိုက်သည်။
"မဟုတ်လောက်ဘူး... မိတ်ဆွေက ငါတို့ရွာကလား... ငါဖြင့် ဘာမှ အမှတ်မိပါလား... မင်း ဘယ်မှာနေတာလဲ... နာမည် ဘယ်လိုခေါ်လဲ"
ရန်ယိကလည်း လင်းယွမ်ကို သံသယအကြည့်ဖြင့် ကြည့်နေသည်။
လင်းယွမ်က လက်လှမ်းလိုက်ပြီး ရန်မေ၏ ခါးသိမ်သိမ်လေးကို ဖက်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော်က အခု သူရဲ့ ယောက်ျားဆိုတော့... မိန်တောင်ရွာသားလို့ ပြောလို့ရတာပေါ့"
ဆန့်ကျင်ဘက်မှ လူသုံးယောက် ရုတ်တရက် ကြောင်အသွားကြပြီး ချက်ချင်းပင် မျက်နှာများ မည်းမှောင်သွားကြသည်။
လီတာ့မင်ဆိုလျှင် အလိုအလျောက် လက်သီးကို ဆုပ်ကိုင်လိုက်မိပြီး လင်းယွမ်ကို မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်လိုက်လေသည်။
"ရန်မေ... ဒီကောင် နင့်ကို ခြိမ်းခြောက်ထားတာလား... နင့်ကို အတင်းအဓမ္မ သိမ်းပိုက်ထားတာလား"
လီကောရှန်ကလည်း အေးစက်စွာ ပြောလိုက်သည်။
"ရန်မေ... နင့်မှာ နစ်နာစရာရှိရင် ငါတို့ကိုပြော"
ရန်ယိကလည်း ချက်ချင်း အော်ဟစ်လိုက်သည်။
"ဟေ့ကောင်... မင်းက ဘယ်လိုလုပ် မိန်တောင်ရွာသား ဖြစ်ရမှာလဲ... ရန်မေကို လွှတ်လိုက်စမ်း"
ဦးလေးရန်မှာ လန့်ဖျပ်သွားပြီး ဤကောင်စုတ်လေး သုံးကောင်သည် အခြေအနေမသိပဲ လင်းယွမ်ကို ရန်စရဲသည်ဟု တွေးလိုက်မိသည်။
သူက ကပျာကယာ ဝင်တားလိုက်သည်။
"နေကြပါဦး... နေကြပါဦး... အထင်လွဲနေကြပြီ... အားလုံး အထင်လွဲကုန်ကြပြီ... ရန်မေလေးကို ဆရာလင်းက ကယ်တင်ပေးခဲ့တာပါ... သူတို့နှစ်ယောက်က စိတ်တူသဘောတူ ချစ်ကြိုက်သွားကြတာ"
"ဘာ... လာမပြောနဲ့... ဒီရေဘေးကြီး ဖြစ်တာမှ ခြောက်လပဲ ရှိသေးတယ်... ဘယ်လိုလုပ် စိတ်တူသဘောတူ ဖြစ်သွားမှာလဲ"
"ဟုတ်တယ်... ရန်မေ... ငါ နင့်ကို ငယ်ငယ်ကတည်းက မြင်လာတာပါ... ငါ နင့်ကို ယုံတယ်... နင်က တခြားယောက်ျားကို မြှူဆွယ်မယ့်မိန်းမ မဟုတ်ဘူး... ဒီကောင် နင့်ကို အတင်းအဓမ္မ လုပ်ထားတာမလား"
"ရန်မေ... အမှန်အတိုင်း ပြောစမ်း... ကျစ်ချန်ကို ဒီကောင် သတ်လိုက်တာမလား... တောက်... ကျစ်ချန်က ငါ့ညီအစ်ကိုပါကွ... မင်းက ကျစ်ချန်ကို သတ်ပြီး သူ့မိန်းမကိုပါ သိမ်းပိုက်ထားတာလား"
လီတာ့မင်၊ လီကောရှန်နှင့် ရန်ယိ သုံးယောက်စလုံး အော်ဟစ်ဆဲဆိုရင်း ဝိုင်းလာကြသည်။
သူတို့သုံးယောက်သည် လင်းယွမ်တို့၏ ရှင်းပြချက်ကို နားထောင်မည့်ပုံ မပေါ်ဘဲ တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
သိသာထင်ရှားသည်မှာ သူတို့သည် လင်းယွမ်နှင့် ရန်မေတို့ သဘောတူညီမှု ရှိမရှိကို အမှန်တကယ် ဂရုစိုက်နေကြခြင်း မဟုတ်ပေ။
သူတို့သည် ဤအပြင်လူကို အရင်ရှင်းပစ်ချင်နေကြခြင်း ဖြစ်သည်။
သူတို့ရှေ့မှ ရန်မေသည် ဆွဲဆောင်မှုရှိပြီး လှပလွန်းနေသဖြင့် သူတို့ သွားရည်ကျနေသည်မှာ ကြာပြီဖြစ်သည်။ အရင်က မဆုံတွေ့ခဲ့ရ၍သာ လက်လျော့ထားခဲ့ရသည်။
ယခု ဆုံတွေ့နေပါလျက်နှင့် အပြင်လူတစ်ယောက်လက်ကို အပါခံရမည်လော။
ပြောဆိုပြီးသည်နှင့် သူတို့သုံးယောက် လက်ပါရန် ပြင်လိုက်ကြသည်။
ဦးလေးရန်က အခြေအနေမဟန်တော့မှန်း သိလိုက်သဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။
"ရပ်လိုက်ကြစမ်း... မင်းတို့ ကောင်စုတ်လေးတွေ... ငါ့လို လူကြီးသူမကို မျက်လုံးထဲ မထည့်ကြတော့ဘူးလား"
ထိုသို့ပြောရင်း သူက လက်ကို ဝှေ့ယမ်းကာ ပေါက်ကွဲသင်္ကေတကျောက် တစ်လုံးကို ပစ်ပေါက်လိုက်သည်။
"ဝုန်း"
ကျယ်လောင်သော အသံတစ်သံနှင့်အတူ မီးလုံးကြီးတစ်လုံး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
လီကောရှန်တို့ သုံးယောက် လန့်ဖျပ်သွားပြီး အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်။
သုံးယောက်အနက် လီကောရှန်နှင့် ရန်ယိတို့၏ အလျင်က အမြန်ဆုံးဖြစ်ပြီး တစ်ချက်ခုန်လိုက်ရုံဖြင့် ပေအတော်များများ ဝေးသော နေရာသို့ ရောက်ရှိသွားကြသည်။
လီတာ့မင်ခေါ် ပုပုဝဝလူမှာ အနည်းငယ် နှေးကွေးသော်လည်း သူ၏ခန္ဓာကိုယ်မှ အဆီပိုများ ရုတ်တရက် ကျစ်လျစ်သွားကာ ကြွက်သားအပြည့်နှင့် လူသန်ကြီးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ပေါက်ကွဲမှု၏ ဂယက်လှိုင်းများ သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသော်လည်း ဒဏ်ရာတစ်စုံတစ်ရာ မရရှိပေ။
လင်းယွမ်က ထိုအရာများကို ကြည့်ရှုနေပြီး လီတာ့မင်ဆိုသည့် ပုပုဝဝလူသည် ခွန်အားနှင့် ခံစစ်စွမ်းရည်ကို ပေါင်းစပ်ထားသည့် အစွမ်းပိုင်ရှင် ဖြစ်နိုင်ကြောင်း ချက်ချင်း သုံးသပ်မိလိုက်သည်။
လီကောရှန်တို့ သုံးယောက် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီးနောက် ဦးလေးရန်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"ဦးလေးက အစွမ်းပိုင်ရှင်လား"
ဦးလေးရန်က ဒေါသတကြီး အော်ပြောလိုက်သည်။
"မင်းတို့ ကောင်စုတ်လေးတွေ... ငါသာ အစွမ်းပိုင်ရှင် မဟုတ်ရင် မင်းတို့ ဒီနေ့ ကောင်းကင်ကိုတောင် လှန်ပစ်ကြမယ့်ပုံပဲ"
"ဒီလူက ရန်မေရဲ့ လက်ရှိအမျိုးသားပဲ... မင်းတို့က ဘာကောင်တွေမို့လို့ ရန်မေကို လာပြီး ဝေဖန်နေရတာလဲ"
"ရန်မေတောင် ဘာမှမပြောရသေးဘူး... မင်းတို့နဲ့ ဘာဆိုင်လို့လဲ"
"အကုန်လုံး ဘေးဖယ်သွားကြစမ်း"
လီကောရှန်တို့ သုံးယောက်၏ မျက်ခွံများ လှုပ်ခတ်သွားပြီး မျက်လုံးထဲတွင် ဒေါသအငွေ့အသက်များ တောက်လောင်လာသည်။
သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဦးလေးရန် မည်သည့်အစွမ်းပိုင်ဆိုင်ထားသည်ကို သူတို့ သေချာမသိကြပေ။
ထို့ပြင် လင်းယွမ်သည် အစမှအဆုံး တုန်လှုပ်ချောက်ခြားခြင်း အလျဉ်းမရှိသည်ကိုလည်း သတိထားမိလိုက်ကြသည်။
သူတို့သုံးယောက် စိတ်ထဲ လေးလံသွားသည်။ ရေလွှမ်းမိုးမှုကြားမှ မိန်တောင်အထိ ရောက်လာနိုင်သည့် ဤသုံးယောက်သည် သေချာပေါက် အစွမ်းပိုင်ရှင်များ ဖြစ်လောက်သည်ဟု တွေးမိလိုက်ကြသည်။
သုံးယောက်ချင်း တိုက်ခိုက်လျှင် အနိုင်ရဖို့ မသေချာလှပေ။
ထိုသို့ တွေးမိသည်နှင့် လီကောရှန်က ချက်ချင်း မျက်နှာပြောင်းကာ ပြုံးလိုက်လေသည်။
"အာ... ဦးလေးရန်ကလည်း... အသက်ကြီးနေပြီကို စိတ်ကြီးပဲ... ကျွန်တော်တို့က ရန်မေ နစ်နာမှာစိုးလို့ စေတနာနဲ့ ပြောတာပါ"
လီတာ့မင်ကလည်း ချက်ချင်း စကားဝင်ပြောသည်။ သူ၏ ကြွက်မျက်လုံးများက မှေးကျဉ်းသွားသည်။
"ဦးလေးရန်... ကျွန်တော်တို့က ကိုကြီးကျစ်ချန်အတွက် မခံမရပ်နိုင် ဖြစ်သွားလို့ပါ... တခြား အဓိပ္ပာယ် မရှိပါဘူး... ငါ့ညီ... တောင်းပန်ပါတယ်ကွာ... ငါတို့တွေ စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်"
ရန်ယိကလည်း ဝင်ပြောသည်။
"ရန်မေ... အစ်ကိုတို့ စိတ်မြန်လက်မြန် ဖြစ်သွားတယ်... နင် မိဘတွေကို ရှာချင်တယ်မလား... လာ... သူတို့ ယွင်ချွမ်ဘုရားကျောင်းမှာ ရှိတယ်"
ရန်မေ ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။
ယခုအချိန်တွင် သူမသည် မိဘများကိုသာ အမြန်ဆုံး တွေ့ချင်နေပြီး တွေ့ပြီးပါက မိန်တောင်ရွာမှ ထွက်ခွာသွားချင်နေပြီ ဖြစ်သည်။
သူမသည် ရွာသားများနှင့် မပတ်သက်ချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် လီကျစ်ချန် အကြောင်းကိုသာ ထပ်တလဲလဲ ပြောဆိုနေကြမည် ဖြစ်သောကြောင့်ပင်။
ဦးလေးရန်ကလည်း ရန်မေ၏ စိတ်ကို နားလည်ပုံရသဖြင့် ထိုသုံးယောက်ကို ပြောလိုက်သည်။
"ဒါဆို မင်းတို့ ဘာရပ်လုပ်နေတာလဲ... လမ်းပြလေ"
လီကောရှန်က လက်သီးကို ဆုပ်လိုက်ပြီး မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်များ ဖြတ်ပြေးသွားသော်လည်း မျက်နှာတွင်တော့ အပြုံးကို အတင်းညှစ်ထုတ်ထားသည်။
"သွားမယ် သွားမယ်... ဦးလေးရန်... ဦးလေးတို့ ပြန်ရောက်လာတာ သိရင် အားလုံး ဝမ်းသာကြမှာ"
သူက ရှေ့မှနေ၍ လမ်းပြလိုက်ပြီး တစ်ချိန်တည်းမှာပင် လီတာ့မင်နှင့် ရန်ယိကို မျက်ရိပ်ပြလိုက်သည်။
ထိုနှစ်ယောက်က သဘောပေါက်လိုက်ပြီး အနောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ လင်းယွမ်နှင့် ရန်မေတို့၏ ဘေးတစ်ဖက်တစ်ချက်စီမှ လိုက်ပါလာကြသည်။
ဖွဲ့စည်းပုံမှာ တြိဂံပုံစံ ဖြစ်သွားပြီး လင်းယွမ်တို့ သုံးယောက်ကို အလယ်မှ ညှပ်၍ ခေါ်ဆောင်သွားသည့် ပုံစံမျိုး ဖြစ်နေသည်။
ဦးလေးရန်က သံသယ မဝင်ပေ။ အားလုံးက ရွာထဲမှ တူ၊ သား အရွယ်များ ဖြစ်ကြသဖြင့် မကောင်းသည့်ဘက်သို့ မတွေးမိပေ။
နောက်တစ်ချက်က လင်းယွမ် ရှိနေသဖြင့် သူ စိုးရိမ်ခြင်း မရှိပေ။
လင်းယွမ်၏ စွမ်းရည်ကို ကိုယ်တိုင် မမြင်ဖူးသော်လည်း သတင်းကြားဖူးထားသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်း လေးခုစလုံးကို တစ်ယောက်တည်း ဒူးထောက်စေခဲ့သူ ဖြစ်ရာ လင်းယွမ်ကဲ့သို့သော ဆရာတစ်ယောက် ရှိနေသမျှ သူ မည်သည့်အရာကိုမျှ ကြောက်လန့်နေစရာ မလိုပေ။
ထို့ပြင် သူသည် တောင်ပေါ်ရောက်ပြီးသည်နှင့် ဖုန်းဟွမ်ဘုရားကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး သင်္ကေတကျောက်များ ပြုလုပ်ပေးနေခဲ့ရသဖြင့် ရက်စက်ကြမ်းကြုတ်သည့် အဖြစ်အပျက်များကို များများစားစား မမြင်တွေ့ခဲ့ရပေ။ လူ့စိတ်သန္တာန် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိနားမလည်သေးပေ။
သို့သော် သူ့နှင့်မတူသည်မှာ ရန်မေသည် မိန်တုဥယျာဉ်တွင် နေထိုင်စဉ်ကတည်းက လူစိတ်၏ ယုတ်မာမှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရဖူးသူ ဖြစ်သည်။
သူမ၏ ခင်ပွန်းဟောင်း လီကျစ်ချန်သည် သူမကို ပထမဆုံး သင်ခန်းစာ ပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ထိုလူသုံးယောက်က သူတို့ကို ဝိုင်းထားသည့်ပုံစံမျိုး ဖြစ်နေသည်ကို သတိထားမိလိုက်သည်နှင့် မျက်နှာပျက်သွားကာ လင်းယွမ်ကို သတိပေးရန် လှမ်းကြည့်လိုက်မိသည်။
လင်းယွမ်က ရန်မေဘက်သို့ လှည့်ကြည့်လိုက်ရာ သူမသည် စကားပြောချင်သော်လည်း မပြောရဲ ဖြစ်နေပြီး စိုးရိမ်ပူပန်နေသည့် အမူအရာကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်ကို နားလည်လိုက်သည်။
လင်းယွမ်က သူမကို ပြုံးပြလိုက်ပြီး စိတ်မပူရန် အမူအရာ ပြလိုက်သည်။
ထိုအခါမှ ရန်မေ သက်ပြင်းချနိုင်တော့သည်။
ထိုအချိန်တွင် ရန်မေဘေးနားမှ လီတာ့မင်က ရုတ်တရက် မေးလိုက်သည်။
"ရန်မေ... နင်တို့ ထိုက်ယန်တောင်က လာတာလား"
"အင်း" ရန်မေက စကားများများ မပြောချင်သဖြင့် အင်း တစ်လုံးသာ ဖြေလိုက်သည်။
လီတာ့မင်က ဆက်ပြောသည်။ "ရေထဲမှာ သန္ဓေပြောင်းသတ္တဝါတွေ အများကြီး ရှိတာ... လမ်းမှာ အန္တရာယ် မကြုံခဲ့ဘူးလား"
ရန်မေက "မကြုံဘူး... ငါတို့ ကံကောင်းသွားတယ်" ဟု ပြန်ဖြေသည်။
လီတာ့မင် မျက်မှောင်ကြုတ်သွားသည်။ ရန်မေက သူ့ကို သတိထားနေမှန်း သူ ရိပ်မိလိုက်သည်။
ရှေ့မှ လီကောရှန်က ရုတ်တရက် လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဟဲဟဲ... ကံကောင်းရုံ သက်သက်တော့ မဟုတ်လောက်ပါဘူး... မင်းတို့ သုံးယောက်စလုံးက အစွမ်းပိုင်ရှင်တွေ ဖြစ်မှာပါ... ဒါမှမဟုတ်ရင် သာမန်လူတွေက ရေပြင်ကို ဖြတ်ကျော်ရဲမှာ မဟုတ်ဘူး"
ရန်မေ ဘာမှမပြောပေ။ ဦးလေးရန်က လှမ်းဟောက်လိုက်သည်။
"မင်းက ဘာလို့ စကားတွေ ဒီလောက် များနေရတာလဲ... အပြင်မှာ သန္ဓေပြောင်းသတ္တဝါတွေ ဒီလောက်ပေါတာ... အစွမ်းပိုင်ရှင်မို့လို့ ထွက်ရဲတာပေါ့ကွ... မြန်မြန် လမ်းပြစမ်းပါ... အသုံးမကျတဲ့ကောင် မင်းဘယ်တော့မှ မင်းအစ်ကိုကို အတုယူပြီး အလုပ်တွင်အောင် လုပ်မှာလဲ"
လီကောရှန်၏ မျက်ခွံများ ရုတ်တရက် လှုပ်ခတ်သွားပြီး ရင်ထဲတွင် ဒေါသများ ဝုန်းခနဲ ထွက်ပေါ်လာသည်။ သူ့အစ်ကို လီကောချင့်နှင့် နှိုင်းယှဉ်ခံရသည်ကို သူ အမုန်းဆုံးပင်။
ငယ်စဉ်ကတည်းက သူသည် အစ်ကိုဖြစ်သူ လီကောချင့်၏ အရိပ်အောက်တွင် ကြီးပြင်းခဲ့ရသည်။
လီကောချင့်သည် အကြီးဆုံးသား၊ မိဘတို့၏ ဦးဆုံးရင်သွေး ဖြစ်သဖြင့် ငယ်စဉ်ကတည်းက ဂရုတစိုက် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည်။
ဒုတိယသား ဖြစ်သည့် သူ့အလှည့်ရောက်သောအခါ မိဘများသည် ကလေးထိန်းသည့် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပုံရသည်။
သို့တည်းမဟုတ် သူတို့ကိုယ်တိုင် အတွေ့အကြုံ ရသွားပြီဟု ယူဆ၍လား မသိ၊ ဒုတိယသားအပေါ်တွင် သိပ်ပြီး အာရုံမစိုက်တော့ပေ။
အတိုချုပ်ပြောရလျှင် လီကောရှန်သည် မိဘများထံမှ ဂရုစိုက်မှုကို မရရှိခဲ့သဖြင့် ငယ်စဉ်ကတည်းက လမ်းမှားလိုက်ခဲ့ပြီး ထိုနည်းလမ်းဖြင့် မိဘများ၏ အာရုံစိုက်မှုကို ရယူရန် ကြိုးစားခဲ့သည်။
သို့သော် ကြာလာသောအခါ ရွာထဲတွင် လူမုန်းများသည့် လူမိုက်တစ်ယောက်သာ ဖြစ်လာခဲ့သည်။
ပိုဆိုးသည်မှာ အစ်ကိုကြီးက နေရာတိုင်းတွင် ထူးချွန်နေပြီး စာတော်သလို မြို့လယ်ခေါင်မှ ဒေသခံ မိန်းကလေးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။
သူ့မှာတော့ ဒီအသက်အရွယ်ထိ ရည်းစားပင် မရှိသေးချေ။
ဒေသခံ မိန်းကလေးများက သူ့ကို မကြိုက်ကြသလို နယ်ဝေးက မိန်းကလေးများကိုလည်း သူက မလိုချင်ပေ။
ကြာလာတော့ လူပျိုကြီးသိုး ဖြစ်လာခဲ့သည်။ သို့သော် သူ အမုန်းဆုံးမှာ တစ်ပါးသူများက သူ့ကို သူ့အစ်ကိုနှင့် နှိုင်းယှဉ်ပြောဆိုခြင်းပင် ဖြစ်သည်။
ဦးလေးရန်၏ စကားက သူ့အရှိုက်ကို တည့်တည့်မတ်မတ် ထိုးနှက်လိုက်သည်။
သူ ရှေ့မှ လျှောက်သွားနေရင်း မျက်လုံးထဲတွင် အေးစက်သော လူသတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။
သူ စိတ်ရှည်သည်းခံနေလိုက်သည်။ ယခုအချိန်သည် လှုပ်ရှားရမည့်အချိန် မဟုတ်သေး။
ဤလူသုံးယောက် မည်သည့်အစွမ်းများ ပိုင်ဆိုင်ထားသည်ကို မသိရသေးဘဲ ရမ်းတိုက်ခိုက်ပါက နိုင်မည်ဟု အာအမခံနိုင်ပေ။
သူက လေသံအေးအေးဖြင့် ပြောလိုက်သည်။
"ဦးလေးရန်... ကျွန်တော်က ဦးလေးတို့ကို စိတ်ပူလို့ပါဗျာ... ဦးလေးလည်း သိတဲ့အတိုင်း အခုက အရင်လို မဟုတ်တော့ဘူးလေ... ခိုလှုံရေးစခန်းမှာ ရိက္ခာတွေက အကန့်အသတ်နဲ့ ရှိတာ... အစွမ်းပိုင်ရှင်တွေကို ဦးစားပေး စောင့်ရှောက်ရတာမျိုး ရှိတယ်"
"ဦးလေးတို့ ဘာအစွမ်းရှိလဲ ကြိုပြောပြထားရင် ကျွန်တော်တို့ အထက်ကို တင်ပြပေးလို့ရတယ်... ဒါမှ ဦးလေးတို့အတွက် အလုပ်နေရာ ချပေးလို့ရမှာ"
ဦးလေးရန်က ပြန်ပြောလိုက်သည်။
"မလိုဘူး... ရန်မေနဲ့ ဆရာလင်းက ဒီမှာနေမှာ မဟုတ်ဘူး... ရန်မေရဲ့ မိဘတွေကို တွေ့ရင် ထိုက်ယန်တောင်ကို ပြန်ကြမှာ"
လီကောရှန် အံ့သြသွားပြီး မျက်လုံးများ အရောင်လက်သွားသည်။ သူက မေးလိုက်သည်။
"ပြန်ဦးမလို့လား... ပြန်ပြီး ဘာလုပ်မလို့လဲ... ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း ရှိလို့လား"
"ထိုက်ယန်တောင်က ငါတို့ မိန်တောင်ထက် ပိုမြင့်တာပဲ... ခိုလှုံရေးစခန်း မရှိဘဲ နေမလား"
"ဟုတ်လား... ဦးလေးရန်... ထိုက်ယန်တောင် ခိုလှုံရေးစခန်း အကြောင်းလေး ပြောပြပါဦး" လီကောရှန်က မျက်လုံးမှေးပြီး မေးလိုက်သည်။
နောက်ဘက်မှ လီတာ့မင်နှင့် ရန်ယိတို့လည်း လှမ်းကြည့်လာကြသည်။
ဦးလေးရန် စကားစမည့်ဆဲဆဲတွင် လင်းယွမ်က ဖြတ်ပြောလိုက်သည်။
"ခင်ဗျားတို့ ဒီမှာ ယွင်ချွမ်ဘုရားကျောင်း ခိုလှုံရေးစခန်း တစ်ခုတည်း ရှိတာလား... မိန်တောင်ရွာသားတွေ အကုန်လုံး အပေါ်ကို ပြောင်းလာကြတာလား"
သူ ဝင်မေးလိုက်တော့ ဦးလေးရန်ကလည်း လီကောရှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒါက သူလည်း သိချင်နေသည့် အကြောင်းအရာပင်။
လီကောရှန် မျက်မှောင်ကြုတ်သွားပြီး ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... အားလုံး အပေါ်ပြောင်းလာကြပြီ... စောစောစီးစီး ပြောင်းလာလို့ တော်သေးတာပေါ့... မဟုတ်ရင် ဒုက္ခရောက်ကုန်ကြမှာ... ရေကြီးတာက ရပ်မှ မရပ်တာ... နောက်ကျသွားရင် တောင်ပေါ်တက်ဖို့တောင် မလွယ်လောက်ဘူး"
"ထိုက်ယန်တောင်ဘက်မှာ ဘယ်သူတွေ ရှိလဲ... ထိုက်ယန်တောင် ရပ်ကွက်က လူတွေလား" သူက ခေါင်းစဉ်ပြောင်းပြီး ထိုက်ယန်တောင်အကြောင်း ပြန်မေးလိုက်သည်။
ဦးလေးရန် ပြောခါနီးတွင် လင်းယွမ်က ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။
"ဒါဆို အခု ယွင်ချွမ်ဘုရားကျောင်းမှာ ဘယ်သူက ဦးဆောင်နေတာလဲ... ခင်ဗျားတို့ဆီမှာ အစားအသောက် လုံလောက်ရဲ့လား"
လီကောရှန် မျက်လုံးများ အေးစက်သွားပြီး လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဒီကောင် တမင်သက်သက် လုပ်နေမှန်း သူ ခံစားလိုက်ရသည်။
လင်းယွမ်က ပြန်ပြုံးပြလိုက်သည်။ လီကောရှန်က စိတ်ထဲတွင် ကျိတ်၍ ကြိမ်းဝါးလိုက်သည်။ ဘုရားကျောင်း ရောက်မှ မင်းတို့ သေပြီသာမှတ်။
သူက လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။
"တာဝန်ခံက ရွာလူကြီးပေါ့... ပြီးတော့ ရွာကော်မတီဝင်တွေလေ"
ဦးလေးရန်က ခေါင်းယမ်းလိုက်သည်။ "အဲဒီကောင်တွေက ဘာလုပ်တတ်မှာမို့လဲ... ဖားတာကလွဲရင် ဘာမှ အားကိုးရတာ မဟုတ်ဘူး"
လီကောရှန်က ဟဲဟဲ ဟု ရယ်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ဒါဆို ဦးလေးရန် စိတ်ထဲမှာ ဘယ်သူက ဦးဆောင်သင့်တယ် ထင်လဲ"
"ဒီလို အခြေအနေမျိုးမှာတော့ သေချာပေါက် အရည်အချင်းရှိတဲ့သူက ထွက်ပြီး ဦးဆောင်ရမှာပေါ့" ဦးလေးရန်က သတိလက်လွတ် ပြောလိုက်သည်။
လီကောရှန်က ဟားတိုက် ရယ်မောလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းငုံ့၍ လမ်းဆက်လျှောက်သွားသည်။
လီတာ့မင်ဆိုသည့် ပုပုဝဝလူက တမင်တကာ ခြေလှမ်းနှေးလိုက်ပြီး အနောက်သို့ ရောက်လာသည်။ သူ၏ ကြွက်မျက်လုံးများဖြင့် ရန်မေ၏ တင်ပါးအလှနှင့် ခါးသိမ်သိမ်လေးကို အဆက်မပြတ် ကြည့်ရှုနေပြီး နှုတ်ခမ်းကို သပ်လိုက်ရာ မျက်လုံးထဲတွင် ရမ္မက်ဆန္ဒများ တဒင်္ဂ ဖြတ်ပြေးသွားသည်။
ရန်မေသည် စိတ်စွမ်းအင် မနည်းပါးသဖြင့် ထိုအကြည့်များကို ခံစားမိသည်။
မနေနိုင်တော့ဘဲ နောက်လှည့်ကြည့်ကာ လီတာ့မင်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
လီတာ့မင်က သူမကို ပါးစပ်ဖြဲ၍ ပြုံးပြလိုက်ပြီး "ဘာဖြစ်လို့လဲ ရန်မေ" ဟု မေးလိုက်သည်။
ရန်မေက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ "နင် ရှေ့ကသွား"
လီတာ့မင် ကြောင်သွားပြီးနောက် ရယ်ကျဲကျဲ လုပ်ကာ ပြောသည်။ "ငါက ဝတော့ မင်းတို့လောက် မြန်မြန် မလျှောက်နိုင်ဘူးဟ... မင်းတို့ အရင်သွားနှင့်ကြ"
ရန်မေ မျက်မှောင်ကြုတ်ထားသော်လည်း တစ်ဖက်လူကို မည်သို့ ဆူပူရမည် မသိ ဖြစ်နေသည်။
လင်းယွမ်က နောက်လှည့်ကြည့်လိုက်ပြီး လီတာ့မင်ကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုလည်း ဒီမှာပဲ ခဏ နားကြတာပေါ့... ယွင်ချွမ်ဘုရားကျောင်းကို သွားဖို့ မလောပါဘူး"
ရှေ့မှ လီကောရှန်က ကြားလိုက်သည်နှင့် နောက်လှည့်ကာ လီတာ့မင်ကို လှမ်းဟောက်လိုက်သည်။
"မင်း ရှေ့ကို လာခဲ့စမ်း"
သူ အချိန်မဆွဲချင်ပေ။ ဒီလူသုံးယောက် သံသယ ဝင်သွားမည်ကို စိုးရိမ်သဖြင့် ယွင်ချွမ်ဘုရားကျောင်းသို့ အမြန်ဆုံး ခေါ်သွားချင်နေသည်။
လီတာ့မင်က နှုတ်ခမ်းကို မဲ့လိုက်ပြီး ရန်မေ၏ ရင်သားအစုံကို နှမြောတသစွာ လှမ်းကြည့်ကာ ရှေ့သို့ ထွက်သွားလေသည်။
လီကောရှန်က သူ့ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်မှ လီတာ့မင် နည်းနည်း ငြိမ်သွားသည်။
ထို့နောက် လီကောရှန်က အနောက်ဘက်သို့ ရောက်လာပြီး ပြုံး၍ ပြောလိုက်သည်။
"ဒီကောင်က အကျင့်မကောင်းလို့ပါ... ရန်မေ... နင် စိတ်မဆိုးပါနဲ့"
ရန်မေ ဘာမှမပြောဘဲ "ကျွန်မ မိဘတွေ နေကောင်းကြရဲ့လား" ဟုသာ မေးလိုက်သည်။
လီကောရှန်က ချက်ချင်း ဖြေသည်။ "ကောင်းတာပေါ့... သူတို့က အခုဆို ခိုလှုံရေးစခန်းက လူကြီးတွေလေ"
ရန်မေ ဝမ်းသာသွားပြီး မေးလိုက်သည်။ "ဘာ... သူတို့လည်း အစွမ်းတွေ နိုးထလာကြတာလား"
လီကောရှန်က ခေါင်းငြိမ့်ပြပြီး ပြုံး၍ ပြောသည်။ "ဒါပေါ့... ဦးလေးရုံဝေက ခွန်အားအစွမ်း ရထားတာ... တော်တော် စွမ်းတယ်"
ရန်မေ ပျော်ရွှင်သွားပြီး လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
"မောင်လေး... အဖေလည်း အစွမ်းတွေ ရထားမယ်လို့ မထင်ထားဘူး"
လင်းယွမ်က ပြုံးလိုက်သော်လည်း မျက်လုံးထဲတွင် အပြုံးအရိပ်အယောင် မရှိပေ။ ဒီလူတွေ ပြောသည့်စကား တစ်ခွန်းမှ အတည်ယူ၍ မရ။
အခြေအနေမှန်ကို သိရရန် ယွင်ချွမ်ဘုရားကျောင်းသို့ သွားကြည့်မှသာ ရပေလိမ့်မည်။
ခဏကြာ လမ်းလျှောက်လာပြီးနောက် တောအုပ်ထဲမှ လူအချို့ ထွက်ပေါ်လာကြပြန်သည်။
"ရပ်လိုက်"
"ဟေ... တာ့မင်... မင်းတို့ ပြန်ရောက်လာကြပြီလား"
"ဟင်... လူအရေအတွက်က အမှန်ပါလား... သူတို့က... ဦးလေးရန်"
"ရန်မေ"
တောအုပ်ထဲမှ ထွက်လာသူများက ဦးလေးရန်နှင့် ရန်မေကို မြင်လိုက်သည့်အခါ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။
ထိုလူအားလုံးသည် တစ်ယောက်မကျန် သန်မာထွားကျိုင်းသူများ ဖြစ်ကြသည်။
သို့သော် သူတို့အထဲတွင် အမျိုးသမီးတစ်ယောက် ပါဝင်နေပြီး အနည်းငယ် ထင်ရှားနေသည်။
ထိုအမျိုးသမီးသည် ရန်မေကို ပထမဆုံး သတိထားမိသူဖြစ်ပြီး ရန်မေနာမည်ကို ချက်ချင်း ခေါ်လိုက်သူလည်း ဖြစ်သည်။
သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်နေသည်။
ရန်မေက ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားသည်။
"အာယ"
ရန်အာယ၏ နာမည်ရင်းမှာ ရန်ကျန်း ဖြစ်သော်လည်း ရွာထဲတွင် အာယ (ဒုတိယသမီး) ဟုသာ ခေါ်ကြသည်။
သူမ၏ ညာဘက်မျက်လုံးနေရာတွင် မွေးရာပါ အမှတ်အသားကြီး တစ်ခုရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ရှိတတ်သည်။
ရန်မေသည် ရွာထဲတွင် သူမနှင့် အခင်မင်ဆုံး သူငယ်ချင်းအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။
သူမ ဒီနေရာတွင် ရန်မေကို တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် သူမက ရုတ်တရက် ပြုံးလိုက်ကာ ပြောသည်။
"ရန်မေ... နင် အိမ်သစ်ကို ပြောင်းသွားပြီ မဟုတ်လား... ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ... နင့်ယောကျ်ားရော"
ထိုသို့ပြောရင်း သူမက လင်းယွမ်ကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ ဒီလူက လီကျစ်ချန် မဟုတ်။
ရန်မေ၏ ဝမ်းသာနေမှု ရပ်တန့်သွားပြီး မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
"အာယ... ငါ့မိဘတွေကို တွေ့မိလား"
ရန်အာယ၏ မျက်လုံးများ လှုပ်ခတ်သွားသည်။ လီကောရှန်က ချက်ချင်း ဝင်ပြောလိုက်သည်။
"အာယ... ဒီနေ့ ဦးလေးရုံဝေ တာဝန်မကျဘူးမလား... သူ ဘုရားကျောင်းထဲမှာ ရှိနေမှာပေါ့"
ရန်အာယ သဘောပေါက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ရှိတယ်... ရန်မေ... ဦးလေးရုံဝေက နင့်ကို သတိရကြောင်း ခဏခဏ ပြောတယ်... နင့်ကိုသာ တွေ့ရင် ပျော်လွန်းလို့ ရူးသွားလိမ့်မယ်"
ရန်မေ မျက်ရည်ဝဲသွားပြီး ကပျာကယာ ပြောလိုက်သည်။
"ငါ့ကို မိဘတွေဆီ လိုက်ပို့ပေးပါလား... ငါ... ငါလည်း သူတို့ကို လွမ်းနေပြီ"
ရန်အာယက လီကောရှန်ကို လှမ်းကြည့်လိုက်သည်။ လီကောရှန်က ပြုံး၍ ပြောသည်။
"အာယက ဒီနေ့ ကင်းလှည့်ဖို့ တာဝန်ရှိတယ်လေ... ရန်မေ... ငါပဲ လိုက်ပို့ပေးပါ့မယ်"
ရန်မေက ရန်အာယကို ကြည့်လိုက်သည်။ ရန်အာယက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းမော့၍ ပြုံးကာ ပြောလိုက်သည်။
"ရန်မေ... နင် အစ်ကိုကောရှန်နဲ့ လိုက်သွားလိုက်ပါ... ငါ့မှာ လုပ်စရာရှိသေးလို့"
ရန်မေ မတတ်သာဘဲ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ... ငါ့မိဘတွေကို တွေ့ပြီးရင် နင့်ကို လာရှာမယ်နော်"
"အင်း... ဟုတ်ပြီ" ရန်အာယက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
လင်းယွမ်သည် စကားတစ်ခွန်းမှ ဝင်မပြောဘဲ ဤလူအုပ်စု၏ တစ်ယောက်တစ်ပေါက် ဟန်ဆောင်ကောင်းမှုများကို စိတ်ဝင်တစား ကြည့်ရှုနေလေသည်။
ဒီလူတွေ ဘာကစားကွက်တွေ ခင်းဦးမလဲ ဆိုတာကို သူ သိချင်နေမိသည်။
ဆက်ရန်...
အပိုင်း(၂၇၈) မျက်နှာပြောင်တိုက် ဝိုင်းဝန်းလုပ်ကြံခြင်း
တခြားတစ်ဖက်တွင် ဦးလေးရန်က လူငယ်အချို့နှင့် ခဏတာ နှုတ်ဆက်စကား ဆိုနေသည်။
ထို့နောက် လီကောရှန်က ရန်မေတို့သုံးယောက်ကို ယွင်ချွမ်ဘုရားကျောင်းဘက်ဆီ ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။
ရန်အာယတို့က သူတို့ထွက်သွားသည့် ကျောပြင်ကို လှမ်းကြည့်နေကြသည်။ ထိုအထဲမှ လူငယ်တစ်ယောက်က ခပ်ဟဟ ရယ်မောလိုက်ပြီး
"ဟားဟား... အိမ်တိုင်ရာရောက် လာပို့လိမ့်မယ်လို့ မထင်ထားဘူးကွာ"
နောက်တစ်ယောက်ကလည်း
"ကျွတ်ကျွတ်... ရန်မေတဲ့လား... ငါငယ်ငယ်က သူ့ကိုမှန်းပြီး စိတ်ကူးယဉ်ခဲ့ရတာ ခဏခဏပဲ"
"ဟီးဟီး... ငယ်ငယ်ကအကြောင်း ပြောမနေနဲ့... ပြီးခဲ့တဲ့ရက်ပိုင်းကတောင် သူ့ကို အိပ်မက်မက်နေသေးတယ်... အဲဒီတုန်းက သူ လီကျစ်ချန်နဲ့ လက်ထပ်သွားတော့ အဲဒီငကြောက်ကောင် လီကျစ်ချန်ကို ငါဘယ်လောက်တောင် မနာလိုဖြစ်ခဲ့ရသလဲ... တစ်နေ့ သူ ပြန်ရောက်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး"
"ဟားဟား... ဒီညတော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်"
"အဲဒီတုန်းက ရွာထဲကလူတော်တော်များများ သူ့ကို တိတ်တိတ်လေး ကြိုက်ခဲ့ကြတာ မဟုတ်လား"
"ချီးတဲ့မှပဲ... သူ့ရင်သားတွေက တကယ်ကြီးတာကွာ... ခုနက တစ်ချက်လေး ကြည့်လိုက်ရုံနဲ့တင် ငါမခံနိုင်တော့ဘူး"
"အာယ... ငါ့နောက်လိုက်ခဲ့"
ထိုအထဲမှ တစ်ယောက်က ရုတ်တရက် ခေါင်းလှည့်လာကာ ရန်အာယ၏ လက်မောင်းကိုဆွဲ၍ သစ်တောထဲသို့ ဆွဲခေါ်သွားတော့သည်။
ရန်အာယ၏ နှုတ်ခမ်းများ တုန်ယင်သွားသော်လည်း ပြန်လည်မခုခံရဲဘဲ တစ်ဖက်လူ ဆွဲခေါ်ရာ သစ်တောထဲသို့သာ ပါသွားရရှာသည်။
အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည့် နောက်တစ်ယောက်က သူ၏ပေါင်ကြားကို ပွတ်သပ်ရင်း
"အစ်ကိုကျဲ... မြန်မြန်လုပ်နော်... ကျွန်တော်လည်း မအောင့်နိုင်တော့ဘူး" ဟု လှမ်းအော်ပြောလိုက်သည်။
"မင်းအမေလင်... ငါနိုးထလာတာက ခွန်အားအမျိုးအစား အစွမ်းကွ... မင်းလို အလျင်အမျိုးအစား မဟုတ်ဘူး... မြန်မြန်လုပ်လို့မရဘူး"
"ဟားဟားဟား... ဒါဆို ကျွန်တော် အရင်လုပ်ရမလား"
...
ထိုလူများ၏ ပါးစပ်မှ ရိုင်းစိုင်းညစ်ညမ်းသော စကားများက အတားအဆီးမဲ့စွာ ထွက်ပေါ်လာတော့သည်။
လင်းယွမ်တို့သုံးယောက်က လီကောရှန်တို့ သုံးယောက်နောက်မှ လိုက်ပါသွားကြပြီး သစ်ပင်ရိပ်များကို ဖြတ်သန်းသွားပြီးနောက် မကြာမီမှာပင် အဝါရောင် ဘုရားကျောင်းတံတိုင်းအမြင့်ကြီးကို မြင်လိုက်ရသည်။
ထိုတံတိုင်းမြင့်ကြီးပေါ်တွင် နွယ်ပင်များ အပြည့်ဖုံးလွှမ်းနေပြီး စိမ်းညိုရောင် ရေညှိများကိုလည်း နေရာအနှံ့ တွေ့မြင်နေရသည်။
ခုတ်ထွင်ရှင်းလင်းထားသည့် အရာများရှိသော်လည်း နွယ်ပင်များ၏ ကြီးထွားနှုန်းက အလွန်မြန်ဆန်လွန်းနေသည်။
"ရောက်ပြီ"
လီကောရှန်က အဓိပ္ပာယ်ဖော်ရခက်သော အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
ဦးလေးရန်က ရင်းနှီးနေသော ဘုရားကျောင်းကို ကြည့်ရင်း ရင်ထဲတွင် နွေးထွေးသွားကာ
"ယွင်ချွမ်ဘုရားကျောင်းက ဒီလောက်တောင် လူသူကင်းမဲ့ပြီး ခြောက်ကပ်သွားလိမ့်မယ်လို့ မထင်ထားဘူး... မင်းတို့ကောင်တွေ ဒီမှာနေပြီး သန့်ရှင်းရေးမလုပ်ကြဘူးလား... ဒီနွယ်ပင်တွေ ဒီလောက် အရမ်း ကြီးထွားနေတာ... တံတိုင်းပြိုသွားရင် ဘယ်လိုလုပ်မလဲ"
သူက လင်းယွမ်ဘက်သို့ လှည့်ကာ
"ဆရာလင်း... ဒီဘုရားကျောင်းက အကျယ်ကြီးပဲ... အထဲမှာ လူရာနဲ့ချီပြီး နေလို့ရတယ်... ငါတို့ မိန်တောင်ဘက်မှာမှ ဒီလိုပဲ... ခဏနေရင် မင်းတို့ကို ဘုရားကျောင်းထဲ လိုက်ပြမယ်"
သူက ပြောပြောဆိုဆိုနှင့်ပင် အိမ်ရှင်တစ်ယောက်လို တံတိုင်းတစ်လျှောက် ဖြတ်လျှောက်ကာ ဝင်ပေါက်ကြီးဆီသို့ ဦးတည်သွားလေသည်။
လီကောရှန်နှင့် အခြားသူများ၏ နှုတ်ခမ်းထောင့်များတွင် လှောင်ပြောင်လိုသော အပြုံးများ ပေါ်လာသော်လည်း တားဆီးခြင်း မပြုကြပေ။
ဦးလေးရန်က လင်းယွမ်နှင့် ရန်မေတို့ကို ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း သူတို့သုံးယောက်က အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားကြသည်။
မကြာမီ ကွေ့လိုက်သည်နှင့် ဝင်ပေါက်ရှေ့ရှိ ကွင်းပြင်ကျယ်ကြီးကို မြင်လိုက်ရသည်။ ကွင်းပြင်ထဲတွင် လူအတော်များများ ရှိနေပြီး တဲအိမ်များလည်း အများအပြား ရှိနေသည်။
မူလက အမွှေးတိုင်စိုက်သည့် ခွက်ကြီးရှိသောနေရာတွင် ခွက်ကြီးကို ဖယ်ရှားထားပြီး ၎င်းနေရာတွင် တဲအိမ်တန်းလျားများက နေရာယူထားသည်။
တဲအိမ်များ၏ အပြင်ဘက်တွင် အမျိုးသမီးအချို့ အဝတ်လျှော်နေကြပြီး အဝေးရှိ လှေကားထစ်များအောက်တွင် လှေကားထစ်စိုက်ခင်းများ ရှိကာ သက်ကြီးရွယ်အိုများနှင့် လူရွယ်များက မြေယာရှင်းလင်းနေကြသည်။
ပတ်လည်ရှိ မြေကွက်လပ်များတွင် ကင်းလှည့်နေသော အဖွဲ့များလည်း ရှိသေးသည်။ ထိုသူများကို ကြည့်ရသည်မှာ အပြင်ဘက်ရှိ သစ်တောကို ကာကွယ်စောင့်ကြပ်နေသည်နှင့် မတူဘဲ စိုက်ခင်းထဲတွင် အလုပ်လုပ်နေသူများကို စောင့်ကြည့်နေပုံရသည်။
ဦးလေးရန်က ရင်းနှီးနေသော မျက်နှာများစွာကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်သွားကာ လူများနှင့် စကားသွားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် လီကောရှန်က မျက်စိလျင် လက်လျင်ဖြင့် ဦးလေးရန်ကို လှမ်းဆွဲလိုက်ပြီး
"ဦးလေးရန်... အရင်ဆုံး ရွာသူကြီးဆီ သွားတွေ့ရအောင်လေ"
ဦးလေးရန်က ထိုစကားကို ကြားသောအခါ
"ရွာသူကြီး... ဟေ လီခွေရုံ မဟုတ်လား... သွားကြတာပေါ့... အခုဒီမှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါလည်း သူ့ကို မေးချင်နေတာ" ဟု ပြောလိုက်သည်။
လီကောရှန်က ပြုံးလိုက်ပြီး ရန်မေနှင့် လင်းယွမ်တို့ကို တစ်ချက်ကြည့်ကာ
"မင်းတို့လည်း အတူတူ လိုက်ခဲ့ကြလေ"
ရန်မေက
"ငါ့အဖေနဲ့အမေရော" ဟု မေးလိုက်သည်။
လီကောရှန်က ပြုံးလျက်
"ရန်ယိကို သွားအကြောင်းကြားခိုင်းလိုက်မယ်... ရန်ယိ မင်းသွားရှာလိုက်"
သူက ရန်ယိကို မျက်ရိပ်ပြလိုက်သည်။ ရန်ယိက သဘောပေါက်သွားကာ ချက်ချင်း ခေါင်းညိတ်ပြပြီး ယွင်ချွမ်ဘုရားကျောင်းထဲသို့ ကြိုတင် ပြေးဝင်သွားလေသည်။
ထိုအခါမှသာ လီကောရှန်က လင်းယွမ်တို့သုံးယောက်ကို ခေါ်ဆောင်ကာ ဘုရားကျောင်းဆီသို့ ခပ်မှန်မှန် လျှောက်သွားတော့သည်။
ကွင်းပြင်ကို ဖြတ်သွားစဉ် ဦးလေးရန်က ရင်းနှီးသူတစ်ယောက်ကို မြင်လိုက်ရသဖြင့် အမြန်လက်ပြကာ
"ရုံချိုင်ရဲ့ မိန်းမ... မင်းတို့ နေကောင်းကြရဲ့လား"
အဝတ်လျှော်နေသော ထိုလူလတ်ပိုင်း အမျိုးသမီးမှာ ဦးလေးရန်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ကြောင်အမ်းသွားပြီးနောက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူမက တစ်ခုခု ပြောချင်နေသော်လည်း ထိုအချိန်မှာပင် ကြံ့ခိုင်သွက်လက်သော အမျိုးသားတစ်ယောက်က သူမအနားသို့ ရောက်လာပြီး ပခုံးကို ဖိကိုင်လိုက်သည်။
အမျိုးသမီးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ဘာမှမပြောရဲတော့ပေ။
ထိုကြံ့ခိုင်သွက်လက်သော အမျိုးသားက ပြုံးကာ
"ဦးလေးရန်... ဘယ်တုန်းက ပြန်ရောက်တာလဲ" ဟု လှမ်းမေးလိုက်သည်။
"ဟေ... ကော်တုန်းလား"
ဦးလေးရန်က သေချာကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပြုံးကာ လှမ်းအော်လိုက်သည်။ ထိုအမျိုးသားကလည်း ပြုံးလျက် လျှောက်လာသည်။
ရန်မေက လင်းယွမ်ကို
"သူက ရန်ကော်တုန်းလေ... အရင်က အမတို့အိမ်နားမှာ နေတာ" ဟု ပြောပြလိုက်သည်။
လင်းယွမ်က ရန်ကော်တုန်းဟုခေါ်သော ထိုလူငယ် လျှောက်လာသည်ကို ကြည့်နေသည်။ မကြာမီ ထိုသူကလည်း ရန်မေကို မြင်သွားကာ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း ကြိုဆိုနှုတ်ဆက်လာသည်။
"အမမေ... အမလည်း ပြန်ရောက်နေတာလား... အမက မြို့ထဲမှာ နေတာမဟုတ်ဘူးလား... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"
ရန်မေက ထိုအကြောင်းများကို မဖြေချင်သဖြင့် အတင်းအကျပ် ပြုံးပြလိုက်ပြီး
"ကော်တုန်း... ငါ့အဖေနဲ့အမေကိုရော မြင်မိသေးလား"
ရန်ကော်တုန်း၏ မျက်လုံးများက အနည်းငယ် တဖျပ်ဖျပ်လက်သွားပြီး လီကောရှန်ဘက်သို့ လှမ်းကြည့်လိုက်သည်။
လီကောရှန်က ပြုံးလျက်
"ရန်ယိကို ဦးလေးရုံဝေဆီ သွားရှာခိုင်းလိုက်ပြီ"
ရန်ကော်တုန်းက ရယ်မောကာ
"ဒါဆို ဦးလေးရုံဝေလည်း ခဏနေရင် ရောက်လာတော့မှာပေါ့... မင်းတို့ ဒီမှာ ရပ်မနေကြနဲ့လေ... မိုးက သည်းနေတာကို... လာ... ဘုရားကျောင်းထဲဝင်ပြီးမှ စကားပြောကြတာပေါ့"
"ဟုတ်တယ် ဟုတ်တယ်... ကျောင်းထဲဝင်ပြီးမှ ပြောကြတာပေါ့" လီကောရှန်ကလည်း ပြုံးကာ ပြောလိုက်သည်။
သူက ရှေ့မှ လမ်းပြခေါ်ဆောင်သွားပြီး လင်းယွမ်ကမူ တည်ငြိမ်သော မျက်နှာထားဖြင့် ရန်မေကိုခေါ်ကာ တစ်ဖက်လူ၏ နောက်မှ ဘုရားကျောင်းအတွင်းသို့ လိုက်ပါသွားလေသည်။
ဤယွင်ချွမ်ဘုရားကျောင်းမှာလည်း သက်တမ်းအတော်ကြာနေပြီ ဖြစ်သည်။ အတွင်း၌ မူလက ဘုရားဆင်းတုတော်များစွာကို ပူဇော်ထားသော်လည်း ယခုအခါတွင် အကုန်လုံးကို ဖယ်ရှားထားပြီး အခန်းအချို့ကိုပင် ဆောက်လုပ်ထားကြသည်။ ခန်းမကြီးကိုမူ ချန်ရစ်ထားခဲ့သဖြင့် အတော်လေး ကျယ်ဝန်းဟောင်းလင်းနေပုံရသည်။
ခန်းမထဲတွင် လူဆယ်ယောက်ခန့် ရပ်နေကြပြီး ဦးဆောင်နေသူမှာ ဗိုက်ရွှဲရွှဲ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် ထိပ်ပြောင်နေသူ တစ်ဦးဖြစ်သည်။
သူ၏အနောက်တွင် ရှိနေသော လူအချို့အနက် လေးယောက်မှာ သူနှင့် ရုပ်ချင်းခပ်ဆင်ဆင် တူသည်။
ထိုအထဲမှ နှစ်ယောက်မှာလည်း အဆီယစ်ကာ နားရွက်ကားကားနှင့်ဖြစ်ပြီး ကျန်နှစ်ယောက်မှာမူ ပိန်ပါးကြံ့ခိုင်သူများ ဖြစ်ကြသည်။
ထိုငါးယောက်အပြင် ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် နောက်ထပ် ရှစ်ယောက် ကိုးယောက်ခန့် ရပ်နေကြပြီး ဝင်လာသော လင်းယွမ်တို့အုပ်စုကို စိတ်ဝင်တစား လှမ်းကြည့်နေကြသည်။
ဦးလေးရန်က ထိုထိပ်ပြောင်ပြောင် ဝဝဖြိုးဖြိုးလူကြီးကို မြင်လိုက်သည်နှင့် ချက်ချင်းပင်
"ခွေရုံ... ငါ့ကို မှတ်မိသေးရဲ့လား... ငါက မင်းရဲ့ ဦးလေးရန်လေ"
လီခွေရုံ၏ အဆီတဝင်းဝင်းနှင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း အနားသို့ လျှောက်မလာဘဲ လှမ်း၍
"ဦးလေးရန်ကို ကျွန်တော်က ဘယ်လိုလုပ် မမှတ်မိဘဲ နေပါ့မလဲ... ခွေဟွာ... ခွေဖူ... ဘာရပ်လုပ်နေကြတာလဲ... ဦးလေးရန်တို့အတွက် ထိုင်ခုံ သွားယူပေးကြလေ" ဟု ပြောလိုက်သည်။
သူ၏အနောက်မှ ကြံ့ခိုင်သွက်လက်သော အမျိုးသားနှစ်ယောက်က ချက်ချင်း ထွက်လာကြသည်။
သူတို့၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေပြီး ရယ်ချင်စိတ်ကို အောင့်ထားရပုံရသည်။
ထိုနှစ်ယောက်က ဦးလေးရန်ရှိရာဘက်သို့ အတူတကွ လျှောက်လာကြသည်။
ဦးလေးရန်က သိပ်ဂရုမစိုက်ဘဲ
"ဟေး... ငါတို့ မထိုင်တော့ပါဘူး... ဒီတစ်ခေါက် ပြန်လာတာက အရင် မိတ်ဆွေတွေကို လာကြည့်ရုံသက်သက်ပါ... ခွေရုံ... ရွာထဲကလူတွေ အကုန်လုံး ဒီမှာပဲလား... လူဦးရေက မမှန်ဘူးလို့ ခံစားနေရတယ်... ငါတို့ရွာမှာ အနည်းဆုံး လူတစ်ထောင် နှစ်ထောင်လောက်တော့ ရှိမှာပေါ့... မင်းဒီမှာက လူရာဂဏန်းလောက်ပဲ ရှိတာလား"
လီခွေရုံက ပြုံးလျက်
"ဦးလေးရန်... ဦးလေးမှ မသိတာ... ဦးလေး ထွက်သွားပြီးတဲ့နောက်ပိုင်း ရွာထဲက လူငယ်တွေအကုန်လုံး မြို့ထဲမှာ အိမ်သွားဝယ်ကြတယ်လေ... စနေ တနင်္ဂနွေမှပဲ ပြန်လာကြတော့တာ... ရေကြီးတဲ့အချိန်မှာ လူတော်တော်များများက မြို့ထဲရောက်နေကြတာ"
သူက ပြောနေရင်းမှ ရုတ်တရက် အပြင်ဘက် ဝင်ပေါက်ကြီးကို လက်ညိုးထိုးပြကာ
"ဟင်... ဦးလေးရုံဝေ လာနေပြီ" ဟု ပြောလိုက်သည်။
ဦးလေးရန်နှင့် ရန်မေတို့၏ အာရုံစိုက်မှုက ချက်ချင်း လွင့်စင်သွားကာ ဝင်ပေါက်ကြီးဆီသို့ အမြန် လှမ်းကြည့်လိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် အနားသို့ ကပ်လာပြီဖြစ်သော လီခွေဟွာနှင့် လီခွေဖူတို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"ချဟေ့"
သူတို့နှစ်ယောက်က ဘယ်ညာ တစ်ဖက်စီမှနေ၍ ချက်ချင်းပင် ခုန်အုပ်လိုက်ကြသည်။ သနားစရာကောင်းသော ဦးလေးရန်မှာ ပုံတူကူးချအစွမ်း တစ်ခုတည်းသာ ရှိသူဖြစ်ရာ သူတို့၏ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။ ခဏတွင်းချင်းမှာပင် ဖိချုပ်ခံလိုက်ရတော့သည်။
ထိုနှစ်ယောက် လှုပ်ရှားလိုက်သည့် အချိန်မှာပင် လီကောရှန်၊ လီတာ့မင်၊ ရန်ကော်တုန်းနှင့် အခြားသူများကလည်း တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လာကြသည်။
သူတို့၏ ပစ်မှတ်မှာ လင်းယွမ်နှင့် ရန်မေပင် ဖြစ်သည်။ သူတို့က မူလကတည်းက ထိုနှစ်ယောက်နှင့် နီးကပ်စွာ ရှိနေခဲ့ရာ ယခုလို ရုတ်တရက် တိုက်ခိုက်လာသည့်အခါ ရန်မေမှာ လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။
သူမ တုံ့ပြန်နိုင်စွမ်း မရှိသော်လည်း လင်းယွမ်ကမူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။
သူက ရန်မေကို လှမ်းဖက်လိုက်ပြီး ကိုယ်ကို တစ်ချက်ယိမ်းကာ ဝိုင်းရံထားမှုထဲမှ ချက်ချင်း ခုန်ထွက်သွားသည်ကို မြင်လိုက်ရသည်။
သို့သော် သူ ပြန်လည် မတိုက်ခိုက်ရသေးမီ ရုတ်တရက် မြေကြီးအောက်မှ ပြင်းထန်စွာ တုန်ခါလာသည်။
ဂျွတ်... ဂျွတ်... ဂျွတ်... ဟူသော အသံကျယ်ကြီးများနှင့်အတူ သံချောင်းများက မြေကြီးအောက်မှ အတင်း ထိုးထွက်လာကြသည်။
ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် တစ်ဦးက ကျောက်တုံးကြီး တစ်တုံးကို အားကုန် ပစ်ပေါက်လိုက်ရာ ထိုသံချောင်းများအပေါ်သို့ တိတိကျကျ ဖိမိသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ထိုသံချောင်းများနှင့် ကျောက်တုံးကြီးက လှောင်ချိုင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လင်းယွမ်နှင့် ရန်မေတို့ကို ထိုအထဲတွင် ပိတ်လှောင်လိုက်တော့သည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တဖျပ်ဖျပ်လက်သွားသော်လည်း အလျင်စလို ပြန်မတိုက်ခိုက်သေးဘဲ ထိုလူများကို ကြည့်ကာ
"မင်းတို့က ဘာသဘောလဲ" ဟု မေးလိုက်သည်။
ရန်မေကလည်း ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကာ
"ရွာသူကြီး... ရှင် ဘာလုပ်တာလဲ" ဟု အမြန်အော်မေးလိုက်သည်။
လီခွေရုံက ဗိုက်ကိုပွတ်ကာ ခေါင်းကိုခါယမ်းလျက်
"တကယ်ကို ငတုံးသုံးယောက်ပဲ... ဒီလောက် လွယ်လွယ်လေးနဲ့ အဖမ်းခံရတယ်လို့... ငါကတောင် အားနေတဲ့ အစွမ်းပိုင်ရှင်တွေ အကုန်လုံးကို တကူးတက ခေါ်ထားလိုက်ရသေးတယ်"
သူက ပြောနေရင်း ရန်မေကို အကဲခတ်ကြည့်လိုက်သည်။ အထူးသဖြင့် သူမ၏ မို့မောက်နေသော ရင်သားများပေါ်တွင် အကြည့်ကို ခဏရပ်ထားပြီး နှုတ်ခမ်းကို သပ်ကာ ပြုံးလျက်
"ရန်မေ... နှစ်အတော်ကြာ မတွေ့ရတဲ့ အတောအတွင်း မင်းက ပိုပြီး လှလာလိမ့်မယ်လို့ မထင်ထားဘူး... မင်းမှာ နာမည်ပြောင်တစ်ခု ရှိတယ်မဟုတ်လား... ရွာထဲက ကလေးတွေက ဘယ်လိုခေါ်ကြတာပါလိမ့်"
ဘေးတွင် ဦးလေးရန်ကို ဆွဲကိုင်ထားသော လီခွေ့ဟွာက ရယ်မောကာ
"နွားမကြီးလေ" ဟု ဝင်ပြောလိုက်သည်။
ချက်ချင်းပင် ဘုရားကျောင်းထဲတွင် ဟားတိုက်ရယ်မောသံများ ထွက်ပေါ်လာပြီး ရှိနေသမျှ ယောက်ျားများ အကုန်လုံး ရယ်မောကြတော့သည်။
လီခွေရုံက ပြုံးလျက်
"တကယ့် နွားမကြီးပဲ... ရန်မေ... မင်း ကလေးမွေးပြီးပြီလား... ဘယ်လိုလုပ် ဒီလောက်တောင် ကြီးလာရတာလဲ"
ရန်မေမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားကာ ထိုလူစုကို ဒေါသတကြီး ကြည့်ရင်း တုန်ရီသော အသံဖြင့်
"နင်... နင်တို့... လူယုတ်မာတွေ"
လီခွေရုံက ထပ်မံ၍ အော်ရယ်ကာ ခေါင်းကို ဆက်တိုက် ခါယမ်းနေသည်။ ဦးလေးရန်မှာလည်း မယုံနိုင်လောက်အောင် ဖြစ်နေရာမှ နောက်ဆုံးတွင် သတိပြန်ဝင်လာတော့သည်။
"လီခွေရုံ... မင်း... မင်းတို့ ဘာလုပ်ကြတာလဲ... ငါက ရွာခံလေ... မင်းတို့ ဘာလုပ်ချင်တာလဲကွ... ဟမ်"
လီခွေရုံက လှည့်ကာ ဦးလေးရန်ကို တစ်ချက်ကြည့်ပြီး လှောင်ပြုံးပြုံးလျက်
"အဘိုးကြီး... ခုထိ နားမလည်သေးဘူးလား... ခေတ်က ပြောင်းသွားပြီကွ... အခု ဒီမိန်တောင်မှာ ကျုပ်က အာဏာရှင်ပဲ"
ဦးလေးရန်က ပါးစပ်ဟကာ အော်ဆဲလိုက်သည်။
"ခွေးကောင်... မင်းက အာဏာရှင် ဟုတ်လား... မင်းက ဘာကောင်မို့လို့လဲ... ငါက မင်းရဲ့ လူကြီးကွ... မင်း ဘာလုပ်ချင်တာလဲ... မင်းတို့အကုန်လုံး ပုန်ကန်နေကြတာလား"
"ဟားဟားဟား... အဘိုးကြီး... အခု ဒီမိန်တောင်မှာ ကျုပ်တို့ညီအစ်ကို ငါးယောက်က ဘုရင်တွေပဲကွ" လီခွေဟွာက ဟားတိုက်ရယ်မောလိုက်သည်။
ဘေးမှ လီခွေ့ဖူကလည်း ရယ်မောကာ
"အဘိုးကြီး... ခင်ဗျားမျိုးရိုးက ရန်... ကျုပ်တို့မျိုးရိုးက လီ... ခင်ဗျားက ဘယ်အပေါက်ကနေ လာပြီး ဝါကြီးသလိုလို လာပြောနေတာလဲ"
"အစ်ကိုသုံး... သူတို့နဲ့ စကားပြောပြီး အချိန်ကုန်ခံမနေနဲ့... ဒီအဘိုးကြီးကို ဖမ်းသွားပြီး သူတို့ ဘယ်ကလာတာလဲ... ဟိုဘက် ထိုက်ယန်တောင်က အခြေအနေ ဘယ်လိုရှိလဲ သေချာစစ်မေးရမယ်... အခု ငါတို့ဆီမှာလည်း စားစရာ သိပ်မကျန်တော့ဘူးဆိုတော့ ထိုက်ယန်တောင်ဘက်ကနေ စားစရာ တချို့ သွားလုဖို့ နည်းလမ်းရှာလို့ ရကောင်းရနိုင်တယ်လေ" လီခွေကွေ့က ပြုံးကာ ပြောလိုက်သည်။
လီခွေအန်းက နှုတ်ခမ်းတစ်ချက် တွန့်ကာ လက်သီးကို ဆုပ်လျက်
"ငါ့တာဝန်ထားလိုက်... ငါပဲ မေးလိုက်မယ်" ဟု ပြောလိုက်သည်။
ဦးလေးရန်မှာ အလွန်တရာ ထိတ်လန့်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့ ဒီလိုလုပ်တာ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား... ဒီတောင်ပေါ်မှာ လူတိုင်းရဲ့ ဘိုးဘွားသင်္ချိုင်းတွေ ရှိတယ်... လီခွေရုံ... မင်း ဒီလိုလုပ်ရဲတယ်ပေါ့လေ... ရွာသူရွာသားတွေက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
"အဘိုးကြီး... ဘာတွေ အိပ်မက်ယောင်နေတာလဲ... ရွာသူရွာသားတွေ ဟုတ်လား... ဒီမှာ ခင်ဗျားရဲ့ ရွာသူရွာသား ဘယ်သူရှိသေးလဲ ဆိုတာ သေချာကြည့်စမ်း... မိန်တောင်ရွာက ရေမြုပ်သွားတာ ကြာလှပြီကွ... ဒီခေတ်ပျက်ကြီးကလည်း အနှေးနဲ့အမြန် ပျက်စီးတော့မှာပဲ... အဲ့တော့ ကျုပ်တို့ လုပ်ချင်တာ လုပ်မယ်ကွာ"
ဘုရားကျောင်း ခန်းမထဲတွင် လီညီအစ်ကို ငါးယောက်၏ လှောင်ပြုံးရယ်မောသံများက မရပ်မနား ထွက်ပေါ်နေသည်။
လီခွေရုံက ဦးလေးရန်ကို ဆက်လက် ဂရုမစိုက်တော့ဘဲ လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော လင်းယွမ်နှင့် ရန်မေတို့ဘက်သို့ လှည့်ကြည့်ကာ လင်းယွမ်ကို လက်ညိုးထိုးလျက်
"ယောက်ျားကို သတ်လိုက်... မိန်းမကို ချန်ထား"
ချက်ချင်းပင် ပေါက်ပြားကိုင်ထားသော လူနှစ်ယောက် လျှောက်လာကြသည်။ သံချောင်းများကြားမှနေ၍ လင်းယွမ်ကို ထိုးသတ်ရန် ကြံရွယ်လိုက်ကြသည်။
ရန်မေက ဒေါသတကြီးဖြင့်
"လီခွေရုံ... ငါ့အဖေနဲ့အမေရော"
လီခွေရုံက ဟားတိုက်ရယ်မောကာ
"မင်းအဖေနဲ့အမေ ဟုတ်လား... ဟဲဟဲ... ခဏနေ ငါ့ကို ပြုစုပေးလို့ ငါသဘောကျသွားရင် မင်းကို ပြောပြပါ့မယ်"
"နင်... လူယုတ်မာ" ရန်မေမှာ ဒေါသထွက်လွန်းသဖြင့် မနေနိုင်ဘဲ ဆဲဆိုလိုက်မိသည်။
လီခွေရုံက လုံးဝ ဂရုမစိုက်ဘဲ
"ဘာကြောင်ကြည့်နေကြတာလဲ... အဲဒီကောင်ကို သတ်လိုက်လေ" ဟု လှမ်းအော်လိုက်သည်။
သူက လင်းယွမ်၏ နာမည်ကိုပင် မမေးချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လုံးဝ ဂရုမစိုက်သလို စိတ်လည်း မဝင်စားသောကြောင့် ဖြစ်သည်။
သေမည့်လူတစ်ယောက်အတွက် ဘာမှ အရေးမကြီးပေ။
လင်းယွမ်က အစအဆုံး ဘာစကားမှ ဝင်မပြောခဲ့ခြင်းမှာ အမှန်တကယ်တော့ တစ်ဖက်လူထံမှ ရန်မေ၏ မိဘများ ရှိရာနေရာကို ဖြားယောင်းမေးမြန်းလို၍ ဖြစ်သည်။
သို့သော် ယခု ကြည့်ရသည်မှာ ထိုသို့လုပ်၍ ရမည်မထင်တော့ပေ။
သူက သက်ပြင်းတိုးတိုးချကာ
"ဒီလိုမှန်းသိရင် အစကတည်းက တခါထဲ တိုက်ခိုက်လိုက်တယ်... ဒီအကျိုးမရှိတဲ့ စကားတွေကို နားထောင်နေစရာမှ မလိုတာ" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်ရှိ လူအချို့က ပေါက်ပြားကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ကာ လင်းယွမ်ထံသို့ အားကုန် ထိုးနှက်လာကြပြီ ဖြစ်သည်။
ရန်မေက လင်းယွမ်ကို အမြန်လှမ်းကြည့်ကာ စိုးရိမ်တကြီးဖြင့်
"မောင်လေး... နင်... သတိထားနော်"
"မကြောက်နဲ့... ကျွန်တော် ရှိတယ်"
လင်းယွမ်က လက်နက်ကိုင်ထားသော ထိုလူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး နှုတ်ခမ်းကို တွန့်ကာ ဖြူဖွေးနေသော သွားများကို ပေါ်အောင် ပြုံးလိုက်သည်။
ထိုအထဲမှ တစ်ယောက်က အခြေအနေကို နားမလည်ဘဲ
"မင်းအမေကို ရယ်နေတာလားကွ..." ဟု ဆဲဆိုလိုက်သည်။
"အား"
သူ၏ စကားမဆုံးမီမှာပင် စူးရှသော အော်ဟစ်သံကြီးကို ကြားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ခေါင်းကြီးက "ဖောင်း" ခနဲ မြည်ကာ ပန်းပွင့်တစ်ပွင့်လို တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။
စိတ်စွမ်းအင် အမှတ် ငါးဆယ် ပေါက်ကွဲထွက်လာမှုကြောင့် စိတ်ဝိညာဉ်ရိုက်ခတ်မှု တစ်ချက်တည်းနှင့်တင် ဤကဲ့သို့သော သာမန် အစွမ်းပိုင်ရှင်များ လုံးဝ ခံနိုင်ရည် မရှိပေ။
"ဖောင်း... ဖောင်း... ဖောင်း"
ဦးနှောက်များ ဆက်တိုက် ပေါက်ကွဲထွက်လာပြီး ပေ(၁၅၀) အချင်းဝက်အတွင်းရှိ လူအားလုံး၏ ဦးခေါင်းများ ချိုင့်ဝင် ပုံပျက်သွားကြသည်။
ပါးစပ်နှင့် နှာခေါင်းများထဲမှ အရည်များ ပန်းထွက်လာကာ လူအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျော့ခွေ ကျသွားကြတော့သည်။
အချို့က သေခါနီးအချိန်တွင် အစွမ်းများကို ထုတ်သုံးရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်များ လင်းလက်လာရန် ဟန်ပြင်ရုံရှိသေး ချက်ချင်းပင် ပြန်လည် ငြိမ်းသက်သွားတော့သည်။
လီညီအစ်ကို ငါးယောက်အနက် လီခွေရုံ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ပထမဆုံးအချိန်မှာပင် ကိုယ်ကို တစ်ချက်ယိမ်းကာ မူလနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားလေသည်။
အနောက်ဘက်ရှိ လီခွေဟွာမှာ မျက်လုံးများ ပြူးကျယ်သွားကာ လက်နှစ်ဖက်ကို အရှေ့သို့ တွန်းထုတ်လိုက်ရာ ချက်ချင်းပင် လေဟာပြင်ထဲတွင် ခိုင်မာသော အကာအကွယ် တစ်ခု ထွက်ပေါ်လာသည်။ စိတ်စွမ်းအင် အကာအကွယ်ပင် ဖြစ်သည်။
"ဘုန်း"
လင်းယွမ်၏ စိတ်စွမ်းအင်က ထိုစိတ်စွမ်းအင် အကာအကွယ်ကို ချက်ချင်းနီးပါး ဖျက်ဆီးပစ်လိုက်သည်။
လီခွေဟွာမှာ ချက်ချင်းပင် ချွေးအေးများ ပြန်လာကာ
"အမြန်ပြေး... သူ့ရဲ့ စိတ်စွမ်းအင်က အရမ်းမြင့်တယ်" ဟု အော်ဟစ်လိုက်သည်။
ပြောပြီးသည်နှင့် သူ ပြေးရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် "ဝုန်း" ဟူသော အသံနှင့်အတူ လေထုက တုန်ခါသွားသည်။
၎င်းနှင့်အတူ စူးရှသော အသံလှိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ဝုန်း... အဖြူရောင် လေစီးကြောင်းတစ်ခုက ဟိန်းညံသော အသံနှင့်အတူ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
"ဖောင်း"
လီခွေဟွာ၏ ခြေထောက်နှစ်ဖက်ကို လေစီးကြောင်းက ရိုက်ခတ်သွားရာ ချက်ချင်းပင် သွေးမြူခိုးများအဖြစ် တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။
သူ၏ တစ်ကိုယ်လုံးမှာ ထိန်းချုပ်နိုင်စွမ်းမဲ့ကာ မြေပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားလေသည်။
သံလှောင်ချိုင့်ထဲတွင် လင်းယွမ်က လက်ချောင်းများကို ဆက်တိုက် ကွေးကာ ခေါက်ချလိုက်သည်။
"ဖောင်း... ဖောင်း... ဖောင်း"
လေထဲတွင် လက်ချောင်းစွမ်းအားများက လေဟာနယ်ကို အတင်းအဓမ္မ ဆုတ်ဖြဲသွားပြီး အဖြူရောင် လေစီးကြောင်းများ ဖြစ်ပေါ်လာကာ ဟိန်းညံစွာ ပေါက်ကွဲထွက်လာသည်။
လီခွေဖူ၊ လီခွေကွေ့၊ လီခွေအန်းတို့မှာ လေစီးကြောင်းကြောင့် ခြေထောက်များ ပေါက်ကွဲလွင့်စဉ်သွားကာ စူးစူးဝါးဝါး အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြတော့သည်။
ဦးလေးရန်မှာ ချက်ချင်း မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျသွားပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ထိတ်လန့်တကြား ကြည့်နေတော့သည်။
ထို့နောက် လင်းယွမ်က လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ယမ်းလိုက်သည်ကို မြင်လိုက်ရပြီး မမြင်ရသော စိတ်စွမ်းအင် နှစ်ခုက သံချောင်းနှစ်ချောင်းကို ချက်ချင်း ကွေးကောက်သွားစေသည်။ သူက ရန်မေကို ဆွဲကာ သံချောင်းလှောင်ချိုင့်ထဲမှ ထွက်လာခဲ့သည်။
လင်းယွမ်က အကြည့်တစ်ချက် ဝေ့လိုက်ပြီးနောက် တံခါးပေါက်ရှိ တိုင်လုံးဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"တွေ့ပြီ"
သူ၏ စိတ်စွမ်းအင်များ ချက်ချင်း လှိုင်းထသွားပြီး မမြင်ရသော ကြိုးမျှင်များစွာက မမြင်ရသည့် အာရုံကြောကွန်ရက် တစ်ခုကဲ့သို့ ပျံ့နှံ့သွားလေသည်။
"အား..."
တိုင်လုံးအောက်ရှိ အရိပ်ထဲမှ ဝဝဖြိုးဖြိုး ခန္ဓာကိုယ်တစ်ခုက လိမ်ကောက်ကာ ဆွဲထုတ်ခံလိုက်ရသည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင်ကို ဖြည်းညင်းစွာ ကစားလိုက်ရာ ချက်ချင်းပင် လီခွေရုံက ထိန်းချုပ်နိုင်စွမ်းမဲ့စွာ လင်းယွမ်ရှိရာဘက်သို့ လျှောက်လာရတော့သည်။
"မင်း... မင်းက ဘယ်သူလဲ"
လီခွေရုံက မယုံနိုင်စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့ရှေ့ရှိ ဤလူက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လွန်းနေသည်။
မဖြစ်နိုင်ဘူး... အားလုံးက အစွမ်းပိုင်ရှင်တွေချည်းပဲကို... ဘာလို့ တစ်ဖက်လူက ဒီလောက်အထိ အတိုင်းအဆမဲ့ သန်မာနေရတာလဲ။
လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ လီကောရှန်၊ လီတာ့မင်နှင့် ရန်ကော်တုန်းတို့ သုံးယောက်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူက အစောပိုင်းတွင် တမင်တကာ သက်ညှာပေးခဲ့ပြီး အသေအလဲ မတိုက်ခိုက်ခဲ့ပေ။
သို့မဟုတ်ပါက သူတို့သုံးယောက်မှာ ဦးခေါင်းခွံများ ပေါက်ကွဲကာ ဦးနှောက်များ ပန်းထွက်နေသည်မှာ ကြာပြီဖြစ်သည်။
ယခုအခါ ထိုသုံးယောက်မှာ ခေါင်းမူးနောက်နေပြီး လင်းယွမ် လျှောက်လာသည်ကို မြင်သောအခါ သုံးယောက်လုံး မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
ပုပုဝဝနှင့် လီတာ့မင်မှာ ကြောက်လွန်းသဖြင့် သေးပင် ထွက်ကျသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ကျွန်တော်နဲ့ မဆိုင်ဘူး... ကျွန်တော်နဲ့ မဆိုင်ပါဘူးဗျာ... ကျွန်တော်က လမ်းပြပေးရုံ သက်သက်ပါ"
လင်းယွမ်က ဘယ်ညာ တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် ဓားမြှောင်တစ်လက် လွင့်စင်လာသည်။
"အသက်ချမ်းသာပေးပါ... ကျွန်တော့်ကို ချမ်းသာပေးပါဗျာ... ကျွန်တော် တကယ် ဘာမှ မသိပါဘူး... သူတို့ ဒီမှာ ထောင်ချောက်ဆင်ထားမှန်း ကျွန်တော် မသိပါဘူး..."
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းကာ
"မင်းရဲ့ မျက်နှာကို ငါကြည့်မရဘူး... ကြည့်မရတာတင် မဟုတ်ဘူး... ရွံပါရွံတာ"
"ဖောက်... ဖောက်"
ဓားမြှောင်က လျင်မြန်စွာ ပြေးထွက်သွားပြီး လီတာ့မင်၏ မျက်လုံးများကို ချက်ချင်း ဖြတ်တောက်သွားရာ ခဏတွင်းချင်းမှာပင် မျက်လုံးနှစ်လုံး တိုက်ရိုက် ကလော်ထုတ်ခံလိုက်ရတော့သည်။
လီတာ့မင်၏ ဝဝဖြိုးဖြိုး မျက်နှာပေါ်တွင် သွေးတွင်းပေါက်ကြီး နှစ်ခု ဖြစ်ပေါ်လာကာ မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း အသဲခိုက်မတတ် စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။
ဘေးမှ ကြည့်နေသော လီကောရှန်နှင့် ရန်ကော်တုန်းတို့မှာ တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာများ ဖြူရော်ကာ ထိတ်လန့်နေကြသည်။
လီကောရှန်က ထိတ်လန့်စွာဖြင့်
"ဆ... ဆရာလင်း... အသက်ချမ်းသာပေးပါ... ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူးဗျာ... ကျွန်တော်က ကင်းလှည့်ဖို့ တာဝန်ယူရတဲ့ လျှို့ဝှက်ကင်းသမား သက်သက်ပါ... ဦးလေးရုံဝေ ကိစ္စက ကျွန်တော်နဲ့ မဆိုင်ပါဘူးဗျာ... ကျွန်တော်လည်း အတင်းအကျပ် ခိုင်းစေခံရတာပါ"
လီကောရှန်မှာ မျက်ရည် နှပ်ရည်များ ဒလဟော စီးကျနေပြီး သူ၏ မည်းနက်သော အသားအရေပေါ်တွင်လည်း ချွေးစေးများ အပြည့်ဖြစ်နေသည်။
သူက ပြောနေရင်း အနောက်သို့ မရပ်မနား ဆုတ်ခွာနေသည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာကာ
"မင်းကို ဘာလို့ တစ်ခါထဲ မသတ်ရတာလဲဆိုတာ သိလား... ငါ ဒီလမ်းတစ်လျှောက်လုံး အတော်လေးကို အောင့်အည်း သည်းခံခဲ့ရတာ... ဒီတိုင်း တန်း သတ်လိုက်ရင် ဘာအရသာ ရှိမှာလဲ... လာ... ဒူးထောက်စမ်း"
လီကောရှန်က အမြန်ဒူးထောက်ချလိုက်ပြီး ခါးသီးစွာ တောင်းပန်တော့သည်။
"ကျွန်တော် မှားသွားပါပြီ... ဆရာလင်း... ကျွန်တော် တကယ် မှားသွားပါပြီ... ကျွန်တော်က လူမဟုတ်ပါဘူး... တိရစ္ဆာန်ပါ"
သူက မိမိကိုယ်ကိုယ် ပါးကို ဘယ်ညာ တဖြန်းဖြန်း ရိုက်ပါတော့သည်။
ထိုအချိန်တွင် အမြဲတမ်း ငြိမ်သက်နေခဲ့သော ရန်ကော်တုန်းက ရုတ်တရက် ခုန်ထလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ကိုယ်ပတ်လည်၌ ရေစီးကြောင်းများ လှိုင်းထသွားကာ ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ရေနဂါးက မလှမ်းမကမ်းရှိ ရန်မေထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ရန်ကော်တုန်း၏ မျက်လုံးများ ပြူးကျယ်နေသည်။ ဒါက သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်း သူသိသည်။
ရှေ့ရှိ ဤအမျိုးသားက ကြောက်စရာကောင်းလွန်းသည်။ သူ့ကို တိုက်ရိုက် တိုက်ခိုက်လျှင် ကိုးဆယ်ရာခိုင်နှုန်းလောက် ရှုံးနိမ့်သွားလိမ့်မည်။
သို့သော် ရန်မေကို တိုက်ခိုက်ပြီး သူမကို ဖမ်းဆီးနိုင်မည်ဆိုပါက သူ့အတွက် အသက်ရှင်ရန် အခွင့်အရေး အနည်းငယ် ရှိကောင်းရှိနိုင်သည်။
သူ စတင်လှုပ်ရှားလိုက်သည်နှင့် မြေပြင်ပေါ်ရှိ နောက်လူတစ်ယောက်ကလည်း ထခုန်ကာ လှည့်ပြေးတော့သည်။ ယွင်ချွမ်ဘုရားကျောင်းထဲသို့ ကြိုတင် ဝင်ရောက်လာခဲ့သော ရန်ယိပင် ဖြစ်သည်။
ခုနက သူလည်း ဤလူအုပ်ထဲတွင် ပါဝင်နေခဲ့သည်။ ယခုအခါ သူ၏ မျက်နှာတစ်ခုလုံး ဖြူလျော့နေပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ အပြည့်ဖြစ်နေသည်။
ပြေးရမယ်...
မြန်မြန်ပြေးရမယ်...
လီညီအစ်ကို ငါးယောက်လုံး ဒီလူရဲ့ တစ်ချက်တည်းနဲ့တင် ခြေထောက်တွေ ကျိုးကုန်ပြီ... ဒါက ချီးတဲ့မှ ဘယ်လို အစွမ်းအစမျိုးလဲ... သူ လုံးဝ စိတ်ကူးယဉ်ကြည့်လို့ပင် မရနိုင်ပေ။
ဆက်ရန်...