← Chapters

ညှိနှိုင်းခြင်း

Vol. 4 Ch. 38

ညှိနှိုင်းခြင်း

Vol. 4 Ch. 38

ဝမ်ယောက်ကျူသည် လျူ

ရှောင်ရူ၏ လက်ချက်ကြောင့် ရူးလုမတတ် ဖြစ်နေပြီဖြစ်သည်။ သူ့မိခင်က ကလေးနှစ်ယောက်ကို ပြဿနာရှာပြီး အာဏာပြရာမှ အစပြုခဲ့သည်ကို သူ ဝေဝါးဝါး ပြန်မှတ်မိသည်။

အပြင်မှာ မိခင်ဖြစ်သူ စရိုက်ကြမ်းနေသည်ကို ရှက်မိသောကြောင့် လျူရှောင်ရူကို သွားခေါ်ခိုင်းခဲ့ခြင်းမှာ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။

ယခုတော့ မိခင်ဖြစ်သူသည် ရိုက်နှက်ခံရမှုကြောင့် သေလုမျောပါး ဖြစ်နေပြီး အိမ်တွင် ကျွန်ကဲ့သို့ အလုပ်လုပ်ပေးနေသော ဇနီးသည်က မိသားစုတစ်ခုလုံးကို အရှက်ကွဲအောင် လုပ်နေ၏။

လျူရှောင်ရူက သူ့ကို ဆွဲခေါ်ပြီး အာဏာပိုင်များထံ တိုင်ကြားဖို့ သွားရန် ပြင်နေသည်ကို မြင်သောအခါ သူ ချက်ချင်း ဒူးထောက်တောင်းပန်လိုက်သည်။

"မိန်းမ... အေးအေးဆေးဆေး ပြောကြရအောင်... မင်း စိတ်ဆိုးနေရင် ကိုယ့်အပေါ်မှာ ပုံချလိုက်ပါ... ကိုယ်တို့ သားအမိ အမှားလုပ်မိတာ ရှိရင် ပြင်ပါ့မယ်... တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် စကားတွေ မပြောပါနဲ့"

ဘေးပတ်ဝန်းကျင်တွင် အမြဲတမ်း ဝင်ပါတတ်သူများ ရှိစမြဲဖြစ်သည်။ ဝမ်ယောက်ကျူသည် သားအမိ အိပ်ရာအတူအိပ်သည်နှင့် မိဘမရိုသေသဟူသော နာမည်ဆိုးများ ရှိနေသော်လည်း ဇနီးသည်ကို တောင်းပန်နေသည်ကို မြင်သောအခါ အလိုက်ကမ်းဆိုးမသိသူ တစ်ယောက်က ဝင်ပြောလိုက်သည်။

"ခင်ဗျားယောကျ်ားက မှားမှန်းသိနေပါပြီ... ဆက်ပြီး ရန်မဖြစ်ပါနဲ့တော့... ကိစ္စကြီးကြီးမားမားမှ မဟုတ်တာ"

သို့သော် လျူရှောင်ရူသည် ဒေါသပေါက်ကွဲပြီးနောက် လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားကြောင်း ထိုသူ မသိရှာပေ။ လျူရှောင်ရူက ချက်ချင်း ပြန်ပက်လိုက်သည်။

"ကိစ္စကြီးကြီးမားမား မဟုတ်ဘူး ဟုတ်လား... ရှင်လည်း ရှင့်အမေနဲ့ ဖောက်ပြန်နေတာလား... ဒါမှမဟုတ် ရှင်တို့မိသားစုမှာ သားအမိ အိပ်ရာအတူအိပ်တာက ရိုးရာဓလေ့လား"

မည်သူမျှ ဤကဲ့သို့ ညစ်ညမ်းသော စွပ်စွဲမှုကို မလိုချင်ကြပေ။ ထိုသူက ဆဲဆိုလိုက်သည်။

"မိန်းမယုတ်... ပါးစပ်က ကြမ်းလိုက်တာ... ခင်ဗျားယောက္ခမတွေက ခင်ဗျားကို သည်းမခံနိုင်တာ မဆန်းပါဘူး"

လျူရှောင်ရူ တံမြက်စည်းကို ဆွဲကိုင်ပြီး ရိုက်နှက်လိုက်သည်။

"ငါ့ပါးစပ်ကြမ်းတာတင် မဟုတ်ဘူး... လက်ပါ ကြမ်းတာ... နင်နဲ့ ဝမ်ယောက်ကျူက တစ်မျိုးတည်းပဲ... နင်တို့အားလုံး မကောင်းတာတွေ လုပ်နေကြတာ"

ထိုသူသည် စာသင်သားတစ်ယောက်သာ ဖြစ်ပြီး ဝမ်ယောက်ကျူကဲ့သို့ပင် အားနည်းသူဖြစ်ရာ လျူရှောင်ရူကို မယှဉ်နိုင်ပေ။

လူအုပ်ကြားထဲမှ ကြည့်နေသော ကျန်းယွင်နန်သည် အာရုံစိုက်ခံနေရသော လျူရှောင်ရူကို ကြောင်တောင်တောင် ကြည့်နေမိသည်။

လျူရှောင်ရူ ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု ကျန်းယွင်နန် မထင်ထားခဲ့ပေ။ အခြေအနေက လွန်ကဲနေပြီး မည်သို့ အဆုံးသတ်ရမည်ကို သူမ မသိတော့ပေ။

ဘေးတွင် နျိုနျို၏ နားကိုအုပ်ထားသော ကုမင်တာ့ က ရုတ်တရက် ကိုင်းညွတ်ပြီး ပြောလိုက်သည်။

"နျိုနျို့ကို ကာကွယ်ထား... ကိုယ် သွားကူညီလိုက်ဦးမယ်"

ကျန်းယွင်နန်၏ မျက်လုံးများ တောက်ပလာပြီး ကုမင်တာ့ ကို ယုံကြည်မှုရှိစွာ ကြည့်လိုက်သည်။

ကုမင်တာ့ ခေါင်းညိတ်ပြပြီး ကလေးကို ဇနီးသည်လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် လူအုပ်ကြီး အာရုံလွဲနေချိန်တွင် လူအုပ်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး ကျန်းယွင်နန်နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ဟန်ဆောင်လိုက်သည်။

ဝမ်ယောက်ကျူသည် လျူရှောင်ရူက အခြားသူများကို လိုက်ရိုက်နေသည်ကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။

သူ အရိုက်ခံရမည့်အလှည့် နည်းသွားပြီဟု တွေးမိသည်။ သို့သော် လျူရှောင်ရူ စိတ်မငြိမ်မချင်း ဤကိစ္စ ပြီးဆုံးမည် မဟုတ်ကြောင်း သူ နားလည်သည်။

ဝမ်ယောက်ကျူ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေသည်။ လျူရှောင်ရူသည် အရူးမတစ်ယောက်လို ဖြစ်နေပြီး သူ့စကားကို နားမထောင်ပေ။ စိုးရိမ်လေ အဖြေရှာမတွေ့လေ ဖြစ်နေသည်။ ထိုအချိန်တွင် မနီးမဝေးမှ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

"ဒီအခြေအနေထိ ရောက်နေမှတော့ ဒီလင်မယား ဆက်ပေါင်းလို့ မဖြစ်တော့ဘူး... ဝမ်ယောက်ကျူက ဘာလို့ နားမလည်သေးတာလဲ... မိန်းမက ဆက်ပြီး ပြဿနာရှာနေတာကို ကြည့်နေမယ့်အစား ပြတ်ပြတ်သားသား ကွာရှင်းလိုက်တာ ပိုကောင်းမယ်... ပြီးရင် တင်တောင်းကြေး ပြန်ပေးလိုက်... ဒါဆိုရင် နှစ်ဖက်စလုံး အဆင်ပြေပြေ လမ်းခွဲနိုင်မှာပေါ့"

ထိုစကားပြောပြီးသည်နှင့် ကုမင်တာ့ လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားသည်။

ဝမ်ယောက်ကျူ ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပလာသည်။ အသံလာရာဘက်သို့ လှည့်ကြည့်သော်လည်း ပွဲကြည့်နေသော လူအုပ်ကြီးကိုသာ တွေ့ရပြီး မည်သူပြောလိုက်မှန်း ခွဲခြားမရနိုင်ပေ။

စောစောက အရိုက်ခံရစဉ်တွင် ဝမ်ယောက်ကျူသည် လျူရှောင်ရူကို သတ်ပစ်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ဒီနေ့ မြင်သူများလွန်းသဖြင့် လျူရှောင်ရူ တကယ်သေဆုံးသွားပါက အားလုံးက သူ့ကိုသာ သံသယဝင်ကြလိမ့်မည်။

ပိုအရေးကြီးသည်မှာ လျူရှောင်ရူ၏ ရိုက်နှက်မှုကို ခံရပြီးနောက် ဝမ်ယောက်ကျူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားသည်။ လျူရှောင်ရူကို သတ်နိုင်ပါ့မလားဟုပင် စိုးရိမ်မိသည်။

သို့သော် တင်တောင်းကြေး ပြန်ပေးရမည်ဆိုလျှင် နှမြောမိသည်။ ထို့အပြင် ယောကျ်ားမာနကြောင့် မယားဟောင်းကို တင်တောင်းကြေးနှင့်တကွ ပြန်လွှတ်ရမည့်အရေးကို တွေးမိတိုင်း သိက္ခာကျသည်ဟု ခံစားရ၏။

သူ တွန့်ဆုတ်နေစဉ် လျူရှောင်ရူသည် အလိုက်ကမ်းဆိုးမသိသူကို အခြားခြံဝင်းတစ်ခုအထိ ခွေးတစ်ကောင်လို လိုက်ရိုက်ပြီး ပြန်ရောက်လာသည်။

တံမြက်စည်းကို ကိုင်ထားပြီး စစ်နိုင်သော ဗိုလ်ချုပ်တစ်ဦးကဲ့သို့ပင်။ ဝမ်ယောက်ကျူနှင့် အဖွားကြီးဝမ်တို့ ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ လျူရှောင်ရူ မျက်လုံးများ ပြူးကျယ်သွားပြီး တံမြက်စည်းဖြင့် ထပ်မံ ရိုက်နှက်လေတော့သည်။

"ရှင်က စာပေကျမ်းဂန်တွေ နှစ်ပေါင်းများစွာ လေ့လာပြီးတော့ ဒီလို အသုံးမကျတဲ့ အလုပ်တွေပဲ လုပ်နေတာလား... ကျွန်မ ရှင့်အစား ရှက်မိတယ်"

လျူရှောင်ရူက ဝမ်ယောက်ကျူကို ဆဲဆိုလိုက်သည်။

"ရှင်က ကျွန်မကို ကလေးမရနိုင်ဘူးလို့ အမြဲ ပြောတယ်... ဒါပေမယ့် ရှင့်သားက ညတိုင်း ကျွန်မအိပ်ရာထဲ မရောက်လာဘဲ ကလေးဘယ်လိုရမှာလဲ... ရှင် အဲ့လောက် တော်ရင် ရှင်ပဲ သူ့ကို မွေးပေးလိုက်ပါလား"

လျူရှောင်ရူက အဖွားကြီးဝမ်ကို ဆဲဆိုလိုက်သည်။

လျူရှောင်ရူ၏ ဆဲဆိုသံများ ပိုမို ရိုင်းပျလာပြီး သူ၏ ဆရာသမားများကိုပင် ထိခိုက်လာသည်ကို ဝမ်ယောက်ကျူ သတိပြုမိသည်။ ထို့အပြင် သူတို့သည် သူစိမ်းများ ဝန်းရံနေသော ပြည်နယ်မြို့တွင် ရောက်နေသည်။

အကယ်၍ ဇာတိရွာသို့ ပြန်ရောက်သွားပါက သူ လုံးဝ မျက်နှာပြနိုင်တော့မည် မဟုတ်ပေ။

သူ ဆက်လက် တုံ့ဆိုင်းမနေရဲတော့ဘဲ အော်ဟစ်လိုက်၏။

"ကွာရှင်းကြမယ်... တင်တောင်းကြေး ပြန်ပေးမယ်... မင်း နောက်ယောကျ်ား ကောင်းကောင်း ရှာနိုင်မလား ကြည့်ကြသေးတာပေါ့"

လျူရှောင်ရူသည် သူမ၏ ဆန္ဒ ဤမျှ မြန်ဆန်စွာ ပြည့်ဝလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဝမ်ယောက်ကျူ အံကြိတ်ပြီး ပြောလိုက်သည်။

"တို့သားအမိက မင်းကို ရူးအောင်လုပ်တယ်လို့ ပြောတယ်မလား... ဒါဆို မင်းကို ရူးအောင်မလုပ်မယ့် နောက်ယောကျ်ားတစ်ယောက် သွားရှာလိုက်... ဒီနေ့ကစပြီး ငါတို့ လမ်းခွဲကြပြီ"

လျူရှောင်ရူ တံမြက်စည်းကို ချလိုက်ပြီး လူအုပ်ကြားထဲရှိ နျိုနျိုနှင့် ကျန်းယွင်နန်တို့ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ကျန်းယွင်နန်သည် လူအုပ်ကြားထဲမှ ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"စာသင်သားဝမ်... ရှင်က တော်တော် ရှုပ်ထွေးတဲ့ဘဝနဲ့ နေထိုင်နေတာပဲ... ကျွန်မညီမကို ကွာရှင်းပေးပြီး နောက်အိမ်ထောင်ပြုခွင့်ပေးတာ ကောင်းပါတယ်... ဒါပေမယ့် သူ ဘယ်တော့ နောက်အိမ်ထောင်ပြုမလဲ... ဘယ်သူနဲ့ ပြုမလဲ ဆိုတာကို ရှင် ဝင်စွက်ဖက်လို့ မရဘူး... ပြီးတော့ ကျွန်မညီမကို တင်တောင်းကြေး ဘယ်လောက်ပြန်ပေးမလဲ ဆိုတာကို ရှင်တို့နှစ်ယောက် သဘောတူညီမှု ယူရမယ်"

ဝမ်ယောက်ကျူ ကောင်းကောင်း မစဉ်းစားမိမည်ကို စိုးရိမ်သဖြင့် ကျန်းယွင်နန်က သွယ်ဝိုက်သော ခြိမ်းခြောက်မှုတစ်ခု ထပ်ဖြည့်လိုက်သည်။

"ရှင် သဘောမတူရင် ကျွန်မညီမက အာဏာပိုင်တွေနဲ့ ဆွေမျိုးခေါင်းဆောင်တွေဆီ သွားတိုင်ဦးမှာနော်"

ဝမ်ယောက်ကျူ သူမကို စူးစိုက်ကြည့်လိုက်သည်။ ဤပြဿနာများအားလုံး ကျန်းယွင်နန်ကြောင့် ဖြစ်ရသည်ဟု ခံစားနေရသည်။

သူ အံကြိတ်ပြီး ပြောလိုက်သည်။

"ခင်ဗျားတို့က မတန်တဆ ဈေးတောင်းရင် ကျွန်တော် သဘောတူမှာ မဟုတ်ဘူး"

ကုမင်တာ့ သည် ကျန်းယွင်နန်၏ ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ဝမ်ယောက်ကျူကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤကွာရှင်းခြင်း ညှိနှိုင်းမှုကို ကျန်းယွင်နန်က ဦးဆောင်၏။

လျူရှောင်ရူသည် ယခင်နှစ်များတစ်လျှောက် ဝမ်ယောက်ကျူကို ထောက်ပံ့ခဲ့ရသော စရိတ်စကများကို သေချာစွာ မေးမြန်းပြီးနောက် ကျန်းယွင်နန်သည် ဝမ်ယောက်ကျူကို ဒေါသထွက်စေမည့် ပမာဏတစ်ခုကို တင်ပြလိုက်သည်။

"ငွေ ၅၀ ဟုတ်လား... ခင်ဗျားတို့ ဓားပြပဲ တိုက်စားလိုက်ပါလား... လောဘကြီးလိုက်တာ"

ဝမ်ယောက်ကျူ ဆဲဆိုလိုက်သည်။

ကျန်းယွင်နန် စကားမပြောနိုင်ခင်မှာပင် လျူရှောင်ရူက တံမြက်စည်းကို ကောက်ကိုင်ပြီး ရိုက်မည့်ဟန်ပြင်ကာ ဝမ်ယောက်ကျူကို ဆူပူလိုက်၏။

"ငါ့အစ်မကို ဘယ်လိုပြောလိုက်တာလဲ... နောက်တစ်ခါ အဲ့လို ထပ်ပြောရဲလား ကြည့်ရသေးတာပေါ့"

ဝမ်ယောက်ကျူ ကြောက်လန့်တကြား နောက်ဆုတ်သွားပြီး ကျန်းယွင်နန်ကို ပိုမို ယဉ်ကျေးစွာ ဆက်ဆံလာသည်။

ကျန်းယွင်နန် ဆက်ပြောသည်။

"ရှင်တို့ကလည်း သူများဆီက လုယူနေခဲ့တာ ဆိုတာ သိတယ်မလား... ဒီနှစ်တွေတစ်လျှောက်လုံး ရှင့်မိန်းမက မိသားစုကို ထောက်ပံ့ခဲ့တာ... သူက နေ့မနားညမနား ပန်းထိုးပြီး ရှင်တို့ ဝမ်မိသားစုအတွက် ငွေ ၅၀ မက ရှာပေးခဲ့ပြီးပြီ"

ထိုစကားကို ကြားသောအခါ ဝမ်ယောက်ကျူ အပြစ်ရှိစိတ် ခံစားလိုက်ရသော်လည်း ငွေ ၅၀ ကို ထုတ်ပေးရန် ဝန်လေးနေသဖြင့် တိုးတိုးလေး တောင်းပန်လိုက်သည်။

"နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား... ၁၀ တုံးလောက်ဆိုရင်ရော... ကျွန်တော့်မိသားစုက ဆင်းရဲပါတယ်... အဲ့လောက်ငွေ မတတ်နိုင်ပါဘူး"

လျူရှောင်ရူ လျှော့ပေးချင်သော်လည်း ကျန်းယွင်နန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ရှင် ပိုက်ဆံမပေးချင်ရင်... ရှင်တို့ သားအမိကို ကိုယ်ကျင့်တရားပျက်ပြားမှု၊ လိမ်လည်မှုနဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ လှည့်ဖြားမှုတွေနဲ့ တရားစွဲခိုင်းလိုက်မယ်"

All Chapters