အခန်း (၁၂၁)
Vol. 9 Ch. 121
အခန်း-(၁၂၁)
ကျင်းရွှီယန်းရဲ့ စကားကိုကြားသောအခါ
ကျိူးလီဇီက "မင်းဒဏ်ရာရှိမရှိ ငါစစ်ဆေးနေတာ။ အဲဒီအဖိုးအိုက ငါတို့ကို ချက်ချင်းပဲတိုက်ခိုက်ခဲ့တာ ကံကောင်းလို့ မင်းကသူ့ကို မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး သတ်လိုက်တာ။ အစ်ကိုယန်း မင်းက အံ့သြစရာပဲ"လို့ ပြောလိုက်တယ်။
သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်းက အံ့သြသွားပြီး "အာ့ဇီ မင်းကကိုယ့်ကို အပြစ်မတင်ဘူးလား"လို့ မေးလိုက်တယ်။
"ဘာလို့ အပြစ်တင်ရမှာလဲ" လို့ သူမကပြန်မေးတယ်။
"အရပ်သားတစ်ယောက်ကို သတ်လိုက်တာ"
ခေါင်းကို သူ့ဘက်သို့ စောင်းငဲ့လိုက်ကာ ကျိူးလီဇီ က "ဒါပေမယ့် သူက ငါတို့ကို တိုက်ခိုက်တယ်။ ဆိုလိုတာက သူက ရည်ရွယ်ချက်ဆိုးရှိပြီး ရန်သူဆိုတဲ့ အနေအထားမှာ ရပ်တည်နေတာ၊ ငါတို့ကို သတ်ချင်နေတဲ့လူကို သတ်လိုက်တာက ဘာဖြစ်လဲ ၊ ငါတို့က ကိုယ့်ကိုကိုယ် ကာကွယ်နေတာပဲ"
ထိုစကားတွေကိုကြားလိုက်သောအခါတွင် ကျင်းရွှီယန်းရဲ့နှုတ်ခမ်းထောင့်ကလေးက အနည်းငယ်ကြွလာသည်။ သူက ချက်ချင်းပဲခေါင်းညိတ်ပြီး "အာ့ဇီ မှန်တယ်" ဟု တိုးတိုးလေးပြောလိုက်သည်။
သူကပုံမှန်ပြန်ဖြစ်သွားကြောင်းကို အတည်ပြုပြီးနောက်မှ ကျိူးလီဇီက လူအုပ်စုကို လှည့်ကြည့်လိုက်ပြီး "မင်းတို့က ဘယ်သူတွေလဲ ၊ အဲဒီအဘိုးကြီးက ငါတို့ကို ဘာလို့ တိုက်ခိုက်တာလဲ"လို့ မေးလိုက်တယ်။
လူတစ်စုကလည်း သူတို့ဟာနောက်ထပ် ဒါရိုက်တာယောင် ဖြစ်လာမှာကို ကြောက်ပြီး အမြန်ရှင်းပြလိုက်ကြတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ စကားပြောနေတဲ့ လူတွေအများကြီးကြောင့် ကျိူးလီဇီက သူတို့ရဲ့ စကားတွေကို ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ပါဘူး။
စိတ်ဆိုးစွာဖြင့် "ရပ်တော့"လို့ အော်လိုက်တယ်။
ဒီစကားကိုကြားတာနဲ့ ဘယ်သူကမှ ပါးစပ်ကိုမဖွင့်ရဲတော့ဘူး။
သူမရဲ့ နာကျင်နေသော ခေါင်းကို ပွတ်သပ်ရင်း ကျိူးလီဇီ က လူငယ်တစ်ဦးကို လက်ညှိုးထိုးပြပြီး "မင်း ရှင်းပြ" ဟု ပြောလိုက်တယ်။
လက်ညိုးထိုးပြခံလိုက်ရတဲ့ လူငယ်ရဲ့ မျက်နှာက ဖြူဖျော့ဖျော့ဖြစ်သွားသည်။ တွန့်ဆုတ်ကာ မနေဝံ့ဘဲပြောလိုက်တယ် "အစ်မ ၊ မင်းကိုတိုက်ခိုက်တဲ့သူက ဒါရိုက်တာယောင် ပါ။ မင်းနဲ့မင်းသူငယ်ချင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"
"ငါတို့က စက်ရုံအလုပ်သမားတွေဖြစ်ပြီး ဒါရိုက်တာယောင် ရဲ့ အမိန့်ကိုလိုက်နာဖို့ အတင်းအကြပ် ခိုင်းစေခံရတယ်၊ မဟုတ်ရင်တော့ သတ်ပစ်တယ်။ အစ်မ ၊ ကျွန်တော်တို့က အသက်ရှင်ချင်သေးတယ်၊ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး"
ကျိူးလီဇီက အဖွဲ့ကိုကြည့်ပြီး "ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေအားလုံးက အမျိုးသားတွေလား"လို့ မေးလိုက်တယ်။
လူငယ်က ခေါင်းယမ်းပြီး "အမျိုးသမီး အလုပ်သမားတွေကိုတော့ ကော်ဖီဆိုင်မှာ သော့ခတ်ထားပြီး ဒါရိုက်တာယောင်ရဲ့ လူတွေက စောင့်ကြပ်နေတယ်။ ကျွန်တော်တို့ကတော့အစားအသောက်တွေကို ကော်ဖီဆိုင်ကို ပြန်သယ်ဖို့ တာဝန်ပေးခံထားရတယ်လို့ လူငယ်က ပြောလိုက်တယ်။
လူငယ်လေးက စကားဆုံးတော့ နောက်မှာ တခြားလူတစ်ယောက်ကဆက်ပြောလာတယ် "ဆိုးတာသာတစ်ခုခုဖြစ်ခဲ့ရင် ဖုတ်ကောင်တွေကို လှည့်စားဖို့အတွက် ငါတို့ကို ငါးစာဖြစ်သွားလိမ့်မယ်"
ထိုစကားကိုကြားသောအခါမှာတော့ ကျိူးလီဇီရဲ့မျက်လုံးများက အေးစက်သွားသည်။ သူမသည်လည်း အတိတ်ဘဝတုန်းက ဖုတ်ကောင်ရဲ့ ငါးစာဖြစ်ခဲ့ဖူးပြီး အသက်ရှင်ဖို့ အနိုင်နိုင်ကြိုးစားခဲ့ရတယ်။ ထို့ကြောင့် သူမက ငါးစားလို့ခေါ်သော အရာတွေရဲ့ ကြောက်စရာတွေကို နားလည်ထားသည်။
သူမ လက်သီးတွေကို တင်းတင်းဆုပ်ပြီး "ဒီအဘိုးကြီးက သေဖို့ ထိုက်တန်တယ်" လို့ ပြောလိုက်တယ်။
သူတို့နှစ်ယောက်က သတ်ဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့လိုက်ရတော့ လူလတ်ပိုင်းတစ်ယောက်ဟာ အုပ်စုနောက်ကနေ ရုတ်တရက် ပြေးထွက်လာပြီး ကျိူးလီဇီ အနားမှာ ဒူးထောက်လိုက်ပါတယ်။
“ရဲဘော် ၊ ကျေးဇူးပြုပြီး ငါ့သမီးကို ကယ်ပေးပါ” လို့ ဒေါသတကြီးနဲ့ ပြောရင်း ခေါင်းကို မြေကြီးနဲ့တိုက်ပြီးဦးချတယ်။
ကျိူးလီဇီက အံ့အားသင့်သွားပြီး "မတ်တပ်ရပ်ပြီး စကားပြောပါ" ဟုပြောရင်း သူ့ကို ရှောင်ရန် ဘေးသို့ အမြန်ထွက်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ဦးချတာကို ရပ်လိုက်သော်လည်း မတ်တပ်မရပ်ပေ။ “ရဲဘော် ၊ ငါ့သမီးကို ဒါရိုက်တာယောင် နဲ့ သူ့လူတွေက ချုပ်နှောင်ထားတယ်။ အနူးအညွတ်တောင်းပန်ပါတယ် သူမရဲ့ အသက်ကိုကယ် ပေးပါ"ပြောပြီး သူ့နဖူးပေါ်က သွေးတွေကိုတောင် မသုတ်လိုက်ဘူး။
သူ ငိုနေတာကို မြင်တော့ ကျိူးလီဇီက
ကျင်းရွှီယန်းကို ကြည့်ပြီး ခေါင်းညိတ်ပြသည် ။
သူမက သက်လတ်ပိုင်းအမျိူးသားကို ဆွဲတင်လိုက်ပြီး "အားလုံးကထပြီး ဒီမှာ ခဏစောင့်ပါ" လို့ပြောလိုက်တယ်။
အားလုံးက ခေါင်းတညိတ်ညိတ်နဲ့ တယောက်ပြီးတယောက် မတ်တပ်ရပ်လိုက်ကြတယ်။ ကျိူးလီဇီက ဂိုဒေါင်ထဲသို့ ဝင်သွားတော့ ခတ်ထားသောသော့ကို အရည်ပျော် အောင်လုပ်ပြီး ထိုနေရာတွင် စောင့်နေတဲ့ ကျင်းရွှီယန်းကို တွေ့လိုက်ရသည်။
သူမက အထဲမှာဘာလုပ်နေလဲဆိုတာကို သူတို့ကမသိပေမယ့် ဆယ်မိနစ်လောက်ကြာတော့ သူမတို့ကထွက်လာပြီး တံခါးကိုပိတ်လိုက်တယ်။ ကျန်တဲ့ ဂိုဒေါင်တွေမှာလည်း အလားတူပုံစံပဲလုပ်တယ်။
တစ်နာရီလောက်ကြာတော့ လူလတ်ပိုင်းအရွယ်အမျိူးသားက သူတို့ကို ကော်ဖီဆိုင်ကို ခေါ်သွားတယ်။ စက်ရုံတွင် ကော်ဖီဆိုင်အများအပြားရှိကာ ဒါရိုက်တာယောင် နှင့် သူရဲ့လူများကတော့ ဧရိယာ D ရဲ့ ဂိုဒေါင်အနီးတွင် နေရာယူခဲ့သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက နှစ်ထပ်တိုက်ကို ညွှန်ပြပြီး "ရဲဘော်၊ အဲဒီ ကော်ဖီဆိုင်ပဲ၊ ငါ့သမီးနဲ့ တခြားအမျိုးသမီးတွေကို ဒုတိယထပ်မှာ သော့ခတ်ထားတယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြပြီးပြောလိုက်တယ် "ငါ့သူငယ်ချင်းနဲ့ လိုက်ခဲ့မယ်။ မင်းတို့အားလုံးက ဒီကပဲ စောင့်ပြီး အသံမထွက်နဲ့။ မင်းတို့သာ ငါ့နှင့်ငါ့သူငယ်ချင်းအပေါ်တစ်ခုခုကြံစည်ဝံ့ရင် မင်းလဲအဲဒီအဘိုးကြီးလို ဖြစ်သွားလိမ့်မယ်။ မင်းနားလည်လား"
သူမရဲ့သတိပေးချက်ကိုကြားသောအခါ လူအုပ်စုက လျင်မြန်စွာ ခေါင်းညိတ်ပြီး “ငါတို့က အာ မခံဝံ့ပါဘူး” ဟုဆိုသည်။
ကျင်းရွှီယန်းက သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး "ဒါဆို ပိုကောင်းတာပေါ့" လို့ပြောလိုက်တယ်။
သူတို့ထွက်သွားပြီးနောက်မှ လူအုပ်စုက သက်ပြင်းတစ်ချက်ချလိုက်သည်။ လူငယ်တစ်ယောက်က သက်လတ်ပိုင်းအဘိုးအိုကို ကြည့်ကာ "ဦးလေးချင်၊ မင်းရဲ့သမီးလေး က သွားနှင့်နေပြီလေ၊ ဘာလို့ သူ့ကို ကယ်တင်ပေးဖို့ တောင်းဆိုနေတာလဲ"
အန်ကယ်ချင်ရဲ့ မျက်လုံးများက နီရဲနေပြီး သူကအံကြိတ်ကာ "ဘာပဲ ဖြစ်ဖြစ် ငါ့သမီးကို သေအောင် နှိပ်စက်တဲ့ အကောင်တွေ သေသွားတာ သေချာအောင် ငါကလုပ်ပေးမယ်"လို့ ပြောလိုက်တယ်။
ထိုလူရဲ့မျက်လုံးထဲမှ အမုန်းတရားတွေကိုမြင်တော့ လူငယ်က သက်ပြင်းသာချပြီး သူ့ကို ဆွဲဆောင်ဖို့ မကြိုးစားကြ တော့ဘူး။
သူတို့နှင့် မနီးမဝေးက ကျိူးလီဇီ နှင့် ကျင်းရွှီယန်း တို့ကတော့ ထိုစကားစမြည်ကို ကြားလိုက်ရသည်။ သူတို့ဘာတွေလုပ်နေလဲဆိုတာကို သိဖို့ကို တမင်တကာပဲ ဖြည်းဖြည်းချင်း လျှောက်သွားနေကြတယ်။
သူတို့အတွက် ထောင်ချောက်တစ်ခု ချထားလိမ့်မည်ဟု ထင်ခဲ့ကြတယ်။ မမျှော်လင့်ဘဲ သူ့သမီးသေဆုံးမှုကို လက်စားချေလိုသော ဖခင်တစ်ဦးဖြစ်ခဲ့သည်။
သူတို့ကို စောင့်နေတဲ့ ထောင်ချောက်မရှိတာကြောင့် သူတို့နှစ်ယောက်က ခြေလှမ်းတွေကို အရှိန်မြှင့်ကာ ပြတင်းပေါက်ကနေ ကော်ဖီဆိုင်အတွင်း အခြေအနေကို စစ်ဆေးဖို့ သွားခဲ့ကြတယ်။
ကော်ဖီဆိုင်ရဲ့ ဒီဇိုင်းက လင်အန်းတက္ကသိုလ်ရဲ့ ကော်ဖီဆိုင်နှင့် ဆင်တူသည်။ ဒါရိုက်တာယောင်ရဲ့ လူများက ဒုတိယထပ်နှင့် ဆိုင်ရဲ့အရှေ့ခန်းမတွင်သာ ကင်းလှည့်ကြောင်း အတည်ပြုပြီးနောက်တော့ စားသောက်ခန်းနှင့် ကုန်လှောင်ရုံနှင့် ချိတ်ဆက်ထားသော အနောက်တံခါးကို အသုံးပြု၍ အဆောက်အဦးထဲသို့ ခိုးဝင်ခဲ့ကြသည်။
အအေးခန်းထဲသို့ လျှောက်သွားနေရင်းပဲ
ကျိူးလီဇီက ကျင်းရွှီယန်းရဲ့လက်ကိုဆွဲကာ "အစ်ကိုယန်း သိုလှောင်ခန်းကို အရင်စစ်ဆေးကြည့်ရအောင်" လို့ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်လိုက်ပြီး တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာတော့ လက်ကိုင်က အရည်ပျော်သွားပြီး အခန်းကိုဖွင့်လိုက်တယ်။ အထဲက လေအေးတွေ မှုတ်ထုတ်နေတာကို ခံစားမိတော့ နှစ်ယောက်သားက ပြုံးလိုက်ကြတယ်။