အခန်း (၁၂၄)
Vol. 9 Ch. 124
အခန်း-(၁၂၄)
အမျိုးသမီးအုပ်စုက သူမတို့ရဲ့ မိသားစုထံသို့ မသွားဘဲ မြေပြင်ပေါ်ရှိ လက်နက်များကိုသာ ကောက်လိုက်ကြတယ်။ သူမတို့က အစောင့်များဆီသို့ လျှောက်သွားကာ အစောင့်များကို လက်နက်များဖြင့် ချိန်ရွယ်လိုက်သည်။
အမျိုးသမီးများက အစောင့်များကို လက်နက်များဖြင့်ထိုးပစ်လိုက်ခြင်း သို့မဟုတ် သူတို့ရဲ့ အရိုးများကို ကြေမွသွား စေခြင်းတို့ကို အသက်ရှင်ကျန်ရစ်သူအုပ်စုက ထိတ်လန့်စွာဖြင့် စောင့်ကြည့်ခဲ့ကြသည်။
ချွန်ထက်သောလက်နက်ရှိသူတို့ကတော့ အစောင့်တွေရဲ့ ခြေလက်အင်္ဂါများကိုသာမကဘဲ ၎င်းတို့ရဲ့ဦးခေါင်းကိုပါ ဖြတ်တောက်ပစ်လိုက်ကြသည်။ တုံးတိလက်နက်တွေကို ကိုင်ဆောင်ထားသူများကတောါ ဒေါသူပုန်ထကာ အော်ဟစ်လို့ အစောင့်ရဲ့ အောက်ပိုင်းကိုယ်ထည်များကို ဆက်လက်ရိုက်ချိုးကြတယ်။
ခဏကြာအမှာတော့ ခန်းမတစ်ခုလုံးက အစောင့်တွေရဲ့ သနားညှာတာဖို့ အော်ဟစ်သံတွေနဲ့ ပြည့်နှက်နေပြီး အမျိုးသမီးရဲ့ ကျိန်ဆဲသံတွေနှင့်အော်ဟစ်သံတွေနဲ့အတူ ရောနှောနေသည်။
နောက်ဆုံးတော့ မိနစ်နှစ်ဆယ်အကြာမှာမှ ကျိူးလီဇီက "လုံလောက်ပြီ။ သူတို့သေသွားပြီ"လို့ ပြောလိုက်တယ်။
ထိုစကားကိုကြားပြီးမှသာ အမျိုးသမီးများက ရပ်တန့်ကာ မြေပေါ်သို့ လဲကျသွားပြီး ငိုယိုကြသည်။
"မင်းတို့အားလုံးက သွေးတွေကို အရင်ဆေးကြောလိုက်သင့်တယ်။ မဟုတ်ရင် ဖုတ်ကောင်တွေကို ဆွဲဆောင်မိသွားလိမ့်မယ်" ဟု ကျိူးလီဇီက သူတို့ထံလျှောက်လာစဉ်တွင် ပြောကြားခဲ့တယ်။
သူမရဲ့လက်ကို မြှောက်ကာ ရေဘော်လုံးကြီးနှစ်လုံးကို ဖန်တီးလိုက်သည်။ အမျိုးသမီးများကိုလာ၍ သွေးလာဆေးရန် အမူအရာပြတယ်။ မည်မျှ ထောက်ထားစာနာတတ်တာကို မြင်တော့ အမျိုးသမီးအုပ်စုက ခေါင်းညိတ်ကာ သူမရဲ့ ညွှန်ကြားချက်များကို လိုက်နာကြသည်။
သူမတို့က သူမရဲ့ ခွန်အားနှင့် စွမ်းအားအတွက် သူမကို ချီးကျူးရုံသာမကဘဲ သူမရဲ့အသက်ကယ်ခြင်းအတွက်ပါ ကျေးဇူးတင်ကြသည်။ သူမတို့ခန္ဓာကိုယ်က သွေးတွေကို ဆေးကြောသန့်စင်ပြီးတဲ့အခါမှာတော့ ကျိူးလီဇီက လက်သီးကို ဆုပ်ပြီး ရေဘောလုံးတွေကို ဆူပွက်လာစေလိုက်တယ်။
ရေဘောလုံးတွေကို ရေငွေ့အဖြစ်ပြောင်းဖို့က ဆယ်မိနစ်လောက်ပဲ့ကြာတယ်။ သူမပြီးသွားသောအခါတွင်တော့ ကျင်းရွှီယန်းက မြေပြင်ပေါ်ရှိ အသားများ၊ အရိုးများနှင့် သွေးများအားလုံးကို ပြာအဖြစ်သို့ မီးရှို့ပြီးဖြစ်သည်။
ကောင်းကင်က မှောင်စပြုလာတဲ့အတွက် သူက ကျိူးလီဇီ ကို ကြည့်ပြီး "အာ့ဇီ ကိုယ်တို့ စခန်းကို အရင်ပြန်ပြီး မနက်ဖြန်မှ ပြန်လာသင့်တယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီးပြန်ပြောလိုက်တယ် "ကောင်းပြီ"
သူတို့ထွက်သွားတာကိုမြင်တော့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က “ဘယ်သွားမလို့လဲ” လို့မေးတယ်။
ကျိူးလီဇီက တံခါးကိုဖွင့်ပြီး "ငါတို့ထွက်သွားတော့မယ်၊ မင်းတို့က လွတ်လွတ်လပ်လပ်နေလို့ရတယ် ၊ ငါတို့နောက်ကိုလိုက်ချင်လဲလိုက်ခဲ့" လို့ပြောလိုက်တယ်။
သူမက ပြောပြီးတာနှင့် နောက်ပြန်လှည့်မကြည့်တော့ဘဲ ကျင်းရွှီယန်း နှင့် ထွက်သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူတွေက သူမနောက်ကို လိုက်ဖို့ တွန့်ဆုတ်နေပေမယ့် အမျိုးသမီးတွေကတော့ လိုက်ခဲ့ကြတယ်။ သူမတို့ထွက်သွားတုန်းက မိသားစုတွေကိုတောင် မကြည့်ခဲ့ဘူး။
သူမတို့ အသက်ရှင်လျက် ပြန်လာတာကို မိသားစုတွေက ဘယ်လောက်ပဲ ဝမ်းသာနေပါစေ၊ သူမတို့စိတ်ထဲက မိသားစုအပေါ် စိတ်ပျက်မိတဲ့ ခံစားချက်ကိုတော့ မပယ်ဖျောက်နိုင်ခဲ့ဘူး။
သူမတို့အနိုင်ကျင့်ခံရတဲ့အချိန်မှာ သူမတို့မိသားစုဆိုတဲ့သူတွေက သူမတို့ကို ကယ်တင်ဖို့ ဘာမှမလုပ်ခဲ့ဘူး။ တစ်ချို့က ခေါက်ဆွဲခြောက်ထုပ် ဒါမှမဟုတ် ရေတစ်ပုလင်းနဲ့တောင် လဲလှယ်ကြတယ်။
ဒီလိုမျိုး ဆွေမျိုးမိသားစုတွေ ရှိမနေတော့ဘူး။
သူတို့ထွက်သွားတာကိုမြင်တော့ ကော်ဖီဆိုင်ထဲက ကျန်တဲ့သူတွေကလည်း ပစ္စည်းတွေအမြန်ကောက်ပြီး နောက်ကလိုက်ကြသည်။
လိုက်လာသူတွေအများကြီးရှိတာကြောင့်
ကျိူးလီဇီက သူမရဲ့ကားကို နေရာကနေမထုတ်ဘဲ ကျင်းရွှီယန်းနှင့်အတူ လမ်းလျှောက်ပြန်ခဲ့ပါတယ်။
သူတို့နှစ်ဦးက လမ်းကိုဦးဆောင်နေသဖြင့် အသက်ရှင်ကျန်ရစ်သူများကလည်း အသတ်ခံရမည်ကို စိုးရိမ်သဖြင့် ကျယ်လောင်စွာ စကားမပြောဝံ့ကြပေ။
ဒီတစ်ခါမှာတော့ သူတို့နှစ်ယောက်က စက်ရုံကနေ ထွက်သွားဖို့ လမ်းကြောင်းအမျိုးမျိုးကို လျှောက်ခဲ့ကြတယ်။ လူအများအပြားကြောင့် အနီးနားရှိ ဖုတ်ကောင်များကို ဆွဲဆောင်မိခဲ့သည်။
အဝေးက ဖုတ်ကောင်တွေရဲ့ ဟောက်သံကိုကြားတော့ ကျင်းရွှီယန်းက "အရှေ့မှာ ဖုတ်ကောင်အုပ်စုရှိနေပြီ"လို့ ပြောလိုက်တယ်။
သူ့ရဲ့စကားကြောင့် အသက်ရှင်ကျန်ရစ်သူများရဲ့ မျက်နှာများက ဖြူဖျော့သွားကာ သူတို့ရဲ့ခန္ဓာကိုယ်များကတော့ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။
ကျိူးလီဇီက သူမရဲ့ ဓားမြှောင်ကို ထုတ်ယူပြီး "အသက်ရှင်ချင်ရင် မင်းတို့ကတိုက်ခိုက်ရမယ်။ ငါတို့ကတော့ မင်းတို့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး" လို့ပြောလိုက်တယ်။
သူမစကားဆုံးတာနှင့်တစ်ပြိုင်နက် လမ်းကြောင်းများစွာမှဖုတ်ကောင်များစွာပေါ်လာကြပြီး အုပ်စုဖွဲ့ကာ လမ်းကိုပိတ်ဆို့လိုက်သည်။
အဆင့်တစ်ဖုတ်ကောင်များက ပြေးသောအခါတွင် လူသားများကဲ့သို့ လျင်မြန်ခြင်းမရှိပါ။ တကယ်တော့ သူတို့ရဲ့ ရွေ့လျားမှုနှုန်းက လူတွေ ခပ်သွက်သွက် လမ်းလျှောက်တာ နဲ့အတူတူပါပဲ။
အကယ်၍ ဤအသက်ရှင်ကျန်ရစ်သူများသာ တွေးတောနိုင်ရန် အလွန်မကြောက်နေပါက သူတို့က ရိုးရိုးရှင်းရှင်းပဲ့ ထွက်ပြေးနိုင်တာကို သိရှိသွားမည်ဖြစ်သည်။ ကံမကောင်းစွာနဲ့ပံ အများစုကတော့ ကြောက်ရွံ့မှုကြောင့် မျက်စိကွယ်ကာ ဤအချက်ကို လျစ်လျူရှုမိကြသည်။
"ရားးး"
အသက်ရှင်ကျန်ရစ်သူများသည် ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများကိုကြားသောအခါမှာတော့ အော်ဟစ်ကာ ပုန်းအောင်းရန် နေရာရှာကြတယ်။
ဖုတ်ကောင်များက မီတာအနည်းအကွာအဝေးတွင် ရောက်လာတဲ့အခါ ကျိူးလီဇီက "မင်းတို့ သတ်လို့မရဲရင် ပုန်းနေလိုက်။ ဒါပေမယ့် အသံတော့မထွက်နဲ့ မဟုတ်ရင်ဖုတ်ကောင်တွေကို ပိုဆွဲဆောင်မိသွားလိမ့်မယ်" လို့ပြောလိုက်တယ်။
ပြီးတာနှင့် သူမက ဓားမြှောင်ကို ကိုင်ကာ ဖုတ်ကောင်များဆီသို့ ပြေးသွားခဲ့သည်။ တစ်ချက်ခုတ်လိုက်တာနဲ့ ဆံပင်ကျဲကျဲနှင့် ပုပ်ပွနေသော ဦးခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလာသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူ့ဓါးရှည်ကို ဓါးအိမ်ထဲပြန်ထည့်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်မီးတောက်တွေက ဓားကို ဖုံးလွှမ်းသွားတယ်။ နေရာမှာပဲ ရပ် နေရင်း ဒူးကိုကွေးပြီး အလျားလိုက် ခုတ်လိုက်တယ်။
" ဘွန်းး"
လခြမ်းပုံသဏ္ဌာန်ရှိသော မီးတောက်ဓားကို ဖုတ်ကောင်များဆီသို့ ပစ်ခတ်ကာ ဖုတ်ကောင်တွေကို တစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။ သူတို့ရဲ့ ခန္ဓာကိုယ်များက နှစ်ပိုင်းကွဲသွားသောအခါမှာပဲ အနက်ရောင်မီးတောက်များက ချက်ချင်းကို လောင်ကျွမ်းသွားပြီး ဖုတ်ကောင်များရဲ့ အလောင်းများကို လောင်ကျွမ်းစေခဲ့သည်။
ဒါကိုမြင်လိုက်ရတော့ အားလုံးရဲ့ မျက်လုံးတွေမှာ အံ့သြမှု တွေပြည့်နှက်သွားကြတယ်။ သူတို့နှစ်ယောက်က သန်မာမှန်းသိပေမယ့် သူတို့ကဒီလောက်တောင် အစွမ်းထက်မယ်လို့တော့ မမျှော်လင့်ထားခဲ့ကြဘူး။
အသက်ရှင်ကျန်ရစ်သူ အများစုက ပုန်းအောင်းနေကြသော်လည်း အမျိုးသမီးအချို့က ကျန်နေခဲ့တယ်။ သူမတို့ရဲ့ မျက်နှာများက ဖြူဖျော့နေကြသော်လည်း လက်နက်များကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ကျိူးလီဇီ သူမတို့ရဲ့ တုန်တုန်ယင်ယင် ခန္ဓာကိုယ်နှင့် ထိတ်လန့်နေသော အမူအရာများကို သတိပြုမိသော်လည်း၊ သူမတို့ရဲ့ စိတ်ပိုင်းဖြတ်မှုနှင့် အသက်ရှင်လိုသော ဆန္ဒကိုလည်း သူမ မြင်တွေ့ခဲ့ရသည်။ သူမတို့က သတ္တိရှိဖို့ပဲ လိုတာကြောင့် ကူညီပေးဖို့တော့ စိတ်မ၀င်စားဘူး။
သူမကို တိုက်ခိုက်လာတဲ့ ဖုတ်ကောင်တစ်ကောင်ကို အဝေးဆီကန်ထုတ်ပြီးနောက်တော့ သူမရဲ့ဓားမြှောင်ကို လွှဲလိုက်တယ်။ အနံတစ်မီတာနီးပါးရှိသော လခြမ်းပုံသဏ္ဍာန်ရှိသော ရေဓါးတစ်ချောင်းက အရှေ့သို့ပြေးထွက်သွားပြီး ဖုတ်ကောင်များစွာကို ချက်ချင်းခေါင်းဖြတ်လိုက်သည်။
တစ်ချက်လှုပ်ရုံဖြင့်ပင် ခေါင်းပေါင်းများစွာက မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားပြီး နောက်တော့မှ ဦးခေါင်းမရှိသော အလောင်းများက တစ်ခုပြီးတစ်ခု လှဲကျသွားသည်။
သူမကလှည့်ကြည့်လိုက်ပြီးတော့ "မကြောက်နဲ့။ ဒီဖုတ်ကောင်တွေက နှေးတယ်။ မင်းတို့ကသာ သတိနှင့်စောင့်ကြည့်နေသရွေ့တော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်နိုင်ပြီ" လို့ ပြောလိုက်တယ်။
"သူတို့ကို သတ်ချင်ရင် ခေါင်းကို ပစ်မှတ်ထား။ ခုတ်ပစ်သည်ဖြစ်စေ ထုချေတာဖြစ်ဖြစ် ဦးနှောက်ကိုတော့ ဖျက်ဆီးပစ်ရမယ်"
အမျိုးသမီးအုပ်စုက သူမစကားကိုကြားတော့ ခေါင်းညိတ်ပြသော်လည်း ခြေထောက်များက တုန်ယင်နေပြီး ဒူးများကလည်း အားနည်းနေသည်။ သူမတို့အဖွဲ့ထဲက မီးဖိုချောင်သုံးဓားကိုကိုင်ဆောင်ထားသော အမျိုးသမီးကတော့ သူမရဲ့ သတ္တိကို စုဆောင်းပြီး ဖုတ်ကောင်များဆီသို့ ပြေးသွားခဲ့တယ်။
"ရားးး"
သူမနှင့် နှစ်မီတာအောက်အကွာအဝေးက ဖုတ်ကောင်တစ်ကောင်က သူမရဲ့လည်ချောင်းကို ချွန်ထက်သောသွားများဖြင့် ချိန်ရွယ်ကာ ဖုတ်ကောင်တစ်ကောင်ကတော့ သူမကို လှမ်းကြည့်လာသည်။
ပုပ်ပွနေသော မျက်နှာက အနီးကပ်လာသောအခါမှာတော့ မျက်လုံးများကို မှိတ်မသွားအောင်ဖိအားပေးလိုက်ပြီး သွားကိုတော့တင်းတင်းစေ့ကာ ထားလိုက်သည်။ မျက်ရည်ကျနေသော မျက်လုံးများဖြင့် သူမရဲ့ခန္ဓာကိုယ်ကို ဘေးဖက်သို့ ရွှေ့ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။