← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

‎အခန်း-(၁၂၇)

‎

‎

‎သူမက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ် "အားလုံးသိတဲ့အတိုင်းပဲ၊ အားလပ်ရက်တွေမှာတောင် ဆေးရုံတွေက အမြဲပြည့်ကျပ်နေတာ အခုဆို ဆေးရုံတွေက ဖုတ်ကောင်တွေနှင့်ပြည့်နေတဲ့ အန္တရာယ်အရှိဆုံးနေရာတွေထဲက တစ်ခုပဲ့"

‎

‎

‎"ငါတို့ ဆိုမပြောနဲ့ အရမ်းအစွမ်းထက်တဲ့ စွမ်းရည် အသုံးပြုသူတွေတောင် ဆေးရုံက ဆေးဝါးတွေကို မရနိုင်ဘူး။ ဒါကြောင့် ဖျားနာတာကို ကုသတာမျိူးထက် ပထမဦးဆုံးအနေနဲ့ ကာကွယ်တာက ပိုကောင်းပါတယ်"

‎

‎

‎သူမရဲ့ ကျိုးကြောင်းဆင်ခြင်မှုရှိတဲ့စကားကို ကြားတဲ့အခါ အသက်ရှင်ကျန်ရစ်သူများသည် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တွေ့ရှိခဲ့သွားပြီး ခေါင်းညိတ်သဘောတူခဲ့ကြသည်။

‎

‎

‎"ဒါပေမယ့် အစ်မ ရေသောက်ဖို့တောင် အဆင်မပြေတာ။အဝတ်လျှော်ဖို့ အရမ်းသုံးရတာမျိူးက အဆင်ပြေပါ့မလား" လူငယ်တစ်ယောက်က မေးတယ်။

‎

‎

‎"အစ်ကို စိတ်မပူပါနဲ့။ စစ်သားတွေနှင့် မထွက်သွားခင် လူတိုင်းရဲ့ ရေဘူးတွေကို ကျွန်မကသေချာဖြည့်ပေးလိုက်မယ်။ စစ်သားတွေကိုလည်းပေး မင်းတို့အတွက်လည်း ကိုယ်ပိုင် ထောက်ပံ့မှု ရလိမ့်မယ်" ဟု ကျိူးလီဇီက သူ့ကို အာမခံသည်။

‎

‎

‎သူမရဲ့ကတိစကားကိုကြားတော့ လူတိုင်းက နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားကြပါတယ်။ စခန်းကိုရောက်ကတည်းက စစ်သားတွေက သူတို့အတွက် အစားအသောက်နှင့်သောက်ရေတွေ ဘယ်လိုပြင်ဆင်ထားလဲဆိုတာကို သူတို့ကတွေ့ခဲ့ရတယ်။

‎

‎

‎ရိက္ခာတွေက ဘယ်မှာ သိမ်းထားမှန်း မသိပေမယ့် စစ်သားတစ်ယောက်ဟာ လေထဲက ရေတွေ ဖန်တီးပြီး သောက်သုံးရေအတွက် အသုံးပြုနေတာကို တွေ့ခဲ့ရပါတယ်။

‎

‎

‎လူတိုင်းက ရေချိုး အဝတ်လျှော်နေစဉ်တွင်

‎ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ကတော့ လင်းယုန်အဖွဲ့နှင့် တွေ့ဆုံ နေကြသည်။

‎

‎

‎ဝိန့်မို နှင့် ဝိန်ခိုင်တို့ကို သတ္တုအပိုင်းတစ်ခုဖန်တီးပေးရန် တောင်းဆိုမည့်အစား‎ ကျန်းယွမ် နှင့် ကျို့ဟွာကျဲ့ တို့က သူတို့ရဲ့သစ်သားနှင့် မြေအမျိုးအစားစွမ်းရည်များကို အသုံးပြုကာ 20 စတုရန်းမီတာကျယ်သော ရိုးရှင်းသောအခန်းကို တည်ဆောက်ခဲ့ကြသည်။

‎

‎

‎အခန်းအလယ်တွင်တော့ သစ်သားကုလားထိုင်များစွာပါသော သစ်သားစားပွဲတစ်ခုရှိသည်။

‎ကျင်းရွှီယန်း၊ကျန်းယွမ် နှင့် ဝေယင်းတို့က စားပွဲဝိုင်းတွင် ထိုင်ကြပြီး ကျန်အဖွဲ့သားများကတော့ သူတို့ရဲ့ အနောက်တွင် ရပ်နေကြသည်။

‎

‎

‎ကျန်းယွမ်က ဝေယင်းဆီ ထောက်ပံ့ရေးရိက္ခာစာရင်းကို ပေးလိုက်ပြီး "ဗိုလ်ကြီးဝေ၊ ဒါက မင်းတို့အဖွဲ့နှင့် အသက်ရှင်ကျန်ရစ်သူတွေအတွက် ငါတို့ပြင်ဆင်ထားတဲ့ ရိက္ခာစာရင်းပါ။ လောလောဆယ်တော့ ငါတို့မှာ ဆေးဝါးမရှိဘူး၊ ဒါကြောင့် မင်းတို့ကို စခန်းပြန်ခရီးမှာပဲ ရှာခိုင်းရတော့မယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ဝေယင်းက စာရင်းကို ဖတ်ကြည့်လိုက်ပြီးနောက်တော့ မျက်မှောင်ကြုတ်သွားသည်။ သူက စာရင်းကိုချပြီး "အဘိုးကြီးကျန်း၊ မင်းရဲ့စာရင်းမှာပါတဲ့ ပစ္စည်းတွေက ငါတို့အတွက် နှစ်ပတ်လောက်ကြာအောင်ပဲ့ လုံလောက်တယ်" လို့ ပြောလိုက်သည်။

‎

‎

‎ကျန်းယွမ်က ကပ္ပတိန်ဖြစ်သူအား လှမ်းကြည့်လိုက်သော်လည်း တိတ်ဆိတ်နေ၏။ ဒါကို သတိပြုမိတော့ ဝေယင်းက ကျင်းရွှီယန်း ဘက်ကိုလှည့်ပြီး "မင်းက ငါ့ကို တစ်လစာပေးမယ်လို့ ကတိမပေးထားဘူးလား ၊မင်းက စကားကိုပြန်ပြောင်းပြောအုံးမှာလား"

‎

‎

‎ကျင်းရွှီယန်းက လက်ညှိုးကို စားပွဲပေါ်မှာတတောက် တောက်‌ ခေါက်နေပြီး "ဝေယင်း ဒီနေ့ပဲ မျိုးစေ့စက်ရုံမှာ ဆန်ကြမ်းတွေ တွေ့ခဲ့ပြီး ခွဲယူဖို့ လုံလောက်တယ်။ မနက်ဖြန်ကြရင် ရိက္ခာတွေစုဆောင်းဖို့အတွက် မင်းတို့အဖွဲ့ကို ခေါ်သွားမယ်"

‎

‎

‎"ဒါလိုမှမဟုတ်ဘဲ မင်းက ဆန်နှင့် အစေ့အဆန်တွေအစား အသင့်စားခေါက်ဆွဲ ဒါမှမဟုတ် အသင့်စားဟင်းတွေကို ပဲကြိုက်ရင်တော့ မင်းအတွက် ငါ စီစဉ်ပေးလို့ရတယ်" လို့ သူက ပြုံးပြုံးလေး ပြောတယ်။

‎

‎

‎ဒါကိုကြားတော့ လင်းယုန်အဖွဲ့ရဲ့ မျက်လုံးတွေက တောက်ပလာတယ်။ ဆန်နှင့် အစေ့အဆန်တွေသာ ရနိုင်ရင် ခေါက်ဆွဲခြောက်ကို ဘာကြောင့် လိုချင်ရမှာလဲ။

‎

‎

‎ဝေယင်းက ခဏလောက်စဉ်းစားပြီးမှ မေးလိုက်တယ် "ဘယ်လောက်လဲ"

‎

‎

‎ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့က ကျန်ဂိုဒေါင်ခရိုင်များကို မစစ်ဆေးခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူများရဲ့တုံ့ပြန်မှုများနှင့် ဂိုဒေါင်အဆောက်အအုံများရဲ့ အရွယ်အစားပေါ်မူတည်ပြီးကြည့်ရရင်တော့ ပမာဏက သေးငယ်မှာမဟုတ်ကြောင်း သေချာသည်။

‎

‎

‎"မင်းရဲ့အဖွဲ့နှင့် အသက်ရှင်ကျန်ရစ်သူတွေပါ ထွက်တွက်ရင်တောင် အနည်းဆုံးတော့ တစ်နှစ်ခွဲကြာအောင် လုံလောက်နိုင်တယ်" လို့ ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေလိုက်တယ်။

‎

‎

‎ဝေယင်းက စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်သောအမူအရာဖြင့် ထိန်းထားသည်။ ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူက "ကောင်းပြီ၊ မနက်ဖြန် မင်းတို့အဖွဲ့နဲ့ လိုက်ခဲ့မယ်" လို့ ပြောလာတယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး "ဒါဆို မင်းတို့အဖွဲ့က ထရပ်ကားတွေကို အရင်ပြင်ဆင်လိုက်တစ်ခုခုလိုရင်တော့ ငါ့အဖွဲ့ဝင်တွေကို မေးလိုက်ပေါ့။ သူတို့က မင်းအတွက် စီစဉ်ပေးလိမ့်မယ်"လို့ ပြောလိုက်သည်။

‎

‎

‎"ကောင်းပြီ"

‎

‎‎ သဘောတူညီမှုရပြီးတာနဲ့ ဝေယင်းကမတ်တပ်ထရပ်ပြီးသူ့အဖွဲ့ နှင့်အတူ အခန်းမှထဲထွက်သွားကြသည်။

‎

‎

‎

‎သူတို့ ထွက်သွားပြီးနောက်မှ ကျင်းရွှီယန်းက သူ့အဖွဲ့ဝင်တွေကို ကြည့်လိုက်ပြီး ပြောလိုက်တယ်"အခုတော့ ငါကစစ်တပ်ထဲကို ပြန်ဝင်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ အားလုံးက သဘောပေါက်သွားလောက်ပြီထင်တယ်။ ငါကအငြိမ်းစားယူဖို့ ဆုံးဖြတ်လိုက်ပြီ။ အခုလက်ရှိ အခြေအနေကြောင့် ဒီဆုံးဖြတ်ချက်က အဓိပ္ပါယ်မဲ့တယ်လို့ ထင်ကောင်းထင်ကြနိုင်တယ်"

‎

‎

‎"မနက်ဖြန်မှာ မျိုးစေ့စက်ရုံကို သွားပြီးရင်တော့ လင်းယုန်အဖွဲ့နဲ့ လမ်းခွဲလိုက်မယ်။ စစ်သား အဖြစ်ကျန်ချင်တဲ့သူတွေက ဝေယင်းနှင့်လိုက်သွားလို့ရတယ်၊ ငါမင်းတို့ကို မတားဘူး"

‎

‎

‎သူ့စကားကိုကြားတော့ စစ်သားတွေက အံ့ဩသွားကြတယ်။

‎

‎

‎စကားဆက်မပြောချင်တော့တာကြောင့် သူ့လက်ကို ဆန့်ထုတ်ပြီး ကျင်းရွှီယန်းက "ငါနဲ့နေဖို့ ရွေးချယ်တဲ့သူတွေအတွက်တော့ ကြိုဆိုပါတယ်။ ဒါပေမယ့် အခုကစပြီး ငါတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို ချမှတ်မှာဖြစ်ပြီး စစ်စည်းကမ်းတွေကို မလိုက်နာတော့ဘူး"

‎

‎

‎ထိုအချိန်တွင် ကုန်းပိုင်က သူ့လက်ကို မြှောက်လိုက်ပြီး "ဗိုလ်ကြီး ၊ မင်းရဲ့အစီအစဉ်က ဘာလဲ"လို့ မေးလာတယ်။

‎

‎

‎ကျင်းရွှီယန်းက သူ့ကို ကြည့်လိုက်ပြီး "ငါတို့ရဲ့ ညီအစ်ကိုတွေက ငါတို့လွတ်မြောက်နိုင်ဖို့အတွက် သူတို့အသက်ကို စတေးခဲ့ပြီးပြီ သူတို့ရဲ့မိသားစုတွေကို ရှာပြီး ကာကွယ်ပေးပါလို့ သူတို့က ကတိတောင်းခဲ့တယ်။ ဒါကြောင့် မိသားစုဝင်တွေကိုရှာဖို့ သူတို့ရဲ့မွေးရပ်မြေကို ခရီးထွက်မယ်"

‎

‎

‎"ဗိုလ်ကြီး ၊ မင်းမှာ စခန်းဆောက်ဖို့ အစီအစဉ်ရှိလား" လို့ရှန်းကျင်းဇီကလည်း မေးလာသည်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းခါလိုက်ပြီး "အခုလောလောဆယ်မှာတော့ ငါ့ရဲ့ဦးစားပေးက ကျဆုံးသွားတဲ့ ညီအကိုတွေကို ပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးဖို့ပဲ့။ ဒါကြောင့် တစ်နေရာတည်းမှာ အခြေချဖို့ မစီစဉ်ထားဘူး။ အဲဒီအစား ကြေးစားအဖွဲ့ကို ထူထောင်ချင်တယ်၊ အနာဂတ်မှာတော့ ဆုတွေရဖို့ မစ်ရှင်တွေ လုပ်မယ်"

‎

‎

‎သူ့ရဲ့အနာဂတ်အစီအစဉ်ကို ကြားသိပြီးနောက်တော့ စစ်သားအချို့က တုံ့ဆိုင်းသွားကြသော်လည်း မည်သူကမျှ သူတို့ရဲ့ အတွေးအမြင်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

‎

‎

‎ဒါကို ကျင်းရွှီယန်းက သတိပြုမိတာကြောင့် "မင်းတို့သာ ငါ့နောက်ကိုလိုက်ခဲ့မယ်ဆိုရင် လုံလောက်တဲ့ထောက်ပံ့မှုတွေ ဒါမှမဟုတ်ရင်လည်း တည်ငြိမ်တဲ့ဘဝအတွက် အာမခံချက်မရှိပဲ အသက်အန္တရာယ်ကို စွန့်စားရလိမ့်မယ်။ ဒါကြောင့် မင်းတို့က ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားပါ"

‎

‎

‎သူပြောပြီးသည်နှင့် တပြိုင်နက် ချင်လူဇီက ရှေ့သို့တိုးလာပြီး "ဗိုလ်ကြီး၊ ကျွန်တော်က မင်းနောက်ကို လိုက်ခဲ့မယ်" ဟု မဆိုင်းမတွ ပြောလာသည်။

‎

‎

ညီအစ်ကိုတွေဖြစ်တဲ့ ကျန်းယွမ်၊ ကုန်းပိုင်၊ ရှန်းကျင်းဇီ၊

‎ချန်ချန်းဖုန်း၊ ကျို့ဟွာကျဲ့၊ လီစီခိုင်၊ ရှောင်ချီ၊

‎ဖုန်းယွင် နှင့် ယင်းယွီရှန်း တို့ကလည်း ‎တစ်ယောက်ပြီးတစ်ယောက် အနောက်ကလိုက်လာကြတယ်။

‎

‎T/N> အစကတည်းကအဖွဲ့မှာနာမည်ဖော်ထားတဲ့သူအကုန်ပါတယ်<

‎

‎သူတို့က သူ့ကိုကြည့်ကာ “ဗိုလ်ကြီး၊ ငါတို့ မင်းနောက်ကို လိုက်မယ်” ဟု တညီတညွတ်တည်း ပြောကြသည်။

‎

‎

‎ကျင်းရွှီယန်းက သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုမြင်တော့ ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်လိုက်တယ်။

‎

‎

‎ထို့နောက် သူက အခြားသူများဘက်သို့လှည့်ကာ ပြောလိုက်တယ် "ကျန်တဲ့သူတွေက ဝေယင်းကို လက်တွဲဖို့ ရွေးချယ်ရင် အဆင်ပြေပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်။ ငါက မင်းတို့ကို အတင်းအကျပ် ခိုင်းစေမှာ မဟုတ်သလို မင်းတို့ကထွက်သွားဖို့ ဆုံးဖြတ်ထားရင်လည်း အပြစ်ရှိတယ်လို့ ခံစားနေဖို့မလိုဘူး"

‎

‎

‎

All Chapters