← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း-(၁၂၉)

‎အမျိုးသမီးကထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကျင်းရွှီယန်း က ကျိူးလီဇီရဲ့ကားဆီလျှောက်လာပြီး "အာ့ဇီ ကိုယ့်ကျောပိုးအိတ်ထဲမှာ မင်းအတွက် အမျိုးသမီးသုံးပစ္စည်းတွေ ရှိတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူ့ရဲ့ခြေသံကို သတိထားမိပြီး မေးလိုက်တယ်"ဘာတွေလဲ"

‎

‎

‎"သွားကြည့်လိုက်ရင် မင်းသိလိမ့်မယ်" ကျင်းရွှီယန်းက လျှို့ဝှက်ဆန်းကြယ်သလို လုပ်လိုက်တယ်။

‎

‎

‎စူးစမ်းလိုစိတ်ဖြင့် ကျိူးလီဇီက ကျင်းရွှီယန်းရဲ့ကျောပိုးအိတ်ကိုဆွဲယူပြီးဖွင့်လိုက်တယ်။ ထိုထုတ်ကုန်များကို မြင်လိုက်ရသည့်အခိုက်တွင်တော့ သူမရဲ့မျက်နှာက နီရဲလာသည်။ သူမကို လှည့်ကြည့်လိုက်ပြီး "မင်းဘာလို့ ဒါတွေယူလာတာလဲ" လို့မေးတယ်။

‎

‎

‎"ကိုယ်မင်းကိုလာရှာကတည်းက အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရတာ။ မင်းက ဘယ်တံဆိပ်ကိုသုံးလဲဆိုတာ ကိုယ်မသိဘူး၊ ဒါကြောင့် တစ်ခုချင်းစီယူလာခဲ့တယ်။ မင်းထပ်လိုအပ်ရင် စူပါမားကတ်မှာသွားယူလို့ရတယ်" ကျင်းရွှီယန်းကပြောလိုက်သည်။

‎

‎

‎ကျိူးလီစီက သူရဲ့စကားကြောင့် စကားမပြောနိုင်ဖြစ်သွားပြီး အတွင်းခံကိုပဲ စစ်ကြည့်နေတယ်။ သူမအတွက် ကွတ်တိကျတဲ့ အရွယ်အစားကို မြင်လိုက်ရတဲ့အခါမှာတော့ စိတ်ထဲမှာ သံသယတွေ ပေါ်လာတယ်။

‎

‎

‎သူမတို့ရဲ့ အတိတ်ဘဝတုန်းကတော့ ဘယ်တုန်းကမှ အဆက်ဆံမလုပ်ခဲ့ဖူးဘူး။ ဒါဆို သူမရဲ့အရွယ်အစားကို သူကဘယ်လိုသိတာလဲ။

‎

‎

‎ပစ္စည်းများကို ကြည့်နေသော်လည်း သူမရဲ့အာကာသထဲကို မစုဆောင်းတာကို မြင်လိုက်ရသဖြင့် ကျင်းရွှီယန်းက "အာ့ဇီဘာဖြစ်နေတာလဲ"လို့ မေးလိုက်တယ်။

‎

‎

‎သူ့အသံကိုကြားတော့ ကျိူးလီဇီက အာရုံတွေပြန်ဝင်လာတယ်။ ရှက်ရွံ့သွားပြီး သူမရဲ့နေရာလွတ်တွင် ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမတို့ရင်ဆိုင်ရမည့်အန္တရာယ်ကို တွေးတောရင်း သူမက နေရာလွတ်မှ ရေဘူးငါးပုလင်းကို ထုတ်ကာ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက သတိပြုမိပြီး ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူ့ရဲ့အာ့ဇီက သူ့မှာ သောက်ဖို့ ရေအလုံအလောက်မရှိမှာကို အမြဲစိုးရိမ်နေတယ်။

‎

‎

‎အစောင့်များနှင့် အသက်ရှင်ကျန်ရစ်သူများက တစ်ညလုံး အနားယူကြပြီး စက်ရုံအချို့ရဲ့အဆောင်များတွင် ပုန်းအောင်းနေသူများကတော့ ဖုတ်ကောင်အရေအတွက် ထက်ဝက်ကျော် လျော့နည်းသွားတာကို သတိပြုမိလိုက်ကြသည်။

‎

‎

‎အိပ်ဆောင်အပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ အသံတွေ ကြားခဲ့တာက ရက်အနည်းငယ် ကြာသွားခဲ့ပြီ။ အဲ့ဒီအချိန်ကတော့ သူတို့က စစ်သားတွေကို လာကယ်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အခုချိန်ထိ တစ်ယောက်မှ မလာခဲ့သေးဘူး။

‎

အခန်းများထဲတွင် ပုန်းအောင်းနေကြသူတွေရဲ့ နှလုံးသားများထဲတွင် ‎ကြောက်ရွံ့မှု ၊ စိတ်ပျက်အားငယ်မှုနှင့် စိုးရိမ်ပူပန်မှုများကပြည့်နှက်သည်။ အစာရေစာ မရှိတော့သဖြင့် နောက်ဆုံးတော့ အချို့ကနေထွက်တာနှင့် အပြင်ထွက်ဖို့ဆုံးဖြတ်ခဲ့ကြသည်။

‎

‎

‎ညကရှည်လျားသော်လည်း နောက်ဆုံးတော့ ကုန်ဆုံးသွားသည်။ နေထွက်ကပြီး လနီဝင်သွားသောအခါတွင်မှ အသက်ရှင်ကျန်ရစ်သူများက သူတို့ရဲ့ အခန်းငယ်များထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတယ်။

‎

‎

အဆောက်အဦးတွေထဲကနေ‎မထွက်လာခင်မှာ လက်နက်အဖြစ်သုံးနိုင်တဲ့ အရာမှန်သမျှကို အရင်ဆုံးစုဆောင်းပြီးမှ သူတို့ကထွက်လာကြသည်။

‎

‎

‎ကျင်းရွှီယန်းရဲ့အဖွဲ့ကြောင့် ဖုတ်ကောင်အများစုကို ရှင်းထုတ်နိုင်ခဲ့ပြီးပြီမို့ ကျေးဇူးတင်စရာ ကောင်းစွာဖြင့် သူတို့က လှည့်ပတ်သွားလာနေသော ဖုတ်ကောင်အချို့ကိုသာ ကြုံတွေ့ခဲ့ရတယ်။

‎

‎

‎သို့သော် အသက်ရှင်ကျန်ရစ်သူများက ဖုတ်ကောင်များရဲ့ အရေအတွက်ထက် ကျော်လွန်နေသော်လည်း၊ ဖုတ်ကောင်များကို မြင်သောအခါတွင်တော့ တိုက်ခိုက်မည့်အစား သူတို့က အော်ဟစ်ကာထွက်ပြေးကြသည်။ သူတို့ရဲ့အော်သံများကြောင့် ဖုတ်ကောင်များက သူတို့ရဲ့တည်နေရာဆီသို့ ပို၍ပို၍ဆွဲဆောင်ခံရပြီး ရောက်ရှိလာကြတော့သည်။

‎

‎

‎ကျင်းရွှီယန်းတို့အဖွဲ့ လာရောက်ခဲ့သော စက်ရုံအများအပြားတွင် အလားတူအခြေအနေများ ဖြစ်ပွားခဲ့သည်။ ဖုတ်ကောင်တွေ ပြည့်နှက်နေသေးတဲ့ အကွာအဝေးတစ်ခုက စက်ရုံများသာ ငြိမ်သက်နေတယ်။

‎

‎

‎နေပိုမြင့်လာသောအချိန်တွင် ချင်လူဇီက ရုတ်တရက်ကြီး မျက်လုံးဖွင့်ကာ သတိကြီးစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။

‎

‎

‎အစိမ်းရောင်အစက်အနည်းငယ်ပါဝင်ပြီး အနီရောင်အစက်များနှင့် အဖြူအစက်များ ထူထပ်ပြွတ်သိပ်နေတာကို မြင်လိုက်ရသည့်အခိုက်တွင် သူ့ရဲ့အမူအရာက တောင့်တင်းသွားပြီး အေးစက်သော ချွေးများက သူ့နောက်ကျောဘက်တွင် စိမ့်ထွက်လာသည်။

‎

‎

‎မျက်နှာကိုသစ်ပြီးပြန်လာတဲ့ ရှောင်ချီက သူ့ရဲ့ ထူးဆန်းတဲ့ တုံ့ပြန်မှုကို မြင်ပြီး "အစ်ကိုလူဇီ ဘာဖြစ်နေတာလဲ"လို့ မေးလိုက်တယ်။

‎

‎

‎သူတို့ဆီလာနေတဲ့ ဖုတ်ကောင်အရေအတွက်က အရင်ကထက် အဆပေါင်းများစွာ ပိုများနေတယ်ဆိုတာကို အတည်ပြုပြီးနောက်မှ ချင်လူဇီက "ရှောင်ချီ ကပ္ပတိန်ကို အကြောင်းကြားလိုက် ဖုတ်ကောင်အလုံးအရင်းကြီးက ငါတို့ဆီလာနေတယ်။ အရေအတွက်က ထောင်ဂဏန်းထက်တောင် ပိုများနိုင်တယ်" ဟု ပြောသည်။

‎

‎

‎ထိုစကားကိုကြားလိုက်သည်နှင့် ရှောင်ချီရဲ့အပြုံးက ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး ကျင်းရွှီယန်းရဲ့ တဲဆီသို့ အမြန်ပြေးသွားခဲ့တယ်။

‎

‎

‎ရှောင်ချီက သူတို့ကပ္ပတိန်ကို အကြောင်းကြားဖို့သွားစဉ်မှာ ချင်လူဇီကတော့ သူ့ညီအစ်ကိုတွေကို နှိုးလိုက်တယ် "အားလုံးပဲထကြတော့ ဖုတ်ကောင်တွေလာနေပြီ၊ အသက်ရှင်ကျန်ရစ်သူတွေကို နှိုးပြီး အမြန်ဆုံး ကယ်ထုတ်ကြ"

‎

‎

‎စစ်သည်များက သူ့စကားကိုကြားလိုက်တာနှင့်တပြိုင်နက် သူတို့ရဲ့ ငိုက်မျဉ်းခြင်းများက ပျောက်ကွယ်သွားတယ်။

‎

‎

‎ယခုအချိန်တွင် ရှောင်ချီက ကျင်းရွှီယန်းကို "ကပ္ပတိန်ဖုတ်ကောင်တွေ လာနေပြီ" လို့ အော်ပြောလိုက်သည်။

‎

‎

‎သူ့ရဲ့အော်သံကြောင့် နိုးလာတဲ့ ကျင်းရွှီယန်းက သူ့ရဲ့အဝတ်အစားတွေကို ၀တ်လိုက်ပြီး "လင်းယုန်အဖွဲ့ကို အကြောင်းကြားပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်ခိုင်းလိုက်။ ထွက်သွားဖို့ ဆုံးဖြတ်ထားတဲ့သူတွေကိုတော့ အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်ဖို့ သူတို့နဲ့အတူ လိုက်သွားခိုင်းလိုက်"လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎"ကပ္ပတိန် ပစ္စည်းတွေကကော" လို့ ရှောင်ချီက ထပ်မေးသည်။

‎

‎

‎"ဖုန်းယွင်ကိုသွားရှာပြီး လင်းယုန်အဖွဲ့ကို ရိက္ခာတွေပေးခိုင်းလိုက်"

‎

‎

‎ထိုစကားကို ပြောပြီးတာနဲ့ ကျင်းရွှီယန်းက ကျိူးလီဇီကိုရှာရန် သွားလိုက်တယ်။

‎

‎

‎ရှောင်ချီက အချိန်မဖြုန်းဘဲ သူ့ရဲ့တာဝန်ကို အမြန်ဆုံးလုပ်ဆောင်ခဲ့သည်။ ဖုန်းယွင်ကိုတွေ့သောအခါမှာတော့ စစ်ထရပ်ကားလေးစီးကိုထုတ်ပြီး ရိက္ခာမျိုးစုံဖြင့်ဖြည့်သွင်းထားပြီးသားဖြစ်နေသည်။

‎

‎

‎ဒါကိုမြင်တော့ ရှောင်ချီက "ဖုန်းယွင် ငါနဲ့လိုက်ခဲ့" လို့ ပြောလိုက်တယ်။

‎

‎

‎သူတို့နှစ်ဦးက အသက်ရှင်ကျန်ရစ်သူများရဲ့ အနားယူရာနေရာကိုသွားလိုက်ပြီး ဝေယင်းနှင့်အဖွဲ့က အသက်ရှင်ကျန်ရစ်သူများကို ဘတ်စ်ကားပေါ်တက်ရန် စီစဉ်ပေးနေတာကို တွေ့လိုက်ရသည်။

‎

‎

‎"မတွန်းနှင့် မြန်မြန်ဝင်ကြ" အသက်ရှင်ကျန်ရစ်သူများရဲ့ ပစ္စည်းများကို ဘတ်စ်ကားထဲကို ပစ်ချရင်း စစ်သားတစ်ဦးက အော်ဟစ်လိုက်သည်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများက စောလျင်စွာ နိုးထလာရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်ပြီး ရှင်းပြခြင်းမရှိဘဲ ဘတ်စ်ကားပေါ်သို့ အတင်းအဓမ္မ အတင်ခံရ သောကြောင့်လည်းစိတ်ရှုပ်လာကြသည်။

‎

‎

‎စစ်သားတွေက သူတို့ရဲ့ပစ္စည်းတွေကို ဂရုမစိုက်ဘဲ ကားထဲကိုဒီအတိုင်း ပစ်ထည့်နေတာကိုမြင်တော့ လူတစ်ယောက်က "ဟေ့ သတိထားလေ။ ငါ့ပစ္စည်းတွေပျက်စီးသွားရင် လျော်ကြေးပေးရမယ်"

‎

‎

‎စစ်သားက ဒီစကားကိုကြားတော့ ပြန်ပြောလိုက်တယါယ် "ဖုတ်ကောင်တွေ အများကြီးလာနေပြီ ၊ ဒါတောင် မင်းင ငြင်းခုန်ချင်နေသေးတာလား ၊ သေချင်နေရင်လဲ သွားသေလိုက် တခြားသူတွေရဲ့လမ်းကိုတော့ မပိတ်ဆို့နဲ့"

‎

‎

‎ပထမကတော့ အသက်ရှင်ကျန်ရစ်သူတွေက စစ်သားရဲ့စကားကို မယုံကြဘူး။ ဒါပေမယ့် အဝေးကလူတွေရဲ့အော်သံတွေနှင့် ဖုတ်ကောင်တွေရဲ့ဟောက်သံတွေကြားလိုက်ရချိန်မှာတော့ စစ်သားက အမှန်အတိုင်းပြောနေတာကို သူတို့သဘောပေါက်လိုက်တာကြောင့် မျက်နှာတွေက ဖျော့တော့သွားသည်။

‎

‎

‎ကြောက်လန့်တကြားနဲ့ တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးပြီး ဘတ်စ်ကားကို အရင်တက်ဖို့ အသည်းအသန်ကြိုးစားကြတယ်။

‎

‎

‎ဒါကိုမြင်တော့ စစ်သားက ထိတ်လန့်သွားပြီး "မတွန်းတော့နဲ့၊ တွန်းလေလေ နှေးလေလေ" လို့ပြောလိုက်တယ်။

‎

‎

‎အကြောက်တရားက သူတို့ကို နာခံမှု ပိုဖြစ်စေတယ်။ စစ်သားစကားကြားတော့ တွန်းတာရပ်လိုက်ပြီး အရှိန်လည်း တိုးလာတယ်။ ထိုင်ခုံတွေပြည့်သွားရင်တောင် စစ်သားတွေက သူတို့ကို အခန်းပြင်ထားဖို့ ပြောပြီး ကျန်တဲ့သူတွေ အထဲကို ဝင်သွားခိုင်းတယ်။

‎

‎

‎

‎

‎

‎

All Chapters