အခန်း (၁၃၀)
Vol. 9 Ch. 130
အခန်း-(၁၃၀)
အသက်ရှင်ကျန်ရစ်သူများက မကျေနပ်မဖြစ်ဝံ့ကြဘဲ ငါးသေတ္တာငါးများကဲ့သို့ ထုပ်ပိုးခံရခြင်းရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင်ကနှုတ်ဆိတ်လို့သာ လက်ခံခဲ့ကြသည်။
ဘတ်စ်ကားက လူမဆံ့တော့မှ စစ်သားက ယာဉ်မောင်းထိုင်ခုံပေါ်သို့တက်ကာ မောင်းထွက်သွားခဲ့သည်။
သူတို့ရဲ့အရှေ့တွင် ဘတ်စ်ကားများနှင့် ထရပ်ကားအများအပြားက ရွေ့လျားနေပြီဖြစ်သည်။ စစ်သားအချို့က ဘတ်စ်ကားများရဲ့ ခေါင်မိုးများပေါ်တွင်ထိုင်ကာ သူတို့ရဲ့သေနတ်များနှင့် ဖုတ်ကောင်များကို ပစ်သတ်ရန်အတွက် အသင့်ဖြစ်နေပြီဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများကို စစ်သားများက ကယ်ထုတ်နေချိန်တွင် ရှောင်ချီကဝေယင်းကို ရှာတွေ့ပြီးနောက် စစ်ထရပ်ကားများကို ညွှန်ပြကာ "ဗိုလ်ကြီးဝေ အဲဒီပစ္စည်းတွေကို ယူသွားလို့ရပြီ" လို့ ပြောလိုက်တယ်။
ဝေယင်းက ရှောင်ချီရဲ့ ညွှန်ပြမှုအတိုင်း ကြည့်လိုက်တော့ ရိက္ခာတွေပြည့်နေတဲ့ စစ်ထရပ်ကားလေးစီးကို တွေ့လိုက်တယ် "ကျေးဇူးတင်ပါတယ်"
ရှောင်ချီက အလေးပြုပြီး "ဗိုလ်ကြီးဝေ၊ အသက်ရှင်ကျန်ရစ်သူတွေကို မင်းဆီထားခဲ့မယ်"လို့ ပြောလိုက်သည်။
သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးဆုံတွေ့တဲ့အချိန်ဖြစ်နိုင်တယ်ဆိုတာကို သိလိုက်ရတော့ ဝေယင်းက ပြန်အလေးပြုပြီး "အသက်ရှင်နေပါစေ"လို့ပြောပြီးနောက်တော့ သူလှည့်ထွက်သွားတယ်။
စစ်ထရပ်ကားများကို မောင်းရန် သူ့စစ်သားများကို အမိန့်ပေးပြီးနောက် သူက ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကိုသွားရှာသည်။
စစ်တိုက်ရန် ပြင်ဆင်နေကြတာကို မြင်သောအခါမှာ " သခင်လေးပိုင် မင်းတို့က ငါတို့နှင့် လိုက်ခဲ့ရမယ် " လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ပိုင်ရီကျီးက "ငါနေမယ်၊ ဖုတ်ကောင်တွေကို တိုက်ခိုက်မယ်" လို့ ပြန်ပြောလိုက်တယ်။
ဝေယင်းမှာက ငြင်းခုံနေရန် အချိန်မရှိဘူး။ သူရဲ့ ခေါင်းမာသောအကြည့်ကို မြင်လိုက်ရတော့ လျင်မြန်သော လှုပ်ရှားမှုဖြင့် ပိုင်ရီကျီးရဲ့ လည်ပင်းအနောက်ဘက်သို့ ရိုက်ချလိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ ပိုင်ရီကျီးက မျက်လုံးမှိတ်ပြီး လဲကျသွားတယ်။
ဒါကိုမြင်တော့ ဟန်ဂျီယင်းကမေးတယ် "မင်းဘာလုပ်နေတာလဲ"
ဝေယင်းက သတိလစ်မေ့မြောနေတဲ့ ပိုင်ရီကျီးကို သူ့ပခုံးပေါ်တင်လိုက်ပြီး "အသက်ရှင်ချင်ရင် ငါ့နောက်လိုက်ခဲ့၊ နေခဲ့မယ်ဆိုရင်တော့ မင်းသေလိမ့်မယ်" လို့ပြောလိုက်တယ်။
ထိုစကားများကို ချန်ထားခဲ့ကာ သူ့ကားဆီသို့ လျှောက်သွားလိုက်သည်။ ဟန်ဂျီယင်းက သူ့နောက်ကို မလိုက်ခင် ခဏလောက် တုံ့ဆိုင်းသွားတယ်။
လီယောင် နှင့် ချူကျိမြောင် တို့ကတော့ တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်ကြပြီး နတ်ဆိုးအဖွဲ့ကို ကြည့်ကြသည်။ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ လီယောင်က သူ့ငယ်သူငယ်ချင်းရဲ့ လက်ကောက်ဝတ်ကိုကိုင်ကာ "သွားရအောင်"လို့ ပြောလိုက်တယ်။
ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ဦးဆီက ဆွဲ ခေါ်ခံရခြင်းကြောင့် ချူကျိမြောင် သူ့နောက်သို့သာ လိုက်သွားနိုင်သည်။ သူမက လမ်းလျှောက်သွားရင်းနှင့်ပဲ ရှန်းကျင်းဇီကို ပြန်လှည့်ကြည့်ကာ စိုးရိမ်စိတ်များ ပြည့်နှက်လာတယ်။
သူမကို လီယောင်က ဂျစ်ကားထဲသို့မတွန်းချမီတွင် သူမရဲ့အကြည့်များက ရှန်းကျင်းဇီရဲ့ တည်ငြိမ်သောအကြည့်နှင့်တွေ့ဆုံခဲ့ရသည်။ နောက်အခိုက်အတန့်တွင်က ကားက အရှိန်မြင့်သွားကာ ဖုတ်ကောင်များရဲ့ဟောက်သံများနှင့် အရူးအမူးပြေးလွားနေသည့် လူများရဲါအော်သံများကိုသာ သူမကြားနိုင်တော့သည်။
သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ ဘာကိုမှ မမြင်နိုင်တော့ဘူး။
လင်းယုန်အဖွဲ့က အသက်ရှင်ကျန်ရစ်သူများကို ကယ်ထုတ်ရန် ဦးဆောင်နေချိန်တွင် နတ်ဆိုးအဖွဲ့က တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။ ယခုအချိန်တွင် ကျိူးလီဇီ နှင့်
ကျင်းရွှီယန်း တို့အပြင် သူတို့အဖွဲ့တွင် လူ ၁၂ ဦးသာရှိသည်။
"မင်းတို့ရဲ့ ကျည်ဆန်တွေနှင့် သေနတ်တွေကို စစ်ကြည့်။ ဒဏ်ရာရသွားရင်ဖြစ်ဖြစ် အားအင်ကုန်ခန်းရင် ဖြစ်ဖြစ်ပြန်ဆုတ်ပြီး အနားယူ" လို့ ကျင်းရွှီယန်းက သူ့ရဲ့အဖွဲ့ကို ကြည့်ပြီး ပြောလိုက်တယ်။
ကျိူးလီဇီက ကျောပိုးအိတ်ကိုသယ်ကာ ကန်ရေနှစ်ပုလင်းစီ ပေးပြီး " ပင်ပန်းတဲ့အခါ ဒီရေသောက်ပါ" လို့ ပြောလိုက်တယ်။
ရေဖြန့်ဝေပြီးနောက်တော့ သူမက ကျောပိုးအိတ်ကို အကာအကွယ်အဖြစ်အသုံးပြုကာ သူမရဲ့နေရာလွတ်မှ အကြည်ရောင်အမြုတေများကို ထုတ်ယူလိုက်သည်။
ယခုအချိန်တွင် သူမမှာ အမြုတေအရေအတွက်ကို ရေတွက် နေရန် အချိန်မရှိပေ။
သူမက သူတို့တစ်ဦးစီအား လက်တစ်ဆုပ်စာစီပေးကာ "စွမ်းအင်ကုန်သွားရင် ပြန်ဖြည့်ဖို့ အမြုတေထဲက စွမ်းအင်ကို စုပ်ယူလိုက်" ဟု ပြောခဲ့သည်။
စစ်သားများက အမြုတေများနှင့် ရေများကို အိတ်ထဲတွင် ထည့်လိုက်ကြသည်။ ပစ္စည်းတွေဝေပြီးတာနဲ့ နီးကပ်လာတဲ့ အော်သံတွေကို ကြားလိုက်ရတယ်။
"အားး... ကူညီပါ၊ ငါ့ကိုကယ်ကြပါ"
" ရားးး'
"တွန်းနေတာ ရပ်လိုက် အားးး"
ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို ကြည့်ပြီး
ကျင်းရွှီယန်းက "နံရံဆောက်"လို့ပြောလိုက်တယ်။
သူ့စကားကြားသည်နှင့် တပြိုင်နက်တည်း ဝိန့်ခိုင်နှင့်
ဝိန့်မိုတို့က မြေကြီးကို လက်ဖဝါးဖြင့်ရိုက်ချလိုက်ကြသည်။ စက္ကန့်အနည်းငယ်မျှပင်မကြာဘဲ သူတို့ရှေ့တွင် သုံးမီတာရှည်သော သတ္တုနံရံတစ်ခု ပေါ်လာပြီး လမ်းကို ပိတ်ဆို့လိုက်သည်။
အသက်ရှင်ကျန်ရစ်သူတွေက ဒါကိုမြင်လိုက်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေထဲမှာ စိတ်ပျက်လက်ပျက်အရိပ်အယောင်တွေပြည့်နှက်သွားပြီး ဆက်လက်အော်အစ်နေခဲ့ပါသည်။
"မဟုတ်ဘူး...ငါ့ကိုကြကယ်ပါ"
"ဘာလို့လမ်းပိတ်နေတာလဲ"
"အိုး...အားးးး"
"ရားးးး"
ကျိန်ဆဲသံ ၊ တောင်းဆိုအော်ဟစ်သံများက ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများနှင့်အတူ ရောထွေးနေသည်။ ယခုအချိန်တွင်တော့ ကျင်းရွှီယန်းက သူ့လူများကို စွန့်လွတ်ခြင်းမပြုနိုင်တော့ပေ။ ထိုလူများတွင်လည်း ရောဂါပိုးကရှိမရှိ မသိနိုင်ဘူးလေ။
ကျင်းရွှီယန်းက နံရံထိပ်ကိုခုန်တက်ပြီး " နံရံနားကိုရောက်ရင် ဒီမှာပဲနေ"လို့ ပြောလိုက်တယ်။
စစ်သည်တွေကလည်း သူတက်သွားတာကိုတွေ့တော့ သူ့နောက်ကို လိုက်တက်ကြသည်။
သူတို့က စစ်ယူနီဖောင်းဝတ်ထားသော လူတစ်စုဖြစ်တာကို မြင်လိုက်ရသဖြင့် အသက်ရှင်ကျန်ရစ်သူများရဲ့ မျက်လုံးများထဲတွင် မျှော်လင့်ချက်များတောက်လောင်လာသည်။ သူတို့မှာ တခြားရွေးချယ်စရာမရှိလို့ စစ်သားတွေရဲ့ စကားကိုပဲ နားထောင်နိုင်ခဲ့တယ်။
အသက်ရှင်ကျန်ရစ်သူများက နံရံနှင့် ငါးမီတာအကွာတွင် ရောက်လာသောအခါ ကျို့ဟွာကျဲ့က သူရဲ့လက်ဖဝါးကိုဖွင့်ကာ နွယ်ပင်နှစ်ပင်ကို ပစ်လွှတ်လိုက်လေသည်။
"အက် ဘုန်းး"
သူရဲ့လက်များကို လွှဲလိုက်တော့ စပျစ်နွယ်ပင်များကလည်း ကျယ်လောင်သော အသံပေးပြီး ဖုတ်ကောင်များဆီသို့ ပြေးဝင်သွားကြသည်။
အသက်ရှင်ကျန်ရစ်သူများက ဝင်လာသောစပျစ်နွယ်ပင်များကိုမြင်သောအခါမှာတော့ ခေါင်းကိုအုပ်ကာ ငုတ်တုတ်ထိုင်လိုက်ကြသည်။ သူတို့ရဲ့ ကျောကုန်းပေါ်ကို သွေးတွေ စီးကျလာတာကြောင့် အေးစက်သွားသလို ခံစားလာရတဲ့အခါ မှာတော့ လှည့်မကြည့်ဝံ့တော့ဘဲ ဆက်ပြေးကြတယ်။
မြွေများကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသော
ကျို့ဟွာကျဲ့ရဲ့ စပျစ်နွယ်ပင်များက ရှေ့တန်းရှိ ဦးခေါင်းများစွာကို ကြိတ်ခွဲရင်း ဖုတ်ကောင်များကို အနောက်ပြန်ရောက်သွားစေသည်။ သူရဲ့တိုက်ခိုက်မှုများက ဖုတ်ကောင်များနှင့် အသက်ရှင်ကျန်ရစ်သူများကြား အကွာအဝေးကို ဖန်တီးပေးကာ နံရံကို ဘေးကင်းစွာရောက်ရှိနိုင်စေပါသည်။
နံရံသို့ရောက်သောအခါမှာတော့ ဝိန့် ညီအစ်ကိုတို့က ဖုတ်ကောင်များရဲ့ အန္တရာယ်ကိုကြိုတင်ကာကွယ်ရန်အတွက် နောက်ထပ်နှစ်မီတာခန့်ရှိသော အတားအဆီးတစ်ခုကိုဖန်တီးခဲ့သည်။နံရံနှစ်ခုကြားထဲတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများသည် ဖြူဖျော့နေသောမျက်နှာများဖြင့် သက်ပြင်းတစ်ချက်ချလိုက်တယ်။
"အဘိုးကြီးချင် အသက်ရှင်ကျန်ရစ်သူတွေရဲ့ အခြေအနေကို စစ်ဆေးပြီး ဗီဇပြောင်းသွားတဲ့သူတွေကို သတ်ပစ်လိုက်" ကျင်းရွှီယန်းက ပြောပြီး နံရံက ခုန်ချသွားသည်။
"ဟုတ်ကဲ့ ကပ္ပတိန်"
အမိန့်ကိုလက်ခံရပြီးတာနဲ့ ချင်လူဇီက သူ့ရဲ့စိတ်မြေပုံကို စစ်ကြည့်လိုက်တယ်။ အသက်ရှင်ကျန်ရစ်သူများနှင့် ဖုတ်ကောင်များကို နံရံနဲ့ပိုင်းခြားထားသည့် အတွင်းတွင် အဖြူရောင်အစက်အချို့က အနီရောင်သို့ တဖျပ်ဖျပ်ဖျပ်ခတ်သွားတာကို သူမြင်နိုင်သည်။
သူ့ရဲ့ဓားမြှောင်ကို ဆွဲထုတ်ကာ နံရံမှ ခုန်ဆင်းလို့ အနီစက်များဆီသို့ ပြေးသွားခဲ့သည်။
"ရားးး"
ဒဏ်ရာရရှိသူတွေထဲက တစ်ယောက်က ဖုတ်ကောင်ဖြစ်သွားပြီး အနီးဆုံးလူရဲ့လည်ပင်းကို ကိုက်လိုက်တယ်။
"အားးးး ကူညီပါ"
သူတို့ထဲမှ အချို့က ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားတာကို မြင်လိုက်ရသဖြင့် အသက်ရှင်ကျန်ရစ်သူများကထိတ်လန့်ကာ အော်ဟစ်လို့ ပြေးကြသည်။ ချင်လူဇီက အော်သံကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။