← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း-(၁၃၁)

‎ချင်လူဇီရဲ့ ဓားမြှောင်က အမျိုးသမီးငယ်တစ်ဦး အကိုက်မခံရမီတွင်ပဲ လျင်မြန်သောလှုပ်ရှားမှုဖြင့် ဖုတ်ကောင်ရဲ့ ဦးခေါင်းခွံကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ဓါးကိုဆွဲထုတ်လိုက်ပြီးသည်နှင့် သူ့ဘေးနားမှ အခြားဖုတ်ကောင်တစ်ကောင်ကို ကန်ထုတ်လိုက်တယ်။

‎

‎

"‎ဘုန်းး"

‎

‎

‎ဖုတ်ကောင်က သူရဲ့အဝိုက်ကန်ချက်ကြောင့် ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

‎

‎

"ရားးးး"

‎

‎

‎နောက်ထပ် ဖုတ်ကောင်တစ်ကောင်က ပါးစပ်ကို ကျယ်ကျယ်ဟကာ အမျိုးသမီးငယ်ကို လှမ်းကိုက်သည်။ ဒါကိုမြင်တော့ မြေပြင်ပေါ် ဒူးထောက်ပြီးလဲကျသွားတယ်။ မျက်လုံးတွေကိုမှိတ်ပြီး အကြောက်တရားတွေနဲ့အတူ အော်ဟစ်လိုက်တယ် " ငါ့ကိုကယ်ကျပါ"

‎

‎

‎သူမတော့သေပြီဟု ထင်လိုက်သောအခါတွင်ပဲ အနက်ရောင်သွေးများက သူမရဲ့မျက်နှာအနှံ့ လာစင်သည်။ စေးကပ်နေသော အရည်များကို ခံစားလိုက်ရသဖြင့် မျက်လုံးကိုဖွင့်ကာကြည့်လိုက်တော့ စစ်ဖိနပ်တစ်ရံကို သူမရဲ့ရှေ့တွင် တွေ့လိုက်ရသည်။

‎

‎

ထို‎အမျိုးသမီးကို ချင်လူဇီက သူ့ရဲ့စိတ်အနှောက်အယှက်ဖြစ်နေတဲ့မျက်လုံးတွေနှင့် ငုံ့ကြည့်လိုက်ပြီးတော့ “မင်းအသက်ရှင်ချင်ရင် ပါးစပ်ပိတ်ထား”လို့ ပြောလိုက်တယ်။

‎

‎

‎သူ့ကစကားဆုံးတာနှင့် နောက်ထပ်တစ်ကြိမ်လှုပ်ရှားလိုက်ပြီး နောက်ထပ်ဖုတ်ကောင်တစ်ယောက်ရဲ့ ခေါင်းထဲကို ဓားနှင့်ထိုးချလိုက်ပြန်တယ်။ အသက်ရှင်ကျန်ရစ်သူများက ဖုတ်ကောင်များကိုသတ်နေတဲ့ သူ့ကိုကြည့်လိုက်ပြီး အခြားလမ်းကြောင်းဆီသို့ အမြန်ပြေးသွားကြသည်။

‎

‎

‎ထိုအတောအတွင်းတွင်တော့ ကျန်ခဲ့တဲ့ နတ်ဆိုးအဖွဲ့သားများကတော့ ဖုတ်ကောင်များရဲ့ ဦးခေါင်းများကို ရိတ်သိမ်းရင်း အလုပ်များနေပါသည်။ နံရံပေါ်မှာ မတ်တပ်ရပ်ပြီး သူတို့ရဲ့ စွမ်းအင်တွေနဲ့ တိုက်ခိုက်နေတယ်။

‎

‎

‎ရောင်စုံတိုက်ခိုက်မှုများကြားတွင် ရှောင်ချီက ‌ဖုန်းယွင်ရဲ့ဘေးတွင်ရပ်ပြီး"သူတို့ကိုကြည့်လိုက် ပြောင်ပြောင်လက်လက်ဖြစ်နေပေမယ့် သိပ်ထိရောက်မှုမရှိဘူး။ ဒီနေ့တော့ ညီလေးက မင်းကို ဖုတ်ကောင်တွေအမြန်သတ်တဲ့နည်းကို သင်ပေးမယ်"လို့ ပြောလိုက်တယ်။

‎

‎

သူ့စကားကိုကြားတဲ့အခါတွင် ‎ဖုန်းယွင်က မျက်ခုံးပင့်လိုက်တယ်။ အာကာသစွမ်းရည်အသုံးပြုသူတစ်ဦးအနေဖြင့် သူသည် ထိုးစစ်ကျွမ်းကျင်မှု မရှိသောကြောင့် ရှောင်ချီက ဘာကိုဆိုလိုတာလဲဆိုတာကို သိလိုခဲ့သည်။

‎

‎

"ဘုန်းး"

‎

‎

‎နောက်အခိုက်အတန့်တွင်တော့ ကြီးမားသော ကျောက်တုံးကြီးတစ်ခုက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး ဖုတ်ကောင်များကို ဖိပြားပစ်ခဲ့သည်။ ရှောင်ချီက သူ့ရဲ့ အာကာသထဲကနေ ကျောက်တုံးကြီးကို ထပ်ခါတလဲလဲဆင့်ခေါ်ကာပြန်ရုတ်သိမ်းတာကို ကြည့်ရင်း သူ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

‎

‎

‎တိုက်ခိုက်မှုက တောက်ပြောင်ခြင်းမရှိသော်လည်း၊ သူပြောခဲ့သည့်အတိုင်း ရက်စက်ကာ ထိရောက်မှုရှိသည်။ လှုပ်ရှားမှုတစ်ခုက ဖုတ်ကောင်အုပ်စုတစ်ခုလုံးကို ဖယ်ထုတ်နိုင်ပြီး အသားငါးပိအဖြစ်သို့ ပြောင်းလဲသွားစေသည်။

‎

‎

‎ဖုန်းယွင်ရဲ့ အံ့အားသင့်နေတဲ့အမူအရာကိုမြင်တော့ ရှောင်ချီ က ပြုံးလိုက်ပြီး "ဘယ်လိုလဲ ၊ ငါတို့အာကာသ စွမ်းရည်သုံးသူတွေမှာ အကောင်းဆုံး AOE စွမ်းရည်တွေရှိတယ်။ ဒါကြောင့် ရှက်မနေဘဲ ရင်ဘတ်ကို ကော့ပြီးရဲရဲတင်းတင်းရပ်တည်လိုက်"

‎

‎

‎ဖုန်းယွင်က ခေါင်းညိတ်က သူ့ကို လက်မထောင်ပြလိုက်ပြီး "အံ့သြစရာပဲ" ဟု ပြောလိုက်သည်။

‎

‎

‎ချီးမွမ်းခြင်းကို ကျေနပ်သဖြင့် ရှောင်ချီ ဖုတ်ကောင်များကို အသုံးပြုကာ whack-a-mole Game ကို ကစားရန် ဆက်လက်တိုက်ခိုက်ခဲ့သည်။

‎

‎

‎‌ရှောင်ချီက ကျောက်တုံးကိုအသုံးပြု၍ ဖုတ်ကောင်များကို သတ်နေတာကို ကြည့်ရင်း ‎ဖုန်းယွင်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ 'သူရဲ့ အာကာသစွမ်းရည်က အာကာသတံခါးပေါက်တစ်ခုနှင့် ဆင်တူသောကြောင့် အာကာသ အက်ကြောင်းများကို ဖန်တီးနိုင်လောက်လား'

‎

‎

‎အောက်က ဖုတ်ကအလုံးအရင်းကို ကြည့်လိုက်ပြီးတော့ 'ဒီလောက်များတဲ့ စမ်းသပ်ခံတွေနဲ့ဆိုရင် ဒီသီအိုရီကို ငါ စမ်းသပ်နိုင်‌လောက်ပြီ ' လို့ တွေးလိုက်တယ်။

‎

‎

‎သူရဲ့စွမ်းအင်ကို လက်ညှိုးနှင့် လက်ခလယ်သို့ ပို့လိုက်တော့ သူ့ပတ်ဝန်းကျင်နှင့် ဖြည်းဖြည်းချင်း ချိတ်ဆက်မိသွားတာကြောင့် သူ့စိတ်ထဲက နေရာလွတ်က ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ သူ့ရဲ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက် ပြီး စွမ်းအင်တွေကို အောက်သို့လွှတ်ချလိုက်တယ်။

‎

‎

‎သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိပေမယ့် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေက သူ့ကို အံ့အားသင့်စေခဲ့တယ်။

‎

‎

" ဝုန်းးးး ခလွမ်းးးး"

‎

‎

‎စက္ကန့်ပိုင်းအတွင်းပဲ အာကာသကွဲကြောင်း တစ်ခုပေါ်လာတယ်။ ဖြစ်ပျက်နေသည့်အရာတွေကို သူ မစီမံနိုင်ခင်မှာပဲ ဖုတ်ကောင်အုပ်စုတစ်စုက အတုံးသေးသေးလေးများအဖြစ်သို့ ခွဲထုတ်မခံလိုက်ရမီတွင် စပါကတီကဲ့သို့ ဆွဲဆန့်ခံလိုက်ကြရသည်။

‎

‎

‎ထိုအခိုက်အတန့်လေးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကိုတော့ မည်သူကမျှ မမြင်နိုင်ဘဲ ဖုတ်ကောင်အုပ်စုတစ်စုက ရုတ်တရက်ကြီး ပေါက်ကွဲသွားခြင်းသာ ဖြစ်သည်ဟုမြင်ကြသည်။ အနက်ရောင်သွေးတွေနှင့် ပုပ်နေတဲ့အသားစတွေက မြေပြင်ကို ဖုံးလွှမ်းသွားတယ်။

‎

‎

‎ဖုန်းယွင်ရဲ့ အနားမှာ ရပ်နေတဲ့ ရှောင်ချီက ထခုန်လိုက်ပြီး "အဲဒါ ဘာကြီးလဲ"လို့ အလန့်တကြားအော်ဟစ်လိုက်သည်။

‎

‎

‎ဖုန်းယွင်က ထိတ်လန့်နေသော်လည်း သူ့လက်ချောင်းထိပ်များကိုလည်း မယုံနိုင်စွာ စိုက်ကြည့်နေသည်။ အခုလေးတင်ပဲ သူ့ရဲ့အာကာသစွမ်းအင်တွေက အက်ကွဲထွက်နေသလို ခံစားလိုက်ရတယ်။

‎

‎

‎အချိန်အနည်းငယ်သာကြာခဲ့သော်လည်း ပဲပိစပ်လောက်တောင်မကြီးမားတဲ့ အက်ကွဲကြောင်းသေးသေးလေးက ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို သူ့အထဲသို့ဆွဲသွင်းသွားတာကို သူမြင်ခဲ့ရတယ်။ ပေါက်ကွဲမထွက်ခင်မှာ သူတို့ဟာ ခါးသီးစွာ ဆွဲဆန့်ခံကြရတယ်။

‎

‎

‎သူ့ရဲ့သီအိုရီကို ထပ်မံစမ်းသပ်ကြည့်ဖို့ အာရုံစူးစိုက်လိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တယ်။

‎

‎

‎"ဝုန်းးးး"

‎

‎

‎

‎ယခုတစ်ကြိမ်တွင်တော့ အာကာသအက်ကြောင်းက စကျင်ကျောက်အရွယ်အစားဖြစ်ပြီး နှစ်စက္ကန့်ကြာသည်။ ဖုတ်ကောင်များရဲ့ အလယ်ဗဟိုတွင် အားကောင်းသော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာပြီး ဖုတ်ကောင်များကို အပိုင်းပိုင်း ဆွဲဆုတ်သွားခဲ့သည်။

‎

‎

‎သူ့ရဲ့အနက်ရောင်မီးတောက်တစ်စိတ်တစ်ပိုင်းကိုလည်း စုပ်ယူ ဆွဲထုတ်သွားတာကိုမြင်လိုက်ရသောအခါ ကျင်းရွှီယန်း ရဲ့ မျက်လုံးများက တလက်လက်ဖြစ်သွားတယ်။ သူ့ခေါင်းကို လှည့်ကာကြည့်လိုက်တော့ ဖုန်းယွင်က ဖြူဖျော့သော မျက်နှာဖြင့် နံရံပေါ်တွင် ဒူးထောက်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎အာကာသအက်ကြောင်းရဲ့ အရွယ်အစားတိုးလာမှုကြောင့် ဖုန်းယွင်ရဲ့ စွမ်းအင်က လုံးဝနီးပါးဆုတ်ယုတ်သွားခဲ့သည်။ တစ်ကိုယ်လုံးမှာနာကျင်နေပြီး ပြင်းထန်စွာသော ခေါင်းကိုက်ဝေဒနာကို ခံစားနေရတာတောင် သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းများကတော့ မြှင့်တက်နေသည်။

‎

‎

ဖုတ်ကောင်း‎အုပ်စုတစ်ခုလုံးရဲ့ အစိတ်အပိုင်းအားလုံးက သွေးမည်းမိုးရွာ နေသလို ဖြစ်သွားတာကြည့်ပြီး သူ ကြည်နူးသွားသည်။ သူ့မှာသာ စွမ်းအင်တွေ းပိုရှိနေရင် သူ့ရဲ့ ကျွမ်းကျင်မှုက မြို့ကိုပင် ဖျက်ဆီးပစ်နိုင်တယ်။

‎

‎

‎ဤတိုက်ခိုက်ရေးစွမ်းရည်ကို အသုံးပြုလိုက်လို့ သူရဲ့စွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်နေသော်လည်း သူရဲ့နေရာမှ အရာဝတ္ထုများကို သိမ်းဆည်းရန် သို့မဟုတ် ထုတ်ယူရန်အသုံးပြုသည့် အခြားစွမ်းအင်အမျိုးအစားမှာမူ ထိတွေ့မှုမရှိဘဲ ကျန်ရှိနေသေးသည်ကို သတိပြုမိခဲ့သည်။

‎

‎

‎ဤရှာဖွေတွေ့ရှိမှုကြောင့် အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူများက အခြားသူများနှင့် အခြေခံအားဖြင့် ကွာခြားနိုင်တာကို သိရှိစေခဲ့တယ်။

‎

‎

‎သူက‌တော့ သူ့အတွေးထဲတွင် ပျောက်ဆုံးနေချိန်တွင်

‎ဝိန့် ညီအစ်ကိုများက ကွေးသွားသောသတ္တုနံရံကို ကြည့်လိုက်ပြီးနောက် ဖုန်းယွင်ကိုကြည့်လိုက်သည်။ ဘာမှ မပြောပေမယ့် အားလုံးက ဒီအခိုက်အတန့်ကို သတိပြုမိကြတယ်။

‎

‎

‎အာကာသစွမ်းရည်က ဤမျှထိတ်လန့်ဖွယ်ကောင်းမယ်လို့ မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။ တစ်ချက်လှုပ်ရုံဖြင့် ဖုန်းယွင်က ရာနှင့်ချီသောဖုတ်ကောင်များကိုသတ်ပစ်ခဲ့သည်။ ဒီအရည်အချင်းကိုသာ ဆက်ပြီးထိန်းထားနိုင်ရင် အနာဂတ်မှာ ထူးချွန်ပြီးအပြင်းထန်ဆုံးသော စွမ်းရည်အသုံးပြုသူ ဖြစ်လာနိုင်ပါတယ်။

‎

‎

‎လူတိုင်းက ထိတ်လန့်တုန်လှုပ်နေချိန်တွင်

‎ကျိူးလီဇီကတော့ သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်သည်။

‎

‎

‎သူမရဲ့ အတိတ်ဘဝတွင် ဖုန်းယွင်က အဆင့်လေး အာကာသ စွမ်းရည်ကို အသုံးပြုသူဖြစ်သော်လည်း သူ့ထက် အားကောင်းသူများကို တိုက်ခိုက်နိုင်သည်။ သူ့ရဲ့အာကာသဓားက သူရဲ့ဝှက်ဖဲဖြစ်သည်ဟု သူမထင်ခဲ့တယ်။ ဒါကသာသူ့ရဲ့ ဝှက်ဖဲ အမှန်ပဲဆိုတာ သိသာပါတယ်။ သူကိုယ်တိုင် ဖုတ်ကောင်တွင်းကို ဖျက်ဆီးနိုင်ခဲ့တာက အံ့သြစရာမဟုတ်တော့ဘူး။

‎

‎

‎‌ရှောင်ချီက ဖုန်းယွင်ရဲ့ အခြေအနေကို သတိပြုမိတော့ ပြောလိုက်တယ် "အစ်ကို မင်းက ဘာဖြစ်လို့ ‎ကြောက်စရာကောင်းအောင် ပြုံးနေရတာလဲ ၊ အမြုတေထဲက စွမ်းအင်ကို မြန်မြန်စုပ်ယူပြီး မင်းရဲ့ စွမ်းအင်ကို ပြန်ယူလိုက်။ ဖုတ်ကောင်တွေက အများကြီး ကျန်သေးတယ်"

‎

‎

‎သူ့ရဲ့စကားကိုကြားတော့မှ ဖုန်းယွင်က အာရုံပြန်ရလာပြီး သူ့အိတ်ကပ်ထဲက အကြည်ရောင်အမြုတေတွေကို ထုတ်ယူလိုက်တယ်။ သူ့လက်ဖဝါးထဲသို့ စိမ့်ဝင်နေသော နွေးထွေးသော စွမ်းအင်များကို ခံစားရပြီးနောက်တော့ အမြုတေထဲမှ စွမ်းအင်များကို ဆွဲထုတ်ရန် သူ့စိတ်ကို အာရုံစိုက်လိုက်သည်။

‎

‎

‎သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေကဝင်လာပြီး သူ့ခေါင်းထဲမှာ အဆုံးမသတ်သွားခင် တစ်ကိုယ်လုံးကို တစ်ကြိမ်လှည့်ပတ်သွားတယ်။

‎

‎

စွမ်းအင်ကို စုပ်ယူလိုက်သည့်အခိုက်တွင် ‎သူ့ခန္ဓာကိုယ်ကတစ်စုံတစ်ခု ပြောင်းလဲသွားသလို ခံစားလိုက်ရသော်လည်း ၎င်းက မည်သည့်အရာဖြစ်သည်ကို အတိအကျ မသိနိုင်ပေ။ မိနစ်အနည်းငယ်ကြာပြီးနောက်‌တော့ သူ့လက်ဖဝါးထက်မှ အကြည်ရောင်အမြု‌တေဟာ အမှုန်လေးတွေအဖြစ်သို့ ပြောင်းလဲသွားသည်။

‎

‎

‎

All Chapters