အခန်း (၁၃၃)
Vol. 9 Ch. 133
အခန်း-(၁၃၃)
ဖုန်းယွင်က ရွှင်မြူးနေသောသူ့မျက်လုံးများဖြင့် ပြင်းထန်စွာ ငိုနေသော ရှောင်ချီကို ကြည့်ကာ "ငါ့ရဲ့ ခန့်မှန်းချက်သာမှန်ရင် စွမ်းရည်အသုံးပြုသူတွေ သုံးတဲ့စွမ်းအင်က အမျိုးအစားနှစ်မျိုး ရှိနိုင်တယ်"
သူ့မျက်ရည်တွေကို သုတ်ရင်း ရှောင်ချီက "ဘာစွမ်းအင်လဲ"လို့ မေးတယ်။
ရေသောက်ပြီးသွားသောအခါတွင် သူ့စိတ်ထဲက ပြင်းထန်သော အဆိုးမြင်စိတ်များက လျော့နည်းသွားတာကို ဖုန်းယွင် ခံစားလိုက်ရသည်။ သူက စစ်သားတွေကို လက်ညှိုးထိုးပြပြီး "သူတို့သုံးတဲ့ စွမ်းအင်နှင့်ငါတို့ရဲ့နေရာတွေကို ထိန်းချုပ်ဖို့ ငါတို့သုံးတဲ့ စွမ်းအင်ကမတူဘူး" လို့ ပြန်ဖြေတယ်။
"မင်းဘယ်လိုသိတာလဲ" လို့ ရှောင်ချီကလည်း ထပ်မေးတယ်။
ဖုန်းယွင်က မရှင်းပြခင်မှာ ခဏလောက်စဉ်းစားလိုက်ပြီး "အာကာသအက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်တဲ့အချိန်တုန်းက ငါ့ခန္ဓာကိုယ်က နာကျင်မှုကိုခံစားရသလို စွမ်းအင်တွေကလည်းကုန်သွားပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာတယ်။ ဒါပေမယ့် ငါ့စိတ်ကကြည်လင်လာပြီး စိတ်ခံစားမှုတွေက တည်ငြိမ်လာတယ်။ အမြုတေထဲက စုပ်ယူလိုက်တဲ့ စွမ်းအင်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ရရှိစေပြီး နာကျင်မှုကို သက်သာစေနိုင်တယ်"
"ဒါပေမယ့် ဖုတ်ကောင်တွေကိုသတ်ဖို့ ကျောက်တုံးကို ငါသုံးလိုက်တဲ့အခါမှာတော့ ငါ့ခန္ဓာကိုယ်က ဘာမှခံစားရဘူး။ ဒါပေမယ့် ကျောက်တုံးကို ထုတ်ယူဖို့ နေရာလွတ်ကို အများကြီးသုံးပြီးရင်တော့ ငါ့စိတ်တွေကနစ်မြုပ်သွားပြီး အပျက်သဘောဆောင်တဲ့ အတွေးတွေက ငါ့ခေါင်းထဲကို ဝင်လာတယ်"
"ငါသိသလောက်ပြောရရင်တော့ အတွေးနှင့်စိတ်က စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်။ အဲဒါကို အခြေခံပြီး ပြောရမယ်ဆိုရင် အာကာသစွမ်းရည်ကို အသုံးပြုတာက ငါတို့ရဲ့ စိတ်စွမ်းအင်ကို ကုန်ဆုံးစေတယ်ဆိုတာကိုသိရတယ်"
" အာကာသအက်ကြောင်းဖန်တီးဖို့ အာကာသစွမ်းရည်ကိုသုံးတဲ့အခါမှာတော့ လိုအပ်တဲ့ စွမ်းအင်တွေကုန်ကျရတယ်။ အဲဒါက ခန္ဓာကိုယ်အတွက် သိပ်ပြဿနာမရှိပေမယ့် အာကာသစွမ်းရည်ကို အလွန်အကျွံသုံးမိရင်တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာတာပဲ"
သူ့ရှင်းပြချက်ကိုကြားပြီးတဲ့နောက်တော့ ရှောင်ချီက သူ့ကိုကြည့်ကာပြောလိုက်တယ် "မင်းရဲ့စကားအတိုင်း ကျွန်တော်တို့နေရာတွေကို ဆက်သုံးနေမယ်ဆိုရင် ကျွန်တော်တို့က အရူးတွေဖြစ်လာမှာမဟုတ်ဘူးလား"
ဖုန်းယွင်က သူ့စကားကြောင့် ရယ်မောလိုကိပြီး ခေါင်းခါပြကာပြန်ဖြေလိုက်တယ် "ငါမသိဘူး ၊ ဒါပေမယ့် ငါ့ရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ပြန်ကောင်းလာတဲ့အခါမှာ ငါ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုက ကျယ်လာတာကို ခံစားလိုက်ရတယ်"
"ငါ ဒုတိယအကြိမ် စွမ်းအင်စုပ်ယူလိုက်တဲ့အခါမှာတော့ ပထမအကြိမ်ထက် အမြုတေတွေကပိုလိုအပ်လာတယ်။ စုပ်ယူလိုက်တိုင်းမှာ စွမ်းအင်ပမာဏကတိုးလာပြီး ငါတို့ခန္ဓာကိုယ်ကပြန်ကောင်းလာနိုင်တယ်။
"ငါတို့ရဲ့နေရာလွတ်ကို အလွန်အကျွံအသုံးပြုတာက ငါတို့ကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာတော့မဟုတ်ဘူး။ အဘယ်သူသိနိုင်မှာလဲ ၊ ငါတိုရဲ့နေရာကို အလွန်အကျွံသုံးလိုက်တာက မမျှော်လင့်ထားတဲ့ တစ်ခုခုရနိုင်တယ်ဆိုတာကို"
သူတို့နှစ်ဦး စကားစမြည်ပြောနေကြစဉ်တွင် စစ်သားများ ၊ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က သူတို့ရဲ့ ဆွေးနွေးမှုတွေကို အာရုံစိုက်နေကြသည်။ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က ဖုန်းယွင်ရဲ့စကားကိုကြားသောအခါ အံ့သြသွားကြတယ်။
သူတို့က အာကာသအမျိုးအစား စွမ်းရည်နှင့် ပတ်သက်သော အချက်အလက် အားလုံးကို သိရှိထားရတဲ့အကြောင်းအရင်းမှာ သူတို့ရဲ့အရင်ဘဝက ကမ္ဘာပျက်ကပ်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။
သို့သော် ဖုန်းယွင်ကတော့ ယနေ့သည် ကမ္ဘာပျက်ခြင်းရဲ့ ရှစ်ရက်မြောက်နေ့သာဖြစ်ပြီး သူရဲ့အာကာသအမျိုးအစားစွမ်းရည်ကို နိုးကြားလာခဲ့တာက ရက်အနည်းငယ်အတွင်းသာရှိသေးသည်။
သူ့ရဲ့ စူးစမ်းလေ့လာနိုင်စွမ်းကို အခြေခံပြီးပြောရရင် သူကတော့ ကမ္ဘာပျက်ကပ်မှာ အချိန်အတော်ကြာအောင် ရှင်သန်နိုင်မှာပဲ။
နောက်ထပ် မိနစ်သုံးဆယ်လောက်ကြာတော့ စစ်သားတွေက တိုက်ခိုက်မှုကို ဆက်မထိန်းထားနိုင်တော့ဘူး။ သူတို့က အမြုတေများကို ဆက်လက်စုပ်ယူနေသော်လည်း၊ သူတို့ရဲ့ စွမ်းရည်များကို နှစ်နာရီကျော်ကြာ အဆက်မပြတ် အသုံးပြုပြီးနောက်တော့ သူတို့ရဲ့ခံနိုင်ရည်က ကုန်ခမ်းနေပြီဖြစ်သည်။
သူတို့ရဲ့ စွမ်းအင်တွေ ကုန်သွားတာတင် မဟုတ်ဘူး၊ သူတို့ရဲ့ ခြေတွေ၊ လက်တွေလဲ နာကျင်နေတယ်။
စွမ်းရည်တွေကို ထိထိရောက်ရောက် အသုံးချဖို့နှင့် ပစ်မှတ်ကိုထိဖို့ဆိုတာက လက်မောင်းတွေကို လှုပ်ရှားမှုလိုအပ်ပါတယ်။ ခဏတာအတွက်ဆို ပြဿနာမရှိပေမယ့် နှစ်နာရီလုံး ဆက်တိုက်လှုပ်ရှားရတာက လေ့ကျင့်မှုတွေအမြဲရှိတဲ့ စစ်သားတွေအတွက်တောင် ခက်ခဲတဲ့ကိစ္စပါ။
ချင်လူဇီက သူ့စိတ်မြေပုံထဲက အနီစက်များကို စစ်ဆေးလိုက်ပြီး "ကပ္ပတိန် ဖုတ်ကောင်အရေအတွက်က သုံးပုံတစ်ပုံ လျော့သွားပြီ" ဟု သတင်းပို့လိုက်သည်။
ဤသည်ကိုကြားတော့ လူတိုင်းက အသက်ကို ပြင်းပြင်း ရှုလိုက်တယ်။ သူတို့က ဖုတ်ကောင်အများအပြားကို သတ်ဖြတ်ခဲ့ကြသော်လည်း အရေအတွက်က သုံးပုံတစ်ပုံသာ လျော့ကျသွားခဲ့သည်။ ဤအရာတစ်ခုတည်းမှသာလျှင် ဖုတ်ကောင်အရေအတွက်က 30,000 ထက်ပိုတယ်လို့ ခန့်မှန်းနိုင်သည်။
သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုကို မြင်တော့
ကျင်းရွှီယန်းက "ခဏနားလိုက် မင်းတို့ရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာဖို့ စားသောက်လိုက်ကြ"လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းယွမ်က "ကပ္ပတိန် ကျွန်တော်တို့ကအလှည့်ကျတိုက်ကြမယ်"လို့ ပြောလိုက်တယ်။
"မလိုပါဘူး၊ မင်းတို့သာအရင်အနားယူလိုက်။ အာ့ဇီ နှင့် ငါက ဒါကို ထိန်းနိုင်မှာပါ"လို့ သူပြောပြီးတာနဲ့ ဓားရှည်ကိုကိုင်ကာနံရံမှ ခုန်ဆင်း လိုက်သည်။
"ဘုန်းးးး"
စွမ်းအင်ကြီးမားသော အနက်ရောင်မီးတောက်များဖုံးလွှမ်းနေတဲ့ ဓားတစ်ချောင်းက ဖုတ်ကောင်များဆီသို့ ပျံသန်းသွားပြီး ထိတွေ့လိုက်သောအခါမှာပဲ ပေါက်ကွဲသွားသည်။ အနက်ရောင်မီးတောက်များဟာ မြေပြင်ပေါ်က ဖုတ်ကောင်အလောင်းများကို လောင်ကျွမ်းသွားပြီး ကြီးကြီးမားမား လွတ်နေသော ဧရိယာကို ဖန်တီးလိုက်သည်။ သူက မြေပြင်ပေါ် ခြေချပြီးတာနှင့် ကျန်ရှိနေတဲ့ ဖုတ်ကောင်တွေဆီ ပြေးသွားလိုက်တယ်။
ဒါကိုမြင်တော့ ကျိူးလီဇီကလည်း သူမရဲ့ဓားမြှောင်ကို ကိုင်လိုက်ပြီး မဆိုင်းမတွပဲနံရံကနေခုန်ချကာ သူ့နောက်ကို လိုက်သွားခဲ့တယ်။ သူမကလည်း မြေပြင်ပေါ်တွင်ခြေချလို့ပြီးခြင်း ဖုတ်ကောင်များဆီသို့ အမြန်ပြေးသွားခဲ့သည်။
"ရားးးး"
"အက်"
ပါးလွှာသော ရေဓားဖြင့် ဖုံးအုပ်ထားသော သူမရဲ့ဓားမြှောင်ဖြင့် ကိုယ်အင်္ဂါချို့ယွင်းနေတဲ့ ဖုတ်ကောင်တစ်ကောင်ကို ခုတ်ဖြတ်လိုက်သည်။ အနက်ရောင်သွေးများက သူမပေါ်သို့ မစင်လာမှီတွင်ပဲ ဘေးဘက်သို့လှည့်ကာ သူမရဲ့ဓားမြှောင်ဖြင့် အခြားဖုတ်ကောင်ရဲ့ဦးခေါင်းအား ဓားဖြင့်ထိုးလိုက်သည်။
"ရားးး"
ဖုတ်ကောင်အများအပြားက သူမဆီကို ဦးတည်ချက်သုံးခုမှ ဝင်ရောက်တိုက်ခိုက်လာတာကို သတိပြုမိတာကြောင့် သူမရဲ့ဓားမြှောင်ကို ဆုပ်ကိုင်ကာ ဖုတ်ကောင်တစ်ကောင်ကို ကန်ထုတ်လိုက်သည်။ ကန်ချက်မှတွန်းကန်အားကို သုံးပြီး သူမက ခုန်ကာ လေထဲမှာ လှည့်ပတ်လိုက်သည်။
ဝေဟင်ရဲ့အလယ်တွင်ပဲ သူမကလက်ကိုဝှေ့ယမ်းလိုက်တာ ရေခဲအပ်များစွာက ဖုတ်ကောင်များဆီသို့ ပျံသန်းသွားပြီး ၎င်းတို့ရဲ့ဦးခေါင်းခွံများကို ဖောက်ဝင်သွားလိုက်သည်။ ဖုတ်ကောင်အများအပြားကို သတ်ပြီးနောက်တော့ ဖုတ်ကောင်လေးကောင်က ကျင်းရွှီယန်းကို အနောက်ကနေ ခုန်အုပ်ဖို့ပြင်နေတာ တွေ့လိုက်ရတယ်။
သူမရဲ့လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ရေခဲအပ်များက ဖုတ်ကောင်များရဲ့ဦးခေါင်းများမှ ပြန်ထွက်ကျလာသည်။ သူမရဲ့လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် ပြန်လှည့်လိုက်တော့ ရေခဲအပ်များက ကျင်းရွှီယန်းရဲ့ အနောက်ဘက်မှ ဖုတ်ကောင်များဆီသို့ ပျံသန်းသွားသည်။
သူ့ခေါင်းကို လှည့်ကာကြည့်လိုက်တော့ ကျိူးလီဇီက သူ့ကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ဒေါသဖြစ်နေမှန်းသိသောကြောင့် တောင်းပန်ဟန်နဲ့ ပြုံးပြလိုက်သည်။
နောက်ပိုင်းတွင် သူမက သူ့ကို လျစ်လျူရှုသွားမည်ကို စိုးရိမ်သဖြင့် နောက်ပြန်ခုန်ချကာ ဖုတ်ကောင်များရဲ့လက်သည်းများကိုရှောင်ပြီး သူမနှင့် နှစ်မီတာအကွာတွင် ရပ်နေလိုက်သည်။ သူမကိုကြည့်ပြီး "အာ့ဇီ စိတ်ဆိုးမနေနဲ့၊ ကိုယ်ပိုသတိထားပါ့မယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီ ဖုတ်ကောင်များကို သတ်ရန် အလုပ်များလွန်းနေပါသည်။ သူမက အမြုတေများကိုစုပ်ယူပြီး ကန်ရေကိုသောက်သော်လည်း၊ သူမရဲ့စွမ်းအင်ပြန်လည်ရယူမှုက သူမရဲ့အသုံးပြုမှုကိုအမှီမလိုက်နိုင်ပါ။ အချိန်အကြာကြီး ထိန်းထားနိုင်ရခြင်းအကြောင်းရင်းကတော့ သူမရဲ့စုပ်ယူမှုစွမ်းရည်ကြောင့် ဖြစ်သည်။
သူမရဲ့နဖူးပေါ်ရှိ ချွေးအလွှာပါးနှင့် နှုတ်ခမ်းဖြူဖျော့ဖျော့လေးကို မြင်လိုက်ရတော့ ကျင်းရွှီယန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘုန်းးး"