အခန်း (၁၃၅)
Vol. 9 Ch. 135
အခန်း-(၁၃၅)
ချင်လူဇီက အသက်ရှင်ကျန်ရစ်သူများဟာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အကြည့်ဖြင့်ကြည့်ကာ အေးစက်စွာပြောလိုက်သည် "နောက်ထပ် ထပ်အော်ရင် မင်းတို့ကို ဖုတ်ကောင်တွေဆီ ငါပစ်လိုက်မယ်"
ဖုတ်ကောင်များ လိုက်ဖမ်းခံရခြင်းရဲ့ ထိတ်လန့်ရမှုကို တွေ့ကြုံပြီးနောက်တော့ သူတို့ရဲ့အော်သံများက ဖုတ်ကောင်တွေကို စွဲဆောင်နိုင်ကြောင်းကို လူတိုင်းနားလည်ခဲ့ကြသည်။ ထို့ကြောင့် သတိပေးသံကိုကြားတာနှင့် မည်သူကမျှ အသံမထွက်ရဲကြတော့ပေ။
ရှန်းကျင်းဇီက ဗီဇပြောင်းလဲသွားသော အသက်ရှင်ကျန်ရစ်သူများထဲမှ တစ်ဦးကို သတ်ပြီးနောက် မကြာမီတွင်ပဲ ကုန်းပိုင်က ကျန်သူများကို ချည်နှောင်ထားပြီးဖြစ်သည်။ လူရှစ်ဦးတွင် နှစ်ဦးက အသိစိတ်ပျောက်ဆုံးသွားတဲ့ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အခြားတစ်ဦးမှာတော့ သတိလစ်မေ့မြောနေဆဲဖြစ်သည်။
သူမက ကုန်းပိုင်ကိုကြည့်ကာ "သတ်ပါ... ကျေးဇူးပြုပြီး..."
သူမရဲ့ ဖြူဖျော့ဖျော့မျက်လုံးများကို ကြည့်လိုက်ပြီးတော့ ကုန်းပိုင်က သက်ပြင်းချကာ "နှုတ်ဆက်ပါတယ် ရဲဘော်" လို့ပြောလိုက်တယ
စကားဆုံးတာနှင့် သူက ဓားမြှောင်ကို အမျိုးသမီးရဲ့နဖူးထဲသို့ ထိုးချလိုက်ပြီး သူမကို ချက်ချင်းပင် သေဆုံးသွားစေလိုက်သည်။ အားလုံးက ခံစားချက်တွေ ရောထွေးပြီး ကြည့်နေကြတယ်။ ထိုဖုတ်ကောင်များဟာ တစ်ချိန်တုန်းကက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ ယခုတော့ သူ့တို့ကို ဘီလူးများအဖြစ်သတ်မှတ်ကာ သတ်ပစ်လိုက်ကြသည်။
ရှန်းကျင်းဇီက ဖုတ်ကောင်များကိုသတ်ပြီးနောက်တွင်ပဲ အလောင်းများကို သူရဲ့အပြာရောင်မီးတောက်ဖြင့် မီးရှို့ခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ ငါးဦးနှင့် ပတ်သက်၍ ဒဏ်ရာရှိမရှိကိုတော့ ကုန်းပိုင်က သူတို့ကို စစ်ဆေးခဲ့ပြီး "ကပ္ပတိန် သူတို့က အဖျားကြီးနေပြီး ဗီဇပြောင်းတဲ့ လက္ခဏာ မပြဘူး" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "သူတို့ကို ဆေးနှင့်ရေ ကျွေးလိုက်။ ဆယ်မိနစ်တိုင်း သူတို့ရဲ့ အခြေအနေကို စစ်ဆေးပါ"လို့ ပြောလိုက်သည်။
"နားလည်ပါပြီ"
ထို့နောက် ကျန်ရှိသောအသက်ရှင်ကျန်ရစ်သူများကို ကြည့်လိုက်ပြီး "ငါတို့က မင်းတို့ကို ရိက္ခာနှင့်ရေပေးမယ်။ ရှေ့လမ်းက ဖုတ်ကောင်တွေက ရှင်းသွားပြီမို့ မင်းတို့ထွက်သွားလို့ရပြီ" လို့ပြောလိုက်တယ်။
ထိုစကားကိုကြားသောအခါတွင် အားလုံးကထွက်သွားရန် မလိုလားကြပေ။ ဒီစစ်သားအုပ်စုက ဖုတ်ကောင်တွေကို ဘယ်လိုသတ်လဲဆိုတာကို သူတို့မမြင်ခဲ့ကြပေမဲ့ ဒီအဖွဲ့က အရမ်းသန်မာတယ်ဆိုတာတော့ သေချာပါတယ်။ သူတို့သာ ဒီအဖွဲ့ နောက်ကို လိုက်ခဲ့မယ်ဆိုရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ဘူး။
ဒီအတွေးနှင့် လူငယ်တစ်ယောက်က "ရဲဘော် ၊ ကျွန်တောါ်မင်းတို့နောက်ကို လိုက်လို့ရမလား၊ မင်းတို့ပြောတဲ့အတိုင်း လုပ်မယ်လို့ ကတိပေးတယ်"လို့ ပြောလာတယ်။
ကျင်းရွှီယန်းက သူတို့ကို ကြည့်လိုက်တော့ အားလုံးက ထိုလူငယ်နှင့် အတွေးအတူတူပဲဆိုတာ သိလိုက်တယ်။ အရပ်သားတစ်စုကို ခေါ်ဆောင်ခြင်းရဲ့ တာဝန်နှင့် ပြဿနာများကို သူ့ရဲ့ အရင်ဘဝက နားလည်ခဲ့ရသည်။
ပြတ်ပြတ်သားသားပြောရမည်ဆိုလျှင် အရပ်သားများကို အကာအကွယ်ပေးခြင်းက ကျေးဇူးမဲ့သော အလုပ်ဖြစ်သည်။ သူက ဆုမရရှိခဲ့ရုံသာမကဘဲ သူတို့ရဲ့ပြစ်တင်ကြိမ်းမောင်းခြင်းကိုလည်း ခံနိုင်ရည်ရှိခဲ့ရသည်။
သူ့အရင်ဘဝမှာကတည်းက လုံလောက်နေပြီဖြစ်လို့ ဒီတစ်ဘဝမှာတော့ ထပ်လုပ်ဖို့ အစီအစဉ်မရှိဘူး။
လက်ကို သူ့ရဲ့အိတ်ကပ်ထဲမှာထည့်လိုက်ပြီး လူငယ်ကိုကြည့်ကာ "ငါ့တို့အဖွဲ့က စစ်သားမဟုတ်ဘူး။ ငါတို့က ကြေးစားတွေပဲ။ ငါတို့မှာ အဖွဲ့ဝင်တွေ စုဆောင်းဖို့ အစီအစဉ်မရှိဘူး၊ မင်းကို ငါတို့က ကာကွယ်ပေးစေချင်ရင် ငါတို့ကို ပိုက်ဆံပေးရမယ်" လို့ပြောလိုက်တယ်။
ထိုလူငယ်က ထိုစကားကိုကြားသောအခါ သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်ကာ “ရဲဘော်၊ ငါ့မှာ ယွမ် ၅၀၀ ပဲရှိတယ်” လို့ ပြောလိုက်တယ်။
မျက်ခုံးပင့်ပြရင်း ကျင်ရွှီယန်းက တခစ်ခစ်ရယ်လိုက်ပြီး "ရဲဘော်၊ မင်းရဲ့ ပိုက်ဆံက တန်ဖိုးရှိသေးတယ်လို့ ထင်နေတာလား"လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ လူငယ်က “ဘာကိုဆိုလိုတာလဲ” လို့ ပြန်မေးသည်။
ကျင်းရွှီယန်းက အနက်ရောင်ပြာပုံကြီးကို ညွှန်ပြပြီး "ဟိုဟိုဒီဒီမှာ ဖုတ်ကောင်တွေနှင့်ကို ဒီအမှိုက်စက္ကူတွေကို လူတွေက လက်ခံတုန်းလို့ ထင်နေတာလား"လို့ ပြောလိုက်တယ်။
"ပိုက်ဆံမလိုချင်ရင် ဘာလိုချင်လဲ" လို့ လူငယ်က ထပ်မေးတယ်။
"ပစ္စည်းတွေ ဒါမဟုတ်လည်း အမြုတေတွေ" လို့
ကျင်းရွှီယန်းက ပြောလိုက်သည်။
"အမြုတေတွေ" လို့ လူငယ်က စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်တယ်။
ထိုအချိန်တွင် ရှောင်ချီက ပြန်ရောက်လာပြီး ကျောပိုးအိတ်နှစ်အိတ်ကို ပေးကာ "ကပ္ပတိန် ကျွန်တော် အားလုံးကို စုဆောင်းပြီးပြီ" လို့ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး ကျောပိုးအိတ်ထဲမှ အကြည်ရောင်အမြုတေကို ထုတ်ယူလိုက်သည်။ အသက်ရှင်ကျန်ရစ်သူတွေကို ပြပြီး "ဒါက အကြည်ရောင်အမြုတေပဲ။ ဖုတ်ကောင်တွေကို သတ်ရာကနေ ရနိုင်တယ်။ ကံကောင်းတယ်ဆိုရင်တော့ မင်းသတ်လိုက်တဲ့ ဖုတ်ကောင်က ဦးနှောက်ထဲမှာ ဒီအမြုတေရှိနေနိုင်တယ်" လို့ ပြောလိုက်တယ်။
သူ့စကားကြားတော့ လူတိုင်းက ဝမ်းနည်းကြေကွဲသွားကြတယ်။ ဖုတ်ကောင်တွေကိုတောင် မသတ်နိုင်ရင် အမြုတေ လို့ ခေါ်တဲ့ဟာတွေကို ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ။
ကျင်းရွှီယန်းက အမြုတေအားလုံးကို
ကျိူးလီဇီထံ ပေးလိုက်ပြီး "မင်းဆီမှာ ပစ္စည်းတွေ ဒါမှမဟုတ် အမြုတေတွေမရှိတာကြောင့် မင်းက ငါ့တို့အဖွဲ့ နောက်ကို လိုက်လို့မရတော့ဘူး"
"ငါတို့ကသာ မင်းတို့အနောက်ကိုလိုက်ဖို့ တောင်းဆိုရင် ဘာဖြစ်မလဲ" လို့ အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဇွတ်မေးသည်။
ကျင်းရွှီယန်းက ဒါကိုကြားတော့ သူကရယ်မောလိုက်ပြီး " ငါတို့နောက်ကို လိုက်ချင်ရင် ငါတို့က မင်းကို တားလို့ မရဘူး။ ဒါပေမယ့် မင်းကိုတော့ ကာကွယ်ပေးမှာ မဟုတ်သလို မင်းကို စောင့်မှာလည်း မဟုတ်ဘူး။ မင်းက ငါ့တို့အဖွဲ့နှင့် လိုက်နိုင်မယ်ဆိုရင်တော့ လွတ်လပ်စွာလိုက်ခွင့်ရှိတယ်"
"ဒါပေမယ့် ထွက်သွားဖို့ ရွေးချယ်ရင်တော့ မင်းကို ရိက္ခာနှင့် ဓားမြှောင်တစ်ချောင်း ပေးမယ်။ ကမ္ဘာပျက်ကပ်မှာ ရှင်သန်မလား ဒါမှမဟုတ် ဖုတ်ကောင်တွေအတွက် အစာဖြစ်လာမလားဆိုတာက မင်းကိုယ်တိုင်အပေါ်မှာပဲ မူတည်လိမ့်မယ်"
သူစကားပြီးတာနဲ့ ဝိန့်မိုက သူ့လက်တွေကို မြှောက်လိုက်ပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ နောက်ကွယ်က သတ္တုနံရံကို သတ္တုစိုင်အဖြစ် ပြောင်းလဲပစ်လိုက်တယ်။ ထို့နောက် သတ္တုကို ဓားမြှောင်ပုံအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဓားသွားများက နေရောင်အောက်တွင် တောက်ပနေပြီး ၎င်းတို့ရဲ့ ထက်ရှမှုကို ပြသနေသည်။
ပြီးသွားသောအခါတွင်တော့ ဖုန်းယွင် နှင့် ရှောင်ချီ တို့က အသက်ရှင်ကျန်ရစ်သူများအတွက်တစ်ပတ်စာ အသက်ရှင်နေထိုင်ရန် အစာနှင့်ရေများကို ကျန်းယွမ် နှင့် တိုင်ပင်ပြီးမှ နေရာလွတ်မှ လုံလောက်စွာ ထုတ်ယူခဲ့ကြသည်။
ရိက္ခာ၊ ရေ နှင့် ဓားမြှောင် အစုအဝေးကို ကြည့်ပြီး အသက်ရှင် ကျန်ရစ်သူများ တုံ့ဆိုင်းသွားကြသည်။ ခဏကြာတော့ လူငယ်လေးက မတ်တပ်ရပ်ပြီး “ရဲဘော်၊ ပစ္စည်းတွေ နှင့် ဓားမြှောင်တစ်ချောင်း ပေးပါ” လို့ တောင်းလာတယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက ရှောင်ချီ နှင့် ဖုန်းယွင်ကို ခေါင်းညိတ်ပြလိုက်သည်။
သူ့ခွင့်ပြုချက်နှင့် ရှောင်ချီက သူ့ကို ဓားမြှောင်တစ်ချောင်း ပေးနေတုန်း ဖုန်းယွင်က ရိက္ခာတွေကို လူငယ်လေးဆီ ပေးလိုက်တယ်။ လူငယ်လေးမှာ လွယ်အိတ်မရှိသောကြောင့် တီရှပ်ကို ယာယီအိတ်အဖြစ်ပြောင်းလဲ အသုံးပြုပြီးသာ ရိက္ခာများကို ကိုင်ဆောင်ထားနိုင်ခဲ့သည်။
ရိက္ခာတွေရပြီးတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ထွက်သွားတယ်။
တစ်စုံတစ်ယောက်က ဥပမာတစ်ခုပြပေးခြင်းဖြင့် ကျန်အသက်ရှင်ကျန်ရစ်သူများကလည်း တယောက်ပြီးတယောက် လိုက်လျှောက်ကြတော့သည်။ တစ်နာရီကြာပြီးနောက်တော့ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့ရဲ့ ရိက္ခာများရရှိပြီးနောက် ထွက်ခွာသွားကြသည်။
သူတို့ထွက်သွားပြီးနောက်မှ အမျိုးသမီးတစ်ဦးက ကျင်းရွှီယန်းဆီသို့ လျှောက်လာပြီး "ရဲဘော် ၊ ငါ့မောင်နှင့် ဒီမှာ ခနနေလို့ရမလား" လို့ မေးလာတယ်။
စစ်သားတွေ တွဲထားတဲ့ အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြပြီး “ဒါ ငါ့ မောင်” လို့ ပြောလိုက်တယ်။
သူမက ထိုလူရဲ့မိသားစုဖြစ်သောကြောင့်
ကျင်းရွှီယန်းက မကန့်ကွက်တော့ဘဲ "မင်းနေနိုင်တယ်၊ မင်း မောင်နိုးလာတဲ့အခါကြမှ မင်းသူနှင့်အတူထွက်သွားလို့ရတယ်" လို့ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်" ပြောပြီး အမျိုးသမီးက ဦးညွှတ်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး ကျိူးလီဇီဆီသို့ လျှောက်သွားလိုက်သည်။ သူက သူမဆီက ကျောပိုးအိတ်ကို ယူလိုက်ပြီး "အာ့ဇီ မင်း ဗိုက်ဆာနေပြီလား" လို့ မေးလိုက်တယ်။