← Chapters

အခန်း (၁၂၃)

Vol. 9 Ch. 123

အခန်း (၁၂၃)

Vol. 9 Ch. 123

‎

‎အခန်း-(၁၂၃)

‎ ကျိူးလီဇီရဲ့စကားကိုကြားတဲ့အခါ သူမတို့ထဲက တစ်ယောက်ကပြောလာတယ် "ငါ့ရည်းစားကို ငါ့ရှေ့မှာသတ်ပြီး ငါ့ကို ညစ်ညမ်းစေခဲ့တယ်။ ငါကဘယ်လိုလုပ် ကမ္ဘာကြီးကိုရင်ဆိုင်ပြီး အသက်ရှင်နေနိုင်မလဲ ၊ မင်းဘာမှမသိဘူး"

‎

‎

‎ကျိူးလီဇီက သူမရဲ့စကားကိုကြားပြီးတဲ့နောက် တိတ်ဆိတ်သွားသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ သူမ မီးဖိုချောင်သုံးဓားကို ထုတ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်တယ် " ဆက်မရှင်သန်နိုင်တော့ဘူးလို့ ခံစားရရင် မင်းရဲ့အသက်ကို လက်လွတ်လိုက်။ သူများတွေက မင်းကိုအနိုင်ကျင့်လာတာမျိူး ခွင့်ပြုပေးမယ့်အစား အရာအားလုံးကို အဆုံးသတ်လိုက်တာက ပိုကောင်းတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ထိုအမျိူးသမီးက သူမရဲ့စကားကြောင့် အံ့အားသင့်သွားတယ်။ သူမကို ဆွဲဆောင်ဖို့ ကြိုးစားအုံးမည်ဟု ထင်ခဲ့သည်။ မထင်မှတ်ထားတာက သူမကို ဓားတစ်ချောင်း ပေးလာလာမှာကိုပဲ။ မျက်ဝန်းမှ မျက်ရည်များ စီးကျလာတော့ သူမကမျက်နှာကိုအုပ်ပြီး ငိုကြွေးတယ်။ 'သူမ မသေချင်ဘူး'

‎

‎

‎"ငါတို့က ကမ္ဘာပျက်ကပ် အခြေအနေကိုရင်ဆိုင်နေရပြီး မင်းကို ဘယ်သူကမှ ကာကွယ်နိုင်မှာမဟုတ်တော့ဘူး။ မင်းကိုယ်မင်းပဲ့ အားကိုးနိုင်တယ်။ မင်းက သန်မာသောလူတစ်ဦးအဖြစ် အသက်ရှင်နေထိုင်နိုင်ပြီး မင်းချစ်တဲ့သူ တွေကို ကာကွယ်နိုင်မှာ"

‎

‎

‎ကျိူးလီဇီရဲ့ စကားများက ကြမ်းတမ်းသော်လည်း နှလုံးသားကို ထိမိသွားကြသည်။

‎

‎

အမျိုးသမီးက ငိုပြီး‎ခဏကြာတွင်မှ ဆေးသောက်လိုက်တယ်။ ရေသောက် အဝတ်အစားလဲပြီး အားတင်းပြီး ထရပ်လိုက်တယ်။

‎

‎

‎တုန်တုန်ယင်ယင် ခြေထောက်များနှင့် မတ်တပ်ရပ်ရင်း “ဒီအကောင်တွေကို ငါ့လက်နဲ့ သတ်ချင်တယ်” လို့ အသံတိုးတိုးနှင့် ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ" ကျိူးလီဇီက ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။

‎

‎

အမျိုးသမီးတွေက သူမနောက်ကို လိုက်လာကြတယ်။ အပြင်ဘက်မှာ နံရံကို မှီ၍ရပ်နေတဲ့ အရပ်မြင့်မြင့်နဲ့ ချောမောသော အမျိုးသားတစ်ဦးကို တွေ့လိုက်သောအခါမှာတော့ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်လို့ ကြောက်စိတ်ဖြင့် လှမ်းကြည့်ကြတယ်။

‎

‎

‎ကျိူးလီဇီက ကျင်းရွှီယန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "မကြောက်နဲ့ သူက ငါ့လူပါ။ သူက မင်းတို့ကို ဒုက္ခမပေးဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ယခုအချိန်တွင်တော့ ကျင်းရွှီယန်းက အမျိုးသမီးများရဲ့အကြည့်တွေကို ဂရုမစိုက်တော့ဘဲ‎ ကျိူးလီဇီကို စိုက်ကြည့်နေတယ်။ သူ့နှလုံးခုန်သံက ကျယ်လောင်လွန်းလို့ တခြားဘာအသံကိုမှ မကြားရဘူး။

‎

‎

‎'အားးးး ၊ အာ့ဇီက ငါက သူ့လူပါဆိုပြီးပြောလိုက်တယ်။ အရမ်းပျော်တာပဲ'

‎

‎

‎သူရဲ့ အေးစက်ကာ လျစ်လျူရှုသော အမူအရာများကြားမှာမှ သူ့ရဲ့မျက်လုံးများကတော့ သူမအပေါ် ပြင်းထန်သော ခံစားချက်များဖြင့် ပူလောင်နေလေသည်။

‎

‎

‎ရောယှက်နေသော လက်ချောင်းများကို မြင်လိုက်ရသော အမျိုးသမီးများက ခေါင်းညိတ်ပြသော်လည်း သူတို့ထံမှ ဝေးကွာနေဆဲဖြစ်သည်။

‎

‎

‎မထွက်သွားခင်မှာ ကျင်းရွှီယန်းက အလောင်းကို မီးရှို့ပြီး ပြာပုံနှင့် မီးလောင်ကျွမ်းနေတဲ့ ကြမ်းပြင်ကိုသာ ချန်ထားခဲ့ပါတယ်။

‎

‎

‎ထိုအမျိုးသမီးများသည် မြေပြင်ပေါ်ရှိ ပြာပုံများကို ကြည့်ကာ သူတို့ဖြစ်ပျက်ခဲ့သည့်အရာများက အိပ်မက်ဆိုးတစ်ခုလိုပင် ခံစားလိုက်ရတယ်။

‎

‎

‎ထိုသားရဲတို့က နှိပ်စက်ညှဉ်းပန်းကြလွန်းတယ်။ သူမတို့မျက်လုံးထဲမှာတော့ အဲဒီလူတွေဟာ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့တဲ့ တောင်တွေလိုပါပဲ။ သိသာထင်ရှားစွာနဲ့ပဲ့ ထိုအမျိုးသားများဟာ စူပါပါဝါရှိသူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ပုရွက်ဆိတ်များကဲ့သို့ အားနည်းသွားကြသည်။

‎

‎

‎ဒီအချိန်မှာ သူမတို့ထဲက တစ်ချို့ကတော့ အဲဒီလူတွေကို တိုက်ခိုက်ဖို့ သတ္တိမရှိခဲ့လို့ နောင်တရတယ်။ သူတို့ကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ အရှက်ကွဲပြီး စော်ကားခံရမှာ မဟုတ်ဘူး။

‎

‎

ကျိူးလီဇီကတော့ ‎သူမတို့ဘာတွေတွေးနေမှန်းမသိဘဲ သူမတို့ဘက်လှည့်ပြီး "နောက်ကလိုက်၊ အသံမထွက်နဲ့"လို့ ပြောလိုက်တယ်။

‎

‎

‎အမျိုးသမီးအုပ်စုက ခေါင်းညိတ်ပြပြီး သူမနောက်ကို လိုက်လာကြသည်။ လှေကားထစ်သို့ရောက်သောအခါမှာ ကျိူးလီဇီက သူမရဲ့လက်သီးကို တင်းတင်းဆုပ်လိုက်တော့ သတိလစ်နေသော ယောင်္ကျားတစ်‌ယောက်ရဲ့ဦးခေါင်းမှ ရေအပ်က ထွက်လာလေသည်။

‎

‎

‎ဒီယောက်ျားကိုမြင်တော့ မီးဖိုချောင်သုံးဓားကို ကိုင်ထားတဲ့ အမျိုးသမီးက အဲဒီယောင်္ကျားရဲ့လည်ပင်းကို ဖြတ်လိုက်တယ်။

‎

‎

‎တခဏအတွင်းမှာပင် သူမရဲ့ မျက်နှာအပေါ်သို့ သွေးများ စင်လာပေမယ့် သူမရဲ့လက်ကတော့ ဝှေ့ယမ်းနေတုန်းပဲ။

‎

‎

‎ဒီလူက သူ့ချစ်သူကိုသတ်ပြီး သူမကို အရှက်တကွဲဖြစ်စေခဲ့တဲ့သူပဲ့။ ဒီသားရဲကောင်ကသေပြီးသားဆိုရင်တောင် သူ့မှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိမှာကို ဘယ်တော့မှခွင့်မပြုဘူး။

‎

‎

‎ခဏအကြာတွင်မှ အမျိုးသမီးက နောက်ဆုံးတော့ ရပ်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။ သူမက အုပ်စုရဲ့အနောက်ကနေကာ လှေကားမှဆင်းလိုက်လာသည်။ မီးဖိုချောင်သုံးဓားမှာ သွေးများ ရွှဲနစ်နေတာကို တွေ့တဲ့အခါ အမျိုးသမီး အချို့က ရှောင်ခွာသွားကြတယ်။

‎

‎

‎ကျိူးလီဇီက ဒါကို သတိပြုမိပေမယ့် ဘာမှ မပြောလိုက်ဘူး။ သူမက သူမတို့ကို ဒီလောက်ပဲကူညီနိုင်တယ်။ ကျန်တာ‌တွေကတော့ သူမတို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်။ သန်မာသူတွေကသာ ကမ္ဘာအဆုံးမှာ ရှင်သန်နိုင်မှာဖြစ်တယ်။

‎

‎

‎သူတို့ဆင်းလာသောအချိန်မှာပဲ ကျင်းရွှီယန်းက ဒါရိုက်တာ ယောင်ရဲ့ လူများကိုသတ်ရန်အတွက် အသင့်ဖြစ်နေစေရန် သူရဲ့ဓားရှည်ကို ထုတ်ယူလိုက်သည်။ ဒါပေမယ့် သူ ခြေတစ်လှမ်းမလှမ်းမီမှာပဲ့ ကျိူးလီဇီက သူ့လက်ကောက်ဝတ်ကို ဆွဲပြီး "အစ်ကိုယန်း သူတို့ကို မသတ်ပါနဲ့၊ သူတို့ရဲ့ အရွတ်တွေကို ဖြတ်လိုက်ရုံပဲ" လို့ ပြောလာတယ်။

‎

‎

‎သူရဲ့အာ့ဇီက ထိုယောက်ျားများရဲ့အသက်ကို ချမ်းသာပေးစေလိုတဲ့ အကြောင်းရင်းကို မသိသော်လည်း ငြင်းခုံခြင်းမရှိဘဲ “ကောင်းပြီ” ဟုသာ အဆင်သင့်ပြန်ဖြေခဲ့သည်။

‎

‎

‎ကျင်းရွှီယန်းက တံခါးကို တွန်းဖွင့်လိုက်တော့ အားလုံးက သူ့ဘက်ကို လှည့်ကြည့်လာကြသည်။ သူက မျက်နှာသစ်တစ်‌ ယောက်ဖြစ်နေတာကိုမြင်တော့ အစောင့်တစ်ယောက်က "မင်းကဘယ်သူလဲ" ဟုမေးလိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက အခြေအနေကို စောင့်ကြည့်ပြီးမှ အစောင့်တွေဆီပြေးသွားလိုက်တယ်။

‎

‎

‎သူ့ကို ဓားရှည်ကိုင်ထားတာမြင်တော့ အစောင့်က လက်ကိုမြှောက်ကာ ကိုင်ထားတဲ့ မီးသတ်ပုဆိန်ကို လှုပ်ရှားလိုက်သည်။

‎

‎" ကလန် ဒုတ် ကလက်"

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပဲ မီးပုဆိန်က အစောင့်ရဲလက်ထဲမှ လွှတ်ထွက်သွားပြီး နံရံကိုထိမှန်သွားခဲ့သည်။

‎

‎

‎ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှ မမြင်နိုင်လိုက်ကြဘူး။ သို့သော် နောက်အခိုက်အတန့်တွင် ထိုလူငယ်က အစောင့်အကြပ်ဆီသို့ အပြေးအလွှားသွားကာ သူရဲ့ဓားရှည်နှင့် ခုတ်ချလိုက်တယ်။

‎

‎

‎"အားးးး"

‎

‎

‎အစောင့်က မြေပြင်ပေါ်သို့ လဲကျသွားကာ အော်ဟစ်လိုက်သည်။ ခြေလက်များဆီမှ သွေးများ စီးကျလာပြီး မြေကြီးကို အနီ ရောင်ဆေးဆိုးထားသလိုဖြစ်သွားသည်။

‎

‎

‎သူတို့ထဲက တစ်ယောက်ကကို တိုက်ခိုက်တာ မြင်တော့ ကျန်တဲ့ အစောင့်တွေကလည်း လက်နက်တွေနဲ့ ပြေးလာကြတယ်။

‎

‎ဒီလူတွေဟာ သာမာန်လူတွေဖြစ်ပြီး သူ့ကို အနိုင်ယူဖို့ အခွင့်အလမ်း မရှိပါဘူး။ သူက အစောင့်အကြပ်များကို ဖြတ်ကျော်လာစဉ်တွင် သူရဲ့ဓားရှည်က ထိုသူတို့ရဲ့ အရွတ်များကို ဖြတ်ပစ်လိုက်သည်။

‎

‎

‎မြေပြင်ပေါ်သို့ လဲကျကုန်ကာ ခြေလက်များမှာလည်း ချက်ချင်းကို သွေးများ စီးကျလာသည်။ ငါးမိနစ်မပြည့်မီတွင်ပဲ အစောင့်အကြပ်များအားလုံးကို ထိမ်းသိမ်းနိုင်ခဲ့ပြီး အားလုံးကနာကျင်စွာ ညည်းတွားလျက် မြေကြီးပေါ်၌ လှဲနေကြသည်။

‎

‎

‎ကျင်းရွှီယန်းက မီးဖိုခန်းနှင့် ချိတ်ဆက်ထားသော တံခါးကို မကြည့်မီတွင် သွေးများကို သန့်စင်ရန်အတွက် ဓားရှည်ကို အရက်လွဲခုတ်လိုက်ပြီးမှ‎"အာ့ဇီ ပြီးပြီ" ဟု တည်ငြိမ်စွာပြောလိုက်သည်။

‎

‎

‎သူပြောပြီးတာနဲ့ တံခါးကို တွန်းဖွင့်ကာ ကျိူးလီဇီက ခန်းမထဲသို့ ဝင်လာပြီး အနောက်တွင်လည်း အမျိုးသမီးတစ်စုက လိုက်လာကြတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများက သူတို့ကိုမြင်သောအခါမှာတော့ အံ့သြစွာဖြင့် မျက်လုံးများပြူးသွားကြသည်။ တစ်ချို့က သူတို့ရဲ့ မိသားစုဝင်တွေ အသက်ရှင်နေတာကို တွေ့ရလို့ ဝမ်းသာကြပြီး တချို့ကတော့ သူတို့ကို ရွံရှာစက်ဆုပ်ကာ ကြည့်နေကြသည်။

‎

‎

‎

‎

All Chapters