အခန်း (၁၂၂)
Vol. 9 Ch. 122
အခန်း-(၁၂၂)
ကော်ဖီဆိုင်တွင် မီးစက်က အမှန်တကယ် ရှိနေပုံရသော်လည်း အဆောက်အဦးတစ်ခုလုံးအတွက်တော့ ပါဝါကမလုံလောက်နိုင်ပါ။ ဆိုလာပြားများနှင့် မီးစက်များအကြောင်း စဉ်းစားရင်း ကျင်းရွှီယန်း နှင့် ကျိူးလီဇီ တို့က ဆိုလာပြားများနှင့် မီးစက်များကို နောက်ပိုင်းတွင် ရရှိရန် စိတ်ကူးခဲ့ကြသည်။
တံခါးဖွင့်ပြီးနောက်မှ ကျိူးလီဇီက သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဥများနှင့် မှိုများဖြင့် ပြည့်နေသော စင်များကို တွေ့လိုက်ရသည်။ သူမကလက်ဝှေ့ယမ်းကာ စင်များအပါအဝင် အရာအားလုံးကို အာကာသအတွင်းသို့ စုဆောင်းခဲ့တယ်။
ဤအအေးခန်းရဲ့အပြင်တွင် နောက်ထပ်သိုလှောင်ခန်းနှစ်ခန်းရှိသေးသည်။ ကျင်းရွှီယန်းက တံခါးကိုဖွင့်လိုက်တွင် မျက်နှာကျက်မှာချိတ်ထားတဲ့ သိုးသား၊ ဝက်သားနှင့် အမဲသားများတန်းစီနေတာကို တွေ့လိုက်ရသည်။ စင်များတွင်တော့ အသားထွက်ကုန်များ၊ ကြက်၊ ငါးနှင့် ပင်လယ်စာများ ပြည့်နေပါသည်။
ကျိူးလီဇီက အရာအားလုံးကို လျင်မြန်စွာစုဆောင်းလိုက်ပြီး နောက် သိုလှောင်ခန်းသို့သွားခဲ့သည်။ ဒီတစ်ခါမှာတော့လည်း အေးခဲထားတဲ့ အစားအစာတွေနှင့် နို့ထွက်ပစ္စည်း မျိုးစုံ ပြည့်နှက်နေပါတယ်။
အားလုံးကို ယူလိုက်ပြီးနောက်မှ မီးဖိုချောင်နားက ဒုတိယထပ်ကို ခိုးဝင်ခဲ့ပါတယ်။ လှေကားထစ်ကို စစ်ဆေးကြည့်သောအခါတွင်တော့ အမျိုးသားတစ်ဦးက လက်ရန်းနှင့် မျက်နှာချင်းဆိုင်တွင်ဆေးလိပ်သောက်နေပြီး သူတို့ကိုကျော ပေးထားတာကို တွေ့လိုက်ရသည်။
ကျိူးလီဇီက လက်ဖဝါးကိုဖြန့်လိုက်တော့ ရေအပ်က လေထဲတွင် ပေါ်လာတယ်။ သူမရဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ခြင်းမှာပဲ ရေအပ်က ထိုလူဆီသို့ ပျံသန်းသွားသည်။
ထိုလူက အသက်ရှူထုတ်ဖို့ မလုပ်နိုင်ခင်မှာပဲ ရေအပ်က သူရဲ့လည်ပင်းဘေးကို ထိုးဖောက်ဝင်ရောက်လာပြီဖြစ်သည်။ နောက်အခိုက်အတန့်တွင်ပဲ ထိုလူက မျက်ဖြူလန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ကျိူးလီဇီက ခေါင်းကို လှည့်လိုက်တော့ ကျင်းရွှီယန်းရဲ့ မေးခွန်းထုတ်နေသော အကြည့်ကို တွေ့လိုက်ရသည်။ သူမက အနားကိုတိုးကပ်သွားပြီး "မသေပါဘူး၊ မူးလဲသွားတာ" ဟု တိုးတိုးလေးပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး ဒုတိယထပ်ကို သွားလိုက်ကြသည်။
ဒုတိယထပ်သို့ ဝင်လာချိန်မှာတွင် နှစ်ယောက်သားက လေထုထဲတွင်ရှိတဲ့ အနံ့ပြင်းပြင်းကြောင့် လန့်သွားကြတယ်။
တခါမှ မလုပ်ခဲ့ဖူးရင်တောင် သူတို့နှစ်ယောက်က အရင်ဘဝက အများကြီး ကြုံတွေ့ခဲ့ဖူးတယ်။ အနံ့က ဘာလဲ၊ ဒီအထပ်မှာ ဘာဖြစ်သွားလဲဆိုတာကို သိတယ်။
ပထမထပ်ရှိ ခန်းမနှင့်မတူဘဲ ဒုတိယထပ်ကိုတော့ ကုန်ပစ္စည်းခြောက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ သိုလှောင်ရန်အတွက် အသုံးပြုထားသောကြောင့် အထပ်တစ်ခုလုံးကို အခန်းသုံးခန်းခွဲထားသည်။
ပထမအခန်းကို သွားကြည့်တော့ ဂိုဒေါင်ဖြစ်နေတာကို မြင်လိုက်ရတယ်။
တစ်ဦးတည်းသော အစောင့်ကသာ စောင့်ရှောက်ထားသောကြောင့် အနောက်ခန်းကို စစ်ဆေးရန် မရွေ့သွားမီတွင် အခန်းထဲသို့ဝင်ကာ ရိက္ခာများကို ယူသွားကြသည်။
ဒီတစ်ခါလည်း ဂိုဒေါင်အဖြစ် သုံးထားပြန်တယ်။
ဒုတိယဂိုဒေါင်ရှိ ပစ္စည်းများကို သိမ်းပြီးနောက်တော့ ဒုတိယထပ်ရဲ့ အဝေးဆုံးတွင်ရှိသော နောက်ဆုံးခန်းသို့ သွားကြသည်။
ယခင်အခန်းများနှင့် မတူဘဲ ဒီအခန်းကတော့ တံခါးမဖွင့်မီတွင်ပဲ အတွင်းဘက်၌ ညစ်ညမ်းသော အသံများကို ကြားနေရသည်။ ယောက်ျားတွေရဲ့ ရယ်မောညည်းတွားသံတွေဟာ မိန်းမတွေရဲ့ ငိုကြွေးသံတွေနဲ့ ရောထွေးနေတယ်။
ကျိူးလီဇီရဲ့ မျက်လုံးများက မှိန်သွားပြီး
"အစ်ကိုယန်း ဒီကိစ္စကို ဖြေရှင်းပါရစေ" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက မည်သည့်အရာကိုမှကန့်ကွက်မှုမှမရှိဘဲ ခေါင်းညိတ်လိုက်သည်။ "အာ့ဇီ သတိထားနော်" လို့သာ အသံတိုးတိုးလေးနဲ့ သတိပေးလိုက်တယ်။
သူမ ခေါင်းညိတ်ပြလိုက်ကာ ဒေါသကို ဖြေဖျောက်ရန်အတွက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက သူတို့ကို ခိုးဝင်တိုက်ခိုက်ရန် လုံးဝမစီစဉ်ထားပေ။ တံခါးကိုတွန်းဖွင့်ပြီး သူ့ရှေ့က မြင်ကွင်းကို လှမ်းကြည့်လိုက်တယ်။
အမျိုးသမီးတစ်ဦးက အခန်းထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်လာတာကို တွေ့လိုက်ရသောအခါ အတွင်းဘက်မှ အမျိုးသားများ အံ့ဩသွားကြသည်။ အရင်ကတော့ အမျိုးသမီးတစ်ယောက်ကို ဆွဲခေါ်လာဖို့ ရိုက်နှက်တာတွေတောင် လုပ်ခဲ့ရပါတယ်။
နူးညံ့သိမ်မွေ့သော်လည်း သူမရဲ့ အကွေ့အကောက် ပုံသဏ္ဍာန်ကို မြင်လိုက်ရတော့ သန်မာသော အမျိုးသားက သူရဲ့ တင်ပါးလှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်တော့ အသံ ထွက်လာတယ်"အင်း...အားးးး"
ခဏအကြာတွင်မှ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှ ဆွဲထုတ်ပြီး ဘောင်းဘီကို ဆွဲဝတ်လိုက်တယ်။ သူက ဇစ်ကိုဆွဲရန်တောင် စိတ်မ၀င်စားဘဲ သူမရဲ့ မျက်နှာနှင့် ရင်ဘတ်ကိုကြည့်ရင်း နှုတ်ခမ်းကို သပ်ကာ ကျိူးလီဇီ ဆီသို့ လျှောက်သွားခဲ့သည်။
ကျိူးလီဇီက ထိုသူတွန်းထုတ်လိုက်တဲ့ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်တော့ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှ သွေးထွက်နေသည်ကို သတိပြုမိလိုက်သည်။ အခြေအနေကို ကြည့်ရရင်တော့ ဒဏ်ရာကို အမြန်ဆုံး မကုသရင် ထ်ိုအမျိူးသမီးက အသက်ရှင်နိုင်တော့မှာ မဟုတ်ပါဘူး။
အခြားအမျိုးသမီးများရဲ့ အခြေအနေကလည်း ထိုအမျိုးသမီးရဲ့ အခြေအနေနှင့် ဆင်တူတာကို သူမမြင်တဲ့အခါ လက်ကို ဝှေ့ယမ်းလိုက်ပြီး ရေဓားတစ်ချောင်းကလည်း သန်မာသော အမျိုးသားဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။
ရေဓါးကို မြင်လိုက်ရတော့ မျက်လုံးများက အံ့အားသင့်စွာ ဖြင့်ပြူးကျယ်သွားသည်။
"အားးးး"
ဒါပေမယ့် သူတို့ မတုံ့ပြန်နိုင်ခင်မှာပဲ ဝက်သတ်ခံရသလိုမျိူး ထိုသန်မာတဲ့လူက အသတ်ခံလိုက်ရတယ်။ နောက်အခိုက်အတန့်မှာတော့ သူ့ခန္ဓာကိုယ်အောက်ပိုင်းက သွေးတွေနှင့် ဖုံးလွှမ်းနေတာကို တွေ့လိုက်ရပြီး မြေပြင်ပေါ်ကို တုန်လှုပ်ကာလဲကျသွားခဲ့တယ်။
"မင်း-မင်းကဘယ်သူလဲ" အမျိုးသားတစ်ယောက်က ကျိူးလီဇီကို ကျောခိုင်းပြီး သူ့မိသားစုရတနာကို ဆုပ်ကိုင်ထားပြီး မေးတယ်။
ကျိူးလီဇီကတော့ သူတို့အတွက် သူမရဲ့ အသက်တစ်ချက်ရှုချိန်ကိုတောင် မဖြုန်းတီးချင်ပေ။ သူမရဲ့လက်များကို ဝှေ့ယမ်းပြီးတာနဲ့ ရေဓါးသုံးချောင်းက အမျိုးသားများဆီသို့ ပျံသန်းသွားသည်။ ရေဓားများက လေထဲတွင် ပျံဝဲသွားချိန်တွင် ခေါင်းတစ်လုံးက မြေပြင်ပေါ်သို့ လူးလိမ့်ကျလာတယ်။
"အား..."
"အိုး..."
ငါးမိနစ်မပြည့်ခင်မှာပဲ မြေပြင်မှာ သွေးနီတွေနဲ့ ခေါင်းမဲ့အလောင်းတွေ ဖုံးလွှမ်းသွားတယ်။
ကျိူးလီဇီက အမျိုးသမီးအုပ်စုကို ကြည့်လိုက်ပြီးမှ သူမရဲ့ နေရာလွတ်က ရေသန့်ဘူးများနှင့် ရောင်ရမ်းမှု သက်သာစေသော ဆေးပုလင်းများစွာကို ထုတ်ယူလိုက်သည်။ အားလုံးကို ရေတစ်ပုလင်းနှင့် ဆေးတစ်လုံးစီ ပေးလိုက်တယ်။
အဲဒီနောက်မှာတော့ သန့်ရှင်းတဲ့အဝတ်တစ်ထည်တွေ ပေးခဲ့ပြီး " ကြုံခဲ့ရတာအတွက် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မင်းတို့ကအသက်ရှင်ချင်ရင် အံကိုကြိတ်ပြီး ပြန်ထရမယ်" လို့ ပြောလိုက်တယ်။
“စစ်သားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်သွားပြီး အသက်ရှင်ကျန်ရစ်ူစခန်းကို ပို့ပေးလိမ်မယ်။ သူတို့နဲ့လိုက်ချင်ရင် ငါနဲ့လိုက်ခဲ့"
အချို့သော အမျိုးသမီးများကတော့ သန့်ရှင်းသောအဝတ်အစားများ မဝတ်မီတွင် ဆေးသောက်ပြီး ရုန်းကန်ရင်း အသက်ရှင်သန်ရန် ဆန္ဒကို ပြန်လည်ရရှိခဲ့ကြသည်။ ဒါပေမယ့် အများစုကတော့ သူမကို ကြောင်တက်တက်နှင့် ကြည့်နေကြတယ်။
သူမတို့က ရှင်သန်လိုစိတ် ပျောက်ဆုံးနေတာကို မြင်တော့ သူမက သက်ပြင်းချလိုက်ပြီး "ဒီတိရစ္ဆာန်တွေကြောင့်နှင့် မင်းတို့ရဲ့အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတာလား။ မင်းတို့ရဲ့မိသားစုက မင်းတို့ကို စိတ်ပူနေတယ်မဟုတ်လား"လို့ မေးလိုက်တယ်။