← Chapters

ခေါင်းဆောင်ဟော်နှင့် လက်နက်ကြီးများ

Vol. 6 Ch. 59

ခေါင်းဆောင်ဟော်နှင့် လက်နက်ကြီးများ

Vol. 6 Ch. 59

နှင်းဝံပုလွေများ၏ ခန္ဓာကိုယ်ပေါ်ရှိ ထင်ရှားလှသော သေနတ်ဒဏ်ရာများကို မြင်လိုက်ရသောအခါ လင်းထျန်းလုံ၏ နှလုံးသားသည် ချက်ချင်းပင် လေးလံထိုင်းမှိုင်းပြီး အမှောင်ထုဖုံးလွှမ်းသွားကာ နစ်မြုပ်သွားခဲ့လေသည်။

“တကယ်ပဲ... သူတို့ ရောက်လာကြပြီ...”

သူ၏ ရင်ထဲတွင် အေးစက်သွားခဲ့လေသည်။

“ဒီကောင်တွေနဲ့ ယှဉ်လိုက်ရင် ခွန်အားသုံးပြီး ထိပ်တိုက်ရင်ဆိုင်ဖို့လောက်ပဲသိတဲ့ အဲဒီကျားသစ်ဘုရင်ကတောင်မှ ပိုပြီး ချစ်စရာကောင်းနေသလိုပဲ...”

လူသားများ၏ နှလုံးသားသည် ဗီဇကိုသာ အဓိကထား၍ လှုပ်ရှားတတ်သော မိစ္ဆာသားရဲအများစုထက် များစွာ ပိုမိုရှုပ်ထွေးပြီး ကောက်ကျစ်စဉ်းလဲတတ်ကြောင်းကို သူ နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။

အထူးသဖြင့် ရှောင်လန်နှင့် ရှောင်ယင်းတို့၏ တည်ရှိနေမှုက လူသားများသည်လည်း ဝိညာဉ်စွမ်းအင် နိုးထလာချိန်အတွင်း ထူးကဲသော စွမ်းအားများကို နိုးထလာနိုင်ကြောင်း သက်သေပြနေခဲ့သည်။

လူသားများ၏ မွေးရာပါဉာဏ်ပညာနှင့် ကောက်ကျစ်မှုတို့ အသစ်ရရှိလာသော စွမ်းအားများနှင့် ပေါင်းစပ်သွားသောအခါ ၎င်းတို့၏ အန္တရာယ်ရှိမှုမှာ အဆမတန် မြင့်တက်လာပေမည်။

သူ၏ ချစ်လှစွာသော သမီးငယ်လေးများကို ကာကွယ်ရန် ဤအန္တရာယ်ကို မဖြစ်မနေ ဖယ်ရှားပစ်ရမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်က သူ၏စိတ်နှလုံးတွင် အမြစ်တွယ်လာတော့သည်။

ဤသည်မှာ သူ အစွမ်းကုန်ထုတ်၍ ရင်ဆိုင်ရမည့် ရန်သူများဖြစ်ပြီး လုံးဝ အထင်သေး၍မရနိုင်သော အရာပင် ဖြစ်ပေသည်။

“အာဝူး...”

သူသည် တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး အဖွဲ့ကို ဦးဆောင်ကာ ပြန်လည်ရောက်ရှိလာသော ထျန်းပင်းကိုကြည့်၍ မေးခွန်းထုတ်သည့် စိတ်အာရုံကို ပေးပို့လိုက်သည်။

“ဝူး...”

ထျန်းပင်းသည် ဒေါသနှင့် ကြောက်ရွံ့မှုအနည်းငယ် ရောယှက်နေသော အသံဖြင့် ချက်ချင်းတုံ့ပြန်လိုက်၏။

“ဘုရင်ကြီး၊ အမဲလိုက်ကွင်းပြင်ရဲ့ အတောင်ဘက်အကျဆုံး နေရာမှာ၊ ကျွန်တော်တို့က ထူးဆန်းတဲ့ အခွံမာတွေ ဝတ်ဆင်ထားတဲ့ ‘ခြေနှစ်ချောင်းမျောက်’ တစ်စုနဲ့ ဆုံခဲ့တာပါ၊ သူတို့က မီးတွေပန်းထွက်ပြီး ကျယ်လောင်တဲ့ အသံတွေမြည်တဲ့ တုတ်ချောင်းတွေကို ကိုင်ထားကြတယ်၊ ကျွန်တော်တို့ကို အဝေးကနေ လှမ်းပြီး ဒဏ်ရာရအောင်လုပ်ခဲ့ကြတာ...”

“ခြေနှစ်ချောင်းမျောက် ဟုတ်လား၊ အဲဒါက လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ လူသားတွေဆိုတာ သိသာနေတာပဲ...”

လင်းထျန်းလုံ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ သူသည် အတိတ်ဘဝက လူသားတစ်ဦးဖြစ်ခဲ့သော်ငြား ယခုအချိန်တွင် နှင်းဝံပုလွေဘုရင်တစ်ပါးအနေဖြင့် သူ၏ ဝံပုလွေအုပ်စုနှင့် သမီးငယ်လေးများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သော မည်သူမဆို၊ မျိုးနွယ်တူ လူသားများဆိုပင်လျှင် မည်သည့်ကိုယ်ချင်းစာတရားမှ ထားမည်မဟုတ်ပေ။

ဤရက်စက်ကြမ်းကြုတ်လှသော ကစဉ့်ကလျားကမ္ဘာကြီးတွင် သနားညှာတာတတ်လွန်းသော နှလုံးသားသည် ပျက်စီးခြင်းသို့သာ ဦးတည်စေမည် ဖြစ်သည်။

သေချာသည်မှာ ရှောင်လန်နှင့် ရှောင်ယင်းတို့ကတော့ ခြွင်းချက်ဖြစ်သည်။ သူတို့လေးများသည် နို့စို့အရွယ် ကလေးငယ်လေးများသာဖြစ်ပြီး သူပိုင်ဆိုင်သမျှ အရာအားလုံးကိုပေးဆပ်၍ ကာကွယ်စောင့်ရှောက်သွားရမည့် သူ၏ သမီးငယ်လေးများ ဖြစ်ပေသည်။

“ငါတို့ဘက်က အရင်စတင်လှုပ်ရှားမှ ဖြစ်မယ်၊ သူတို့က ငါတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိသွားပြီး ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ပေးမလာခင် သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ခွန်အားကို ငါတို့ သိအောင်လုပ်ရမယ်...”

“အာဝူး...”

သူသည် ချက်ချင်းပင် အမိန့်များ ချမှတ်လိုက်ရာ ထိုအတွေးအာရုံများသည် ရန့်မြဲ့နှင့် ထျန်းပင်းတို့၏ စိတ်ထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားခဲ့သည်။

“ရန့်မြဲ့၊ မင်းက ဝံပုလွေကျေးရွာကို သတိဝီရိယနဲ့ စောင့်ကြပ်နေရစ်ခဲ့၊ ကလေးနှစ်ယောက်ကို သေချာကာကွယ်ထား”

“ထျန်းပင်း၊ မင်းက အတော်ဆုံး လက်ရွေးစင်အဖွဲ့နှစ်ဖွဲ့ကို ခေါ်ပြီး ငါနဲ့အတူ တောင်ဘက်ကိုလိုက်ခဲ့...”

နှင်းဝံပုလွေကျေးရွာလေးသည် စစ်ပွဲအခြေအနေသို့ ချက်ချင်းဝင်ရောက်သွားခဲ့သည်။ လင်းထျန်းလုံ ကိုယ်တိုင် ဦးဆောင်၍ ထျန်းပင်းနှင့် အသန်မာဆုံး နှင်းဝံပုလွေဆယ်ကောင်ကျော် ပါဝင်သော အဖွဲ့သည် တောင်ဘက် တောအုပ်နက်ကြီးထဲသို့ တိတ်ဆိတ်စွာ ၀င်‌ရောက်ပျောက်ကွယ်သွားကြလေသည်။

သစ်ပင်အိမ်လေးထဲတွင်မူ အစွမ်းထက် စွမ်းရည်များ နိုးထလာသည့်အတွက် ပျော်ရွှင်ကြည်နူးနေကြသော ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အပြင်ဘက်ရှိ ရုတ်တရက် တင်းမာသွားသော လေထုအခြေအနေနှင့် ဝံပုလွေဖေဖေ၏ အလျင်စလို ထွက်ခွာသွားမှုတို့ကြောင့် ခဏတာ ကြက်သေသေသွားခဲ့ကြသည်။

“ဘာတွေဖြစ်သွားတာလဲ...”

ရှောင်လန်သည် ရှောင်ယင်းကို စိတ်ခြင်းဆက်သွယ်၍ လှမ်းမေးလိုက်သည်။

“ငါလည်းမသိဘူး၊ ဒါပေမဲ့ ဝံပုလွေဖေဖေကို ကြည့်ရတာ အရမ်းလေးနက်နေပုံရတယ်၊ တစ်ခုခုတော့ ဖြစ်သွားတာ သေချာတယ်...”

ရှောင်ယင်းက ပြန်ဖြေလိုက်ပြီး သူမ၏ ခရမ်းရောင်ရင့်ရင့် မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက်ပေါ်လာခဲ့သည်။

ထိုအချိန်မှာပင် သစ်ပင်အိမ်လေး၏ တံခါးသည် ဖြေးဖြေးခြင်း ပွင့်လာခဲ့ပြီး ရန့်မြဲ့၏ ဧရာမကိုယ်လုံးကြီး ဝင်ရောက်လာခဲ့သည်။ ရန့်မြဲ့သည် သစ်ပင်အိမ်ထဲရောက်သည်နှင့် ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် ဝေ့၀ဲကြည့်လိုက်ပြီးနောက် သစ္စာအရှိဆုံး သက်တော်စောင့်တစ်ဦးကဲ့သို့ တံခါးဘေးတွင် တိတ်ဆိတ်စွာ ဝပ်ချလိုက်သည်။

ထို့နောက်တွင် သူတို့အား နို့တိုက်ကျွေးရသော ဝံပုလွေမ ပိုင်လင်းကလည်း နောက်မှလိုက်ဝင်လာပြီး ကုတင်ဘေးတွင် နေသားကျနေသကဲ့သို့ ဝင်ရောက်လှဲလျောင်းလိုက်လေသည်။

မေးခွန်းများစွ ပြည့်နှက်နေသော်ငြား ဝံပုလွေအုပ်စု၏ အသင့်အနေအထားနှင့် ဦးလေးရန့်မြဲ့၏ တည်ငြိမ်လှသော ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ ကလေးငယ်နှစ်ဦးသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့ကြသည်။

ထိုစဉ် သူတို့၏ ဗိုက်လေးများက အချက်ပေးသံ မြည်လာခဲ့သဖြင့် သူတို့၏ သိချင်စိတ်များကို ယာယီဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။

“အရင်စားကြမယ်... ခွန်အားတွေပြန်ဖြည့်ထားဖို့က အရေးကြီးတယ်...”

ဧကရီနှစ်ပါးသည် ဤအချက်ပေါ်တွင် တူညီသော သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြသည်။

နှင်းဝံပုလွေမျိုးနွယ်စု အမဲလိုက်ကွင်းပြင်၏ တောင်ဘက်ပိုင်း တောအုပ်နှင့် အနည်းငယ်ဝေးကွာသည့် တစ်နေရာတွင် တဲခြောက်လုံးကို ထိုးထားလေသည်။

လူဆယ့်တစ်ဦးသည် မီးပုံတစ်ခုဘေးတွင် ဝိုင်းထိုင်နေကြပြီး သူတို့၏ ဆူညံသံများသည် တောအုပ်ကြီး၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖျက်စီးနေကြသည်။

အလျင်စလို ဖွဲ့စည်းထားသော ဤအဖွဲ့တွင် စွမ်းအားနိုးထလာသူ သုံးဦးက အဓိကနေရာမှပါဝင်လာလေသည်။ သူတို့ကို ဦးဆောင်နေသူမှာ တင်းမာခက်ထန်သော မျက်နှာသွင်ပြင်ရှိသည့် သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူသည် ပူပြင်းသော မီးတောက်များ၏ စွမ်းအားကို ထိန်းချုပ်နိုင်ကာ သူ၏စွမ်းအင်အဆင့်မှာ အဆင့် ၂၀ သို့ပင် ရောက်ရှိနေချေပြီ။

အခြား လူဝကြီး တစ်ဦးမှာမူ ဧရာမခွန်အား စွမ်းရည်ကို နိုးထလာခဲ့သူဖြစ်ပြီး အဆင့် ၁၄ ဖြစ်ကာ အဖွဲ့၏ အဓိက တိုက်ခိုက်ရေးသမား ဖြစ်သည်။

အဆင့် ၁၁ မှာရှိသည့် အမြန်နှုန်းမြှင့်တင်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသော လူပိန်ကြီးတစ်ဦးလည်း ရှိနေပြီး သူက ကင်းထောက်ခြင်းနှင့် အသေးစား ကိစ္စရပ်များကို တာဝန်ယူရလေသည်။

သူတို့၏ မျက်လုံးများထဲတွင် တောအုပ်အတွင်းရှိ အဖိုးတန် အရင်းအမြစ်များကို လောဘတကြီး ရယူလိုသော ရည်မှန်းချက်များက ထင်ရှားစွာ လင်းလက်နေခဲ့သည်။

ကျန်ရှိနေသော ရှစ်ဦးမှာမူ စွမ်းအားနိုးထလာမည့် အိပ်မက်များကို ရင်ဝယ်ပိုက်လျက် သူတို့နောက်သို့ လိုက်ပါလာကြသော သာမန်လူများသာဖြစ်ကြပြီး အားလုံးက သေနတ်များကို ကိုင်ဆောင်ထားကြ၏။

“ဒီနေ့ တကယ့်ကို ကံဆိုးတာပဲ၊ အမြုတေတစ်ခု ရတော့မလို့ကို အဲဒီ အမွေးဖြူသားရဲတွေ ထွက်ပြေးသွားကြတယ်...”

“ဟုတ်တယ်၊ သေနတ်မှန်တာတောင် အရမ်းပြေးနိုင်သေးတယ်၊ သူတို့ရဲ့အရေခွံတွေက တော်တော်ထူတာပဲ...”

“ဘာကြောက်စရာ ရှိလို့လဲ၊ ခေါင်းဆောင်ဟော် ရှိနေတာပဲ၊ နောက်တစ်ခါကျရင် သူတို့ရဲ့ နယ်နမိတ်အတွင်းထဲထိ ဝင်စီးကြတာပေါ့...”

“ဟုတ်တယ်၊ ဟုတ်တယ်...”

မီးပုံကြီးမှ တဖြောင်းဖြောင်း အသံများမြည်နေပြီး ခေါင်းဆောင်ဟော် ဟုခေါ်သော ထိုသက်လက်ပိုင်း အမျိုးသားသည် ဆူညံနေသည့် သာမန်လူများကို ရုတ်တရက် အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

“ပါးစပ်ပိတ်ထားကြစမ်း...”

သူ၏အသံမှာ မကျယ်လောင်သော်လည်း ငြင်းဆန်၍မရသော ဩဇာအာဏာတစ်ခု ပါဝင်နေလေသည်။

“ဒီကိုလာရတဲ့ ငါတို့ရဲ့ အဓိကရည်ရွယ်ချက်ကိုမမေ့ကြနဲ့၊ ငါတို့ရဲ့ အဓိကတာဝန်မပြီးသေးခင် ဘာပြဿနာမှ မရှာကြနဲ့၊ ဒီနေ့လို ရန်သူကို သတိပေးသလိုဖြစ်အောင် သေနတ်ကို ဖြစ်သလိုပစ်ပြီး ခဲယမ်းတွေ ဖြုန်းတီးရဲတဲ့ကောင် ရှိရင်တော့...”

“ဝှစ်...”

သူ‌၏ စကားမဆုံးမီမှာပင် လူအားလုံး ဝိုင်းထိုင်နေကြသော မီးပုံကြီးသည် ရုတ်တရက် သုံးလေးမီတာခန့်ထိ မြင့်တက်သွားခဲ့ပြီး မီးတောက်များသည် လူကိုဝါးမြိုရန် အသင့်ဖြစ်နေသော မီးနဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်ကောက်ကွေးသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကြောင့် လူတိုင်းသည် နောက်သို့ အကြိမ်ကြိမ်ဆုတ်ခွာသွားလိုက်ရပြီး ချက်ချင်းပင် တိတ်ဆိတ်သွားကြလေတော့သည်။

ဤစခန်း၏ အောက်ဘက်တွင် လင်းထျန်းလုံဦးဆောင်သော ဝံပုလွေအုပ်စုသည် အရိပ်များကြားတွင် တစ္ဆေများကဲ့သို့ ခိုအောင်းနေကြသည်။

သူ၏ စူးရှသောအကြည့်များသည် စခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းဆောင်ဟော်ဟုခေါ်သော သက်လက်ပိုင်း အမျိုးသားပေါ်သို့ ကျရောက်သွားကာ၊ ထိုမှတစ်ဆင့် တဲများဘေးရှိ ပတ်ထူစဖြင့် တစ်ဝက်တစ်ပျက် ဖုံးအုပ်ထားသော ရှည်လျားသည့် ဆလင်ဒါပုံစံ အရာဝတ္ထုအချို့ဆီသို့ ရွှေ့လျားသွားခဲ့သည်။

“အဲဒီပုံစံက... ဖြစ်နိုင်တာက... လောင်ချာလား...”

လင်းထျန်းလုံ၏ နှလုံးသား ပြင်းထန်စွာ ဆွဲညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ကျစ်... ဒီလူတွေက တကယ်ကို ဘာလုပ်ဖို့ ဒီကိုလာကြတာလဲ၊ တရားမဝင် အမဲလိုက်ဖို့အတွက် ဒီလောက် အားပြင်းတဲ့ လက်နက်ကြီးတွေလိုလို့လား...”

ကြီးမားသော အန္တရာယ်ကျရောက်နေပြီ ဟူသည့် ခံစားချက်ကြီးတစ်ခုက သူ့ကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။ ဤကမ္ဘာကြီး၏ ပြောင်းလဲမှုများသည် သူထင်မှတ်ထားသည်ထက် များစွာပို၍ကြမ်းတမ်းပြီး ရူးသွပ်ဖွယ်ကောင်းနေခဲ့ချေပြီ။

ယခုလို လက်နက်မျိုးတွေတောင် သာမန်ပြည်သူတွေရဲ့ လက်ထဲကို ရောက်နေပြီ၊ သို့မဟုတ် စွမ်းအားနိုးထလာသူ အဖွဲ့အစည်းအချို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီ ဆိုသည်က အတော်လေး ထိတ်လန့်စရာပင်။

သူ၏ လက်ရှိ အဆင့် ၂၀ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့်ပင် လောင်ချာကျည်တစ်စင်း၏ တိုက်ရိုက်ထိမှန်မှုကို သူ လုံးဝမခံယူနိုင်ပေ။ ဝံပုလွေအုပ်စု၏ အခြားအဖွဲ့ဝင်များသာဆို ဆိုဖွယ်ရာပင် မရှိတော့ချေ။

“ဆုတ်ခွာမှ ဖြစ်မယ်... ငါတို့မှာ လုံးဝသေချာတဲ့ အခွင့်အရေးမရှိသေးခင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်ဘူး...”

“အာဝူး... (ဆုတ်ခွာမယ်၊ တိတ်တိတ်နေကြ...)”

လင်းထျန်းလုံသည် ဝံပုလွေအုပ်စုကို ချက်ချင်း အမိန့်ပေးလိုက်သည်။ သူ၏ ဧရာမ ငွေရောင်ခန္ဓာကိုယ်ကြီးသည် သစ်တောနက်ထဲသို့ တိတ်တဆိတ် တိုး၀င်သွားခဲ့ပြီး ဝံပုလွေအုပ်စုသည်လည်း မည်သည့်သဲလွန်စမျှ မချန်ထားဘဲ နောက်မှကပ်လျက် လိုက်ပါသွားကြလေသည်။

သူတို့ ယခုတစ်‌ခေါက် အမဲလိုက်ထွက်လာရခြင်း၏ တစ်ခုတည်းသော အမြတ်မှာ သူတို့တွင် အခြားသော အဓိက ရည်ရွယ်ချက်တစ်ခု ရှိနေပုံရပြီး လောလောဆယ်တွင် နှင်းဝံပုလွေအုပ်စုကို အတိအကျ ပစ်မှတ်ထားနေခြင်း မဟုတ်ကြောင်း ကြားသိလိုက်ရခြင်းပင်။

သို့သော် ဤအချက်ကြောင့်နှင့် လင်းထျန်းလုံ သတိဝီရိယကို လုံး၀လျှော့ချမပစ်ရဲခဲ့ပေ။

နှင်းဝံပုလွေရွာသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်း စီစဉ်ညွှန်ကြားမှုများ ပြုလုပ်လိုက်သည်။

“ဝူး... (ရန့်မြဲ့၊ ဉာဏ်အကောင်းဆုံးနဲ့ အမြန်ဆုံး ဝံပုလွေအဖွဲ့တစ်ဖွဲ့ကိုလွှတ်ပြီး တောင်ဘက်က လူသားတွေရဲ့ လှုပ်ရှားမှုတိုင်းကို အလှည့်ကျစောင့်ကြည့်ခိုင်းထား၊ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ့တာနဲ့ ချက်ချင်း သတင်းပို့... လုံးဝ အနားမကပ်ဖို့နဲ့ ပဋိပက္ခမဖြစ်စေဖို့ သေချာသတိပေးထားလိုက်...)”

“ဝူး... (ထျန်းပင်း၊ လောလောဆယ် တောင်ဘက်ဒေသကို အမဲလိုက်တာ ရှောင်ပြီး တခြားဘက်တွေကိုပဲတိုးချဲ့ကြ...)”

အပေါ်ယံကြည့်လျှင် နှင်းဝံပုလွေကျေးရွာလေးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သော်လည်း မမြင်နိုင်‌သော တင်းမာမှုတစ်ခုက စတင်ပျံ့နှံ့နေပြီဖြစ်သည်။

လင်းထျန်းလုံ၏ ရေခဲပြာရောင်မျက်လုံးများသည် လေးနက်တည်ကြည်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

“စွမ်းအားနိုးထလာသူ သုံးယောက်၊ လက်နက်ကိုင်ထားတဲ့ သာမန်လူရှစ်ယောက်၊ ပြီးတော့ လက်နက်ကြီးတွေ...”

သူသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရင် အနိုင်ရနိုင်ပေမဲ့ ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးလွန်းတယ်၊ ပြီးတော့... ရှောင်လန်နဲ့ ရှောင်ယင်းတို့ကို သူတို့ ခြိမ်းခြောက်လာမှာမျိုး ငါ လုံးဝ အဖြစ်ခံလို့မရဘူး...”

သူ့သမီးများ၏ လုံခြုံရေးသည် သူ့အတွက် အထိမခံနိုင်သော ပြောင်းပြန်အကြေးခွံပင် ဖြစ်သည်။

သူသည် လူသားများ၏ ကောက်ကျစ်စဉ်းလဲမှုကို အလွန်ကောင်းစွာ သိရှိထားလေသည်။ အကယ်၍ ဖုံးကွယ်နေသော ဤအန္တရာယ်ကို တစ်ခါတည်းဖြင့် အပြီးတိုင် မဖယ်ရှားနိုင်ပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ချေ။

“ဟာကွက်မရှိတဲ့ အစီအစဉ်တစ်ခုကို ငါ မဖြစ်မနေစဉ်းစားရမယ်...”

လင်းထျန်းလုံသည် အောက်သို့ဝပ်ချလိုက်ပြီး တောင်ဘက်ဆီသို့ အကြည့်များကို စူးစိုက်ထားရင်း သူ၏ ဦးနှောက်ကို အမြင့်ဆုံးအရှိန်ဖြင့် အလုပ်ပေးကာ စဉ်းစားခန်း ဝင်နေလေတော့သည်။

All Chapters