ရွေးချယ်မှုနှင့် တန်ဖိုး…..
Vol. 16 Ch. 158
လင်းထျန်းဂိုဏ်းက လီမိသားစုကို သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ကြားလိုက်ရသောအခါ လီချင်းချိုး၏ မျက်နှာထား အေးစက်သွားသည်။
သူ လီမိသားစုကို ဂရုမစိုက်သော်လည်း ဤလုပ်ရပ်ကို အလွန် မကျေမနပ် ဖြစ်မိသည်။
ချင်းရှောင်ဂိုဏ်းကို ရန်ရှာချင်လျှင် သူ့ဆီ တန်းလာနိုင်သည်။ အပြစ်မဲ့သူများကို ဆွဲထည့်နေခြင်းက ဘာအဓိပ္ပာယ် ရှိသနည်း။
ကျန်းယွီချွန်းက….
"လင်းထျန်းဂိုဏ်း ဒီလိုလုပ်တာ တစ်ခုခုကို အားကိုးနေလို့ပဲနေမှာ... ဒါပေမဲ့ သူတို့ ကျွန်တော်တို့ကို အပြည့်အဝ ယုံကြည်မှု မရှိကြဘူး..."
"ရှန်ယွဲ့ ကို သွားရှာပြီး တတိယဂျူနီယာညီလေး နေရာမှာ အစားထိုးခိုင်းလိုက်..."
အမိန့်ရသည်နှင့်ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီး ကျောက်ကမ်းပါးပေါ်မှ ချက်ချင်း ခုန်ချကာ ဓားပျံစီး၍ ပျံသန်းထွက်ခွာသွားပြီးနောက်
လီချင်းချိုး မျက်လုံးများ မှိတ်လိုက်ပြီး ဝိညာဉ်နှုတ်ဓားပျံ ကို ဆက်လက် လေ့လာနေခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ကျန်းကျောက်ရှား စောစီးစွာ ပြန်ရောက်လာသည်။ သူ့ အရှိန်အဝါကို အာရုံခံမိသောအခါ လီချင်းချိုး မသေမျိုးလိုဏ်ဂူထဲမှ ထွက်လာပြီး လင်းရှောင်ခြံဝင်း သို့ ရောက်ရှိလာပြီး တချိန်တည်းမှာပင် လီရန်နှင့် ရွှီနင်းကို သွားခေါ်ရန် ယွမ်ချီ ကို ညွှန်ကြားလိုက်သည်။
"စီနီယာအစ်ကိုကြီး... ဘာကိစ္စမို့လို့ ဒီလောက် အလျင်လိုနေရတာလဲ..."
ကျန်းကျောက်ရှားက ဇဝေဇဝါ ဖြစ်စွာ မေးလိုက်တော့ လီချင်းချိုးက သူ့ကို ထိုင်ခိုင်းလိုက်ပြီး လင်းထျန်းဂိုဏ်း ပြုလုပ်ခဲ့သည်များကို ပြန်ပြောင်း ပြောပြလိုက်သည်။ နားထောင်ပြီးနောက် ကျန်းကျောက်ရှား၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသည်မှာ ကျန်းမိသားစုနှင့် မပတ်သက်သကဲ့သို့ပင်။
လီချင်းချိုးက သက်ပြင်းချလိုက်ပြီး….
"မင်း ငါ့ရှေ့မှာ တည်ငြိမ်ချင်ယောင် ဆောင်နေစရာ မလိုပါဘူး... မင်းရဲ့ မာန်မာနကို ငါ သိပါတယ်... မင်း ကျန်းမိသားစုနဲ့ တကယ် မပတ်သက်ချင်ပေမဲ့ ကျန်းမိသားစု တစ်ခုလုံး သုတ်သင်ခံလိုက်ရတဲ့ ကိစ္စမှာတော့ မင်း လုံးဝ မခံစားရဘဲ နေမှာ မဟုတ်ဘူး..."
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား၏ မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာသည်။
"ကျွန်တော် တောင်အောက် ဆင်းမယ်... သူတို့ကို ဒီထက်ပိုပြီး သောင်းကျန်းခွင့် ပေးလို့ မဖြစ်ဘူး..."
"ဟုတ်တယ်... မင်း မနက်ဖြန် တောင်အောက် ဆင်းရမယ်... ဒါပေမဲ့ မင်းတစ်ယောက်တည်း မဟုတ်ဘူး..."
"ဘယ်သူ ပါသေးလဲ..."
"လီရန်လည်း လိုက်လာလိမ့်မယ်... လင်းထျန်းဂိုဏ်းက လီမိသားစုကို ခြိမ်းခြောက်နေတော့ သူလည်း သူ့မိသားစုအတွက် တာဝန်ကျေရမယ်... ရွှီနင်းလည်း လိုက်လာလိမ့်မယ်... သူက မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်ကို ရောက်နေပြီ... သူနဲ့အတူ တပည့်ရင်း အယောက်ငါးဆယ်ကိုပါ ခေါ်သွားလိမ့်မယ်..."
လီချင်းချိုးက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကတော့ ထင်ရှားနေပြီ ဖြစ်သည်။
လင်းထျန်းဂိုဏ်း ပျက်စီးရမည်….
ရွှီနင်း မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကျန်းကျောက်ရှား၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသော်လည်း ဘာမှ မပြောပေ။
လီချင်းချိုး၏ အစီအစဉ်ကို သူ မငြင်းဆန်ခဲ့ပေ။ လင်းထျန်းဂိုဏ်းကိုတစ်ယောက်တည်း သွားရောက် ဖျက်ဆီးခြင်းနှင့် တပည့်အများအပြား စေလွှတ်ခြင်းတို့၏ အဓိပ္ပာယ် ကွာခြားမှုကို သူ နားလည်သောကြောင့်ပင်။
ယခုတစ်ကြိမ်တွင် လီချင်းချိုးက သိုင်းလောက တစ်ခုလုံးကို ချင်းရှောင်ဂိုဏ်း၏ ဒေါသအမျက်ကို ခံစားစေလိုသည်။
"ကျန်းနျန် ဒီမှာ ရှိတယ်... မင်း သွားတွေ့ဦးမလား... ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှ ထွက်ရမှာပဲ... သူက မင်းရဲ့ ညီလေးပဲလေ..."
လီချင်းချိုးက မေးလိုက်တော့
ကျန်းကျောက်ရှား အလိုအလျောက် ငြင်းဆန်ချင်သော်လည်း စီနီယာအစ်ကိုကြီး၏ အကြည့်ကို မြင်သောအခါ စကားလုံးများကို မျိုသိပ်လိုက်ရသည်။
"ကောင်းပါပြီ..."
ကျန်းကျောက်ရှား မတ်တတ်ရပ်လိုက်ပြီး ကျန်းနျန် ဘယ်မှာရှိသလဲ ဟု မမေးဘဲ ထွက်ခွာသွားလေသည်။
သူ ရှာတွေ့နိုင်မည်ဟု လီချင်းချိုး ယုံကြည်သဖြင့် လှမ်းမခေါ်တော့ပေ။
ခဏအကြာတွင် လင်းရှောင်ခြံဝင်းထဲသို့ ရွီနင်း ပျံသန်းဝင်ရောက်လာသည်။ ယွမ်ချီ ပြန်မရောက်သေးပုံကိုထောက်ချင့်လျှင် သတင်းရရချင်း ဇီယန်တောင်ထွတ်မှ ရွှီနင်း အပြေးအလွှား ရောက်လာခြင်း ဖြစ်ပုံရသည်။
"ဆရာ... ဘာကိစ္စလဲ..."
ရွှီနင်းက မျှော်လင့်ချက် အနည်းငယ် ပါသော လေသံဖြင့် မေးလိုက်သည်။
သူမ တာဝန်ထမ်းဆောင်ရန် တောင်အောက်သို့ မဆင်းရသည်မှာ ကြာပြီ ဖြစ်၍ တိုက်ခိုက်ချင်စိတ်ပြင်းပျနေပြီ ဖြစ်သည်။
"လူစုံတဲ့အထိ စောင့်လိုက်ပါဦး..."
ထိုစကားကို ကြားသောအခါ ရွှီနင်း ချက်ချင်း ငြိမ်ကျသွားပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဤသို့ဖြင့်
ဆရာတပည့် နှစ်ယောက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ ယွမ်ချီက လီရန်ကို ခေါ်ဆောင်လာခဲ့သည်။
တောင်နှစ်လုံးကြား အသွားအပြန် လုပ်ရသဖြင့် ယွမ်ချီ အနည်းငယ် မောပန်းနေသည်။
လီချင်းချိုးက အလျင်မလိုသဖြင့် သူ့ကို စိတ်ဓာတ်ခွန်အား ပေးရန်နှင့် သိုင်းပညာ ကြိုးစားလေ့ကျင့်စေရန် လှုံ့ဆော်ပေးလိုက်သည်။
"ဂိုဏ်းချုပ်... ဘာကိစ္စလဲ..."
လီရန်ကလည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းချီးနယ်မြေသို့ မသွားဘဲ ချင်းရှောင်တောင်ပေါ်တွင် ဂါထာများ လေ့ကျင့်နေခဲ့သည်။
လီချင်းချိုးက လင်းထျန်းဂိုဏ်း၏ လုပ်ရပ်များကို ပြောပြလိုက်ရာ ထိုနှစ်ယောက်၏ မျက်နှာထား ပြောင်းလဲသွားပြီး ဘေးတွင် ရပ်နေသော ယွမ်ချီပင်လျှင် ကြောက်လန့်သွားသည်။
ချင်းရှောင်ဂိုဏ်းကို ရန်စရဲတဲ့ ဂိုဏ်း ရှိသေးတာလား…
ထို့အပြင် အလွန် ရက်စက်လှပြီး သေသည်အထိ တိုက်ခိုက်မည့် ပုံစံ ဖြစ်နေသည်။
လင်းထျန်းဂိုဏ်းက လီမိသားစု အမည်ကို အသုံးပြု၍ ချင်းရှောင်ဂိုဏ်း ကို ခြိမ်းခြောက်နေကြောင်း ကြားလိုက်ရသောအခါ လီရန် ချက်ချင်း ဒေါသထွက်သွားသည်။ သို့သော် သူသည် ယခင်ကကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်တတ်သော သိုင်းပညာချန်ပီယံ မဟုတ်တော့ပေ။ထို့ကြောင့် ဒေါသကို မျိုသိပ်လိုက်ပြီး ဂိုဏ်းချုပ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလိုက်သည်။
"သွားပြီး ပြင်ဆင်ကြ... မနက်ဖြန် မနက်စောစော ကုန့်လင်ခန်းမကို သွားကြ... ခန်းမသခင်ကျန်းက လင်းထျန်းဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးလိမ့်မယ်..."ဟု လီချင်းချိုးက ညွှန်ကြားလိုက်တော့
ရွှီနင်းနှင့်လီရန်တို့ ခေါင်းညိတ်လိုက်ကြပြီး မတ်တတ်ရပ်ကာ ဦးညွှတ်၍ ထွက်ခွာသွားကြလေသည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် လီချင်းချိုးက သိုလှောင်အိတ်ထဲမှ စာရွက်အချို့ကို ထုတ်ယူလိုက်ရာ ၎င်းတို့တွင် တပည့်ရင်း အယောက်ငါးဆယ်၏ အမည်များ ပါရှိသည်။
"စာရင်းထဲက တပည့်တွေကို တာဝန်အတွက် ပြင်ဆင်ခိုင်းပြီး မနက်ဖြန် မနက်စောစော ကုန့်လင်ခန်းမမှာ စုဝေးခိုင်းလိုက်..."
ယွမ်ချီကို ညွှန်ကြားလိုက်တော့
ယွမ်ချီက စာရင်းများကို လက်ခံရယူလိုက်ပြီး ချက်ချင်း ဦးညွှတ်ကာ ထွက်ခွာသွားလေသည်။
လူသူရှင်းသွားသောအခါ လီချင်းချိုးက ခြံဝင်းထဲရှိ မက်မွန်ပင်ကို မော့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"သိုင်းဒဏ္ဍာရီတဲ့လား... မင်းတို့ တကယ်ပဲ အဲဒီလောက် သန်မာဖို့ မျှော်လင့်ပါတယ်..."
…
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ….
နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် ကျန်းကျောက်ရှား၊ ရွှီနင်းနှင့်လီရန်တို့ တပည့်ရင်း အယောက်ငါးဆယ်ကို ဦးဆောင်၍ တောင်အောက်သို့ ဆင်းသွားကြသည်။ တပည့်အများအပြား တောင်အောက်သို့ ဆင်းသွားကြသော မြင်ကွင်းက အခြားတပည့်များကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။
မွန်းတည့်ချိန်ခန့်တွင် ရှောင်ညီအစ်ကိုသုံးဖော်ကို ယွမ်ချီက ခြံဝင်းထဲသို့ ခေါ်ဆောင်လာသည်။
ယွမ်ချီ ထွက်သွားပြီးနောက် ရှောင်ဝူတိ က စူးစမ်းလိုစိတ်ဖြင့်…..
"ဂိုဏ်းချုပ်... ဒီမနက်စောစောစီးစီး တပည့်ရင်းတွေ အများကြီး ဘာလို့ တောင်အောက် ဆင်းသွားကြတာလဲ..."
ထိုအခါ ရှောင်ဝူချင်းက မျက်မှောင်ကြုတ်လိုက်ပြီး….
"အစ်ကိုကြီး... မမေးသင့်တာတွေ မမေးနဲ့..."ဟု ဟန့်တားလိုက်သည်။
လီချင်းချိုးက ဘာမှ ဖုံးကွယ်မထားဘဲ အဖြစ်အပျက် စုံစုံလင်လင်ကို ညီအစ်ကိုသုံးယောက်အား ပြောပြလိုက်ရာ သူတို့ အလွန် ဒေါသထွက်သွားကြပြီး သူတို့ကိုယ်တိုင် တောင်အောက် ဆင်းသွားချင်စိတ် ပေါက်သွားကြသည်။
"ငါ မင်းတို့ကို ပြောစရာ တစ်ခု ရှိတယ်..."
"ဘာကိစ္စများလဲ..." ဟု ရှောင်ဝူချင်း သတိထားပြီး မေးလိုက်သည်။
ဤအခြေအနေတွင် ဂိုဏ်းချုပ်၏ ဆင့်ခေါ်မှုက ကောင်းသော ကိစ္စ မဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သောကြောင့်ပင်။
"လင်းထျန်းဂိုဏ်းရဲ့ ဒုတိယအစောင့်အရှောက်နာမည်က ရှောင်ဝူဟွေ့တဲ့..."
ထိုစကားကို ကြားသောအခါ ညီအစ်ကို သုံးယောက်စလုံး၏ မျက်နှာထား ပြောင်းလဲသွားကြသည်။
ရှောင်ဝူချင်းက…
"ဂိုဏ်းချုပ်... ကျွန်တော်တို့ လင်းထျန်းဂိုဏ်း နဲ့ ဘာမှ မပတ်သက်ပါဘူး..."
ရှောင်ဝူတိကလည်း…
"အဲဒီ လူ့တိရစ္ဆာန် ရှောင်ဝူဟွေ့ က သေချာပေါက် မကောင်းတာ လုပ်နေတာပဲ... သူ အဲဒီလို ဂိုဏ်းမျိုးကို ဝင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."
ရှောင်ဝူမင်းကမူ တိတ်ဆိတ်နေပြီး လီချင်းချိုးကို စူးစိုက်ကြည့်နေသည်။ သူ့ အကြည့်က အေးစက်ပြီး စူးရှလှသဖြင့် လီချင်းချိုးသာ သူ့ရဲ့ ကံကြမ္မာနှင့် သစ္စာရှိမှုကို မသိရှိပါက သူ့အပေါ် ပြဿနာ ရှိနေသည်ဟု ထင်မှတ်မိပေလိမ့်မည်။
"ဒီကိစ္စက မင်းတို့နဲ့ မဆိုင်မှန်း ငါ သိပါတယ်... ဒါပေမဲ့ အခြေအနေက ဒီအထိ ရောက်လာပြီ... ချင်းရှောင်ဂိုဏ်း နဲ့ လင်းထျန်းဂိုဏ်းကြားက ရန်ငြိုးက ပြန်လည် သင့်မြတ်လို့ မရတော့ဘူး... တကယ်လို့ မင်းတို့အဖေ ထွက်ပြေးလွတ်မြောက်သွားရင် ကိစ္စမရှိဘူး... ဒါပေမဲ့ သူ သေသွားခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့..."
နောင်တွင် သူတို့သုံးဦး၏ စိတ်ထဲတွင် အငြိုးအတေး မကျန်ရစ်စေရန် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်း ဖြစ်သည်။
ရှောင်ဝူတိက အံကြိတ်လိုက်ပြီး….
"အဘိုးက သူ့ကို သားအဖြစ် အသိအမှတ် မပြုချင်လို့ ကျွန်တော်တို့ နာမည်တွေကို 'မျိုးဆက်မဲ့'လို့ ပြောင်းခဲ့တာပါ... ဂိုဏ်းချုပ်... တကယ်လို့ သူသာ ဒီကိစ္စကို စီစဉ်ခဲ့တာ ဆိုရင် ဂိုဏ်းက သူ့ကို လိုက်လံ သတ်ဖြတ်မယ်ဆိုရင်တောင် ကျွန်တော်တို့ လုံးဝ ကန့်ကွက်မှာ မဟုတ်ပါဘူး..."
သူတို့၏ မှတ်ဉာဏ်ထဲတွင် ရှောင်ဝူဟွေ့၏ အသံနှင့် ပုံပန်းသဏ္ဌာန် ဝေဝါးနေပြီ ဖြစ်သည်။ ရှောင်ဝူဟွေ့သာ စောစီးစွာ ထွက်မသွားခဲ့လျှင် သူတို့၏ အဘိုး မည်သို့ သေဆုံးနိုင်ပါမည်နည်း။
ချင်းရှောင်ဘိုးဘေးနှင့်သာ မတွေ့ဆုံခဲ့ပါက သူတို့သုံးယောက် ထိုရွာလေးထဲတွင် သာမန်ကာလျှံကာ ဘဝဖြင့် နေထိုင်နေကြရဦးမည် ဖြစ်သည်။
"ဂိုဏ်းချုပ် စိတ်ပူနေတုန်းဆိုရင် ကျွန်တော်တို့ သုံးယောက် သင်ထားသမျှ ပညာတွေကို စွန့်လွှတ်ပြီး ကိုယ့်ဘာသာကိုယ် တောင်အောက် ဆင်းသွားပေးပါ့မယ်..."ဟု ရှောင်ဝူမင်က ရုတ်တရက် ပြောလိုက်တော့
လီချင်းချိုးက မျက်လုံးလှန်ကြည့်လိုက်ပြီး ….
"ငါက အဲဒီလောက် သဘောထားသေးသိမ်တဲ့ လူလား... နောင်ကျရင် နားလည်မှုလွဲမှာ စိုးလို့ အခု ပြောပြတာ... မင်းတို့ သုံးယောက်က ငါ့တပည့်အဖြစ် တရားဝင် မခံယူရသေးပေမဲ့ ငါ့စိတ်ထဲမှာတော့ ငါ့တပည့်တွေနဲ့ မခြားပါဘူး... ငါ့ကို နားလည်ပေးပြီး အပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ်..."
ထိုစကားကို ကြားသောအခါ ရှောင်ညီအစ်ကိုသုံးဖော် စိတ်သက်သာရာ ရသွားကြသည်။ဒါဟာလည်း
လီချင်းချိုး၏ ရှင်းလင်းမှုကို ခံရမည် ကြောက်သောကြောင့် မဟုတ်ဘဲ လက်ရှိဘဝကို စွန့်လွှတ်ရန် ဝန်လေးသောကြောင့် ဖြစ်သည်။ ထို့အပြင် ချင်းရှောင်ဂိုဏ်းကို ရန်စပြီး ယုတ်မာသော လုပ်ရပ်များကို ကျူးလွန်ခဲ့သည်မှာ လင်းထျန်းဂိုဏ်း သာ ဖြစ်သည်။ သူတို့ အနေဖြင့် ရှောင်ဝူဟွေ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်သလို ကာကွယ်ပေးလိုစိတ်လည်း မရှိကြပေ။
"ကဲ... သွားပြီး သိုင်းကျင့်ကြတော့..."
"ဟုတ်ကဲ့ပါ..."
ညီအစ်ကို သုံးယောက် လီချင်းချိုးကို အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် အတူတကွ ထွက်ခွာသွားကြလေသည်။
ယွမ်ချီကတော့ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အတွေးထဲတွင် နစ်မြောနေသည်။
သူတို့ လင်းရှောင်ခြံဝင်းထဲမှ ထွက်သွားပြီးနောက် ယွမ်ချီက လီချင်းချိုး ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဂိုဏ်းချုပ်... သူတို့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားရမလား..."
"မင်းတောင် ငါ့ကို အဲဒီလောက် သဘောထားသေးသိမ်တယ်လို့ ထင်နေတာလား..."
ထိုအခါ ယွမ်ချီက ခေါင်းကုတ်လိုက်ပြီး အားနာပါးနာ ပြုံးကာ ….
"ဒါက သဘောထား သေးသိမ်တာနဲ့ မဆိုင်ပါဘူး... မိသားစု သံယောဇဉ် ကိစ္စမို့လို့ပါ..."
"အဲဒါက သဘာဝပဲ... ရပ်တည်ချက်နဲ့ ခံစားချက်ကြားက ပဋိပက္ခဆိုတာ ရှောင်လွှဲလို့ မရဘူး... အထူးသဖြင့် ကျင့်ကြံခြင်း လမ်းစဉ်မှာပေါ့... ရွေးချယ်မှုတွေ အမြဲ လုပ်ရလိမ့်မယ်... ဒါက သူတို့အတွက် စမ်းသပ်မှု တစ်ခုပါပဲ..."
အကယ်၍ ရှောင်ညီအစ်ကိုသုံးဖော်သာ ဤကိစ္စကြောင့် သူ့ကို သစ္စာဖောက်သွားခဲ့လျှင် သူ ဒေါသထွက်မည် မဟုတ်ဘဲ သူတို့ကို ရှင်းလင်းပစ်ရုံသာ ရှိမည် ဖြစ်သည်။
ဤဘဝတွင် သူသည် ကောင်းမွန်သော ကံတရား ရရှိရန် မကြိုးစားဘဲ ကြည်လင်သော စိတ်ထားရှိရန်သာ ကြိုးစားပေမည်။
လီချင်းချိုး၏ စကားများကို ကြားပြီးနောက် ယွမ်ချီ နက်နက်နဲနဲ တွေးတောနေပုံရသည်။
အကြောင်းပြချက် မရှိဘဲ သူ သို့မဟုတ် သူ့ညီလေး တစ်ယောက်ယောက် ဂိုဏ်းကို ဆန့်ကျင်လာလျှင် မည်သို့ လုပ်မည်နည်းဟု တွေးမိလိုက်သည်။
ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် သူ ခေါင်းကို အမြန်ခါလိုက်ပြီး ဘာတွေ လျှောက်တွေးနေတာလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။
အခြားတစ်ဖက်တွင်….
လင်းရှောင်ခြံဝင်းထဲမှ ထွက်လာပြီးနောက် ရှောင်ညီအစ်ကိုသုံးဖော် တိတ်ဆိတ်နေကြသည်။
လူသူကင်းမဲ့သော တောအုပ်တစ်ခုထဲသို့ ရောက်သောအခါ ရှောင်ဝူချင်းက ရပ်တန့်လိုက်ပြီး ….
"မင်းတို့ ဘယ်လိုထင်လဲ မသိဘူး... ငါကတော့ ချင်းရှောင်ဂိုဏ်းဘက်ကပဲ ရပ်တည်ချင်တယ်... လင်းထျန်းဂိုဏ်း က ရှုံးနိမ့်မှာ သေချာလို့တင် မကဘဲ ချင်းရှောင်ဂိုဏ်းရဲ့ အရာရာတိုင်းကို ငါ နှစ်သက်လို့ပဲ... ချင်းရှောင်ဂိုဏ်းက ငါ့ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ပေးနိုင်မယ်လို့ ယုံကြည်တယ်... ဂိုဏ်းချုပ်ကိုလည်း စိတ်ပျက်အောင် မလုပ်ချင်ဘူး..."
ရှောင်ဝူတိက "ဒုတိယညီလေး... ဘာတွေ လာပြောနေတာလဲ... အဲဒီ တိရစ္ဆာန်ကောင် အတွက်နဲ့ ငါတို့က ဂိုဏ်းကို သစ္စာဖောက်မယ်လို့ တကယ် ထင်နေတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အသက်ပေးရင် အသက်ပြန်ပေးဆပ်ရမှာပဲ... အဲဒါ တရားမျှတတယ်..."
သူ့အဖေကို တိရစ္ဆာန်ဟု ခေါ်ရခြင်းမှာ သူ့အဘိုးကလည်း ရှောင်ဝူဟွေ့ကို ထိုကဲ့သို့ ခေါ်ဝေါ်ခဲ့သောကြောင့် ဖြစ်၏။
ရှောင်ဝူမင်က…
"သူက အစောင့်အရှောက်ဖြစ်နေပြီပဲ... ဒါပေမဲ့ ငါတို့ကို ဆက်သွယ်ဖို့တောင် စိတ်မကူးခဲ့ဘူး... ဘာ သားအဖ ဆက်ဆံရေး အကြောင်း လာပြောနေတာလဲ..."
ရှောင်ဝူချင်းက….
"သူ့မှာ ငါတို့ဆီ မလာနိုင်တဲ့ အကြောင်းပြချက် တစ်ခုခု ရှိကောင်း ရှိနိုင်တယ်... ဒါပေမဲ့ မှတ်ထားပါ... နောင်ကျရင် သူ့ကိုယ်စား ဘယ်သူပဲ လာလာ... သူကိုယ်တိုင်ပဲ လာလာ... အကြောင်းပြချက်က ဘယ်လောက်ပဲ သနားစရာကောင်းပြီး အားကိုးရာမဲ့နေပါစေ... ငါတို့ စိတ်မပျော့ရဘူး.. နောက်ပိုင်းကျရင် ငါတို့ သူ့လို ဖြစ်သွားနိုင်တယ်... လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ဖို့ အသုံးပြုတဲ့ လက်နက် ဖြစ်သွားနိုင်တယ်..."
ထိုစကားကို ရှောင်ဝူတိနှင့်ရှောင်ဝူမင်း တို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။
သို့တိုင်အောင် ညီအစ်ကို သုံးယောက်စလုံး ဂိုဏ်းချုပ်က သူတို့ကို မည်သို့ မြင်သနည်း ဆိုသည်ကို မသိသဖြင့် စိုးရိမ်ပူပန်နေကြဆဲပင်။
သို့သော် နောက်ရက်များတွင် လီချင်းချိုးက သူတို့ကို ယခင်ကအတိုင်း ကျင့်ကြံခြင်း လမ်းညွှန်ပေးပြီး ဂါထာ လေ့ကျင့်မှုများကို သင်ကြားပေးနေသဖြင့် ရှောင်ဝူဟွေ့၏ကိစ္စ မရှိခဲ့သကဲ့သို့ ဖြစ်နေသည်။ ဤအချက်က ညီအစ်ကို သုံးယောက်ကို စိတ်သက်သာရာ ရစေပြီး လီချင်းချိုးကို ပိုမို ကျေးဇူးတင်မိစေသည်။
အမှန်အတိုင်း ပြောရလျှင် သူတို့သာ ဂိုဏ်းချုပ်နေရာတွင် ရှိနေပါက သံသယ မဝင်ဘဲ နေရန် ခက်ခဲပေလိမ့်မည်။
…
ညဉ့်နက်သန်းခေါင်အချိန်…..
တောင်ပေါ်တွင် မီးပုံတစ်ခု လောင်ကျွမ်းနေပြီး မီးပုံဘေးတွင် ကောင်လေးတစ်ယောက်နှင့် ရွှယ်ကျင်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ထိုကောင်လေးသည် ၁၂ နှစ်၊ ၁၃ နှစ်ခန့်သာ ရှိသေးပုံရပြီး လက်ထဲတွင် ပေါင်မုန့်တစ်ဖဲ့ ကိုင်ထားသည်။ သူသည် ရွှယ်ကျင်းကို ရံဖန်ရံခါ မော့ကြည့်ပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ရွှယ်ကျင်းကတော့ တင်ပျဉ်ခွေထိုင်နေပြီး ဓားအိမ်ကို ဘေးနားရှိ မြေကြီးထဲတွင် စိုက်ထားသည်။ သူသည် ဒဏ်ရာများကို ကုသရန် အတွင်းအား ကျင့်ကြံနေသဖြင့် မျက်နှာမှာ ဖြူဖျော့နေသည်။
"စီနီယာ... ဘာလို့ တစ်ယောက်တည်း ထွက်မသွားတာလဲ... ကျွန်တော့်ကို ခေါ်သွားစရာ မလိုပါဘူး..."
ကောင်လေးက အံကြိတ်ရင်း ပြောလိုက်တော့ ရွှယ်ကျင်းက မျက်လုံးမဖွင့်ဘဲ….
"မင်းကို သနားစရာကောင်းလို့ ကယ်လိုက်တာ သက်သက် မဟုတ်ဘူး... မင်းမှာ တန်ဖိုးရှိလို့ပဲ... ငါတို့ ဂိုဏ်းချုပ်က မင်းကို အသုံးပြုချင်လောက်တယ်..."