← Chapters

နတ်ဆိုးဘုရင်အဆင့်အစေခံ

Vol. 20 Ch. 191

နတ်ဆိုးဘုရင်အဆင့်အစေခံ

Vol. 20 Ch. 191

နတ်ဆိုးဘုရင်လေးပါးစလုံး ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ခုခံနိုင်စွမ်းမရှိတော့ချေ။ မျက်စိသုံးလုံးကျားမှာ အားမရသေးဘဲ နှင်းယုန်ဘုရင်မ၏ဂုတ်ကိုဆွဲကာ ချိုင်းကြားထဲတွင်ညှပ်ထားလိုက်သည်။ ထို့နောက်ကျန်သောနတ်ဆိုးဘုရင်သုံးပါးကို တစ်ဦးပေါ်တစ်ဦးထပ်ထားလိုက်ပြီး ၎င်းတို့အပေါ်သို့တက်ခုန်လေ၏။

သူသည် ကောင်းကင်ကိုမော့ကြည့်၍ သက်ပြင်းချကာ...

"အရင်တုန်းက ငါ့ရဲ့ခွန်အားကိုဝှက်ထားပြီး မင်းတို့နဲ့အလိုက်သင့်ကစားပေးနေတာပါကွာ။ မင်းတို့က အတည်မှတ်နေတာကိုး"

"ပြောစမ်း... ဘာလို့ ကိုယ့်ကိုယ်ကိုယ်ဒီလိုဖြစ်အောင်လုပ်ကြတာလဲ"

"ငါ့ရဲ့စွမ်းအားအစစ်ကိုထုတ်ပြအောင် မင်းတို့ကဖိအားပေးလိုက်တာပဲ"

"အခုတော့ အားလုံးအရှက်ရပြီမဟုတ်လား"

ဂိုဏ်းချုပ်ကျန်းနှင့် အကြီးအကဲမိုတို့မှာ နှုတ်ခမ်းများတွန့်သွားကြသည်။

ဒီကောင်ကတော့ ဟန်လုပ်တာ အဆုံးကိုမရှိတော့ဘူး...

ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲမဝင်ခင်တုန်းက နတ်ဆိုးဘုရင်တွေဆီမှာခိုလှုံဖို့မျှော်လင့်နေခဲ့တာ ဘယ်သူပါလိမ့်...

သူ့ခြေထောက်အောက်တွင်အဖိခံထားရသော နတ်ဆိုးဘုရင်သုံးပါးမှာ ဘာမှမပြောနိုင်ဘဲ ခေါင်းငုံ့ထားရုံသာရှိတော့သည်။ နိုင်သူကအရှင်သခင်ပင်။ နတ်မိစ္ဆာနယ်မြေ၏နိယာမမှာ နိုင်သူက အရာအားလုံးကိုပိုင်စိုး၏။

"ကျေနပ်ကြပြီလား"

"ကျေနပ်ပါပြီ... ကျေနပ်ပါပြီ"

ညှစ်ခံရလွန်းသဖြင့်မေ့လဲသွားသော နှင်းယုန်ဘုရင်မမှလွဲ၍ ကျန်နတ်ဆိုးဘုရင်သုံးပါးမှာ မြန်ဆန်စွာအရှုံးပေးလိုက်ကြသည်။

"ဘယ်သူကအဖိုးလဲ"

မျက်စိသုံးလုံးကျားက မေးစေ့ကိုပင့်ကာမေးလိုက်သည်။ နတ်ဆိုးဘုရင်သုံးပါးမှာ အသက်ရှူကျပ်သွား၏။ ဒီကောင်အစွမ်းထက်လာသည့်အခါ သူ၏ဘဝင်မြင့်နေသည့်မျက်နှာပေးမှာ အခြားသူများထက် ပို၍ဆိုးဝါးလှသည်။

"ခင်ဗျားကအဖိုးပါ"

နတ်ဆိုးသုံးကောင်မှာစိတ်ဓာတ်ကျလွန်းသဖြင့် သွေးပြန်အန်မတတ်ခံစားလိုက်ရသည်။ ကျန်းချန်ကတော့ ဘေးမှကြည့်၍ ဆွံ့အနေ၏။

နတ်မိစ္ဆာနယ်မြေကကောင်တွေက တိုက်တုန်းကတော့ အားလုံးထက်ကြမ်းပြီး ရှုံးသွားရင်တော့ အားလုံးထက်မြန်မြန်ဒူးထောက်ကြတာပဲလား...

"ဟားဟားဟား..."

မျက်စိသုံးလုံးကျားသည် သူ၏ဘဝတွင် ဤမျှလောက်မကျေနပ်ဖူးချေ။ ၎င်းမှာ သူ၏သိက္ခာကိုပြန်လည်ဆယ်ယူနိုင်ခဲ့သည့် အချိန်ပင်။

ဟန်လုပ်ပြီးနောက် သူသည် ဂိုဏ်းချုပ်ကျန်းထံအပြေးသွားကာ အသိအမှတ်ပြုမှုတောင်းခံလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော့်ရဲ့စွမ်းဆောင်ရည် ဘယ်လိုလဲ"

"ဒီလိုပါပဲ"

မင်းက ငါ့ဆီက ဟန်ထုတ်ဘုရင်ရာထူးကိုလုမလို့လား...

"သူတို့ကို ဘာလုပ်ဖို့စိတ်ကူးထားလဲ"

ကျန်းချန်သည် ထိုနတ်ဆိုးဘုရင်လေးပါးအပေါ် မည်သည့်ခံစားချက်မျှမရှိချေ။ ထိုရန်ငြိုးများမှာ မျက်စိသုံးလုံးကျားနှင့်သာ သက်ဆိုင်သည်။

မျက်စိသုံးလုံးကျားက ကြေညာလိုက်၏။

"သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးမယ်၊ ဒါပေမဲ့ ပြစ်ဒဏ်ကတော့ခံရမယ်"

သူသည် နတ်ဆိုးဘုရင်သုံးပါးကိုခြိမ်းခြောက်ကာ သူတို့စုဆောင်းထားသောပစ္စည်းအားလုံးကို သိမ်းယူလိုက်သည်။ အရင်တုန်းက ဆေးလုံးများဆိုလျှင်စိတ်မဝင်စားသောကျားကြီးမှာ ယခုအခါ နတ်ဆိုးဘုရင်လေးပါး၏ပစ္စည်းများကို လုယက်ပြီးနောက်တွင်မှ တကယ့်သူဌေးကြီးဖြစ်သွားလေ၏။

နတ်ဆိုးဘုရင်လေးပါးမှာ လမ်းတစ်လျှောက်တွင် အခြားနယ်မြေမှကျွမ်းကျင်သူများကိုသတ်ဖြတ်ကာ သူတော်စင်အဆင့်လက်စွပ် ၁၀ ကွင်း၊ သူတော်စင်လက်နက်များနှင့် အကာအကွယ်ပစ္စည်းများစွာကို စုဆောင်းထားခဲ့ကြသည်။ ထိုအရာများအားလုံးမှာ ယခုအခါ မျက်စိသုံးလုံးကျားမှတစ်ဆင့် ဂိုဏ်းချုပ်ကျန်း၏လက်ထဲသို့ ရောက်ရှိသွားလေပြီ။

ထိုပစ္စည်းများထဲမှအချို့ကို အမှတ်များအဖြစ်ပြောင်းလဲလိုက်ရာ ကျန်းချန်၏ အမှတ်များမှာ ၂.၂ ဘီလီယံထပ်တိုးသွားသည်။ သူသည် ပြုံးရွှင်လျက် နတ်ဆိုးဘုရင်သုံးပါးကို လက်ပြကာလွှတ်ပေးလိုက်၏။ သို့သော် နှင်းယုန်ဘုရင်မကိုမူ ချန်ထားခဲ့သည်။

"သူမကို ဘာလို့ချန်ထားတာလဲ"

"အစ်ကိုကြီး... ကျွန်တော်တို့ခရီးသွားရတာ ပင်ပန်းနေပြီလေ၊ အစေခံမလေးတစ်ယောက်ရှိရင် မကောင်းဘူးလား"

မကြာမီ နှင်းယုန်ဘုရင်မနိုးလာပြီးနောက် သူမ၏နတ်ဘုရားဝိညာဉ်နှင့် စွမ်းအင်များ အပိတ်ခံထားရသည်ကို သိလိုက်ရသည်။

"မျက်စိသုံးလုံးကျား... ဘာလုပ်လိုက်တာလဲ"

"ကိုယ့်ဘာသာကြည့်ပါလား။ ဘာလို့ ငါ့ကိုမေးနေတာလဲ"

ယခင်က သူမ၏လိုက်လံတိုက်ခိုက်ခြင်းကိုခံခဲ့ရသောကျားကြီးမှာ ယခုအခါ အနိုင်ရသွားသဖြင့် အလွန်ပျော်ရွှင်နေသည်။

"ရွေးချယ်စရာနှစ်ခုရှိတယ်။ သေမလား ငါတို့ရဲ့အစေခံလုပ်မလား..."

စကားမဆုံးခင်မှာပင် နှင်းယုန်ဘုရင်မက ချက်ချင်းဖြတ်ပြောလိုက်၏။

"ငါ နံပါတ်နှစ်ကိုရွေးတယ်"

နတ်မိစ္ဆာနယ်မြေမှသူများသည် အခြားနယ်မြေများနှင့်မတူချေ။ သူတို့သည် နိုင်လျှင်နိုင်၊ ရှုံးလျှင် အသက်ရှင်ရန်အတွက် အရှက်ကိုဘေးဖယ်ကာ အညံ့ခံတတ်ကြသည်။ သိက္ခာဆိုသည်မှာ သူတို့အတွက် အသက်လောက်အရေးမကြီး။

"ဒါဆိုမြန်မြန်... အစ်ကိုကြီးကို ဦးညွှတ်လိုက်စမ်း"

မျက်စိသုံးလုံးကျားက သူမကို ကျန်းချန်ရှေ့သို့ခေါ်သွားသည်။

"ဘာ"

နှင်းယုန်ဘုရင်မမှာ ချက်ချင်းငြင်းဆန်သည်။

"ငါက ဒီလူသားကိုဦးညွှတ်ရမှာလား"

"ငါတောင် သူ့ကိုအစ်ကိုလို့ခေါ်နေတာပဲ... မြန်မြန်လုပ်စမ်း"

မျက်စိသုံးလုံးကျားက သူမ၏ခေါင်းကို နှစ်ချက်ခန့်ရိုက်လိုက်သည်။ နှင်းယုန်ဘုရင်မမှာ အံကြိတ်ကာ အေးစက်သောအကြည့်များဖြင့်ကြည့်နေသည်။

"မျက်စိသုံးလုံးကျား... နင့်ကို ငါအထင်သေးလိုက်တာ။ အရင်တုန်းကအားနည်းပေမဲ့ ကျားမျိုးနွယ်ခေါင်းဆောင် ဂုဏ်ရှိသေးတယ်။ အခုတော့ အစွမ်းထက်လာပြီး လူသားတစ်ယောက်ရဲ့ နောက်လိုက်လုပ်နေတာလား"

"စကားများမနေနဲ့"

မျက်စိသုံးလုံးကျားက ထပ်ရိုက်လိုက်ပြန်သည်။

"အညံ့ခံမလား၊ သေမလား"

နောက်ဆုံးတွင် နှင်းယုန်ဘုရင်မမှာ လက်လျှော့ကာ ကျန်းချန်၏အစေခံအဖြစ် ဒူးထောက်လိုက်ရတော့သည်။

နောက်ရက်များတွင် သူတို့၏ခရီးစဉ်မှာ ပို၍သက်သောင့်သက်သာရှိလာ၏။

သစ်သီးစားချင်သလား... အခွံခွာပြီး ကျွေးမည့်သူရှိသည်

ဝိုင်သောက်ချင်သလား... ပါးစပ်နားအထိ လာတိုက်မည့်သူရှိသည်

ပျင်းနေသလား... ပုခုံးနှိပ်ပေး၊ နောက်ကျောထုပေးမည့်သူရှိသည်

ဖဲကစားနေသလား... ဘေးမှနေ၍ ယပ်တောင်ခပ်ပေးမည့်သူရှိသည်

နတ်ဆိုးဘုရင်အဆင့် အစေခံမလေးတစ်ယောက်ရှိခြင်းမှာ ခရီးစဉ်ကိုပို၍တောက်ပစေသည်ဟု ကျန်းချန်ဝန်ခံလိုက်ရ၏။ နှင်းယုန်ဘုရင်မမှာမူ အရှက်တကွဲဖြစ်နေသော်လည်း ထွက်ပြေးရန်အခွင့်အရေးကိုသာ စောင့်နေရသည်။ သူမသိချင်နေသည်မှာ ဤလူများက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို အပန်းဖြေခရီးထွက်လာကြသလားဆိုသည်ပင်။

အခြားသူများမှာ အသက်လုကာ အင်မော်တယ်ဝင်ပေါက်ကိုရှာနေကြချိန်တွင် ဤလူများမှာမူ နေ့တိုင်းအပျင်းထူကာ စားသောက်ပြီးအချိန်ဖြုန်းနေကြ၏။ အထူးသဖြင့် မျက်စိသုံးလုံးကျား၏အစ်ကိုကြီးဆိုသူမှာ မျက်စိသုံးလုံးကျားထက်ပင် ပို၍အပျင်းကြီးလှသည်...

All Chapters