မင်းနာမည်ကိုခေါ်နေတာလေ
Vol. 20 Ch. 192
ဆယ်ရက်တိတိကြာသွားပြီးနောက် နှင်းယုန်ဘုရင်မသည် မအောင့်နိုင်တော့ဘဲ မေးလိုက်၏။
"ရှင်တို့ အင်မော်တယ်လောကဝင်ပေါက်ကိုရှာဖို့ မစဉ်းစားကြတော့ဘူးလား"
သူမသည် အတင်းအကျပ်အညံ့ခံထားရသော်လည်း အင်မော်တယ်ဖြစ်လိုသောဆန္ဒမှာ လျော့ပါးမသွားချေ။ နေ့တိုင်းသူတို့နောက်လိုက်နေရသည်မှာ ထိုပန်းတိုင်နှင့်ပိုဝေးသွားသလို ခံစားနေရသည်။
ဖဲစကစားရုံရှိသေးသော မျက်စိသုံးလုံးကျားက သူမကိုစိုက်ကြည့်လိုက်၏။
"မင်းကအနေတာလား"
"အင်မော်တယ်ဝင်ပေါက်ကိုမရှာဘူးဆိုရင် ငါတို့က ဒီနေရာကိုဘာလို့ ဒုက္ခခံပြီးလာမလဲ"
"တကယ်ကို အပိုတွေမေးနေတာပဲ"
နှင်းယုန်ဘုရင်မမှာ စကားများပင်ထစ်သွားတော့သည်။
ရှင်တို့မှာ ဒုက္ခခံတယ်ဆိုတဲ့စကားလုံးအပေါ် နားလည်မှုလွဲတာတစ်ခုခုရှိနေလို့လား။...
“ဒါပေမဲ့ ရှင်တို့ရှာဖွေနေတဲ့အရိပ်အယောင်တောင် ကျွန်မမမြင်မိဘူး"
"ငါတို့က အသည်းအသန်ရှာနေတာပါ၊ မင်းကမှမမြင်တာ"
ဘယ်မှာ ရှာနေတာလဲ။ တစ်နေ့လုံး စားသောက်ပြီး ဖဲရိုက်နေတာမဟုတ်ဘူးလား...
သူမသည် သူတစ်ပါးအိမ်မှာကပ်နေရသူဖြစ်သဖြင့် အပြုံးလေးကိုအတင်းညှစ်ထုတ်ကာ ဆက်မေးရသည်။
"ဒါဆို ဘယ်တော့လောက်ဆိုရှာတွေ့နိုင်မလဲ"
မျက်စိသုံးလုံးကျား၏ မျက်လုံးများပြူးထွက်သွားသည်။
"ဒီလို အရေးကြီးတဲ့လျှို့ဝှက်ချက်ကို မင်းလိုအစေခံမလေးက စပ်စုရဲတာလား။ ကိုယ့်နေရာကိုယ်သိစမ်း"
နှင်းယုန်ဘုရင်မ၏မျက်နှာမှာ ဒေါသကြောင့်ဖြူဖျော့သွား၏။ သူမအင်မော်တယ်ဖြစ်သည့်နေ့ကျမှ ဒီအရှက်မရှိတဲ့ကျားစုတ်ကိုအသေသတ်မည်ဟု ကြုံးဝါးလိုက်မိသည်။
ထိုစဉ် ကျန်းချန်ကဝင်ပြောလိုက်သည်။
" တိတ်တိတ်နေကြစမ်း၊ ငါ့သမီးလေးအိပ်နေတယ်"
အဝါလေးမှာ အိပ်ပျော်သွားလေပြီ။ သူမအိပ်ပျော်သွားသည်နှင့် အစ်ကိုကြီးချန်က တပည့်တစ်ဦးကိုခေါ်ထုတ်ကာ ပါရမီမြှင့်တင်ပေးလိုက်ပြန်သည်။
သူသည် ဒုတိယနှင့် တတိယမျိုးဆက်တပည့်များကို ဦးစားပေးနေ၏။ အကြောင်းမှာ သူတို့၏ကျင့်ကြံမှုအဆင့်မှာမြင့်မားနေပြီဖြစ်ရာ စောစောမြှင့်တင်မှသာ နောက်ပိုင်းတွင်အမှတ်ပိုရပြီး ဆုံးရှုံးမှုကိုလျှော့ချနိုင်မည်ဖြစ်သည်။
နှင်းယုန်ဘုရင်မမှာ ကျန်းချန်ဘာလုပ်နေသည်ကိုနားမလည်ချေ။ မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့ကလည်း သူမကိုရှင်းမပြကြ။ အကြောင်းမှာ မျက်နှာသာပေးခံရမည့် ပြိုင်ဘက်နောက်တစ်ယောက် မတိုးချင်သောကြောင့်ပင်။
ဝေါင်း
ရှေ့မှ ဧရာမဟိန်းသံကြီးထွက်ပေါ်လာသည်။ မြေပြင်မှာတုန်ခါနေပြီး ဖုန်မှုန့်များ ကောင်းကင်သို့လွင့်တက်သွား၏။
ခန္ဓာကိုယ်မှသွေးနီရောင်အလင်းများ ထွက်ပေါ်နေသော၊ ပေပေါင်းသိန်းချီမြင့်မားသည့် ဧရာမမျောက်ဝံကြီးတစ်ကောင် ဆင်းသက်လာသည်။ သူ့လက်ထဲတွင် အက်ကြောင်းများဖြင့်ပြည့်နေသော ကျောက်တုတ်ကြီးတစ်ချောင်းရှိနေ၏။
"မျောက်ဝံဘုရင်"
"ပြီးတော့ ကြက်ဘုရင်မလည်း ပါလာတာလား"
ထိုမျောက်ဝံကြီး၏နောက်ကွယ်တွင် လှပတောက်ပသောအဝတ်အစားများဝတ်ဆင်ထားသည့် ကြက်ဘုရင်မမှာ ခေါင်းငိုက်စိုက်ကျလျက်ပါလာသည်။ သူမသည် မျောက်ဝံကြီးနှင့် ခရီးအတူသွားရသဖြင့် အတော်လေးဒုက္ခရောက်နေပုံရ၏။
နှင်းယုန်ဘုရင်မသည် အခြားနတ်ဆိုးဘုရင်များလာကယ်မည်ကို မျှော်လင့်ခဲ့သော်လည်း ယခု မျောက်ဝံဘုရင်ကိုမြင်သောအခါ ဝမ်းမသာနိုင်တော့ချေ။ မျောက်ဝံဘုရင်မှာ တိုက်ခိုက်လိုစိတ်အလွန်ပြင်းထန်ပြီး စကားပြော၍မရသောအရူးတစ်ကောင်ပင်။
"မျက်စိသုံးလုံးကျား... ထွက်လာပြီး ငါနဲ့တိုက်စမ်း"
မျောက်ဝံဘုရင်၏မျက်လုံးများတွင် ရူးသွပ်မှုများပြည့်နှက်နေသည်။
မျက်စိသုံးလုံးကျားမှာ ယခင်ကကြောက်စိတ်ကြောင့် ခေါင်းလေးပုသွား၏။ ယခင်ကျားဘုရင်ရှိစဉ်က မျောက်ဝံဘုရင်နှင့်ယှဉ်နိုင်ခဲ့သော်လည်း ယခုသူက မယှဉ်နိုင်ချေ။
"အစ်ကိုကြီး... ဒီကောင်က အစ်ကိုကြီးကိုအလေးမထားဘဲ ဟန်လုပ်နေတာ။ သူ့ကို အသေသတ်ပေးပါ"
မျက်စိသုံးလုံးကျားက ကျန်းချန်ကိုမြှောက်ပင့်လိုက်သည်။
ဂိုဏ်းချုပ်ကျန်းက မျက်စောင်းထိုးလိုက်၏။
"မင်းက ငါ့ကိုအတယ်ထင်နေတာလား"
"သူက မင်းကိုစိန်ခေါ်တာလေ၊ ငါ့ကိုမဟုတ်ဘူး။ ငါကမင်းရဲ့ မျက်နှာကိုလုပြီး လူစွမ်းကောင်းလုပ်ရမှာ အားနာမိတယ်"
မျက်စိသုံးလုံးကျားမှာ မျက်နှာငယ်လေးဖြစ်သွားသည်။ ကျန်းချန်မကူညီလျှင် သူ မည်သူ့ကိုအားကိုးရမည်နည်း။
နှင်းယုန်ဘုရင်မလား... သူမက သူ့ကိုပြန်ရိုက်ချင်နေတာ။
လိပ်နက်ဘုရင်လား... ခံစစ်ပဲကောင်းတာ။
မိုချန်လား... ထိုလူအိုကြီးက ဘေးကနေပြုံးစိစိဖြင့်ကြည့်နေသည်။
နောက်ဆုံးတွင်သူသည် အိပ်နေသောအဝါလေးကိုသွားနှိုးရန် ကြံစည်တော့သည်။
"ညီမလေး... ငါ့ကိုကယ်ပါဦး။ အပြင်ကမျောက်ကြီးက လူဆိုးကြီး၊ သူက မင်းအဖေကိုပါ ရိုက်မယ့်ကောင်..."
"ကလေးကို အဆိပ်မခတ်နဲ့"
ကျန်းချန်က မျက်စိသုံးလုံးကျားကို မျောက်ဝံဘုရင်၏ရှေ့သို့ ကန်ထုတ်လိုက်သည်။
"မျက်စိသုံးလုံးကျား... မင်းသတ္တိလေးမွေးစမ်းပါ၊ ငါအာမခံတယ်၊ သူမင်းကို အသေသတ်လို့မရစေရဘူး။ မင်းဘာကိုကြောက်နေတာလဲ"
မျောက်ဝံဘုရင်က သရော်သံဖြင့် ရယ်မောလိုက်သည်။ မျက်စိသုံးလုံးကျားမှာ နောက်ဆုတ်ရန် လမ်းမရှိတော့သဖြင့် အံကြိတ်ကာအော်ဟစ်လိုက်၏။
"ငါ... ငါက မင်းရဲ့နှမလေးက ကျားဖိုးဖိုးကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်လောက်တဲ့အထိ ခွန်အားမရှိမှာကို ကြောက်နေတာကွ"
ထိုစကားကြောင့် နှင်းယုန်ဘုရင်မနှင့် ကြက်ဘုရင်မတို့မှာ
"တကယ့်ကိုသူရဲကောင်းပဲ"
ဟု ချီးကျူးလိုက်ကြသည်။
အကြောင်းမှာ မျောက်ဝံဘုရင်တွင် အလွန်ချစ်ရသောနှမလေးတစ်ဦး ရှိနေသောကြောင့်ပင်။ ၎င်းမှာ သူ၏အထိမခံသောနေရာဖြစ်သည်။
"ဟီးဟီးဟီး..."
"ဟားဟားဟားဟား..."
"မင်းနောက်ဆုံးတော့သတ္တိရှိလာပြီပဲ"
ဝုန်း
ပေပေါင်းသိန်းချီရှည်လျားသောကျောက်တုတ်ကြီးမှာ မိုးကြိုးတစ်ခုကဲ့သို့ကျဆင်းလာ၏။ မျက်စိသုံးလုံးကျားက လျင်မြန်စွာရှောင်တိမ်းလိုက်ရာ ကျောက်တုတ်မှာ မြေပြင်ပေါ်ကျသွားပြီး ပတ်ဝန်းကျင်ကို အမှုန့်ဖြစ်သွားစေသည်။
ကျန်းချန်သည် မျောက်ဝံဘုရင်၏တိုက်ကွက်မှာ ဖျက်ဆီးခြင်းတာအိုဖြစ်ကြောင်းသိလိုက်၏။ ၎င်းမှာ အင်မော်တယ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ မျက်စိသုံးလုံးကျား၏ သူတော်စင်နယ်မြေမှာ မျောက်ဝံဘုရင်၏ဖိအားအောက်တွင် တဖြည်းဖြည်းပျက်စီးလာနေလေပြီ။
နတ်ဆိုးဘုရင်နှစ်ပါးမှာ အသေအလဲတိုက်ခိုက်နေကြတော့သည်။