Chapters

ရတနာကိုးပါး အင်မော်တယ်ဝင်္ကပါ

Vol. 20 Ch. 195

ရတနာကိုးပါး အင်မော်တယ်ဝင်္ကပါ

Vol. 20 Ch. 195

ရင်ခုန်သံမြန်ဆန်နေသော ချင်းစော့သည် မျိုးနွယ်စုဝင်များ၏တိုက်တွန်းမှုကြောင့် နှလုံးသားထိုးဖောက်ကန်တော့ကို ကျောက်စိမ်းစင်မြင့်ပေါ်ရှိမြောင်းထဲသို့ ဂရုတစိုက်ထည့်သွင်းလိုက်သည်။

ဖြူဖွေးသောအလင်းတန်းတစ်ခု ကောင်းကင်သို့ထိုးတက်သွားပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက် နှလုံးသားထိုးဖောက်ကန်တော့မှာ ကျောက်စိမ်းစင်မြင့်နှင့် တစ်သားတည်းဖြစ်သွားလေ၏။

ရုတ်တရက်ဆိုသလိုပင် ချင်းစော့သည် သူမ၏ခန္ဓာကိုယ်ကို လှုပ်ရှား၍မရတော့ကြောင်း သတိပြုလိုက်မိသည်။ သူမတင်မကဘဲ အနားရှိနှလုံးသားမျိုးနွယ်စုဝင်အားလုံးမှာလည်း ရုပ်တုများသဖွယ် တောင့်တင်းသွား၏။ သူတို့အားလုံးမှာ လွန်ခဲ့သောစက္ကန့်ပိုင်းက ဝမ်းသာအားရဖြစ်နေသော အမူအရာများအတိုင်း အေးခဲသွားခြင်းပင်။

ချင်းစော့တွင် အသိစိတ်ရှိနေသေးသော်လည်း သူမ၏နတ်ဘုရားဝိညာဉ်မှာ ချိတ်ပိတ်ခံထားရသကဲ့သို့ဖြစ်နေပြီး မည်သူနှင့်မျှဆက်သွယ်၍မရတော့ချေ။ ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ပုံစံများကိုကြည့်မိသောအခါ သူမခေါင်းမူးသွား၏။ သူမ၏နှလုံးသားထဲမှ အမည်မသိအမျှင်တန်းတစ်ခုထွက်ပေါ်လာပြီး သူမ၏သက်စောင့်အားများကို တဖြည်းဖြည်းချင်း စုပ်ယူနေသကဲ့သို့ ခံစားရလေသည်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ငါတို့ အင်မော်တယ်လောကမှာပေါ်လာရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုအဆုံးသတ်သွားရတာလဲ...

သူမမေးချင်သော မေးခွန်းပေါင်းထောင်သောင်းမကရှိနေသော်လည်း စကားမပြောနိုင်တော့သလို မည်သူ့ကိုမေးရမှန်းလည်းမသိတော့ချေ။

တစ်ချိန်တည်းမှာပင် ရေကန်ငယ်လေးတစ်ခု၏အလယ်တွင် ရေမျိုးနွယ်စုဝင် ၅၀၀ ခန့်မှာလည်း ရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အင်မော်တယ်အကျွင်းအကျန်မျိုးနွယ်စု၏ အမွေအနှစ်လက်နက်များ တစ်ခုပြီးတစ်ခု နေရာတကျဖြစ်သွားသည်နှင့်အမျှ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်းရှိလူအားလုံးမှာ ကောင်းကင်ယံ၌ဖြတ်သန်းနေသော ဧရာမသံကြိုးကြီးများကို မြင်တွေ့ရလေ၏။

ထိုသံကြိုးများမှာ လက်လှမ်းမီရာတွင်ရှိနေသယောင် ထင်ရသော်လည်း ထိတွေ့၍မရသောပုံရိပ်ယောင်များသာ။ အချို့က ထိုသံကြိုးများ၏အစကိုရှာရန် လိုက်လံပျံသန်းကြသော်လည်း ရှာမတွေ့ကြချေ။

"ဘာတွေဖြစ်ကုန်တာလဲ"

"ဟင်းလင်းပြင်နယ်မြေမှာ တစ်ခုခုပြောင်းလဲသွားပြီလား"

"အင်မော်တယ်ဝင်ပေါက် ပေါ်လာတော့မှာလား"

"ငါ့ရဲ့အာရုံထဲမှာတော့ ဒီသံကြိုးတွေကနိမိတ်မကောင်းသလိုပဲ"

နယ်မြေအသီးသီးမှ ကျွမ်းကျင်သူများမှာ တစ်ဦးနှင့်တစ်ဦး မတူညီသောတုံ့ပြန်မှုများရှိနေကြသည်။ အချို့ကဝမ်းသာနေကြပြီး အချို့ကမူမျက်မှောင်ကြုတ်နေကြ၏။

အဝေးတစ်နေရာ၊ အထက်လောကရှိ အင်မော်တယ်နန်းတော်အတွင်း၌...

ရွှေရောင်အလင်းတန်းများဖြာထွက်နေပြီး အင်မော်တယ်ဝိညာဉ်ကို မည်သူမျှခန့်မှန်း၍မရသော ကြီးမြတ်သည့်ပုဂ္ဂိုလ်တစ်ဦးမှာ မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ရှေ့တွင် ပုံစံအမျိုးမျိုးရှိသော အင်မော်တယ်ကိုးပါး ဒူးထောက်နေ၏။

"အရှင်... ရတနာကိုးပါး အင်မော်တယ်ဝင်္ကပါက နောက်ဆုံးတော့ တုံ့ပြန်လာပါပြီ"

ရွှေရောင်အင်မော်တယ်ပုဂ္ဂိုလ်ကြီး၏အသံမှာ အရပ်မျက်နှာအနှံ့အပြားမှထွက်ပေါ်လာသကဲ့သို့ ဟိန်းထွက်လာသည်။

"အလွန်ကောင်းပေသည်"

အောက်မှတပည့်တစ်ဦးက ရိုသေစွာလျှောက်တင်လိုက်သည်။

"အခုအချိန်အထိ အမွေအနှစ်လက်နက်လေးခုက သူတို့ရဲ့မူလနေရာတွေဆီ ပြန်ရောက်လာပါပြီဘုရား"