← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 25 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 25 Ch. 343-344

‎အခန်း ( ၃၄၃ ) - အင်မော်တယ်ဘုရင် အမိန့်တော်ပြန်တမ်း၊ အင်မော်တယ်တစ်သောင်း နတ်နဂါးအရှင်သခင်နှင့် စစ်မှန်သော အင်မော်တယ် ရာထူး

‎

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် အလွန်ပင် ကျေနပ်အားရနေလေသည်။ သို့တည်းမဟုတ် သူသည် မိမိကိုယ်ကို ဖိနှိပ်ထားခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်၍ ယခု ပေါက်ကွဲထွက်ရမည့်အချိန် ရောက်သောအခါ ရင်ထဲရှိ ခံစားချက်များကို မထိန်းနိုင်တော့ဘဲ ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်ပေသည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ ရှေ့မှောက်တွင် ဒိန်းဒိန်းမြည်ကာ ခုန်လှုပ်နေသော ထူးဆန်းသည့် အင်မော်တယ်ဘုရင် နှလုံးသားကို ကြည့်ရင်း စစ်မှန်သော အင်မော်တယ်နှစ်ပါးကို တစ်ပြိုင်နက်တည်း ခြုံခိုတိုက်ခိုက်ရဲသည့် ရှောင်ယောက်ထျန်းကျွင်း၏ ယုံကြည်မှု ဘယ်မှလာသည်ကို ကုချန် နားလည်သွားလေတော့သည်။

‎

‎

‎ဤ 'အင်မော်တယ်ဘုရင် နှလုံးသား' ကြောင့် ဖြစ်နေခဲ့သည်ကိုး။

‎

‎

‎ဤထူးဆန်းသော နှလုံးသားတွင် အင်မော်တယ်ဘုရင်အဆင့် ရှိသူ၏ ချီအငွေ့အသက်များ ပါရှိနေ၏။ ရှောင်ယောက်ထျန်းကျွင်း မည်သို့ ရရှိခဲ့သည်ကို မသိရသော်လည်း ၎င်းသည် စစ်မှန်သော အင်မော်တယ်နှစ်ပါးကို အမှန်တကယ် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်မှ လာသည့် စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ မျက်လုံးထဲတွင် ရှောင်ယောက်ထျန်းကျွင်းသည် အနည်းငယ် ပိုသန်မာသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

‎

‎

‎သို့သော် ထိုပုရွက်ဆိတ်သည် အထွတ်အထိပ်ဟု ခေါ်ဆိုနိုင်သော စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင်ထားနိုင်သည့်အခါ ပုရွက်ဆိတ်ဖြစ်သည့်တိုင် ကောင်းကင်ကြီးကို မျိုချနိုင်ပေသည်။

‎

‎

‎သို့ရာတွင် အင်မော်တယ်ဘုရင် နှလုံးသားဟု ခေါ်ဆိုသော ဤအရာသည် အနည်းငယ် ထူးဆန်းနေလေသည်။ အင်မော်တယ်ဘုရင် နှလုံးသားဟု ခေါ်ဆိုခြင်းထက် အင်မော်တယ်ဘုရင်၏ နတ်ဆိုးနှလုံးသားဟု ခေါ်ဆိုခြင်းက ပို၍ မှန်ကန်တိကျပေလိမ့်မည်။

‎

‎

‎" ဒီလို မကောင်းဆိုးဝါး ပစ္စည်းမျိုးကို မင်း ဘယ်လိုရခဲ့တာလဲ "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် ရှောင်ယောက်ထျန်းကျွင်း၏ ရှေ့ရှိ ခုန်လှုပ်နေသော ထူးဆန်းသည့် နှလုံးသားကို ကြည့်လျက် သူ၏ အေးစက်သော မျက်နှာပေါ်တွင် ရှားပါးလှသည့် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာလေ၏။

‎

‎

‎" တကယ်လို့ မင်း ငါတို့ကို အခု လွှတ်ပေးမယ်ဆိုရင် ငါတို့က အထက်လူကြီးတွေဆီ မင်းအတွက် အသနားခံပေးလို့ ရသေးတယ်... မင်းကို အင်မော်တယ်တစ်သောင်းမျှော်စင်ထဲ တကယ် လက်ခံပေးမှာဖြစ်လို့ အင်မော်တယ်ဘုံကို တက်ရောက်နိုင်ဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့တယ် "

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ လေသံသည်လည်း ပြောင်းလဲသွားကာ ရှောင်ယောက်ထျန်းကျွင်းကို သွေးဆောင်ဖြားယောင်းသကဲ့သို့ အနာဂတ်လမ်းကြောင်းကို စီစဉ်ပေးလာလေသည်။

‎

‎

‎" ဟုတ်တယ်... မင်းမှာ ဒီလိုကံကောင်းမှုမျိုး ရှိနေမှတော့ အင်မော်တယ်အရှင်သခင်ဆီ ငါတို့ သတင်းပို့လိုက်တာနဲ့ အင်မော်တယ်အရှင်သခင်က သေချာပေါက် ဝမ်းမြောက်သွားပြီး မင်းကို အင်မော်တယ်တစ်သောင်းမျှော်စင်ထဲ ခေါ်သွားမှာ... သူကိုယ်တိုင် မင်းကို လမ်းညွှန်ပေးရင်တောင် ပေးဦးမှာ "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် ဘေးမှနေ၍ ထောက်ခံပြောဆိုလိုက်၏။

‎

‎

‎သို့သော် လေသံပျော့သွားသော အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူနှင့် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူတို့ကို ရင်ဆိုင်ရသော်ငြား ရှောင်ယောက်ထျန်းကျွင်းကမူ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

‎

‎

‎သူသည် စစ်မှန်သော အင်မော်တယ်နှစ်ပါးကို အေးစက်စွာ ကြည့်လိုက်၍ လှောင်ပြောင်သရော်လိုက်လေသည်။

‎

‎

‎" ငါအရှင်ကို သစ္စာရှိတဲ့ခွေးတစ်ကောင်လို ဆက်ဆံခဲ့တုန်းက မင်းတို့ရဲ့ မောက်မာတဲ့ သဘောထားတွေ ဘယ်ရောက်သွားပြီလဲ "

‎

‎

‎" အခု မင်းတို့ လေသံပျော့သွားရတာက သေတော့မှာမို့လို့ပဲ မဟုတ်လား "

‎

‎

‎" ငါအရှင်က မင်းတို့ကို လွှတ်ပေးမယ်လို့ ထင်နေတာလား... ငါအရှင်ကို အရူးများ မှတ်နေသလား... အခု မင်းတို့ကို လွှတ်ပေးလိုက်ရင် နောင်ကျ အင်မော်တယ်တစ်သောင်းမျှော်စင်က ငါအရှင်ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်တော့ဘူး "

‎

‎

‎" မင်း ဘာလိုချင်တာလဲ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ စကားကို ကြားသောအခါ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ မျက်နှာမှာ ပျက်သွား‌လေသည်။

‎

‎

‎" အင်မော်တယ်ဘုံကို ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ပြောစမ်း "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သော်လည်း တပြိုင်နက်တည်းမှာပင် အင်မော်တယ်ဘုရင် နှလုံးသားမှ စစ်မှန်သော အင်မော်တယ်နှစ်ပါးထံမှ စွမ်းအားနှင့် တာအိုများကို စုပ်ယူနေသည့် အရှိန်ကို လျှော့ချပေးလိုက်လေသည်။

‎

‎

‎" ငါတို့မှာလည်း အင်မော်တယ်ဘုံကို ပြန်နိုင်မယ့် နည်းလမ်း မရှိဘူး "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် ချက်ချင်း ဖြေကြားလိုက်၏။

‎

‎

‎" အင်မော်တယ်ဘုံ တံခါးပေါက်အတွက် အင်မော်တယ်ဘုရင် အမိန့်ပြန်တမ်းက အင်မော်တယ်တစ်သောင်း အရှင်သခင် ဝမ်လုံအရှင်ဆီမှာပဲ ရှိတာ... အရှင်သခင်က အဲဒီ အမိန့်တော်ပြန်တမ်းကို သုံးမှ ငါတို့ကို အောက်ဘုံဆီ ပို့ပေးလို့ ရတာ "

‎

‎

‎" အလားတူပဲ ငါတို့က အရှင်သခင်ဆီ သတင်းပို့ပြီး ခွင့်ပြုချက်ရမှ အင်မော်တယ်ဘုံကို ပြန်လို့ရမှာ "

‎

‎

‎" ဟုတ်တယ်... အဲဒီအတိုင်းပဲ "

‎

‎

‎ဘေးနားရှိ အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူသည်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

‎

‎

‎အင်မော်တယ်ဘုရင် အမိန့်တော်ပြန်တမ်း ရှိမှသာ အင်မော်တယ်တံခါးကိုဖွင့်၍ အင်မော်တယ်ဘုံသို့ ဝင်ရောက်နိုင်လိမ့်မည်။ သို့သော် အင်မော်တယ်ဘုရင် အမိန့်တော်ပြန်တမ်းမှာ အင်မော်တယ်တစ်သောင်းမျှော်စင် အရှင်သခင်၏ လက်ထဲတွင် ရှိနေသည်။

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့၏ စကားကို ကြားလိုက်ရသောအခါ ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာထားမှာ မပြောင်းလဲဘဲ မနေနိုင်တော့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး လိမ်ညာမနေကြောင်း သူ သိရှိသောကြောင့်ပင်။

‎

‎

‎" မင်း ငါတို့ကို လွှတ်ပေးလိုက်ရုံပဲ... ငါတို့ အရှင်သခင်ဆီ သတင်းပို့လိုက်တာနဲ့ အရှင်သခင်က မင်းအတွက် လမ်းကြောင်းဖွင့်ပေးပြီး ငါတို့နဲ့အတူ အင်မော်တယ်ဘုံကို တက်လှမ်းလို့ ရသွားလိမ့်မယ်... အဲ့အခါကျ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်လိမ့်မယ် "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် အခြေအနေကို အခွင့်ကောင်းယူကာ ထပ်လောင်းတိုက်တွန်းလိုက်သည်။

‎

‎

‎" အင်မော်တယ်ဘုံ တက်လှမ်းခြင်း ဟုတ်လား "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းမှ လှောင်ပြောင်သရော်စွာ ပြုံးလိုက်၏။

‎

‎

‎" မင်းတို့ မသိတာ တစ်ခုရှိတယ်... မင်းတို့ရဲ့ အကူအညီသာပါရင် အင်မော်တယ်ဘုံကို မဝင်ရရင်တောင် ငါအရှင်က အင်မော်တယ် အဆင့်အတန်းကို ရယူနိုင်သေးတယ်ဆိုတာပဲ... အင်မော်တယ်ဘုံ ဝင်ဖို့ကိစ္စကတော့ နောက်မှ ဆွေးနွေးကြတာပေါ့ "

‎

‎

‎" ဘာသဘောလဲ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ လေသံမှာ ပုံမှန်မဟုတ်ကြောင်း အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ ခံစားလိုက်ရပြီးနောက် သူ၏စိတ်ထဲတွင် ဆိုးရွားသော နိမိတ်တစ်ခု ဖြစ်ပေါ်လာလေသည်။

‎

‎

‎" ဘာသဘောလဲ ဟုတ်လား... ခင်ဗျားတို့နှစ်ယောက်ကို သေလမ်းပို့ပေးမယ့် သဘောပေါ့ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် လက်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်ကာ အင်မော်တယ်ဘုရင် နှလုံးသားမှ စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ စွမ်းအားကို စုပ်ယူသည့် အရှိန်ကို တစ်ဖန် ပြန်လည် မြှင့်တင်လိုက်လေသည်။

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့၏ စွမ်းအားများ ကုန်ခမ်းသွားသည်နှင့်အမျှ အင်မော်တယ်ဘုရင် နှလုံးသား၏ မျက်နှာပြင်ပေါ်တွင် ချည်နှောင်ထားဆဲဖြစ်သော တာအိုကြိုးများသည်လည်း တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးသွားလေသည်။

‎

‎

‎နောက်ဆုံးတွင် အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ မျှော်လင့်ချက်မဲ့နေသော အကြည့်အောက်၌ သူတို့၏ အတွင်းအားများ လုံးဝ ကုန်ခမ်းသွားချိန်တွင် အင်မော်တယ်ဘုရင် နှလုံးသားပေါ်ရှိ တာအိုကြိုးအများစုမှာ ပြိုကွဲသွားခဲ့ကာ အနည်းငယ်မျှသာ ကျန်ရစ်တော့၏။

‎

‎

‎" တကယ်ကို အသုံးမကျတာပဲ... သူတို့ရဲ့ စွမ်းအားတွေအကုန် စုပ်ယူပြီးတာတောင် အင်မော်တယ်ဘုရင် နှလုံးသားရဲ့ တံဆိပ်ခတ်ထားတာကို အကုန် မဖြေနိုင်သေးပါလား "

‎

‎

‎အင်မော်တယ်ဘုရင် နှလုံးသားပေါ်၌ ကျန်ရစ်နေသေးသော ကြိုးအနည်းငယ်ကို ကြည့်လျက် ရှောင်ယောက်ထျန်းကျွင်း၏ မျက်ဝန်းများထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ သို့သော် သူသည် အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို ကြည့်ကာ ရက်စက်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎" ဒါပေမဲ့လည်း ကောင်းပါသေးတယ်... အင်မော်တယ်ဘုရင် နှလုံးသား ပွင့်လာတဲ့ ပမာဏက ငါအရှင်ရဲ့ နောက်တစ်ဆင့် စီမံကိန်းကို ဆက်လုပ်ဖို့ လုံလောက်ပါတယ် "

‎

‎

‎" မင်း ငါတို့ကို သတ်ရဲတယ်ဆိုရင် မင်းရဲ့ အင်မော်တယ်ဘုံ တက်လှမ်းမယ့်လမ်းကို လုံးဝ ဖြတ်တောက်လိုက်တာပဲ... ပြီးတော့ အင်မော်တယ်တစ်သောင်းမျှော်စင်က နောက်ကျရင် မင်းကို သေချာပေါက် စာရင်းရှင်းလိမ့်မယ်... အင်မော်တယ်တစ်သောင်းမျှော်စင်က ပေးတဲ့ သက်တမ်းရှည်ဆေး မရှိရင် ဒီအောက်ဘုံမှာ ကံကောင်းမှုတွေ ဘယ်လောက်ပဲ ရရ ဘာအသုံးကျမှာလဲ... နောက်ဆုံးကျရင် မင်း အိုပြီးသေသွားမှာပဲ... မြေဝါပုံလေး ဖြစ်သွားမှာပဲ "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ အ‌ရှိန်အဝါမှာ အားနည်းနေပြီ ဖြစ်သော်လည်း သူသည် 'ကြမ်းတမ်းသော စကားများ' ကို ပြောဆိုနေဆဲပင်။

‎

‎

‎ဤရှောင်ယောက်ထျန်းကျွင်းသည် သူတို့နှစ်ဦးကို လွှတ်ပေးရန် ဆန္ဒမရှိကြောင်း သူ သိ၏။ ယခုအခါ တစ်ဖက်လူ စိတ်ပြောင်းသွားစေရန်အတွက် သက်တမ်းရှည်ခြင်းနှင့် အင်မော်တယ်ဘုံ တက်လှမ်းခြင်းတို့ကို အသုံးပြုပြီး သွေးဆောင်ရုံသာ တတ်နိုင်တော့သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤအင်မော်တယ်ဘုရင် နှလုံးသားသည် စွမ်းအားကြီးသည်ဆိုသော်ငြားလည်း နောင်တွင် အင်မော်တယ်တစ်သောင်းမျှော်စင်မှ ပေးသနားသော သက်တမ်းရှည်ဆေး မရှိပါက ထျန်းကျွင်းအဆင့်သာရှိသော ရှောင်ယောက်ထျန်းကျွင်းသည် သက်တမ်းကုန်ဆုံးချိန်တွင် ပျက်စီးသွားရမည် မဟုတ်ပါလော။

‎

‎

‎အင်မော်တယ်ဘုံသို့ မဝင်ရောက်နိုင်ခြင်းသည် အင်မော်တယ်ဘုံသို့ မတက်လှမ်းနိုင်ခြင်းကို ဆိုလိုပြီး ပျက်စီးဆုံးရှုံးရမည်မှာ အချိန်မရွေး ဖြစ်လာနိုင်သော ကိစ္စဖြစ်သည်။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင် ဟူသော သစ်ပင်ကြီးကို ခိုင်မြဲစွာ ဖက်တွယ်ထားခြင်းကသာ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်နှင့် လမ်းခွဲမသွားစေရန်အတွက် သူတို့နှစ်ဦးကို သတ်၍မဖြစ်ပေ။

‎

‎

‎ဤသည်မှာ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ ရည်ရွယ်ချက်အစစ်အမှန်ပင်။

‎

‎

‎သို့သော် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ ခြိမ်းခြောက်စကားများကို ရင်ဆိုင်ရသော်ငြား ရှောင်ယောက်ထျန်းကျွင်းမှာမူ လုံးဝ တုန်လှုပ်ပုံမရဘဲ မျက်နှာပေါ်ရှိ လှောင်ပြောင်သော အပြုံးသည်ပင် ပို၍ နက်ရှိုင်းလာလေသည်။

‎

‎

‎" ငါအရှင်က မင်းတို့နှစ်ယောက်ကို ဘာလို့ အရှင်ထားထားလဲဆိုတာ သိလား "

‎

‎

‎" ငါအရှင်က စစ်မှန်တဲ့ အင်မော်တယ် ဖြစ်လာတာကို မင်းတို့ မျက်စိနဲ့တပ်အပ် မြင်ပြီးမှ စိတ်ချလက်ချ သေသွားစေချင်လို့လေ "

‎

‎

‎" အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ လက်တုံ့ပြန်မှုအတွက်တော့ မင်းတို့ ပူစရာမလိုပါဘူး... ငါအရှင်က အရာအားလုံးကို သူ့အပေါ် ပုံချလိုက်မှာလေ... ဘာပဲဖြစ်ဖြစ် မင်းတို့က ကုချန်ကို လိုက်သတ်ဖို့ လာကြတာပဲ... အခု သေသွားတယ်ဆိုရင်တောင် ဒီကုချန်ကြောင့်ပဲ ဖြစ်ရမှာပေါ့... ငါအရှင်နဲ့ ဘာဆိုင်လို့လဲ... ဟားဟားဟား "

‎

‎

‎ထိုအချိန်၌ ရှောင်ယောက်ထျန်းကျွင်း၏ အကြည့်များသည် ဘေးရှိ ကုချန်ထံသို့ ရောက်ရှိသွားလျက် ကျေနပ်အားရစွာ ပြောဆိုလိုက်သည်။

‎

‎

‎" မင်း တော်တော်ကောင်းသားပဲ... ထွက်ပြေးဖို့ မကြိုးစားဘူး... ဒီတော့ ငါအရှင်က မင်းကို သဘောကောင်းပြီး မြန်မြန်ဆန်ဆန် ဇာတ်သိမ်းပေးလိုက်မယ် "

‎

‎

‎ယုံကြည်မှုများ ပြည့်နှက်နေသော ရှောင်ယောက်ထျန်းကျွင်းကို ကြည့်ကာ ဘေး၌ ပွဲထိုင်ကြည့်နေသော ကုချန်မှာမူ အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်၏။

‎

‎

‎ဇာတ်လမ်းက မပြီးသေးဘူးလေ။ ဒီတော့ ဒီရှောင်ယောက်ထျန်းကျွင်းကို ခဏလောက် ပျော်ခွင့်ပေးထားလိုက်ပါဦးမယ်။

‎

‎

‎ထို့ပြင် ရှောင်ယောက်ထျန်းကျွင်းအနေဖြင့် အင်မော်တယ်ဘုံသို့ မတက်လှမ်းဘဲ စစ်မှန်သော အင်မော်တယ်အဆင့်ကို ရောက်ရှိနိုင်မည်ဟု မည်သို့ ယုံကြည်မှု ရှိနေသနည်း ဆိုသည်ကို ကုချန် အမှန်တကယ် သိလိုစိတ် ပြင်းပြနေမိသည်။

‎

‎

‎သူက ဒီဟွမ်သွမ့်ပင်လယ်ထဲမှာ အင်မော်တယ်ဘုံနဲ့မခြားနားဘဲ တာအိုတရားတွေ ပြည့်စုံပြီး သူ့ကို အဆင့်တက်အောင် ကူညီပေးနိုင်မယ့် 'ရတနာနယ်မြေ' တစ်ခုခုများ ရှာတွေ့ထားတာများလား။

‎

‎အခန်း ( ၃၄၄ ) - ရူးသွပ်ဖွယ်ရာ အတွေး၊ သန့်စင်သော နယ်မြေ၊ အတူတကွ အင်မော်တယ်တက်လှမ်းခြင်း

‎

‎

‎

‎" ဒါမဖြစ်နိုင်ဘူး! အောက်ကမ္ဘာမှာ စိတ်ဝိညာဉ်ချီက ပါးလျတယ်... ဒီနေရာမှာ စစ်မှန်တဲ့ အင်မော်တယ်အဆင့်ကို ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ? ဒါက ရူးမိုက်တဲ့ အိပ်မက်သက်သက်ပဲ! "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ မောက်မာသောစကားများကို ကြားလိုက်ရချိန်တွင် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် တစ်ဖက်လူမှ သူ့အား လွှတ်ပေးမည်မဟုတ်ကြောင်း နားလည်သွားပုံရသည်။ သူသည် ချက်ချင်းပင် လှောင်ပြောင်လိုက်ကာ.....

‎

‎

‎" စစ်မှန်တဲ့ အင်မော်တယ်အဆင့်ဆိုတာ အင်မော်တယ်ကမ္ဘာကပဲ ထိန်းထားပေးနိုင်တာ... ဒီလို သေးငယ်တဲ့ အောက်ကမ္ဘာမှာ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ဆိုတာတောင် အကန့်အသတ်ဖြစ်နေပြီ.....

‎

‎ထျန်းကျွင်းအဆင့်ကို ရောက်ဖို့ ကံကောင်းခဲ့တဲ့ မင်းလိုလူမျိုးတွေက... အင်မော်တယ်တစ်သောင်းမျှော်စင်ကနေ အသက်ရှည်စေတဲ့ အရာတွေကို ပေးသနားခဲ့လို့သာ ဖြစ်နိုင်ခဲ့တာ.....

‎

‎မင်းက စစ်မှန်တဲ့ အင်မော်တယ်အဆင့်ကို တက်လှမ်းချင်နေသေးတာလား? ဟားဟားဟား.. ရိုးအလွန်းတယ်... တကယ်ကို ရိုးအလွန်းတယ်! "

‎

‎

‎အနီးတွင် ရပ်နေသော အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူမှာမူ တိတ်ဆိတ်နေခဲ့သော်လည်း သူ၏မျက်နှာထက်ရှိ လှောင်ပြောင်လိုသော အမူအရာသည် သူ၏အတွင်းစိတ်ကို ဖော်ပြနေပေသည်။

‎

‎

‎အောက်ကမ္ဘာတွင် အင်မော်တယ်အဆင့်သို့ တက်လှမ်း၍မရနိုင်ဆိုသည်မှာ ပြောင်းလဲ၍မရသော သံမဏိစည်းမျဉ်းတစ်ခုပင် ဖြစ်သည်။ ကမ္ဘာတည်ကတည်းက ဤသံမဏိစည်းမျဉ်းကို မည်သူက ချိုးဖောက်နိုင်ခဲ့ဖူးသနည်း။

‎

‎

‎ယခင်က အဆုံးမဲ့ကမ္ဘာ၏ လူသားဧကရာဇ်ပင်လျှင် ဤသို့ပြုလုပ်ရန် ကျရှုံးခဲ့ရသည်။ အင်မော်တယ်တစ်သောင်းမျှော်စင်မှ မွေးမြူထားသော ခွေးတစ်ကောင်မျှသာဖြစ်သည့် ဤရှောင်ယောက်ထျန်းကျွင်းသည် စစ်မှန်သော အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် ရဲဝံ့စွာ အိပ်မက်မက်နေသည်လော။

‎

‎

‎သို့သော် စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ လှောင်ပြောင်မှုအား ရင်ဆိုင်ရချိန်တွင် ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိချေ။

‎

‎

‎" ငါ့ရဲ့ နှစ်သန်းချီတဲ့ အစီအစဉ်ကို မင်းတို့လို သာမန်လူတွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ? ကောင်းပြီလေ... ငါ ထျန်းကျွင်းက စစ်မှန်တဲ့ အင်မော်တယ်အဆင့်ကို ဘယ်လိုတက်လှမ်းမလဲဆိုတာ မင်းတို့မသေခင် ရှင်းရှင်းလင်းလင်း ပြပေးမယ်! "

‎

‎

‎ထိုသို့ပြောပြီးနောက် ရှောင်ယောက်ထျန်းကျွင်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ရှေ့ရှိ အင်မော်တယ်ဘုရင်၏ နှလုံးသားကို ဖမ်းဆုပ်၍ ပြင်းထန်စွာ ညှစ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင် အင်မော်တယ်ဘုရင်၏ နှလုံးသားထဲမှ အဆုံးမရှိသော တာအိုစာလုံးများ ပေါက်ကွဲထွက်လာလျက် မရေမတွက်နိုင်သော တာအိုသံကြိုးများမှာ စက်လုံးသဏ္ဍာန် သိပ်သည်းစွာ ဖြစ်တည်လာကာ ရှောင်ယောက်ထျန်းကျွင်းအား လွှမ်းခြုံသွားတော့သည်။

‎

‎

‎ထိုအတိုင်းအဆမဲ့သော တာအိုစာလုံးများသည် ရှောင်ယောက်ထျန်းကျွင်း ဤနှစ်သန်းပေါင်းများစွာအတွင်း လျှို့ဝှက်စွာ ရိတ်သိမ်းစုဆောင်းခဲ့သော 'အထွတ်အထိပ် မဟာဆေးဝါး' အစိတ်အပိုင်းပင် ဖြစ်လေသည်။

‎

‎

‎၎င်းတို့သည် အထွတ်အထိပ်အရှင် ရာပေါင်းများစွာ၏ တာအိုများဖြစ်ပြီး သူတို့၏ တစ်သက်တာ နားလည်သဘောပေါက်မှုများနှင့် စွမ်းအားများဖြစ်သည်။

‎

‎

‎ထိုအထဲတွင် သူယခုလေးတင် စုပ်ယူခဲ့သော အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့၏ စွမ်းအားများပင် ပါဝင်နေလေသည်။

‎

‎

‎ဤအင်မော်တယ်ဘုရင်၏ နှလုံးသားက ပံ့ပိုးပေးထားသော အဆုံးမဲ့စွမ်းအားများ ပေါင်းဆုံမှုသည် ဟွမ်သွမ့်ပင်လယ်မှ သီးခြားခွဲထွက်ကာ အံ့ဖွယ်နယ်မြေတစ်ခုကို တည်ဆောက်လိုက်၍ ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ် ဖန်တီးလိုက်သည်နှင့် တူနေပေသည်။

‎

‎

‎ထိုကမ္ဘာအတွင်းရှိ ရှောင်ယောက်ထျန်းကျွင်းမှာမူ လွန်ကဲစွာ ဝမ်းမြောက်နေသော အမူအရာရှိနေပြီး သူ၏လက်ဝါးများကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ခံစားနေရသကဲ့သို့ မျက်လုံးများကို အနည်းငယ် မှိတ်ထားလေသည်။

‎

‎

‎" အင်မော်တယ်ကမ္ဘာ... အင်မော်တယ်ကမ္ဘာ... ဒါက အင်မော်တယ်ကမ္ဘာရဲ့ ခံစားချက်မျိုးလား? ဟားဟားဟား... တကယ်ကို စွဲမက်စရာကောင်းလိုက်တာ! "

‎

‎

‎ဤမြင်ကွင်းကို ကြည့်နေရင်း အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့မှာ တုံ့ပြန်နိုင်ခြင်း မရှိသေးသော်လည်း ကုချန်၏ မျက်နှာပေါ်တွင်မူ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် စစ်မှန်သော အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် မည်သို့ စီစဉ်ထားကြောင်းကို နောက်ဆုံးတွင် သူ နားလည်သွားလေပြီ။

‎

‎

‎အမှန်တကယ်တွင် သူသည် ၎င်း၏ နှစ်သန်းပေါင်းများစွာ စုဆောင်းထားမှုများကို အသုံးပြုကာ ကြီးမားစွာ တံဆိပ်ခွာထားပြီးဖြစ်သော အင်မော်တယ်ဘုရင်၏ နှလုံးသားကို အထောက်အပံ့ပြု၍ အောက်ကမ္ဘာတွင် အင်မော်တယ်ကမ္ဘာ၏ အနှစ်သာရနှင့် ယှဉ်ပြိုင်နိုင်သော 'သန့်စင်သော နယ်မြေ' တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

‎

‎

‎ဤသန့်စင်သော နယ်မြေသည် ပမာဏအားဖြင့် မကျယ်ဝန်းသော်ငြား အနှစ်သာရအားဖြင့်မူ အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်နှင့် မြေကြီးအား ယှဉ်ပြိုင်နိုင်ရန် လုံလောက်ပေသည်။

‎

‎

‎သူလုပ်ဆောင်လိုသည်မှာ အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်နှင့် မြေကြီးကို ယှဉ်ပြိုင်နိုင်သော ထိုနယ်မြေအတွင်း၌ စစ်မှန်သော အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်သည်။

‎

‎

‎မည်မျှ ထက်မြက်လှသော အကြံအစည်နည်း။ တကယ်ကို ပြောင်မြောက်လှသော အကြံအစည်ပင်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ ရည်ရွယ်ချက်ကို သိရှိပြီးနောက် ကုချန်ပင်လျှင် မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်လျက် သက်ပြင်းချမိသွားသည်။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းကို ရရှိရန်အတွက် ရှောင်ယောက်ထျန်းကျွင်းသည် ဤကဲ့သို့သော နည်းလမ်းကို အမှန်တကယ် ဖန်တီးနိုင်ခဲ့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာတွင် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် အလွန်ခက်ခဲသည်မှာ မှန်သော်လည်း ရှေးခေတ်က အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူများ၏ ပါရမီနှင့် စွမ်းရည်များသည် ထိုအဆင့်အထိသာ ရောက်ရှိနိုင်သည်ဟု မဆိုလိုပေ။ သူတို့ အင်မော်တယ်တက်လှမ်းခြင်းကို မရရှိနိုင်ခဲ့ခြင်းမှာ အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်နှင့် မြေကြီး၏ အခြေခံသဘာဝမှ ခွင့်မပြုသောကြောင့်သာ ဖြစ်သည်။

‎

‎

‎သို့သော် ဤအထွတ်အထိပ်အရှင်များ၏ တာအိုများသည် ကမ္ဘာ၏ အထွတ်အထိပ်အထက်သို့ ပျံသန်းကာ အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

‎

‎

‎ယခုအခါ အထွတ်အထိပ်အရှင် ရာပေါင်းများစွာ၏ တာအိုနှင့် နားလည်သဘောပေါက်မှုများ စုစည်းထားမှုအပြင် ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး၏ တာအိုများပါ ပေါင်းထည့်ထားကာ အင်မော်တယ်ဘုရင်၏ နှလုံးသားဖြင့် ထပ်မံမြှင့်တင်ထားသဖြင့် အင်မော်တယ်ကမ္ဘာ၏ အနှစ်သာရနှင့် နှိုင်းယှဉ်နိုင်သော ကောင်းကင်နှင့် မြေကြီးငယ်တစ်ခုကို ယာယီတည်ဆောက်နိုင်သည်ဆိုသည်မှာ လုံးဝနားလည်၍ မရနိုင်သောအရာ မဟုတ်တော့ချေ။

‎

‎

‎လက်ရှိရလဒ်အရ ရှောင်ယောက်ထျန်းကျွင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းစွာပင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎တစ်ဖက်လူ ရပ်တည်နေသော နယ်မြေသည် အဆုံးမဲ့တာအို၏ အနှစ်သာရအရ နတ်ဆိုးနယ်မြေရှိ မည်သည့် မိစ္ဆာနယ်မြေထက်မျှ မနိမ့်ကျကြောင်း ကုချန် ခံစားနိုင်လေသည်။

‎

‎

‎တစ်နည်းဆိုရသော် ရှောင်ယောက်ထျန်းကျွင်း၏ ကိုယ်ပိုင်စုဆောင်းမှု လုံလောက်နေသရွေ့ ဤနယ်မြေအတွင်း၌ အင်မော်တယ်တက်လှမ်းခြင်းကို သူ အပြည့်အဝ ကြိုးစားနိုင်ပေသည်။

‎

‎

‎" နှမြောစရာပဲ "

‎

‎

‎ကုချန်မှ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

‎

‎

‎ဤအရာကို သိရှိပြီးနောက် သူသည် ထိုနယ်မြေကို လုယူကာ ၎င်းအတွင်း၌ အင်မော်တယ်တက်လှမ်းရန်ပင် တွေးတောမိသေးသည်။ သို့သော် အတန်ငယ် စဉ်းစားပြီးနောက် ကုချန်သည် လက်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

‎

‎

‎အကြောင်းမှာ ယာယီတည်ဆောက်ထားသော ဤသန့်စင်သည့် နယ်မြေအတွင်း ပါဝင်သော စွမ်းအားမှာ အကန့်အသတ်ရှိနေသောကြောင့်ပင်။ ၎င်းသည် ရှောင်ယောက်ထျန်းကျွင်း၏ အင်မော်တယ်တက်လှမ်းခြင်းကို ပံ့ပိုးပေးနိုင်သော်လည်း ကုချန်၏ အင်မော်တယ်တက်လှမ်းခြင်းအတွက်မူ ကူညီပေးနိုင်မည် မဟုတ်ချေ။

‎

‎

‎ကုချန်၏ လက်ရှိ အခြေခံအရ သူသာ အင်မော်တယ်အဖြစ် တက်လှမ်းလိုပါက အတိုင်းအဆမသိနိုင်သော တာအိုစွမ်းအား ပမာဏကို လိုအပ်မည်ဖြစ်သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ နှစ်သန်းချီ စုဆောင်းမှုမှာ များပြားလှသော်လည်း ကုချန်အတွက်မူ ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်နေသည်။ အကယ်၍ သူသာ ထိုသန့်စင်သော နယ်မြေထဲသို့ ဝင်ရောက်သွားပါက ၎င်းအတွင်းရှိ တာအိုနှင့် စွမ်းအားအားလုံးကို မျက်စိတစ်မှိတ်အတွင်း စုပ်ယူပစ်လိုက်နိုင်သည်ဖြစ်ရာ လုံလောက်မည်ပင် မဟုတ်ချေ။

‎

‎

‎တစ်နည်းဆိုရသော် အင်မော်တယ်တက်လှမ်းရန်အတွက် သူသည် အင်မော်တယ်ကမ္ဘာ မဟုတ်လျှင် နတ်ဆိုးနယ်မြေကဲ့သို့ ကြီးမြတ်သော အနှစ်သာရရှိသည့် ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးအတွင်း၌ ရှိနေရန် လိုအပ်သည်။ ရှောင်ယောက်ထျန်းကျွင်း၏ နည်းလမ်းမှာ သူ့ကိုယ်သူ အင်မော်တယ်တက်လှမ်းရန် ကူညီပေးနိုင်သော်လည်း ကုချန်အတွက်မူ အသုံးမဝင်လှပေ။

‎

‎

‎ဤအရာကို နားလည်သွားပြီးနောက် ကုချန်သည် ချက်ချင်းလှုပ်ရှားမည့် အတွေးကို စွန့်လွှတ်လိုက်ပြီး နောက်သို့ဆုတ်ကာ အေးဆေးစွာဖြင့် ပြဇာတ်ကိုသာ ဆက်လက်ကြည့်ရှုနေလိုက်သည်။

‎

‎

‎ထိုသန့်စင်သော နယ်မြေအတွင်း ရှောင်ယောက်ထျန်းကျွင်း၏ အရှိန်အဝါသည် ထိန်းချုပ်မှု တစ်ခုခုကို ချိုးဖောက်လိုက်သကဲ့သို့ အဆမတန် မြင့်တက်လာကာ ထျန်းကျွင်းအဆင့်၏ အမြင့်ဆုံး အကန့်အသတ်ကို ရှင်းလင်းစွာ ကျော်လွန်သွားလျက် စစ်မှန်သော အင်မော်တယ်အဆင့်ဆီသို့ တောက်လျှောက် တက်လှမ်းသွားတော့သည်။

‎

‎

‎" အင်မော်တယ်တက်လှမ်းခြင်း! မင်းတို့အားလုံးကိုပါ အင်မော်တယ်တက်လှမ်းဖို့ ငါခေါ်သွားပေးမယ်! ဟားဟားဟား! "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ရူးသွပ်စွာ ရယ်မောလေသည်။ သူ၏အရှိန်အဝါများ မြင့်တက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးမှ လိမ်ကောက်နေသော ဝိညာဉ်မျက်နှာ ရာပေါင်းများစွာ ဖောင်းကြွထွက်ပေါ်လာသည်မှာ လွတ်မြောက်ရန် ရုန်းကန်နေကြသကဲ့သို့ပင်။

‎

‎

‎ဤသည်မှာ ရှောင်ယောက်ထျန်းကျွင်း တည်ဆောက်ထားသော သန့်စင်သည့် နယ်မြေ၏ နောက်ထပ် အားနည်းချက်တစ်ခု ဖြစ်သည်။

‎

‎

‎အင်မော်တယ်ကမ္ဘာရှိ ကောင်းကင်နှင့် မြေကြီး၏ စစ်မှန်သော တာအိုသည် ဟန်ချက်ညီကာ သဟဇာတဖြစ်၍ အညစ်အကြေးမှန်သမျှ ကင်းစင်ပေသည်။ သို့သော် ရှောင်ယောက်ထျန်းကျွင်း တည်ဆောက်ထားသော သန့်စင်နယ်မြေ၏ အခြေခံတာအိုမှာ အထွတ်အထိပ်အရှင် ရာပေါင်းများစွာ၏ တာအိုအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ဤအထွတ်အထိပ်အရှင်များ ချန်ရစ်ခဲ့သော ကျန်ရစ်နေသည့် အတွေးများကို အစွမ်းကုန် သန့်စင်ရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့ကို အပြည့်အဝ မသန့်စင်နိုင်သေးချေ။

‎

‎

‎အစကတည်းက ကြောက်မက်ဖွယ်ကောင်းနေသော အင်မော်တယ်ဘုရင်၏ နှလုံးသားနှင့် ပေါင်းစပ်သွားသောအခါ ပို၍ပင် ဆိုးရွားသွားလေသည်။

‎

‎

‎ထို့ကြောင့် ဤသန့်စင်သော နယ်မြေ၏ အနှစ်သာရသည် ပုံပျက်နေခြင်းများနှင့် အာရုံလွဲမှားစေသော အတွေးများဖြင့် ပြည့်နှက်နေပြီး ၎င်းအတွင်း၌ အဆင့်တက်လှမ်းနေသည့် ရှောင်ယောက်ထျန်းကျွင်းအား သဘာဝအလျောက် သက်ရောက်မှုရှိကာ သူ၏ နတ်ဘုရားဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကို ညစ်ညမ်းသွားစေသည်။

‎

‎

‎" မင်း ရူးနေပြီ... မင်း လုံးဝကို ရူးနေပြီပဲ! "

‎

‎

‎ယခုအချိန်တွင် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့ပင်လျှင် မည်မျှပင် သဘောပေါက်ရန် နှေးကွေးနေပါစေ ရှောင်ယောက်ထျန်းကျွင်း မည်သို့တွေးတောကာ မည်သည့်အရာများ လုပ်ဆောင်နေသည်ကို နားလည်သွားကြလေပြီ။

‎

‎

‎သို့သော် အင်မော်တယ်တက်လှမ်းရန် ဤမျှ ရူးသွပ်သော နည်းလမ်းကို ရွေးချယ်လိုက်သည်မှာ သူ့ကိုယ်သူ ဆုံးရှုံးသွား၍ ဖော်ပြ၍မရနိုင်သော 'မိစ္ဆာကောင်' တစ်ကောင် ဖြစ်သွားစေလိမ့်မည်။ သူသည် အမှန်တကယ်ပင် မကြောက်ရွံ့ဘူးလော။

‎

‎

‎" ငါက ရှေးခေတ်ကနေ ဒီနေ့ခေတ်အထိ လွှမ်းမိုးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြံစည်လာခဲ့တာ! လူသားဧကရာဇ်တောင် ကျရှုံးခဲ့ရတယ်! အင်မော်တယ်တစ်သောင်းမျှော်စင်ကိုလည်း ငါ လှည့်စားပစ်ဦးမှာ! သာမန် အင်မော်တယ်တက်လှမ်းတာလောက်က ငါ့ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ!! "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် သူ၏ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေသော ဝိညာဉ်မျက်နှာ ရာပေါင်းများစွာကို ဖိနှိပ်ထားရန် ရုန်းကန်နေရရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

All Chapters