← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၅၄)

လူနာ၏အမည်မှာ ဝါချာဖြစ်သည်။ လမ်းတွင် ကျန်းလော်က သူ့အကြောင်းကို ရှောက်ရွှမ်အား ပြောပြခဲ့သည်။ ဝါချာသည် ဆားတွင်းတွင်သာ အနေများသောကြောင့်၊ ရွာတွင် သိပ်မရှိတတ်ပေ။ အခမ်းအနားပွဲများရှိမှသာ ပြန်လာတတ်သူဖြစ်ပါသည်။ ရှောက်ရွှမ်သည် သူ့ကို အခမ်းအနားပွဲများတွင်သာ မြင်ဖူးခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် ပြောင်းလဲသွားသော ဝါချာကို ကြည့်ပြီး အံ့ဩနေပါသည်။ သူမှတ်မိသော ဝါချာမှာ အသားညိုသူတစ်ယောက်ဖြစ်သည်။ နေသာသောနေ့များတွင် အင်္ကျီကျွတ်ဖြင့်လျှောက်သွားနေလျှင် ၎င်း၏အသားအရည်မှာ အသားကင်တစ်ခုလို နီညိုရဲရဲဖြစ်နေတတ်သည်။ ဆားတွင်းတွင် လူသားများကို ကိုက်တတ်သော အဆိပ်ရှိပိုမွားများစွာရှိပါသည်။ထိုအကောင်များအကိုက်ခံရပါက ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များ ကျန်ခဲ့လေ့ရှိ

သည်။ အဆိပ်များအကုန်အစင်ပြန်မထွက်ပါက၊ ကိုက်ခံရသည့်နေရာတွင် အပေါက်များဖြစ်ပေါ်ကျန်ခဲ့မည်ဖြစ်သည်။

ဆားတွင်းတွင်အနေများသော ဝါချာ၏မျက်နှာမှာ ပိုးကောင်များ အကိုက်ခံထားရသောကြောင့် ကျောက်ပေါက်မာများဖြစ်ပေါ်နေပါသည်။ ၎င်း၏မျက်နှာအသားအရည်မှာ လိမ္မော်ခွံတစ်ခုလို ကြမ်းတမ်းနေပါသည်။ ရွာသားများက အသားအရည်ကြမ်းတမ်းသည်ကို ဂရုမစိုက်ပါ။ ထိုသို့ကြမ်းတမ်းမှု ရှိလေ၊လက်အောက်ငယ်သားများကို ပိုဦးဆောင်နိုင်လေဟု ယုံကြည်ကြပါသည်။ ညအမှောင်တွင် ဝါချာ၏မျက်နှာထားတည်တည်ကြီးကို မြင်ရသူသည် အသည်းငယ်သူဆိုပါက လိပ်ပြာလွင့်သွားနိုင်လေသည်။

သို့သော် အခုတော့ ဝါချာ၏အမာရွတ်များအားလုံးပျောက်ကွယ်သွားပြီဖြစ်သလို၊ နေလောင်ထားသဖြင့် နီညိုရောင်ဖြစ်နေသော အသားအရည်ကနေ ရွှေဝါရောင်သမ်းသော အသား

အရည်သို့ ပြောင်းလဲသားပြီဖြစ်သည်။ မျက်နှာပေါ်တွင် အမာရွတ်များမရှိသောအခါ၊ ခက်ထန်သော ခေါင်းဆောင်တစ်ယောက်၏ ဟန်ပန်များ ပျောက်ကွယ်သွားပါသည်။

ဝါချာ၏ ဝမ်းနည်းနေသော မျက်နှာကို မြင်သောအခါ၊ ကျန်းလော်က “ရုပ်ချောသွားတာ ကောင်းတာပေါ့ အရူးရဲ့…အဲဒါမင်းကိုထဲက အဆိပ်တွေ ကုန်သွားတဲ့ လက္ခဏာပဲ”ဟု ဆူလိုက်တော့သည်။

ဆားတွင်းမှ ပိုးကောင်များ၏ အဆိပ်သည် တော်ရုံနှင့် လူ့ကိုယ်ထဲမှ ထွက်ခွာလေ့မရှိပါ။ ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ဆေးဝါးများပင် ထိုအဆိပ်ကို အရှင်းပျောက်ကင်းအောင် မကုသနိုင်ပါ။ ထို့ပြင် ၎င်းတို့၏ ဆေးဝါးများကို လိုသလောက်လည်း မရနိုင်ပါ။ သူတို့၏ဆေးပင်များကို လိုချင်ပါက ဝယ်ယူရမည် ဖြစ်သည်။ ဝါချကတော့ အလုပ်ရှုပ်မခံချင်သဖြင့်၊ ဆေးပင်များကို တစ်ခါမှ မဝယ်ဖူးပါ။ သို့သော် ဘဲဥများစားလိုက်ပြီးနောက်၊ အဆိပ်ဒဏ်ရာများပျောက်ကွယ်

သွားလိမ့်မည်ဟု သူတခါမှ မမျှော်လင့်ထားဖူးပါ။

စကားပြောနေရင်းနှင့်၊ ရေခရားကြီးတစ်လုံးကို သယ်ဆောင်လာသော မိန်းမတစ်ယောက်သည် အိမ်ထဲသို့ ဝင်လာပါသည်။ ထိုသူမှာ ဝါချာ၏ ဇနီး စူးရှ ဖြစ်သည်။ သူတို့လင်မယား၂ယောက်လုံးမှာ ဆားတွင်းကို စောင့်ရှောက်သော စစ်သည်တော်များဖြစ်ကြသည်။

သူမသည် ကျန်းလော်နှင့် ရှောက်ရွှမ်တို့ကို မြင်သောအခါ၊ ရေခရားကို အောက်ချလိုက်ပြီး “ခေါင်းဆောင်ကြီးတို့ ရောက်နေတာကိုး”ဟု ပြုံးရင်းနှုတ်ဆက်လိုက်သည်။

ပြောရင်းနှင့် သူမသည်၊ ဥတစ်လုံးကို ထုတ်ယူလိုက်ပြီး “ကျွန်မကို နတ်ဆေးဆရာမ ပေးလိုက်တာ…နောက်မှ ဝေစားကြတာပေါ့”

ဝါချာ၏မိသားစုထဲတွင် မိသားစုဝင် ၄ယောက်ရှိပါသည်။ ဝါချာတို့လင်မယား၂ယောက်၊

သားတစ်ယောက်နှင့် ဝါချာ၏ အမေဖြစ်ပါသည်။ ဝါချာ၏ အဖေကတော့ အမဲလိုက်ထွက်ရင်း ဆုံးပါးသွားတာ ကြာပြီဖြစ်သည်။ သူတို့လင်မယား၂ယောက်က ဆားတွင်းတွင်သာ အနေများသဖြင့်၊ အဖွားဖြစ်သူက သူ့မြေးကို စောင့်ရှောက်ရသည်။

အဖွားဖြစ်သူသည် ဆားတွင်းမှ တိုက်ပွဲအကြောင်းကို ကြားရသောအခါ တုန်လှုပ်သွားပါသည်။ ဝါချာ ဒဏ်ရာရသည်ကို တွေ့သောအခါ သူမသည် နတ်ဆေးဆရာမဆီသို့ အပြေးသွားပြီး၊ ဘဲဥ၂လုံးကို ဆားနှင့် လဲလှယ်ပါသည်။ ဘဲဥများတွင် အဆိပ်ပြေစေနိုင်သော အစွမ်းသတ္တိရှိကြောင်းကို အဖွားအိုသိထားပါသည်။ ထို့ကြောင့် သူ့သားနှင့် ချွေးမကို ဘဲဥတစ်ယောက်တစ်ခြမ်းစီကျွေးလိုက်ပါသည်။

ဘဲဥ၏အာနိသင်မှာ သိသာလှသည်။

စူးရှ၏ ဒဏ်ရာများကတော့ သိပ်မပြင်းသောကြောင့်၊ ရက်အနည်းငယ်အတွင်း ပြန်သက်သာ

သွားသည်။ ဝါချာကတော့ ဒဏ်ရာပြင်းပါသည်။ အဆိပ်များမိလာသလို၊ အရိုးများလည်း ကျိုးလာပါသည်။ ဝါချာသည် လေးငါးရက်လောက် အိပ်ရာထဲမှ မထနိုင်ပါ။ ယနေ့မှသာ လမ်းထလျှောက်နိုင်ခြင်းဖြစ်သည်။ အဆိပ်များလည်း သူ့ကိုယ်ထဲမှ ထွက်သွားပြီ ဖြစ်သည်။

ဝါချာသည် ဘဲဥကို မြင်သောအခါ၊ “ကျွန်တော် နေကောင်းနေပါပြီ၊ ဘဲဥထပ်စားဖို့ မလိုတော့ပါဘူး…အမေတို့၃ယောက်ပဲ ဝေစားလိုက်ပါ”

“ဒါနောက်ဆုံးဘဲဥပဲ…နတ်ဆေးဆရာမဆီမှာ သိပ်များများမကျန်တော့ဘူး…လုံးဝနေပြန်ကောင်းသွားရင်တော့ စားစရာမလိုတော့ဘူးပေါ့” စူးရှက ထိုဘဲဥကို ချက်ပြုတ်ရန် ပြင်နေပါသည်။

ကင်းအဖွဲ့က ရှာတွေ့သော ဘဲဥများကို နတ်ဆေးဆရာမက သိမ်းဆည်းထားလေ့ ရှိပါသည်။ လူတိုင်းသည် ဘဲဥကို လွယ်လွယ်နှင့်စားခွင့်မရပါ။ ဝါချာတို့လင်မယားကတော့ မျိုးနွယ်စု

အတွက် တာဝန်ကို အသက်စွန့်ထမ်းဆောင်ကြသူများဖြစ်သဖြင့်၊ စားခွင်ရခြင်းဖြစ်သည်။သို့သော် ဝါချာ၏အမေသည် ဘဲဥဖိုးအဖြစ်ဆားများကို ပြန်ပေးခဲ့ပါသည်။

၎င်းတို့လင်မယားမှာ ဆားတွင်းမှ အစောင့်များဖြစ်သောကြောင့်၊ ဆားဝေစုကို ခပ်များများ ရကြပါသည်။ ၎င်းတို့၏ အိမ်ထဲတွင် အဝကျယ်သော ကြွေအိုးကြီးများ ရှိသည်ကို ရှောက်ရွှမ်တွေ့လိုက်ပါသည်။ ဆားချက်ရာတွင် သုံးသော ကြွေထည်များကိုလည်း တွေ့ရပါသည်။

အောက်ခြေရှူးသွားသော ကြွေခွက်လေးတစ်လုံးကိုလည်း တွေ့ရပါသည်။ ၎င်းခွက်မှာ ဆားကို ချိန်တွယ်ရန် သုံးခြင်းဖြစ်သည်။ အခြားမျိုးနွယ်စုများက ၎င်းတို့ထံတွင် ဆားလာဝယ်ပါက၊ ထိုခွက်နှင့် ချိန်ပေးလေ့ရှိသည်။ တချို့နေရာများတွင် ထိုဆားကို ငွေကြေးအနေနှင့် အသုံးပြုကြပါသည်။ ထို့ကြောင့် မျိုးနွယ်စုများသည် ဆားတွင်းများတွင် အစောင့်အကြပ်များတင်းကျပ်စွာ ချထားခြင်းဖြစ်သည်။ အရင်တုန်း

ကဆိုလျှင်၊ ၎င်းတို့သည် ဆားကို အသုံးပြုခွင့်ရရန် တိုက်ပွဲများ ဆင်နွှဲခဲ့ရပါသည်။

စူးရှထွက်ခွာသွားသောအခါ၊ ဝါချာက “ခေါင်းဆောင်ကြီးတို့က ဘာသိချင်တာလဲခင်ဗျာ”

“ရှောက်ရွှမ်က ဆားတွင်းတွေအကြောင်းမေးချင်လို့ပါ” ကျန်းလော်သည် ခုံ၂လုံးကို ယူလိုက်ပြီး၊ ရှောက်ရွှမ်နှင့်အတူထိုင်လိုက်ပါသည်။

“ဆားတွင်းမှာတိုက်ပွဲဖြစ်တုန်းက အစပိုင်းမှာ မြေခွေးတွေနဲ့ ရှန်တွေက နည်းနည်းညှာပြီး တိုက်တယ် မဟုတ်လား” ရှောက်ရွှမ်က မေးလိုက်ပါသည်။

“ဟုတ်ပါတယ်…” သူသည် သေလုမျောပါးဖြစ်လာသော်လည်း၊ ရန်သူက သက်ညှာလိုက်ကြောင်းကိုတော့ သိနေပါသေးသည်။ ရန်သူများသာမသက်ညှာပါက၊ သူသည် အသက်ရှင်ရက် ပြန်ရောက်လာမည် မဟုတ်ပါ။

“အဲဒီလိုမဖြစ်ခင်တုန်းက မြေခွေးတွေနဲ့ ရှန်တွေ ရဲ့အပြုအမူထူးခြားတာ ရှိသေးလား”

ဝမ်ချာက စိတ်ပျက်လက်ပျက်ဖြင့် “ကျွန်တော် သတိမထားလိုက်မိဘူး”

ဝါချာက သတိလက်လွတ်နေသောကြောင့်တော့ မဟုတ်ပါ။ မြေခွေးများနှင့် ရှန်များက သိုသိပ်စွာ လှုပ်ရှားသောကြောင့်ဖြစ်ပါသည်။ ဆားတွင်းတွင် အစောင့်ကျသော မျိုးနွယ်စု၅ခုမှ လူများသည် တစ်ယောက်ကိုတစ်ယောက် သိပ်မယုံကြည်ကြပါ။ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များကတော့ ကုန်ဖလှည်နေကြသူများဖြစ်သဖြင့်၊ ရင်းနှီးမှုရှိကြပါသည်။ ကျန်သူများကတော့ အချင်းချင်း သိပ်စကားမပြောကြပါ။ ထို့ပြင် ဆားတွင်းတွင် အစောင့်ကျသူများသည် မျိုးနွယ်စုအပေါ်လိုက်ပြီး ပိုင်နက်များ ခွဲခြားထားပါသည်။ ကိစ္စအထူးအထွေမရှိလျှင် တစ်ယောက်နေရာကို တစ်ယောက်သွားလေ့မရှိပါ။

ကျန်းလော်က ဆက်မေးလိုက်သည်။

“ဆားတွင်းမှာ အရေးကြီးတဲ့ပစ္စည်းတစ်ခုခုရှိနေလို့ အခုလို တိုက်ခိုက်တာဖြစ်မယ်…အဲဒီပစ္စည်းကို ရှာတွေ့ခဲ့တဲ့လူက တခြားလူတွေ သိသွားမှာစိုးလို့ အဲဒီအကြောင်းကို လျှို့ဝှက်ထားတာ ဖြစ်မယ်”

ရှောက်ရွှမ်သည် ဝါချာက အသေးစိတ်ရှင်းပြသည်ကို နားထောင်နေ၏။

“ကျွန်တော်တို့ အဲဒီဆားတွင်းတွေကို ပြန်သိမ်းမှ ဖြစ်မယ်…အချိန်ဆွဲနေလို့မဖြစ်ဘူး…မကြာခင်ဆောင်းရောက်တော့မယ်” ဝါချာသည် မြေခွေးမျိုးနွယ်စုအကြောင်းကို နောကျေနေသူဖြစ်ပါသည်။ အချိန်ကြာသွားလေ၊ အခြေအနေက ပိုဆိုးလာလေဖြစ်တော့မည်။ ကြာလျှင်၊ ဆားတွင်းများကို ထာဝရလက်လွှတ်လိုက်ရမည် ဖြစ်သည်။

“မပူပါနဲ့…ငါတို့နဲ့ ထိုက်ဟယ်မျိုးနွယ်စုဝင်တွေ တောင်လေမျိုးနွယ်စုဝင်တွေနဲ့ တွေ့ဖို့ ချိန်းထားပြီး

ပြီ…ဒီကောင်တွေကို တိုက်ဖို့ ဆုံးဖြတ်ဖြစ်တယ်ဆိုရင်တော့ ဆောင်းဝင်လာလည်း ရအောင်တိုက်မှာပဲ” ကျန်းလော်က ပြောလိုက်ပါသည်။

ဝါချာ၏ အိမ်မှ ထွက်ခွာလာပြီးနောက်၊ ကျန်းလော်က ရှောက်ရွှမ်ကို “ဘယ်လိုသဘောရလဲ” ဟုမေးလိုက်သည်။

“ကျွန်တော် တွေးထားသလိုပါပဲ…မြေခွေးတွေနဲ့ ရှန်တွေရဲ့ အပြုအမူကထူးဆန်းနေတယ်…ပထမတိုက်ပွဲမှာတော့ ညှာပြီးတိုက်ပေမယ့် ဒုတိယအခေါက်ကျတော့ မညှာတော့တဲ့အပြင် စစ်ကူတွေပါထပ်ခေါ်တယ်…ဒီကောင်တွေကြိုတင်ကြံစည်ထားတာ သိသာပါတယ်…အခုလောက်ဆိုရင် ဆားတွင်းမှာ အစောင့်တွေ အများကြီးချထားမှာ အသေအချာပဲ” ရှောက်ရွှမ် ပြောလိုက်သည်။

“အဲဒါကြောင် တောင်လေမျိုးနွယ်စုတွေ အထိနာသွားတာပေါ့…အစပိုင်းမှာတော့ သူတို့လည်း နားမလည်ဘူး…ဒါပေမဲ့ နောက်တစ်ခေါက်ပြန်ရောက်သွားတော့ မြေခွေးတွေနဲ့ ရှန်တွေက

သဘောထားပြောင်းသွားတာကို သူတို့ သိလိုက်တယ်…တောင်လေမျိုးနွယ်စုဝင် အယောက်၅၀မှာ ၁၀ယောက်ပဲ အသက်ရှင်တယ်…အဲဒါကြောင့် သူတို့ တော်တော်ဒေါသထွက်နေတာ…အရင်တုန်းကဆို ဆောင်းရောက်ရင် ရွာပြင်ထွက်လေ့မရှိတဲ့လူတွေက၊ အဲဒီကိစ္စကြောင့် ဆောင်းတွင်းမှာတောင် စစ်ကြေညာမယ့်ပုံစံဖြစ်နေတယ်” ကျန်းလော်က သက်ပြင်းချလိုက်ပါသည်။ သို့သော် ၎င်း၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချထားသည့် အရိပ်အယောင်များကို မြင်တွေ့နေရပါသည်။ “ဘယ်လိုအခက်အခဲပဲ ရှိရှိ…ဆားတွင်းတွေကို ပြန်သိမ်းရမယ်…အခုတော့ နားတော့လေ…မနက်ဖြန်ကျမှ ငါနဲ့လာတွေ့ပါ”

“ကောင်းပါပြီ”

အိမ်သို့ ပြန်ရောက်သောအခါ၊ ရှောက်ရွှမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါသည်။ အိမ်ထဲတွင် စိတ်အေးလက်အေးအိပ်လိုက်ရသောကြောင့်၊ မောပန်းမှုများ ပြေပျောက်သွားတော့သည်။

နောက်တစ်နေ့တွင်၊ ရှောက်ရွှမ်သည် ကုန်းကျားဟုန်ပေးလိုက်သော ဓားကို လိုရမယ်ရ ယူဆောင်လာပါသည်။

ကျန်းလော်က ရှောက်ရွှမ်ကို စောင့်နေပါသည်။ ကျန်းလော်နှင့်အတူ သုန့်ကန်းအပါအဝင် စစ်သည်တော်၄၀လောက်ကိုလည်း တွေ့ရပါသည်။ ကွမ်းယီကတော့ ရွာကို စောင့်ရှောက်ရန် နေခဲ့မည် ဖြစ်သည်။

ရွာမှထွက်ခွာလာပြီး၊ ရွာပြင်ရောက်သောအခါ ၎င်းတို့သည် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို စောင့်နေပါသည်။ သိပ်မကြာလိုက်သောအချိန်အတွင်း၊ အကြီးအကဲခေါင်းဆောင်လာသော ထိုက်ဟယ်မျိုးနွယ်စုဝင် အယောက်၅၀ ရောက်လာပါသည်။ အခုတစ်ခေါက်အစည်းအဝေးတွင် မျိုးနွယ်စု၃ခုလုံး၏ အကြီးအကဲများကိုယ်တိုင် တက်ရောက်မည် ဖြစ်ပါသည်။

“တောင်လေမျိုးတွယ်စုဝင်တွေအကြောင်းနည်းနည်းပြောပြပါဦး” ရှောက်ရွှမ်သည် ထိုမျိုးနွယ်စုဝင်များအကြောင်းကို မသိပါ။ ယခုဖြစ်ရပ်မဖြစ်မီအချိန်ထိ၊ မီးတောက်ဦးချိုမျိုးနွဘ်စုဝင်များသည် တောင်လေမျိုးနွယ်စုဝင်များနှင့် သိပ်ဆုံစည်းလေ့မရှပါ။

“တောင်လေမျိုးနွယ်စုလား…ဒီကောင်တွေမျိုးနွယ်စုဝင်တွေက ငှက်တွေနဲ့ တူတယ်” သုန့်ကန်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်၏။ ၎င်း၏လေသံမှာ အနည်းငယ်လှောင်ပြောင်လိုသော လေသံပေါက်နေပေသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၅၅) ပူးပေါင်းဆောင်ရွက်ခြင်း

တောင်လေမျိုးနွယ်စုဝင်များကို မြင်ပြီးနောက်၊ ရှောက်ရွှမ်သည် သုန့်ကန်းဆိုလိုချင်သည်ကို နားလည်သွားပါသည်။ ၎င်းတို့တွေ့ဆုံရန် ချိန်းဆိုထားသည်မှာ တောင်ကြားတစ်ခုတွင် ဖြစ်ပါသည်။ ထိုနေရာတွင် ခြုံနွယ်များသိပ်မရှိသလို၊ သစ်ပင်ကြီးကြီးမားမားလည်း မရှိပါ။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် အနားယူရန် နေရာတစ်ခုကို အရင်ရှာကြသည်။ သောခန်က သူ့လူများကို ကျောက်တုံးကြီးများ သယ်ဆောင်လာခိုင်းပါသည်။ ထိုင်ခုံအဖြစ်သုံးရန်နှင့် လိုအပ်လာပါက လက်နက်အဖြစ်သုံးရန် ဖြစ်ပါသည်။ ထိုက်ဟယ်မျိုးနွယ်စုများကတော့ ထိုကျောက်တုံးကြီးများကို မမနိုင်ပါ။

“ခွန်အားကြီးတာနဲ့ပဲ မင်းတို့ကိုယ်မင်းတို့ သိပ်

တော်တယ် ထင်နေလား” ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ကြိတ်ပြီးစဉ်းစားနေမိသည်။

၎င်းတို့သည် တောင်လေမျိုးနွယ်စုဝင်များကို သိပ်မစောင့်လိုက်ရပါ။ ရှောက်ရွှမ်သည် ကျောက်တုံးကြီးများသယ်ဆောင်ပြီးနောက် ခဏထိုင်နေပါသည်။ ထို့နောက် သူသည် စူးရှသော အော်သံများကို ကြားလိုက်ရပါသည်။အော်သံများမှာ ငှက်အော်သံများနှင့် တူပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ထိုအသံများလာရာဘက်သို့ ကြည့်လိုက်ပါသည်။

“ရောက်လာကြပြီ” ကျန်းလော်က ပြောလိုက်ပါသည်။

အစကတော့ အားလုံးသည် ဘာကြောင့် အပေါ်ကို မော့ကြည့်နေကြလဲ ရှောက်ရွှမ်မသိပါ။ သို့သော် မက်စောက်သော တောင်နံရံများပေါ်မှ

လူပေါင်းများစွာဆင်းလာသည်ကို မြင်ရသောအခါမှ ရှောက်ရွှမ် သဘောပေါက်သသွားပါသည်။ လူရိပ်များသည် တောင်နံရံပေါ်မှ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်ခုန်ချသွားပါသည်။

“ဖောက်…”

ထီးတစ်ချောင်းကို ဖွင့်လိုက်သော အသံမျိုးထွက်ပေါ်လာပါသည်။ တောင်လေမျိုးနွယ်စုသည် ၎င်းတို့ဝတ်ဆင်ထားသည့် အတောင်များကို ဖြန့်လိုက်ပါသည်။

ရှောက်ရွှမ်သည် တောင်လေမျိုးနွယ်စုဝင်များ ၎င်းတို့၏အတောင်များကို ကျွမ်းကျင်စွာ ထိန်းသိမ်းနေသည်ကို ကြည့်လိုက်ပါသည်။ ၎င်းတို့သည် အတောင်များကို တဖျပ်ဖျပ်ခတ်ပြီးနောက်၊ လေဟုန်စီးပြီး မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်လာပါသည်။

၎င်းတို့၏ နတ်ရုပ်မှာ အတောင်ပံများဖြန့်ထား

သော ငှက်တစ်ကောင် ဖြစ်မည်ဟု ရှောက်ရွှမ်ထင်လိုက်ပါသည်။ သို့သော် ၎င်းတို့၏ နတ်အမှတ်အသားများမှာ အတောင်မပါသော ငှက်တစ်ကောင် ဖြစ်နေပါသည်။

ထူးဆန်းသော မျိုးနွယ်တစ်ခုဖြစ်ပါသည်။

အတောင်ပံများကို အနီးကပ်ကြည့်လိုက်သောအခါ၊ သားရေများနှင့် လုပ်ထားကြောင်းတွေ့လိုက်ရပါသည်။ သားရေများနှင့် ပျော့ပြောင်းခိုင်ခံ့သော အဝတ်စတို့ ပေါင်းစပ်၍ အတောင်ပံအတုများကို လုပ်ထားခြင်းဖြစ်သည်။

ထိုမျိုးနွယ်စုဝင်များသည် အတောင်ပံများကို မည်သို့ လုပ်လဲ ရှောက်ရွှမ် သိချင်နေပါသည်။ အတောင်ပံများကိုကြည့်ရသည်မှာ ပျော့ပြောင်းသော အမြှေးပါးတစ်ခုနှင့် လုပ်ထားသည်နှင့်တူနေပါသည်။ တချို့တလေလောက်သာ အတောင်ပံများကို ငှက်မွှေးများနှင့် အလှဆင်ထားပါသည်။

မြေပြင်ပေါ်သို့ ဆင်းသာလာပြီးနောက်၊ တောင်လေမျိုးနွယ်စုဝင်များသည် အတောင်ပံများကို သိမ်းလိုက်ပါသည်။ ထိုအခါ အတောင်ပံများမှာ ဝတ်ရုံများနှင့် တူနေပါသည်။

ရှောက်ရွှမ်သည် ငှက်မွှေးမျိုးနွယ်စုက မွေးထားသော ငှက်များကို မြင်ဖူးပါသည်။ သို့သော် တောင်လေမျိုးနွယ်စုဝင်များသည် ငှက်မွှေးမျိုးနွယ်စုဝင်များနှင့် မတူပါ။ တောင်လေမျိုးနွယ်စုဝင်များသည် သူတို့ကိုယ်သူတို့ ငှက်များဟုထင်နေကြပါသည်။ ၎င်းတို့၏ဘိုးဘေးများမှာလည်း အတောင်ပံမပါသော ငှက်များဟုယုံကြည်ကြပါသည်။ ဘိုးဘေးများသည် အကောင်းဆုံးသော အတောင်ပံများကို လုပ်ဆောင်နိုင်ခဲ့သည် ဒဏ္ဍာရီများလည်း ရှိပါသည်။

တောင်လေမျိုးနွယ်စုဝင်များသည် အတောင်ပံများကို ဝတ်ဆင်လာသည်မှာ ကြာပြီဖြစ်ကြောင်း သုန့်ကန်းက ပြောပြလေသည်။

ထိုကဲ့သို့ လေထဲတွင် ပျံသန်း၍ ရနိုင်သော

ဝတ်စုံမျိုးကို ချုပ်လုပ်နိုင်ရန်မှာ တော်ရုံဥာဏ်နှင့်မရပါ။

ရှောက်ရွှမ်က စိုက်ကြည့်နေသဖြင့်၊ တောင်လေမျိုးနွယ်စု၏ အကြီးအကဲသည် မျက်မှောင်ကြုံ့သွားပြီး “ဝါချာဘယ်မှာလဲ”ဟုမေးလိုက်သည်။

အရင်တုန်းကဆိုလျှင် တောင်လေမျိုးနွယ်စုဝင်များနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဆားတွင်းများတွင်သာ တွေ့ဆုံဖူးကြခြင်းဖြစ်ပါသည်။ ဝါချာကတော့ ဒဏ်ရာများ မပျောက်ကင်းသေးသဖြင့်၊ ရှောက်ရွှမ်တို့နှင့် ပါမလာပေ။

“သူရွာမှ ကျန်ခဲ့တယ်” ကျန်းလော်က ဝါချာ၏ ကျန်းမာရေးအခြေအနေကို ပြောပြလိုက်သည်။

ဝါချာသည် ဆားတွင်းတွင်အစောင့်ချထားသော မီးတောက်ဦးချိုမျိုးနွယ်စု အစောင့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်မှန်း၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုဝင်များက သိထား

ကြပါသည်။ သို့သော် ၎င်းတို့သည် ဝါချမှာ ဒဏ်ရာများမှ ပျောက်ကင်းလုဖြစ်နေကြောင်းကိုတော့ မသိသေးပါ။

မျိုးနွယ်စု၃ခုထဲမှ လူများထဲတွင်၊ မိုင်းတွင်းတွင် အစောင့်ကျဖူးသော လူများပါသလို၊ မိုင်းတွင်းသို့မရောက်ဖူးသော လူများလည်း မဟုတ်ပါ။အခုအချိန်သည် အရေးမကြီးသော ကိစ္စများကို ပြောနေရန် အချိန်မဟုတ်ပါ။ တောင်လေမျိုးနွယ်စုအကြီးအကဲသည် ရှောက်ရွှမ်ကို တချက်ကြည့်ပြီးနောက် မျက်နှာလွှဲသွားပါသည်။ ၎င်းသည် ရှောက်ရွှမ်ကို ကျန်းလော်၏ တူတစ်ယောက်ဟုထင်သွားပါသည်။

“ခင်ဗျားတို့အားလုံးကို ခေါ်လိုက်တာ အရေးကြီးတဲ့ကိစ္စတစ်ခုဆွေးနွေးဖို့ပါ…ကျုပ်တို့နဲ့တောင်လေမျိုးနွယ်စုကတော့ ဆားတွင်းကို တိုက်ခိုက်ပြီး ပြန်သိမ်းဖို့ ဆုံးဖြတ်ထားပြီးသွားပြီ…ခင်ဗျားတို့ကော ကျုပ်တို့နဲ့ ပူးပေါင်းမလား သိချင်ပါတယ်” တောင်လေမျိုးနွယ်စု အကြီးအကဲက မေးလိုက်ပါသည်။

ကျန်းလော်နှင့် ထိုက်ဟယ်မျိုးနွယ်စု အကြီးအကဲတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသော ကျန်းလော်က “ဆားတွင်းတွေကို ပြန်သိမ်းဖို့ကတော့ သဘောတူပြီးသားပါပဲ…ဒါပေမဲ့ မြေခွေးတွေနဲ့ ရှန်တွေက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ ပစ္စည်းတစ်ခုကို ယူသွားတယ်…အဲဒီပြစ်မှုကိုတော့ ခွင့်လွှတ်ပေးလို့မရဘူး” ထို့နောက် ကျန်းလော်၏ လေသံပြောင်းလဲသွားပြီး “ ဒါပေမဲ့ ခင်ဗျားတို့က တစ်ခုခုကို ထိန်ချမ်ထားသလိုပဲနော်”

ရှောက်ရွှမ်နှင့် ကျန်းလော်တို့သည် ထိုအချက်ကို ဆွေးနွေးပြီးသားဖြစ်သည်။ တောင်လေမျိုးနွယ်စုဝင်များသည် ဆားတွင်းသို့ ပြန်ပြီး စုံစမ်းရဲသည်ဆိုပါက၊၎င်းတို့သည် ရူးသွပ်နေ၍သာဖြစ်ပေလိမ့်မည်။ လူများစွာ ဆုံးရှုံးသွားခဲ့ပြီးနောက်၊ ဘာသတင်းမှ ရမလာဘူးဆိုသည်မှာ မဖြစ်နိုင်ပါ။ တောင်လေမျိုးနွယ်စုသည် ရလာသော သတင်းများအား မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုက်

ဟယ်မျိုးနွယ်စုကို မပြောဘဲ ထိန်ချန်ထားခြင်းဖြစ်သည်။

ကျန်းလော်၏ စကားကိုကြားသောအခါ၊ တောင်လေမျိုးနွယ်စုအကြီးအကဲ၏ မျက်နှာမှာ ပြောင်းလဲသွားပါသည်။ သို့သော် ၎င်းသည် ဘာမှမပြောပါ။ တိတ်တဆိတ်သာနေနေပါသည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းပင်မဟုတ်ပါလား။ သူသည် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို ကြည့်လိုက်ပါသည်။

“ကျုပ်တို့ကလည်း ဆားတွင်းတွေကို အဆုံးရှုံးမခံပါဘူး…ကျုပ်တို့ကလည်း ခင်ဗျားတို့နဲ့ ပူးပေါင်းချင်ပါတယ်…ဒါပေမဲ့ ကျန်းလောပြောသလို အဖြစ်မှန်ကို ကျုပ်တို့ သိချင်တယ်...အမှန်အတိုင်း မသိရရင်တော့ ကျုပ်တို့ ခင်ဗျားတို့နဲ့ပူးပေါင်းမှာ မဟုတ်ဘူး”

ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ သဘောထားမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သဘောထားနှင့် အတူတူပင် ဖြစ်သည်။

တောင်လေမျိုးနွယ်စုမပါလည်း၊ ၎င်းတို့ မျိုးနွယ်စု၂ခုသည် ဆားတွင်များကို ပြန်သိမ်းပိုက်မည်သာဖြစ်သည်။ လက်ရှိအခြေအနေအရတော့ အထိအနာဆုံးမျိုးနွယ်စုမှာ တောင်လေမျိုးနွယ်စုဖြစ်သည်။ ၎င်းတို့သည် အခြားမျိုးနွယ်စုဝင်များနှင့် အဆက်အသွယ်မရှိသောကြောင့်၊ မဟာမိတ်ဟူ၍လည်း ကောင်းကောင်းမွန်မွန် မရှိပါ။

တောင်လေမျိုးနွယ်စုအကြီးအကဲသည် ချက်ချင်းပြန်မဖြေသေးဘဲ၊ သူ့လူများအား လူစုခွဲရန် အချက်ပြလိုက်သည်။

ကျန်းလော်နှင့် ထိုက်ဟယ်မျိုးနွယ်စုခေါင်းဆောင်ကလည်း သူတို့လူများအား ပတ်ဝန်းကျင်ကို စောင့်ကျပ်ရန် အမိန့်ပေးလိုက်ပါသည်။

သူတို့ဆွေးနွေးရာနေရာသို့ အပြင်လူများဝင်ရောက်မလာရန် အစောင့်များချလိုက်ခြင်းဖြစ်သည်။ ထိုအခါ ဆွေးနွေးပွဲတွင် အကြီးအကဲများနှင့် အရေးပါသူတချို့သာ ကျန်ခဲ့ပါ

တော့သည်။

သုန့်ကန်းပင် သူ့လူများကို ခေါ်၍ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် ထွက်ခွာသွားပါသည်။ ရှောက်ရွှမ်ကတော့ ကျန်းလော်နားတွင် မလှုပ်မယှက်ထိုင်နေပါသည်။

ထိုက်ဟယ်မျိုးနွယ်စုဝင်များကတော့ ရှောက်ရွှမ်အကြောင်းကို သိထားသော်လည်း၊ တောင်လေမျိုးနွယ်စုဝင်များကတော့ မသိကြပါ။ ၎င်းတို့၏ အကြီးအကဲသည် ရှောက်ရွှမ် ကို အံ့ဩစွာကြည့်နေပြီးနောက်၊ ရှောက်ရွှမ်ကို ကျန်းလော်၏ သားဖြစ်မည်ဟု ထင်မှတ်သွားပါသည်။

သို့သော် သူသည် ရှောက်ရွှမ်အကြောင်းကို ကြာကြာစဉ်းစားမနေအားပါ။ သူသည် အဖြစ်မှန်ကို ဘယ်လိုပြောရလျှင်ကောင်းမလဲ စဉ်းစားနေပါသည်။အခုဆိုလျှင် မျိုးနွယ်စုများ၏ အရေးပါသောလူများသာ ကျန်ခဲ့ပါတော့သည်။ သူသည် အစည်းအဝေးပွဲတွင် အဖြစ်မှန်ကို ထိန်ချမ်ထားရန် စိတ်မကူးထားပါ။ တောင်လေမျိုးနွယ်စုဝင်

များမှာ အင်အားနည်းပါးသောကြောင့်၊ဆားတွင်းသို့ သူတို့ချည်းပဲသွားပါက အထိနာသွားမည် ဖြစ်ပါသည်။

“မြေခွေးတွေနဲ့ ရှန်တွေက ကျုပ်တို့မျိုးနွယ်စု၃ခုကို တိုက်ထုတ်လိုက်တာပဲ…တိုက်ပွဲပြီးတော့ ဆားတွင်းကိုကျုပ်တို့လူတွေ လွှတ်လိုက်တာ ခင်ဗျားတို့လည်းသိမှာပါ…လူ၅၀လောက်လွှတ်လိုက်တာ ၁၀ယောက်ပဲ ပြန်ရောက်လာတယ်…ကျုပ်လွှတ်လိုက်တဲ့လူတွေက အစောင့်အရှောက်အရမ်းတင်းကျပ်တဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်…မြေခွေးတွေရော ရှန်တွေကပါ အဲဒီနေရာကို အရေးတယူလုပ်ပြီးစောင့်နောက်ကြတယ်…ကျုပ်တို့လူတွေ အတော်ဆုံးရှုံးပြီးသွားတာတောင် သူတို့ဘာကို စောင့်နေလဲ မသိလိုက်ရတာကတော့ တော်တော် နာတယ်”

ပြောရင်းနှင့် တောင်လေအကြီးအကဲမှာ စိတ်ခံစားချက်များပြင်းထန်လာသည်။

“ဒါပေမဲ့ အထဲကို ထိုးဖောက်ဝင်သွားတဲ့လူတွေထဲ

မှာ ကျုပ်တို့မျိုးနွယ်စုရဲ့ အတော်ဆုံးလူတစ်ယောက်ပါတယ်…သူက တခြားလူတွေ အာရုံမခံနိုင်တာကို အာရုံခံနိုင်စွမ်းရှိတယ်…သူလည်း ဒဏ်ရာအပြင်းအထန်ရသွားပြီး ထွက်ပြေးလာရတယ်ဆိုပါတော့…ရွာကို ပြန်ရောက်လာတော့ “မီးလျှံသလင်းကျောက်တွေ”လို့တခွန်းထဲပြောပြီး သတိလစ်သွားတော့တာပဲ”

ကျန်းလော်စိတ်လှုပ်ရှားသွားပြီး အသက်ရှူမြန်လာပါသည်။ ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲလည်း စိတ်လှုပ်ရှားသွားပါသည်။

ရှောက်ရွှမ်သည်လည်း တုန်လှုပ်သွားပါသည်။ သမုဒ္ဒရာ၏ ဤဘက်ခြမ်းတွင်လည်း မီးလျှံသလင်းကျောက်များ ရှိနေပါလား။ သူ၏ မူလမျိုးနွယ်စုနေထိုင်ရာဒေသတွင်တော့ မီးလျှံသလင်းကျောက်များကို ရှာတွေ့ပါက၊ မျိုးနွယ်စုဆီ ပြန်ယူလာပြီး အားလုံး ညီတူမျှတူ သုံးစွဲကြပါသည်။ သိုသော် ဤအရပ်ဒေသတွင်တော့ ထိုကဲ့သို့ မဟုတ်ပါ။ ၎င်းတို့၏ ကိုယ်ထဲတွင် မီးမျိုးစေ့ရှိနေပြီးသားဖြစ်သောကြောင့်၊ မီးလျှံသလင်းကျောက်ကို တွေ့

သောအခါများတွင် မျိုးနွယ်စုထံ ပြန်သယ်လေ့မရှိပါ။ မီးမျိုးစေ့မှာ ပျောက်ကွယ်နေသည်မှာ ကြာလှပြီဖြစ်သည်။ ၎င်းတို့လိုအပ်သည်မှာ မီးမျိုးစေ့၏ စွမ်းအားများကို အသုံးချရန်သာဖြစ်သည်။ ထိုသို့ပြုလုပ်ရန် အချိန်ယူရမည် ဖြစ်သော်လည်း၊ လုပ်၍မရ‌သောကိစ္စတော့ မဟုတ်ပါ။

ရှောက်ရွှမ်သည် ဘိုးဘေးများ၏ မှတ်တမ်းများထဲတွင် ဖတ်ရသည်မှာ၊ဤအရပ်ဒေသတွင် မီးလျှံသလင်းကျောက်များမှာ ရှားပါးသည်ဟူ၍ဖြစ်ပါသည်။ သူ့မျိုးနွယ်စုမှ လူများဆိုလျှင် မီးလျှံသလင်းကျောက်များကို မြင်ပင်မမြင်ဖူးပါ။ မြင်ဖူးသည့်လူများသည်လည်း အလွန်သေးငယ်သော မီးလျှံသလင်းကျောက်များလောက်သာ မြင်ဖူးခြင်းဖြစ်ပါသည်။

အခုတော့ မြေခွေးများနှင့် ရှန်တို့၏ အပြုအမူများကို ကြည့်ပြီး၊ မီးလျှံသလင်းကျောက်များ အတော်များများရှိနေမည် ဖြစ်ကြောင်းကို သိနိုင်ပါသည်။

ထို့ကြောင့်သာ ထိုမျိုးနွယ်စု၂စုသည် သူတို့ကို ရန်မူနေခြင်းဖြစ်သည်။

၎င်းတို့မျိုးနွယ်စု၂ခုကတော့ မီးလျှံသလင်းကျောက်များကို အတူတူရှာတွေ့သောကြောင့်၊ မဟာမိတ်အဖြစ်ပေါင်းစည်းသွားကြခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျန်မျိုးနွယ်စုသုံးခုကို တိုက်ထုတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ မီးလျှံသလင်းကျောက်ခပ်နည်းနည်းသာတွေ့မည်ဆိုပါက၊၎င်းတို့သည် ထိုမီးလျှံသလင်းကျောက်များကိုယူပြီး ဆားတွင်းများဆီသို့ ဟန်မပျက်ပြန်လာမည် ဖြစ်သည်။ မီးလျှံသလင်းကျောက်ပမာဏအနည်းငယ်လောက်နှင့်တော့ ကျန်မျိုးနွယ်စုသုံးခုနှင့် ရန်ဘက်များဖြစ်အောင် လုပ်သည်အထိ မိုက်မဲမည် မဟုတ်ပေ။

၎င်းတို့သည် မီးလျှံသလင်းကျောက်ပမာဏ အများကြီးကိုတွေ့သောကြောင့်သာ၊ အကြံအစည်များပြောင်းလဲသွားခြင်း ဖြစ်ပေလိမ့်မည်။ထို့ကြောင့် ၎င်းတို့သည် တောင်လေမျိုးနွယ်စုမှ ဒုတိယအခေါက်လွှတ်လိုက်သူများကို ပြင်းထန်

စွာ တိုက်ခိုက်လိုက်ခြင်းဖြစ်ပေလိမ့်မည်။

လူတိုင်းသည် မီးလျှံသလင်းကျောက်များကို အာရုံမခံနိုင်ပါ။ အာရုံခံနိုင်စွမ်းထက်မြက်သူများနှင့် အချိုသားရဲများသာ အာရုံခံနိုင်ကြပါသည်။ ဆားတွင်းမှာ ကန့်သတ်နယ်မြေဖြစ်နေသဖြင့်၊ အပြင်လူများနှင့် တိရိစ္ဆာန်များသည် ထိုမီးလျှံသလင်းကျောက်များကို ရှာမတွေ့ခြင်းဖြစ်ပေလိမ့်မည်။

အဖြစ်မှန်ကိုသိသွားသောအခါ၊ ကျန်းလော်နှင့် ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲတို့၏ ခေါင်းထဲတွင် တူညီသောအကြံတစ်ခုပေါ်လာပါသည်။ ထိုအကြံမှာ မီးလျှံသလင်းကျောက်များကို အပိုင်သိမ်းရန် ဖြစ်ပါသည်။

မည်သူမဆို မီးလျှံသလင်းကျောက်များကို လိုချင်ကြပါသည်။ သို့သော် ၎င်းတို့အနေနှင့် ပူးပေါင်းဆောင်ရွက်မှသာ မီးလျှံသလင်ကျောက်များကို ရရှိနိုင်မည် ဖြစ်ပါသည်။ စည်းလုံးမှုမရှိပါက ဘာမှဖြစ်လာမည် မဟုတ်ပါ။ မြေခွေးများနှင့်

ရှန်များကတော့ ဆားများနှင့် မက်လုံးပေးပြီး မဟာမိတ်များကို ဖိတ်ခေါ်နေပါသည်။ ထို့ကြောင့် သူတို့အနေနှင့် မျိုးနွယ်စု၃ခုပူးပေါင်းရန် လိုအပ်နေပြီဖြစ်ပါသည်။

တောင်လေမျိုးနွယ်စုအကြီးအကဲသည် မီးလျှံသလင်းကျောက်များအကြောင်းကို ပြောပြပြီးနောက်၊ ကျန်မျိုးနွယ်စုဝင်များ၏ အမူအရာများကို အကဲခတ်နေပါသည်။အားလုံးကို ကြည့်ရသည်မှာ ဒေါသများကြောင့် စိတ်လှုပ်ရှားနေသော အသွင်ကိုဆောင်နေပါသည်။ တည်ငြိမ်သူဆို၍တစ်ယောက်သာ ရှိပေသည်။

တောင်လေ အကြီးအကဲသည် ရှောက်ရွှမ်ကို တတိယအကြိမ်မြောက်သတိထားမိသွားသည်။ ကျန်လူများမှာ မီးလျှံသလင်းကျောက်များ သတင်းကြောင့် စိတ်လှုပ်ရှားနေသော်လည်း၊ ထိုချာတိတ်လေးကတော့ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။

တောင်လေအကြီးအကဲမှာ ရှောက်ရွှမ်ကို ကြည့်

ပြီး၊ အံ့ဩနေပါသည်။ ချာတိတ်လေးမှာ မီးလျှံသလင်းကျောက်တန်ဖိုးကိုများ မသိခြင်းလား။

“ကျုပ်တို့မီးတောက်ဦးချိုမျိုးနွယ်စုက ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ သဘောတူပါတယ်” ကျန်းလော်က ပြောလိုက်သည်။

“ကျုပ်တို့ ထိုက်ဟယ်မျိုးနွယ်စုကလည်း ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ သဘောတူပါတယ်” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက ပြောလိုက်ပါသည်။

ပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီးသောအခါ၊ မီးလျှံသလင်းကျောက်များကို တိုက်ခိုက်ရယူရန် အစီအစဉ်အတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးကြရဦးမည် ဖြစ်သည်။ မီးလျှံသလင်းကျောက်များရလာပြီးနောက်တွင်လည်း၊ မည်သို့ခွဲဝေယူကြမည်ကို တိုင်ပင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နတ်ရုပ်များကို တိုင်တည်ပြီး၊ သဘောတူညီချက်ရယူလိုက်ကြပါသည်။ မျိုးနွယ်စုဝင်များသည်

နတ်ရုပ်များကို တိုင်တည်ပြီး ကျိန်ဆိုထားသော သစ္စာစကားကို မည်သို့မှ ပယ်ဖျက်မည် မဟုတ်ပါ။

မျိုးနွယ်စုသုံးခု၏ အကြီးအကဲ၃ယောက်တို့သည် နေ့မအိပ်၊ညမအိပ်တိုင်ပင်ဆွေးနွေးကြပါသည်။

တောင်လေမျိုးနွယ်စုဝင်များသည် အထက်ကိုပင့်တိုက်သော လေကို အားပြုပြီး တောင်ကုန်းများပေါ်သို့ ခုန်ပျံတက်သွားသည်ကို ရှောက်ရွှမ်လိုက်ကြည့်နေပါသည်။ တောင်လေမျိုးနွယ်စုဝင်များသည် မျက်စိတမှိတ်အတွင်း တောင်ပေါ်သို့ရောက်သွားပြီးနောက်၊ ပျောက်ကွယ်သွားပါသည်။

“သွားကြမယ်…ငါတို့တွေ စီစဉ်စရာတွေရှိသေးတယ်” ကျန်းလောက အားလုံးကို ရွာသို့ ပြန်ခေါ်သွားပါသည်။ မကြာခင်တွေ ဆောင်းဝင်တော့မည်ဖြစ်သည်။ သို့သော် အေးချမ်းသော ဆောင်းရာသီတစ်ခုတော့ ဖြစ်လာမည် မဟုတ်ပေ။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၅၆) ဆားတွင်းများ

ကျန်းလော်သည် ရွာပြန်ရောက်သောအခါ၊ အရေးကြီးသူများအားလုံးကို ခေါ်ယူတွေ့ဆုံပါသည်။ ကျန်းလော်သည် အားလုံးအမြင်များကို နားထောင်ပြီးသွားသောအခါ၊ ကိုယ်စားလှယ်များကို စေလွှတ်ပါသည်။ ထို့နောက် လက်နက်များ၊ရိက္ခာများ၊ အဝတ်အစားများ စသည်တို့ကို ပြင်ဆင်ပါသည်။ တချို့သော ဆောင်းရာသီဝတ်စုံများမှာ တိုက်ပွဲတွင် ဝတ်ရန် မသင့်တော်ပ။

“ကျွန်တော်ယူလာတဲ့ လက်နက်တွေကိုလည်း ဝေပေးရဦးမယ်” ရှောက်ရွှမ် ပြောလိုက်သည်။

အခန်းထဲတွင်ရှိသော လူအားလုံးမှာ အတွေးကိုယ်စီနှင့် တိတ်ဆိတ်နေ၏။ အသီးသီးယူထားရသော တာဝန်များကို မည်သည့်ထမ်းဆောင်ရမလဲ စဉ်းစားနေကြလေသည်။ ရှောက်ရွှမ်၏ စကားကိုကြားလိုက်သောအခါ၊ အားလုံးသည် မျှော်လင့်တ

ကြီးဖြင့် ရှောက်ရွှမ်ကို ကြည့်လိုက်ကြသည်။

ထိုလက်နက်များကို ယူဆောင်လာသူမှာ ရှောက်ရွှမ်ဖြစ်နေသဖြင့်၊ အဓိက ဆုံးဖြတ်ချက်ကို ချသင့်သူမှာလည်း ရှောက်ရွှမ်သာ ဖြစ်သင့်သည်။ တောင်လေမျိုးနွယ်စုနှင့် တွေ့ဆုံပြီးနောက်၊ ရှောက်ရွှမ်သည် ကျန်းလော်ကို သူယူဆောင်လာသော လက်နက်များအကြောင်းကို ပြောပြလိုက်သည်။

“အရင်အတိုင်းပဲ စွမ်းဆောင်ရည်ပေါ်ကြည့်ပြီး လက်နက်တွေကို ဝေပေးကြတာပေါ့” ရှောက်ရွှမ်က ပြောလိုက်သည်။

ရာထူးအဆင့်အတန်းမြင့်သူများမှာ ပိုအစွမ်းထက်သူများဖြစ်ကြောင်းကိုတော့ ပြောနေစရာမလိုပေ။ အားလုံးကလည်း ရှောက်ရွှမ်၏ စကားကို သဘောတူလိုက်ကြသည်။ အစွမ်းမရှိသူတစ်ယောက်အား လက်နက်အကောင်းစားများသွားပေးပါက၊ ရန်သူက လုသွားပေမည်။

အကြီးအကဲကျန်းလော်နှင့် အမဲလိုက်အဖွဲ့ခေါင်းဆောင် သုန့်ကန်းတို့ကိုတော့ လက်နက်ဝေပေးမည့်လူစာရင်းထဲမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့တွင် ကုန်းကျားဟုန်ထားခဲ့သော လက်နက်များရှိပြီးသားပင်။ အရင်တစ်ခေါက်ရလာသော လက်နက်များနှင့် ယခုတစ်ခေါက်ရလာသော လက်နက်များကို ပေါင်းလိုက်လျှင်၊ အားလုံးပေါင်း ၁၀ခုလောက်တော့ရှိမည်ဖြစ်သည်။ အရည်အတွက်နည်းနေသဖြင့် အားလုံးကိုတော့ပေးနိုင်မည် မဟုတ်ပါ။

ကုန်းကျားဟုန်လာလည်သွားပြီးကတည်းက၊ မျိုးနွယ်စုစစ်သည်တော်များသည် လက်နက်ကို ပိုင်ဆိုင်လိုသဖြင့် ကြိတ်ပြီး ကြိုးစားနေကြပါသည်။ ကျန်းလော်ကလည်း ထိုအကြောင်းများကို သိပါသည်။ သူသည် အမဲလိုက်ခရီးစဉ်များ၊ ကုန်ဖလှယ်ခရီးစဉ်များအကြောင်း နှင့် ဆားတွင်းတွင် ဖြစ်ခဲ့သောအကြောင်းများ အားလုံးကို သိပြီးသားဖြစ်ပါသည်။ သူ့စိတ်ထဲတွင် လက်နက်များပေးသင့်သည့်လူများကို လျာထားပြီးသားပင်။

အားလုံးကလည်း ကျန်းလော်၏ ဆုံးဖြတ်ချက်ကို သဘောတူညီကြမည်သာ။

ကျန်းလော် ရွေးချယ်လိုက်သည့် လူများမှာ မျိုးနွယ်စုအတွက် အပြောင်မြောက်ဆုံးဆောင်ရွက်နိုင်သူများ ဖြစ်ကြသည်။ လူငယ်ပိုင်းထဲတွင် ဝူကျဲ့၊ထောင်ကျန်းနှင့်ဆွေ့တို့ပါဝင်ပြီး၊ လူကြီးပိုင်းထဲတွင် ကျန်းလော်၏ ညီ၊ ကျန်းချန်းပါဝင်ပါသည်။ ကျန်းချန်းသည်လည်း အစွမ်းထက်သော စစ်သည်တော်တစ်ယောက်ဖြစ်ကြောင်း အားလုံးသိထားကြပါသည်။ လွန်ခဲ့သော နှစ်များက ကျန်းချန်းသည် အကြီးအကဲနေရာအတွင် ကျန်းလောနှင့်ယှဉ်ပြိုင်တိုက်ခိုက်ဖူးခဲ့သည်။ ထိုအခေါက်တုန်းက သူ့စိတ်သူမနိုင်သဖြင့် ကျန်းလော်ကို အရှုံးပေးခဲ့ရသည်။

ရိုးရိုးသားပြောရလျှင် ကျန်းလော်၏ ဆုံးဖြတ်ချက်များမှာ တရားမျှတပေသည်။ သုန့်ကန်းက သူ့သားအတွက် လက်နက်တစ်ခု တောင်းပေးချင်သော်လည်း၊ သူ့သားမှာ အစွမ်းထက်သူများ စာရင်းတွင် မပါဝင်ပါချေ။

သုန့်ကန်းသည် စိတ်ထဲမှ ကြိတ်ပြီး သုန့်လိကို လေ့ကျင့်ပေးရန် စဥ်းစားထားလိုက်သည်။ မကြိုးစားလျှင်တော့၊ ကုန်းကျားဟုန်၏ လက်နက်ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

လက်နက်များ ဝေခြမ်းပေးပြီးသောအခါ၊ ဆွေးနွေးမှုကို ဆက်လုပ်ပါသည်။ အားလုံးမှာ တိုက်ပွဲအတွေ့အကြုံရှိသူများဖြစ်သဖြင့်၊ ဘာလုပ်ရမည်ကို သိနေကြသူများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကျန်းလော်၏ နေအိမ်မှ အလျင်စလို ထွက်ခွာပြီး၊ လုပ်စရာရှိသည်များကို သွားလုပ်ကြပါသည်။

ရှောက်ရွှမ်ကတော့ ဆားတွင်းအစောင့်အဖွဲ့ခေါင်းဆောင် ဝါချာဆီကို သွားလည်ပါသည်။

ဝါချာသည် ထူထူထောင်ထောင် ပြန်ဖြစ်လာသဖြင့်၊ တောင်ပေါ်နှင့်တောင်အောက်ကို လေ့ကျင့်ခန်းအနေနှင့် အတက်အဆင်းပြုလုပ်ပါသည်။ ဝါချည၏ အိမ်သို့ရောက်သွား

သောအခါ၊ ရှောက်ရွှမ်သည် ပုဆိန်ကြီးတစ်လက်နှင့် ထင်းခွဲနေသော စူးရှကိုသာတွေ့လိုက်ရပါသည်။

“ဝါချာကိုလာရှာတာလား…သူလမ်းလျှောက်ထွက်သွားတယ်” စူးရှက ပြောရင်းနှင့်၊ ပုဆိန်ကိုလွှဲကာ ထင်းတုံးကြီးကို ခုတ်ချလိုက်သည်။ “မနက်ကတော့ ထင်းခုတ်သွားချင်တယ် ပြောနေတာပဲ…ဒါပေမဲ့ ကျွန်မကတော့ လမ်းပဲလျှောက်ပါလို့ ပြောလိုက်တယ်…နေကောင်းကောင်းမကောင်းသေးတော့ ထင်းခုတ်နိုင်ဦးမှာ မဟုတ်ဘူးလေ…ကျွန်မထင်တာတော့ သူတောင်အောက်ဆင်းသွားပြီး၊ ဟိုဘဲတွေကို အစာသွားကျွေးနေတယ်ထင်တယ်…နောက်ပြီးတော့ သူစားလိုက်တဲ့ဘဲဥတွေကို ဥပေးတဲ့ ဘဲတွေကို သူတွေ့ချင်နေတယ်လေ…နောက်ထပ်ဘဲတွေပိုများလာရင် ကောင်းမှာပဲနော်”

ထင်းမခုတ်ရသဖြင့်၊ ဘဲများကို သွားကြည့်သည်တဲ့လား။ ရှောက်ရွှမ်သည် ဝါချစိတ်ရှုပ်နေမည်ကို တွေးမိပါသည်။ ရှောက်ရွှမ်

သည် စူးရှကို ပြုုံးပြနှုတ်ဆက်ပြီး၊ တောင်အောက်သို့ ဆင်းလာခဲ့သည်။

ရွာထဲတွင်ရှိသောသူများသည် ဆားတွင်းတွင် ဖြစ်ပေါ်တော့မည့် တိုက်ပွဲအကြောင်းကို သိထားပြီးပြီဖြစ်ပါသည်။ ထို့ကြောင့် အားလုံး၏ မျက်နှာများမှာ တည်ကြည်လေးနက်သော မျက်နှာများ ဖြစ်နေပါသည်။ မိသားစုများအားလုံးလိုလို စစ်ပွဲအတွက် ပြင်ဆင်နေကြသည်။ တချို့စစ်သည်တော်များသည် အဝတ်အစားများမှ အပေါက်အပြဲများကို ကိုယ်တိုင်ဖာထေးနေကြသည်။

ရှောက်ရွှမ်သည် ဝါချာကို ဘဲခြံထဲတွင် တွေ့လိုက်ရသည်။ ဝါချာသည် ဘဲခြံကြီးကြပ်ရေးမှူးနှင့် စကားပြောနေ၏။

ကြီးကြပ်ရေးမှူးက ရှောက်ရွှမ်ကို မြင်သောအခါ၊ လွန်ခဲ့သော ရက်များအတွင်းက ဖြစ်ခဲ့သည်များကို အပြေးလာပြီး အစီရင်ခံလေသည်။ ထူးထူးခြားခြားတော့ မဟုတ်ချေ။ သို့သော် ဘဲ

များသည် နေ့အချိန်တွင် ဘဲခြံအတွင်းတွင်သာ အနေများသည်ဟုဆိုပါသည်။ ဘဲဝတုတ်ကတော့ အရင်အတိုင်း၊ သူ့ခြံထဲတွင် ဘဲဥများကို ဝပ်နေပါသည်။ အကောင်များပေါက်လာရန် အချိန်အကြာကြီးစောင့်ရမည် ဖြစ်သည်။ အခုတော့ ဘာမှထူးခြားမလာသေးပါ။

“ဟာ…တော်သေးတယ်” ကြီးကြပ်ရေးမှူးသည် မေ့နေသည်ကို သတိပြန်ရသွားသဖြင့်၊ သူ့နဖူးသူ လက်ဝါးနှင့် ရိုက်လိုက်မိပါသည်။ “ဥဥတဲ့ဘဲတွေကို အရှင်က ခြံထဲကို သွင်းခိုင်းတယ်နော်…ဥဥတဲ့ဘဲက တစ်ကောင်မကဘူးဗျ”

ဘဲဥကို ရှာတွေ့သူမှာ ပိုင်ကော်တစ်ယောက်တည်း မဟုတ်ကြောင်း၊ ကြီးကြပ်ရေးမှူးက ပြောပါသည်။ ကင်းအဖွဲ့ကလည်း ရှာတွေ့ခဲ့သည် ဖြစ်သည်။ သုံးလုံးသာ ရှာတွေ့ခြင်းဖြစ်သော်လည်း၊ တစ်လုံးမှ ရှာမတွေ့ခြင်းထက်တော့ ကောင်းမွန်ပါသေးသည်။

“ဒီဘဲတွေက ဥတော့ဥတယ်…ပြီးရင် မဝပ်

ဘူး….ကင်းအဖွဲ့က ဥဥထားတဲ့ ဘဲတွေကို ဘဲခြံထဲကို ပြန်ခေါ်လာတယ်…ဥဥတဲ့ဘဲက မြက်ခြောက်ရောင်ဘဲ၂ကောင်ပဲ ရှိတယ်…ဒါပေမဲ့ ဘယ်ဘဲက ဘယ်ဥကို ဥလဲတော့ ကျွန်တော်လည်း မသိဘူး”

“ကိစ္စမရှိပါဘူး…သူတို့၂ယောက်ကို ခွဲထားလိုက်…သေချာဂရုစိုက်မယ်ဆိုရင် နောက်ဆောင်းတွင်းလောက်ဆို ဥတွေပိုဥလိမ့်မယ်…ဒါပေမဲ့ ဥတစ်လုံးနဲ့ တစ်လုံးက အာနိသင်ခြင်း တူမှာ မဟုတ်ဘူး”

“ဟုတ်လား” ကြီးကြပ်ရေးမှူးကအနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် လုံးဝမဥခြင်းထက်တော့ တော်ပါသေးသည်။ “ဘဲပေါက်လေးတွေ အရွယ်ရောက်လာပြီး ဥဥရင် သူတို့ဥတွေကကော အဆိပ်ပြေတဲ့ အာနိသင်ရှိမှာလား”

“ရှိမယ်ထင်တာပဲ”

“ဟေး…” ကြီးကြပ်ရေးမှူးသည် ပျော်ရွှင်စွာအော်လိုက်ပါသည်။

ရှောက်ရွှမ်က ဝါချာကိုလာရှာသူဖြစ်သဖြင့်၊ အလိုက်တသိနှင့်ရှောင်ထွက်သွားပေးပါသည်။ ရှောက်ရွှမ်နှင့် ဝါချာတို့သည် သစ်သားတုံးများပေါ်တွင် ထိုင်ချလိုက်သည်။ ရှောက်ရွှမ်က သူ့လာရင်းကိစ္စကို ဝါချာအားပြောပြလိုက်ပါသည်။

“ဆားတွင်းတွေလား” ရှောက်ရွှမ်သည် ဆားတွင်းဆီသို့ တစ်ခါမှ မရောက်ဖူးကြောင်း ဝါချက သိထားပါသည်။ထို့ကြောင့် ဝါချာသည် ဆားတွင်းများအကြောင်းကို ရှောက်ရွှမ်အား ရှင်းပြလိုက်ပါသည်။

ရှောက်ရွှမ်သည် ဆားတွင်းများအကြောင်းကို သိပ်မသိပါ။ သူ၏မူလမျိုးနွယ်စုနေသော နေရာနားတွင် ဆားရေကန်များရှိပါသည်။ ထိုနားတွင် မီးတောက်ဦးချိုမျိုးနွယ်စုတစ်ခုသာ နေထိုင်သဖြင့်၊ အခြားမျိုးနွယ်စုများနှင့် လုနေရန်မလိုပါ။ ရွာပြောင်းလာသောအခါတွင်လည်း၊ ဆားကန်တစ်ကန်ကို တွေ့ခဲ့ပါသည်။ ရွာနှင့် နည်းနည်းဝေးသော်လည်း၊ ထိုနားတဝိုက်တွင် အခြားမျိုးနွယ်စု

များ မရှိပါ။ ထိုတောအုပ်ထဲတွင် အန္တရာယ်ရှိသော သားရဲများ ပေါများခြင်းကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုမှလွဲ၍ အခြားမျိုးနွယ်စုများ မနေထိုင်ကြပေ။

ရှောက်ရွှမ်သည် သမုဒ္ဒရာ၏ ဤဘက်ကမ်းကို ရောက်မှသာ၊ ဆားတွင်းလုပွဲများကို မြင်ဖူးခြင်းဖြစ်ပါသည်။

ရွာတွင် အသုံးပြုရန်အတွက်၊ ဆားများကို အသင့်ပြင်ပြီးပြီ ဖြစ်ပါသည်။ ရလာသော ဆားများကို ကြွေခွက်လေးများထဲတွင် ထည့်ပါသည်။ ရှောက်ရွှမ်သည် မျိုးနွယ်စုထဲတွင် အရေးပါသူဖြစ်သောကြောင့်၊ ဆားကိစ္စအတွက် စိတ်ပူစရာ မလိုပါ။

သို့သော် မျိုးနွယ်စုသုံးခုက သဘောတူညီမှု လုပ်ပြီးပြီ ဖြစ်သဖြင့်၊ စစ်ပွဲကို ရှောင်လွှဲ၍ရတော့မည် မဟုတ်ပေ။ ရှောက်ရွှမ်သည် ဤဘက်ကမ်းမှ လူများ၏ ဘဝများအကြောင်းကို အပြည့်အဝနားမလည်သေးပေ။ ဝါချာပြောပြသည်ကို

နားထောင်ပြီးမှသာ၊ ဆားကို အသုံးပြုရန်အတွင် သွေး၊ချွေးများစွာကို ရင်းခဲ့ရကြောင်း သိရှိခဲ့ရသည်။

(ဆက်ရန်…)

All Chapters