အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း (၂၂၀) - ရိတ်သိမ်းရရှိမှုကြီးနှင့် ရှေးဟောင်း တာ့ယွဲ့မဟာမိတ် မြေပုံ (အပိုင်း - ၆)
~"ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့... လက်စားချေခြင်း သံသရာဆိုတာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူးလေ... ဒါကြောင့် လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်"
"ဒီပစ္စည်းတွေကို ရရှိတဲ့ မိတ်ဆွေရေ... ဖြစ်နိုင်မယ်ဆိုရင် ချန်ကျန်းတောင်က ထျဲမိသားစု .. ဒါမှမဟုတ် သူတို့ရဲ့ မျိုးဆက်တွေကို နည်းနည်းပါးပါး စောင့်ရှောက်ပေးပါဗျာ... ကျေးဇူးတင်ပါတယ်"
ထိုစာကို ဖတ်ပြီးနောက် စုယွီ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
...မဟာတာအို ကျိန်စာတဲ့လား...
...တော်သေးတာပေါ့... ဒီအဘိုးကြီး နောက်ဆုံးအချိန်မှာ စိတ်ပြောင်းသွားလို့...
တာအိုဆရာ တောင်ပြားကသာ ကျိန်စာတိုက်ခဲ့မယ်ဆိုရင် စုယွီအတွက် အတော်လေး ခေါင်းခဲစရာ ဖြစ်လာနိုင်သည်။ မဟာတာအို ကျိန်စာဆိုတာ သာမန်ကာလျှံကာ ကိစ္စမဟုတ်ဘူးလေ။
စုယွီသည် "ချန်ကျန်းတောင်က ထျဲမိသားစု" ဆိုသည့် စာကြောင်းကို စိုက်ကြည့်ရင်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်မိသည်။
...ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ မိသားစုဆိုတော့... အခုချိန်ထိ ကျန်ပါဦးမလား...
...ထားလိုက်ပါတော့... ကံတရား ရှိရင် ဆုံကြတာပေါ့...
နောက်ဆုံးတွင် စုယွီသည် လက်စွပ်ထဲရှိ ပစ္စည်းများကို သေချာ စစ်ဆေးကြည့်ရှုလိုက်သည်။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသုံးထောင်ကျော်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၂) တုံး၊ တောင်ပုံသဏ္ဍာန် တံဆိပ်တုံး အထွတ်အထိပ် မှော်လက်နက်တစ်ခု (အရှိန်အဝါက ကြောက်ခမန်းလိလိပင်)၊ တတိယအဆင့် အဆင့်နိမ့် သားရဲအရေခွံ (၂) ခုနှင့် သားရဲသွေး ခြောက်သွေ့နေသော ကျောက်စိမ်းပုလင်း (၂) လုံး။
ထို့ပြင် တတိယအဆင့် အဆင့်နိမ့် သားရဲအမြုတေ (၂) ခု (မြေဓာတ် တစ်ခုနှင့် ရေဓာတ် တစ်ခု)။
အရေးကြီးဆုံးအချက်မှာ မြေဓာတ် ဝိညာဉ်အမြစ် ပိုင်ရှင်များအတွက် သင့်လျော်သော၊ မူလ ဝိညာဉ်အဆင့် အထိ ကျင့်ကြံနိုင်သော ကျင့်စဉ်တစ်ခု ပါရှိခြင်းပင်။ ထိုကျင့်စဉ်သည် စုယွီ လက်ရှိ ကျင့်ကြံနေသော "ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်" ပင် ဖြစ်နေသည်။
ဤကျင့်စဉ်အပြည့်အစုံကို ရရှိပြီးမှ စုယွီ သဘောပေါက်သွားတော့၏။ "နက်ရှိုင်းသော ယင်မြေကမ္ဘာ ကျင့်စဉ်" သည် ရှေးဟောင်း အင်မော်တယ် ဂိုဏ်းကြီးတစ်ခုဖြစ်သော "ကောင်းကင် အင်မော်တယ် နန်းတော်" မှ ဆင်းသက်လာခြင်း ဖြစ်ပါတကား။
ကျင့်စဉ်၏ ဆက်လက် ကျင့်ကြံနည်းကို ရရှိလိုက်သဖြင့် စုယွီ အတိုင်းမသိ ဝမ်းသာသွားသည်။
ယခုဆိုလျှင် သူ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ်များအနက် "အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ်" သာလျှင် အမြုတေဖွဲ့စည်းခြင်း (၉) ဆင့်မြောက်အထိ ရောက်ရှိနိုင်သေးသည်။ ကျန်တာတွေက လိုနေသေးသည်။
အခုတော့ မြေဓာတ်ကျင့်စဉ်က မူလ ဝိညာဉ်အဆင့်ထိ သွားလို့ရပြီ။
...ရှယ်ပဲဟေ့......
ဒါတွေအပြင် အခြားသော ထိပ်တန်း မှော်လက်နက်များ၊ ရှေးဟောင်းစာအုပ်များ၊ ကျောက်စိမ်းပြားများနှင့် ကျောက်စိမ်းသေတ္တာများလည်း အများကြီး ကျန်နေသေးသည်။
စုယွီသည် အားလုံးကို အသေးစိတ် မစစ်ဆေးနိုင်သေးပေ။
လက်စွပ်ကို သန့်စင်ပြီးနောက် စုယွီသည် စိတ်အာရုံဖြင့် အင်မော်တယ် ဇီယန်ကို ဂူစံအိမ်အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ဂူစံအိမ်ကြီး တစ်ခုလုံးသည် သေးငယ်သွားပြီး သူ၏ လက်စွပ်ထဲသို့ ဝင်ရောက်သွားတော့၏။
လက်စွပ်သည် သူ၏ လက်ချောင်းတွင် နေရာကျသွား၏။
ဘေးနားတွင် ရပ်နေသော ဇီယန်သည် ကြောင်သူတော်လေး တစ်ကောင်လို ငြိမ်ကုပ်နေရှာသည်။ ဘာမေးခွန်းမှ မမေး၊ ဘာစကားမှ မပြောရဲပေ။
"ပြန်ကြမယ်ဗျ"
စုယွီသည် တာ့ယွဲ့ တောင်တန်းတွင် ဆက်မနေလိုတော့ပေ။ ဂူစံအိမ်ကို သိမ်းဆည်းပြီးသည်နှင့် ဇီယန်ကို ခေါ်ဆောင်ကာ အမြန်ဆုံး ထွက်ခွာလာခဲ့သည်။
ဒီတစ်ခေါက်တော့ ဇီယန်ကို ယွီမိသားစု၏ ဂူစံအိမ်ဝင်းထဲထိ ခေါ်လာခဲ့လိုက်သည်။
ညအချိန် ရောက်နေပြီ ဖြစ်၍ တာ့ယွဲ့ မှောင်ခိုမြို့တော်ကြီး တစ်ခုလုံး အမှောင်ထု လွှမ်းမိုးနေသည်။
စုယွီ ပြန်ရောက်လာချိန်တွင် ဇီယန် ပါလာသည်ကို မြင်သောအခါ ယွီလင်းဖုန်း လန့်သွားသည်။
...ဟာ... သခင်လေးက စော်အသစ် ထပ်ခေါ်လာပြန်ပြီဟေ့...
သို့သော် ကံကောင်းထောက်မစွာဖြင့် စုယွီသည် ဇီယန်ကို ဧည့်ခန်းမဆောင်သို့သာ ခေါ်သွားပြီး ယွီလင်းဖုန်းကို ရေနွေးကြမ်း တည်ခင်းခိုင်းလိုက်သည်။
အိပ်ခန်းထဲ တန်းခေါ်,မသွား၍ ယွီလင်းဖုန်း သက်ပြင်းချနိုင်တော့၏။
ဧည့်ခန်းမဆောင် အတွင်း၌။
စုယွီသည် ချန်ခွန်အိတ် တစ်လုံးကို ထုတ်ယူလိုက်သည်။ အိတ်ထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀)၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀၀)၊ အဆင့်မြင့် မှော်လက်နက် (၂) ခုနှင့် တာအိုဆရာတဲ့ရွှမ် ချန်ထားခဲ့သော ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်း အလံ တစ်စုံတို့ ပါဝင်၏။
စုယွီသည် ထိုအိတ်ကို ဇီယန်အား ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ရော့... မိတ်ဆွေဇီယန်... ဟို ဂူစံအိမ်က အရမ်းကောင်းတဲ့ မှော်လက်နက် တစ်ခု ဖြစ်နေတယ်... အထဲမှာလည်း ရတနာတွေ အများကြီးပါတယ်... ဒါကြောင့် ခင်ဗျားကို ဒီပစ္စည်းတွေ ပေးတာပါ... လက်ခံပါဗျာ"
ဇီယန်သည် မူလက မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ စုယွီ သဘောရှိ စီစဉ်ပါစေဟု ပြောပြီးသား မဟုတ်ပါလော။ သို့သော် အိတ်ထဲရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ သူမ မျက်လုံး ပြူးသွားရသည်။
"ဟင်...ဒီလောက် အများကြီးလား"
အဆင့်မြင့် မှော်လက်နက် (၂) ခု။
ပြီးတော့ ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီး။
ဇီယန်သည် သူမ၏ အတိတ်ကို ပြန်စဉ်းစားမိသည်။ တာ့ယွဲ့ တောင်တန်းထဲသို့ အသက်စွန့်ပြီး ဝင်ရောက်ခဲ့ရပုံတွေ၊ လိုအပ်တဲ့ ပစ္စည်းလေး တစ်ခုရဖို့ လူတွေကြားထဲမှာ ပရိယာယ်တွေ သုံးပြီး ရုန်းကန်ခဲ့ရပုံတွေ...။
ဒါတွေအားလုံး ပေါင်းလိုက်ရင်တောင် အခု စုယွီ ပေးတဲ့ အိတ်တစ်လုံးစာလောက် မရှိပါလား။
...ငါ ပင်ပန်းခဲ့ရတာတွေက အလကားပါလား...
ဇီယန်၏ ရင်ထဲတွင် ခါးသီးမှုနှင့် ဝမ်းသာမှုတို့ ရောထွေးနေသော ခံစားချက်ကြီး ဖြစ်ပေါ်လာသည်။
ခဏကြာမှ သူမသည် စုယွီကို ကြည့်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
"ဒါ.. များလွန်းမနေဘူးလားဟင်... မိတ်ဆွေစု မပါရင် ကျွန်မ အဲဒီနေရာကို ရမှာ မဟုတ်ပါဘူး... တာအိုဆရာတဲ့ရွှမ် လက်ချက်နဲ့ သေရင်တောင် သေသွားနိုင်တယ်"
"ဒါကြောင့် ကျွန်မ ပြောခဲ့တာ အားနာလို့ မဟုတ်ပါဘူး... တကယ် ပြောခဲ့တာပါ"
စုယွီ ပေးလိုက်သော ပစ္စည်းများမှာ သူ ရရှိခဲ့သော ရတနာများ၏ ငါးပုံတစ်ပုံပင် မရှိပေ။
ဇီယန်၏ အမြင်တွင် များပြားလှသော်လည်း၊ စုယွီ၏ မျက်လုံးထဲတွင်မူ "အာလူး" မျှသာ ဖြစ်သည်။
ထို့ပြင်...
ဇီယန်သည် အရည်အချင်းရှိသော မိန်းမတစ်ယောက် ဖြစ်၏။ စုမိသားစု၏ လက်အောက်ခံများထဲတွင် နံပါတ် (၁) ဖြစ်လာမည့်သူမို့ ဤအရင်းအမြစ်များက သူမကို ပိုမို တိုးတက်စေပေလိမ့်မည်။ အဆင့်မြင့် မှော်လက်နက် (၂) ခုက သူမ၏ တိုက်ခိုက်စွမ်းရည်နှင့် ကိုယ်လွတ်ရုန်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်။
တစ်နေ့နေ့တွင် ဇီယန်သည် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိလာလျှင် ဖြစ်စေ၊ ဒုတိယအဆင့် ထိပ်တန်း ဝိညာဉ်သစ်ပင် စိုက်ပျိုးသူ ဖြစ်လာလျှင် ဖြစ်စေ၊ စုမိသားစုအတွက် ကောင်းချီးမင်္ဂလာ တစ်ခုပင်။
စုယွီအတွက်လည်း ကောင်းကျိုးတွေချည်းပါပင်။
‘ဒီတစ်ခေါက် သူမက ဒီလောက် ကောင်းတဲ့ အခွင့်အရေးကြီးကို ယူလာပေးတာပဲ ကြည့်လေ။ သူမရဲ့ ကံတရားက မသေးလှဘူး ဆိုတာ သေချာတယ်။
သေချာ ပြုစုပျိုးထောင်ပေးလိုက်ရင် နောင်ကျရင် "လာဘ်ကောင်ကြီး" ဖြစ်လာနိုင်တယ်လေ။
သူမကို ထိန်းချုပ်နိုင်သရွေ့တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။’
"ဒါ ခင်ဗျား ရသင့်ရထိုက်တဲ့အရာပါ"
စုယွီက ပြုံးပြီး ပြောလိုက်သည်။
"ရှေးဟောင်းစာအုပ်တွေကိုတော့ နောက်ရက်ကျမှ သေချာ စစ်ဆေးပြီး စုမိသားစုရဲ့ စာကြည့်တိုက်ထဲ ထည့်ထားလိုက်မယ်... ခင်ဗျား ဖတ်ချင်ရင် အဲဒီမှာ သွားဖတ်လို့ ရပါတယ်"
ထို့နောက် ဇီယန်ကို ဂူစံအိမ်တွင် ယာယီ တည်းခိုရန် စီစဉ်ပေးလိုက်သည်။ စုယွီသည် သူ၏ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်ပြီး အခင်းအကျင်းများ ခင်းကျင်းလိုက်သည်။
ရရှိလာသော ရတနာများကို စာရင်းပြုစုရပေတော့မည်။
အထွတ်အထိပ် မှော်လက်နက် အနေဖြင့် လီမိသားစု၏ ဆေးပညာရှင် ဘိုးဘေးထံမှ "ဆေးပေါင်းဖို" တစ်လုံး ရရှိထားပြီး ဖြစ်၏။
ယခုအခါ နန်းတော်ပုံစံ ဂူစံအိမ်တစ်ခုနှင့် တောင်ပုံစံ တံဆိပ်တုံးတစ်ခု ထပ်မံ ရရှိလိုက်ပြန်သည်။ ထို့ကြောင့် လက်ဝယ်ပိုင်ဆိုင်ထားသည်မှာ စုစုပေါင်း (၃) ခု ရှိလာခဲ့ပြီ ဖြစ်သည်။
ယွင်ရှန်ဈေးကွက်သို့ စရောက်စဉ်က ကျင်းပခဲ့သော ပထမဆုံး လေလံပွဲ၌ ပျက်စီးနေသည့် "ကောင်းကင်ပိုက်ကွန် ထီး" တစ်လက် ပါလာခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရမိသည်။ ထိုစဉ်က သူသည် ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ သွေးဓား လော့ပန်း ဆိုလျှင် ထိုအကျိုးအပဲ့လေး ရရှိရန်အတွက်ပင် အသက်နှင့်ရင်းကာ လုယူခဲ့ရဖူးသည်။
ယခုမူကား မိမိလက်ထဲ၌ အကောင်းစားကြီး (၃) ခုတိုင်တိုင် ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်သည်။ ထို့ပြင် တဝက်တပျက် မှော်ရတနာ တစ်ခုနှင့် အဆင့်နိမ့် မှော်ရတနာ တစ်ခုလည်း ရှိနေသေးသည်။
စုယွီ တစ်ယောက်တည်း အံ့ဩနေမိပါ၏။
သူက အပြင်သိပ်မထွက်ဘဲ အိမ်မှာပဲ နေတာတောင် အခွင့်အရေးတွေက အိမ်ပေါက်ဝထိ လာပို့ပေးနေသလိုပါလား။
အရင်က ချန်စီစီ၊ အခု အင်မော်တယ် ဇီယန်။
အထွတ်အထိပ် မှော်လက်နက်တွေကိုတော့ လောလောဆယ် သူ မသုံးနိုင်သေးပေ။
ဒါကြောင့် တောင်ပုံစံ တံဆိပ်တုံးကို တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး ပြန်လည် သန့်စင်ခြင်း မပြုတော့ပေ။
တစ်ညလုံး အချိန်ကုန်ခံပြီး ရတနာများကို စီစစ်လိုက်သည်။
ထို့နောက် ရှေးဟောင်းစာအုပ်များ၊ သားရဲအရေခွံ မှတ်တမ်းများ၊ ကျောက်စိမ်းပြားများနှင့် သေတ္တာများကို တစ်ခုပြီးတစ်ခု ရှာဖွေစစ်ဆေးကာ ရှေးဟောင်း လော့ယွဲ့မဟာမိတ်အဖွဲ့ တည်ရှိရာ နေရာကို ရှာဖွေလေတော့၏။
နောက်တစ်နေ့ မိုးလင်းခါနီး အချိန်ရောက်မှသာ လော့ယွဲ့မဟာမိတ်အဖွဲ့၏ ပိုင်နက်နယ်မြေကို ဗဟိုပြု ရေးဆွဲထားသော ရှေးဟောင်းမြေပုံတစ်ခုကို ရှာတွေ့လိုက်သည်။
မြေပုံပေါ်တွင် လော့ယွဲ့မဟာမိတ်အဖွဲ့၏ တည်နေရာနှင့် သူတို့ ထိန်းချုပ်ထားသော အရင်းအမြစ် နေရာများကို အသေးစိတ် ရေးဆွဲထားသည်ကို မြင်လိုက်ရသောအခါ စုယွီ ဝမ်းသာအားရ ဟစ်ကြွေးလိုက်မိတော့၏။
"တွေ့ပြီဟေ့... နောက်ဆုံးတော့ တွေ့ပြီ”
အခန်း (၂၂၁) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ
~စုယွီ၏ လက်ထဲတွင် ရှိနေသော ရှေးဟောင်းမြေပုံမှာ မည်သည့်သားရဲ၏ အရေခွံမှန်း မသိရသော အပိုင်းအစပေါ်တွင် ရေးဆွဲထားခြင်း ဖြစ်ပေသည်။ ၎င်းတွင် ရှေးခေတ် လော့ယွဲ့ ရေကန် တဝိုက်ရှိ လော့ယွဲ့မဟာမိတ်အဖွဲ့၏ အင်အားစုများနှင့် အရင်းအမြစ် တည်နေရာများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ ကျွန်းစုများ၏ တည်နေရာများလည်း ပါဝင်၏။
သို့သော်လည်း ထိုနေရာများတွင် မည်သည့် အရင်းအမြစ်များ ရှိသည်ကိုမူ အသေးစိတ် မဖော်ပြထားချေ။
စုယွီသည် သူ၏ ဝိညာဉ်အာရုံဖြင့် မြေပုံကို စကင်ဖတ်သလို အလွတ်မှတ်သားလိုက်ပြီးနောက်၊ ယခင်က စုကျစ်ထံမှ ရရှိထားသော မြေပုံအဟောင်းနှင့် တိုက်ဆိုင်စစ်ဆေးလိုက်သည်။
...ကျွန်းတွေရဲ့ တည်နေရာကတော့ ကွက်တိပဲ... ဒီမြေပုံက အစစ်ဖြစ်ဖို့ များတယ်...
စုယွီ စိတ်ထဲမှ တွက်ဆလိုက်မိ၏။
သို့သော်လည်း ရှေးခေတ် လော့ယွဲ့မဟာမိတ်အဖွဲ့၏ တည်နေရာနှင့် လက်ရှိ တာ့ယွဲ့ တောင်တန်း မြေပုံကို တိုက်ဆိုင်ကြည့်လိုက်သောအခါ စုယွီ၏ မျက်နှာ ပျက်သွားရသည်။ သူ၏ မျက်ခုံးများမှာလည်း တွန့်ချိုးသွားတော့၏။
သူသည် တာအိုဆရာ ရှုယွီထံမှ တာ့ယွဲ့ တောင်တန်း၏ အသေးစိတ်မြေပုံကို ရရှိထားဖူးသည်။ ထိုမြေပုံတွင် တောင်တန်းကို အပြင်ပိုင်း၊ အတွင်းပိုင်းနှင့် အဓိက ဗဟိုနယ်မြေ ဟု ပိုင်းခြားထားသည်။ ထိုနေရာများမှာ သားရဲမျိုးစုံနှင့် ဝိညာဉ်ဆေးပင်များ ပေါများသော နေရာများ ဖြစ်ကြ၏။
တောင်တန်း၏ အပြင်ဘက်ဆုံး အပိုင်းမှာ အကျယ်ပြန့်ဆုံး ဖြစ်ပြီး ပထမအဆင့် သားရဲများ ကျက်စားကြ၏။ ဒုတိယအဆင့် သားရဲများကိုမူ ရံဖန်ရံခါမှသာ တွေ့ရတတ်သည်။
အတွင်းဘက် အဝိုင်းမှာမူ ဒုတိယအဆင့် သားရဲများ၏ နယ်မြေဖြစ်ပြီး တတိယအဆင့် သားရဲများ၏ ခြေရာလက်ရာများကိုပါ တွေ့နိုင်သည်။
သို့သော် အဓိက ဗဟိုနယ်မြေမှာမူ မိစ္ဆာမျိုးနွယ်စုဖြစ်သော "ယင်ယွဲ့ ကျားမျိုးနွယ်စု"၏ ပိုင်နက် ဖြစ်သည်။ ထိုနေရာတွင် ဒုတိယအဆင့် သားရဲများစွာ ရှိသည့်အပြင် တတိယအဆင့် သားရဲများလည်း အုပ်စုလိုက် ရှိနေကြသည်။
အရင်တုန်းက တာ့ယွဲ့ မှောင်ခိုဈေးကွက်မှာ ဖြစ်ခဲ့သည့် သားရဲလှိုင်းတုန်းက လူသားကျင့်ကြံသူတွေက တတိယအဆင့် သားရဲ (၄) ကောင်ကို သတ်နိုင်ခဲ့သော်လည်း၊ အမှန်တကယ် ပေါ်လာတာက အနည်းဆုံး (၂၀) ကျော် ရှိသည်။
ဒါဟာ တာ့ယွဲ့ တောင်တန်း တစ်ခုလုံးရဲ့ အင်အား မဟုတ်သေးတာ သေချာသည်။
ယွဲ့ယင် ကျားမျိုးနွယ်စု ဆိုတာ တာ့ယွဲ့ နန်းတော်၏ ဒုတိယဂိုဏ်းချုပ်တောင် ကြောက်ရသော အင်အားစု ဖြစ်သည်။
ရှေးခေတ် လော့ယွဲ့မဟာမိတ်အဖွဲ့၏ တည်နေရာကို လက်ရှိမြေပုံနှင့် တိုက်ကြည့်လိုက်သောအခါ အားလုံးက ထိုဗဟိုနယ်မြေထဲတွင် ရောက်နေသည်ကို စုယွီ တွေ့လိုက်ရ၏။ သူ၏ မျက်နှာမှာ လေးနက်သွားပြီး ရေရွတ်လိုက်မိသည်။
"ဒါတော့ အလုပ်ရှုပ်ပြီဗျို့"
သူ၏ တာအိုခန္ဓာ ရုပ်သေးအတွက်တောင်မှ အဲဒီ ဗဟိုနယ်မြေထဲကို စွန့်စားဝင်ဖို့က စဉ်းစားရမည့် ကိစ္စ ဖြစ်ပေသည်။ှ
အဲဒီနေရာက အန္တရာယ် များလွန်းသည်။
ရုပ်သေးရဲ့ အင်အားတစ်ခုတည်းနှင့် အဲဒီနယ်မြေထဲမှာ လွတ်လွတ်လပ်လပ် သွားလာဖို့ဆိုတာ မလွယ်ကူလှပေ။
ခဏမျှ စဉ်းစားပြီးနောက်၊ စုယွီသည် ထိုရှေးဟောင်းမြေပုံကို ရက်အနည်းငယ်ကြာအောင် ထပ်မံ လေ့လာလိုက်ပြီး၊ နောက်ဆုံးတွင် ခေတ္တ ဘေးဖယ်ထားကာ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် သူ၏ တာအိုခန္ဓာ ရုပ်သေးမှာ ဒုတိယအဆင့် ထိပ်တန်း အဆင့်မှာသာ ရှိသေးသည်။ သို့သော် သူ၏ ဝိညာဉ်ရုပ်သေးမှာမူ "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" အဆင့် (၃) ကြောင့် အပြောင်းအလဲအချို့ ရှိလာပြီး အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် အစွမ်းမျိုး ရှိလာခဲ့ပြီ ဖြစ်၏။
အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်၏ အစွမ်းနှင့် သိပ်မဝေးတော့ပါ။
သို့သော်လည်း ဝိညာဉ်ရုပ်သေး၏ စွမ်းအားကို အမြဲတမ်း သုံး၍ မရသလို၊ ပေါ့ပေါ့ဆဆ သုံး၍လည်း မရပေ။
"အခု သွားဖို့က စွန့်စားရာ ရောက်လွန်းတယ်ဗျာ... တာအိုခန္ဓာ ရုပ်သေးကို တတိယအဆင့်အထိ အရင်မြှင့်တင်ပြီး၊ ဝိညာဉ်ရုပ်သေးရဲ့ စွမ်းအားကိုလည်း နည်းနည်း ထပ်တိုးအောင် လုပ်ဦးမှပဲ... အဲဒီကျမှ ဗဟိုနယ်မြေထဲ ဝင်ရှာဖို့ စဉ်းစားတော့မယ်"
စုယွီ သက်ပြင်းရှည် တစ်ချက်ကို ချလိုက်ပြီး၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသုံးပြုကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ဤအခြေအနေမျိုးတွင် သူ၏ စဉ်းစားဉာဏ်မှာ ပိုမို ထက်မြက်လာ၏။ သူ၏ ဗျူဟာတိုင်းကို ပြန်လည် ဆန်းစစ်လိုက်၏။
သူ့မှာ အချိန်တွေ အများကြီး ရှိပါသေးသည်။
လက်ရှိ ကျင့်ကြံမှု တိုးတက်နှုန်းအရ ဆိုလျှင် အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရန် အနည်းဆုံး ဆယ်စုနှစ် အနည်းငယ် လိုဦးမည် ဖြစ်၏။
ဒီအချိန်အတွင်းမှာ သူ လုပ်နိုင်တာတွေ အများကြီး ရှိသည်။
ဝိညာဉ်ရုပ်သေး၏ စွမ်းရည်တွေကို တာအိုခန္ဓာ ရုပ်သေးထဲ ထည့်သွင်းခြင်းဖြင့်၊ ရုပ်သေးကို အဆင့်မြင့် ကုန်ကြမ်းတွေ ဝါးမျိုပြီး ကိုယ့်ဘာသာ အဆင့်တက်နိုင်သော စွမ်းရည်မျိုး ရအောင် လုပ်၍ ရနိုင်သည်။
တတိယအဆင့် အဆင့်နိမ့် ကုန်ကြမ်းတွေ လုံလောက်အောင် စုမိသည်နှင့် တာအိုခန္ဓာ ရုပ်သေးကို တတိယအဆင့် ရုပ်သေးသားရဲ ဖြစ်အောင် လုပ်ပေးနိုင်မည် ဖြစ်၏။
ထို့အပြင် ယွဲ့ယင် ကျားမျိုးနွယ်စု အကြောင်းကိုလည်း သတင်း အချက်အလက်တွေ စုဆောင်းထားရမည်။
ထိုအခါကျမှသာ ဗဟိုနယ်မြေထဲ ဝင်သည့်အခါ အောင်မြင်နိုင်ခြေက ပိုများပေလိမ့်မည်။
...တတိယအဆင့် ကုန်ကြမ်းတွေကို ဘယ်လို ရှာရမလဲ......
စုယွီ တစ်ယောက်တည်း တွေးတောရင်း တာအိုဆရာ တောင်ပြား၏ ဂူစံအိမ်ထဲက ကျောက်စိမ်းသေတ္တာတွေကို ဖွင့်ကြည့်လိုက်သည်။
‘ဒီရှေးဟောင်း ကျောက်စိမ်းသေတ္တာတွေက ပစ္စည်းသိမ်းဆည်းဖို့တော့ တကယ်ကို ရှယ်ပဲ။
ဒါပေမဲ့ ရှေးခေတ်ကနေ အခုထိ ဆိုတော့... သေတ္တာထဲက ပစ္စည်းတော်တော်များများက ဖုန်မှုန့်တွေ ဖြစ်ကုန်ကြပြီ။’
စုယွီ သေတ္တာ ဒါဇင်ဝက်လောက် ဖွင့်ကြည့်သော်လည်း အားလုံးက ဗလာဟင်းလင်း ဖြစ်နေကြ၏။
နောက်ဆုံး သေတ္တာတစ်လုံးကို ဖွင့်လိုက်ချိန်မှာတော့... စုယွီ၏ ဝိညာဉ်အာရုံက အတွင်းဘက်ကို ထိုးဖောက်ကြည့်လိုက်ရာ၊ အဝတ်အစားအချို့မှာ လေနှင့် ထိတွေ့သည်နှင့် ပြာအဖြစ် ပြောင်းလဲသွား၏။ သို့သော်လည်း အဝါနုရောင် ပိုးသား ဖီးနစ်ဂါဝန်ရှည်ကြီး တစ်ထည်ကမူ မပျက်မစီး ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဂါဝန်ကြီးက ခမ်းနားထည်ဝါလွန်းလှ၏။ သေတ္တာထဲတွင် ဖျော့တော့သော အလင်းရောင်လေးများ ထွက်ပေါ်နေပြီး၊ ကြည့်လိုက်သည်နှင့် ရှေးခေတ်က ကျင့်ကြံသူ အမျိုးသမီး တစ်ဦးကို မြင်ယောင်လာစေသည်။
ဂါဝန်ထံမှ ထွက်ပေါ်နေသော မှော်လက်နက် အရှိန်အဝါကို ခံစားမိသောအခါ စုယွီ အံ့ဩသွားမိ၏။
...ဟာ... ဒါ အကောင်းဆုံးအဆင့် မှော်လက်နက်လား... နေဦး... မဟုတ်သေးပါဘူး... အဆင့်မြင့်ဆုံးနဲ့ တစ်ဝက်တစ်ပျက်ပဲ တူတယ်...
သူသည် စိတ်အာရုံဖြင့် ထိုဂါဝန်ကို သေတ္တာထဲမှ ထုတ်ယူလိုက်ပြီး၊ ဝိညာဉ်စွမ်းအားဖြင့် ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။
အဝါနုရောင် ဂါဝန်ရှည်ကြီးမှာ ခမ်းနားလွန်းသဖြင့် စုယွီ ပြုံးလိုက်မိ၏။ သူသည် ထိုဂါဝန်ကို ချန်ခွန်အိတ်ထဲ ထည့်လိုက်သည်။
...မဆိုးပါဘူး... ဒီခရီးကနေ အိမ်အပြန် လက်ဆောင် ရတာပေါ့...
ဆက်လက်၍ အခြား ကျောက်စိမ်းသေတ္တာ တစ်လုံးထဲတွင် ထိုဂါဝန်နှင့် လိုက်ဖက်မည့် မှော်လက်နက် အဆင်တန်ဆာ တစ်စုံကို ရှာတွေ့လိုက်ပြန်သည်။ တောက်ပသော ရွှေရောင် ဆံထိုး၊ နားကပ်များနှင့် တတိယအဆင့် ဝိညာဉ်ကျောက်ဖြူများဖြင့် စီခြယ်ထားသော ဖီးနစ်သရဖူ တစ်ခု။
ဒီအဆင်တန်ဆာတွေ အားလုံးက မှော်လက်နက်တွေချည်း ဖြစ်ပေသည်။ တစ်ခုချင်းစီက ထိပ်တန်း မှော်လက်နက်တွေ ဖြစ်သော်လည်း၊ အားလုံးပေါင်းစပ်လိုက်လျှင် အဆင့်မြင့်ဆုံး မှော်လက်နက်နီးပါး အစွမ်းထက်လာမည့် အဆင်တန်ဆာ အစုံအလင် ဖြစ်၏။
ကြည့်လိုက်တာနှင့်တင် သာမန် မဟုတ်မှန်း သိသာလှပေသည်။
စုယွီ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ပြီး တွေးလိုက်မိ၏။
...ဒီလက်ဝတ်ရတနာတွေက စောစောက အဝတ်အစားနဲ့ တစ်စုံတည်း ထင်တယ်...
ဒါဆိုရင် အဆင့်မြင့်ဆုံး မှော်လက်နက် (၂) ခုနဲ့ ညီမျှနေပြီပေါ့။
ထိုရတနာများအပြင် အခြားသော အမျိုးသမီးသုံး ပစ္စည်းအချို့ကိုလည်း ရှာတွေ့လိုက်သဖြင့် စုယွီ တွေးတောနေမိသည်။
...ဒါတွေက တာအိုဆရာ တောင်ပြားရဲ့ ဇနီး ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ ပစ္စည်းတွေ ဖြစ်ရမယ်...
အခန်း (၂၂၂) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ (အပိုင်း - ၂)
~တကယ့်ကို မဆိုးလှချေ။
မထင်မှတ်ထားသော ရိတ်သိမ်းမှုတစ်ခု ဖြစ်ပေ၏။
ရှေးဟောင်း ကျောက်စိမ်းသေတ္တာ အားလုံးကို ဖွင့်ဖောက်ပြီးနောက် စုယွီသည် အလယ်အလတ်အဆင့် ဝိညာဉ်ကမ္ပည်းပြား တစ်ထောင်ကျော်၊ ကျင့်စဉ် အချို့နှင့် ရှေးဟောင်းစာအုပ်များကို အဝတ်အစားနှင့် လက်ဝတ်ရတနာများအပြင် ထပ်မံ ရှာဖွေတွေ့ရှိလိုက်သည်။
သူသည် ကျင့်စဉ်များနှင့် ရှေးဟောင်းစာအုပ် တစ်အုပ်ချင်းစီကို အသေးစိတ် ဖတ်ရှုစစ်ဆေးလိုက်၏။
ထိုဂူစံအိမ်အတွင်း၌ မတူညီသော ကျင့်စဉ် (၁၁) မျိုး ရှိသည်။ ထိုအထဲမှ (၂) မျိုးမှာ အမြုတေဖွဲ့စည်းခြင်း အဆင့်အထိ ကျင့်ကြံနိုင်သော ကျင့်စဉ်များ ဖြစ်ကြပြီး သစ်သားဓာတ်နှင့် ရွှေဓာတ်တို့အတွက် တစ်မျိုးစီ ဖြစ်၏။ ကျန်ရှိသော (၉) မျိုးမှာမူ အခြေခံတည်ဆောက်ခြင်း အဆင့်အထိသာ ဖြစ်သော်လည်း ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ကြီးငါးပါးလုံး ပါဝင်နေသည်မှာ ထူးခြားလှပေသည်။
ရှေးဟောင်းစာအုပ်များမှာမူ အများအားဖြင့် ခရီးသွားမှတ်တမ်းများ၊ ရှေးဟောင်း ဒဏ္ဍာရီများနှင့် ဗဟုသုတ ဖြစ်ဖွယ်ရာ ကျမ်းစာများသာ ဖြစ်ကြ၏။
ဤကျင့်စဉ်များနှင့် ရှေးဟောင်းစာအုပ်များကို မြင်လိုက်ရသောအခါ စုယွီသည် ရင်ထဲ၌ များစွာ ပီတိဖြစ်မိပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
...ရှယ်ပဲဟေ့... ဒီပစ္စည်းတွေက ငါ့မိသားစုရဲ့ အုတ်မြစ်ကို ပိုပြီး ခိုင်မာသွားစေမှာ သေချာတယ်...
သူ့အတွက် ဤပစ္စည်းများက မလိုအပ်သော်လည်း စုမိသားစုအတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ပေသည်။
မိသားစု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဤအရာများ၏ တန်ဖိုးမှာ ပိုမို ပေါ်လွင်လာပေလိမ့်မည်။
ထို့ပြင် စုမိသားစု၏ တိုးတက်မှုနှုန်း ရပ်တန့်သွားခြင်းမှလည်း ကာကွယ်ပေးနိုင်မည် ဖြစ်ပေသည်။
---
တစ်ရက် ကြာပြီးနောက်။
ဂူစံအိမ်၏ ခမ်းနားသော ဧည့်ခန်းမဆောင် အတွင်း၌ ဖြစ်သည်။
တာအိုမိတ်ဆွေ ရှုယွီ ရောက်ရှိလာ၏။ အစိမ်းနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး အစေခံမိန်းကလေး တစ်ဦးကဲ့သို့ ရိုသေစွာ လက်ဖက်ရည် တည်ခင်းပေးနေသော အင်မော်တယ် ဇီယန်ကို မြင်သောအခါ ရှုယွီသည် အံ့အားသင့်စွာဖြင့် စုယွီကို ကြည့်ကာ မေးမြန်းလိုက်သည်။
"မိတ်ဆွေစု... မိတ်ဆွေဇီယန်က ဘာလို့ ဒီမှာ ဒီလို လုပ်နေရတာလဲဗျ"
စုယွီ မဖြေကြားမီမှာပင် အင်မော်တယ် ဇီယန်က ခေါင်းငုံ့လျက် တိုးတိုးလေး ဝင်ရောက်ပြောဆိုလိုက်၏။
"ကျွန်မ ဒီနေ့ကစပြီး သူ့နောက်ကိုပဲ တစ်သက်လုံး လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ရှင်"
စုယွီက လက်ကို ဝှေ့ယမ်း၍ သူမအား နောက်ဆုတ်သွားရန် အမိန့်ပေးလိုက်သည်။ ဇီယန်က လိမ္မာစွာဖြင့် နောက်ဆုတ်သွားမှသာ သူသည် တာအိုမိတ်ဆွေ ရှုယွီဘက်သို့ လှည့်၍ ပြောလိုက်၏။
"မိတ်ဆွေဇီယန်က ကျွန်တော့် စုမိသားစုထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်လို့ပါဗျာ"
ရှုယွီ၏ အကြည့်များက အနည်းငယ် လှုပ်ခတ်သွားပြီး တုံ့ပြန်လိုက်သည်။
"ဪ... အဲလိုလား... ဒါနဲ့ မိတ်ဆွေစု... မကြာခင်က ခင်ဗျားတို့ နှစ်ယောက် တာ့ယွဲ့ တောင်တန်းထဲကို ဝင်သွားတယ်လို့ ကြားမိတယ်နော်"
"ပြီးတော့ ကျွန်တော် သိသလောက်ဆိုရင်... ရတနာတစ်ရာ တောင်ကုန်းရဲ့ ခေါင်းဆောင် တာအိုဆရာတဲ့ရွှမ် လည်း အဲဒီအချိန်ဝန်းကျင်မှာ လူတွေခေါ်ပြီး တောင်ထဲ ဝင်သွားတယ် ဆိုပဲ"
"ခင်ဗျားတို့ အထဲမှာ သူတို့နဲ့ မဆုံမိကြဘူးလား ဗျို့"
သူတို့ ဆုံမိရုံတင်မကဘဲ အားလုံးက ဇီယန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် စုယွီက ထိုအချက်ကို မည်သို့ ထုတ်ပြောပါမည်နည်း။
စုယွီသည် မျက်ခုံးကြုတ်လျက် နားမလည်ဟန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"တာအိုဆရာ တဲ့ရွှမ် တဲ့လား... ကျွန်တော် သူ့ကို သိပ်မသိဘူးဗျ... တစ်ခါပဲ ဆုံဖူးတာ... သူ တောင်ထဲ ဝင်သွားတယ် ဆိုတာလည်း ကျွန်တော် တကယ် မသိပါဘူးဗျာ"
"သူ့ဆီမှာ တစ်ခုခု ကိစ္စရှိလို့လား... မိတ်ဆွေရှုယွီ"
ထိုအခါ၊
ရှုယွီက ခေါင်းခါယမ်းလျက်၊
"ဘာမှတော့ မဟုတ်ပါဘူးဗျာ... သူနဲ့အတူ တောင်ထဲ ဝင်သွားတဲ့ သူတွေရဲ့ ဝိညာဉ်ကမ္ပည်းပြားတွေ အကုန် အက်ကွဲကုန်ပြီလို့ ကြားလို့ပါ... အခုဆိုရင် သူတို့ရဲ့ တပည့်တွေလည်း လူစုကွဲပြီး ဂိုဏ်းပျက်သလောက် ဖြစ်နေပြီဗျို့"
တဆက်တည်း၌၊ ရှုယွီသည် စုယွီ၏ မျက်နှာရိပ် မျက်နှာကဲကို ဖမ်းလိုက်သော်လည်း ထူးခြားသည့် အရိပ်အယောင် တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ပေ။
ရောက်တတ်ရာရာလေးများ ..အနည်းငယ် ပြောဆိုပြီးနောက်၊
စုယွီက မေးလိုက်သည်။
"ဝိညာဉ်အမြစ် အများအပြားကို တပြိုင်နက် ကျင့်ကြံတဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများ ရထားသလားဗျ"
တာအိုမိတ်ဆွေ ရှုယွီသည် မျက်ခုံးအနည်းငယ် ကြုတ်လျက် ခေတ္တ စဉ်းစားပြီးနောက် ရှင်းပြလေတော့၏။
"ဒီနယ်ပယ်က သတင်းအချက်အလက်တွေက တကယ် ရှားပါးတယ်ဗျာ... ဒါကြောင့် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်... ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး"
"မိတ်ဆွေစုအနေနဲ့ ဝိညာဉ်အမြစ် အများအပြား ကျင့်ကြံတဲ့ နည်းလမ်း ဒါမှမဟုတ် ကျင့်စဉ်တွေကို ရှာချင်တယ် ဆိုရင်တော့... ဒီ တာ့ယွဲ့ စီရင်စုထဲမှာ ရှာဖို့ဆိုတာ တော်တော် ခက်လိမ့်မယ်ဗျ... ဘာလို့လဲဆိုတော့ ဒီမှာ ဝိညာဉ်အမြစ် နှစ်ပါးတောင် တပြိုင်နက် ကျင့်ကြံနိုင်တဲ့ အမြုတေဖွဲ့စည်းခြင်း အရှင်သခင် မပေါ်ထွက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီကိုး"
"ဒီထက် ပိုတဲ့သူတွေ ဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့ဗျာ"
"ဒါပေမဲ့... ဝိညာဉ်အမြစ် အများအပြား၊ ဒါမှမဟုတ် ဓာတ်ကြီးငါးပါးလုံးကို တပြိုင်နက် ကျင့်ကြံတဲ့ သတင်းတွေ ရနိုင်မယ့် နေရာတစ်ခုတော့ ရှိပါတယ်"
စုယွီ၏ မျက်လုံးများ အရောင်တောက်ပသွားပြီး မေးလိုက်၏။
"ဘယ်နေရာလဲ ဗျာ"
"တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ ဗဟိုနယ်မြေလေဗျာ... အဲဒီနေရာက ကျွန်တော်တို့ ကျင့်ကြံခြင်း လောကရဲ့ အဓိက အချက်အချာပဲ... တာ့ယွဲ့ စီရင်စုတို့၊ ဖုန်းလော့ စီရင်စုတို့ ဆိုတာ သူနဲ့ ယှဉ်လိုက်ရင် ဖုန်မှုန့်လေးတွေလောက်ပဲ ရှိတာဗျို့"
"ခင်ဗျားတို့ စုမိသားစုရဲ့ ဆေးလုံးတောင်နဲ့ တာ့ယွဲ့ စီရင်စု တစ်ခုလုံးကို နှိုင်းယှဉ်သလိုမျိုး ကွာခြားတာပေါ့"
"အဲဒီမှာဆိုရင်တော့ မိတ်ဆွေစု ရှာနေတဲ့ သဲလွန်စတွေနဲ့ အခွင့်အလမ်းတွေကို တွေ့နိုင်ကောင်းပါရဲ့ ဗျာ"
သို့သော် ရှုယွီသည် စကားကို ရုတ်တရက် ဖြတ်ကာ သတိပေးလိုက်ပြန်၏။
"ဒါပေမဲ့... အဲဒီကို သွားဖို့တော့ ကျွန်တော် မတိုက်တွန်းချင်ဘူးဗျ... ဘာလို့လဲဆိုတော့ တာ့ယွဲ့ စီရင်စုကနေ သွားရမယ့် ခရီးက အရမ်းရှည်သလို၊ အန္တရာယ်လည်း အရမ်းများလွန်းလို့ပဲ... အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်တွေတောင် ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်တဲ့ နေရာမျိုးမှာ... အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် အနေနဲ့ ဆိုရင်တော့..."
သူသည် အင်မော်တယ် ဇီယန် တည်ခင်းပေးထားသော ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ဆက်လက် ပြောဆိုသည်။
"အရင်က ကျွန်တော်တို့ တာ့ယွဲ့ စီရင်စုမှာ ပြဿနာရှာခဲ့တဲ့ မိစ္ဆာ အင်အားစုတွေလေ... သူတို့က အဲဒီ ဗဟိုနယ်မြေကို သွားတဲ့ လမ်းကြောင်းတွေပေါ်မှာ ချောင်းမြောင်းနေကြတာဗျ... အဲဒီ မိစ္ဆာကောင်တွေက အရမ်းရက်စက်တယ်... မိတ်ဆွေစုသာ သူတို့နဲ့ ဆုံမိရင်တော့... အခြေအနေက မတွေးရဲစရာပဲ"
ထိုအခါ၊ စုယွီ၏ မျက်ခုံးများမှာ တင်းကျပ်စွာ တွန့်ချိုးသွားသည်။
သူသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာအကြောင်းကို မစိမ်းလှပေ။ စာအုပ်များစွာနှင့် ခရီးသွားမှတ်တမ်းများတွင် ဖတ်ဖူးပြီးသား ဖြစ်၏။
ထိုနေရာ၌ အခွင့်အလမ်းများ ရှိနိုင်သည်ကို သူ မသံသယဖြစ်သော်လည်း၊ ယခုအချိန်တွင် ထိုမျှ ဝေးလံသော ခရီးကို သွားရန် သူ မစဉ်းစားသေးပေ။
နယ်မြေ မကျွမ်းကျင်ခြင်းကို ခေတ္တ ဘေးဖယ်ထားဦး။ သူ၏ လက်ရှိ အင်အား တစ်ခုတည်းနှင့်တင် ထိုခရီးကို သွားရန်မှာ မဖြစ်နိုင်မှန်း သူ ကောင်းစွာ သိထားပါသည်။
စုယွီက သက်ပြင်းချလျက် ခေါင်းခါယမ်းကာ ဆိုသည်။
"မိတ်ဆွေက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီဗျာ... ကျွန်တော့်မှာ အဲဒီလောက် ကျယ်ပြောတဲ့ နယ်မြေကြီးကို ဖြတ်ကျော်ပြီး ဗဟိုနယ်မြေအထိ သွားနိုင်တဲ့ အစွမ်း မရှိပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ၊ တာအိုမိတ်ဆွေ ရှုယွီက တဟားဟား ရယ်မောလိုက်သည်။
"ကျွန်တော်လည်း အတူတူပါပဲဗျာ... ကျွန်တော်ကိုယ်တိုင်လည်း တာ့ယွဲ့ စီရင်စုထဲကနေ တစ်ခါမှ အပြင်မထွက်ဖူးသေးဘူး... ဂိုဏ်းက စီနီယာတွေ ပြောတာပဲ ကြားဖူးတာပါ... အဲဒီက ကျင့်ကြံခြင်း လောကက တကယ်ကို စည်ကားထွန်းကားလွန်းတာ... ဒီမှာ ဆိုရင် အခြေခံတည်ဆောက်ခြင်း အဆင့်က အတော်လေး အစွမ်းထက်တယ်လို့ ပြောလို့ရပေမယ့်... အဲဒီမှာတော့... ဟူး..."
ရှုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလျက် စကားကို ဆက်မပြောတော့ဘဲ အခြား အကြောင်းအရာ တစ်ခုသို့ ပြောင်းလဲလိုက်တော့သည်။
ခေတ္တအကြာတွင်...
စုယွီသည် ကုန်ကြမ်းပစ္စည်း စာရင်းတစ်ခုကို ရှုယွီအား ကမ်းပေးလိုက်ပြီး မှာကြားလိုက်၏။
"ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး... ဒီပစ္စည်းတွေကို စုဆောင်းပေးဖို့ ကျွန်တော့်ကို ကူညီပေးနိုင်မလား ဗျာ"