← Chapters

အခန်း (၅၃၆၆-၅၃၇၀)

Vol. 272 Ch. 5366-5370

အခန်း (၅၃၆၆-၅၃၇၀)

Vol. 272 Ch. 5366-5370

5366

ရှောင်မိသားစုဝင်များ၏ အသနားခံ တောင်းပန်သံများကို ရင်ဆိုင်ရသော်လည်း လုယွီ၏စိတ်နှလုံးသားသည် လှုပ်ခတ်ခြင်း မရှိခဲ့ချေ။

သူ၏အမူအယာသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ မဟာချင်စစ်သားများသည် သူတို့၏ သံမဏိဓားများကို ဆွဲထုတ်ကာ အားကုန်ခုတ်ပိုင်းလိုက်ကြသည်။

"အရှင်ဧကရာဇ်... ရှောင်မိသားစုက အမှားကို သိပါပြီ..."

ရှောင်မိသားစုဝင်များသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုံး၌ သူတို့အားလုံး ကြောက်ရွံ့လာကြလေပြီ။

သို့သော် ဓားသွားများ အသားထဲသို့ စိုက်ဝင်သွားသည့်အသံများ တစ်သံပြီးတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။ ထိုသံမဏိဓားများ ကျဆင်းလာသည်နှင့် လက်ရှိနေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များအားလုံး ချက်ချင်းပင် သတ်ဖြတ်လိုက်ရာ သွေးများက မြစ်ပြင်ကဲ့သို့ စီးဆင်းသွားတော့သည်။

ရှောင်မိသားစုဝင် အကြီးအကဲတစ်ဦးသည် သွေးအိုင်ထဲတွင် တုန်ရီစွာဖြင့် မတ်တတ်ရပ်နေရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။

"အာဏာရှင်ဆန်တဲ့ကောင်... မင်းက နောက်ပိုင်းကျရင် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်..."

"မင်းတို့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ခုထိ ရှင်းရှင်းလင်းလင်း မသိဘူးလား... ကောင်းကင်တာအိုလမ်းစဉ်မှာ သံသရာလည်ပတ်မှု ရှိတယ်... ဒါက မင်းတို့ ခံစားရမယ့် ဝဋ်ကြွေးပဲ..."

လုယွီ၏အကြည့်များသည် အေးစက်နေပြီး သူ၏ရှေ့တွင် ရှောင်မိသားစုဝင်များအားလုံး သေဆုံးသွားသည်ကို ကြည့်ရှုနေခဲ့သည်။

သွေးများက မြေပြင်ပေါ်၌ အိုင်ထွန်းနေကာ မရေမတွက်နိုင်သော အုတ်ခဲများနှင့်ကျောက်တုံးများပေါ်တွင် သွေးများဖြင့် နီမြန်းနေသည်။

မျိုးရိုးစဥ်ဆက် ထင်ရှားကျော်ကြားခဲ့သော မိသားစုကြီးတစ်စုသည် လုယွီ၏ တစ်ကိုယ်တော် ဝင်ရောက်စီးနင်းမှုအောက်တွင် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ရှောင်အိမ်တော်ကို အမြဲတစေ လွှမ်းခြုံထားခဲ့သော မြူခိုးများသည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ လွင့်ပြယ်သွားပြီး ရှောင်အိမ်တော်၏ အစစ်အမှန်သွင်ပြင်ကို ဖော်ထုတ်ပြသလိုက်သည်။

မရေမတွက်နိုင်သော အကြည့်များသည် ဝေ့ဝိုက်၍ ကျရောက်လာကြပြီး လူများအားလုံးသည် ဤပျက်စီးမှုမြင်ကွင်းကို မြင်တွေ့လိုက်ချိန်၌ သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားကြသည်။

အစောပိုင်းက လီစစ်၏မင်္ဂလာပွဲတွင် ပြဿနာရှာခဲ့သော ရှောင်မိသားစုမှလူသည် သာမန် ရှောင်မိသားစုဝင်တစ်ဦးသာ ဖြစ်သည်။

ရှောင်မိသားစုသည် အတိတ်ကထက် သာလွန်သော အင်အားကို ပြသခဲ့ပြီးဖြစ်ရာ လူများအားလုံးက လုယွီ၏ တစ်ကိုယ်တော် ဝင်ရောက်စီးနင်းမှုသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့၏ မျှော်လင့်ချက်များထက် များစွာပို၍ လွန်ကဲနေခဲ့သည်။

လုယွီ ဝင်ရောက်လာချိန်မှ ယခုအချိန်အထိ နှစ်နာရီခန့်သာ ကြာမြင့်သေးသည်။

ကောင်းကင်ကြီးသည် လင်းထိန်နေဆဲဖြစ်ပြီး ညနေဆည်းဆာပင် မရောက်ရှိသေးသော်လည်း ရှောင်အိမ်တော်သည် အလောင်းများ တောင်ပုံရာပုံနှင့် သွေးပင်လယ်ကြီး ဖြတ်သန်းစီးဆင်းနေသော နေရာတစ်နေရာ ဖြစ်လာခဲ့လေပြီ။

"မင်းတို့ မြင်ကြလား... ရှောင်မိသားစုက လူတွေအားလုံး သေသွားပြီ..."

"ဒါက ရက်စက်လွန်းတယ်... အရင်တုန်းက ရှမိသားစုတောင်မှ ဒီလောက်အထိ ဆက်ဆံမခံခဲ့ရဘူး..."

လူအမြောက်အများသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူတို့၏မျက်ခွံများ တုန်ရီနေကြ၏။

ယခင်က ထင်ရှားကျော်ကြားသော ထိပ်သီးမိသားစုများသည် ယခုအချိန်၌ ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်နေကြသည်။ ရှောင်မိသားစုသည် အတိတ်တွင် မည်မျှထိ အင်အားကြီးခဲ့ကြောင်း သူတို့ ကောင်းစွာ သိရှိထားကြသည်။

လုယွီတစ်ဦးတည်းဖြင့် ထိုထင်ရှားကျော်ကြားသော မိသားစုကြီးတစ်စုလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားအား ပိုင်ဆိုင်ထားလေပြီ။

"ရှောင်မိသားစု ဘိုးဘေးလည်း သေသွားပြီ... ရှောင်ထျန်းယွမ်က တာအိုသခင်အဆင့်ကို ရောက်နေပြီလို့ ပြောကြပေမဲ့ အခုတော့ အရှင်ဧကရာဇ်ရဲ့လက်ထဲမှာ နှစ်နာရီတောင် ခံနိုင်ရည်မရှိခဲ့ဘူး..."

ဤသည်မှာ လောကကြီးတခွင်လုံးကို တုန်ခါစေသော သတင်းတစ်ခုပင်။

နက်ရှိုင်းသော အမွေအနှစ်များနှင့် လျှော့တွက်၍မရသော အင်အားကို ပိုင်ဆိုင်ထားသည့် ထင်ရှားကျော်ကြားသော ထိပ်သီးမိသားစုကြီးများသည် လူအများ၏မှတ်ဉာဏ်ထဲတွင် ကြာမြင့်စွာကတည်းက စွဲထင်နေခဲ့ကြသည်။

ယခုအချိန်တွင် လုယွီသည် စွမ်းအားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်က အင်အားကြီးမား၍ ခမ်းနားထည်ဝါခဲ့သော မိသားစုများကို နှစ်အနည်းငယ် အတွင်းမှာပင် အညံ့ခံစေကာ သူ၏ရှေ့မှောက်၌ ဦးညွှတ်စေခဲ့သည်။

တချို့လူများက နောင်တရနေကြပြီး ဤသို့ဖြစ်မည်မှန်း သိခဲ့လျှင် သူတို့မိသားစု၏မျိုးဆက်များကို လုယွီနှင့် ပို၍ထိတွေ့ဆက်ဆံခိုင်းသင့်သည်ဟု တွေးတောနေကြ၏။

မဟာချင်နန်းတော်တွင် လုယွီ၏ မိတ်ဆွေဟောင်းများဖြစ်ကြသော လီစစ် ချင်လုရှန်းနှင့် ကျန်းပေါင်ရှင်းစသည့် လူများသည် နယ်စားများနှင့်အမတ်ချုပ်များအဖြစ် ခန့်အပ်ခံရပြီး တစ်ချိန်က နတ်ဆိုးဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးသော လန်ဝူရှင်းပင်လျှင် ယခုအချိန်၌ အမတ်ကြီးကိုးဦးအနက်မှ တစ်ဦးအဖြစ် ရာထူးရယူနိုင်ခဲ့လေပြီ။

လူများအားလုံး တက်ကြွစွာ ဆွေးနွေးနေကြစဉ်မှာပင် လုယွီ၏ခမ်းနားထည်ဝါသော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

"ငါအရှင်ရဲ့အမိန့်တော်ကို နာခံစေ... ရှောင်မိသားစုရဲ့ မိသားစုခွဲတွေက လူတွေအားလုံး နှစ်ပေါင်းတစ်ရာကြာအောင် ကျင့်ကြံခြင်း မပြုလုပ်ရဘူး..."

စကားလုံးများက ဥပဒေဖြစ်လာသကဲ့သို့ ခမ်းနားထည်ဝါသော ဤအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။

ကောင်းကင်နှင့်မြေပြင်သည် ရုတ်တရက် တုန်ခါလာပြီး အမှောင်ထုထဲရှိ လေဟာနယ်အတွင်းတွင် ရှိနေသော ကောင်းကင်တာအို ဥပဒေသများ နေရာတိုင်း၌ ပြည့်နှက်သွားသည်။

အချိန်တခဏအတွင်းမှာပင် ရှောင်မိသားစုဝင်များ၏ သနားစဖွယ် ငိုကြွေးသံများသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူတို့၏ကျင့်ကြံခြင်းများ ဖယ်ရှားခံရပြီး နောက်ဆုံးတွင် မည်သည့်စွမ်းအားမျှ မရှိတော့သော အခြေအနေသို့ ရောက်ရှိသွားသည်ကို သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည်။

ဤသည်မှာ ကျင့်ကြံသူများအတွက် ကြီးမားသော နှိပ်စက်မှုကြီးတစ်ခုပင်။

နှစ်ပေါင်းတစ်ရာအတွင်း ရှောင်မိသားစုဝင်များအားလုံးသည် သေမျိုးများ ဖြစ်လာကြလေပြီ။

သူတို့၏ သက်တမ်းသည် အားနည်းသွားပြီး တိမ်တိုက်များပေါ်တွင် ပျံသန်းခြင်း သို့မဟုတ် မြူခိုးများ စီးနင်းခြင်းတို့ကို မပြုလုပ်နိုင်တော့ချေ။ သူတို့သည် အမျိုးမျိုးသော မှော်နည်းစနစ်များကိုလည်း ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိတော့သဖြင့် တိမ်တိုက်များပေါ်မှ ချောက်နက်နက်ကြီး၏အောက်ခြေသို့ ပြုတ်ကျသွားခဲ့သည့်အလားပင်။

Chapter 5367

မကြာမီ အချိန်အတွင်းမှာပင် ရှောင်မိသားစု ကျဆုံးသွားတော့မည်ကို မှန်းဆကြည့်၍ ရနိုင်သည်။

လှိုင်းကြီးလေထန်သည့် အခြေအနေမျိုးတွင် သဲများမကျန် ဆေးကြောသုတ်သင် ခံလိုက်ရပြီး မရေမတွက်နိုင်သော အင်အားစုများသည် ရှောင်မိသားစု၏ ပိုင်ဆိုင်မှုများကို မျက်စိကျနေကြလေပြီ။ ယခုအချိန်၌ ရှောင်မိသားစု ကျဆုံးသွားပြီ ဖြစ်သဖြင့် သူတို့ ပိုင်ဆိုင်ခဲ့သော ပိုင်ဆိုင်မှုများကို တခြားအင်အားစုတစ်စုက ချက်ချင်းသိမ်းပိုက်ကြပေတော့မည်။

"ငါတို့ရဲ့ ကျင့်ကြံခြင်းတွေကို ပြန်ပေး..."

မရေမတွက်နိုင်သော ရှောင်မိသားစုဝင်များသည် ယောင်ယမ်းကာ အော်ဟစ်လိုက်ကြ၏။

သူတို့၏ကျင့်ကြံခြင်းများ ဖယ်ရှားခံလိုက်ရသည်ကို သူတို့ လက်ပိုက်ကြည့်နေခဲ့ရပြီး သူတို့အနက်မှအများစုသည် မသန်မစွမ်းများ ဖြစ်သွားခဲ့ကြသည်။

သူတို့သည် ရှောင်မိသားစု၏တိုက်ရိုက်မျိုးဆက်များ မဟုတ်သဖြင့် အသက်ရှင်ရက် လွတ်မြောက်ခဲ့ကြသော်လည်း ယခုအချိန်၌ သူတို့၏အသက်ရှင်ခြင်းသည် သေခြင်းထက် ဆိုးရွားနေသည်။

ဤမြင်ကွင်းကို မရေမတွက်နိုင်သော ထိပ်သီးမိသားစုများက မြင်တွေ့ခဲ့ကြသည်။

ကျန်းမိသားစုသည် တိတ်ဆိတ်နေကာ....

ဝေ့မိသားစုသည်လည်း ငြိမ်သက်နေပေ၏။

လုယွီနှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိသော လုမိသားစုသည်ပင် တိတ်ဆိတ်နေခဲ့သည်။

ရှောင်မိသားစုသည် ယုတ်မာသော နည်းလမ်းများကို အသုံးပြုကာ တော်ဝင်အာဏာကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး အဆင်ခြင်မဲ့သော သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သဖြင့် ဤသည်မှာ သူတို့၏ကံကြမ္မာပင်။

နှစ်နာရီခန့်သာ ကြာမြင့်သော အချိန်အတွင်း၌ တစ်ချိန်က ထင်ရှားကျော်ကြားပြီး ခမ်းနားထည်ဝါကာ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သော ရှောင်မိသားစုသည် သမိုင်းတွင်သာ ကျန်ရစ်ခဲ့လေပြီ။ မရေမတွက်နိုင်သော အဆောက်အအုံများ ပြိုကျနေပြီး ရှောင်မိသားစုဝင်များ၏ အလောင်းများ ပြန့်ကျဲနေခြင်းက အင်အားကြီးမားသော မိသားစုကြီးတစ်စု၏ကျဆုံးခြင်းကို သက်သေပြနေသည်။

"ဒီရှောင်မိသားစုကလည်း ကိုယ့်သေတွင်း ကိုယ်တူးတာပဲ... အမတ်ချုပ်ကြီးရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးရုံတင်မကဘူး... အရှင်ဧကရာဇ်ကို ထီးနန်းလွှဲပြောင်းပေးဖို့တောင် တောင်းဆိုချင်နေသေးတယ်... ဒါက သေလမ်းရှာနေတာ မဟုတ်လား..."

လူအများက အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြပြီး ရှောင်မိသားစု၏ဘေးဒုက္ခရောက်မှုအပေါ် စာနာမှုကို မပြသကြချေ။

ယခုချိန်တွင် မဟာချင်အင်ပါယာ နိုးထလာခဲ့ပြီး လူအများသည် အမေ့လျော့ခံ ဤရှေးဟောင်းအင်ပါယာ အကြောင်းကို သိရှိလာခဲ့ကြသည်။ လုယွီသည် လူသားဧကရာဇ်ဓား၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကြားရှိ သက်ရှိများအားလုံးမှ အသိအမှတ်ပြုထားသော အထွတ်အထိပ် အရှင်သခင်ပင်။

ထိုနေ့က မဟာချင်ကို တည်ထောင်လိုက်ချိန်၌ တာယွီဟူသော အင်ပါယာအမည်ကို မဟာချင်ဟု တိုက်ရိုက်ပြောင်းလဲခဲ့ခြင်းသည် ကောင်းကင်ဘုံအင်ပါယာတစ်ခုအတွက် ကြီးမားသော တားမြစ်ချက်တစ်ခုပင်။

သို့သော် လုယွီသည် တိုက်ရိုက်ပြောင်းလဲခဲ့ပြီး တာယွီသည် မျက်စိတစ်မှိတ်အတွင်း မဟာချင် ဖြစ်လာခဲ့ရာ ကျိုးမိသားစုပင်လျှင် ပြောစရာစကားမရှိ ဖြစ်ခဲ့ရသည်။

အရာအားလုံးသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ ဥပဒေသများ၏ အသိအမှတ်ပြုမှုကြောင့်ပင်။

လုယွီ၏ ဧကရာဇ်အာဏာသည် ရှေးဟောင်းလူသားဧကရာဇ်ထံမှ ဆင်းသက်လာခြင်း ဖြစ်ပြီး မည်သူမျှ ထီးနန်းပလ္လင်ကို သူ့ထက်ပို၍ တရားဝင် ပိုင်ဆိုင်နိုင်ခြင်း မရှိချေ။ သူသည် တစ်ချိန်က တာယွီ၏လက်အောက်ငယ်သား ဖြစ်ခဲ့သော်လည်း ကောင်းကင်ဘုံနယ်မြေရှိ လူသားမျိုးနွယ်စုသည် လူသားဧကရာဇ်ဓားကိုသာ အသိအမှတ်ပြုကြသည်။ ယခုအချိန်၌ လူသားဧကရာဇ်ဓားအပြင် လူသားဧကရာဇ်ကိုယ်တိုင်ကလည်း လုယွီကို အသိအမှတ်ပြုလိုက်ပြီဖြစ်ရာ ရှေးရိုးစွဲသော မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် မည်သည့်အပြစ်အနာအဆာမျှ ရှာမတွေ့နိုင်ကြချေ။

ယခုအချိန်တွင် ရှောင်မိသားစု ထွက်ပေါ်လာပြီး အာဏာသိမ်းရန် ရွေးချယ်လိုက်ခြင်းသည် မလျော်ကန်သောကိစ္စဖြစ်ကြောင်း သိသာထင်ရှားသည်။ အကယ်၍ ရှောင်မိသားစုက လုယွီ၏ထီးနန်းကို သိမ်းပိုက်ခဲ့လျှင်ပင် ထီးနန်းပလ္လင်ပေါ်တွင် ဘေးကင်းလုံခြုံစွာ ထိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

ရယ်ရွှင်ဖွယ်ကောင်းသောပြက်လုံးတစ်ခုသည် အလျှင်အမြန် ပြီးဆုံးသွားခဲ့လေပြီ။

ရှောင်မိသားစု ကျဆုံးပြီးနောက် လုယွီသည် လီစစ်အတွက် မင်္ဂလာပွဲ အခမ်းအနားကို အောင်မြင်ပြီးမြောက်အောင် ဆက်လက်၍ဆောင်ရွက်ပေးခဲ့သည်။

လုမိသားစုနှင့် လီစစ်၏နောက်ကွယ်မှ မိသားစုတို့သည် မည့်သည့်အပိုစကားမျှ မပြောခဲ့ကြချေ။ ကျင့်ကြံသူတစ်ဦး၏ မင်္ဂလာပွဲသည် သေမျိုးများ၏မင်္ဂလာပွဲနှင့် မတူဘဲ မင်္ဂလာပွဲအခမ်းအနားတွင် လက်စားချေရန် ကြိုးပမ်းခြင်းသည် အဆန်းမဟုတ်ချေ။

ထို့အပြင် လီစစ်၏မင်္ဂလာပွဲသည် ရှောင်မိသားစု ပျက်စီးခြင်းနှင့် ယှဉ်တွဲနေခဲ့သည်။

ဤအရာက လီစစ်၏မင်္ဂလာပွဲကို ပျက်စီးစေမည် မဟုတ်ဘဲ သူ့ကို ကျော်ကြားစေပေလိမ့်မည်။ ယခုချိန်မှစ၍ ကျင့်ကြံခြင်းလောကတွင် လီစစ်၏နာမည်ဂုဏ်သတင်းသည် သေချာပေါက် မြင့်တက်လာပေလိမ့်မည်။

"သတို့သားနဲ့ သတို့သမီး အပြန်အလှန် ဂါရဝပြုကြပြီး မင်္ဂလာဦးခန်းမဆောင်ကို ဝင်လို့ရပါပြီ..."

အခမ်းအနားမှူး၏ ဂုဏ်ပြုအော်ဟစ်သံနှင့်အတူ သတို့သမီးကို အစေခံများက မင်္ဂလာခန်းထဲသို့ ပို့ဆောင်လိုက်ကြသည်။

လီစစ်ကမူ လူအုပ်ကြီး၏ တွန်းပို့မှုကြောင့် အားပါးတရ သောက်စားရန် ထွက်လာခဲ့ရသည်။

"အရှင်ဧကရာဇ်ရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လီစစ်သည် လုယွီအား အလွန်ကျေးဇူးတင်မိပေ၏။ ယနေ့ သူ အမှန်တကယ်ကို အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုရှောင်မိသားစုမှ လူသည် မယုံနိုင်လောက်အောင် မောက်မာသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ပံ့ပိုးမှုကို ရရှိထားသည်။ လုယွီကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကသာ အခြေအနေကို ဖိနှိပ်မပေးခဲ့လျှင် ဖြေရှင်းရန် အလွန်ခက်ခဲပေလိမ့်မည်။

လုယွီက ထိုကျေးဇူးတင်မှုကို တည်ငြိမ်စွာ လက်ခံလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှိနေသော လူများအားလုံးအား သူတို့၏စွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံးတိုးတက်အောင် လုပ်ဆောင်ရန် သတိပေးလိုက်သည်။

ရှေးဟောင်းငရဲနယ်မြေ ထွက်ပေါ်လာပြီးနောက် ပုန်းအောင်းနေသော မသေမျိုးအဆင့် မှော်လက်နက်များလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ပုံမှန်မဟုတ်သော အခြေအနေတစ်ရပ်ပင်။

အထူးသဖြင့် သူသည် အင်မော်တယ်သုတ်သင်ဓားဝိညာဉ်ကို ဖျက်ဆီးလိုက်သဖြင့် နောက်ကွယ်မှ မူလဘူတသက်ရှိ ဒေါသထွက်ခြင်းရှိမရှိကို သူ မသိနိုင်သေးချေ။

မဟာချင်အင်ပါယာအနေဖြင့် အင်အားတိုးတက်လာရန် လိုအပ်နေသေးပြီး ဤသည်မှာ သူတစ်ယောက်တည်းဖြင့် လုပ်ဆောင်၍ရသော ကိစ္စတစ်ရပ် မဟုတ်ပေ။

Chapter 5368

နွေဦးနှင့်ဆောင်းဦးကာလ တတိယနှစ် လေးလပိုင်း တစ်ရက်နေ့...

မဟာချင်နန်းတော်သည် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အမတ်ကြီးလျှူပင်းကျုံး ကိုယ်တိုင် ကြီးကြပ်မှုအောက်၌ တည်ဆောက်ပြီးစီးခဲ့လေ၏။

နန်းတော်တစ်ခုလုံးကို မိုးမြေဖျက်ဆီးနန်းတော် ၏ ဗိသုကာလက်ရာဟန်အတိုင်း တည်ဆောက်ထားပြီး ရှေးဟောင်းဖန်းနန်းတော် ၏ အင်္ဂါရပ်အချို့ကိုလည်း ထိန်းသိမ်းထားသည်။ ထိုနန်းတော်က မူပေါင်းတစ်သိန်း ကျယ်ဝန်းကာ နန်းဆောင်ပေါင်း ခုနစ်ဆယ့်နှစ်ဆောင် ရွှေရောင်ခန်းမဆောင် သုံးထောင်နှင့် မျှော်စင် ကိုးထောင် ပါဝင်လေသည်။ ခမ်းနားထည်ဝါသော ဗိသုကာလက်ရာများကြား၌ ရှေးဟောင်းခေတ်၏ အငွေ့အသက်များ လွှမ်းခြုံနေပေ၏။

နန်းတော်ကို စောင့်ရှောက်ရန် တာဝန်ယူထားသူများမှာ စစ်တပ်မှ ရွေးချယ်ထားသော လက်ရွေးစင်များ ဖြစ်သည့် မဟာချင်နန်းတွင်းကိုယ်ရံတော်များပင်။ သူတို့အနက်မှ အများစုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး မည်သည့်စစ်သည်မဆို ပြင်ပတွင် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်လာနိုင်သည်။

ယခုအချိန်၌ နန်းတွင်း၏အာရုံစိုက်မှုသည် ရှန်းယန်မြို့ တော်ဆီသို့ ရောက်ရှိနေပေ၏။

မင်္ဂလာပွဲပြီးနောက် လီစစ်သည်လည်း သူ၏ဇနီးသည်ကို ခေါ်ဆောင်ကာ ရှန်းယန်မြို့သို့ ရောက်ရှိလာပြီး အတွင်းဝန်အဖွဲ့ သို့ ဝင်ရောက်ခဲ့သည်။

စာပေသူတော်စင်ရီဟန်၏ လမ်းညွှန်မှုကြောင့် မဟာချင်အရာရှိများသည် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ပြီး အင်ပါယာ၏ထုံးတမ်းစဉ်လာများကို အလွန်လျင်မြန်သောနှုန်းဖြင့် သန့်စင်နေသည်။

မဟာချင်အင်ပါယာတစ်ခုလုံးသည် သာယာဝပြောသော လမ်းကြောင်းဆီသို့ ဦးတည်ရွေ့လျားနေသည်မှာ သိသာထင်ရှားလှ၏။

ယခုအချိန်၌ မဟာချင်နန်းတော်၏ နက်ရှိုင်းသော နေရာတစ်ခုတွင်...

အဆုံးမဲ့သော ငရဲစွမ်းချီအင် များသည် နဂါးတက်လှမ်းခြင်းခန်းမကို ဖုံးလွှမ်းထားပြီး ငရဲနယ်မြေကဲ့သို့ အေးစက်နေသည်။

လုယွီသည် ဤနေရာ၌ ပလ္လင်ခွေထိုင်ပြီး ရှေးဟောင်းငရဲနယ်မြေကို စတင်၍ သန့်စင်နေသည်။

ဤသည်မှာ ရှေးဟောင်းသရဲတစ္ဆေဧကရာဇ်၏ မှော်လက်နက်ဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုအရာ၏ အကြီးမားဆုံး စွမ်းရည်မှာ တိုက်ခိုက်ခြင်း၌ မဟုတ်ဘဲ လေဟာနယ်ဥပဒေသများတွင်သာ ဖြစ်ပေ၏။

ဤသေးငယ်ပြီး လက်ရာမြောက်သော မျှော်စင်ငယ်အတွင်း၌ ရှေးဟောင်းခေတ်ကာလမှ ငရဲနယ်မြေ ကိန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ချေ။

"ယုန်တစ်ကောင်မှာ တွင်းပေါက်သုံးပေါက် ရှိနေတာက ထုံးစံပဲ... မင်းက ငါ့ရဲ့လက်ချက်နဲ့ အလွယ်တကူ ပျက်စီးသွားမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသား... မင်းက အကြွင်းအကျန် နတ်ဘုရားစိတ်အာရုံကို ဖုံးကွယ်ထားတာကိုး..."

လုယွီ၏အသံသည် အေးစက်နေပြီး အထွတ်အထိပ် ဖိအားအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

သူသည် မှော်မန္တန်များကို ဆက်တိုက် ရွတ်ဆိုကာ ရှေးဟောင်းငရဲနယ်မြေ မျှော်စင်အတွင်းသို့ ပို့လွှတ်လိုက်ပြီး ကျန်ရှိနေသော နတ်ဘုရားစိတ်အာရုံများကို ချေမှုန်းလိုက်၏။

မျှော်စင်၏နက်ရှိုင်းသော နေရာတွင် မှတ်ဉာဏ်အပိုင်းအစတချို့ ကျန်ရှိနေဆဲပင်။

ဤမှတ်ဉာဏ်အပိုင်းအစများတွင် လက်နက်ဝိညာဉ်နှင့် ပတ်သက်သော အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များ ပါဝင်နေသည်။ အပြင်ဘက်ရှိ ပင်မလက်နက်ဝိညာဉ်ကို လုယွီက ချေမှုန်းလိုက်ပုံရသော်လည်း ရှေးဟောင်းငရဲနယ်မြေသည် အလွန်လိမ္မာပါးနပ်လှသဖြင့် အကြွင်းအကျန် နတ်ဘုရားစိတ်အာရုံတချို့ကို ထိန်းသိမ်းထားကာ ပြန်လည်ထကြွနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

"မင်းက ငါ့ကို ဖျက်ဆီးချင်တာလား... ရှေးဟောင်းသရဲတစ္ဆေဧကရာဇ် ပြန်ရှင်သန်လာပြီးတော့ မင်းကို ချေမှုန်းပစ်မှာ မကြောက်ဘူးလား..."

ထိုအကြွင်းအကျန် မှတ်ဉာဏ်အပိုင်းအစများမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပေ၏။

"ငါသာ သူ့ကို ကြောက်နေရင် မင်းကို ထိမှာတောင် မဟုတ်ဘူး..."

လုယွီသည် အပိုစကားများ ပြောမနေတော့ချေ။ သူ၏စိတ်ဝိညာဉ်စွမ်းအား ရုတ်တရက် ပွင့်အံ့ထွက်လာပြီး ထိုမှတ်ဉာဏ်အပိုင်းအစများအားလုံးကို ချေမှုန်းလိုက်သည်။

"လုယွီ... မင်း နောင်တရလိမ့်မယ်... ရှေးဟောင်းခေတ်က မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေက ကြိုတင်စီစဉ်မှုတွေ လုပ်ထားခဲ့ကြတာ... သူတို့အားလုံး သေဆုံးသွားတာ မဟုတ်ဘူး... မင်းက အရေးပါတဲ့ အချိတ်အဆက်တစ်ခုကို ဖျက်ဆီးလိုက်တာပဲ... မင်းက ဓားသွားအောက်မှာ သေဆုံးရဖို့ ကံပါလာပြီ..."

ရှေးဟောင်းငရဲနယ်မြေသည် မလိုလားသော အသံဖြင့် ဟိန်းဟောက်လိုက်ပြီးနောက် သူ၏အသံ ရုတ်တရက် ရပ်တန့်သွားတော့သည်။

"ဒါဆိုရင်လည်း လာခဲ့ကြပါစေ..."

လုယွီသည် ဂရုမစိုက်သည့်အမူအယာဖြင့် ရှိနေပြီး အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိချေ။

ယခင်ကဆိုလျှင် ဤရှေးဟောင်းအစစ်အမှန် အင်မော်တယ်များကို သူ စိုးရိမ်မိကောင်း စိုးရိမ်မိပေမည်။ သို့သော် ယခုအချိန်၌ လုယွီ၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ အမြင်သည်လည်း ကျယ်ပြန့်လာခဲ့လေပြီ။

ရှေးဟောင်း အင်မော်တယ်များ ဆိုသည်မှာလည်း သာမာန်အဆင့်လောက်သာ ရှိပေ၏။

အမှန်အားဖြင့် တစ်ခါတစ်ရံတွင် လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ကို ပြန်လည်ရှင်သန်စေပြီး မည်သူက ပို၍သန်မာသည်ကို ယှဉ်ပြိုင်တိုက်ခိုက်ကြည့်ချင်စိတ်ပင် ဖြစ်မိပေ၏။

လက်နက်ဝိညာဉ်ကို ဖျက်ဆီးပြီးနောက် လုယွီက သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် မျှော်စင်၏ နက်ရှိုင်းသောနေရာ၌ အမှတ်အသား ခတ်နှိပ်လိုက်သည်။

ယခုအချိန်၌ ဤအင်မော်တယ်လက်နက်သည် သူ၏ပိုင်ဆိုင်မှု ဖြစ်လာခဲ့လေပြီ။

ထူးဆန်းပြီး ခန့်မှန်းရခက်သော စွမ်းအားများသည် ရုတ်တရက် တလိမ့်လိမ့်ထလာကာ မျှော်စင်အတွင်း၌ စုစည်းလာပြီး နောက်ဆုံးတွင် ရောင်စုံပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့စည်းလာလေ၏။

ထိုပုံရိပ်ယောင်သည် အစပိုင်းတွင် မွေးကင်းစ ကလေးငယ်ပုံစံဖြင့် ထွက်ပေါ်လာပြီးနောက် လျှင်မြန်စွာ ကြီးထွားလာသည်။ ထိုပုံရိပ်ယောင်၏ခန္ဓာကိုယ်သသည် မြင့်မားလာပြီး နောက်ဆုံးတွင် နူးညံသိမ်မွေ့သော ကျောင်းတော်သားတစ်ယောက်၏ အသွင်အပြင်ကို ယူဆောင်လိုက်သည်။

ဤသည်မှာ အသစ်မွေးဖွားလာသော လက်နက်ဝိညာဉ်ပင်။

မွေးဖွားခါစ "ကျောင်းတော်သားဝိညာဉ်"ထံတွင် ကြည်လင်သော မျက်လုံးများရှိကာ နူးညံ့သိမ်မွေ့ပုံ ရပေ၏။ လုယွီကို မြင်လိုက်သည်နှင့် သူက ချက်ချင်းဦးညွှတ်အရိုအသေပြုလိုက်သည်။

"အရှင်ဧကရာဇ်..."

Chapter 5369

"အင်း... မင်းက အခုမှ အသိဉာဏ်ရလာတာဆိုတော့ ဘယ်လို ခံစားရလဲ..."

လုယွီက မေးမြန်းလိုက်သည် ။

ကျောင်းတော်သားဝိညာဉ်က ထပ်မံ၍ ဦးညွှတ်အရိုအသေပြုလေ၏။

"ကျွန်တော်ရဲ့အသိစိတ်က ရှိနေပေမဲ့ အထွတ်အထိပ် စွမ်းအားရဲ့ ငါးဆယ်ရာခိုင်နှုန်းကိုပဲ ထုတ်သုံးနိုင်မယ်လို့ ကျွန်တော်ထင်တယ်... ဒါပေမဲ့ မသေမျိုးလက်နက် အပိုင်းအစတွေ မူလဘူတချီစွမ်းအင်တွေ ရှိမယ်ဆိုရင်တော့ ပိုပြီးမြန်မြန်ပြန်ကောင်းလာမှာပါ..."

လုယွီက အချိန်တခဏကြာမျှ စဉ်းစားတွေးတောလိုက်ပြီး ပြောဆိုသည်။

"အဲ့ဒီအရာနှစ်ခုက ရှာရခက်နေတုန်းပဲ... မင်း အခုလောလောဆယ်တော့ ဒီအတိုင်းပဲ ပြန်ပြီးကောင်းမွန်အောင် လုပ်ပါ... အနာဂတ်မှာ မင်းရဲ့ အထွတ်အထိပ်ကို ပြန်ရောက်ရင် မင်းကို နတ်ဘုရားအဖြစ် ခန့်အပ်ပြီးတော့ လောကီလောကမှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ပေးမယ်..."

"ကျေးဇူးတင်ပါတယ် အရှင်ဧကရာဇ်..."

ကျောင်းတော်သားဝိညာဉ်သည် အလွန်ရိုးသားပုံရပြီး သူ၏မျက်လုံးများထဲ၌ ကျေးဇူးတင်သော မျက်ရည်များ ဝဲလာလေသည်။

သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်နှင့် မတူဘဲ လုယွီသည် ဤလက်နက်ဝိညာဉ်ကို ကလေးဘဝအဆင့်မှ ပြန်လည်၍ ပြုစုပျိုးထောင်ခြင်း မပြုခဲ့ချေ။

ကောင်းကင်အုပ်စိုးသူအရှင်သခင်၏ နည်းလမ်းများသည် နက်ရှိုင်းပြီး ခန့်မှန်းရခက်ကာ ကောင်းကင်နှင့်မြေပြင်ရှိ အရာအားလုံးကို ဖန်တီးနိုင်သောစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဤသည်မှာ ဖန်ဆင်းခြင်းစွမ်းအားပင်။

လုယွီသည် ရှေးဟောင်းငရဲနယ်မြေ၏ မူလလက်နက်ဝိညာဉ်ကို ဖျက်ဆီးပြီးနောက် သူ၏ကိုယ်ပိုင်အသိစိတ်ကို အသုံးပြုကာ ရှေးဟောင်းငရဲနယ်မြေ ၏စွမ်းအားနှင့် ပေါင်းစပ်၍ လက်နက်ဝိညာဉ်အသစ်ကို တိုက်ရိုက်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကျောင်းတော်သားဝိညာဉ်၏ စွမ်းအားသည် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်ထက် များစွာပို၍သာလွန်သည်။

"ရှေးဟောင်း သရဲတစ္ဆေဧကရာဇ်က ငရဲနယ်မြေကို အုပ်ချုပ်ခဲ့တာ... ဒါပေမဲ့ အခု ငါက ငရဲသံသရာကို ပြန်ပြီးတည်ဆောက်ချင်တာ... နောက်ထပ်ငရဲနယ်မြေတစ်ခု ရှိနေတာက အသုံးဝင်မှာ မဟုတ်ဘူး..."

လုယွီ၏အကြည့်သည် ရှေးဟောင်းငရဲနယ်မြေ၏ နက်ရှိုင်းသော နေရာဆီသို့ ရောက်ရှိသွားပေ၏။

သူ၏အသံသည် ကျယ်လောင်ပြီး ငရဲဆယ့်ရှစ်ထပ်၏ ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

"ယင်စွမ်းအင်မှ သန့်စင်သော ယန်စွမ်းအားသို့ ပြောင်းလဲပြီး ယင်နှင့်ယန် လည်ပတ်စမ်း... အတိတ်က နာကြည်းချက်တွေအားလုံး အရှေ့ဘက်သို့ စီးဆင်းစေ..."

ထိုအသံထဲတွင် နဂါးဟိန်းသံများ ရောယှက်နေသည့်အလား အလွန်ကျယ်လောင်ပြီး အရပ်မျက်နှာအဘက်ဘက်ကို တုန်ခါသွားစေသည်။

ငရဲဆယ့်ရှစ်ထပ်၏အထက်တွင် ကျန်ရှိနေသော တိမ်မည်းများသည် ချက်ချင်းပျောက်ကွယ်သွားပြီး မိုးကောင်းကင်ယံသည် ကြည်လင်တောက်ပလာကာ မြင်တွေ့ရသမျှ နေရာတိုင်းတွင် အလင်းရောင်များ ပြည့်နှက်သွားတော့သည်။

တောင်များနှင့် နန်းတော်များစသဖြင့် သာမန်မျက်စိဖြင့် မြင်နိုင်သော နေရာတိုင်းသည် တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေပေ၏။

ငရဲချီစွမ်းအင်များသည် ထိုအလင်းရောင်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။

မရေမတွက်နိုင်သော မကောင်းဆိုးဝါး စိတ်ဝိညာဉ်များနှင့် သရဲတစ္ဆေများသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်နေမှုများ ထင်ဟပ်လာသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ နာကြည်းချက်များနှင့် အမုန်းတရားများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး သန့်စင်သော စိတ်ဝိညာဉ်များအဖြစ် ပြောင်းလဲသွားကြသည်။

ထိုစိတ်ဝိညာဉ်များအားလုံးသည် ရိုသေလေးစားသော အမူအယာများဖြင့် လေဟာနယ်အထက်ရှိ လုယွီ၏ ရွှေရောင်ဓမ္မပုံရိပ်ယောင်ကြီးထံသို့ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

အကန့်အသတ်မဲ့သော ယုံကြည်မှုစွမ်းအား များသည် ဓမ္မပုံရိပ်ယောင်ကြီး၏အလင်းဘီးကြီးထဲသို့ ဝင်ရောက်လာသည်။ လုယွီသည် သူ၏နတ်ဘုရားစွမ်းအားများ ထပ်မံ၍ တိုးပွားလာသည်ကို ခံစားလိုက်ရပြီး နတ်ဘုရားဘုရင် အဆင့်ဆီသို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း နီးကပ်သွားခဲ့သည်။

ဤအချိန်၌ သန့်စင်ပြီး အားကောင်းသော ယုံကြည်မှုစွမ်းအားတစ်ရပ်သည် လုယွီအပေါ်သို့ ရုတ်တရက် ကျရောက်လာ၏။

ထိုစွမ်းအားသည် အလွန်ရုတ်တရက်ဆန်စွာ ရောက်ရှိလာသဖြင့် လုယွီသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

အချိန်တခဏအတွင်း၌ အရပ်မျက်နှာအဘက်ဘက်တွင် အဆုံးအစမဲ့သော အလင်းရောင်များသာ ရှိနေတော့သည်။ လုယွီ၏စိတ်ဝိညာဉ်သည် ရွှေရောင်အလင်းတန်းတစ်လွှာဖြင့် ဖုံးလွှမ်းသွားပြီး သူ့အား ဂုဏ်ပြုချီးမွမ်းသော ကျယ်လောင်သည့် ရွတ်ဆိုသံများနှင့်အတူ တောက်ပစွာ လင်းလက်နေသည်။

လုယွီ၏ရုပ်ခန္ဓာကိုယ်မှ မွှေးပျံ့သော ရနံ့များကို ထုတ်လွှတ်နေပြီး ကြာပလ္လင်တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာကာ သူ၏နောက်ရှိ အလင်းဘီးသည် ပို၍တောက်ပလာပြီး သူ၏ နတ်ဘုရားစွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သည်။

"ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်..."

လုယွီက အသက်ပြင်းပြင်း ရှိုက်လိုက်မိသည်။ ဤသည်မှာ သူ အမှန်တကယ်ကို မမျှော်လင့်ထားသော ဝမ်းမြောက်ဖွယ်ရာ ကိစ္စပင်။

မှော်စွမ်းအား ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နတ်ဘုရား... ဤကျင့်ကြံခြင်းလမ်းစဥ်သုံးခုသည် ဆက်နွယ်နေသော်လည်း သီးခြားစီ ကျင့်ကြံရပေ၏။

လမ်းစဥ်နှစ်ခုကို ကျင့်ကြံသော ကျင့်ကြံသူ အများစုကို ပြိုင်ဘက်ကင်းပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသော်လည်း လုယွီကမူ သုံးခုလုံးကို ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။

ဤသည်မှာ အလွန်ခက်ခဲလိမ့်မည် ဖြစ်သော်လည်း လုယွီသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်ခဲ့သည်။

လုယွီသည် ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသဖြင့် နတ်ဘုရားဘုရင်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့ပေမည်။

သူ၏ကျင့်ကြံခြင်းတွင် အသန်မာဆုံးအပိုင်းသည် သူ အမြဲတစေ လျစ်လျူရှုထားခဲ့သော နတ်ဘုရားစွမ်းအား ဖြစ်လာလိမ့်မည်ဟု လုယွီ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

"ရှေးဟောင်းဘုန်းတော်ကြီးက ငရဲနယ်မြေက စိတ်ဝိညာဥ်တွေအားလုံး မကျွတ်လွတ်သရွေ့ ဗုဒ္ဓမဖြစ်ဖို့ ကျိန်ဆိုထားတယ်... ငါက အခု ငရဲနယ်မြေကို ရှင်းလင်းလိုက်ပြီးတော့ အဲ့ဒီကျိန်ဆိုမှုကို ဖြည့်ဆည်းပေးလိုက်တယ်... ဒါကြောင့် နောက်ဆုံးမှာ ငါက ဗုဒ္ဓဖြစ်လုနီးပါး ဖြစ်သွားတယ်..."

လုယွီသည် ဥာဏ်အလင်းပွင့်မှုတစ်ခုကို ရရှိသွား၏။

သူ၏စိတ်ထဲတွင် ဗုဒ္ဓမရှိသောကြောင့် သူသည် ဗုဒ္ဓဖြစ်လာမည် မဟုတ်ချေ။

သို့သော် ကြီးမားသော ယုံကြည်မှုစွမ်းအား သည် သူ့အတွက် အလွန်အကျိုးရှိပြီး နတ်ဘုရားဘုရင်အဆင့်၏တံခါးဝသို့ တိုက်ရိုက်တွန်းပို့ပေးလိုက်သည်။

နတ်ဘုရားဘုရင်... မဟာမိုးကောင်းကင်ရွှေအင်မော်တယ်... သိုင်းအာဏာရှင်...

ဤအဆင့်သုံးခုအနက် မည်သည့်အဆင့်ကိုမဆို ဝင်ရောက်ခြင်းသည် လုယွီကို လောကကြီးတွင် ပြိုင်ဘက်ကင်း ဖြစ်စေရန် လုံလောက်သည်။

"ဒီမျှော်စင်ကို ဒီနေ့ကစပြီး 'ငရဲ' လို့ ခေါ်လို့ မရတော့ဘူး... ဒီနေ့ကစပြီး မင်းရဲ့နာမည်က 'ချွန်ယန်'ဖြစ်ရမယ်..."

လုယွီက ကျောင်းတော်သားဝိညာဉ်ကို ကြည့်လိုက်သည်။

ချွန်ယန်ဟူသည်မှာ သန့်စင်ယန်မျှော်စင်ပင်။

ယင်နှင့်ယန်ပြောင်းလဲခြင်းစသည့် အစွန်းရောက်မှုများသည် ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားတတ်၏။

ယခုအချိန်၌ မျှော်စင်တွင် သန့်စင်သော ယန်စွမ်းအင်နှင့် ပူပြင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး ယခင်က မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ငရဲနယ်မြေနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

သံသရာစက်ဝန်းထဲသို့ မဝင်ရောက်နိုင်သော သန်းပေါင်းများစွာသော စိတ်ဝိညာဉ်များသည် ယခုအချိန်၌ သန့်စင်ယန်မျှော်စင်အတွင်း၌ ရှိနေကြသည်။ သူတို့သည် နေ့ညမပြတ် ကျမ်းစာများကို ရွတ်ဆိုကာ လုယွီအတွက် ဆုတောင်းပေးနေကြသဖြင့် ယုံကြည်မှုစွမ်းအားများကို စုဆောင်းနိုင်ပေ၏။

"အရှင်ဧကရာဇ်ရဲ့ အထွတ်အထိပ် အမိန့်တော်အတိုင်းပါ..."

သန့်စင်ယန်မျှော်စင်က ရိုသေလေးစားစွာ ပြောဆိုသည်။

ဤမှော်လက်နက်တွင် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း လုယွီ၏ကျင့်ကြံမှုကို ဆက်တိုက် တိုးမြှင့်ပေးနိုင်သည့် အရာမျိုးမှာ အလွန်ရှားပါးသည်။

ရှေးဟောင်းငရဲနယ်မြေ၏ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် လုယွီသည် နန်းတော်မှ ထွက်ခွာကာ အုပ်ချုပ်ရေးကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အတွင်းဝန်အဖွဲ့သို့ သွားရန် ဟန်ပြင်ဆင်၏။

သို့သော် ထိုအချိန်တွင် ကျိုးကောသည် သတင်းတစ်ခုကို ယူဆောင်ကာ အလျင်အမြန် ရောက်ရှိလာသည်။

"ငရဲနယ်မြေက လူတစ်ယောက် ရောက်နေပြီး အရှင်ဧကရာဇ်ကို တွေ့ခွင့်ရဖို့ အထူးတလည် တောင်းဆိုနေပါတယ်..."

ကျိုးကောက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ကျိုးကောသည် လုယွီ၏အတိတ်ဘဝမှ အထောက်အထားကို သိရှိထားသူပင်။

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် တစ်စုံတစ်ခုကို တွေးတောမိပြီး ပြောဆိုလိုက်၏။

"လမ်းပြစမ်း..."

မဟာချင်နန်းတော်....ဖုန်းချန်ခန်းမ...

လူငယ်တစ်ဦးသည် ကုလားထိုင်ပေါ်တွင် အေးအေးလူလူထိုင်ကာ လက်ဖက်ရည်သောက်နေပြီး အလွန်တည်ငြိမ်နေပုံရသည်။

ထိုလူငယ်၏နံဘေးတွင် နန်းတွင်းကိုယ်ရံတော် နှစ်ဦး မတ်တတ်ရပ်နေပြီး မိန်းမစိုးလေးဦးက သူ့ကို ဝိုင်းရံကာ စောင့်ကြည့်နေကြသည်။

လုယွီ ဝင်လာသည်ကို မြင်တွေ့ချိန်၌ လူငယ်သည် လျင်မြန်စွာ မတ်တတ်ထရပ်ပြီး ရှေ့သို့တိုးကာ နှုတ်ဆက်သည်။

"ချင်ဧကရာဇ်ပါလား... မင်းရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ... ငါ့ရဲ့နာမည်က ယန်ရှီပါ..."

ယန်ရှီ၏မျက်နှာပေါ်မှ အပြုံးသည် နွေးထွေးမှုမရှိချေ။ သူသည် လေးစားစွာ ပြောဆိုသော်လည်း သူ၏မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏အမူအယာ တည်ငြိမ်နေပြီး အရေးမစိုက်သောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်း ငါ့ကို ရှာတာ... ဘာကိစ္စလဲ..."

ယန်ရှီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက အရှင်ဧကရာဇ်က ရှောင်မိသားစုကို ဖျက်ဆီးလိုက်တယ်လို့ ငါ ကြားထားတယ်... ရှောင်မိသားစုက အရှင်ဧကရာဇ်ရဲ့ အခွင့်အာဏာကို စော်ကားရဲလို့ သေထိုက်ပါတယ်... အရှင်ဧကရာဇ်က သူတို့ကို မဖျက်ဆီးရင်တောင် ငရဲနယ်မြေမှာရှိတဲ့ ငါတို့တွေက ရှောင်မိသားစုကို လွှတ်ထားမှာ မဟုတ်ဘူး..."

ထိုသို့ပြောဆိုပြီးနောက် လူငယ်သည် လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

"ငါ တဲ့တိုးပဲပြောလိုက်မယ်... ရှောင်မိသားစုက ငါတို့ ငရဲနယ်မြေက ပိုင်ဆိုင်တဲ့ မှော်လက်နက်တစ်ခုကို ယူသွားခဲ့တယ်... အဲ့ဒါက အလွန် တန်ဖိုးကြီးတယ်..."

"အဲ့ဒါက သရဲတစ္ဆေဧကရာဇ်ရဲ့အထွက်အထိပ်ရတနာဖြစ်တဲ့ ရှေးဟောင်းငရဲနယ်မြေ ပဲ... သရဲတစ္ဆေဧကရာဇ်ရဲ့ တရားဝင်ဆက်ခံသူ ယင်လော့ဧကရာဇ်က အရှင်ဧကရာဇ်ဆီကို သတင်းစကား ပါးလိုက်ပါတယ်... အဲ့ဒီမှော်ရတနာကို ပြန်ပေးပါ..."

Chapter 5370

ယန်ရှီ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူ့ထံ၌ အလွန်ယုံကြည်မှု ရှိနေပေ၏။

လုယွီနှင့်ရင်ဆိုင်ရချိန်တွင် သူသည် ထိတ်လန့်ခြင်း လုံးဝမရှိဘဲ အလွန်တည်ငြိမ်အေးဆေးနေကာ သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ရပ်ပင် ထင်ဟပ်နေသည်။

"အရှင်ဧကရာဇ်.... ရှေးဟောင်းငရဲနယ်မြေကို တွေ့မိလားတော့ မသိဘူး...ငါတို့က ရှောင်မိသားစုရဲ့အိမ်တော်ကို ရှာဖွေခဲ့ပေမယ့် ဒီအရာကို မတွေ့ခဲ့ရဘူး... အဲ့ဒါက အရှင့်ရဲ့လက်ထဲကို ရောက်နေမယ်လို့ ယူဆမိတယ်... ကျေးဇူးပြုပြီးတော့ အရှင်က ဒီမှော်ရတနာကို ပြန်ပေးပါ..."

ယန်ရှီက ထပ်မံ၍ အလေးပေးပြောဆိုသည်။

လုယွီ၏အကြည့်သည် တည်ငြိမ်နေပေ၏။ သူသည် ကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး ယန်ရှီကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

ယန်ရှီ၏အပြုံး ချက်ချင်းအေးခဲတောင့်တင်းသွားသည်။

လုယွီ၏ဟန်ပန်အမူအယာသည် အလွန်ရှင်းလင်းလှ၏။ ဤသည်က ပြီးပြည့်စုံသော အထင်အမြင်သေးမှု ဖြစ်ပြီး ယန်ရှီကို မျက်လုံးထဲပင် မထည့်ခြင်းဖြစ်သည်။

"ငါက ငရဲနယ်မြေ အုပ်ချုပ်သူအရှင်ရဲ့အလိုဆန္ဒကို ကိုယ်စားပြုနေတာ... အရှင်ဧကရာဇ်က ကျွန်တော့်ကို လုံလောက်တဲ့ လေးစားမှု ပေးသင့်တယ်..."

ယန်ရှီသည် လုယွီကို စူးစိုက်ကြည့်ကာ အံ့တင်းတင်းကြိတ်လိုက်သည်။

"ဒါမှမဟုတ်ရင် ငရဲနယ်မြေနဲ့ မဟာချင်ကြားက ဆက်ဆံရေးကို ငါ အာမမခံနိုင်ဘူး..."

"မင်း ထွက်သွားလို့ရပြီ... ငါနဲ့ စကားပြောဖို့ အရည်အချင်းပြည့်မီတဲ့လူကို လွှတ်လိုက်..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

နံဘေးရှိ မိန်းမစိုးတစ်ဦးက လက်ဖက်ရည်ပူပူတစ်ခွက် လာချပေးသည်။ လုယွီသည် ဖြည်းဖြည်းချင်း သောက်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်အမူအယာမျှ မရှိချေ။

ယန်ရှီ ဒေါသထွက်သွားသည်။ သူသည် ယန်မိသားစု၏တပည့်တစ်ဦး ဖြစ်သည့်အပြင် ငရဲနယ်မြေမှ ထင်ရှားသော သခင်လေးတစ်ဦးလည်းဖြစ်သည်။ သူ မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ အလေးနက်ဆုံး ဆက်ဆံမှုကို ခံရလေ့ရှိပေ၏။ သို့သော် လုယွီက သူနှင့် စကားပြောဆိုခြင်းကို ရုတ်တရက် အဆုံးသတ်လိုက်ပြီး သူ့ကို တိုက်ရိုက်မောင်းထုတ်ချင်နေသည်။

"အရှင်ဧကရာဇ်က အပြစ်ရှိတယ်လို့ မခံစားရဘူးလား... ရှေးဟောင်းငရဲနယ်မြေက ငါတို့ယန်မိသားစု ပိုင်တာ... ကျေးဇူးပြုပြီး လွှဲပြောင်းပေးပါ..."

ယန်ရှီက ရှေ့သို့တိုးလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုယွီသည် နှုတ်ဆိတ်နေပြီး လက်ဖက်ရည်ကို ဆက်သောက်နေပေ၏။

သူ၏နံဘေးရှိ ကျိုးကောက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

"အရှင်ဧကရာဇ်က မင်းကို ထွက်သွားဖို့ ပြောနေတယ်လေ... မင်း မကြားဘူးလား..."

ဤစကားက ယန်ရှီကို လုံးလုံးလျားလျား ဒေါသထွက်သွားစေသည်။

သူ၏ဒေါသများကို ပေါက်ကွဲချင်သော်လည်း နန်းတော်ထဲတွင် မတ်တတ်ရပ်နေသော မိန်းမစိုးများနှင့် နန်းတွင်းကိုယ်ရံတော်များကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ မရမ်းကားရဲတော့ချေ။ အကြောင်းအရင်းမှာ ထိုလူများထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို သူ ခံစားလိုက်ရသောကြောင့်ပင်။

လုယွီသည် အရှိန်အဝါ အနည်းငယ်မျှပင် ထုတ်လွှတ်ခြင်း မရှိသော်လည်း သူသည် ထိုနေရာ၌ အန္တရာယ်အရှိဆုံး တည်ရှိမှုဖြစ်ကြောင်း ယန်ရှီက ကောင်းစွာသိရှိထားသည်။ အကယ်၍ သူသာ ထပ်မံ၍ ရိုင်းစိုင်းမိပါက သူ ဤနေရာ၌ သေဆုံးသွားနိုင်၏။

မရေမတွက်နိုင်သော အေးစက်သည့် အကြည့်များသည် ယန်ရှီ၏ခန္ဓာကိုယ်ပေါ်သို့ စုဝေး၍ ရောက်ရှိနေသည်။ ယန်ရှီသည် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော အရှက်ရမှုကို ခံစားလိုက်ရသည်။

"ကောင်းပြီ... ကောင်းပြီ... ဒါကမဟာချင်ဧကရာဇ်ရဲ့ ဧည့်သည်အပေါ် ဆက်ဆံတဲ့ နည်းလမ်းပေါ့... အရှင်ဧကရာဇ် နောင်တမရပါစေနဲ့လို့ မျှော်လင့်ပါတယ်..."

ယန်ရှီက နောက်သို့လှည့်ထွက်သွားလိုက်သည်။

ကြီးမားသောဖိအားနှင့် အဆုံးမဲ့သော အရှက်ရမှုများကို ခံစားနေရသဖြင့် သူသည် ဤနေရာတွင် ဆက်မနေချင်တော့ချေ။

"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား..."

ထိုအချိန်မှာပင် လုယွီက ရုတ်တရက် စကားပြောဆိုလိုက်သည်။

ထိုအသံကို ကြားလိုက်ရသည့်အချိန်၌ ယန်ရှီ သည် သူ၏စိတ်ထဲတွင် ထိတ်လန့်သွားပြီး သခန္ဓာကိုယ်ပေါ်ရှိ အမွှေးများ ထောင်ထသွားလေ၏။

ထိုအသံသည် အထက်ကောင်းကင်ကိုးကောင်းကင်မှ ဆင်းသက်လာသည့် မိုးခြိမ်းသံအလား သူ၏နှလုံးသားပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။

"မင်း ဘာလုပ်မလို့လဲ..."

ယန်ရှီ အလွန်ကြောက်ရွံ့သွားပြီး သူ၏အသံ စူးရှသွားသည်။

လုယွီက လက်ချောင်းတစ်ချောင်းကို လှုပ်ခတ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် အနက်ရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ယန်ရှီ၏မျက်နှာကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည်။

"ဖြောင်း..."

ကြည်လင်ပြတ်သားသော အသံနှင့်အတူ ယန်ရှီ ၏မျက်နှာသည် ချက်ချင်းယောင်ယမ်းသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး အမြင့်မှ ပြုတ်ကျသွားသည်။

သူ၏ခေါင်းသည် မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး သူ၏မျက်နှာတပြင်လုံး ဖုန်များပေကျံသွားကာ အလွန်သနားဖွယ်ကောင်းနေသည်။

"အား..."

ယန်ရှီက အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများတွင် အနက်ရောင်မီးတောက်များ လူးလွန့်နေပြီး ဖြည်းညှင်းစွာ လောင်ကျွမ်းနေပေ၏။

သို့သော် ချက်ချင်းဆိုသလိုပင် နောက်ထပ် ပါးရိုက်ချက်တစ်ချက်သည် လေထဲမှ ရောက်ရှိလာပြီး သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါကို ချက်ချင်းဖြတ်တောက်ကာ သူ့ကို မြေပြင်ပေါ်သို့ ထပ်မံ၍ ရိုက်ချလိုက်သည်။

ယခုအချိန်၌ ယန်ရှီ၏မျက်နှာသည် နီမြန်းယောင်ယမ်းနေပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေကာ ပြင်းထန်စွာ ဆုံးမခံလိုက်ရသည့် ဂျူနီယာတစ်ဦးကဲ့သို့ အလွန်သနားစရာကောင်းနေသည်။

"ထွက်သွားစမ်း..."

လုယွီ၏အသံသည် တည်ငြိမ်နေပြီး အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်ကို သင်ခန်းစာပေးနေသည့်အလားပင်။

ယန်ရှီသည် ရုန်းကန်ပြီး မတ်တတ်ထရပ်လိုက်၏။ သူ၏မျက်လုံးများတွင် အရှက်တရားနှင့်ဒေါသ နှစ်မျိုးလုံးဖြင့် ပြည့်နှက်နေသည်။ လူတိုင်း၏ရှေ့တွင် ပါးဖြတ်ရိုက်ခံလိုက်ရသဖြင့် သူ၏တာအိုနှလုံးသားသည်လည်း ထိခိုက်သွားခဲ့လေပြီ။

သို့သော် လုယွီသည် ရိုးရှင်းစွာ ထိုင်နေသည့်တိုင် ရှေးဦးခေတ်မှ ရက်စက်ကြမ်းကြုတ် သားရဲတစ်ကောင် သူ၏ရှေ့တွင် ထိုင်နေသည့်အလား ကြီးမားသောဖိအားကို ပေးစွမ်းနေသည်။

All Chapters