← Chapters

အခန်း (၅၃၇၁-၅၃၇၅)

Vol. 272 Ch. 5371-5375

အခန်း (၅၃၇၁-၅၃၇၅)

Vol. 272 Ch. 5371-5375

5371

ယန်ရှီသည် နောက်ဆုံးတွင် လက်စားချေရန် လက်လျှော့လိုက်ပြီး သနားစရာအခြေအနေဖြင့် ထွက်ခွာသွားခဲ့သည်။

သူသည် ယုံကြည်မှုအပြည့်ဖြင့် ရောက်လာခဲ့သော်လည်း သူ လိုချင်သော ရလဒ်ကို မရရှိခဲ့ချေ။ လုယွီသည် သူ့ကို မျက်နှာသာ လုံးဝမပေးခဲ့သည့်အပြင် ယင်လော့ဧကရာဇ်၏နာမည်သည်လည်း ဤနေရာ၌ အသုံးမဝင်ခဲ့ပေ။

သူသည် ရုန့်ရင်းကြမ်းတမ်းသော စကားတချို့ကို ပြောချင်ခဲ့သော်လည်း အစောပိုင်းက မြင်ကွင်းကို တွေးမိပြီး ယန်ရှီ၏နှုတ်ခမ်းများတဆတ်ဆတ်တုန်လာပြီးနောက် နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်၏။

မဟာချင်နန်းတော်မှ ထွက်ခွာပြီးမှသာ ယန်ရှီ သည် ထိုဖိနှိပ်ချုပ်ကိုင်နိုင်သော ဖိအားမှ လွတ်မြောက်နိုင်ခဲ့သည်။

"သောက်ကျိုးနည်း... သောက်ကျိုးနည်း... သူက ငါ့ကို လက်ပါရဲတယ်ပေါ့... ငါ့နောက်မှာ ဘယ်သူရှိလဲဆိုတာ သူ မသိဘူးလား..."

ယန်ရှီ၏မျက်နှာအမူအယာသည် ရှုံ့မဲ့နေပေ၏။

သူ့ထံမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အမုန်းတရားနှင့် နာကြည်းချက်များ ဤအချိန်၌ ပွင့်အံ့ထွက်လာသည်။

ယခုအချိန်၌ ယန်ရှီ၏မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး သူ၏စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသဖြင့် ရှေ့သို့လျှောက်လှမ်းနေရင်း အသိစိတ် လုံးလုံးလျားလျား လွတ်ကင်းသွားတော့သည်။

လမ်းမများပေါ်တွင် လူအမြောက်အများ ရှိနေပေ၏။ ဤအတိုင်းအတာထိ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သော ရှန်းယန်မြို့သည် စည်ကားသော အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး လမ်းမများပေါ်တွင် ဈေးဆိုင်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။

လမ်းသွားလမ်းလာများ အလွန်များပြားသော်လည်း ယန်ရှီ၏မျက်လုံးထဲတွင် သူတို့အားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေပေ၏။

သူသည် မဆင်မခြင် ရှေ့သို့တိုးဝင်သွားပြီး အသက်ကြီးသော အဘိုးအိုတချို့အပါအဝင် လမ်းသွားလမ်းလာ အမြောက်အများကို မြေပြင်ပေါ်သို့ တိုက်ချလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ... လမ်းကြည့်မလျှောက်တတ်ဘူးလား..."

"အမှန်ပဲ... လူကြည့်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့... မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား..."

နံဘေးပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများသည် သူ၏အပြုအမူကို သည်းမခံနိုင်ကြဘဲ သူ့ကိုတားဆီးရန် ချက်ချင်းမတ်တတ်ထရပ်လိုက်ကြသည်။

"ပုရွက်ဆိတ်လေးတွေကများ... မင်းတို့က ငါ့ကို တားနိုင်မယ် ထင်နေလား..."

ယန်ရှီက ဒေါသတကြီး အော်ဟစထရယ်မောလိုက်ပြီး သူ၏လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ သူ၏ အနက်ရောင်မှော်စွမ်းအားများသည် ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ရှေ့ရှိ လူနှစ်ဦးကို နေရာမှာပင် သတ်ဖြတ်လိုက်၏။

ယန်ရှီထံမှ စွမ်းအားကြီးသော ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။ သူသည် ငယ်ရွယ်ပုံပေါက်သော်လည်း အမှန်အားဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။

"မင်းတို့အားလုံး...ထွက်သွားကြစမ်း..."

ယန်ရှီက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏အသံသည် နားကွဲလုမတတ်ပင်။

ဤနေရာသည် ငရဲနယ်မြေသာ ဖြစ်ပါက နံဘေးပတ်ဝန်းကျင်ရှိ လူများသည် ယန်ရှီ၏စွမ်းအားကို ကြောက်ရွံ့နေကြပြီး ရှေ့တိုးရဲမည် မဟုတ်ချေ။

သို့သော် ဤနေရာသည် ရှန်းယန်မြို့ပင်။

လူစုကွဲသွားမည့်အစား နံဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ပို၍စုဝေးလာကြပြီး ယန်ရှီ ကို တည်ကြည်သော မျက်နှာထားများဖြင့် သုံးထပ်တိုင်တိုင် ဝိုင်းရံလိုက်ကြ၏။

"သူတို့ သေသွားပြီ..."

ပတ်ဝန်းကျင်ရှိ အဘိုးအိုတစ်ဦးသည် အသတ်ခံလိုက်ရသော လူနှစ်ဦး၏နံဘေးသို့ လျှောက်လှမ်းသွားကာ ဒဏ်ရာများကို စစ်ဆေးကြည့်ပြီး ခေါင်းခါယမ်း၍ ပြောဆိုသည်။

"သူတို့ရဲ့အသက်သွေးကြောတွေ ဖြတ်တောက်ခံလိုက်ရတယ်... သူတို့ကို ကယ်လို့ မရတော့ဘူး..."

ထိုသို့ပြောဆိုပြီးနောက် အဘိုးအိုသည် ယန်ရှီကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။

"လူငယ်... စိတ်တိုတာက တခြားကိစ္စ... ဒါပေမဲ့ မင်း လမ်းပေါ်မှာ လူသတ်သင့်ဘူး... မင်း ကြီးလေးတဲ့အမှားကို ကျူးလွန်လိုက်ပြီ... အဲဒါကို သိရဲ့လား..."

"ဟားဟားဟား..."

ယန်ရှီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ရှေ့မှလူများ ရူးသွပ်နေကြပြီဟု သူ တွေးထင်မိသည်။

သူ၏စွမ်းအားကြီးမားသော အရှိန်အဝါကို သူတို့သည် မခံစားမိကြသလော..

သူသည် ပတ်ဝန်းကျင်ကို အကြင်နာမဲ့စွာ ကြည့်ရှုလိုက်ရာ လူအများစုတွင် အလွန်အားနည်းသော ကျင့်ကြံဆင့်များ ရှိနေပြီး သာမန်သေမျိုးလူသားများပင် ပါဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။ အကယ်၍ ယန်ရှီသာ ဆန္ဒရှိပါက လက်ရှိနေရာတွင် ရှိနေသူများ အားလုံးကို ချက်ချင်းသတ်ဖြတ်ပစ်နိုင်သည်။

"မသေချင်ရင် ထွက်သွားကြစမ်း..."

ယန်ရှီသည် အော်ဟစ်လိုက်၏။

သူသည် လုယွီ၏အရှက်ခွဲခြင်းကို ခံခဲ့ရသဖြင့် ယခုချိန်၌ သူ၏စိတ်အခြေအနေ အလွန်ဆိုးရွားနေသည်။

ထိုအချိန်၌ ဟင်းသီးဟင်းရွက် ဝယ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"ရှင်က လူသတ်ပြီးတော့... ရှင့်ကိုယ်ရှင် မှန်တယ်လို့ ထင်နေတုန်းလား..."

လမ်းသွားလမ်းလာ တခြားအဘိုးအိုတစ်ဦးကလည်း ဒေါသတကြီး ပြောဆိုလေ၏။

"နေ့ခင်းကြောင်တောင်ကြီးမှာ လူသတ်ရဲတယ်... ငါတို့အားလုံးက မင်းကို ကြည့်နေကြတာ... မင်း လွတ်မှာ မဟုတ်ဘူး..."

လူအုပ်ကြီးထံ၌ ဖြောင့်မတ်မှန်ကန်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။

လူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြကာ ယန်ရှီကို တင်းကြပ်စွာ ဝိုင်းရံထားကြသည်။

"ကောင်းကင်ဘုံနယ်မြေက လူတွေအားလုံး ရူးကုန်ကြပြီလား..."

ယန်ရှီသည် အထင်အမြင်သေးစွာ နှာမှုတ်လိုက်ပြီး သူ့ထံမှ ရိုင်းပျသော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ယခုအချိန်၌ ယန်ရှီ၏စိတ်နှလုံးသားသည် ဒေါသထွက်နေသော အခြေအနေတွင် ရှိနေဆဲပင်။

ဤပုရွက်ဆိတ်အုပ်စုသည် သူ၏လမ်းကို ပိတ်ဆို့ရဲသည်အား မြင်လိုက်ရသဖြင့် ယန်ရှီ၏စိတ်ထဲတွင် ဒေါသများ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ လူတိုင်းကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်လိုက်၏။

ယန်ရှီ သူ၏ဒေါသကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ရှေ့ရှိ လူအုပ်ကြီးက ရုတ်တရက် လမ်းဖယ်ပေးလိုက်ကြသည်။

Chapter 5372

"အမ်..."

မည်သို့ဖြစ်သွားမှန်း သေချာမသိသဖြင့် ယန်ရှီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒုန်း ဒုန်း ဒုန်း..."

အဝေးမှနေ၍ တည်ငြိမ်သော ခြေသံများ နီးကပ်လာပေ၏။

လူအုပ်ကြီးသည် နောက်တစ်ကြိမ် လမ်းဖယ်ပေးလိုက်ပြီး ဤတစ်ကြိမ်တွင် မြင်းရထားတစ်စီး ဖြတ်သန်းသွားနိုင်လောက်အောင် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုကို ရှင်းလင်းပေးလိုက်သည်။

လမ်း၏တစ်ဖက်ခြမ်းတွင် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စုသည် သတ်ဖြတ်လိုသော စိတ်ဆန္ဒများကို ထုတ်လွှတ်ပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့လျှောက်လှမ်းလာကြသည်။

ဤအနက်ရောင်သံချပ်ကာဝတ် ကျင့်ကြံသူများသည် ခေါင်းမှခြေဖျားအထိ တောက်ပသော အနက်ရောင်သံချပ်ကာများ ဖုံးလွှမ်းထားပြီး သူတို့၏ခါးများတွင် သုံးပေရှည်သော သံမဏိဓားများ ချိတ်ဆွဲထားသည်။ သူတို့၏ရင်ဘတ်အကာများပေါ်တွင် နဂါးပုံစံများ ထွင်းထုထားပြီး ပခုံးပေါ်တွင် "မဟာချင် ကင်းလှည့်အရာရှိများ" ဟူသော အမှတ်အသားများကို ရေးထွင်းထားသည့် ဖီချူးပုံစံတံဆိပ်များ ပါရှိသည်။

ထိုစစ်သားများကို ဦးဆောင်လာသော မဟာချင် ကင်းလှည့်အရာရှိ သည် အခင်းဖြစ်ပွားရာ နေရာကို လေ့လာလိုက်ပြီး သူ၏အကြည့်များ အေးစက်တင်းမာနေကာ ပြောဆိုလိုက်၏။

"မင်းက ရှန်းယန်မြို့ မှာ လူသတ်ရဲတယ်ပေါ့... မင်းရဲ့သတ္တိက မသေးဘူးပဲ... ငါတို့နဲ့ လိုက်ခဲ့စမ်း..."

ယန်ရှီက ရယ်မောလိုက်သည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲ... ကျုပ်က ဘယ်သူလဲဆိုတာ ခင်ဗျား သိရဲ့လား..."

လုယွီက ချင်ဧကရာဇ် အနေဖြင့် သူ့ကို ဖိနှိပ်သည်ကို သူ သည်းခံနိုင်ခဲ့သော်လည်း ဤနေရာတွင် ကျပန်းလူတစ်ယောက် ထွက်လာပြီး သူ့ကို သင်ခန်းစာ ပေးချင်လိမ့်မည်ဟု တွေးထင်မထားခဲ့ချေ။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး..."

မဟာချင်ကင်းလှည့်အရာရှိက အေးစက်စက် နှာမှုတ်လိုက်ပြီး ရှေ့သို့တိုးကာ သူ၏လက်ကို ဝှေ့ယမ်း၍ ယန်ရှီကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

"မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့..."

ယန်ရှီ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။ သူ အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။

ဂုဏ်သိက္ခာရှိသော ယန်မိသားစုဝင် တပည့်တစ်ဦးအနေဖြင့် သူသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိချိန်တွင် ထပ်ခါတလဲလဲ ပါးဖြတ်ရိုက်ခံခဲ့ရသည်။ ဤသည်မှာ မာနကြီးသော ယန်ရှီ အတွက် လက်မခံနိုင်စရာ ကိစ္စတစ်ရပ်ပင်။

"မင်းကို ရိုက်တာ ဘာဖြစ်လဲ... မင်းသာ ဖမ်းဆီးတာကို ခုခံရဲရင် မင်းကို အခုချက်ချင်း သတ်ပစ်မယ်..."

မဟာချင်ကင်းလှည့်အရာရှိသည်ယန်ရှီကို စကားများစွာ မပြောတော့ဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသပင် ကင်းလှည့်စစ်သားအမြောက်အများ ပြေးဝင်လာပြီး ယန်ရှီကို ဖိနှိပ်ထားကာ လက်ထိပ်များနှင့်ခြေချင်းများကို ခတ်လိုက်ကြသည်။ ဤသံကြိုးများသည် စိတ်ဝိညာဉ်စွမ်းအားကို ကန့်သတ်နိုင်သော အာနိသင်ရှိသဖြင့် ယန်ရှီ၏လှုပ်ရှားမှုများ ချက်ချင်းကန့်သတ်ခံလိုက်ရသည်။

"ငါက... ဝူး ဝူး ဝူး..."

ယန်ရှီသည် အသည်းအသန် ရုန်းကန်သော်လည်း နံဘေးရှိ ကင်းလှည့်အရာရှိတစ်ဦးက အဝတ်စုတ်တစ်စကို ထုတ်ယူပြီး သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သဖြင့် စကားမပြောနိုင်တော့ချေ။

"အားလုံးပဲ... ကျွန်တော်တို့က ဒီလူကို ခေါ်သွားပြီးတော့ မဟာချင်ရဲ့ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်..."

မဟာချင်ကင်းလှည့်အရာရှိက ဘေးပတ်ဝန်းကျင်ရှိ လူများကို လက်သီးဆုပ်၍ အရိုအသေပြုလိုက်ရာ ချက်ချင်းဆိုသလိုပင် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။

သူ၏ရှေ့က မြင်ကွင်းကို ကြည့်ရင်း ယန်ရှီသညိ ကြောင်အသွားပေ၏။

ငရဲနယ်မြေတွင် တောတွင်းဥပဒေသာ အမြဲတစေ ရှိနေသည်။ အကယ်၍ အားကောင်းသန်မာသူတစ်ဦးသည် လမ်းပေါ်တွင် လူသတ်လျှင်ပင် မည်သူမျှ လာရောက်မေးခွန်းထုတ်မည် မဟုတ်ချေ။ မြို့ထဲတွင် လူသတ်လျှင်ပင် အလွန်ဆုံး ဒေသခံမြို့စားကို ငွေအနည်းငယ် ပေးလိုက်ရုံသာရှိသည်။

ကောင်းကင်ဘုံနယ်မြေ၌ မည်သည်ကြောင့် ကွာခြားနေရသနည်း...

တာယွီအင်ပါယာ လက်ထက်ကပင်လျှင် ဤမျှထိ စည်းကမ်းမတင်းကြပ်ခဲ့ချေ။

"ဝူး ဝူး ဝူး..."

ယန်ရှီသည် အသည်းအသန် ရုန်းကန်သော်လည်း ပါးစပ်ပိတ်ခံထားရသဖြင့် နားမလည်နိုင်သော ဝူးဝူးဝါးဝါးအသံတချို့ကိုသာ ထုတ်လွှတ်နိုင်တော့သည်။

...

နန်းတော်အတွင်း၌...

လုယွီသည် ယန်ရှီကို မောင်းထုတ်လိုက်သော်လည်း သူ၏မျက်နှာအမူအယာသည် သုန်မှုန်နေပေ၏။

"ကျန်းရီကို သွားခေါ်လိုက်စမ်း..."

လုယွီက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့ အရှင်ဧကရာဇ်..."

ကျိုးကောက တုံ့ပြန်အဖြေပေးပြီး လျှင်မြန်စွာ ထွက်ခွာသွားသည်။

ထို့နောက် ကျန်းရီ အလျင်အမြန် ရောက်ရှိလာသည်။ သူသည် လက်ရှိတွင် ကောင်းကင်ကွန်ယက်၏တပ်မှူးပင်။ သူ၏ရာထူးအဆင့်အတန်းသည် မမြင့်မားသော်လည်း သူ၏နေရာသည် အလွန် အရေးပါပေ၏။ ကောင်းကင်ကွန်ယက် သည် ချဲ့ထွင်လာပြီး ချင်စစ်တပ်နှင့် တန်းတူဖြစ်မည့် အလားအလာကို မသိမသာ ပြသနေသည်။

ကျန်းရီ ရောက်ရှိလာချိန်တွင် သူသည် ရိုးရှင်းသော ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး အလွန်သာမန်ဆန်သောပုံစံ ပေါက်နေသည်။

"မင်းကို ဒီနေရာဆီ ခေါ်လိုက်တာက ကိစ္စတစ်ခု မေးဖို့ပဲ... မနှစ်က ငါမင်းကို ပြောခဲ့တဲ့ ငရဲနယ်မြေကိစ္စနဲ့ ပတ်သက်ပြီး အခု ရလဒ်ထွက်လာပြီလား..."

လုယွီက တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

မနှစ်က နွေဦးနှင့်ဆောင်းဦးကာလ ဒုတိယနှစ်တွင်.....

ထိုအချိန်က လုယွီသည် သူ၏စစ်တပ်ကို ဦးဆောင်ပြီး ချီအင်ပါယာ၏ မြို့တော်ဝေ့ယန် ကို ထိုးဖောက်ဝင်ရောက်ခဲ့ကာ ချီဘုရင်နှင့် တွေ့ဆုံခဲ့ပြီး သူ၏တပည့် ဖန်းနင်းချူ ရှိနေသည့် နေရာကို သိရှိခဲ့ရသည်။

ယမမင်းသည် သူ့ကိုယ်သူ ယင်လော့ဧကရာဇ် ဟု ခေါ်ဆိုပြီး ငရဲနယ်မြေကို ထိန်းချုပ်ထားခဲ့သည်။

ဖန်းနင်းချူကိုလည်း ယမမင်းက ပြန်ပေးဆွဲထားပြီး ယန်မိသားစု၏ပါရမီရှင် ယန်ဟွမ်းနှင့် လက်ထပ်ရန် အတင်းအကြပ် ဖိအားပေးနေခဲ့သည်။

Chapter 5373

လုယွီ၏မူလအစီအစဉ်မှာ သူ၏တပည့်ကို ကယ်တင်ရန်နှင့် တစ်ချိန်တည်းတွင် ငရဲနယ်မြေကို ပြန်လည်ထိန်းချုပ်ရန်အတွက် ထိုနေရာသို့ သူကိုယ်တိုင် သွားရောက်ရန်ပင်။

သို့ရာတွင် လူက ကြံစည်သော်လည်း ကံကြမ္မာက ကျီစယ်တတ်သည်။

နွေဦးနှင့်ဆောင်းဦးကာလ ဒုတိယနှစ် တတိယလတွင် တန်စစ်တပ်က တော်ဝင်မြို့တော်ကို တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှစ၍ နွေဦးနှင့်ဆောင်းဦးကာလ ဒုတိယနှစ် နဝမလပိုင်းတွင် လုယွီကိုယ်တိုင် ဦးဆောင်ပြီး ထန်စစ်တပ်နှင့် စစ်ပွဲဆင်နွှဲခဲ့ရသည်အထိ လပေါင်းများစွာ ကြာမြင့်ခဲ့သဖြင့် သူသည် အချိန်မပေးနိုင်ခဲ့ချေ။

ထို့ကြောင့် လုယွီသည် ထိုအချိန်က ကောင်းကင်ကွန်ယက်၏တပ်မှူးဖြစ်သူ ကျန်းရီကို တာဝန်ပေးကာ ကောင်းကင်ကွန်ယက်မှ လက်ရွေးစင်များကို ငရဲနယ်မြေသို့ စေလွှတ်၍ ကယ်ဆယ်ရေးတာဝန်ကို ဆောင်ရွက်စေခဲ့သည်။

ဤသည်မှာ အလွန်လျှို့ဝှက်သော တာဝန်တစ်ခုပင်။

ထိုတာဝန်တွင် ပါဝင်ခဲ့သော ကောင်းကင်ကွန်ယက်မှ လျှို့ဝှက်သူလျှိုများပင်လျှင် ဖန်းနင်းချူနှင့်လုယွီကြားက ပတ်သက်မှုကို မသိရှိခဲ့ကြချေ။ သူတို့သည် မည်သည့်တန်ကြေးပေးဆပ်ရသည်ဖြစ်စေ ဖန်းနင်းချူကို အောင်မြင်စွာ ကယ်ဆယ်ရန် တစ်ချက်လွှတ်အမိန့်ကိုသာ လက်ခံရရှိခဲ့ကြသည်။

ထိုကယ်ဆယ်ရေးတာဝန်သည် အောင်မြင်ခဲ့ပေ၏။

ယန်မိသားစုသည် သူတို့၏မျက်စိအောက်မှ ခေါ်ထုတ်သွားရဲမည့်သူ ရှိလိမ့်မည်ဟု သူတို့ မည်သို့မျှ ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။

လုယွီ၏တံဆိပ်ပြားကို ပြသပြီးနောက် ဖန်းနင်းချူသည် ကောင်းကင်ကွန်ယက်သူလျှိုများကို ချက်ချင်းယုံကြည်သွားပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် နောက်ဆုံးတွင် ယမမင်း၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည်။

သို့ရာတွင် ငရဲနယ်မြေနှင့် ကောင်းကင်ဘုံနယ်မြေကြားရှိ ဆက်သွယ်ရေးသည် ချောမွေ့ခြင်း မရှိချေ။

ဖန်းနင်းချူ ကယ်တင်ခံလိုက်ရကြောင်း လုယွီ သိရှိချိန်တွင် နွေဦးနှင့်ဆောင်းဦးကာလ ဒုတိယနှစ် ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။

ယခုအချိန်၌ လုယွီသည် အခြေအနေ မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရန် ရွေးချယ်လိုက်သည်။

လုယွီ၏ပစ်မှတ်မှာ အလွန်ကြီးမားပေ၏။ အကယ်၍ သူသာ ဖန်းနင်းချူကို ကယ်တင်ရန် ငရဲနယ်မြေသို့ မဆင်မခြင် ဝင်ရောက်သွားပါက နောက်ကွယ်မှ ကြံစည်သူများ၏ ချက်ချင်း ရှာဖွေတွေ့ရှိခြင်းကို ခံရပေလိမ့်မည်။ ထိုအချိန်ကျပါက ဖန်းနင်းချူ သည် ပို၍ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။

သို့ရာတွင် ယခုအချိန်အထိ စောင့်ဆိုင်းနေသော်လည်း သတင်းအစအနပင် မကြားရသေးသဖြင့် လုယွီ၏စိတ်အခြေအနေ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။

"ဒီငယ်သားက အရည်အချင်းမရှိပါဘူး... အခုလောလောဆယ်မှာ ငရဲနယ်မြေကနေ ဘာသတင်းမှ မရသေးပါဘူး..."

ကျန်းရီက ရုတ်တရက် တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

"ဒါပေမဲ့ ဒီငယ်သားမှာ အရှင်ဧကရာဇ်ကို တင်ပြရမယ့် ကိစ္စတစ်ခု ရှိပါတယ်..."

"ပြောစမ်း..."

လုယွီက ပြောဆိုသည်။

"အဲ့ဒီကယ်ဆယ်ရေးတာဝန်မှာ ပါဝင်ဖို့ ကောင်းကင်ကွန်ယက်ကနေ ထိပ်သီးကျင့်ကြံသူ စုစုပေါင်း နှစ်ဆယ့်လေးယောက်ကို စေလွှတ်ခဲ့ပါတယ်... အဲ့ဒီအထဲမှာ ကောင်းကင်ဘုရင်အဆင့် မြို့တော်ထိန်းသိမ်းရေးမှူး နှစ်ယောက်လည်း ပါဝင်တယ်... ဒါပေမဲ့... လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သူတို့ထဲက လူအယောက်နှစ်ဆယ်ရဲ့ အသက်ဖယောင်းတိုင်တွေ ငြိမ်းသွားခဲ့ပြီးတော့ အသက်ရှင်ကျန်ရစ်သူ လေးယောက်ပဲ ရှိပါတော့တယ်..."

လုယွီက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏ လက်ချောင်းများဖြင့် ထိုင်ခုံ၏လက်တန်းကို ခပ်ဖွဖွခေါက်လိုက်သည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် ကျန်းရီ က ချက်ချင်းပြောဆိုလိုက်သည်။

"ကယ်ဆယ်ရေးတာဝန်တစ်ခုမှာ ထိခိုက်သေဆုံးမှုဆိုတာ ရှောင်လွှဲလို့ မရပါဘူး... ဒီငယ်သားက အဲ့ဒီ လူလေးယောက်ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်..."

"မလိုတော့ဘူး..."

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"မင်းက ဒီကိစ္စမှာ ဝင်ပါဖို့ မလိုတော့ဘူး... ကောင်းကင်ကွန်ယက်လည်း ပါဝင်စရာ မလိုတော့ဘူး... အရာအားလုံးကို ငါကိုယ်တိုင် ကိုင်တွယ်မယ်..."

ထိုစကားများကို ကြားလိုက်ရသဖြင့် ကျန်းရီ ထိတ်လန့်သွားသည်။

သူသည် လုယွီ၏နည်းလမ်းများကို ကောင်းစွာ သိရှိထားသူပင်။ လက်ရှိ မဟာချင်ဧကရာဇ် အနေဖြင့် လုယွီသည် ရက်စက်သော နည်းဗျူဟာများကြောင့် နာမည်ကြီးပြီး ကိစ္စရပ်များကို အမြဲတစေ သူကိုယ်တိုင် ကိုင်တွယ်လေ့ရှိသူဖြစ်သည်။

ဒါပေမဲ့ ဒီကိစ္စက ငရဲနယ်မြေနဲ့ ပတ်သက်နေတာ... အရှင်ဧကရာဇ်က ငရဲနယ်မြေကို သူကိုယ်တိုင်သွားဖို့ ရည်ရွယ်ထားတာများလား...

ကျန်းရီသည် သူ၏အတွေးများအားလုံးကို သူ၏စိတ်ထဲတွင် သိမ်းဆည်းထားပြီး ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်၏။

"ဒီငယ်သားက အမိန့်တော်ကို နာခံပါတယ်..."

အရှင်သခင်နှင့်အမတ် စကားပြောဆိုနေကြစဉ်မှာပင် ..

ကျိုးကော ထပ်မံ၍ ရောက်ရှိလာပြီး ယန်မိသားစု အကြီးအကဲများ နန်းတော်တံခါးဝသို့ ရောက်ရှိနေကြကာ လုယွီနှင့် ဆွေးနွေးလိုကြောင်း ပြောဆိုသည်။

"သူတို့ကို ဝင်ခွင့်ပေးလိုက်..."

လုယွီက ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုသည်။

မကြာမီမှာပင် အဘိုးအိုငါးဦးသည် နန်းတော် အပြင်ဘက်မှ ဝင်ရောက်လာကြ၏။ သူတို့သည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏မျက်နှာထားများ ခက်ထန်နေကာ ချမ်းစိမ့်သော အရှိန်အဝါများကို ထုတ်လွှတ်ထားကြသည်။

သူတို့၏ကျင့်ကြံဆင့်သည် ယန်ရှီထက် များစွာ သာလွန်ကြောင်း သိသာထင်ရှားသည်။ နန်းတော်အတွင်း၌ သူတို့ ထွက်ပေါ်လာသည်နှင့် နန်းတွင်းကိုယ်ရံတော်များ ချက်ချင်း သတိဝင်သွားကြပြီး ကိုယ်ရံတော်အယောက်ငါးရာသည် နန်းဆောင်ကို ဝိုင်းရံထားကာ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

"ယင်လော့ဧကရာဇ်ရဲ့ သံတမန်တွေက မဟာချင်ဧကရာဇ်ကို အရိုအသေပြုပါတယ်..."

ထိုအဘိုးအိုငါးဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြပြီး ဦးဆောင်လာသော ယန်မိသားစုအကြီးအကဲက ပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ပြောဆိုလိုက်သည်။ ထို့နောက် သူတို့သည် ကုလားထိုင်များကို ရှာဖွေကာ ကိုယ့်သဘောနှင့်ကိုယ် ဝင်ထိုင်လိုက်ကြ၏။

သူတို့သည် လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုခြင်းပင် မလုပ်ကြဘဲ အလွန်မောက်မာထောင်လွှားနေကြသည်။

ကျိုးကောသည် ဤအပြုအမူကို အလွန်မုန်းတီးသဖြင့် ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ငရဲနယ်မြေမှာ မင်းတို့ကို ယဉ်ကျေးမှုက ဘာလဲဆိုတာကို သင်ပေးမယ့်သူ မရှိဘူးလား..."

အဘိုးအိုတစ်ဦးက ရယ်မောပြီး တုံ့ပြန်ပြောဆိုသည်။

"ငရဲနယ်မြေက စွမ်းအားကို အဓိကထားတယ်... ငါတို့က သန်မာသူတွေကိုပဲ လေးစားတယ်... ခွင့်လွှတ်ပေးပါ..."

Chapter 5374

ကျိုးကော ဒေါသထွက်သွားသည်။

"ငါ့တို့ရဲ့အင်ပါယာက ဧကရာဇ်က မင်းတို့ ရိုသေလေးစားဖို့ မလုံလောက်သေးဘူးလား..."

ယန်မိသားစု အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။

"မင်းက အရမ်းခံစားလွယ်နေတယ်လို့ ငါထင်တယ်... ငါတို့အားလုံးက ရက်စက်ကြမ်းတမ်းတဲ့ လူတွေလေ... ငရဲနယ်မြေရဲ့ သက်ရှိတွေက မွေးဖွားလာတဲ့ အချိန်ကစပြီးတော့ သွေးပင်လယ်နဲ့ အလောင်းတောင်တွေကို ဖြတ်သန်းရတယ်... အဆုံးမဲ့စစ်ပွဲတွေကို ကြုံတွေ့ရတယ်... ငါတို့က ယဉ်ကျေးမှုဆိုတာ နားမလည်ဘူး... ငါတို့က လက်သီးနဲ့စွမ်းအားကိုပဲ အသိအမှတ်ပြုတယ်... ဒါက မင်းကို ဒေါသထွက်စေရင် ငါ တောင်းပန်ပါတယ်..."

ဦးဆောင်လာသော ယန်မိသားစုအကြီးအကဲသည် သရော်တော်တော် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်ပြီး သူ၏တောင်းပန်မှုတွင် ရိုးသားမှု လုံးဝမပါဝင်ချေ။

ကျိုးကောက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်းတို့က ကိစ္စတွေကို ဆွေးနွေးချင်ယောင်ဆောင်နေပေမယ့် တကယ်တော့ ပြဿနာ လာရှာနေတာလို့ ငါ ထင်တယ်... ငါတို့ အရှင်ဧကရာဇ်ကို မင်းတို့က ဘာကိစ္စနဲ့ လာတွေ့တာလဲ..."

သို့သော် ယန်မိသားစုအကြီးအကဲများသည် တုံ့ပြန်အဖြေမပေးကြချေ။

ဦးဆောင်လာသော ယန်မိသားစုအကြီးအကဲက လုယွီကို ကြည့်လိုက်သည်။

"မဟာချင်ဧကရာဇ်က ရုပ်သေးရုပ်လား... ငါတို့က မင်းကို လာတွေ့တာ... မိန်းမစိုးတစ်ယောက်ကို လာတွေ့တာ မဟုတ်ဘူး..."

"ဟုတ်တယ်... ဒီနေရာက မိန်းမဆန်လွန်းတယ်... ငရဲနယ်မြေက နန်းတော်တွေလောက် ခမ်းနားထည်ဝါမှု မရှိဘူး..."

နောက်ထပ်အကြီးအကဲတစ်ဦးက လှောင်ပြောင်သရော်လိုက်၏။

"မင်းတို့က သေချင်နေကြတာလား..."

လုယွီက ရုတ်တရက် ပြောဆိုသည်။ သူ၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ယန်မိသားစု အကြီးအကဲများ၏အရှိန်အဝါများကို လုံးလုံးလျားလျား ဖိနှိပ်နိုင်ခဲ့သည်။

နန်းဆောင်တစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် ငြိမ်အတိကျသွားပေ၏။

"ယမမင်းက ငါ့ဆီကနေ ဘာလိုချင်တာလဲ..."

လုယွီက ဂရုမစိုက်သော လေသံဖြင့် မေးမြန်းသည်။

လုယွီက ရုတ်တရက် ပြောဆိုလိုက်ရာ သူ၏ စကားလုံးများတွင် အကန့်အသတ်မဲ့သော ဖိအားများ ပါဝင်နေသည်။ ထိုယန်မိသားစု အကြီးအကဲများသည် ယခင်က သူ့ကို လှောင်ပြောင်ရန် ဟန်ပြင်နေကြသည်။ သို့ရာတွင် သူတို့၏ရှေ့ရှိ လုယွီသည် သားကောင်ကို စိုက်ကြည့်နေသော ကျားတစ်ကောင် ဝံပုလွေတစ်ကောင်နှင့် တူညီနေကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။

သူ၏ရှေ့တွင် အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူများပင်လျှင် ဤအချိန်၌ သူတို့၏ မာန်မာနများကို ခဝါချထားရပေမည်။

"အချက်တစ်ချက်တော့ ပြင်ပေးပါ မဟာချင်ဧကရာဇ်.. ယင်လော့ဧကရာဇ်ပါ... ယမမင်းဆိုတာက အရင်က မြေအောက်လောက တာအိုသခင်က သခင်ကြီးကို နှိမ့်ချခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်းပါ... ငရဲနယ်မြေက အစကတည်းက ငါတို့ ယန်မိသားစု ပိုင်သင့်တာ... မြေအောက်လောကတာအိုသခင်က အထွတ်အထိပ် နေရာကို လုယူခဲ့လို့ အတိတ်က ဖြစ်ရပ်တွေ အားလုံး ဖြစ်ပျက်ခဲ့ရတာပဲ..."

ဦးဆောင်လာသော ယန်မိသားစုအကြီးအကဲက ပြောဆိုသည်။

"ဒါပေမဲ့ အခုတော့ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီ... ငရဲနယ်မြေကို ငါတို့ယန်မိသားစုက ပြန်ပြီးထိန်းချုပ်လိုက်ပြီ... ငါတို့ ဒီနေရာကို ရောက်လာတာက မဟာချင်ဧကရာဇ်နဲ့ ကိစ္စရပ် သုံးခုကို ဆွေးနွေးဖို့ပဲ..."

"ပထမအချက်က... လောကကြီးထဲကို ခုမှခြေချလာတဲ့ ငါတို့ ယန်မိသားစုရဲ့ဂျူနီယာတစ်ယောက်က အရှင်ဧကရာဇ်ကို စော်ကားမိပြီးတော့ ပြဿနာတချို့ ဖြစ်ခဲ့တယ် ထင်တယ်... သူက အခု ရှန်းယန်မြို့ရဲ့အချုပ်ခန်းထဲမှာ ဖမ်းဆီးခံထားရတယ်... ကျေးဇူးပြုပြီး သူ့ကို ပြန်လွှတ်ပေးပါ... ငါတို့ ငရဲနယ်မြေကို ပြန်ရောက်တာနဲ့ သူ့ကို တင်းတင်းကြပ်ကြပ် ဆုံးမပါ့မယ်..."

ထိုစကားကို ကြားချိန်၌ လုယွီက ကျန်းရီကို လှမ်းကြည့်လိုက်သည်။

ကျန်းရီက နားလည်သဘောပေါက်သွားကာ သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ပြီး ရှန်းယန်မြို့ကို စစ်ဆေးလိုက်သည်။ အချိန်တခဏကြာပြီးနောက် အလင်းတန်းတစ်တန်းသည် သူ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လာပြီး သူ၏မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။

"အဲ့ဒီယန်ရှီက နန်းတော်ကနေ ထွက်သွားပြီးတဲ့နောက်မှာ ရှန်းယန်မြို့ရဲ့လမ်းမပေါ်မှာ လမ်းသွားလမ်းလာနှစ်ယောက်ကို သတ်ခဲ့တဲ့တာကြောင့် ရှန်းယန်မြို့ရဲ့အချုပ်ခန်းထဲမှာ ထိန်းသိမ်းခံထားရတယ်... တရားစီရင်ရေးဌာနက စီရင်ချက်ချပြီးရင် သူ့ကို ကွပ်မျက်ဖို့အတွက် ကွပ်မျက်ကွင်းကို ခေါ်သွားပါလိမ့်မယ်..."

ကျန်းရီက တည်ငြိမ်စွာ ပြောဆိုသည်။

ယန်မိသားစု အကြီးအကဲက မျက်မှောင်ကြုတ်ပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"ယန်ရှီက အပြစ်ကျူးလွန်ခဲ့တယ် ဆိုပေမယ့် သူက ငါတို့ယန်မိသားစုရဲ့ တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်ပဲ... နှစ်ဖက်ကြားက ဆက်ဆံရေးကို ထောက်ထားပြီးတော့ မဟာချင် ဧကရာဇ်အနေနဲ့ သေချာစဉ်းစားဆုံးဖြတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်..."

ကျန်းရီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"သူက မဟာချင်ဥပဒေကို ချိုးဖောက်ခဲ့တာ... ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး..."

"ဘာဥပဒေလဲ... ကျင့်ကြံသူတွေအတွက် ဥပဒေဆိုတာ စက္ကူစုတ်ပဲ... မင်းက ချင်အင်ပါယာရဲ့ အမတ်တစ်ယောက် မဟုတ်လား... ငါတို့က မင်းတို့ရဲ့ဧကရာဇ်နဲ့ စကားပြောနေတာ... ကြားဖြတ်မပြောစမ်းနဲ့..."

ယန်မိသားစုအကြီးအကဲက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

"ဒုတိယအချက်က... အရင်က ရှောင်မိသားစုက သရဲတစ္ဆေဧကရာဇ်ရဲ့ မှော်လက်နက်ကို ယူသွားခဲ့တယ်... အဲ့ဒီရှေးဟောင်းငရဲနယ်မြေ က ငါတို့ ယင်လော့ဧကရာဇ် ပိုင်တာ... ဒီမှော်လက်နက်ကို ပိုင်ရှင်ဆီ ပြန်ပေးတာက သဘာဝကျတဲ့ကိစ္စပဲ... အဲ့ဒီမှော်လက်နက်က မဟာချင်ဧကရာဇ်ရဲ့လက်ထဲမှာ ရှိနေတယ်ဆိုတာ ငါတို့ သိထားတယ်... ကျေးဇူးပြုပြီး ပြန်ပေးပါ..."

လုယွီ စကားမပြောသည်ကို မြင်လိုက်ရသဖြင့် ယန်မိသားစုအကြီးအကဲက ဆက်လက်၍ ပြောဆိုသည်။

"တတိယအချက်က... ယင်လော့ ဧကရာဇ်ရဲ့ အမိန့်တော်အရ ငရဲနယ်မြေက မကြာခင် လောကကြီးမှာ ခမ်းနားထည်ဝါစွာ ပေါ်ထွန်းလာတော့မယ်... ယင်နဲ့ယန်နယ်မြေနှစ်ခုကို လီတစ်သောင်းရှည်လျားတဲ့ ရွှမ်ယင်တောင်တန်းက ပိုင်းခြားထားတယ်... အဲ့ဒီနေရာက ငါတို့ ငရဲနယ်မြေရဲ့ စစ်တပ်တွေကို စေလွှတ်မယ့် နေရာ ဖြစ်လာလိမ့်မယ်..."

"နယ်မြေနှစ်ခုကြားမှာ စစ်ပွဲဖြစ်ရင် မရေမတွက်နိုင်တဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်လာမှာ သေချာတယ်... ငါတို့က နေရာတချို့ကို သတ်မှတ်ထားပြီးပြီ... ကြီးမားကျယ်ပြန့်တဲ့ ဒုက္ခတွေကို ရှောင်ရှားဖို့ မဟာချင်ဧကရာဇ်အနေနဲ့ အဲ့ဒီနယ်မြေတွေကို ငါတို့ဆီ ပေးအပ်မယ်လို့ မျှော်လင့်ပါတယ်..."

Chapter 5375

ကောင်းကင်ဘုံနယ်မြေနှင့် ငရဲနယ်မြေကြားတွင် "ရွှမ်ယင်တောင်တန်း" ဟုခေါ်သော နယ်နိမိတ်ဒေသတစ်ခုရှိသည်။

ထိုနေရာသည် လူသူအရောက်အပေါက် နည်းပါးသော စွန့်ပစ်နယ်မြေတစ်ခုဖြစ်ပြီး အမြဲတစေ ပြင်းထန်သော အအေးဒဏ်အောက်တွင် ရှိနေပေ၏။ ဤသည်မှာ များသောအားဖြင့် နန်းတွင်းမှ ရာဇဝတ်သားများကို ပြည်နှင်ဒဏ်ပေးသည့် နေရာတစ်ခုလည်းဖြစ်သည်။

လောကနှစ်ခုတောင်တန်းနှင့် မတူညီဘဲ လူသားမျိုးနွယ်စုသည် ဤနေရာ၌ ခံတပ်များ တည်ဆောက်ရန် မရွေးချယ်ခဲ့ကြချေ။ ငရဲဆယ့်ရှစ်ထပ်နှင့် ကောင်းကင်ဘုံနယ်မြေသည် အမြဲတစေ နီးကပ်စွာ ဆက်နွယ်နေခဲ့သည်။ ရှေးဟောင်းခေတ်ကတည်းက ငရဲနယ်မြေသည် သံသရာနှင့် ပြန်လည်ဝင်စားခြင်းတို့ ဖြစ်ပေါ်ရာ မြေအောက်လောကအဖြစ် တည်ရှိခဲ့သည်။

သို့သော် ကောင်းကင်နှင့်မြေပြင်ကြားတွင် မမြင်နိုင်သော ကန့်သတ်ချက်များ ရှိနေတတ်စမြဲပင်။

ရွှမ်ယင်တောင်တန်းတွင် တစ်နှစ်ပတ်လုံး မုန်တိုင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ထိုနေရာသို့ ခြေချသူများသည် အနည်းငယ် ပေါ့ဆသည်နှင့် မုန်တိုင်းများ၏တိုက်ခတ်မှုကြောင့် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ဤသည်မှာ ဘဝ၏လမ်းဆုံးပင်။ သွားစရာ နေရာမရှိတော့သော စိတ်ပျက်အားငယ်နေသည့် လူများမှလွဲ၍ ထိုနေရာသို့ သွားရောက်ရန် စွန့်စားရွေးချယ်သူ နည်းပါးသည်။

နှစ်စဉ် ဇူလိုင်လဆယ့်ငါးရက် "တစ္ဆေကြီးပွဲတော်" ရောက်တိုင်း ငရဲနယ်မြေရှိ ငရဲချီစွမ်းအင်များ အပြင်းထန်ဆုံး ဖြစ်လေ့ရှိသည်။ အထွတ်အထိပ် ငရဲချီစွမ်းအင်များသည် ရွှမ်ယင်တောင်တန်း၏နယ်နိမိတ်တွင် စုစည်းလာပြီး နယ်မြေနှစ်ခုလုံးမှ သက်ရှိများ လွတ်လပ်စွာ သွားလာနိုင်သည့် တည်ငြိမ်သော လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

အမှန်အားဖြင့် နယ်မြေနှစ်ခုကြားတွင် ယာယီလမ်းကြောင်းများ ဖန်တီးနိုင်သော နည်းလမ်းငယ်တချို့ ရှိသော်လည်း ထိုနည်းလမ်းများအတွက် လိုအပ်ချက်များသည် အလွန်ခက်ခဲကြမ်းတမ်းပြီး တစ်ကြိမ်လျှင် လူအနည်းငယ်ကိုသာ ပို့ဆောင်နိုင်သည်။ ဥပမာပြောရလျှင် ယခုတစ်ကြိမ်၌ ယမမင်းက လုယွီကို တွေ့ဆုံရန် လူများ စေလွှတ်ရာတွင် လူအနည်းငယ်ကိုသာ စေလွှတ်နိုင်ခဲ့သည်။

ယခင်က ချီအင်ပါယာသည် ငရဲနယ်မြေကိုကျောထောက်နောက်ခံအဖြစ် သတ်မှတ်ခဲ့ပြီး နယ်မြေနှစ်ခုကြားရှိ ဆုံမှတ်များကို စောစီးစွာ တည်ဆောက်ရန် နည်းလမ်းများစွာကို အသုံးပြုခဲ့သည်။ ချီဘုရင် သေဆုံးသွားပြီးနောက် ထိုဆုံမှတ်များသည်လည်း ပျောက်ကွယ်သွားပေ၏။

ထိုကဲ့သို့ ကြမ်းတမ်းသော အခြေအနေများကြောင့် ငရဲနယ်မြေသည် အထီးကျန်စွာ တည်ရှိနေခဲ့ရသည်။

အလယ်ခေတ်ကာလက နာမည်ကျော်ကြားပြီး ထင်ရှားသော အင်ပါယာများပင်လျှင် ဤနယ်မြေကို မသိမ်းပိုက်နိုင်ခဲ့ကြချေ။

"ငါတို့ရဲ့တောင်းဆိုချက်တွေကို ပြောပြပြီးပါပြီ... မဟာချင်ဧကရာဇ်က ကျေးဇူးပြုပြီး အဖြေပြန်ပေးပါ..."

ယန်မိသားစုအကြီးအကဲ၏ ရှင်းပြချက်သည် အစပိုင်းက ရန်လိုမှုမျိုး မရှိတော့ဘဲ သိသိသာသာ ယဉ်ကျေးလာခဲ့သည်။

အစောပိုင်းက လုယွီ၏ စကားများသည် သူတို့ကို လုံးလုံးလျားလျား ကြောက်လန့်သွားစေခဲ့သည်။ သူတို့သည် တောင်းဆိုချက်များကို ပြောပြပြီးနောက် လုယွီကို စိုက်ကြည့်ကာ သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။

လုယွီက သူ၏လက်ဖြင့် နားထင်ကို ဖိလိုက်ပြီးနောက် သူ၏မျက်နှာအမူအယာ တဖြည်းဖြည်း သုန်မှုန်လာသည်။

"ယမမင်းက မင်းတို့ကို ဒါပဲ ပြောခိုင်းလိုက်တာလား..."

သတိပေးခံရပြီးနောက်တွင်ပင် လုယွီသည် ယင်လော့ဧကရာဇ်ကို ယမမင်းဟုသာ ရည်ညွှန်းနေဆဲပင်။

ယန်မိသားစုအကြီးအကဲများသည် သူ့ကို ထပ်မံ၍ အမှန်ပြင်မပေးရဲတော့ဘဲ အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"ဒါက ငါတို့ရဲ့ ကဏဦးတောင်းဆိုချက်တွေပါ... နောက်ဆုံးရလဒ်နဲ့ ပတ်သက်ပြီးတော့ ငါတို့ ဆွေးနွေးလို့ ရပါတယ်..."

သူတို့သည် လုယွီ၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို အာရုံခံမိကြသည်။ သူတို့ ဝင်ရောက်လာပြီး တောင်းဆိုချက်များကို ပြောပြချိန်မှစ၍ လုယွီသည် ဧကရာဇ်တစ်ပါး၏ ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါကို သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ ထုတ်လွှတ်နေခဲ့သည်။

ထိုအရှိန်အဝါသည် ကောင်းကင်ကိုးထပ်တွင် နည်ရှိနေသည့် တောက်ပသော နေမင်းကြီးကဲ့သို့ ပူပြင်းသော အပူချိန်ကို ထုတ်လွှတ်ထားကာ လောကကြီး ရေခဲများအားလုံးကို အရည်ပျော်သွားစေနိုင်မည့်အလားပင်။

ယန်မိသားစု အကြီးအကဲငါးဦးသည် ချက်ချင်းဆိုသလိုပင် စိုးရိမ်ပူပန်လာကြ၏။

"ချင်ဧကရာဇ်... ငါတို့က သံတမန်တွေလေ... မင်းက ဘာလုပ်ချင်တာလဲ..."

ယန်မိသားစု အကြီးအကဲတစ်ဦးက အံ့အားတသင့် အော်ဟစ်လိုက်သည်။

သို့သော် သူ၏စကားမဆုံးမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်ရပ်က သူ့ထံသို့ ရုတ်တရက် ကျရောက်လာသည်။ ထိုအရှိန်အဝါသည် အလွန် အားကောင်းပြီး တောင်တစ်လုံးကဲ့သို့ ဖိနှိပ်လိုက်သဖြင့် သူ၏ဒူးများကို ပျော့ခွေသွားစေပြီး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားစေသည်။

"ဘုန်း... ဘုန်း..."

အကြီးအကဲငါးဦးလုံး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားကြပေ၏။

သူတို့ ထိုင်နေသော ကုလားထိုင်များသည် တစ်လုံးပြီးတစ်လုံး ကြေမွှသွားပြီး ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို အနည်းငယ်မျှ တောင့်မခံနိုင်ကြချေ။

"ဒါက ဘယ်ကျင့်ကြံဆင့်ကို ရောက်နေပြီလဲ... ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားကြီးတဲ့ လူတစ်ယောက် ရှိနေရတာလဲ..."

အကြီးအကဲငါးဦးသည် သူတို့ကို လွှမ်းခြုံထားသော အသက်ရှူမွန်းကြပ်စေသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။

ယန်မိသားစုတွင် သူတို့သည် ထိပ်သီးအကြီးအကဲများ မဟုတ်သော်လည်း သူတို့၏ စွမ်းအားမှာ မဆိုးလှချေ။ သို့သော် လုယွီ၏ရှေ့တွင် သူတို့သည် ရက်စက်သော ကျားတစ်ကောင်ကို တွေ့လိုက်ရသည့် သိုးများအလား ဖြစ်နေပေ၏။ သူတို့ထံတွင် ကြီးမားသော စွမ်းအားများ ရှိနေလျှင်ပင် အသုံးမဝင်ချေ။

ထိုအရာသည် သူတို့၏သွေးမျိုးဆက်မှ လာသော ဖိနှိပ်ခံရမှု ခံစားချက်ပင်။

"ချင်ဧကရာဇ်... ငါတို့က သံတမန်တွေလေ... မင်း ငါတို့ကို ထိလို့ မရဘူး..."

ယန်မိသားစု အကြီးအကဲတစ်ဦးက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် တုန်တုန်ရီရီ ပြောဆိုလိုက်သည်။

All Chapters