← Chapters

အခန်း (၅၃၈၁-၅၃၈၅)

Vol. 272 Ch. 5381-5385

အခန်း (၅၃၈၁-၅၃၈၅)

Vol. 272 Ch. 5381-5385

5381

အဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူများသည် လက်ကောက်ဝတ်အကာများ ပခုံးအကာများနှင့် တိုက်ပွဲဝင်ဖိနပ်များကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ဆေးမီးဖိုအမှတ်အသားများပါရှိသော လက်ပတ်များကို ဝတ်ဆင်ထားပြီး ထိုအရာများ၏အထက်တွင် "မဟာချင် ထောက်ပို့တပ်" ဟူသော စာလုံးများကို ရေးထွင်းထားသည်။

ယခုအချိန်၌ အဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူ များအားလုံးသည် သူတို့၏လက်များကို မြှောက်လိုက်ကြပြီး သူတို့၏မှော်စွမ်းအားကို အသုံးပြုကာ ဆေးမီးဖိုပုံရိပ်ယောင်များကို ဖွဲ့စည်းလိုက်ကြသည်။ ဆေးရနံ့လှိုင်းများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး တလိမ့်လိမ့်ထနေသော ဆေးစွမ်းအင်များ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများသည် ထိုဆေးစွမ်းအားများ၏ ရိုက်ခတ်ခြင်းကို ခံရပြီး လုံးလုံးလျားလျား ကွဲပြားသွားကြသည်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် ထူးကဲပြီး အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပေ၏။

ဤနေရာတဝိုက်ကို ဖုံးလွှမ်းထားသော အဆိပ်မြူခိုးများသည် တိမ်များကို ဖယ်ရှားပြီး လမင်းကို မြင်ရသည့်အလား လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည် တဖန်ပြန်၍ ကြည်လင်သွားတော့သည်။

ကြေးနီတံခါးကြီး၏နောက်ကွယ်ရှိ ယန်မိသားစု ကျင့်ကြံသူများသည် မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဆေးမီးတောက်ကို ကျင့်ကြံပြီးတော့ ဆေးမီးဖိုကနေ စွမ်းအားတွေအဖြစ် ပြောင်းလဲထားတာပဲ... ဒီလူတွေက... ဆေးပညာရှင်တွေလား..."

ယန်မိသားစု ကျင့်ကြံသူတစ်ဦးက ရေရွတ်လိုက်၏။

ဤသည်မှာ အလွန်သဘာဝမကျသော ကိစ္စတစ်ရပ်ပင်။

ယေဘုယျအားဖြင့် ပြောဆိုရလျှင် ကျင့်ကြံခြင်းအင်ပါယာတစ်ခု၏ စစ်တပ်တပ်မကြီးတစ်ခုတွင် အများဆုံးအနေဖြင့် ဆေးပညာရှင်ဆယ်ဦးခန့်သာ ရှိနိုင်သည်။

ဆေးပညာရှင်များသည် အလွန်ရှားပါးပြီး စစ်တပ်သို့ ဝင်ရောက်ကာ တိုက်ပွဲများတွင် ပါဝင်နိုင်သော ခရီးသွားဆေးပညာရှင်များသည် ပို၍ပင် ရှားပါးပေ၏။ ထိုလူများတွင် ဆေးပညာရှင်အဆင့် ရှိရန်သာမက စစ်သည်များ၏ အရည်အချင်းများလည်းရှိရန် လိုအပ်သည်။

မဟာချင်သည် စုစုပေါင်း တပ်မကြီးသုံးဆယ့်သုံးခု စေလွှတ်ခဲ့ပြီး ဆေးပညာရှင် ရာဂဏန်း အနည်းငယ်သာ ပါဝင်မည်ဖြစ်ရာ ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများအတွက် ရေတစ်ပုံးထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

သို့သော် သူတို့ အတွက်မှားသွားခဲ့သည်။

ချင်စစ်တပ်၏ဖွဲ့စည်းပုံတွင် ဆေးပညာရှင်များကို အထောက်အကူပြုပညာရှင်များအဖြစ် သတ်မှတ်မထားဘဲ သီးခြားတပ်ဖွဲ့တစ်ခုတွင် ထားရှိခဲ့သည်။

မဟာချင်ထောက်ပို့တပ်တွင် ဆေးပညာရှင်များသာမက ဝင်္ကပါဆရာသခင်များ သမားတော်များ နတ်ဆိုးသားရဲသခင်များ လက်မှုပညာရှင်များနှင့် တခြားကျွမ်းကျင်ပညာရှင်အမျိုးမျိုး ပါဝင်ပြီး ချင်စစ်တပ်အတွက် လုံလောက်သော ထောက်ပံ့ပို့ဆောင်ရေးကို အထူးဆောင်ရွက်ပေးသည်။

စစ်ပွဲကို ထောက်ပံ့ပို့ဆောင်ရေးဖြင့် တိုက်ခိုက်ရမည့်အချက်ကို ကောင်းကင်ဘုံနယ်မြေရှိ လူအမြောက်များသည် မမြင်နိုင်ခဲ့ကြချေ။

အလယ်ခေတ်ကာလရှိ အင်ပါယာအမြောက်အများသည် အစပိုင်းတွင် သန်မာပြီး သာယာဝပြောခဲ့သော်လည်း တိုက်ပွဲအနည်းငယ် ရှုံးနိမ့်ပြီးနောက် စစ်တပ်တစ်တပ်လုံး ပြိုလဲသွားပြီး ထွက်ပြေးရကာ လုံးလုံးလျားလျား ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

ဤသည်မှာ လုယွီ မမြင်ချင်သော အရာပင်။

ကံကောင်းထောက်မစွာဖြင့် ဗုဒ္ဓဂိုဏ်းကို ချေမှုန်းပြီးနောက် ကြွယ်ဝမှု အမြောက်အများသည် မဟာချင်၏တော်ဝင်ဘဏ္ဍာတိုက်ထဲသို့ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် ဤလောလောလတ်လတ် ပေါက်ဖွားလာသော အင်ပါယာသည် ကြီးကျယ်ခမ်းနားသော အပြုအမူဖြင့် ကြီးမားသော ထောက်ပို့တပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဆေးပညာရှင်တစ်သောင်းသည် ရှေ့ဆုံးတွင် တန်းစီနေကာ ဆေးမီးတောက်ကို သန့်စင်ပြီး အဆိပ်မြူခိုးများကို ဖယ်ရှားရန် အထွတ်အထိပ် ဆေးစွမ်းအားကို အသုံးပြုနေကြသည်။

အဆိပ်မြူများ ကွဲပြားသွားသည်နှင့် ချင်စစ်တပ်၏ တိုက်ခိုက်ရေးစစ်သည်တော်များ ရှေ့သို့ထွက်လာပြီး ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်နေသည်။

ယန်မိသားစု ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြသည်။

သူတို့ ရင်ဆိုင်ရတော့မည့် အရာသည် ယခင်က ကောင်းကင်ဘုံနယ်မြေရှိ မည်သည့် အင်အားစုနှင့်မဆို ကွဲပြားခြားနားကြောင်း သူတို့ ခံစားမိနေကြလေပြီ။

ချင်စစ်တပ်မှ ပြသသော နည်းလမ်းများသည် မာနကြီးသော ယန်မိသားစု ကျင့်ကြံသူများကို ပြင်းထန်သော စိတ်မသက်မသာ ဖြစ်မှုများ ခံစားရစေသည်။

"အကြီးအကဲ...ကျွန်တော်တို့ ဘာလုပ်သင့်လဲ... ကျန်တဲ့ ထောင်ချောက်တွေအားလုံးကို ဖွင့်လိုက်ရမလား..."

ကျင့်ကြံသူတစ်ဦးက ယန်ချီနှင့်ယန်ခွမ်းကို ကြည့်လိုက်သည်။

အဘိုးအိုနှစ်ဦးသည် ကြာပလ္လင်များပေါ်မှ ဆင်းသက်လာကြပြီး သူတို့၏မျက်နှာများတွင် တည်ကြည်လေးနက်သော အမူအယာများ ထင်ဟပ်နေသည်။

ယန်ချီ၏အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။

"ကောလာဟလတွေက အမှန်ဖြစ်ပုံရတယ်... ချင်အင်ပါယာရဲ့ ရုတ်တရက် မြင့်တက်လာမှုက ကံကောင်းလို့ မဟုတ်ဘူး... သူတို့က ရွှမ်ယင်တောင်တန်းကို ဖြတ်ကျော်လာရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်..."

"ခွမ်း..."

ယန်ခွမ်း၏လက်ထဲတွင် သူ အမြဲတစေ ဆော့ကစားနေကျဖြစ်သော သစ်ကြားသီးနှစ်လုံး ရှိနေသည်။

ယခုအချိန်၌ သူ၏လက်ကို ပြင်းထန်စွာ ညှစ်လိုက်ရာ သစ်ကြားသီးနှစ်လုံး ချက်ချင်းကွဲအက်သွားပြီး ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"ဒီနေရာက ရွှမ်ယင်တောင်တန်း ပဲ... အတိတ်က စည်းမျဉ်းတွေအရ ဒါက ငရဲနယ်မြေရဲ့ ပိုင်နက်နယ်မြေ ဖြစ်သင့်တယ်... ဆိုလိုတာက ဒါက ငါတို့ယန်မိသားစုရဲ့နယ်မြေပဲ..."

ယန်ခွမ်း၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဂျူနီယာတစ်ယောက်ကို ငါတို့ရဲ့ခေါင်းပေါ် ဘယ်လိုလုပ်ပြီးတော့ တက်ခိုင်းလို့ ရမှာလဲ..."

"မင်း ဘာလုပ်မလို့လဲ..."

ယန်ချီက မျက်မှောင်ကြုတ်လိုက်သည်။

ယန်ခွမ်း၏မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ထင်ဟပ်လာပြီး သူ၏လက်ကို ပွယောင်းယောင်းဝတ်ရုံလက်ထဲမှ ထုတ်လိုက်၏။ သူ၏လက်ထဲတွင် ကြေးနီစည်းတံဆိပ်ငယ်တစ်ခုကို ကိုင်ဆောင်ထားသည်။

Chapter 5382

"တောင်ထိန်းစည်းတံဆိပ်... မင်း ရူးနေလား..."

ယန်ချီသည် ထိုကြေးနီစည်းတံဆိပ်ကို မြင်လိုက်ရသဖြင့် သူ၏မျက်ခုံးများ မြင့်တက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ယန်ခွမ်း၏နဖူးမှ ချွေးပေါက်တစ်ပေါက် ယိုစီးကျလာပေ၏။

"ချုပ်နှောင်ခံထားရတဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငါတို့ ယန်မိသားစုရဲ့ အမှတ်အသားရှိတယ်...သူတို့က ထိန်းချုပ်မှုကနေ လွတ်ကင်းသွားမှာ မဟုတ်ဘူး..."

ယန်ချီက အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

"အတိတ်တုန်းက အဲ့ဒီမကောင်းဆိုးဝါး စိတ်ဝိညာဉ် ထိန်းချုပ်မှု လွတ်သွားတုန်းက ပြန်ပြီးနှိမ်နင်းဖို့အတွက် ငါတို့ယန်မိသားစု က မဟာအကြီးအကဲ နှစ်ယောက် ပေးဆပ်ခဲ့ရတာ... မင်း သေချာစဉ်းစားဖို့ လိုတယ်... အဲ့ဒီ မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေက အရမ်းအန္တရာယ်များတယ်..."

"ဒီအချက်ကြောင့်ပဲ ကောင်းကင်ဘုံနယ်မြေက လူတွေကို သူ့ရဲ့ စွမ်းအားကို မြည်းစမ်းခိုင်းရမယ်..."

ယန်ခွမ်း၏မျက်နှာပေါ်တွင် ရက်စက်ယုတ်မာသော အပြုံးတစ်ခု ထင်ဟပ်နေဆဲပင်။

"အပြင်မှာ လူတစ်သန်းကျော် ရှိတယ်... ဒီ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကသာ သူတို့အားလုံးကို သတ်လိုက်ရင် သူ့ရဲ့ နာကြည်းချက်ကလည်း နည်းနည်းတော့ လျော့နည်းသွားလိမ့်မယ်... ဒါဆိုရင် ဒီနှစ် ယဇ်ပူဇော်ဖို့ လူဖမ်းရတဲ့ ဒုက္ခကနေ သက်သာသွားလိမ့်မယ်... ဒါက အကျိုးကျေးဇူးနှစ်မျိုးရမယ့် အစီအစဉ်ပဲ..."

ထိုသို့ပြောဆိုပြီးနောက် ယန်ခွမ်းသည် ကြေးနီတံခါးကြီး၏အပြင်ဘက်ရှိ မဟာချင် စစ်သားများများကို ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် သရော်တော်တော် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"နှမြောစရာပဲ... ဒီလောက်ထိ ထူးချွန်တဲ့ လူငယ်လေးတွေက မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာ မကောင်းဆိုးဝါးစိတ်ဝိညာဉ်အတွက် အစာ ဖြစ်သွားတော့မယ်..."

ယန်ချီ၏သတိပေးချက်ကို လျစ်လျူရှုပြီး သူသည် သူ၏လက်ထဲရှိ ကြေးနီစည်းတံဆိပ်ကို စင်မြင့်ရှေ့ရှိ အပေါက်တစ်ခုထဲသို့ ပြတ်ပြတ်သားသား ထည့်လိုက်သည်။

ထိုကြေးနီစည်းတံဆိပ်ကို ထည့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ တိမ်မည်းများသည် မိုးနှင့်မြေကို ချက်ချင်း ဖုံးလွှမ်းသွားပြီး လေဟာနယ်အတွင်းရှိအပူချိန် အနည်းငယ် ကျဆင်းသွားတော့သည်။

ထူထပ်သိပ်သည်းသော ငရဲချီစွမ်းအင်များသည် နားကွဲလုမတတ် အော်ဟစ်သံများနှင့်အတူ တိတ်ဆိတ်မှုကို စူးရှစွာ ထိုးဖောက်သွားသည်။

သွေးအေးဆုံးနှင့်ဂရုမစိုက်ဆုံး စစ်သည်များပင်လျှင် ဤအချိန်၌ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။ ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရာမျိုး ဖြစ်သနည်း...

"ကျီ ကျီ ကျီ..."

ထူးဆန်းသော ရှည်လျားသည့် အသံတစ်သံသည် နက်ရှိုင်းသော ချိုင့်ဝှမ်းအတွင်းမှ ထွက်ပေါ်လာသည်။

ချင်လုရှန်းသည် အသံလာရာ လမ်းကြောင်းကို ညွှန်ပြပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ပထမအကျော့... မြန်မြန်ပစ်..."

ဤအမိန့်ကို ပေးလိုက်သည်နှင့် အမြှောက်များသည် တပြိုင်နက်တည်း တုန်ခါသွားပြီး နက်ရှိုင်းသော ချိုင့်ဝှမ်းဆီသို့ ဦးတည်၍ အားကုန်ပစ်ခတ်လိုက်ကြသည်။

အမြှောက်များက တောင်တန်းကြီးကို ထိမှန်သွားသဖြင့် ထူထပ်သိပ်သည်းသော မီးခိုးများနှင့် ဖုန်မှုန့်များ တလိမ့်လိမ့်ထလာပြီး မြေပြင်တပြင်လုံး တုန်ခါသွားတော့သည်။

သို့သော် ထိုကဲ့သို့ ထိခိုက်မှုကို ခံစားရပြီးနောက်တွင်ပင် ထူးဆန်းသောအသံသည် ပျောက်ကွယ်မသွားဘဲ ပို၍နီးကပ်လာသည်။

လေထုထဲတွင် ပြင်းထန်ပြီး စူးရှသော သွေးညှီနံ့များဖြင့် ပြည့်နှက်နေသဖြင့် လူအမြောက်အများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။

"တပ်ဖွဲ့အားလုံး... သတိထားကြစမ်း..."

အရာရှိများက လက်ဟန်ပြကာ ပတ်ဝန်းကျင်ရှိ ချင်စစ်သည်များကို သတိထားနေရန် အမိန့်ပေးလိုက်သည်။

အရပ်မျက်နှာအဘက်ဘက်တွင် သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ် ပျံ့နှံ့နေပေ၏။

သို့ရာတွင် ထိုအချိန်မှာပင် တရှပ်ရှပ်အသံများ ထွက်ပေါ်လာသည်။ ထိုအသံသည် အလျင်လိုနေပြီး ခြေသံများ ရှုပ်ထွေးနေကာ ဆယ်နှင့်ချီသောလူများ စုဝေးပြီး အရှိန်ဖြင့် ပြေးလာသည့်အလားပင်။

"တစ်ခုခု လာနေပြီ..."

ချင်စစ်သည်များသည် ချက်ချင်းဆိုသလိုပင် စိတ်လေးလံသွားကြသည်။

"အမ်..."

လုယွီကလည်း မျက်မှောင်ကြုတ်လိုက်သည်။

သို့ရာတွင် သူတို့ မတုံ့ပြန်နိုင်မီမှာပင် အနက်ရောင်ပုံရိပ်တစ်ခုသည် အဝေးမှနေ၍ ရုတ်တရက် ပြေးထွက်လာပေ၏။

ချင်စစ်သည်တစ်ဦးသည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ သွေးစွန်းနေသော လက်တစ်ဖက်၏ ဖမ်းဆွဲခြင်းကို ချက်ချင်းခံလိုက်ရသည်။

"အား အား အား..."

ဝမ်းနည်းကြေကွဲဖွယ်ရာ အော်ဟစ်သံတစ်သံက ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာသည်။

မကြာမီမှာပင် အရိုးအသားများကို ဝါးစားသံတစ်သံ ထွက်ပေါ်လာပြီး အလွန်ကျောချမ်းဖွယ် ကောင်းလှသည်။

ဖုန်မှုန့်များ လုံးလုံးလျားလျား ငြိမ်သက်သွားမှသာ လူများအားသည် သူတို့၏မျက်စိရှေ့တွင် မည်ကဲ့သို့ သတ္တဝါမျိုး ရှိနေသည်ကို နောက်ဆုံး၌ မြင်တွေ့လိုက်ရသည်။

ဤသည်မှာ "လူ" နှင့်တူသော သရဲတစ္ဆေတစ်ကောင် ဖြစ်ပြီး မတ်တတ်ရပ်လိုက်ချိန်၌ တောင်ငယ်တစ်လုံးစာခန့် ကြီးမားသည်။ သူသည် ငြိမ်သက်နေသော အခြေအနေတွင် ရှိနေပြီး ပတ်ဝန်းကျင်ရှိ တောင်များနှင့် ရောနှောနေကာ ယခုမှသာ သူ၏ပုံသဏ္ဌာန်အစစ်အမှန်ကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် မယုံကြည်နိုင်လောက်အောင် ရုပ်ဆိုးပြီး ခါးအထက်မှစ၍ ပြည်တည်နေသော အဖုအပိမ့်များဖြင့် ဖုံးလွှမ်းနေသည်။ ထိုအဖုအပိမ့်များ၏အောက်တွင် ထူထပ်စွာ စုပုံနေသော ခေါင်းထောင်ပေါင်းများစွာ ရှိနေသည်။ ထိုခေါင်းတစ်လုံးစီသည် မျက်လုံးများ လှန်ထားပြီး ရုပ်ဆိုးကာ ရက်စက်သော မျက်နှာအမူအယာကို ထုတ်ဖော်ထားသည်။ သောင်းနှင့်ချီသော လက်များသည် ဧရာမကင်းခြေများတစ်ကောင်ကဲ့သို့ တညီတညွတ်တည်း ဝှေ့ယမ်းနေကြ၏။ သွေးနံ့နှင့်ရောနှောနေသော ပြင်းထန်သည့် အနံ့ဆိုးတစ်ရပ်သည် ထိုသရဲတစ္ဆေထံမှ ထွက်ပေါ်လာပြီး လူအများကို ပျို့အန်ချင်စရာ ဖြစ်စေသည်။

အစောပိုင်းက ဖမ်းဆွဲခံလိုက်ရသော ချင်စစ်သည်ကို ယခုအချိန်၌ လက်အမြောက်အများကဆုပ်ကိုင်ထားပြီး ခေါင်းငါးလုံးက လည်ပင်းများကို ဆန့်ထုတ်ကာ ချင်စစ်သည်၏ ခန္ဓာကိုယ်ကို ကိုက်ဝါးနေကြသည်။

"ဂျွတ်... ဂျွတ်..."

ထိုအလောင်းကို ခွဲဝေစားသောက်နေကြပြီး အစာမရလိုက်သော တခြားခေါင်းများက ထူးဆန်းသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။

Chapter 5383

"မကောင်းဆိုးဝါး စိတ်ဝိညာဉ်..."

လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ငရဲနယ်မြေ၏ နေထိုင်မှုပတ်ဝန်းကျင်သည် အလွန်ရှုပ်ထွေးပေ၏။ ရှေးဟောင်းငရဲနယ်မြေ ပြိုလဲပျက်စီးသွားစဥ်ကတည်းက ငရဲနယ်မြေ သက်ရှိသတ္တဝါအမျိုးမျိုး ရောနှောနေထိုင်သည့် စွန့်ပစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ သက်ရှိလူသားများ သရဲတစ္ဆေများ ငရဲဝိညာဉ်များ ဖုတ်ကောင်များအားလုံးကို ငရဲနယ်မြေတွင် တွေ့မြင်နိုင်သည်။

သို့သော် ထိုအရာများအနက် သက်ရှိတစ်မျိုးမှာ အထူးခြားဆုံးဖြစ်ပြီး ဤသည်မှာ မကောင်းဆိုးဝါး စိတ်ဝိညာဉ်များပင်။

အမှန်အားဖြင့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များသည် ကောင်းကင်ဘုံနယ်မြေတွင်လည်း ရှိသည့်တိုင် အလွန်ရှားပါးသည်။ ဤသရဲတစ္ဆေဆန်သော အရာများသည် နာကြည်းချက်များနှင့်အမုန်းတရားများအားလုံးမှ စုစည်းထားခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် အဆိုးရွားဆုံး တည်ရှိမှုများပင်။ သူတို့ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

"သူ့ကို သတ်..."

ချင်စစ်သည်တော် အမြောက်အများသည် သူတို့၏ရဲဘော်ရဲဘက်တစ်ဦး အသတ်ခံလိုက်ရသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် သူတို့၏မျက်လုံးများ နီရဲသွားကြပြီး ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်ကြသည်။

ဆယ်ယောက်တစ်ဖွဲ့ပါဝင်သော တပ်စုတစ်စုသည် စစ်ဗိုလ်ချုပ်၏အမိန့်ကို မစောင့်ဘဲ ရှေ့သို့ အလျင်အမြန် ပြေးတက်သွားကြသည်။

သူတို့သည် ထိုမကောင်းဆိုးရွားစိတ်ဝိညာဥ်နှင့် တွေ့ဆုံချိန်၌ သူတို့၏အပြင်းထန်ဆုံး မှော်မန္တန်များကို ထုတ်လွှတ်လိုက်ကြ၏။

"ဘုန်း..."

တောက်ပသော မှော်မန္တန်များ ပြင်းထန်စွာ ထွက်ပေါ်လာသော်လည်း မကောင်းဆိုးဝါး စိတ်ဝိညာဉ်အပေါ်သို့ မကျရောက်နိုင်မီမှာပင် ပတ်ဝန်းကျင်ရှိ ငရဲချီစွမ်းအင်များ၏ ဝါးမြိုခြင်းနှင့်ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်သော လက်များ ဆန့်တန်းထွက်လာပြီး ထိုစစ်သားဆယ်ယောက်ကို လျှင်မြန်စွာ ဖုံးလွှမ်းသွားသည်။

ဖုန်မှုန့်များကြားမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထို့နောက် ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဝါးစားသံများ ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်သည် ထိုစစ်သားများကို စတင်၍ အရူးအမူး ဝါးမြိုတော့သည်။ ရှည်လျားသောမြွေများကဲ့သို့ မရေမတွက်နိုင်သော ခေါင်းများသည် ငါးမီတာ ခြောက်မီတာ ရှည်သော လည်ပင်းများကို ဆန့်တန်းလိုက်ကြသည်။ မဟာချင်စစ်သားဆယ်ဦးသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ လုံးလုံးလျားလျား ဝါးမြိုစားသောက်ခြင်း ခံလိုက်ရသည်။

"စစ်တပ်တစ်တပ်လုံး ဆုတ်ခွာကြစမ်း... အမိန့်မရဘဲ မတိုက်ခိုက်နဲ့... စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်တွေအားလုံးကို ပစ်ခတ်စမ်း..."

ချင်လုရှန်းသည် ဤအခြေအနေကို မြင်လိုက်ရသဖြင့် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

ယခုအချိန်၌ ချင်စစ်တပ်သည် သူတို့၏အရည်အချင်းကို ပြသခဲ့သည်။

ချင်စစ်တပ်၏ ရှေ့တန်းတပ်မကြီးများ အားလုံးသည် အမိန့်ကို ကြားလိုက်ရသဖြင့် အလျင်အမြန် ဆုတ်ခွာလိုက်ကြပြီး တစ်ချိန်တည်းမှာပင် အနောက်ဘက်ကို ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးအား ပြင်ဆင်လိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက် စွမ်းအင်တန်းများ ပျံ့လွင့်လာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

အမြောက်ပေါင်းတစ်သောင်းထံမှ တုန်ခါသံများ ထွက်ပေါ်လာပေ၏။

ဤမျှထိ အားကောင်းသော ပစ်ခတ်မှုစွမ်းအားသည် မြို့တစ်မြို့ကို လုံးလုံးလျားလျား ချေမှုန်းပစ်ရန် လုံလောက်သည်။

သို့သော် ရွှမ်ယင်တောင်တန်းတဝိုက်တွင် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ရှေးဦးခေတ်ကတည်းက တည်ရှိခဲ့ပုံရသော ရှေးဟောင်းစွမ်းအားတစ်ရပ် ပွင့်အံ့ထွက်လာပြီး ရွှမ်ယင်တောင်တန်း၏ပြင်ပကို အခိုင်အမာ ကာကွယ်ပေးလိုက်သည်။

မကောင်းဆိုးဝါး စိတ်ဝိညာဉ်သည် အမြှောက်များဖြင့် ပစ်ခတ်ခံရသော်လည်း အနက်ရောင် မီးခိုးငွေ့တစ်စအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။ သူ မတ်တတ်ရပ်နေခဲ့သော နေရာတွင် အမြှောက်စွမ်းအင်တန်းများက မီတာတစ်ရာနက်သော ဧရာမတွင်းကြီးတစ်တွင်းကို ဖောက်ခွဲလိုက်ကြသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

လူများအားလုံး ထိတ်လန့်သွားကြသည်။

ဤသည်မှာ တောင်တစ်လုံးစာခန့် မြင့်မားသော ဧရာမသက်ရှိကြီးပင်။

မည်သည်ကြောင့် ဤအတိုင်း ပျောက်ကွယ်သွားသနည်း...

လူများအားလုံး သတိပြန်မဝင်မီမှာပင် ကြီးမားသော မကောင်းဆိုးဝါး စိတ်ဝိညာဉ်သည် လူအုပ်ကြီးနှင့် မီတာအနည်းငယ် အကွာတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ရှည်လျားသော လက်များကို ဆန့်တန်းပြီး ပတ်ဝန်းကျင်ရှိ ချင်စစ်သားများကို ပြင်းထန်စွာ ဖမ်းဆွဲလိုက်သည်။

စစ်သားများသည် ကာကွယ်ရန်အတွက် ဒိုင်းများကို ထပ်ခါတလဲလဲ မြှောက်လိုက်ကြသော်လည်း ထိုလက်များသည် မယုံကြည်နိုင်လောက်အောင် သန်မာသည်။ ထိုလက်များကို တူများကဲ့သို့ ဝှေ့ယမ်းလိုက်ရာ စစ်သည်များ အားလုံး၏လက်ထဲမှ ဒိုင်းများကို ချက်ချင်းလွင့်ထွက်သွားစေသည်။

သတ်ဖြတ်ပွဲသည် ဆက်လက်၍ ဖြစ်ပွားနေပေ၏။

မကောင်းဆိုးဝါး စိတ်ဝိညာဉ်သည် ခန့်မှန်းရခက်စွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ချင်စစ်တပ်က သေစေနိုင်သော တိုက်ခိုက်မှုတစ်ခု စတင်လိုက်ချိန်တွင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရုတ်ခြည်းပြန်လည်၍ ထွက်ပေါ်လာကာ ဆယ်နှင့်ချီသောလူများ၏ အသက်များကို နှုတ်ယူသွားသည်။

ချင်စစ်တပ်၏ခံစစ်ဝင်္ကပါသည် အသုံးမဝင်ချေ။ မကောင်းဆိုးဝါး စိတ်ဝိညာဉ်၏ စွမ်းအားသည် အကန့်အသတ်မဲ့ပြီး ကြောက်မက်ဖွယ် ကောင်းသည်။ သူ၏ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို လူတစ်ထောင် ပါဝင်သော ကြီးမားသည့် ခံစစ်ဝင်္ကပါကြီးပင်လျှင် မတားဆီးနိုင်ခဲ့ပေ။

ဤသည်မှာ ချင်စစ်တပ်၏ အရည်အသွေး အလွန်မြင့်မားသည်ကို ပြသနေသော အကြောင်းအရင်းလည်းဖြစ်သည်။ အကယ်၍ တခြားအင်အားစုများသာ ဖြစ်ပါက ယခုအချိန်တွင် လူစုကွဲသွားလောက်လေပြီ။

"ဟား ဟား ဟား... ကောင်းတယ်... ဒီလိုမျိုး ဖြစ်သင့်တာ..."

ယန်ခွမ်းသည် ကြေးနီတံခါးကြီး၏နောက်တွင် မတ်တတ်ရပ်နေပြီး အားပါးတရ ရယ်မောလိုက်သည်။

"အဲဒီတုန်းက ပဉ္စမနယ်မြေရဲ့လုတိုင်အကျဉ်းထောင်က သွေးပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တယ်... အကျဉ်းထောင်ထဲက ထောင်နဲ့ချီတဲ့ အကျဥ်းသားတွေနဲ့ အစောင့်တွေက အချိန်မီ မလွတ်မြောက်နိုင်ဘဲ သွေးပင်လယ်ထဲမှာ နစ်မြုပ်ပြီး သေဆုံးခဲ့ရတယ်... သူတို့ သေဆုံးပြီးတဲ့နောက်မှာ သူတို့ရဲ့ငရဲချီစွမ်းအင်တွေ ကျန်ရစ်ခဲ့ပြီးတော့ နှစ်ပေါင်းသုံးရာတိတိ ငြိမ်သက်နေခဲ့ရာကနေ နောက်ဆုံးမှာ ဒီမကောင်းဆိုးရွားစိတ်ဝိညာဥ် ဖြစ်လာခဲ့တာပဲ..."

ယန်ချီက သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး အတိတ်ကို ပြန်ပြောင်းပြောပြလိုက်သည်။

Chapter 5384

"အဲဒီအချိန်တုန်းက ဒီမကောင်းဆိုးရွားကို ဖမ်းဖို့အတွက် ငါတို့ယန်မိသားစုက မဟာအကြီးအကဲ နှစ်ယောက် ဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ အခုတော့ သူ့ဆီမှာ ငါတို့မိသားစုရဲ့အမှတ်အသား ရှိနေပြီ... အရင်တုန်းက သူ ဘယ်လောက်ပဲ စွမ်းအားကြီးခဲ့ပါစေ အခုတော့ ငါတို့မိသားစုရဲ့ ခွေးတစ်ကောင်သာသာပဲ..."

ယန်ခွမ်းက အနည်းငယ်မျှ ဂရုမစိုက်သည့်အလား ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

သူ၏မျက်လုံးထဲတွင် မြင်ယောင်နေသည်မှာ ငိုကြွေးသံများဖြင့် ပြည့်နှက်နေသော မြင်ကွင်းတစ်ခုပင်။

"ကြည့်စမ်း... ဒီမကောင်းဆိုးဝါး စိတ်ဝိညာဉ်က တဖြည်းဖြည်း နိုးထလာနေပြီ... ပြီးတော့ သူက အခုကစပြီး ပိုသန်မာလာလိမ့်မယ်... လူများများစားလေလေ သူ့ရဲ့စွမ်းအားက ပိုပြီးမြင့်မားလာလေပဲ... သန်းနဲ့ချီတဲ့စစ်သားတွေ... ဟား ဟား ဟား.. သူတို့က ငါတို့ယန်မိသားစုရဲ့ ခွေးအတွက် အစာကျွေးနေတာပဲ..."

ယန်ခွမ်းက လှောင်ပြောင်လိုက်သည်။

သို့သော် ရုတ်တရက် ယန်ခွမ်းသည် လူအုပ်ကြားမှ လုယွီထွက်လာသည်ကို သတိထားမိသွားသည်။

သူသည် နဂါးဝတ်ရုံကို ဝတ်ဆင်မထားဘဲ ပိုးထည်ဝတ်ရုံတစ်ထည်သာ ဝတ်ဆင်ထားသည်။ သို့ရာတွင် ထိုပိုးထည်ဝတ်ရုံပေါ်တွင် ပန်းထိုးထားသည့် ခမ်းနားထည်ဝါသည့် နဂါးပုံစံနှင့် ရွှေနဂါးခါးပတ်တို့က သူ၏အထောက်အထားကို ဖော်ပြနေပေ၏။

"ဒါက မဟာချင်ရဲ့ ဧကရာဇ်လား... သူလည်း ဒီနေရာကို သေဖို့ ရောက်လာတာပဲ..."

ယန်ခွမ်း၏စကားမဆုံးမီ သူ၏နားထဲတွင် အော်ဟစ်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

သွေးဆာနေသော ကြီးမားသည့် မကောင်းဆိုးဝါးစိတ်ဝိညာဉ်သည် သဘာဝ ရန်သူတစ်ဦးကို မြင်လိုက်ရသည့်အလား နောက်သို့ ရူးသွပ်စွာ ဆုတ်ခွာသွားသည်။

ထိုမကောင်းဆိုးဝါးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်လာပေ၏။ သူသည် လုယွီကို အလွန်ကြောက်ရွံ့နေပုံရပြီး ထွက်ပြေးရန် ကြံရွယ်နေသည်။

သို့သော် လုယွီသည် သူ့ကို ဤအတိုင်း မည်သည်ကြောင့် ထွက်ခွာသွားခွင့် ပြုမည်နည်း...

"ငါ့ရဲ့လူတွေကို သတ်ပြီးတော့... မင်းက ဒီအတိုင်း ထွက်သွားတော့မလို့လား..."

လုယွီ အေးစက်စက် အော်ဟစ်လိုက်၏။

သူ၏နောက်တွင် အဆုံးအစမဲ့ ကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားများ တလိမ့်လိမ့်ထနေပြီး ရှေးဟောင်းခေတ်မှ ထွက်ပေါ်လာသော ရက်စက်ကြမ်းကြုတ်စိတ်ဝိညာဉ်တစ်ကောင်အလားပင်။ ဤသည်မှာ မြေအောက်လောက တာအိုသခင် ပိုင်ဆိုင်သော အရှိန်အဝါတစ်ရပ်ဖြစ်ပေ၏။ သို့သော် သူ၏ ယခင်ဘဝနှင့်မတူဘဲ ဤဘဝတွင် လုယွီ၏ မြေအောက်လောက တာအိုသခင် အရှိန်အဝါသည် ပြုပြင်မွမ်းမံမှုများကို ခံယူထားကာ ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်။ သူ့ထံမှနေ၍ တောက်ပခြင်း မြင့်မြတ်ခြင်းနှင့် တည်ကြည်လေးနက်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။

"အရှင်ဧကရာဇ်... အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ..."

မရေမတွက်နိုင်သော ချင်စစ်သားများသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"ဒါက ဘာလဲ..."

ယခုအချိန်၌ ကြေးနီတံခါးကြီး၏နောက်မှ ယန်ခွမ်းနှင့်ယန်ချီတို့သည် ထိုမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြ၏။

ဤကြီးမားသော နတ်ဘုရားစွမ်းအား၏အောက်တွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်၏ခန္ဓာကိုယ်သည် နှိုင်းယှဉ်၍မရအောင် သေးငယ်သွားပုံရပြီး သူ၏အရှိန်အဝါသည် ပို၍အားနည်းလာကာ နောက်ထပ်အချိန်တခဏတွင် ပျောက်ကွယ်သွားတော့မည့်အလားပင်။

မကောင်းဆိုးဝါးစိတ်ဝိညာဉ်သည် တုန်ရီသွားကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

ဤသည်ကို မကောင်းသော အတွေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ သောင်းနှင့်ချီ၍ စုစည်းထားခြင်းလည်းဖြစ်သည်။

ဤသည်မှာ သာမန်ပြည်သူတစ်ဦးသည် ဧကရာဇ်ကို မြင်လိုက်ရသကဲ့သို့ဖြစ်ပြီး အဆုံးမဲ့ သော ကြောက်ရွံ့မှုများ သူ၏စိတ်နှလုံးသားထဲတွင် ပေါက်ဖွားလာသည်။

သူ၏မသိစိတ်ထဲတွင် လုယွီကို ရန်စ၍ မရကြောင်း မကောင်းဆိုးဝါးစိတ်ဝိညာဉ်က သိရှိသွားပြီး နောက်သို့လှည့်ထွက်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။

"သေလိုက်စမ်း..."

လုယွီ၏မျက်လုံးများတွင် ဂရုမစိုက်သော အရိပ်အယောင်တစ်ရပ် ရှိနေပြီး အနီရောင် အလင်းတန်းတစ်တန်းက သူ၏မျက်လုံးအောက်ခြေတွင် ဖြတ်ပြေးသွားသည်။

မြေအောက်လောက နတ်ဘုရား ဓမ္မပုံရိပ်ယောင်ကြီးသည် သူ၏လက်တစ်ဖက်ကို မြှောက်ပြီး ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

လီတစ်သောင်းကျယ်ဝန်းသော ရွှမ်ယင်တောင်တန်းတလျှောက်တွင် ငရဲချီစွမ်းအင်များ ထူထပ်သိပ်သည်းနေသည်။ မြေအောက်လောက နတ်ဘုရား၏လက်ဝါးသည် လေထုကို ရိုက်ခတ်လိုက်ပြီး မကောင်းဆိုးဝါးစိတ်ဝိညာဥ်ကို ဖုန်မှုန့်ထဲသို့ ပြင်းထန်စွာ ရိုက်ချကာ ချေမှုန်းလိုက်သည်။

ဤမကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို ဖွဲ့စည်းထားသော မရေမတွက်နိုင်သော သရဲတစ္ဆေများနှင့် ယင်စိတ်ဝိညာဥ်များသည် စူးရှသော အော်ဟစ်သံများဖြင့် နောက်သို့လှည့်ထွက်ကာ ထွက်ပြေးကြသည်။ သို့သော် မြေအောက်လောက နတ်ဘုရားသည် ကြီးမားသောစွမ်းအားဖြင့် ဝါးမြိုလိုက်ရာ သောင်းနှင့်ချီသော စိတ်ဝိညာဥ်များအားလုံး ဝါးမြိုခြင်းခံလိုက်ရသည်။ ထိုအရာများသည် ချက်ချင်းဆိုသလိုပင် သန့်စင်သော နတ်ဘုရားစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဘာ..."

ယန်မိသားစု အကြီးအကဲနှစ်ဦးသည် ဆက်လက်၍ ငြိမ်ငြိမ်ထိုင်ကြည့်မနေနိုင်တော့ချေ။

ထိုမကောင်းဆိုးဝါးစိတ်ဝိညာဉ်သည် သူတို့ယန်မိသားစု က ကြီးမားသော တန်ကြေးပေးဆပ်ပြီး ရွှမ်ယင်တောင်တန်းတွင် စောင့်ကြပ်စေခဲ့သောအရာပင်။ အတိတ်တွင် ထိုမကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို ဖမ်းဆီးရန်အတွက် သူတို့မိသားစု၏ မဟာအကြီးအကဲနှစ်ယောက်ပင်လျှင် ဆုံးရှုံးခဲ့ရသည်။

မမျှော်လင့်ဘဲ အချိန်တခဏအတွင်းမှာပင် ထိုမကောင်းဆိုးရွားစိတ်ဝိညာဥ်သည် မဟာချင်ဧကရာဇ်၏လက်ချက်ဖြင့် အသတ်ခံလိုက်သည်။

လုယွီ၏နည်းလမ်းများသည် အစွမ်းထက်ပြီး ပြတ်သားပေ၏။ စွမ်းအားကြီးသော မကောင်းဆိုးဝါးစိတ်ဝိညာဉ်သည် သူ၏ရှေ့တွင် ကစားစရာအရုပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

"အသုံးမဝင်ဘူး... အဲ့ဒီ မကောင်းဆိုးဝါး စိတ်ဝိညာဉ် သေသွားရင်တောင် ဘာဖြစ်လဲ... ဘာပဲဖြစ်ဖြစ် ဒါက အစောင့်ခွေးတစ်ကောင်ပဲလေ... ငါတို့ဘက်မှာ လောကတံခါးနဲ့ သဘာဝခံစစ်တွေက ကာကွယ်ပေးထားတယ်... မင်း ငါတို့ကို ဘယ်လိုမှ တိုက်ခိုက်လို့ မရဘူး..."

ယန်ခွမ်း၏အသံသည် တုန်ရီနေပြီး ပြင်းထန်သော ကြောက်ရွံ့မှုများက သူ၏စိတ်နှလုံးသားကို လွှမ်းခြုံသွားသည်။

"နေပါအုံး... သူက ဘာလို့ လောကတံခါးဆီကို လာနေတာလဲ..."

ယန်ချီက ရုတ်တရက် အော်ဟစ်လိုက်သည်။

သူတို့နှစ်ယောက်သား တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။

အဖြူရောင်ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော လုယွီသည် လေထုအတွင်း၌ ပျံသန်း၍ ရှေ့သို့ရောက်ရှိလာသည်။

ကြေးနီတံခါးကြီးသည် သူ၏မျက်စိရှေ့တွင် ရှိနေပြီး လုယွီက သူ၏လက်ကို ထိုအရာပေါ်သို့ ညင်သာစွာ တင်လိုက်သည်။

"နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါ ပြန်ရောက်လာပြီ..."

လုယွီက သူ တစ်ယောက်တည်းသာ ကြားနိုင်သောအသံဖြင့် တီးတိုးပြောဆိုလိုက်၏။

ကြေးနီတံခါးကြီး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ကိုးရောင်ခြယ်အလင်းတန်းများသည် ရေလှိုင်းလုံးကြီးများအလား မိုးကောင်းကင်သို့ တည့်မတ်ထိုးတက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ငရဲချီစွမ်းအင်များ ပွင့်အံ့ထွက်လာသည်။ ငရဲနယ်မြေဘက်ကပင်လျှင် ဤနေရာမှ လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။

ငရဲဆယ့်ရှစ်ထပ်လုံး တပြိုင်နက်တည်း တုန်ခါသွားပြီး ထူးဆန်းသော သဘာဝလွန်ဖြစ်ရပ်များ မကြာခဏ ထွက်ပေါ်လာသည်။ မြေအောက်လောကတာအိုသခင်၏ နန်းတော်မှနေ၍ ဆန်းကြယ်သော အလင်းတန်းများ မိုးကောင်းကင်ယံသို့ မြင့်တက်နေပြီး အချိန် ကြာမြင့်စွာ မတွေ့မြင်ခဲ့ရသော ဧကရာဇ်တစ်ပါးကို ကြိုဆိုနေသည့်အလားပင်။

Chapter 5385

လောကတံခါးကြီး ရုတ်တရက် တုန်ခါသွားပေ၏။

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လောကကြီးသည် ပြင်းထန်စွာ ပြောင်းလဲသွားသော်လည်း ထိုကြီးမားသော ကြေးနီတံခါးကြီးသည် ခေတ်အဆက်ဆက် ပြောင်းလဲခြင်းမရှိဘဲ ထိုနေရာတွင် အမြဲတစေ ရပ်တည်နေခဲ့သည်။ ယခုအချိန်၌ ထိုတံခါးကြီးသည် တည်ငြိမ်သော ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့သွားသကဲ့သို့ ရုတ်တရက် တုန်ခါလာပြီး လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

ငရဲဆယ့်ရှစ်ထပ်ရှိ သက်ရှိများအားလုံး ထိတ်လန့်သွားကြသည်။ ဤတံခါးသည် ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့တွင်သာ ပွင့်လေ့ရှိသော်လည်း ယနေ့သည် အလွန်ထူးခြားနေပေ၏။

ငရဲနယ်မြေ၏ နက်ရှိုင်းသောနေရာတွင် ရှိနေသော မြေအောက်လောကတာအိုသခင်၏ ဘုရားကျောင်းသည် တုန်ခါသွားပြီး နတ်ဘုရားအလင်းတန်းများ မရပ်မနား တောက်ပနေသည်။ မရေမတွက်နိုင်သော လူများသည် ကြောက်လန့်သွားကြပြီး ဘုရားကျောင်းရှိရာ အရပ်မျက်နှာဘက်သို့ ဦးတည်ပြီး ဒူးထောက်လိုက်ကြသည်။

ဤဖြစ်ရပ်သည် အလွန်ထူးခြားလွန်းပေ၏။ မရေမတွက်နိုင်သော မြေအောက်လောကတာအိုသခင်၏နောက်လိုက်များသည် မျက်ရည်များ ဝဲလာကြ၏။ ဆယ်စုနှစ်များစွာ တိတ်ဆိတ်နေပြီးနောက် မြေအောက်လောကတာအိုသခင်သည် သူ၏နတ်ဘုရားစွမ်းအားကို နောက်တစ်ကြိမ် ထုတ်ဖော်ပြသလိုက်လေပြီ။

"အရှင်က မသေတာများလား..."

"မဖြစ်နိုင်ဘူး... သူက ထိုက်ချမ်ဧကရာဇ်နဲ့အတူ သေကြေပျက်စီးသွားတာကို ငါတို့ ကိုယ်တိုင် မြင်တွေ့ခဲ့တာပဲ... ရှန်လင်းလုံ ကြိုတင်ပြင်ဆင်ထားတဲ့ သတ်ဖြတ်ခြင်းဝင်္ကပါကနေ အုပ်စိုးသူအရှင်တစ်ယောက်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... သူက ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နေနိုင်မှာလဲ..."

"ဒါပေမဲ့ ဘာလို့..."

အမှောင်ထုအတွင်းမှ အသံတချို့ ထွက်ပေါ်လာသော်လည်း အချိန်တခဏကြာ ဆွေးနွေးပြီးနောက် သူတို့အားလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။

ကြောက်ရွံ့မှုခံစားချက်တစ်ခုက လူများအားလုံးကို လွှမ်းမိုးသွားပေ၏။ သူတို့သည် အတိတ်က ဖြစ်ရပ်များကို တွေးတောမိကြသည်။ ညကောင်းကင်ယံတွင် မောက်မာထောင်လွှားစွာ ရပ်တည်နေသော ပြိုင်ဘက်ကင်းပုံရိပ်သည် လူအများ၏စိတ်နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည်။

ထိုအရာသည် ဒဏ္ဍာရီတစ်ခုပင်။ 'မြေအောက်လောက' ကို သူ၏တာအိုနာမည်အဖြစ် အသုံးပြုရဲခြင်းက သူ၏ ကြီးမြတ်မှုကို ခေတ်အဆက်ဆက် တောက်ပစေခဲ့သည်။

မြေအောက်လောက တာအိုသခင် သေဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူ၏ကျန်ရစ်သော စွမ်းအားသည် ပျောက်ကွယ်မသွားခဲ့ချေ။ သူ၏စွမ်းအားအနည်းငယ်ကို ထုတ်ဖော်ပြသမှုပင်လျှင် ငရဲနယ်မြေတစ်ခုလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

ယန်မိသားစုမှ ကျင့်ကြံသူများ မတ်တတ်ထရပ်လိုက်ကြပြီး သူတို့အားလုံး ထိတ်လန့်နေကြသည်။ သူတို့ထံသို့ ရင်းနှီးကျွမ်းဝင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က တိုးဝင်လာသည်။ ဤသည်မှာ ရှေးဦးသားရဲတစ်ကောင် သူတို့၏ရှေ့တွင် မတ်တတ်ရပ်နေသည့်အလား သူတို့၏စိတ်ထဲတွင် ဖိအားများဖြင့် ပြည့်နှက်သွားစေသည်။

"ကိစ္စမရှိဘူး... လောကတံခါးက ပွင့်သွားမှာ မဟုတ်ဘူး..."

ယန်မိသားစုအကြီးအကဲနှစ်ဦးသည် သူတို့ကိုယ်သူတို့ နှစ်သိမ့်နေကြသော်လည်း ချွေးစေးများက သူတို့၏နဖူးများမှ ယိုစီးကျနေသည်။

ကြီးမားသော ကြေးနီတံခါးကြီး၏ပြင်ပတွင် လုယွီသည် အစက်အပြောက်များ ရှိနေသော တံခါးကို ပွတ်သပ်နေဆဲဖြစ်ပြီး အချိန်တခဏကြာသည်အထိ အတွေးလွန်နေပေ၏။

အတိတ်က ဖြစ်ရပ်အမျိုးမျိုးက သူ၏စိတ်ထဲတွင် ထင်ဟပ်လာသည်။ သူ၏ယခင်ဘဝနှင့် လက်ရှိဘဝသည် အချိန်တခဏကြာ မြင်မက်ခဲ့သော အိပ်မက်တစ်ခုအလားပင်။ ယခုချိန်၌ သူ အိပ်မက်မှ နိုးထလာပြီး စတင်ခဲ့ရာအမှတ်သို့ ပြန်ရောက်လာချိန်တွင် အကန့်အသတ်မဲ့သော ခံစားချက်များကို ခံစားလိုက်ရသည်။

"ဒါဆို ယန်မိသားစုက အကန့်အသတ်တချို့ကို ထားခဲ့တာကိုး... သူတို့က လောကတံခါးကိုပါ တကယ်ကြီး လိုချင်နေတာလား..."

လုယွီသည် အချိန်တခဏကြာမျှ ခံစားလိုက်ပြီးနောက် နောက်ဆုံးတွင် နားလည်သွားပေ၏။

သူသည် လောကတံခါးတွင် နှောင့်ယှက်မှုများ ရှိနေကြောင်း အာရုံခံမိသောကြောင့် အစောပိုင်းက မဆင်မခြင် မလုပ်ဆောင်ခဲ့ခြင်းပင်။

ဤသည်က ငရဲနယ်မြေ၏ဝင်ပေါက်ဖြစ်သည်။ ငရဲနယ်မြေ အုပ်ချုပ်သူအရှင်၏ကျောက်စိမ်းစည်းတံဆိပ်ကို ကိုင်ဆောင်ထားသူသာလျှင် ထိုတံခါးကို ဖွင့်နိုင်သည်။ ဤစည်းတံဆိပ်သည် ကောင်းကင်ဘုံနယ်မြေရှိ လူသားဧကရာဇ်ဓား၏ အဆင့်အတန်းနှင့် တူညီသည်။ လူသားဧကရာဇ်ဓား၏ အသိအမှတ်ပြုမှု မရှိဘဲ ကောင်းကင်ဘုံနယ်မြေတွင် ဧကရာဇ်ဟု ကြေညာခြင်းသည်ပင် တရားမဝင်ချေ။

ယမမင်းတွင် ငရဲနယ်မြေ အုပ်ချုပ်သူအရှင်၏ ကျောက်စိမ်းစည်းတံဆိပ် မရှိသော်လည်း လူမးအားလုံးကို ခြိမ်းခြောက်ရန်အတွက် သူသည် လောကတံခါးကို ယာယီထိန်းချုပ်ရန် ဆိုးရွားသောနည်းလမ်းတချို့ကို အသုံးပြုခဲ့သည်။

လောကတံခါး၏မျက်နှာပြင်မှ သွေးချီစွမ်းအင်များ မြင့်တက်လာပြီး ထူထပ်သိပ်သည်းသော သွေးချည်မျှင်များအဖြစ် စုစည်းသွားသည်။

ထိုသွေးချည်မျှင်များ ပျံ့နှံ့သွားသည်မှာ လက်ထောင်ပေါင်းများစွာ ဆန့်တန်းလာသည့်အလားပင်။

ဤသည်မှာ လောကတံခါးပေါ်တွင် ထားရှိသော အလွန်နက်ရှိုင်းပြီး ရှုပ်ထွေးသည့် ဝင်္ကပါတစ်ခုပင်။ ဤတံခါးကို ထိတွေ့ရဲသော မည်သူမဆို ဝင်္ကပါ၏တန်ပြန်သက်ရောက်မှုကို ခံစားရပေလိမ့်မည်။

လုယွီ၏မျက်လုံးများသည် ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး သူ၏ နတ်ဘုရားစွမ်းအားသည် အလွန်ကြီးမားပေ၏။

သူသည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏လက်ကိုမြှောက်ကာ မှော်စွမ်းအားကို အသုံးပြု၍ ထောင်နှင့်ချီသော လက်ဝါးပုံရိပ်ယောင်များကို ဖန်တီးလိုက်သည်။ မဟာတာအို၏ နက်နဲသိမ်မွေ့သော ဥပဒေသများနှင့်အတူ ထိုအရာများသည် ရှေးဟောင်းကြေးနီတံခါးကြီးကို အဆက်မပြတ် ရိုက်ခတ်လိုက်ကြသည်။

လုယွီ၏နောက်တွင် သဘာဝလွန်ပုံရိပ်ယောင်အမျိုးမျိုး ပေါ်လာသည်။ ဤသည်မှာ ရွှေနဂါးကိုးကောင် မိုးကောင်းကင်သို့ ခုန်တက်သွားခြင်း နတ်ဘုရားများနှင့်ဗုဒ္ဓများကို ကြိုဆိုသည့် ရွတ်ဆိုသံများ လေထုထဲတွင် ပြည့်နှက်နေခြင်း ကောင်းကင်နှင့်မြေပြင်ကြားရှိ ဥပဒေသများသည် ကျားခုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်း စသည်တို့ပင်။ လုယွီသည် ကျားခုံဘေးတွင် မတ်တတ်ရပ်နေပြီး သက်ရှိများအားလုံးသည် ကျားစေ့များ ဖြစ်ကြကာ သူသည် ကစားသမား ဖြစ်ပေ၏။

ထိုသဘာဝလွန်ပုံရိပ်ယောင်အတွင်းမှ လုယွီသည် ကျားစေ့တစ်စေ့ကို ထုတ်ယူပြီး ကြီးမားသော တံခါးကြီးထံသို့ ဦးတည်၍ ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သွေးရောင်ဝင်္ကပါကြီးအတွင်းမှ ဧရာမသွေးလက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး လုယွီထံဦးတည်၍ဖမ်းဆုပ်လိုက်သည်။

Thank For Reading.

All Chapters