အခန်း (၁၈၄)
Vol. 19 Ch. 184
ယဲ့ဖျင်၏ မျက်နှာထက်တွင် တစ်ခါဖူးမျှမရှိဖူးသော လေးနက်တည်ကြည်မှုများ ပေါ်ပေါက်လာသည်။
“တကယ်လို့သာ အဲ့ဒီလိုဆိုရင်တော့ ဒါက တကယ့်ကို ကိုင်တွယ်ရခက်တဲ့ ကိစ္စပဲ။ ပထမတစ်ကြိမ် သွေးသားယဇ်ပလ္လင်က အောင်မြင်ခဲ့တယ်။ ဒုတိယတစ်ကြိမ် ဝိညာဉ်ယဇ်ပူဇော်မှုကလည်း အောင်မြင်ခဲ့ပြန်ပြီ... ဒါဆိုရင် စတုတ္ထအကြိမ်မြောက်ကတော့ ငါတို့ လုံးဝရိပ်မိမှာတောင် မဟုတ်တော့ဘဲ ပိုပြီးတော့ လျှို့ဝှက်လာလိမ့်မယ်"
ရွှီရန်က မျက်မှောင်ကြုတ်လျက် “အရမ်း မစိုးရိမ်ပါနဲ့ဦး။ အရင်ဆုံး မြစ်ကြမ်းပြင်က ကျောက်တုံးကြီးပေါ်မှာရှိတဲ့ အဆောင်လက်ဖွဲ့တွေကို ကျွန်တော် သွားကြည့်လိုက်ဦးမယ်။ အဲ့ဒါတွေကို ကျွန်တော် နားလည်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီအကျပ်အတည်းကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မှာပါ"
ယဲ့ဖျင်က ရွှီရန်၏ ပုခုံးကို ပုတ်လိုက်ရင်း “ငါတို့ မင်းရဲ့ အံ့ဖွယ်အမြစ်အရိုးကိုပဲ အားကိုးရတော့မယ်။ လျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့ရဲ့ ဒုတိယမြောက်ပုံစံမှာ ရှိနေတဲ့ အန္တရာယ်အငွေ့အသက်ကို အာရုံခံနိုင်တာ မင်းတစ်ယောက်တည်း ရှိတာလေ"
“မင်းအပေါ်မှာပဲ အားလုံး ပုံအပ်ထားတယ်နော် ရွှီရန်”
ရွှီရန်: “...”
ဒါက အခုတော့ ဟာသတစ်ခုလို ဖြစ်နေပြီလား။
သူ ဘယ်လိုပြန်ပြောရမှန်း မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ယခင်စွမ်းဆောင်
ချက်များမှာ အမှန်တကယ် ထူးကဲလွန်းနေသောကြောင့်ပင်။
အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို အမှုန့်ဖြစ်အောင် ချေမှုန်းခဲ့သည်။
ပျံလွှားခေါင်းပြတ် တစ္ဆေကိုလည်း အမှုန့်ဖြစ်အောင် ချေမှုန်းခဲ့သည်။
မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခကို တစ်ကြိမ် အနိုင်ယူခဲ့သည်။
အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားကိုလည်း တစ်ကြိမ် အနိုင်ယူခဲ့ဖူးသည်။
သူ၏ အတိတ်က ထူးကဲလှသော အောင်မြင်မှုများကြောင့် သူ၏ ရှင်းပြချက်များမှာ အရာမထင်သလို ဖြစ်နေရသည်။ သူသည် ထိုသို့သော တောက်ပသည့် ဂုဏ်သတင်းများကိုသာ တိတ်ဆိတ်စွာ လက်ခံထားလိုက်ရတော့သည်။
...
နာရီဝက်ခန့် ကြာပြီးနောက်...
အထူးယာဉ်တစ်စီးသည် မြစ်ကမ်းနားတွင် ဆိုက်ရောက်လာခဲ့သည်။
အဝါရောင် သတိပေးတားမြစ်ချက် ကြိုးဝိုင်းများကို သိသာထင်ရှားစွာ တားဆီးထားပြီး ကင်းလှည့်အရာရှိများကလည်း အနီးအနားတွင် စောင့်ကြပ်နေကြသည်။ ထိုမြစ်ကြမ်းပြင်ရှိ အဆောင်လက်ဖွဲ့များသည် ရေနစ်မှုကို ဖြစ်ပေါ်စေသည့် ထူးဆန်းသော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ဟု စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က သံသယရှိသောကြောင့် ဤနေရာကို တင်းကျပ်စွာ စောင့်ကြည့်ရန် တားမြစ်ထားခြင်းပင်။
သို့သော်လည်း ထိုတားမြစ်ချက်များမှာ အရာရှိများဖြစ်သည့် ရွှီရန်နှင့် ယဲ့ဖျင်တို့အတွက်မူ အကျုံးမဝင်ပေ။
“စစ်ဆေးရေးမှူး”
ကင်းလှည့်နေသော အရာရှိများက သူတို့နှစ်ဦးကို မြင်သောအခါ အလေးပြုလိုက်ကြသည်။
“အထူးတပ်မှူး”
ယဲ့ဖျင်က “ဘယ်လိုလဲ... ဒီမှာရပ်နေရင်းနဲ့ ရေထဲဆင်းချင်စိတ် ပေါက်လာတာမျိုး၊ ရေနစ်ချင်သလိုမျိုး မဖြစ်ကြဘူးလား” ဟု မေးလိုက်သည်။
စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်က “သတင်းပို့ပါတယ် တပ်မှူး။ မဖြစ်ပါဘူးခင်ဗျာ” ဟု ပြန်လည်ဖြေကြားသည်။
ယဲ့ဖျင်က ခေတ္တစဉ်းစားလိုက်ပြီး “ဒီအရာက တောင်ကုန်းနယ်ပယ်အထက် ကျင့်ကြံသူတွေအပေါ်မှာတော့ အာနိသင်မရှိဘူး ထင်တယ်။ သေဆုံးသူတွေထဲမှာ သွေးစွမ်းအင်တန်ဖိုး မြင့်မားတဲ့သူ တစ်ယောက်မှ မပါတာကို ကြည့်ရင် သိနိုင်တယ်” ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။
ထို့နောက် သူက ရွှီရန်ဘက်သို့ လှည့်ကာ “ငါ မြစ်ရေကို နှစ်ခြမ်းခွဲပြီး မြစ်ကြမ်းပြင်ပေါ်အောင် လုပ်ပေးမယ်။ ဒါမှ မင်း အဲ့ဒီကျောက်တုံးကြီးကို သေချာကြည့်လို့ရမှာ။ ဘယ်လိုလဲ အဆင်သင့်ပဲလား”
“အချိန်မရွေး စနိုင်ပါတယ်”
ရွှီရန်မှာ စိတ်အားထက်သန်နေပြီး ထို အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား၏ အစီအစဉ်များကို ဖျက်ဆီးပစ်ရန် မစောင့်နိုင်တော့ပေ။
“ကောင်းပြီ မင်း အရင်နည်းနည်း ဆုတ်နေလိုက်ဦး”
စကားအဆုံးတွင်ယဲ့ဖျင်၏ သွေးစွမ်းအင်များမှာ တဟုန်ထိုး မြင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်ပြင်ပတွင် တောင်တစ်လုံးကဲ့သို့ မြင့်မားသော မီးခိုးရောင် အလင်းတန်းများ ဖြစ်ပေါ်လာသည်။
သူသည် လက်ကိုမြှောက်ကာ မြစ်အထက်ပိုင်းသို့ ဦးတည်၍ ဖိချလိုက်ရာ တစ်ခဏအတွင်းမှာပင် လေပြင်းများ တိုက်ခတ်လာပြီး မီးခိုးရောင် သွေးစွမ်းအင်များမှာ ရေတံခွန်ကြီးတစ်ခု ပြိုကျလာသည့်အလား မိုးကြိုးပဲ့သံကဲ့သို့ အသံကြီးဖြင့် ဝုန်းခနဲ ထွက်ပေါ်သွားတော့သည်။
စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်များမှာ ထိုသွေးစွမ်းအင်၏ ဟိန်းဟောက်သံကြောင့် ထိတ်လန့်သွားပြီး မျက်နှာများ ဖြူလျော့ကာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားကြသည်။ သူတို့သည် ယဲ့ဖျင်ကို ထိတ်လန့်တကြား ကြည့်နေကြသော်လည်း ရွှီရန်မှာမူ နေရာမှ မလှုပ်မယှက် ရပ်နေမြဲပင်။
သူသည် မြစ်ထဲတွင် ဖြစ်ပျက်သမျှကို တည်ငြိမ်စွာ ကြည့်နေသည်။ မီတာ ၃၀ ကျော် ကျယ်သော မြစ်၏ အထက်ပိုင်းတွင် ယဲ့ဖျင်၏ သွေးစွမ်းအင်များမှာ မဖောက်ထွင်းနိုင်သော ဆည်တစ်ခုအလား ဖြစ်ပေါ်လာပြီး အထက်မှ စီးဆင်းလာသော ရေတစ်စက်မျှပင် အောက်သို့ မကျလာတော့ပေ။
မြစ်အောက်ပိုင်းရှိ ရေများမှာလည်း လျင်မြန်စွာ ကုန်ခမ်းသွားပြီး ရွှံ့နွံများဖြင့် ပြည့်နှက်နေသော မြစ်ကြမ်းပြင်မှာ ပေါ်ထွက်လာတော့သည်။
ရွှီရန်: “ဦးလေးယဲ့... မြစ်ကြမ်းပြင်က ကျောက်တုံးကြီးကို ကျွန်တော် မမြင်ရသေးဘူးဗျ”
ယဲ့ဖျင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “စိတ်မလောပါနဲ့ဦး နောက်ထပ် လာဦးမှာပါ” ဟု ပြောလိုက်သည်။
ဦးလေးယဲ့သည် စကားပြောရင်း သူ၏ညာလက်ကို မြှောက်လိုက်ရာ အထက်ပိုင်းမှ ရေစီးကြောင်းမှာ အောက်ဘက်ရှိ ကျောက်တုံးကြီးရှိရာနေရာသို့ ဒလဟော စီးဆင်းသွားပြီး ရွှံ့နွံများကို တိုက်စားပစ်လိုက်သည်။
ရွှံ့နွံများမှာ မြစ်အောက်ပိုင်းသို့ လွင့်စင်သွားပြီးနောက် မြစ်ကြမ်းပြင်မှ ကျောက်တုံးကြီးမှာ ပေါ်ထွက်လာတော့သည်။
“အော်... ဒီမှာကိုး"
မြစ်ကြမ်းပြင်မှ ကျောက်တုံးကြီး ပေါ်လာသည်ကို မြင်သည်နှင့် ရွှီရန်သည် အသာအယာ ခုန်ကူးလိုက်ပြီး လေဟာနယ်နံရံကို နင်းကာ ကျောက်တုံးကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ ကျောက်တုံးကြီးမှာ ရေဖြင့် အကြိမ်ကြိမ် ဆေးကြောပြီးဖြစ်၍ မျက်နှာပြင်မှာ အလွန်သန့်ရှင်းနေသည်။
ထွင်းထုထားသော အမှတ်အသားတစ်ခုချင်းစီမှာ လက်ကောက်ဝတ်ခန့် ထူထဲပြီး ဆယ်စင်တီမီတာကျော် နက်ရှိုင်းလှသည်။ ၎င်းတို့သည် ကျောက်တုံးကြီးပေါ်တွင် ခိုင်မာတောင့်တင်းစွာဖြင့် အားမာန်ပါပါ တည်ရှိနေကြသည်။
ရွှီရန်သည် မျက်မှောင်ကြုတ်လျက် ထိုသင်္ကေတအားလုံးကို အသေအချာ စိုက်ကြည့်နေမိသည် “သင်္ကေတတွေက ရှုပ်ထွေးလွန်းတယ်။ အလင်းရောင်လည်း မထွက်ဘူး။ နားလည်ရခက်ပြီး နက်နဲလွန်းနေတယ်...”
“ကောင်းပြီ... ဒီသင်္ကေတတွေကို ငါ လုံးဝနားမလည်နိုင်ပေမဲ့ သူတို့ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ထူးဆန်းတဲ့ အငွေ့အသက် အနည်းငယ်တော့ ရှိနေတာ အမှန်ပဲ”
“အရမ်းကို သိမ်မွေ့တဲ့ အငွေ့အသက်လေးပဲ...”
“အကယ်၍ ဒီလိုသင်္ကေတမျိုးကို ရွှံ့နွံတွေနဲ့ ဖုံးအုပ်ထားပြီး အပေါ်ကနေ ငါးအသေကောင် အနည်းငယ်လောက်သာ တင်ထားလိုက်မယ်ဆိုရင် ငါတောင်မှ လုံးဝ အာရုံခံနိုင်မှာ မဟုတ်ဘူး”
ခေတ္တမျှ စစ်ဆေးပြီးနောက် ရွှီရန်၏ ခန့်ညားသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပိုမိုသိသာလာခဲ့သည်။ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား၏ နည်းလမ်းများမှာ ပိုမိုလျှို့ဝှက်လာသည်ကို သူ သဘောပေါက်လိုက်သည်။ လမ်းဘေးတွင် လျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့များကို အလွယ်တကူ ရှာတွေ့နိုင်သည့် ခေတ်ကာလမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
“တကယ့်ကို ဒုက္ခပဲ”
ရွှီရန်က ညည်းညူရင်း သက်ပြင်းချလိုက်သည်။
ယဲ့ဖျင်သည်လည်း ရွှီရန်အနားသို့ ဆင်းသက်လာပြီး “ဘယ်လိုလဲ။ ဒါ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ လက်ချက်လား” ဟု မေးလိုက်သည်။
ရွှီရန်က ခေါင်းညိတ်ပြလျက် “ဟုတ်တယ် ထူးဆန်းတဲ့ အငွေ့အသက်ချင်း တူနေတယ်။ ဒါပေမဲ့ အရမ်းကို သိမ်မွေ့လွန်းတယ်။ ငါးအသေကောင် တစ်ကောင်ရဲ့ အပုပ်နံ့ကတောင် ဒီအငွေ့အသက်ကို ဖုံးကွယ်ထားနိုင်လောက်တဲ့အထိ သိမ်မွေ့နေတာ” ဟု ပြန်ပြောလိုက်သည်။
ယဲ့ဖျင်မှာ မှင်သက်သွားပြီး “ဒါဆိုရင် အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားက သူ့ရဲ့ တတိယမြောက် အသွင်ပြောင်းလဲမှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီပေါ့ ဟုတ်လား”
ရွှီရန်က မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး “အဲ့ဒီလိုပဲ ထင်ရတာပဲ” ဟု ပြောလိုက်သည်။
ရွှီရန်၏ ကောက်ချက်ကြောင့် ယဲ့ဖျင်၏ မျက်နှာမှာ ပို၍ပင် လေးနက်တည်ကြည်သွားတော့သည်။
“အကယ်၍ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားက အသွင်ပြောင်းလဲမှု သုံးကြိမ်အထိ ပြီးမြောက်နေပြီဖြစ်ပြီး ခုထက်ထိ ပုန်းအောင်းနေတုန်းပဲဆိုရင်တော့... သူက ပိုပြီး အစွမ်းထက်လာဖို့ စောင့်နေတာ ဒါမှမဟုတ် ပိုပြီးကြီးမားတဲ့ အစီအစဉ်တစ်ခုခုကို ကြံစည်နေတာပဲ ဖြစ်ရမယ်”
“သွေးသားယဇ်ပလ္လင်ကို ဖန်တီးခဲ့ပြီး အခု မြစ်ကြမ်းပြင်မှာ ဝိညာဉ်တွေကို ယဇ်ပူဇော်နေတာတောင် အောင်မြင်သွားခဲ့ပြီဆိုတော့...”
ယဲ့ဖျင်၏ လေသံမှာ ပိုမို လေးလံလာခဲ့သည်။
ရွှီရန်: “ဦးလေးယဲ့ ကျင်းမြို့ရဲ့ မြေပုံပါလား။ တစ်ချက်လောက် ကြည့်ရအောင်။ ဒီမြစ်ကြမ်းပြင်က ကျောက်တုံးကြီးတွေက ကျင်းမြို့တစ်ဝိုက်မှာ အကြီးစား ယဇ်ပလ္လင်ကြီးတစ်ခု ဖြစ်နေမလားလို့ပါ"
ယဲ့ဖျင်မှာ မှင်သက်သွားပြီး “မင်းရဲ့ အတွေးက ငါနဲ့ တစ်ထပ်တည်းကျနေတာပဲ"
“အကယ်၍ ဒါက သေချာပြင်ဆင်ထားတဲ့ အကြီးစားယဇ်ပလ္လင်ကြီးဖြစ်နေပြီး ငါတို့ ရှာတွေ့သွားပြီဆိုတာကို နတ်ဘုရားက သိသွားရင်... သူ ထိတ်လန့်ပြီး ယဇ်ပလ္လင်ကို ချက်ချင်း အသက်သွင်းလိုက်တာနဲ့ အခြေအနေက တကယ့်ကို ဆိုးရွားသွားလိမ့်မယ်"
“အရင်ဆုံး ဒီကျောက်တုံးကြီးတွေကို ဖျက်ဆီးပစ်ရမလား”
ရွှီရန်က ယဲ့ဖျင်၏ အကြံပြုချက်ကို သဘောတူလိုက်သည်။
“ကောင်းပါပြီ။ အရင်ဆုံး ဒါကို ဖျက်ဆီးလိုက်ကြရအောင်။ တစ်ခုလုံးကို လှီးဖြတ်ပြီး ကမ်းပေါ်ကို ပစ်တင်လိုက်ရင် လုံလောက်မှာပါ"
ယဲ့ဖျင်က မတွန့်ဆုတ်တော့ဘဲ မြစ်ကြမ်းပြင်မှ ကျောက်တုံးကြီးကို တိုက်ရိုက် လှီးဖြတ်ထုတ်ယူကာ မြစ်ကမ်းပေါ်သို့ မတင်လိုက်သည်။
“ဘေးကင်းဖို့အတွက် ဒီကျောက်တုံးတွေကို ငါ အကုန်ဖျက်ဆီးပစ်လိုက်မယ်"
မြစ်ကြမ်းပြင်မှ ခွာထုတ်လိုက်သော ကျောက်တုံးကြီးကို ကြည့်ရင်း ယဲ့ဖျင်က လက်ကိုမြှောက်ကာ တုန်ခါလှိုင်းတစ်ခုဖြင့် ရိုက်ခတ်လိုက်ရာ ကျောက်တုံးကြီးမှာ ကြေမွသွားတော့သည်။
“ကဲ... ဒါဆို ဖျက်ဆီးတာ အောင်မြင်သွားပြီလို့ ပြောလို့ရမလား"
ရွှီရန်မှာမူ အနည်းငယ် မသေချာသကဲ့သို့ ဖြစ်နေသည်။
“နီးစပ်ပါတယ်။ ဒီထူးဆန်းတဲ့ သင်္ကေတတွေပါတဲ့ ကျောက်တုံးကြီးကို လေးပိုင်းလောက် ထပ်ပိုင်းလိုက်မယ်ဆိုရင် ပိုပြီး စိတ်ချရမယ် ထင်တယ်"
ထိုနတ်ဘုရားကို ဒေါသထွက်စေရန်အတွက် ကျောက်တုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်ချင်သော်လည်း သုတေသနအတွက် လိုအပ်သောကြောင့် လက်ကျန်ပစ္စည်းအချို့ကို သိမ်းထားရဦးမည်ပငါ။
“ပိုင်းလိုက်ရမှာလား"
“ပိုင်းလိုက်တာက ပိုပြီး စိတ်ချရတယ်။ ပိုင်းလိုက်ရင်လည်း သုတေသန လုပ်လို့ရတာပဲလေ"
“ကောင်းပြီလေ"
ယဲ့ဖျင်က လက်ကိုမြှောက်ကာ ရွှီရန်ပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ သို့သော် ကျောက်တုံးများကို ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်တုံးပေါ်ရှိ ထူးဆန်းသော သင်္ကေတများမှာ စွမ်းအင်များ ရုတ်တရက် ဆုံးရှုံးသွားပြီး ကျောက်တုံးကြီးမှာလည်း အမှုန့်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားတော့သည်။
“ဟင်”
“ဒီလိုမျိုး ပြောင်းလဲသွားတာလား"
“သင်္ကေတရဲ့ မျဉ်းကြောင်းတွေကို မဖျက်ဆီးသေးဘဲနဲ့တောင် ထူးဆန်းတဲ့ သင်္ကေတတွေက ပျက်စီးသွားတာလား"
“ကြည့်ရတာ ဒီကျောက်တုံးပေါ်က သင်္ကေတတွေက တစ်သားတည်း ဖြစ်နေပုံပဲ။ သူတို့ရဲ့ စွမ်းအားက သင်္ကေတမျဉ်းကြောင်းတွေကြားက ဟန်ချက်ညီမှုနဲ့ ပဲ့တင်ထပ်မှုကနေ လာတာပဲ ဖြစ်ရမယ်...”
ရွှီရန်က လေးနက်စွာ စဉ်းစားနေမိသည်။
ယဲ့ဖျင်မှာမူ နှမြောတသဖြစ်သွားပြီး “ဟမ် သူက သူ့ဘာသာသူ ဖျက်ဆီးပစ်လိုက်တာလား ဘယ်လိုလုပ်မလဲ။ ငါတို့ သုတေသနတောင် မလုပ်ရသေးဘူးလေ”
အခန်း။ ၁၈၅
ရုတ်တရက် အပြောင်းအလဲကြောင့် ယဲ့ဖျင်မှာ အံ့အားသင့်သွားပြီး မျက်နှာမှာ ပို၍ပင် တည်ကြည်လေးနက်သွားသည်။ ဤသည်မှာ ဖုံးကွယ်ထားသော အန္တရာယ်တစ်ခု ဖြစ်နိုင်သည်ဟု သူ ခံစားမိလိုက်သည်။
သုတေသနပင် အပြည့်အဝ မလုပ်ရသေးခင်မှာတင် ပျက်စီးသွားခဲ့သည်။
ဒါက အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား ချန်ထားခဲ့တဲ့ ကိုယ်တိုင်ဖျက်ဆီးစနစ်လား။
ယဲ့ဖျင်က တစ်စုံတစ်ခုကို မေးမြန်းချင်သည့်အမူအရာဖြင့် ရွှီရန်ကို ကြည့်လိုက်သည်။
“မင်း ဘယ်လိုထင်လဲ။ ဒီလျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့ရဲ့ အန္တရာယ်အငွေ့အသက်ကို မင်းတစ်ယောက်တည်းပဲ အာရုံခံနိုင်တာဆိုတော့ မင်းပဲ ဒါကို နားလည်နိုင်မှာပါ။ အခု အဆောင်လက်ဖွဲ့ ထွင်းထားတဲ့ ကျောက်တုံးကြီးက အမှုန့်ဖြစ်သွားပြီဆိုတော့ မင်းရဲ့ သုတေသနအပေါ် သက်ရောက်မှု ရှိသွားမလား"
ရွှီရန်မှာလည်း အနည်းငယ် အံ့အားသင့်သွားမိသည်။ သူသည် ကိုယ်ကိုကိုင်းလိုက်ပြီး နုညက်နေသော ကျောက်မှုန့်တစ်ဆုပ်ကို ကောက်ယူလိုက်သည်။
“တကယ်ကို စိတ်ဝင်စားစရာပဲ။ အပေါ်က အဆောင်လက်ဖွဲ့မျဉ်းကြောင်းတွေ ပျက်စီးသွားတာနဲ့ အဲ့ဒီကျောက်တုံးကြီးကို အမှုန့်ဖြစ်သွားအောင် ချေမှုန်းပစ်နိုင်တဲ့ စွမ်းအားတစ်ခု ထွက်လာတာပဲ...”
“ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အဲ့ဒီသင်္ကေတတွေကို ကျွန်တော့်ဦးနှောက်ထဲမှာ အသေအချာ မှတ်သားထားပြီးသားပါ။ သိပ်ပြီး သက်ရောက်မှုမရှိပါဘူး။ ပျက်စီးသွားလည်း ပျက်စီးသွားပါစေပေါ့။ အဓိကကတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပန်းတိုင်က အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား ရဲ့ ယဇ်ပလ္လင်ကို ဖျက်ဆီးဖို့ပဲ မဟုတ်လား"
ရွှီရန်က ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေသည်ကို မြင်သောအခါ ယဲ့ဖျင်က သံသယဖြင့် ထပ်မေးလိုက်သည်။
“တကယ်ပဲ ဘာမှမဖြစ်တာ သေချာလား"
ရွှီရန်က ခေါင်းညိတ်ပြလျက် "ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့မှာ ဓာတ်ပုံတွေရှိနေတာပဲ မဟုတ်လား"
ယဲ့ဖျင်က "ဒါပေမဲ့ ဓာတ်ပုံက အဆောင်လက်ဖွဲ့ထဲမှာပါတဲ့ ထူးဆန်းတဲ့စွမ်းအားတွေကိုတော့ အပြည့်အဝ ဖော်ပြနိုင်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား"
ရွှီရန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒီအပိုင်းအစလေး တစ်ခုတည်းနဲ့တော့ တကယ်ကို ဘာမှမထိခိုက်ပါဘူး။ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နဲ့ သန့်စင်ရေးအဖွဲ့တွေကိုသာ ဂရုစိုက်ဖို့ ပြောထားလိုက်ပါ။ အကယ်၍ အဆောင်လက်ဖွဲ့ ကျောက်တုံးကြီးတွေကို ထပ်တွေ့မယ်ဆိုရင် အဆောင်လက်ဖွဲ့ကို မထိခိုက်စေဘဲ သတိထားပြီး လှီးဖြတ်ထုတ်ယူခိုင်းလိုက်ပါ။ အနည်းဆုံးတော့ မဖျက်ဆီးခင် ကျွန်တော်တစ်ချက်လောက် ကြည့်ခွင့်ရချင်လို့ပါ"
ယဲ့ဖျင်က လေးနက်စွာဖြင့် "ကောင်းပြီ။ ငါ သူတို့ကို အထူးသတိပေးထားလိုက်မယ်"
ထိုသို့ပြောပြီးနောက် ယဲ့ဖျင်သည် သူ၏တံဆိပ်ကို နှိပ်လိုက်သည်...
မြို့ပြင်ရှိ တောင်ပေါ်ရေလှောင်တမံ အနီးတွင်ဖြစ်သည်။
ပူပြင်းလှသော ဆောင်းဦးနေရောင်အောက်တွင် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ခေါင်းဆောင် ဟဲစီဖန်းသည် သူ၏အထက်လူကြီးထံမှ ဆက်သွယ်မှုကို ရုတ်တရက် ကြားလိုက်ရသဖြင့် ရင်ဘတ်ပေါ်ရှိ တံဆိပ်ကို အမြန်ဆွဲယူလိုက်သည်။
သူသည် တံဆိပ်ကို လက်ဖြင့်အုပ်ကာ ပါးစပ်နားသို့ ကပ်လိုက်ပြီး "ဟယ်လို... ဟယ်လို... စစ်ဆေးရေးမှူး ဘာများ ညွှန်ကြားချက်ရှိလို့လဲခင်ဗျာ"
သူသည် တံဆိပ်ကို လက်ဖြင့်အုပ်ထားသော်လည်း တောင်ပေါ်ရေလှောင်တမံမှ တိုက်ခတ်လာသော လေတိုးသံမှာ တံဆိပ်ထဲသို့ တိုးဝင်နေဆဲပင်။
ယဲ့ဖျင်က ရွှီရန် အသေအချာကြားနိုင်စေရန် တံဆိပ်ကို အနေအထားတစ်ခုသို့ ရွှေ့လိုက်ပြီးနောက် တည်ငြိမ်အေးစက်သော လေသံဖြင့် "ခေါင်းဆောင်ဟဲ... မင်းတို့ဆီမှာ အသစ်ရှာတွေ့တာတွေ ရှိနေပြီ မဟုတ်လား" ဟု မေးလိုက်သည်။
ဟဲစီဖန်းမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး "စစ်ဆေးရေးမှူး ရေလှောင်တမံ သုံးခုစလုံးရဲ့ အောက်ခြေမှာ ထူးဆန်းတဲ့ အဆောင်လက်ဖွဲ့တွေ ထွင်းထားတဲ့ ကျောက်တုံးကြီးတွေကို ကျွန်တော်တို့ ရှာတွေ့ထားပါပြီ ကြည့်ရတာ ဒီရေနစ်မှုတွေက တကယ့်ကို ထူးဆန်းနေတာပဲခင်ဗျာ"
လေတိုးသံများကြားထဲမှပင် ဟဲစီဖန်းသည် သတင်းအချက်အလက်များကို တိကျပြတ်သားစွာ အစီရင်ခံနေသည်။
ယဲ့ဖျင်က ခေါင်းညိတ်လိုက်ပြီး "အဆောင်လက်ဖွဲ့သင်္ကေတတွေပါတဲ့ ကျောက်တုံးကြီးတွေကို အကောင်းအတိုင်းဖြစ်အောင် ဂရုတစိုက် လှီးဖြတ်ထုတ်ယူပါ။ သင်္ကေတတွေနဲ့ မြောင်းရာတွေကို မထိခိုက်စေနဲ့။ ကျောက်တုံးကြီးရဲ့ တည်ဆောက်ပုံ တစ်ခုလုံးကိုလည်း မပျက်စီးစေနဲ့။ နားလည်လား သန့်စင်ရေးအဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင် အားလုံးကို ပြောလိုက် အကောင်းအတိုင်းဖြစ်ရမယ်"
ဟဲစီဖန်း၏ အသံမှာ ကျယ်လောင်ကာ ပြတ်သားနေသည်။
"နားလည်ပါပြီ အရာရှိကြီး အကောင်းအတိုင်းဖြစ်ရပါမယ်။ အတင်းကျပ်ဆုံး စံနှုန်းတွေနဲ့ ဆောင်ရွက်ဖို့ ကျွန်တော် ညွှန်ကြားလိုက်ပါမယ်"
"ကောင်းပြီ"
ယဲ့ဖျင်သည် တံဆိပ်ကို ပြန်နှိပ်လိုက်သော်လည်း စိတ်မချသေးသဖြင့် သန့်စင်ရေးအဖွဲ့ခေါင်းဆောင် ယွမ်ယန်ထံသို့ ဆက်သွယ်လိုက်ပြန်သည်။ ကျောက်တုံးကြီးများ၏ ခိုင်ခံ့မှုကို မထိခိုက်စေရန် သူက တင်းတင်းကျပ်ကျပ် ထပ်မံမှာကြားလိုက်သည်။
ယွမ်ယန်၏အသံမှာလည်း တက်ကြွနေသည်။
"နားလည်ပါပြီ အရာရှိကြီး ကျွန်တော်တို့ သန့်စင်ရေးအဖွဲ့က ကျောက်တုံးကြီးတွေ အကောင်းအတိုင်းဖြစ်စေဖို့ အသေချာဆုံး အာမခံပါတယ်။ အစွမ်းကုန် ဂရုစိုက်တဲ့ နည်းလမ်းတွေသုံးပြီး လှီးဖြတ်ထုတ်ယူပြီးတော့ အထွေထွေစီမံခန့်ခွဲရေးဌာနချုပ်ဆီကို ပြန်သယ်လာပါ့မယ်"
အားလုံးက တက်တက်ကြွကြွ ရှိကြသည်။
ယဲ့ဖျင်က အလွန်ကျေနပ်သွားပြီး ရွှီရန်ကို မော့ကြည့်ကာ "ရေလှောင်တမံ သုံးခုစလုံးရဲ့ အောက်ခြေမှာ အဆောင်လက်ဖွဲ့ ကျောက်တုံးကြီးတွေကို ရှာတွေ့ပြီဆိုတော့ ခန့်မှန်းချက်က မှန်နေပြီ။ မကြာသေးခင် နှစ်တွေအတွင်းက ရေနစ်မှုအဖြစ်များတဲ့ နေရာတိုင်းမှာ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား ရဲ့ ပြင်ဆင်မှုတွေ ရှိနေမှာ သေချာတယ်"
"ဒါပေမဲ့ ငါတို့ သတိမထားမိတဲ့ အချိန်အတောအတွင်းမှာ သူတို့က ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို တိတ်တဆိတ် လုပ်ဆောင်သွားနိုင်တယ်ဆိုတော့... ဒီနတ်ဘုရားမှာ အငွေ့အသက်တွေကို ဖုံးကွယ်ထားနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဆောင်လက်ဖွဲ့တစ်ခုခု ရှိနေလိမ့်မယ်လို့ ငါသံသယဖြစ်မိတယ်။ အဲဒါကြောင့်လည်း သူက ဒီလောက်ထိ ကောင်းကောင်းပုန်းနေနိုင်တာပေါ့။ တကယ့်ကို အကွက်ချစီစဉ်တတ်တဲ့ ခွေးအိုကြီးပဲ"
ယဲ့ဖျင်က ဒေါသတကြီးဖြင့် ဆဲဆိုလိုက်မိတော့သည်။
နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ရေနစ်မှုဖြစ်စဉ်များကို အကာအကွယ်ယူကာ ဝိညာဉ်များကို ယဇ်ပူဇော်ခဲ့ကြသည်မှာ မထင်မှတ်ထားစရာပင်... အဓိကအချက်မှာ သူတို့သည် ဝိညာဉ်ပေါင်း တစ်သောင်းခန့်ကို ရရှိသွားခဲ့ခြင်းပင်။
တကယ့်ကို ရွံရှာဖွယ်ကောင်းလှသည်။
ရွှီရန်က ပုခုံးတွန့်လိုက်ရင်း "ဒါကတော့ ဘာမှမတတ်နိုင်ဘူးလေ။ နှစ်တိုင်းလည်း လူတွေရေနစ်နေကြတာပဲဆိုတော့ သူက အဲဒီမတော်တဆမှုတွေကို အခွင့်ကောင်းယူသွားတာပေါ့။ အကောင်းဘက်ကပဲ တွေးထားလိုက်ပါ"
ရွှီရန်က စကားကို ခေတ္တရပ်လိုက်ပြီးနောက် နူးညံ့စွာ ပြုံးလိုက်ပြန်သည်။
"ရန်ငြိုးဖွဲ့နတ်ဘုရား အဆင့်အတန်းရှိတဲ့ သတ္တဝါတစ်ကောင်က အခုလိုမျိုး မတော်တဆမှုတွေကိုပဲ အခွင့်ကောင်းယူပြီး ယဇ်ပူဇော်သကာတွေကို စုဆောင်းနေရတယ်ဆိုတာ ရှက်စရာပဲ။ ဒါကိုကြည့်ရင် သူ့မှာ သေစေနိုင်တဲ့ အားနည်းချက်တစ်ခုခု ရှိနေရမယ်။ ဒါမှမဟုတ် ကျွန်တော်တို့က သူ့ကို အရမ်းပစ်မှတ်ထားနေလို့ သူ့ရဲ့စွမ်းအားက လုံလောက်တဲ့အဆင့်ကို မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ်"
ယဲ့ဖျင် ကြောင်သွားပြီး "မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ... ဒါပေမဲ့ ဝိညာဉ်ပေါင်း တစ်သောင်းဆိုတာက သူ့အတွက် လုံလောက်တဲ့စွမ်းအားကို စုဆောင်းဖို့ မလုံလောက်ဘူးလား"
ရွှီရန်၏ မျက်လုံးများမှာ တည်ငြိမ်နေသည်။
"မသိဘူးလေ။ သူ အခုထိ လှုပ်ရှားမှုမရှိသေးဘူးဆိုကတည်းက စွမ်းအားက မလုံလောက်သေးလို့ပဲ ဖြစ်ရမယ်"
"သူ့ရဲ့ သွေးသားယဇ်ပလ္လင်ကိုလည်း ကျွန်တော်တို့ ဖျက်ဆီးခဲ့ပြီးပြီ။ ဒုတိယမြောက် လျှို့ဝှက်ဆန်းကြယ်အဆောင်လက်ဖွဲ့တွေကိုလည်း အကုန်ရှင်းထုတ်နိုင်ခဲ့ပြီ။ အခုတစ်ကြိမ်မှာ သူ့ရဲ့ ဝိညာဉ်ယဇ်ပလ္လင်ကိုသာ ကျွန်တော်တို့ ရှာမတွေ့ခဲ့ရင် သူဟာ ဝိညာဉ်ပေါင်း သောင်းနဲ့ချီပြီး စုဆောင်းမိသွားနိုင်တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်က ရှာတွေ့သွားပြန်ပြီဆိုတော့..."
"ကျွန်တော့်အထင်တော့ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား က ကျွန်တော်တို့ကို အသည်းခိုက်အောင် မုန်းနေလောက်ပြီ ဟားဟား"
ယဲ့ဖျင်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ။ ဒါဆိုရင်တော့ ငါတို့က သူ့အတွက် တကယ့်ကို အနှောင့်အယှက်ကြီးတွေ ဖြစ်နေတာပဲ။ ထိတ်လန့်နေဖို့ မလိုတော့ဘူး။ ကဲ... အထွေထွေစီမံခန့်ခွဲရေးဌာနချုပ်ကို ပြန်ပြီး သတင်းတွေကိုပဲ အေးအေးဆေးဆေး စောင့်ကြတာပေါ့"
ရွှီရန်ကလည်း "ကောင်းပါပြီ" ဟု သဘောတူလိုက်သည်။
ထို့နောက် အထူးယာဉ်ပေါ်သို့ တက်ကာ ဌာနချုပ်ရုံးခန်းသို့ ပြန်လာခဲ့ကြပြီး သန့်စင်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ထံမှ သတင်းစကားများကို စောင့်ဆိုင်းနေလိုက်ကြသည်။ ဟဲစီဖန်းနှင့် ယွမ်ယန်တို့၏ လုပ်ဆောင်နိုင်စွမ်းမှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လှသည်။
အပြင်ဘက်တွင် နေရောင်ခြည်မှာ ပူပြင်းတောက်လောင်နေသော်လည်း သူတို့ထံမှ သတင်းကောင်းများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။
"စစ်ဆေးရေးမှူး ရေလှောင်တမံ ခြောက်ခုစလုံးရဲ့ အောက်ခြေမှာ ထူးဆန်းတဲ့ ကျောက်တုံးကြီးတွေကို ရှာတွေ့ခဲ့ပါတယ်။ ကျောက်တုံးတွေရဲ့ အထက်ပိုင်းတွေကိုလည်း လှီးဖြတ်ပြီးပါပြီ"
"စစ်ဆေးရေးမှူး ကျင်းကျိုးမြစ်ရဲ့ အပိုင်းအတော်များများမှာလည်း ထူးဆန်းတဲ့ ကျောက်တုံးကြီးတွေကို ရှာတွေ့ထားပါတယ်။ အဓိကကတော့ မြို့ပြဧရိယာတစ်ဝိုက်မှာ စုနေတာပါ။ တည်နေရာပြ မြေပုံအညွှန်းတွေကို ပို့ပေးထားပါတယ်။ အခုတော့ ကျန်ရှိနေတာတွေ ရှိဦးမလားဆိုတာကို ထပ်ပြီး စစ်ဆေးနေပါတယ်"
ယဲ့ဖျင်က အေးစက်သော လေသံဖြင့် "ကောင်းတယ်။ ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ" ဟု ပြန်ပြောလိုက်သည်။