← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

အမှန်စင်စစ် အာရုံစူးစိုက်လျက် ဝီရိယရှိရှိ၊ စည်းကမ်းတကျဖြင့် အလုပ်တစ်ခုတည်း၌ နစ်မြုပ်နေခဲ့သည်မှာ ရက်ပေါင်းနှစ်ဆယ်ကျော်တောင် ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်ကာလများကမူ လေ့ကျင့်ရေးများအကြောင်းသာ။ လေ့ကျင့်ရေးမှ ရရှိလာသော အကျိုးအမြတ်များမှာ တကယ့်ကို ထိုက်တန်လှသော်လည်း ရွှီရန်ကမူ နေ့စဉ်နေ့တိုင်း ပုံမှန်တိုးတက်နေသည်ဟူသော ခိုင်မာသည့် ခံစားချက်မျိုးကိုသာ ပိုမိုနှစ်သက်သည်။ ရွှီရန်၏ မျက်နှာထက်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး “နောက်ထပ် ရက်ပေါင်း နှစ်ရာလောက်သာ အပြင်းအထန် ကြိုးစားလိုက်ရင် စူပါပေါက်ကွဲအားပါတဲ့ ဓားချက်ကလည်း အထွတ်အထိပ် ရောက်ရှိသွားမှာဖြစ်သလို ယုံကြည်ခြင်းအဆောင် လက်ဖွဲ့ကလည်း အထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားတော့မှာ” “ယုံကြည်ခြင်းအဆောင်လက်ဖွဲ့သာ အထွတ်အထိပ်အဆင့် ရောက်သွားခဲ့ရင်တော့... ဖမ်းရဆုပ်ရ ခက်ခဲလှတဲ့ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ့ဘက်က ဒီလောက်အထိ အရှုံးပေးနေရတော့မှာ မဟုတ်ဘူး” ရွှီရန်က ပြုံးလိုက်ရင်း သူ၏မျက်ဝန်းများမှာ တောက်ပနေသည်။ သူသည် အချက်တစ်ခုကိုမူ ရှင်းလင်းစွာ သိရှိနေသည်။ ၎င်းမှာ တတိယမြောက် ကျောက်ထွင်းအဆောင်လက်ဖွဲ့များသည် ဒုတိယမြောက် အဆောင်လက်ဖွဲ့များနှင့် နှိုင်းယှဉ်လျှင် အဆိပ်အတောက် ဖြစ်စေမှုအဆပေါင်း ရာနှင့်ချီ၍ လျော့နည်းသွားခြင်းပင်။ ယင်းတို့မှာ ပိုမိုပုန်းလျှိုးကွယ်လျှိုး ရှိလာသကဲ့သို့ အာရုံခံရန်လည်း ပိုမိုခက်ခဲလာသည်။ ဤသည်မှာ တကယ့်ကို ပြိုင်ဘက်ကင်းသော အားသာချက်တစ်ခု ဖြစ်သကဲ့သို့ အဆောင်လက်ဖွဲ့ နတ်ဘုရားဘက်မှလည်း ပါးနပ်သော အကွက်တစ်ခုကို ရွှေ့လိုက်ခြင်းဟုပင် ဆိုနိုင်သည်။ အကယ်၍သာ မတော်တဆမှုများ မရှိခဲ့ပါက သူတို့၏ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသော အဆောင်လက်ဖွဲ့များက အလွန်ထိရောက်လာမည်ပင်။ လူသားများကို အသံတိတ် သတ်ဖြတ်နိုင်ပြီး ယဇ်ပူဇော်မှုများ ပိုမိုရရှိလာမည်ဖြစ်ကာ ထိုမှတစ်ဆင့် အဆောင်လက်ဖွဲ့ နတ်ဘုရားမှာ သူ၏စွမ်းအားများကို တိတ်တဆိတ် မြှင့်တင်သွားနိုင်မည် ဖြစ်သည်။ သို့သော်လည်း... အလွန်ပါးနပ်လှပါသည်ဆိုသော အကွက်တစ်ခုမှာ တစ်ခါတရံတွင် ရိုးရှင်းလွန်းသော အကွက်တစ်ခု ဖြစ်သွားတတ်သည်။ အဆောင်လက်ဖွဲ့များကို ပိုမိုကောင်းမွန် အောင် ပြုလုပ်လိုက်ခြင်းကြောင့် အဆိပ်အတောက်များ လျော့နည်းသွားခြင်းမှာ ယင်းသည် ရိုးရှင်းသွားစေသည့် သဘောမျိုးပင်။ ရွှီရန်သည် ဒုတိယမြောက် အဆောင်လက်ဖွဲ့များကိုပင် နားမလည်နိုင်ခဲ့သော်လည်း ယခု ဤတတိယမြောက် ပုံစံကိုမူ သူ ဝေဝေဝါးဝါး ခံစားသိရှိနေပြီ ဖြစ်သည်။ သူသည် တတိယမြောက် စွမ်းရည်အဆင့်ဖြစ်သည့် ဉာဏ်အလင်းပွင့်ခြင်းသို့ပင် မရောက်ရှိသေးသော်လည်း အာရုံခံနိုင်စွမ်းများမှာ စတင်ရရှိနေပြီ ဖြစ်သည်။ တကယ်လို့သာ သူသည် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ရွှီရန်သည် အဆောင်လက်ဖွဲ့ နတ်ဘုရား၏ အတတ်ပညာများကို အကုန်အစင် ခြေဖျက်နိုင်ကောင်း ခြေဖျက်နိုင်ပါလိမ့်မည်။ သို့မဟုတ်လျှင်လည်း ရက်ပေါင်း ၂၀၀ ခန့်အကြာတွင် ယုံကြည်ခြင်းအဆောင်လက်ဖွဲ့အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ၌ သူသည် ယင်းကို ခြေဖျက်နိုင်သွားမည်မှာ မလွဲဧကန်ပင်။ အဓိပ္ပာယ်ဖော်ဆောင်ပြီးသွားသည်နှင့် အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား၏ အားသာချက်များမှာ အကုန်အစင် ကွယ်ပျောက်သွားတော့မည်ပင်။ ထို့ကြောင့်... အဆောင်လက်ဖွဲ့ နတ်ဘုရားက သူ၏ လျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့များကို တစ်ဆင့်ချင်း ရိုးရှင်းအောင် ပြုလုပ်နေခြင်းမှာ မိမိကျင်းကို မိမိပြန်တူးနေခြင်းနှင့် မခြားနားပေ။ “သူကတော့ လူသားတွေ သူ့အတတ်ပညာကို မဖော်ထုတ်နိုင်ဘူးဆိုပြီး ယုံကြည်မှု လွန်ကဲနေမှာ သေချာတယ်။ ဒါပေမဲ့ ငါကတော့ အဲဒီယုံကြည်မှုကို ရိုက်ချိုးမယ့် ချွင်းချက်နဲ့ ပြောင်းလဲနိုင်တဲ့အချက်ပဲ” အဆောင်လက်ဖွဲ့ နတ်ဘုရားမှာ အမှောင်ထဲ၌ ပုန်းအောင်းနေသော်လည်း ရွှီရန်၏ စွမ်းဆောင် ရည်ကမူ အဆိုပါနတ်ဘုရားကို တိတ်တဆိတ် ပြန်လည်၍ ထောင်ချောက်ဆင်နေခြင်းပင်။ သူ၏ နတ်ဘုရားအဆင့်စွမ်းရည်များကို အပတ်တကုတ် လေ့ကျင့်နေသည့် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ရှိနေလိမ့်မည်ဟု အဆောင်လက်ဖွဲ့ နတ်ဘုရားအနေဖြင့် မည်သည့်အခါမျှ တွေးတောမိမည် မဟုတ်ပေ။ “အချိန်တန်ရင်တော့ သူ့ကို စည်းကမ်းရှိမှု၏ဘုရင်ရဲ့ တုန်လှုပ်မှုကို လက်ဆောင်ပေးလိုက်ရမှာပေါ့” ရွှီရန်က ခပ်အေးအေးလေး ပြုံးလိုက်သော်လည်း အဆိုပါအပြုံး၌ ပြတ်သားမှုများ ပြည့်နှက်နေသည်။ ထပ်တလဲလဲ စမ်းသပ်မှုများအတွင်း သူသည် အဆောင်လက်ဖွဲ့ နတ်ဘုရားကို နတ် ဘုရားမူလအစ ဖန်တီးရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းတစ်ခုအဖြစ်ပင် သတ်မှတ်ထားသည်။ ယဲ့ဖျင်က အံ့ဩသွားပြီး “အခုရော ဘာတွေပြုံးနေပြန်တာလဲ” “ပျော်စရာလေးတစ်ခု တွေးမိလို့ပါ ဦးလေး” ယဲ့ဖျင် စကားပြန်ပြောရန် ပြင်ဆင်နေစဉ်မှာပင် အထူးယာဉ်မှာ ချီယွင်တောင်ခြေရင်းသို့ ဆိုက်ရောက်သွားသည်။ “ဆရာ... လိုရာခရီးကို ရောက်ရှိပါပြီ” ရွှီရန်သည် ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး ဦးလေးယဲ့ကို လက်ပြနှုတ်ဆက်လိုက်ကာ “နှုတ်ဆက်ပါတယ် ဦးလေးယဲ့။ ဦးလေးရဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်ပါတော့” ဟု ပြောလိုက်သည်။ ယဲ့ဖျင်က ကားမှန်ကို ချလိုက်ပြီး “ဂရုစိုက်နော်။ ငါလည်း ပြန်သွားပြီး တခြားဖြစ်ရပ်တွေကို လေ့လာကြည့်ဦးမယ်။ တကယ်လို့ တခြားယဇ်ပလ္လင်တွေသာ ရှိနေသေးရင် အကုန်လုံးကို အစအနမကျန် ဖျက်ဆီးပစ်ရမယ်” ဟု မှာကြားလိုက်သည်။ ရွှီရန်က လက်မထောင်၍ အချက်ပြလိုက်ပြီး ပန်းခြံအတွင်းသို့ လှည့်ဝင်သွားသည်။ မကြာမီမှာပင် ချီယွင်တောင်ခြေ၌ သူ၏ပုံရိပ်ငယ်လေးမှာ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ဖျင်သည်လည်း ဖုန်းကို ထုတ်ယူကာ ရွှီရန် ပန်းခြံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ကျောင်းအုပ်ကြီးထံ သတင်းပို့လိုက်သည်။ သူသည်လည်း ပန်းခြံအောက်တွင် ခေတ္တမျှ စောင့်ကြည့်နေခဲ့သည်။ ဘာမှ ထူးထူးခြားခြား ဖြစ်မလာတော့ကြောင်း အတည်ပြုပြီးနောက်မှသာ သီချင်းတအေးအေးဖြင့် ကားဆရာကို လှည့်ပြန်ရန် ခိုင်းစေကာ အထွေထွေစီမံခန့်ခွဲရေး ဌာနချုပ်သို့ ဦးတည်ထွက်ခွာသွားတော့သည်။ ... အခြားတစ်ဖက်တွင်မူ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း တောင်ကုန်းတစ်ဝက်ခန့်တွင် ကျောင်းအုပ်ကြီးက သူ့ကို လာရောက်ကြိုဆိုနေသည်ကို ရွှီရန် မြင်လိုက်ရသည်။ ကျောင်းအုပ်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထဲတွင် ဝဲပျံနေပြီး နေ့စဉ်နေ့တိုင်း သမိုင်းမှတ်တမ်းကောင်းများကို ဖတ်နေရသည့်အလား သူ၏မျက်နှာမှာ ကြည်လင်ဝင်းပနေသည်။ “ကျောင်းအုပ်ကြီး... အခုတလော တော်တော်လေး စိတ်ရွှင်လန်းနေပုံရတယ်နော်” ကျောင်းအုပ်ကြီးက အားရပါးရ ရယ်မောလိုက်ပြီး “ဒါပေါ့... ငါဆိုရင် အတွင်းရေးမှူးကို ငါ့ရဲ့ ချန်ပီယံဆုနှင်းသဘင် မိန့်ခွန်းကိုတောင် ကြိုပြီး ရေးခိုင်းထားပြီလေ” ရွှီရန် “...” တကယ့်ကို အချိန်ကိုက် ဝင်နှောလိုက်တာပါပဲ။ ကျောင်းအုပ်ကြီးသည် ရွှီရန်၏အနားသို့ ဆင်းသက်လာပြီး ရွှီရန်၏ ပုခုံးကို ကျေနပ်အားရစွာ ပုတ်လိုက်သည်။ “မင်း ဒီလောက်တောင် ရုတ်တရက် အရပ်ရှည်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ၁၇၀ စင်တီမီတာနီးပါးတောင် ရှိနေပြီ မဟုတ်လား” ရွှီရန် “၁၆၆ စင်တီမီတာပါ” ကျောင်းအုပ်ကြီး “အရမ်းမြန်တာပဲ မျက်စိတစ်မှိတ်အတွင်းမှာပဲကိုး” “ဒါက ကျောင်းအုပ်ကြီးက ကျွန်တော်တို့အတွက် ပြင်ဆင်ပေးတဲ့ အစားအစာတွေကြောင့်ပါ။ အကုန်လုံးက အဆင့် ၇ ရှိတဲ့ ပုံဆောင်ခဲသားရဲ ချိုသာကြံ့သား တွေချည်းပဲလေ။ ဘယ်သူပဲစားစား အရပ်ကတော့ အမြန်ရှည်မှာပဲ။ ကျားမလေးနဲ့ ကျူးယွီဟန်တို့ဆိုရင်လည်း ၁၆၀ စင်တီမီတာအထိ ရှိနေကြပြီ။ တကယ်လို့ ရှစ်နှစ်မတိုင်ခင်က အရပ်မရှည်တဲ့ ကာလသာ မရှိခဲ့ရင် ကျွန်တော်တို့ အခုထက်တောင် ပိုရှည်နေဦးမှာ” ရွှီရန်သည် ကျောင်းအုပ်ကြီး၏ ဂုဏ်သိက္ခာကို မြှောက်ပင့်ပေးလိုက်ခြင်းဖြစ်ကာ အရပ်စကားဖြင့် ပြောရလျှင် ဖားလိုက်ခြင်းပင်။ အဆင့်အတန်းရှိသူများမှာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုကို လိုအပ်သည်။ ထင်ထားသည့်အတိုင်းပင် ကျောင်းအုပ်ကြီးသည် ပို၍ပင် သဘောကျသွားကာ အားရပါးရ ရယ်မောလိုက်သည်။ “ဟားဟားဟား... မင်းကတော့ တကယ့်ကို လူလည်လေးပဲ။ မင်း လျူလီလေးနဲ့ ယွီဟန်လေးတို့ရဲ့ တိုက်ပွဲကို သွားရောက်ကြည့်ရှုမလို့လား” ရွှီရန်က ခေါင်းညိတ်ပြလျက် “ဟုတ်ကဲ့ သွားကြည့်မလို့ပါ” ဟု ပြန်ဖြေလိုက်သည်။ ကျောင်းအုပ်ကြီးသည် ရွှီရန်၏ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး ရုတ်တရက်ဆိုသလို သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာထက်၌ စိတ်လှုပ်ရှားကြည်နူးမှုများ ပေါ်ပေါက်လာကာ “ယွီဟန်လေးကို ကူညီဖို့ ဒီလိုကောင်းမွန်တဲ့ နည်းလမ်းမျိုးကို စဉ်းစားပေးခဲ့တဲ့အတွက် မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်ကွာ...” ဟု လေးနက်စွာ ပြောလိုက်သည်။ ရွှီရန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်ဖြင့် “ယွီဟန်လေးက နောင်တစ်ချိန်မှာ ကျွန်တော့်ရဲ့ အသင်းဖော် ဖြစ်လာမှာပဲလေ။ ကျွန်တော့်ရဲ့ အသင်းဖော်ကိုတော့ အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာပေါ့” ကျောင်းအုပ်ကြီးက ထပ်မံရယ်မောလိုက်ပြန်သည်။ “ကောင်းပြီလေ... ဒါဆိုရင်တော့ ယွီဟန်လေးနဲ့ လျူလီလေးတို့ရဲ့ တိုက်ပွဲကို သွားကြည့်လိုက် ဦး။ မင်းက သူတို့အတွက် ဆရာတစ်ဝက်လိုမျိုးပဲဆိုတော့ သူတို့ကို များများသင်ကြားပေးလိုက်ပါဦး” ရွှီရန်က “ဟုတ်ကဲ့ပါဗျာ” ဟု နှုတ်ဆက်ကာ စကားအဆုံးတွင် မိုးကြိုးခြေလှမ်း သုံးထောင်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ သူသည် လေပြင်းတစ်ချက်နှင့်အတူ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သားရဲတိုက်ခိုက်ရေးကွင်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ မကြာမီမှာပင်... တိုက်ခိုက်ရေးကွင်း၏ အထက်ကောင်းကင်ယံမှနေ၍ ရွှီရန်သည် အောက်ဘက်သို့ ဝေ့ကြည့်လိုက်သည်။ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျူးယွီဟန်နှင့် ကျားမလေးတို့သည် ပွဲကြည့်စင်ပေါ်၌ ဘေးချင်းယှဉ်ထိုင်လျက် အနားယူနေကြသည်။ အမိုးအကာအောက်၌ အရိပ်ရနေသော်လည်း သူတို့၏ ခန္ဓာကိုယ်များထံမှ အဖြူရောင်ရေငွေ့များမှာမူ အငွေ့တထောင်းထောင်း ထွက်ပေါ်နေဆဲပင်။ ကျားမလေး၏ ပါးပြင်လေးများမှာ ပန်းသီးနီတစ်လုံးကဲ့သို့ ရဲတွတ်နေသည်။ ကျူးယွီဟန်မှာမူ ချွေးများ ရွှဲရွှဲစိုနေပြီး သူမ၏ ဆံပင်စလေးများသည် ချောမောလှပသော နဖူးပြင်ထက်၌ ကပ်ငြိနေသည်။ သူတို့နှစ်ဦးစလုံးသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရပြီး လက်မောင်းများမှာလည်း တဆတ်ဆတ် တုန်ရင်နေကြသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ခုနကတိုက်ပွဲမှာ အလွန်ပင် ပြင်းထန်ခဲ့ကြောင်း သိသာလှသည်။ ဝှူး... ဝှူး... ဝှူး... သူတို့အနားရှိ အစောင့်အကြပ်များမှာမူ သူတို့၏ ခန္ဓာကိုယ်အပူရှိန် လျော့ပါးသွားစေရန် ယပ်တောင်များဖြင့် ဝိုင်းဝန်းခပ်ပေးနေကြသည်။ ကျားမလေးက ရုတ်တရက် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “ရေခဲမုန့် တစ်ဘူးလောက် စားလိုက်ရရင် သိပ်ကောင်းမှာပဲ” “ငါသာ အစ်ကိုရွှီရန်လိုမျိုး ပန်းခြံထဲကို လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်နိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ” “ငါ တကယ်ကို မြန်မြန် ကြီးပြင်းချင်ပြီ။ ငါသာ လူကြီးဖြစ်သွားရင် မနက်တိုင်း ကိတ်မုန့် ၁၀ ခု အရင်စားမယ်။ ပြီးရင် နေ့လယ်ကျရင် ရေခဲမုန့် တစ်ဘူး စားမယ်..

All Chapters