အခန်း (၇၃၆-၇၃၇)
Vol. 44 Ch. 736-737
Chapter 736
လျှို့ဝှက်စကားစု ၁
[ဝါးမျိုမှု တိုးတက်နှုန်း ၁၅%]
တိတ်ဆိတ်မြို့တော်၊၊ အမှတ် ၂၄ သင်္ဘောကျင်း၊ ကုန်းပတ် ၃ ရှိ Dragon-Class သယ်ယူပို့ဆောင်ရေးယာဉ်၏ အင်ဂျင်ခန်းအတွင်း၌ လင်းရှန်သည် နျူကလီးယားစွမ်းအင်အင်ဂျင်အူတိုင်ကို ဝါးမျိုရင်း ရှင်းဂျီနှင့် အာရုဏ်ဦးမြို့တော်မှ လူများ တွေ့ဆုံနေသည်ကို စောင့်ကြည့်နေ၏။ ကီကီကမူ သူမ၏ခြေထောက်များကို ချိတ်လျက် အနီးတွင် လွင့်မျောရင်း ကျန်းရှု့ဝေထွက်လာသည်ကို မြင်သောအခါ ရုတ်တရက် ပြောလိုက်သည်။
“ဒီအမျိုးသမီးက ငွေကြယ်က မဟုတ်လား၊၊ ရှင့်ကို လိုက်ရှာနေတယ်လို့ ကျွန်မကြားတယ်’’
“ဖင်းဂါးအုပ်စုဆိုတာ ဂြိုဟ်ပတ်ရထားလမ်းကို အဓိကစီမံခန့်ခွဲတည်ဆောက်သူတွေထဲက တစ်ယောက်ပဲ၊၊ သူတို့က ကျင်းဟိုင်ကျုံးချီအုပ်စုနဲ့ အချိန်အကြာကြီးပူးပေါင်းဆောင်ရွက်မှုရှိပြီး ကမ္ဘာတစ်ဝှမ်းမှာလည်း စက်ရုံတွေ အများကြီးရှိတယ်၊၊ ကမ္ဘာပျက်ကပ်ကြီးဖြစ်ပြီးနောက်မှာတောင် သူတို့မှာ ကြီးမားတဲ့ အရင်းအမြစ်တွေနဲ့ ထုတ်လုပ်မှုစွမ်းအားတွေ ရှိနေသေးတယ်’’
လင်းရှန်သည် ရှင်းဂျီက ကျိုးမင်ယွမ်နှင့် အခြားသူများကို နှုတ်ဆက်ကာ လက်ဆွဲနှုတ်ဆက်နေသည့် ဟိုလိုဂရမ်မြင်ကွင်းကို ကြည့်ရင်း ပြောလိုက်သည်။
“ငွေကြယ်က ဂြိုဟ်ပတ်ရထားလမ်းကတစ်ဆင့် အုပ်စုရဲ့ အရင်းအမြစ်တွေကို စုစည်းပြီး ဝင်ရိုးစွန်းဒေသကို သွားဖို့ ပြင်ဆင်နေတာပဲ၊၊ အခုမှ ဘာလို့ အာရုဏ်ဦးမြို့တော်နဲ့ ရုတ်တရက်ကြီး ပူးပေါင်းရတာလဲဆိုတာာက အတော်လေး ထူးဆန်းနေတယ်’’
“ကျန်းရှု့ဝေက အကျပ်ကိုင်ခံရတယ်လို့ ရှင်ထင်လား’’
ကီကီက လက်ပိုက်၍ ပြောသည်။
“ဖင်းဂါးအုပ်စုက ဖက်ဒရေးရှင်းနဲ့ ပူးပေါင်းတာကတော့ မထူးဆန်းပါဘူး၊၊ ဒါပေမဲ့ သူက အခုထိ ကျိုးမင်ယွမ်နဲ့ ပါလာတာကြောင့် သူ့ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲလို့ ငါသိချင်မိတယ်’’
“သူ့မှာ မောင်လေးတစ်ယောက် ရှိတယ်လို့ ငါမှတ်မိတယ်’’
“အင်း၊၊ နာမည်က ကျန်းဇီယန်တဲ့’’
“သူက ရှင့်ကို ဘာအကြောင်းပြောချင်နေတာလို့ ထင်လဲ’’
ကီကီက စိတ်ဝင်တစား မေးလိုက်သည်။
“ငါက ဘယ်လိုလုပ် သိမှာလဲ’’ လင်းရှန်က ရယ်မောလိုက်၏။
ရုပ်သံမြင်ကွင်းထဲတွင် ဒေါက်မြင့်ဖိနပ်စီးကာ လျှောက်လှမ်းနေသည့် အရပ်ရှည်ရှည်၊ အေးစက်ပြီး ကျော့ရှင်းသော ငွေကြယ်ခေါင်းဆောင်ကို ကြည့်ရင်း လင်းရှန်သည် ဓာတ်လှေကားတက်စဉ်က ကျန်းရှု့ဝေ၏ အကူညီနှင့် အခက်အခဲကြုံရချိန်တွင် သူမ၏ ပြတ်သားမှုကို ပြန်လည်အမှတ်ရမိသည်။ သူသည် ဤအမျိုးသမီးသည် ရိုးရှင်းသူတစ်ယောက်မဟုတ်ကြောင်း အမြဲတွေးခဲ့ဖူးသည်၊၊ အထူးသဖြင့် တတ်လှမ်းဓာတ်လှေကား၌ ဖက်ဒရေးရှင်းနှင့် လွတ်မြောက်လာသူများအကြား ထိပ်တိုက်တွေ့ဆုံမှုက သူ၏စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။
ပုံမှန်အခြေအနေအရဆိုလျှင် ကျန်းရှု့ဝေသည် ဖီးနစ်နှင့် ပူးပေါင်းရန် ပို၍ ဆန္ဒရှိသင့်သည်။
အာရုဏ်ဦးမြို့တော်၏ ဒုဥက္ကဋ္ဌ ကျိုးမင်ယွမ်နှင့် ကျန်းရှု့ဝေတို့အပြင် နောက်ထပ်လူတစ်ယောက်ကိုလည်း လင်းရှန် သတိထားမိလိုက်သည်။ ထိုသူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တိုတို၊ မျက်ခုံးထူထူ၊ လေးထောင့်ကျသောမျက်နှာနှင့် တည်ကြည်သော အမူအရာရှိသည့် အနည်းငယ်ဝဖြိုးသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကာ ကျိုးမင်ယွမ်၏ နောက်တွင် တိတ်ဆိတ်စွာ လိုက်ပါလာပြီး သူ၏နောက်တွင်မူ အဆင့်မြင့် နည်းပညာသုံး စွမ်းအားဝတ်စုံများဝတ်ဆင်ထားသည့် အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ပါရှိသည်။
“ဒီလူကိုလည်း ကျွန်မသိတယ်’’
ကီကီ၏ မျက်လုံးများ တောက်ပသွားသည်။
“လင်းရှန်၊၊ သူက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်စမ်း’’
“သူ့မျိုးရိုးနာမည်က ဝမ်ဖြစ်ရမယ်’’
လင်းရှန်က ချက်ချင်း ပြောလိုက်သည်။
“ဟုတ်တယ်၊၊ သူက ဝမ်တုံပဲ၊၊ သုညဒြပ်စင်ဗဟိုဌာနက ထန်ယွမ်ရဲ့ယောကျ်ား၊၊ ကျွန်မ ဝမ်မိသားစုထဲမှာ ခဏနေခဲ့တုန်းက သူ့ကို တွေ့ဖူးတယ်’’
“သူက ဘယ်လိုလူမျိုးလဲ’’ လင်းရှန်က မေးသည်။
“ဟမ့်… ကျားမျက်နှာအပြုံးနဲ့ လူသတ်သမားပဲ၊၊ လောဘကြီးပြီး တဏှာလည်းကြီးတယ်၊၊ မကြာသေးခင်ကတင် သူနဲ့ ပတ်သက်ခဲ့တဲဲ့ အမျိုးသမီးခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိနေတယ်၊၊ အဲဒါ ဘယ်လိုလူစားမျိုးဖြစ်မလဲဆိုတာ ရှင်စဉ်းစားကြည့်တော့’’
“မင်းက ဒါတွေအကုန် သိနေတာလား’’
လင်းရှန်လည်း ကီကီကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊
ကီကီက ဂရုမစိုက်ဟန်ဖြင့် ပျံဝဲနေရင်း ပြောလိုက်သည်။
“ဝမ်မိသားစုက ဒီလောက်မရိုးရှင်းဘူး၊၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားတာပဲ’’
သူမက လင်းရှန်ကို လှည့်ကြည့်ကာ ပြုံးလျက် မျက်စိမှိတ်ပြလိုက်သည်။
“ကိုယ့်ကိုယ်ကိုသိပြီး ရန်သူကို နားလည်ရင် တိုက်ပွဲပေါင်းတစ်ရာအောင်နိုင်ဖို့ ဘာပြဿနာရှိတော့မှာလဲ’’
လင်းရှန် သက်ပြင်းချကာ ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။ ထိုစဉ် ဖန်သားပြင်မှာ ပြောင်းလဲသွားပြီး ရှင်းဂျီက ကျိုးမင်ယွမ်နှင့် အခြားသူများကို တိမ်စီရင်စုကို ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။ သို့သော် လင်းရှန်တို့ ယခင်က ညစာစားခဲ့သည့် ခြံဝန်းထဲသို့ မဟုတ်ဘဲ ဧည့်ခန်းမတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်သည်။
ငွေမှင်ရောင် အလွိုင်းတံခါးမှာ တိတ်ဆိတ်စွာ ပွင့်သွားပြီး အာရုဏ်ဦးမြို့တော်၏ ဒုတိယဥက္ကဋ္ဌ ကျိုးမင်ယွမ်နှင့် ရှင်းဂျီတို့ ဘေးချင်းယှဉ်လျက် ဝင်လာကြသည်။ ၎င်းတို့နောက်တွင် လင်းလုံအုပ်စုမှ ဝမ်တုံနှင့် ကျန်းရှု့ဝေတို့ ပါလာပြီး ရှင်းဂျီနှင့်အတူ ရွှန်းနှင့် တိုင်ရီလန်တို့လည်း ပါလာကြသည်။
ကျိုးမင်ယွမ်သည် စိုးရိမ်ပူပန်ဟန်ဆောင်လျက် ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။
“ခေါင်းဆောင်ရှင်း… တိတ်ဆိတ်မြို့တော်က တွင်းနက်ထဲကို ဆွဲသွင်းခံလိုက်ရတယ်ဆိုတာ တကယ်ကို စိုးရိမ်စရာအခြေနေပဲ၊၊ လုလင်တောအုပ်ထဲမှာ ခင်ဗျားတို့ရဲ့ မိုးပျံမြို့တော်တစ်ခု ပျောက်ဆုံးသွားတာကို သိရပြီးတာနဲ့ အာရုဏ်ဦးမြို့တော်က ကယ်ဆယ်ရေးယာဉ်တန်းသုံးခုကို ချက်ချင်း စေလွှတ်ခဲ့တယ်၊၊ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက... အာရုဏ်ဦးမြို့တော် ကိုယ်တိုင်လည်း S-Class အဆင့် မြူမီးခိုးမွန်းစတားရဲ့ တိုက်ခိုက်မှုကို ရုတ်တရက် ခံခဲ့ရတယ်၊၊ ချီလျန်တောင်တန်းက သတ္တဝါအုပ်ကြီးရဲ့ တိုက်ခိုက်မှုနဲ့လည်း ကြုံရတော့ ဘက်ပေါင်းစုံက ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်’’
“တွင်းနက်ထဲကနေ လူသောင်းနဲ့ချီပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာဟာ တကယ်ကို အံ့ဖွယ်ပါပဲ’’
ဝမ်တုံက ထိုင်လိုက်ပြီးနောက် ရှင်းဂျီကို တိုက်ရိုက်မေးခွန်းထုတ်လိုက်သည်။
“ဒုဥက္ကဋ္ဌကျိုးက ကျုပ်တို့ကို ဒီကို ညတွင်းချင်း အပြေးအလွှားခေါ်လာခဲ့တာပဲ၊၊ အဓိကမြို့တော်မဟာမိတ်တွေ အားလုံးက အခုတော့ တစ်လှေတည်းစီးနေကြရတာဆိုတော့ တွင်းနက်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ အတွေ့အကြုံက ကျုပ်တို့အတွက် အရမ်း အရေးကြီးပါတယ်’’
“အိုး…အဲဒီလိုလား’’
ရှင်းဂျီက ကျိုးမင်ယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ခင်ဗျားတို့ရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်၊၊ ဒါပေမဲ့ ကျုပ်တို့ရဲ့ အဓိကမြို့တော်ပဲ တွင်းနက်ထဲ ကျန်ခဲ့တာပါ၊၊ အမှတ် ၂ မြို့တော်က လုလင်တောအုပ်မှာ ဆိုက်ကပ်ထားခဲ့တာပဲလေ၊၊ သူတို့ဆီက သိရသလောက်တော့ အာရုဏ်ဦးမြို့တော်ဆီက ဘာအကူအညီမှ မရခဲ့ဘဲ ကင်းထောက်အဖွဲ့ အနည်းငယ်ကပဲ စောင့်ကြည့်နေခဲ့တယ်လို့ သိရတယ်၊၊ အဲဒီအဖွဲ့တွေက... အာရုဏ်ဦးမြို့တော်က မဟုတ်တာတော့ သေချာပါတယ်နော်’’
ရှင်းဂျီ၏ စကားကြောင့် လေထုမှာ ရုတ်တရက် တင်းကျပ်သွားသည်။ ဟိုလိုဂရမ်မြင်ကွင်းကို ကြည့်နေသည့် လင်းရှန်နှင့် ကီကီတို့သည် ရှင်းဂျီက ဤသို့တိုက်ရိုက်ပြောလိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် ကျိုးမင်ယွမ်၏ တုံ့ပြန်မှုကို အာရုံစိုက်ကြည့်လိုက်ကြသည်။
သို့သော်လည်း အာရုဏ်ဦးမြို့တော်၏ ဒုဥက္ကဋ္ဌသည် ချက်ချင်းပင် အံ့အားသင့်သည့် အမူအရာဖြစ်သွားသည်၊၊
“အမှတ် ၂ မြို့တော်က လုလင်တောအုပ်မှာ ရှိနေတာလား’’
ကျိုးမင်ယွမ်၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပေါ်လာသည်။
“ကျုပ်တို့ ရထားတဲ့ သတင်းအရဆိုရင် အဲဒီမြို့က ပျက်စီးနေပြီး အဓိကမြို့တော်က ပျောက်ဆုံးနေတယ်၊၊ အခု လွတ်မြောက်လာသူတွေက အဲဒီပေါ်မှာ ပါလာတာလား’’
“ဟုတ်ပါတယ်၊၊ တွင်းနက်ထဲ ဆွဲသွင်းမခံရခင်မှာ အဓိကမြို့တော်နဲ့ အမှတ် ၂ မြို့တော်တို့က ခွဲထုတ်ပြီးသား ဖြစ်နေတာပါ’’
ရှင်းဂျီက တည်ငြိမ်စွာ ပြောလိုက်ပြီး တစ်ဖက်လူ၏ သရုပ်ဆောင်မှုကို ဖော်မထုတ်ခဲ့ပေ။
“လူအနည်းငယ်နဲ့ပဲ တွင်းနက်ထဲကနေ ထွက်လာနိုင်ခဲ့တာလား’’ ဝမ်တုံက ချက်ချင်း မေးလိုက်သည်၊၊
“လူအနည်းငယ်နဲ့တော့ မဟုတ်ပါဘူး’’
ရှင်းဂျီက ပြင်ပေးလိုက်သည်။
Chapter 737
လျှို့ဝှက်စကားစု ၂
“တွင်းနက်ထဲမှာ ပိတ်မိနေတဲ့ တခြားအသက်ရှင်ကျန်ရစ်သူတွေလည်း ရှိပါတယ်၊၊ သူတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပူးပေါင်းမိပြီး တွင်းနက်ထဲက အမှန်တရားတချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်၊၊ ဥပမာအားဖြင့် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအများအပြားက ‘အသိုက်’ လို့ခေါ်တဲ့ စက်ရုံလိုမျိုးတစ်ခုကနေတဆင့် ပေါင်းစပ်ဖန်တီးထားပြီး တွင်းနက်ကနေ ပျံ့နှံ့လာတာမျိုးပေါ့၊၊ ပြီးတော့ တွင်းနက်ထဲမှာ အချိန်နှေးကွေးတဲ့ အကျိုးသက်ရောက်မှု ရှိနေတယ်၊၊ အဲဒါကို ကြည့်ရင် တွင်းနက်ဆိုတာ ကျုပ်တို့ ကမ္ဘာကြီးထဲကို ပျံ့နှံ့ဝင်ရောက်လာတဲ့ တခြားဒိုင်မေးရှင်းတစ်ခုဖြစ်နိုင်တာ သိသာနေတယ်...’’
“ဥပမာအနေနဲ့ ပြောရရင် အဲဒီထဲမှာ အနီရောင်ကမ္ဘာလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက တည်ဆောက်ထားတဲ့ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုကို ကျုပ်တို့ ရှာတွေ့ခဲ့တယ်၊၊ သူတို့က ကပ်ပါးနည်းပညာကို သုံးပြီး အသက်ရှင်ကျန်ရစ်သူစွမ်းအားရှင်တွေကို ပြန်ပေးဆွဲပြီး ကိုယ်ပွားလုပ်ကြတယ်၊၊ ပြီးတော့ အဲဒါတွေကို အမြောက်အမြားထုတ်လုပ်ပြီး ဓာတ်ခွဲခန်းတွေမှာ သုတေသနလုပ်ဖို့ လူသားတွက်ချက်မှုစွမ်းအားအဖြစ် အသုံးချကြတယ်၊၊ ဒါ့အပြင် ဒီနည်းပညာကနေ ထိန်းချုပ်လို့ရတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ လူထူးဆန်းတွေကိုလည်း ဖန်တီးထားတယ်၊၊ အဲဒါကို ဥက္ကဋ္ဌကျိုးနဲ့ လူတိုင်းလည်း ရင်းနှီးကြမှာပါ၊၊ အခုတော့ အဖွဲ့အစည်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေက သူတို့ကို ခေါ်ကြတာကတော့...’’
“အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါတဲ့’’
ခန်းမအတွင်းရှိ အပူချိန်မှာ ရုတ်တရက် အနည်းငယ် ကျဆင်းသွားသလို ခံစားလိုက်ရသည်။ ကျိုးမင်ယွမ်က သူ၏လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်လိုက်ပြီး ခွက်နှင့် စားပွဲပေါ်သို့ ထိလိုက်သောအခါ ချွင်ခနဲ မြည်သံ ထွက်ပေါ်လာသည်။
…
“ဟူး…. နိုင်ငံရေးသမားတွေက မျက်နှာမပျက်ဘဲ လိမ်တတ်တယ်လို့ ပြောကြတာ အမှန်ပဲကိုး၊၊ သူတို့က တကယ်ကို ကျွမ်းကျင်တာပဲ’’
Dragon-Class သယ်ယူပို့ဆောင်ရေးယာဉ်အတွင်း၌ ကီကီက ကျိုးမင်ယွမ်၏ အမူအရာကို ကြည့်ပြီး အံ့အားသင့်စွာ နှုတ်ခမ်းသပ်လိုက်မိသည်။
“ထူးဆန်းတယ်’’
လင်းရှန်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာထူးဆန်းလို့လဲ’’ ကီကီက မေးသည်။
“တိတ်ဆိတ်မြို့တော် အမှတ် ၂ က လုလင်တောအုပ်မှာ အကြာကြီးရှိနေခဲ့တာလေ၊၊ အပြင်လူတွေ ဒါကို မသိဘဲ မနေဘူး’’
လင်းရှန်က ဖန်သားပြင်ပေါ်ရှိ လူလတ်ပိုင်း အမျိုးသားကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပြောလိုက်သည်။
“ဝမ်တုံက ငါတို့ လူ သောင်းဂဏန်းလောက်နဲ့ လွတ်လာတာကို ဘယ်လိုလုပ် သိနေတာလဲ’’
“ဟုတ်သားပဲ’’
ထိုစကားကို ကြားသောအခါ ကီကီက ခေါင်းညိမ့်လိုက်သည်။
“အမှတ် ၂ က တွင်းနက်ထဲကို ပါသွားတာမှ မဟုတ်တာ’’
လင်းရှန်လည်း မျက်မှောင်ကြုတ်လိုက်မိသည်၊ အဘယ်ကြောင့်ဆိုသော် ရှင်းဂျီ၏ စကားများအရ အာရုဏ်ဦးမြို့တော်နှင့် စကားပြောရန် ပြင်ဆင်ထားပုံမရကြောင်း ခံစားမိသောကြောင့် ဖြစ်သည်။
တိမ်စီရင်စု၊၊ အပြင်ဧည့်ခန်းမ။
“ဒီလျှို့ဝှက်ပြီး ယုတ်ညံ့တဲ့ ဓာတ်ခွဲခန်းကို စီးနင်းပြီးတဲ့နောက်မှာ ကျုပ်တို့က အလွန်အသေးစိတ်တဲ့ သုတေသနအချက်အလက်တွေကို ရရှိခဲ့တယ်’’
ရှင်းဂျီက သူ၏လက်များကို အင်္ကျီလက်ထဲ ထည့်လျက် တည်ငြိမ်စွာ ဆက်ပြောသည်။
“ဒီအချက်အလက်တွေနဲ့ သတင်းတွေကို အဓိပ္ပာယ်ဖော်ကြည့်ခြင်းအားဖြင့် အနီရောင်ဆေးဝါးလုပ်ငန်းအုပ်စုကနေ ဆင်းသက်လာတဲ့ အဖွဲ့အစည်းဟာ အခုတော့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေပြီလို့ ကျုပ်ယုံကြည်တယ်၊၊ သူတို့က ဒစ်ဂျစ်တယ်သက်ရှိနည်းပညာကို အခြေခံပြီး အသိစိတ်ပွားယူခြင်း သုတေသနတစ်ခုကို လုပ်ဆောင်နေကြတာပဲ၊၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခန္ဓာကိုယ်တွေကို ဖုတ်ကောင်တွေ၊ ထိတ်လန့်ဖွယ်လူသားတွေနဲ့ သန္ဓေပြောင်းခန္ဓာကိုယ်တွေဆီကို ပြောင်းရွှေ့ပေးတာမျိုးပေါ့၊၊ ဒီနည်းပညာကတစ်ဆင့် သူတို့ရဲ့ ပန်းတိုင်တွေ အောင်မြင်ဖို့အတွက် အသက်ရှင်ကျန်ရစ်သူ အများအပြားကို အသုံးချခံပစ္စည်းတွေအဖြစ် သဘောထားနေကြတယ်”
ဖန်း၊၊
ကျိုးမင်ယွမ်က စားပွဲကို ရိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဒါလုံးဝကို လူမဆန်တဲ့ လုပ်ရပ်ပဲ’’
“အနီရောင်ကမ္ဘာက စွမ်းအားရှင်တွေကို နေရာအနှံ့ပြန်ပေးဆွဲနေတဲ့ အခြေအနေကို ကျုပ်တို့ကောင်းကောင်းသိထားတယ်၊၊ မြောက်ပိုင်း အာခီစိုင်းသဲကန္တာရက ဓားပြတွေနဲ့ တောင်ပိုင်းက တောပုန်းဓားပြအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို အဆက်မပြတ် တိုက်ခိုက်နေကြတယ်၊၊ လူအမြောက်အမြားပျောက်ဆုံးကုန်ကြတယ်၊၊ အာရုဏ်ဦးမြို့တော်ထဲမှာတောင် စွမ်းအားရှင်တွေကို အနီရောင်သတ္တဝါက ဖမ်းဆီးသွားတဲ့ ဖြစ်ရပ်တွေ ခဏခဏဖြစ်နေတယ်၊၊ ဒါကြောင့် ကျုပ်တို့က အလင်းတမန်တော်စွမ်းအားရှင်ဌာနနဲ့ နတ်ဆိုးနီတိုက်ခိုက်ရေးအဖွဲ့တွေကို စေလွှတ်ပြီး လွတ်မြောက်လာသူ အဖွဲ့အစည်းအသီးသီးနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးခဲ့တယ်၊၊ အဲဒီမှာ သူတို့က အနီရောင်ကမ္ဘာနဲ့ ဆက်နွှယ်နေတာကို တွေ့ခဲ့ရတာပဲ၊၊ သူတို့က စွမ်းအားရှင်တွေကို ပြန်ပေးဆွဲပြီး ဒီလောက်အထိ ရက်စက်တဲ့ စမ်းသပ်မှုတွေ လုပ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’’
“တကယ်ကို ရက်စက်တယ်’’
ရွှန်းပ ထိုအချိန်တွင် ဝင်ပြောလိုပ်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ အဲဒီသုတေသနဌာနကို ဖျက်ဆီးပစ်လိုက်ပြီ’’
“အိုး…. ထူးခြားတာ တစ်ခုခုရှာတွေ့ခဲ့သေးလား’’
ကျိုးမင်ယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“သူတို့ရဲ့ အဓိကလူတွေ၊ ငွေကြေးထောက်ပံ့မှု ရင်းမြစ်တွေနဲ့ သုတေသနဌာနတွေ ဖြန့်ကျက်ထားပုံကိုသာ သိရရင် ဒီကမ္ဘာပျက်ကပ်ထဲက လူသားတွေရဲ့ ဘေးဒုက္ခကို အချိန်တိုအတွင်းမှာ အပြီးတိုင် ဖြေရှင်းနိုင်မှာပါ’’
“ကံမကောင်းစွာပဲ အဲဒါမျိုးတွေ မရှိပါဘူး’’
ရှင်းဂျီက တည်ငြိမ်စွာ ပြောသည်။
“သုတေသနအချက်အလက် တချို့ပဲ ရှိတယ်၊၊ ဘာမှ ထိရောက်တဲ့ တိုးတက်မှုတော့ မရှိသေးဘူး’’
“အင်း… အတော်လေး ပါးနပ်တာပဲ’’
ဝမ်တုံက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နောင်တရဟန် ပြလိုက်သည်။
သို့သော် ကျိုးမင်ယွမ်၏ အကြည့်များမှာ စူးရှသွားသည်။ “ဒါပေမဲ့ အနီရောင်ကမ္ဘာဟာ အဖွဲ့အစည်း အသီးသီးက အဆင့်မြင့်အရာရှိတွေနဲ့ တစ်နည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်နေနိုင်တယ်လို့ ကျုပ်တို့ သံသယရှိတယ်’’
“အိုး’’
ရှင်းဂျီက သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“ဒုဥက္ကဋ္ဌကျိုး ရှာတွေ့ထားတာ တစ်ခုခုရှိလို့လား’’
ကျိုးမင်ယွမ်က ခေါင်းခါလိုက်သည်။
“အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါပဲ၊၊ ဒါပေမဲ့ အနီရောင်ကမ္ဘာနဲ့ ကျုပ်တို့ ထိတွေ့ခဲ့ရသလောက်တော့ ဒီလိုလုပ်ငန်းတွေကို ဆက်လုပ်နိုင်ဖို့ဆိုတာ အသက်ရှင်ကျန်ရစ်သူအဖွဲ့အစည်းတွေဆီက ရတဲ့ အရင်းအမြစ်လောက်နဲ့ မလုံလောက်နိုင်ဘူး၊၊ ဒါကြောင့် တစ်နေရာရာကနေ တရားဝင် ထောက်ပံ့မှုတွေ ရနေတာ ဖြစ်နိုင်တယ်’’
“ဖီးနစ်လား’’ ရွှန်းက ချက်ချင်း မေးလိုက်သည်။
ကျိုးမင်ယွမ်က လက်ကာပြလိုက်သည်။
“ကျုပ်တို့ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ခန့်မှန်းကြည့်တာပါ၊၊ တိကျတဲ့ ဆုံးဖြတ်ချက်တော့ မရှိသေးပါဘူး၊၊ ဒါပေမဲ့ ကမ္ဘာအနှံ့မှာ ဒီလောက်ကြီးမားတဲ့ အရင်းအမြစ်တွေကို သုံးနိုင်ဖို့ဆိုတာ အာရုဏ်ဦးမြို့တော်အပါအဝင် သာမန်အဖွဲ့အစည်းတစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူး၊၊ ဒါက သွေးခွဲစကားပြောနေတာ မဟုတ်ပါဘူး၊ အခုအချိန်မှာ အမှောင်ထုကို ရင်ဆိုင်ဖို့က ခက်ခဲနေပြီဆိုတော့ ဒီအဖွဲ့အစည်းကို ရင်ဆိုင်ဖို့က ပိုပြီး သတိထားဖို့ လိုပါတယ်’’
လင်းရှန်သည် ဟိုလိုဂရမ်မြင်ကွင်းကို ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်မိသည်၊၊ ကျိုးမင်ယွမ်သည် တကယ်ကို ကောက်ကျစ်သောမြေခွေးအိုကြီးတစ်ကောင်ပင်ဖြစ်သည်၊၊ အာရုဏ်ဦးမြို့တော်ကို ခေါင်းစဉ်တပ်ပြောနေသော်လည်း ဖီးနစ်ကို ရည်ညွှန်းနေသည်မှာ သိသာလှသည်။ အကယ်၍ သူသာ ဘေးက ဝမ်တုံသည် အနီရောင်ကမ္ဘာနှင့် ပူးပေါင်းနေမှန်း မသိခဲ့ပါက သာမန်လူတစ်ယောက်ဆိုလျှင် ဤလူကြီး၏ ရိုးသားဖြောင့်မတ်ဟန်ဆောင်သော စကားများတွင် နစ်မွန်းသွားပေလိမ့်မည်။
ဧည့်ခံခန်းမအတွင်း ရှင်းဂျီက အနည်းငယ် ပြုံးလိုက်ပြီး စကားလမ်းကြောင်းကို တိုက်ရိုက်ပြောင်းလဲကာ ကျိုးမင်ယွမ်ကို ကြည့်လိုက်သည်။
“အာရုဏ်ဦးမြို့တော်ရဲ့ ဂရုစိုက်မှုကို ခံရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ၊၊ အခုလို ညဘက်မှာ မွန်းစတားတွေ သောင်းကျန်းနေတဲ့အချိန်မှာ ဒုဥက္ကဋ္ဌကျိုးက ရဲရဲဝံ့ဝံ့လာရောက်ခဲ့တာကတော့ တကယ်ကို အံ့ဩစရာပါပဲ၊၊ တိတ်ဆိတ်မြို့တော်က ဘာများ ကူညီပေးရမလဲ’’
“လာရတဲ့ ရည်ရွယ်ချက်ကိုတော့ ကြိုတင်ပေးပို့ထားတဲ့ အကျဉ်းချုပ်မှာ ရှင်းပြထားပြီးသားပါ’’
ကျိုးမင်ယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။