← Chapters

အခန်း (၇၃၈-၇၃၉)

Vol. 44 Ch. 738-739

အခန်း (၇၃၈-၇၃၉)

Vol. 44 Ch. 738-739

Chapter 738

လျှို့ဝှက်စကားစု ၃

“လောလောဆယ်မှာတော့ ကျုပ်တို့က နဂါးအမျိုးအစား၊ Ray အမျိုးအစားနဲ့ Constant Star-class ကြယ်သင်္ဘောတွေကို အမြောက်အမြား တည်ဆောက်ဖို့ တိတ်ဆိတ်မြို့တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပါတယ်၊၊ ဒါက အသက်ရှင်ကျန်ရစ်သူသန်းပေါင်းများစွာရဲ့ အသက်ရှင်ရပ်တည်ရေးနဲ့ သက်ဆိုင်နေပါတယ်၊၊ ဝမ်ယွဲ့လုပ်ငန်းစုအနေနဲ့ ဒီလောက် ထုတ်လုပ်မှု စွမ်းအားမျိုးကို ထောက်ပံ့ပေးနိုင်မလား ဆိုတာကို သိချင်ပါတယ်’’

သူက ပြောပြီးနောက် ဘေးက ဝမ်တုံကို ကြည့်လိုက်သည်၊၊ ဝမ်တုံက ချက်ချင်း ဝင်ပြောသည်။

“လောလောဆယ်မှာ အာရုဏ်ဦးမြို့တော်၊ လင်းလုံအုပ်စုနဲ့ ဖင်းဂါးအုပ်စုတို့က ကျင်းဟိုင်နဲ့ အာရုဏ်ဦးမြို့တော်တို့မှာ အစိတ်အပိုင်းခွဲပြီး ထုတ်လုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝ စတင်နေပါပြီ၊၊ စုစုပေါင်း ကြယ်သင်္ဘောဆိပ်ကမ်း ၁၆ ခုမှာ တန်ချိန် ၅ သိန်း အဆင့် သင်္ဘောကျင်း ၁ ခု၊ တန်ချိန် ၃ သိန်း အဆင့် ၃ ခုနဲ့ တန်ချိန် ၁ သိန်း အဆင့် ၁၂ ခုတို့ကို အပြင်းအထန်တည်ဆောက်နေပါတယ်၊၊ ကျူံးချီအုပ်စုရဲ့ ထုတ်လုပ်ရေး အလုပ်ရုံမှာလည်း ‘ကောင်းကင်အမိုးခုံးအဆင့်’ အာကာသရထားတစ်စင်းကို တည်ဆောက်နေပါတယ်၊ ဒါက အရင်တုန်းက ရှင်းဟွာအကြီးစားစက်မှုလုပ်ငန်းက ဖင်းဂါးအုပ်စုနဲ့ ပူးပေါင်းပြီး ဒီဇိုင်းဆွဲခဲ့တဲ့ အာကာသထဲ ပျံသန်းနိုင်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပါ၊၊ မူလကတော့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းအတွက် ပစ္စည်းတွေ ပို့ဆောင်ဖို့ ဂြို်ဟ်ပတ်ရထားလမ်း တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာပါ၊ ဒါကြောင့် ကျုပ်တို့က ကြယ်သင်္ဘောတွေနဲ့ ကောင်းကင်အကာကွယ်ကို ဖြတ်ကျော်ဖို့ အဓိကသယ်ယူပို့ဆောင်ရေးအစီအစဉ်အတွက် အဲဒါကို တည်ဆောက်ဖို့ ရည်ရွယ်ထားတာပါ...’’

“ဒါကို ကျုပ်လည်း ကြားဖူးပါတယ်၊၊ အစောဆုံးကာလက ဂြိုဟ်ပတ်ရထားလမ်း အဆိုပြုချက်ပဲ’’

ရှင်းဂျီက ကျန်းရှု့ဝေကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်’’

ထိုစဉ် ဖင်းဂါးအုပ်စု၏ အကြီးအကဲဖြစ်သူ ကျန်းရှု့ဝေက နောက်ဆုံးတွင် စကားပြောလာသည်။ သူမသည် ကျိုးမင်ယွမ်နှင့် ဝမ်တုံးတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက်

“အစောဆုံး ဂြိုဟ်ပတ်ရထားလမ်းတည်ဆောက်ရေးတွေဟာ ကာမန်လိုင်းအထက်မှာ တည်ဆောက်တဲ့ အာကာသသယ်ယူပို့ဆောင်ရေး ဖြေရှင်းချက်တွေပါ၊၊ ဒါပေမဲ့ အဲဒီအချိန်က နည်းပညာနဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းတွက်ချက်မှုတွေကြောင့် အခုလက်ရှိ ဂြိုဟ်ပတ်ရထားလမ်း၊ တတ်လှမ်းလမ်းကြောင်းနဲ့ အာကာသဓာတ်လှေကားဆိုပြီး အဆင့်ခွဲခြားလိုက်ရတာပါ’’

“အဲဒါက အဲဒီတုန်းက တကယ့်ကို ရဲရင့်တဲ့ စိတ်ကူးတစ်ခုပဲ’’ ကျိုးမင်ယွမ်က စားပွဲကို သူ၏လက်ချောင်းများဖြင့် ခေါက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကမ္ဘာဂြိုဟ်ကို ဝန်းရံထားတဲ့ အာကာသပတ်လမ်းတစ်ခုက လူသားတွေရဲ့ အာကာသသယ်ယူပို့ဆောင်ရေးစွမ်းရည်ကို တန်ချိန်ရာဂဏန်းကနေ တန်ချိန်သောင်းဂဏန်းအထိ မြှင့်တင်ပေးနိုင်တယ်၊၊ အာကာသဓာတ်လှေကားရဲ့ သယ်ယူပို့ဆောင်နိုင်စွမ်းထက် အဆပေါင်းများစွာ သာလွန်တာပေါ့၊၊ အကယ်၍သာ အဲဒါကို တည်ဆောက်နိုင်ခဲ့ရင် ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်း အပြီးသတ်မယ့်ကာလကို အနည်းဆုံး ဆယ်နှစ်လောက် ရှေ့တိုးနိုင်မှာပါ’’

ရှင်းဂျီက ၎င်းကို အာရုံမစိုက်ဘဲ ကျန်းရှု့ဝေကို ကြည့်ကာ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

“ကျုပ် အရမ်းသိချင်မိတာက မစ္စကျန်းက ဘာလို့ အာရုဏ်ဦးမြို့တော်နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာလဲ၊၊ ကျုပ်မှတ်မိသလောက်တော့ ငွေကြယ်အဖွဲ့က ဖီးနစ်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းမဟုတ်လား’’

ရှင်းဂျီ၏စကားကို ကြားသည်နှင့် ဝမ်တုံ၏ မျက်နှာပျက်သွားသော်လည်း ကျိုးမင်ယွမ်ကမူ ကျန်းရှု့ဝေကို ကြည့်ကာ ပြုံးလိုက်သည်။

“ဖင်းဂါးအုပ်စုက အာရုဏ်ဦးမြို့တော်ရဲ့ မိုးကုတ်စက်ဝိုင်းအလွန်ကြယ်ခရီးစဥ် စီမံကိန်းအပေါ် အများကြီးအကောင်းမြင်မှုရှိပါတယ်၊၊ အခုချိန်မှာ လူသားယဉ်ကျေးမှုဟာ ရှင်သန်ခြင်းအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ၊၊ အယူဝါဒတွေ အားလုံးက ရှင်သန်ဖို့ နည်းလမ်းရှာနေကြတာပဲ မဟုတ်လား၊၊ လူသားတွေအားလုံးက လှေတစ်စင်းတည်းစီးနေကြတာဆိုတော့ ဘယ်သူနဲ့ပဲ ပူးပေါင်းပူးပေါင်း ဘယ်လိုပဲလုပ်လုပ် အရေးမကြီးပါဘူး၊၊ ဟုတ်တယ်မလား ရှု့ဝေ’’

သူသည် ကျန်းရှု့ဝေကို ပြုံးလျက် ကြည့်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် ရွှန်းနှင့် အခြားသူများသည် ထိုအပြုံးတွင် မည်သည့် နွေးထွေးမှုကိုမျှ မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျိုးမင်ယွမ်၏ အပြုံးမှတစ်ဆင့် မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်၊၊ အကယ်၍ သင်သည် သူနှင့် ဆန့်ကျင်ဘက်ပြုမူပါက ထိုအပြုံးမှာ ကြောက်မက်ဖွယ် သဘက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပါးစပ်ကြီးကို ဟကာ အရာအားလုံးကို တစ်ချက်တည်း ဝါးမျိုပစ်တော့မည့်အတိုင်းပင်။

လူတိုင်းက ကျန်းရှု့ဝေအပေါ် အာရုံစိုက်နေကြစဉ် ဝမ်တုံ၏ အင်္ကျီလက်ဖျားမှ အနက်ရောင် ယန္တရားပင့်ကူတစ်ကောင် ထွက်လာပြီး သူ၏လက်ချောင်းများကြားမှ အသံတိတ်တွားသွားကာ လက်ဖက်ရည်ခွက်အောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် ကျန်းရှု့ဝေသည် တည်ငြိမ်နေဆဲ ဖြစ်သည်၊၊ ထို့နောက် ရှင်းဂျီကို ကြည့်ပြီး ပြောလိုက်သည်။

“ကမ္ဘာပျက်ကပ်ကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အနှစ်သာရက ရှင်သန်ရေးပါပဲ၊၊ အာရုဏ်ဦးမြို့တော်ရဲ့ မိုးကုပ်စက်ဝိုင်းအလွန်ကြယ်ခရီးစဥ် အစီအစဉ်နဲ့ အမှောင်ကျူးကျော်မှုအပေါ် သုတေသနတွေက အရမ်းကို တိုးတက်နေပြီ၊၊ ကျွန်မတို့ လုပ်ရမှာက စည်းလုံးပြီး ကြံ့ကြံ့ခံဖို့ပဲ၊၊ တိတ်ဆိတ်မြို့တော်မှာ ကြီးမားတဲ့ ထုတ်လုပ်မှု စွမ်းအားတွေ ရှိနေတာဆိုတော့ ဆက်ဆံရေးတွေရှိတာ အကောင်းဆုံးပါပဲ’’

ကျန်းရှု့ဝေပြောပြီးနောက် ရှင်းဂျီက မျက်ခုံးပင့်ကာ နူးညံ့သောအပြုံးကို မျက်နှာပေါ်တင်ထားဆဲဖြစ်သော ကျိုးမင်ယွမ်ကို ကြည့်လိုက်သည်။

ကျိုးမင်ယွမ်က လေးနက်စွာ ပြောလာသည်။

“ခေါင်းဆောင်ရှင်း… တိတ်ဆိတ်မြို့တော်မှာ ကြီးမားတဲ့ ထုတ်လုပ်မှုစွမ်းအားနဲ့ တွက်ချက်နိုင်စွမ်းတွေ ရှိနေတယ်၊၊ သတင်းအချက်အလက်နဲ့ ယန္တရားအင်ဂျင်နီယာနယ်ပယ်တွေမှာ ခင်ဗျားတို့က ဒီကမ္ဘာပေါ်မှာ အရေးပါတဲ့ အခွင့်အာဏာ ရှိထားတယ်၊၊ ကောင်းကင်အမိုးခုံးအဆင့်တည်ဆောက်မှုတွေအပါအဝင် ကောင်းကင်အကာအကွယ်ကို အမှောင်ကျူးကျော်မှုကို ခုခံဖို့အတွက် ကျုပ်တို့ အာရုဏ်ဦးမြို့တော်က တိတ်ဆိတ်မြို့တော်နဲ့ ပူးပေါင်းချင်ပါတယ်၊၊ နိုင်ငံရေး ဒါမှမဟုတ် အကျိုးအမြတ်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ် အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက်သက်သက်ပါပဲ’’

“အဓိပ္ပာယ်ရှိပါတယ်’’

ရှင်းဂျီက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“တိတ်ဆိတ်မြို့တော်က မနက်ဖြန် ကျင်းဟိုင်မြို့အနီးကို ဆိုက်ကပ်လာပါမယ်၊၊ ပူးပေါင်းဆောင်ရွက်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ရှေ့တိုးနိုင်ပါတယ်’’

“ဒါ အရမ်းကောင်းတယ်”

ကျိုးမင်ယွမ်က ချက်ချင်း ထရပ်ကာ ရှင်းဂျီနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ခင်ဗျားတို့ကို ကြိုဆိုပါတယ်၊၊ ခင်ဗျားတို့ မြို့ထဲကို လုံခြုံစွာ ဝင်နိုင်ဖို့အတွက် တပ်စွဲထားတဲ့ အစောင့်တပ်ဖွဲ့တွေကို ကျုပ်က ညွှန်ကြားထားပါ့မယ်’’

အစည်းအဝေးပြီးနောက် ကျိုးမင်ယွမ်သည် ရှင်းဂျီ၏ ထမင်းစားဖိတ်ကြားမှုကို ယဉ်ကျေးစွာ ငြင်းပယ်ပြီး ချက်ချင်းပြန်ရန် ပြင်ဆင်လေသည်။ ရှင်းဂျီကလည်း ထပ်၍ မတိုက်တွန်းဘဲ ပြုံးလျက် ဧည့်သည်များကို လိုက်လံပို့ဆောင်ပေးလိုက်သည်။

မကြာမီ လူစုသည် အာရုဏ်ဦးမြို့တော်၏ သယ်ယူပို့ဆောင်ရေးယာဉ် ဆိုက်ကပ်ရာ တိမ်စီရင်စုပျံသန်းရေးကုန်းပတ်သို့ ရောက်ရှိလာကြသည်။ ကျိုးမင်ယွမ်နှင့် သူ၏အဖွဲ့က အစောင့်တပ်ဖွဲ့များ၏ အကာအကွယ်ဖြင့် သယ်ယူပို့ဆောင်ရေးသင်္ဘောဆီသို့ လျင်မြန်စွာ လျှောက်သွားကြသည်။

“အိုး… ဒါနဲ့”

ထိုအချိန်တွင် ရှင်းဂျီက နောက်မှနေ၍ ရုတ်တရက် လှမ်းပြောလိုက်သည်၊၊

“ဒုဥက္ကဋ္ဌကျိုးနဲ့ ဆွေးနွေးဖို့ မေ့သွားတဲ့ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်’’

ကျိုးမင်ယွမ်က ရပ်ကာ နောက်သို့ လှည့်ကြည့်သည်။

“အဲဒါ ဘာများလဲ’’

ရှင်းဂျီက လက်ကို နောက်ပစ်လျက် ပြောလိုက်သည်။ “တွင်းနက်ထဲက အနီရောင်ကမ္ဘာ လျှို့ဝှက်သုတေသနအခြေစိုက်စခန်းမှာ ကျုပ်တို့က အရေးပါတဲ့လူတစ်ယောက်ကို တကယ်ပဲ ဖမ်းမိခဲ့တယ်၊၊ အဲဒီလူက သုတေသနဌာနရဲ့ ပင်မထိန်းချုပ်ခန်းကို ကြီးကြပ်ရတဲ့သူဖြစ်ပြီး အဲဒီမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပဲ၊၊ အဲဒီလူ ပြောပြချက်အရ အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့တော်က အဆင့်မြင့်အရာရှိတစ်ယောက်အကြားမှာ ပူးပေါင်းကြံစည်မှုတွေ ရှိနေပုံရတယ်’’

ကျိုးမင်ယွမ်က မျက်မှောင်ကြုတ်ကာ လေးနက်စွာ မေးလိုက်သည်။

“အဲဒါ ဘယ်သူလဲ’’

“ခင်ဗျားရဲ့ ဘေးနားမှာတင် ရပ်နေတဲ့သူပဲ’’

ထိုအချိန်တွင် ရှင်းဂျီ၏ နောက်မှ ကြည်လင်ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်ရာ တခြားလမ်းကြောင်းတစ်ခုမှ စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

Chapter 739

လျှို့ဝှက်စကားစု ၄

ရှင်းဂျီက နောက်သို့ လှည့်မကြည့်ဘဲ ပြုံးလိုက်သည်။

“မိတ်ဆက်ပေးပါရစေ၊၊ သူက အနန္တပေါင်းစည်းရထားရဲ့ ကပ္ပတိန်ပါ၊၊ အဖြူရောင်မြို့ သုတေသနဌာနမှာ အနီရောင်ကမ္ဘာရဲ့ လှုပ်ရှားမှုတွေကို ချေမှုန်းခဲ့ပြီး သူတို့ရဲ့ အဓိကအချက်အလက်တွေကို ကြားဖြတ်ရယူခဲ့သူ၊ တိတ်ဆိတ်မြို့တော်ကိုလည်း တွင်းနက်ထဲကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့... ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်သူပါပဲ’’

“ဟယ်လို… ဒုဥက္ကဋ္ဌကျိုး’’

လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျိုးမင်ယွမ်နှင့် ဝမ်တုံတို့၏ အကြည့်များမှာ လင်းရှန်အပေါ် စူးစိုက်ကျရောက်သွားပြီး ကျန်းရှု့ဝေသည် လူအုပ်နောက်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း သူ့ကို စောင့်ကြည့်နေသည်။

“မင်း ခုနက ပြောလိုက်တဲ့စကားက ဘာကို ဆိုလိုတာလဲ’’

ကျိုးမင်ယွမ်က လင်းရှန်ကို စိတ်ရှုပ်ထွေးဟန် သို့မဟုတ် အံ့အားသင့်ဟန်မပြဘဲ ပြန်ကြည့်ကာ မေးလိုက်သည်။

“ဒါက ရှင်းနေတာပဲ မဟုတ်လား၊၊ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေတဲ့သူက ရှင့်ရဲ့ ဘေးနားမှာတင် ရပ်နေတယ်လို့ သူပြောနေတာလေ’’

ကီကီက လင်းရှန်၏ နောက်မှ ထွက်လာပြီး ဝမ်တုံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

ကီကီကို မြင်သည်နှင့် ဝမ်တုံ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ မယုံနိုင်စရာတစ်ခုကို တွေ့လိုက်ရသလို ဖြစ်သွားသည်၊၊

“ဝမ်ချီ’’

“ကျွန်မရဲ့ မျိုးရိုးက ကျိုးပါ၊၊ ဝမ်မဟုတ်ဘူး...’’

ကီကီက ပိုက်ဆံလျက် ပြောလိုက်သည်။

“ရှင်တို့ ဝမ်မိသားစုက အနီရောင်ကမ္ဘာနဲ့တောင် လုံးထွေးနေကြတယ်၊၊ ကျွန်မကိုတော့ ဒီအရှုပ်အထွေးတွေထဲ ဆွဲမထည့်ပါနဲ့’’

ကီကီ၏ စကားကို ကြားသောအခါ ဝမ်တုံက မျက်မှောင်ကြုတ်ကာ ရှင်းဂျီကို လှမ်းကြည့်လိုက်သည်။

“ခေါင်းဆောင်ရှင်း… ဒါက ဘာကို ဆိုလိုတာလဲ’’

ကျိုးမင်ယွမ်ကမူ လင်းရှန်ကိုသာ ကြည့်နေပြီး သူစကားပြောလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်နေသည်။ လင်းရှန်သည် ထိုအချိန်တွင် အသံဖမ်းစက်တစ်ခုကို ထုတ်လိုက်ပြီး လူတိုင်း၏ရှေ့တွင် ခလုတ်ကို နှိပ်လိုက်ရာ ကျိုးလီ၏ အသံကို ချက်ချင်း ကြားလိုက်ရသည်။

“အဲဒီအချိန်တုန်းက ငါက သံလှောင်အိမ်ထဲမှာ ပိတ်မိနေတယ်၊၊ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ် မတက်ခင်မှာ တခြားယာဉ်တစ်စီးပေါ်ကနေ ဆင်းလာတဲ့ လူတစ်စုကို ငါကိုယ်တိုင်မြင်ခဲ့တယ်၊၊ အဲဒီထဲမှာ ကျင်းဟိုင်မြို့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဟောင်း ဝမ်တုံပါတယ်၊ ဒီလူကိုတော့... ငါသေရင်တောင် မှတ်မိနေမှာပဲ၊၊ ပြီးတော့ ဝမ်တုံက လင်းလုံအုပ်စုရဲ့ ဒုတိယအကြီးအကဲ ဝမ်မိသားစုဝင်ပဲ၊၊ အခု လူတိုင်းက လင်းလုံအုပ်စုဟာ အာရုဏ်ဦးမြို့တော်ဘက် ပါသွားပြီဆိုတာ သိနေကြတာပဲလေ၊၊ ဝမ်ဟွေ့ကလည်း ဖက်ဒရေးရှင်းရဲ့ လွှတ်တော်အမတ်သစ်ဖြစ်လာပြီ၊၊ ဝမ်တုံက အနီရောင်ကမ္ဘာရဲ့ နယ်မြေထဲမှာ ပေါ်လာတယ်ဆိုတာ ပူးပေါင်းကြံစည်မှု ရှိနေတာ သေချာပေါက်ပဲ’’

“အဓိပ္ပာယ်မရှိတာ’’

ဝမ်တုံ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လင်းရှန်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။

“အသံဖမ်းထားတာလေး တစ်ခုနဲ့ ဖက်ဒရေးရှင်းရဲ့ အဆင့်မြင့်လွှတ်တော်အမတ်တစ်ယောက်ကို စွပ်စွဲတော့မလို့လား၊၊ လင်း… မင်း အသက်ဘယ်လောက်ရှိပြီလဲ၊၊ ကာတွန်းတွေ အကြည့်များသွားတာလား’’

“အဲဒီလူကို အနီရောင်ကမ္ဘာ သုတေသနဌာနကနေ ဖမ်းမိခဲ့တာပါ၊ စွပ်စွဲချက်ကလည်း တစ်ဖက်လူကပဲ လုပ်ခဲ့တာဆိုတော့ ကျုပ်တို့နဲ့ ဘာမှမဆိုင်ပါဘူး’’

လင်းရှန်က ဝမ်တုံကို ပြုံးပြရင်း ပြောလိုက်သည်။

“ဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး...’’

ဝမ်တုံ ခေတ္တမျှ ဆွံ့အသွားသည်။ သူသည် ကျိုးမင်ယွမ်ကို ကြည့်လိုက်ပြီးနောက် သူ၏ဒေါသကို ထိန်းကာ ရှင်းဂျီကိြ ပြောလိုက်သည်။

“ဒါဆို ပြောပြစမ်းပါ… အဲဒီလူက ဘယ်သူလဲ… ကျုပ်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေတယ်လို့ သူက ပြောနေတယ်ဆိုတော့… ဘယ်အချိန်… ဘယ်နေရာမှာ ကျုပ်ကို မြင်ခဲ့တာလဲ… အဲဒါကို ရှင်းပြရမယ် မဟုတ်လား’’

“အာ့လိုတော့ မရှိပါဘူး’’

လင်းရှန်က ခေါင်းခါပြီး ပြောလိုက်သည်။

“သူက ဘာမှဆက်မပြောနိုင်တော့ဘူး၊၊ ကျုပ်တို့ကတော့ ဒါက အလိမ်အညာဖြစ်နိုင်တယ်လို့ နက်နက်ရှိုင်းရှိုင်း သံသယရှိမိတယ်’’

“ဒါဆိုရင် ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ’’ ဝမ်တုံ ချက်ချင်း ဒေါသထွက်သွားသည်။

“ဒါကတော့ ဒုဥက္ကဋ္ဌကျိုးက အသေးစိတ်အချက်အလက်တွေကို သိချင်နေလို့ မဟုတ်လား၊၊ ကျုပ်တို့က ဆွေးနွေးလို့ရအောင် ထုတ်ပြောပြတာပါ’’

လင်းရှန်၏ အကြည့်မှာ ကျန်းရှု့ဝေ၏ မျက်နှာကို တစ်ချက်ကြည့်ပြီး ကျိုးမင်ယွမ်ကို ကြည့်လိုက်သည်။

“ဒါက ပူးပေါင်းဆောင်ရွက်ဖို့ ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသတာပဲ မဟုတ်လား၊၊ ဒါနဲ့ စကားမစပ်… ခေါင်းဆောင်ရှင်းက ကျုပ်နာမည်ကို မိတ်မဆက်ပေးရသေးဘူးထင်တယ်… ကျုပ်မျိုးရိုးက လင်းဆိုတာကို ခဗျားက ဘယ်လိုသိနေတာလဲ’’

“မင်း’’

ဝမ်တုံ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်၊၊ လင်းရှန်၏ မျက်နှာပေါ်က အပြုံးကို မြင်သောအခါ သူသည် တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး တိတ်ဆိတ်သွားကာ ဂရုမစိုက်တော့ဟန် ပြုလိုက်သည်။ ကျိုးမင်ယွမ်၏ အကြည့်မှာ အနည်းငယ် မှောင်မိုက်သွားပြီး ရှင်းဂျီနှင့် လင်းရှန်တို့၏ မျက်နှာများကို အကဲခတ်လိုက်သည်၊၊ ထို့နောက် ဘာမှမပြောဘဲ လှည့်ထွက်ကာ သယ်ယူပို့ဆောင်ရေးသင်္ဘောဆီသို့ တိုက်ရိုက်လျှောက်သွားလေသည်။

လင်းရှန်နှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် သယ်ယူပို့ဆောင်ရေးသင်္ဘော၏ အင်ဂျင်က နိုးလာသည်၊၊

“လင်းရှန်၊ အာရုဏ်ဦးမြို့တော်နဲ့ ပူးပေါင်းဖို့ ရွေးချယ်တာက ခရီးသွားရတာ ပိုလွယ်ကူစေပါလိမ့်မယ်’’

ကျန်းရှု့ဝေသည် လင်းရှန်နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

…

“သူတို့ရဲ့ သဘောထားက ကျုပ်တို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်နေတာ ရှင်းနေတာပဲ’’

သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်တွင် ဝမ်တုံ၏ အမူယာသည် စိတ်လှုပ်ရှားနေပြီး သူ၏အကြည့်များမှာ ဂဏှာမငြိမ်ပဲ ပျာယာခတ်နေသည်။

“အစကတော့ အဲဒီလို မရည်ရွယ်ခဲ့ပါဘူး’’

ကျိုးမင်ယွမ်က လင်းရှန်နှင့် အနန္တယာဉ်တန်းအဖွဲ့ဝင်များအကြောင်း အချက်အလက်များကို ပြသထားသည့် လက်ကိုင်ကွန်ပြူတာကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ဝမ်ချီရဲ့ နောက်ခံက ဘာလဲ’’

“ကျုပ်အစ်ကိုက အပြင်ကနေ ဘယ်လိုနည်းနဲ့ ရှာတွေ့ခဲ့တဲ့ သမီးမှန်းမသိဘူး’’

ဝမ်တုံက မျက်လုံးများမှိတ်ထားလျက် ပြန်ဖြေသည်။

“သူက ဖက်ဒရေးရှင်းရဲ့ အချက်အလက်စုဆောင်းမှုမှာ ခင်ဗျားတို့ မိသားစုရဲ့ ပထမဆုံး အမွေဆက်ခံသူအဖြစ် စာရင်းသွင်းထားဆဲပဲ’’

ကျိုးမင်ယွမ်က လက်ကိုင်ကွန်ပျူတာကို စားပွဲပေါ် ပစ်တင်လိုက်သည်။

“စိတ်စွမ်းအားရှင်၊၊ မယုံနိုင်စရာပဲ… အလင်းတမန်တော်ဌာနရဲ့ အကဲဖြတ်ချက်အရ စိတ်စွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းရည် နှစ်ခုလုံးကို super S-အဆင့်လို့ သတ်မှတ်ထားတယ်၊၊ အခုထိတော့ ဒီလိုလူမျိုး သိပ်မရှိသေးဘူး၊၊ အတော်လေး ထူးခြားတယ်၊၊ ဂျူးလိယပ်စ်က ဒီလူစုကို မဖမ်းမိခဲ့တာ နှမြောစရာပဲ’’

“သူတို့က အမှောင်တိုက်စားခြင်း ဆဲလ်တွေနဲ့ အချက်အလက် အပြည့်အစုံကို ရသွားပြီ၊၊ အဲဒါတွေကို ဖီးနစ်အသင်းဆီ လွှဲပေးလိုက်ကြမယ်လို့ ထင်လား”

ဝမ်တုံက မေးသည်။ ကျိုးမင်ယွမ်က ခေါင်းခါကာ ထိုင်ခုံကို မှီလိုက်သည်။

“ဒါက အရေးမကြီးတော့ပါဘူး၊၊ ဖီးနစ်က ဘာမှ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး၊၊ ငါတို့က အဆင်သင့်ဖြစ်နေဖို့ပဲ လိုတယ်’’

ထို့နောက် သူက မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်သည်။

“သွား… ကျန်းရှု့ဝေကို စောင့်ကြည့်ထားလိုက်’’

ဝမ်တုံက ခေါင်းညိမ့်လိုက်သော်လည်း လမ်းတစ်ဝက်တွင် ရပ်ကာ လေးနက်စွာ ပြောလိုက်သည်။

“တိတ်ဆိတ်မြို့တော်က ဒီလောက်အထိ ခေါင်းမာနေတာက ဖီးနစ်နဲ့လည်း ဆက်နွှယ်နေနိုင်မလား၊၊ ဒါမျိုး ဖြစ်လာမယ်မှန်း သိရင် ဒီမိန်းမကို ဟန်ပြအနေနဲ့ ခေါ်လာစရာ မလိုပါဘူး’’

“သဘောထားပြဖို့က လိုအပ်တယ်’’

ကျိုးမင်ယွမ်က လေးနက်စွာ ပြောလိုက်သည်။

“တိတ်ဆိတ်မြို့တော်မှာ လူပေါင်း တစ်သိန်းကျော် ရှိတယ်၊၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း ရာနဲ့ချီရှိပြီး ကွန်ရက်တွေကလည်း ခိုင်မာတယ်၊၊ ဒါကြောင့် ရှင်းဂျီသာ ငါတို့စကားကို နားထောင်မယ်ဆိုရင် ပြဿနာ နည်းသွားမယ်၊၊ ဒါပေမဲ့ အခုတော့ တိတ်ဆိတ်မြို့တော်ကို ငါတို့ယူမှ ဖြစ်မယ်ထင်တယ်”

ဝမ်တုံ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး အပြင်ဘက် ကယ်ဗင်အခန်းသို့ လျှောက်သွားသည်။ အခန်းအပြင်ဘက်တွင် လျှပ်စစ်သေနတ်များ ကိုင်ထားသည့် စစ်သားနှစ်ယောက်ရပ်နေသည်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် အတွင်းထဲတွင် တစ်ယောက်တည်းထိုင်နေသည့် ကျန်းရှု့ဝေကို ကြည့်လိုက်ပြီးနောက် အစောင့်ကို ပြောလိုက်သည်။

“အာရုဏ်ဦးမြို့တော်ကို မရောက်မချင်း သူ့ကို အပြင်ပေးမထွက်နဲ့’’

“ဟုတ်ကဲ့ နားလည်ပါပြီ’’

အစောင့်က ပြန်ဖြေလိုက်သည်။

All Chapters