← Chapters

အခန်း (၇၅၀-၇၅၁)

Vol. 44 Ch. 750-751

အခန်း (၇၅၀-၇၅၁)

Vol. 44 Ch. 750-751

Chapter 750

ယန္တရားဖန်တီးမှု ၃

ရှင်းဂျီက ဤမြင်ကွင်းကို ဘာကြောင့်ပြန်ပြနေသနည်းဟု လင်းရှန် သိချင်စိတ်ဖြင့် ကြည့်နေမိသော်လည်း ကြည့်နေရင်း တစ်ခုခုမှားယွင်းနေသည်ကို သူ သတိထားမိလာသည်။ အကြောင်းမှာ ထိုဗီဒီယိုထဲမှ အကြောင်းအရာများမှာ လင်းရှန် အရင်က မြင်ခဲ့ရသည်များနှင့် လုံးဝကွဲပြားနေသောကြောင့်ပင်။

အထူးသဖြင့် ကျိုးမင်ယွမ်က တိတ်ဆိတ်မြို့တော်သည် တွင်းနက်ထဲ ဆွဲသွင်းခံရမည်ကို စိုးရိမ်ဟန်ဆောင်ပြီး ကယ်ဆယ်ရေးယာဉ်တန်း လွှတ်လိုက်သည်ဟု ပြောသည့်အခါ ရှင်းဂျီက အားမနာတမ်းပြန်ပြောလိုက်သည်၊၊

“ခင်ဗျားရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မြို့တော် အမှတ် ၂ က လုလင်တောအုပ်မှာ အမြဲတမ်း အခြေစိုက်ထားတာပါ။ သူတို့ဆီက သိရသလောက်တော့ အာရုဏ်ဦးမြို့တော်ဆီကနေ ဘာအကူအညီမှ မရခဲ့ဘူး။ အဲဒီအစား ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့ စူးစမ်းရေးအဖွဲ့တွေပဲ တွေ့ရတယ်။ အဲဒါတွေက... အာရုဏ်ဦးမြို့တော်က မဟုတ်လောက်ဘူး ထင်တယ်နော်”

ထိုစကားအဆုံးတွင် ဗီဒီယိုထဲမှ ကျိုးမင်ယွမ်၏ တုံ့ပြန်မှုက ပြောင်းလဲသွားပြီး ပြောလိုက်သည်၊၊

“ခေါင်းဆောင်ရှင်းက တကယ့်ကို ထက်မြက်တဲ့လူပဲ။ ဟုတ်တယ်လေ။ ကျုပ်က ခင်ဗျားတို့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတာပဲ။ ဘာလို့လဲဆိုတော့ လူတစ်သိန်းကျော်ရှိတဲ့ ခင်ဗျားတို့ရဲ့ မြို့တော်အမှတ် ၂က အနီရောင်ကမ္ဘာရဲ့ စနစ်တကျစီစဉ်ထားတဲ့ အကွက်ထဲကနေ ဘယ်လိုများ လွတ်အောင် ပြေးမလဲဆိုတာ ကျုပ်က သိချင်နေလို့ပဲ”

ထို့နောက်တွင် ကျိုးမင်ယွမ်၏ စကားများမှာ ပို၍ပင် ထူးဆန်းလာသည်။ သူသည် အနီရောင်ကမ္ဘာနှင့် မည်သို့ ပူးပေါင်းခဲ့ကြောင်း၊ တိတ်ဆိတ်မြို့တော်သည် သူ့ထံတွင် လက်နက်မချပါက မြို့ထဲရှိ လူတစ်သိန်းလုံးသည် အနီရောင်ကမ္ဘာ၏ စမ်းသပ်ခံသတ္တဝါများဖြစ်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုနေလေသည်။

သူပြောလေလေ ပို၍ ဆိုးလာလေလေဖြစ်နေသဖြင့် လင်းရှန်၏ မျက်လုံးများ ပြူးထွက်မတတ်ဖြစ်သွားရသည်။ ဗီဒီယို၏ နောက်ဆုံးတွင် ကျိုးမင်ယွမ်နှင့် ဝမ်တုံတို့သည် လင်းရှန်ကို ရင်ဆိုင်ပြီးနောက် ကုန်းပတ်ပေါ်မှ အေးစက်စွာ ထွက်ခွာသွားကြသည်။ အပြင်တွငါ ကျိုးမင်ယွမ်သည် ဘာမှမပြောခဲ့သော်လည်း ဤဗီဒီယိုထဲတွင်မူ သူသည် ပါးစပ်ကို ကွေးလိုက်ကာ ကောက်ကျစ်ယုတ်မာသော အပြုံးဖြင့် အေးစက်စွာ ရယ်မောရင်း ခြိမ်းခြောက်လိုက်သည်၊၊

“ခေါင်းဆောင်ရှင်းက ဘယ်အချိန်မှာ အညံ့ခံရမလဲဆိုတာ သိတာက ပိုပြီး ပညာရှိရာကျပါတယ်။ ခင်ဗျားရဲ့ မြို့ကြီး သွေးချောင်းစီးနေတာကို မမြင်ချင်ဘူး မဟုတ်လား။ ဟားဟားဟားဟား”

ထို့နောက် သူသည် အကျယ်ကြီးရယ်မောကာ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်သို့ တက်သွားလေသည်။ ဗီဒီယိုပုံစံမှာ သိုင်းကားအဟောင်းကြီးတစ်ကားလိုပင်။ ကျိုးမင်ယွမ်၏ နဖူးပေါ်တွင် လူယုတ်မာဟု တက်တူးထိုးထားလျှင်ပင် ယခုထက် ပိုပြီး မထူးခြားနိုင်တော့ပေ။

“သောက်ကျိူးနဲ”

လင်းရှန်တစ်ယောက် လုံးဝကို အံ့အားသင့်သွားပြီး ရင်ထဲတွင် မြင်းအကောင်ရေတစ်သောင်းလောက် ဝုန်းဒိုင်းကြဲပြေးလွှားနေသလို ခံစားလိုက်ရသည်။

“ခင်ဗျား… ခင်ဗျား…. ဒါက လုပ်ကြံဖန်တီးတာပဲ။ တမင်တကာ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်တာပဲ”

“မရှိတဲ့ သတင်းတွေကို တမင်တကာ ဖန်တီးမှ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတာလို့ ခေါ်တာလေ။ ဒါက အဖြစ်မှန်ပဲလေ။ ငါက နည်းနည်းလေး အနုပညာဆန်အောင် ပြင်လိုက်ရုံပါပဲ။ အဲဒါကို ဘယ်လိုလုပ် ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်တယ်လို့ ပြောနိုင်မှာလဲ”

ရှင်းဂျီက လက်ပိုက်ကာ လင်းရှန်ကို ကြည့်နေသည်။

“အဲဒါကို သက်သေပြဖို့ မလိုဘူးလား”

“သက်သေရှိနေရင် အဲဒါကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုလို့ ခေါ်နိုင်ဦးမလား”

“ဒါက အတုယောင်ကြီးမှန်း အရမ်းသိသာလွန်းပါတယ်။ သူ့ရယ်ပုံက အိုယန်ဖုန်း ရယ်နေသလိုပဲ။ ခင်ဗျားအနေနဲ့ သူ့ကို မနားတမ်း တဟဟရယ်ခိုင်းလိုက်တာကမှ ပိုကောင်းဦးမယ်။ ပြီးတော့ ဖက်ဒရေးရှင်းရဲ့ ဒုဥက္ကဋ္ဌက ဒီလောက်အထိ ငတုံးတစ်ယောက်ဖြစ်ပါ့မလားလို့ ဘယ်သူက ယုံမှာလဲ”

လင်းရှန်၏ မျက်နှာသည် အံ့သြမှုပေါင်းစုံဖြင့် အရောင်စုံဖြစ်နေသည်။ ရှင်းဂျီ၏ အရည်အသွေးမြင့် ထုတ်လုပ်မှုကြောင့် သူ တုန်လှုပ်နေမိသည်။

ရှင်းဂျီက တည်ငြိမ်သော မျက်နှာဖြင့်ပင် မေးလိုက်သည်။

“ဘာလို့ မယုံရမှာလဲ။ အာရုဏ်ဦးမြို့တော်နဲ့ တိတ်ဆိတ်မြို့တော်က လူအများစုက ကျိုးမင်ယွမ် တိတ်ဆိတ်မြို့တော်ကို လာတယ်ဆိုတာ သိထားကြတယ် မဟုတ်လား”

လင်းရှန် ခေါင်းညိတ်လိုက်သည်။

“ဗီဒီယိုထဲက ပုံရိပ်အများစုက အစစ်တွေပဲ။ သယ်ယူပို့ဆောင်ရေးသင်္ဘောရောက်လာတာနဲ့ ထွက်သွားတာကို အဝေးကနေ မြင်ခဲ့တဲ့ သက်သေတွေလည်း ရှိတယ် မဟုတ်လား”

လင်းရှန် ခဏစဉ်းစားပြီး ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။

“ဒါ့အပြင် အမှန်တရားကတော့ ကျိုးမင်ယွမ်က အနီရောင်ကမ္ဘာနဲ့ တကယ်ပဲ ပူးပေါင်းထားတာပဲ။ သူတို့ လာတဲ့ ရည်ရွယ်ချက်ကလည်း တိတ်ဆိတ်မြို့တော်ကို လာတာပဲ။ ပြီးတော့ ဂရေ့စ်ကို နှိုးဖို့အတွက် စူးစမ်းရေး ပင့်ကူစက်ရုပ်လေးကိုလည်း လွှတ်ခဲ့သေးတယ် မဟုတ်လား”

လင်းရှန် နားထောင်ရင်း သူ၏ မျက်နှာအမူယာက ပိုပြီး ထူးဆန်းလာကာ သူ မရယ်နိုင်တော့ပေ။

“ဒါပေမဲ့ သေချာစစ်ဆေးကြည့်ရင် ဒါတွေက အတုမှန်း သက်သေတွေ့သွားနိုင်တာပဲ မဟုတ်လား”

လင်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုကာသည်။

ရှင်းဂျီက ပြုံးစိစိဖြင့် လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။

“အေးချမ်းတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင်တော့ သက်သေလိုတာပေါ့။ အခုက ကမ္ဘာပျက်နေတဲ့ အချိန်လေ။ ငါက အဖြစ်မှန်ကို တခြားနည်းလမ်းနဲ့ တင်ပြလိုက်ရုံပဲ။ သက်သေမလိုပါဘူး။ မင်းရဲ့ အားသာချက်ကလည်း စည်းမျဉ်းတွေကို ကျော်ပြီး ကစားတတ်တာ မဟုတ်ဘူးလား လင်း”

လင်းရှန် ပါးစပ်အဟောင်းသားဖြစ်သွားသည်၊၊ ရှင်းဂျီ၏ စကားကြောင့် သူတကယ်ဆွံ့အသွားရသည်။ သူ၏ မျက်လုံးများမှာ မသိမသာလှုပ်ခတ်သွားသည်။ သူထပ်ပြီး စဉ်းစားလေလေ ရှင်းဂျီ၏ ဤခြေလှမ်းမှာ မည်မျှအထိ ကြောက်စရာကောင်းသည့် ဗျူဟာမြောက်သည့် လုပ်ရပ်ဖြစ်သည်ကို နားလည်လာသည်။ အစီအစဉ်များနှင့် ပူးပေါင်းကြံစည်မှုအားလုံးကို ရိုက်ချိုးပြီး အရာအားလုံးကို ဖောက်ထွင်းမြင်အောင် ပြလိုက်ခြင်းပင်။ အနုပညာဆန်ဆန်ပြုပြင်မှု အချို့ပါဝင်နေသော်လည်း သူပြောသည်မှာ မှန်ပေသည်။ လုပ်ကြံမှုသည် စစ်ဆေးမှုကို မခံနိုင်သော်လည်း အမှန်တရားသည် သေလောက်အောင် ပြင်းထန်နိုင်ပေသည်။

ဤဗီဒီယိုထွက်လာသည်နှင့် တိတ်ဆိတ်မြို့တော်နှင့် အာရုဏ်ဦးမြို့တော်မှ သန်းနှင့်ချီသော လူများ၏ ဒေါသကို ဧကန်မုချပင် ဆွဲထုတ်နိုင်လိမ့်မည်။ ထိုအချိန်ကျလျှင် မီးပွားက အစပျိုးသွားပြီ ဖြစ်သဖြင့် မည်သူကမှ အစစ်လား၊ အတုလားဆိုသည်ကို ဂရုစိုက်တော့မည် မဟုတ်ပေ။ ထို့အပြင် ကျိုးမင်ယွမ်သည် စစ်ဆေးမှုများကို လုံးဝခံနိုင်မည် မဟုတ်ပေ။ ကျိုးမင်ယွမ်နှင့် အာရုဏ်ဦးမြို့တော်မှ အဆင့်မြင့်အရာရှိများအပေါ် လူများအာရုံစိုက်လာလျှင် ပြဿနာက ပိုဆိုးရွားလာပေလိမ့်မည်။

ထိုအရာကို စဉ်းစားမိပြီး လင်းရှန်က သဘောကျစွာ ရယ်မောလိုက်သည်။

“တကယ် ဂျီးနီးယပ်စ်အဆင့်ပဲ၊၊ ခင်ဗျားရဲ့ ဒီခြေလှမ်းက အာရုဏ်ဦးမြို့တော်ရဲ့ အုတ်မြစ်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်သွားနိုင်တယ်”

လင်းရှန်လည်း ရှင်းဂျီကို ကြည့်လိုက်သည်။ ထိုသူက လက်တစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ကာ တည်ငြိမ်အေးဆေးစွာ ရပ်နေဆဲဖြစ်သော်လည်း မမျှော်လင့်ထားလောက်အောင် ပါးနပ်လှသည်။ ဤခြေလှမ်းမှာ လူတစ်ယောက်၏ စိတ်နှလုံးကို ရိုက်ခတ်သည့် ဗျူဟာဖြစ်ပြီး တကယ်ကို ပြောင်မြောက်လှသည်။ နေ့ခင်းပိုင်းက ကျိုးမင်ယွမ် ဆွေးနွေးနေစဉ်တွင် ရှင်းဂျီက ပြင်ဆင်ထားပုံမရပဲ ဘာကြောင့်ထိပ်တိုက်တွေ့နေရသနည်းဆိုသည်ကို လင်းရှန် ရှုပ်ထွေးခဲ့ရသည်။ အမှန်တော့ ဤလူမှာ အစကတည်းက သရုပ်ဆောင်နေခြင်းဖြစ်ပြီး သူ့စကားလုံးများကို ခံစားချက်အပြည့်အဝနဲ့ ကြိုတင်ပြီး ပြောထားခဲ့ခြင်းပင်ဖြစ်သည်ဟု သူနားလည်သွားလေသည်။

“ငါကတော့ အတွေးအခေါ် တိုက်ပွဲတွေကို ဘယ်တော့မှ မလုပ်ဘူး။ ဖက်ဒရေးရှင်းအဟောင်းနဲ့ ဖီးနစ်အဖွဲ့အစည်းတို့ရဲ့ ရှင်သန်ရေးနည်းဗျူဟာတွေကိုတော့ ငါက အသိအမှတ်ပြုပြီး ထောက်ခံပါတယ်”

ရှင်းဂျီက တည်ငြိမ်စွာ ပြောသည်။

“ဒါပေမဲ့ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းတာကတော့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ပြစ်မှုပဲ။ ပြီးတော့ သူတို့က ငါတို့ရဲ့ တိတ်ဆိတ်မြို့တော်ကို ပစ်မှတ်ထားလာမှတော့ မြို့ကြီးမပျက်စီးခင်မှာ ငါတို့က အစွယ်တွေကို ထုတ်ပြသင့်တာပေါ့ မဟုတ်ဘူးလား”

လင်းရှန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

“မှန်ပါတယ်။ သူတို့က သူတို့ရှင်သန်ဖို့အတွက် ကမ္ဘာကြီးရဲ့ အနာဂတ်ကို ပေါင်နှံထားကြတာဆိုတော့ ကျုပ်တို့လည်း သူတို့အပေါ် ယဉ်ကျေးနေဖို့ မလိုပါဘူး”

ထို့နောက် သူသည် သူ့ဘေးတွင် ပိတ်ချထားသော ဂရေ့စ်ကို ပုတ်လိုက်ပြီး သူမ၏ ရင်ဘတ်နှင့် ခါးအချိုးဆစ်လေးများပေါ်တွင် လက်ဖြင့် ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ ဂရေ့စ်ကိုတောင် လုယူသွားခါနီးပဲ… တကယ်ကို ဒေါသထွက်ဖို့ ကောင်းတယ်”

Chapter 751

ယန္တရားဖန်တီးမှု ၄

ရှင်းဂျီက လင်းရှန်၏ အပြုအမူကို ကြည့်ပြီး ပြောလာသည်။

“ငါ့ရဲ့ မြို့တော် ၂ မှာ အကူအညီပေးတဲ့ စက်ရုပ်ပေါင်း သုံးထောင်ကျော် ရှိပါတယ်။ မတူညီတဲ့ ပုံစံ၊ အသားအရောင်၊ စရိုက်နဲ့ မိတ်ကပ်တွေပါတဲ့ အမျိုးအစားပေါင်းနှစ်ရာကျော် ရှိတယ်။ မင်းမှာ ထူးထူးခြားခြားဝါသနာရှိရင် ငါက မင်းကို တစ်ရုပ်လောက် လက်ဆောင်ပေးမယ်လေ၊၊ ဒါပေမဲ့ ဒီ ဉာဏ်ရည်တု Ai ဦးနှောက်ကိုတော့ သူ့ရဲ့ မူလတာဝန်အတိုင်းပဲ လုပ်ဆောင်ခိုင်းလိုက်ပါ”

လင်းရှန် ပွတ်သပ်နေသည့် လက်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ သူ မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း

ရှူလိုက်ကာ ပြန်ပြောလိုက်သည်၊၊

“ကျုပ်က ခံစားချက်တွေ ဖြစ်ပေါ်လာလို့ ဒီတိုင်းပြောလိုက်တာပါ”

ရှင်းဂျီက လင်းရှန်ကို စိတ်ဝင်တစားကြည့်ကာ မေးလိုက်သည်။

“လင်း။ အခု တိတ်ဆိတ်မြို့တော်က ရန်သူ့တိုက်ခိုက်မှုဒဏ်ကို အချိန်မရွေးခံရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ ငါကတော့ ပထမခြေလှမ်းကို စတင်လိုက်ပြီ။ အခု မင်းအလှည့်ပဲ”

လင်းရှန်က အံ့သြဟန်ဖြင့် မေးလိုက်သည်။

“ကျုပ်တို့က… တစ်ဖက်တည်းမှာ မဟုတ်ဘူးလား”

“ခြေလှမ်း နှစ်လှမ်းကို တစ်ပြိုင်တည်း လှမ်းတာက ဘာပြဿနာရှိလို့လဲ”

လင်းရှန် “...”

လင်းရှန်သည် ရှင်းဂျီဘက်လှည့်ကာ လက်မထောင်ပြလိုက်သည်။ ထို့နောက် သူ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်၊၊

“ကောင်းပြီလေ။ ဒါဆို ဒုတိယခြေလှမ်းကတော့… တိတ်ဆိတ်မြို့တော်… ပျံတက်မယ်”

…

နံနက် ၁ နာရီ ၃၀ မိနစ်တွင် ညလေညင်းများ တဟူးဟူးတိုက်ခတ်နေပြီး ကြယ်စုံသော ကောင်းကင်ကြီးမှာ မှင်ရည်အလား မှောင်မိုက်နေသည်။

ချန်ဆီရွှမ်သည် အနန္တရထားနှင့် ပေါင်းစည်းယာဉ်တန်း တိုက်ခိုက်ရေးသမားအားလုံးကို ဦးဆောင်ကာ တိုက်ပွဲဝင်ရန် ကုန်းပတ်ပေါ်တွင် စုရုံးနေကြပြီး တိတ်ဆိတ်မြို့တော်တစ်ခုလုံးသည် သတိဝီရိယ အပြည့်ဖြင့် ရှိနေသည်။ ထိုအချိန်တွင် ပြင်းထန်သော တုန်ခါသံကြီးတစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

ဝေါ။

ဤဧရာမ မိုးပျံယန္တရားမြို့တော်ကြီး၏ အောက်ခြေတွင် တွန်းကန်အားဂျက်စနစ်ပေါင်း ထောင်နှင့်ချီ၍ တစ်ပြိုင်တည်း လင်းထိန်လာသည်။ ပျားအုံပုံစံ နိုဇယ်ပေါက်များမှ အပြာရောင်သန်းနေသည့် အိုင်ယွန်စီးကြောင်းများ ပန်းထွက်လာပြီး လေထုထဲတွင် ဧရာမ အဝိုင်းပုံ မီးလောင်ရာများကို ချန်ရစ်ခဲ့သည်။ အပူစွန့်ထုတ်သည့် ဆူးတောင်များမှာ အလွှာလိုက် အပေါ်သို့ လှန်တက်လာပြီး မြို့တော်ကြီး၏ ဧရာမကြယ်တာယာတွန်းကန်စက် လေးလုံးသည် စတင်၍ မြည်ဟည်းလာလေသည်။

“လူတိုင်း သတိပြုပါ။ ပျံတက်ဖို့အတွက် နောက်ပြန် ရေတွက်ခြင်း စတင်နေပါပြီ”

“ယာဉ်ရပ်နားစခန်း အားလုံးရှိ ယာဉ်များကို စစ်ဆေးပြီး သေချာချည်နှောင်ထားကြပါ”

“သတိပြုရန်။ ပျံသန်းရေး ကုန်းပတ်ကို လေကြောင်းထိန်းချုပ်ရေးအခြေအနေသို့ ပြောင်းလဲတော့မည် ဖြစ်သဖြင့် လူသားအားလုံး မြို့တွင်းနှင့် အခန်းများသို့ ပြန်ဝင်ကြပါ”

စက်ရုပ်အမျိုးသမီးအသံသည် လမ်းမတိုင်းနှင့် ကုန်းပတ်တိုင်းတွင် ပဲ့တင်ထပ်သွားသည်။ စောင့်ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများနှင့် တိတ်ဆိတ်မြို့တော်သားအားလုံးသည် မှင်တက်သွားကြပြီး မရေမတွက်နိုင်သောလူများက အပေါ်သို့ မော့ကြည့်ကာ အံ့သြတုန်လှုပ်စွာ အော်ဟစ်နေကြသည်။

“ပျံတက်တော့မှာလား”

“ဘာတွေ ဖြစ်ကုန်တာလဲ”

“တိတ်ဆိတ်မြို့တော်ကြီး ပျံတက်တော့မယ်”

ဝူး ဝူး ဝူး။

ကုန်းပတ်၏ ဘေးနှစ်ဖက်မှ လျှပ်စစ်သံလိုက်အမြောက်ဒါဇင်ပေါင်းများစွာနှင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ စတင်ထွက်ပေါ်လာသည်။ တိမ်စီရင်စု၏ လျှောက်လမ်းများ ပိတ်ကျသွားသည်။ မြေပြင်တွင် ဧရာမ သံလမ်းဘီးကြီးများမှာ စတင်ရုန်းကြွလာပြီး ပြင်းထန်သော မြောက်တက်အားနှင့်အတူ တန်ချိန် ၁.၃၁ သန်းရှိသော ဤဧရာမသတ္တဝါကြီးသည် မြေငလျင်များပြင်းထန်စွာ လှုပ်ခတ်စေလျက် သတ္တုသံများ ဟိန်းထွက်ကာ သံလမ်းတွင် ကပ်နေသော မြေကြီးနှင့် ကျောက်ခဲများသည် အောက်သို့ မိုးရွာသလို ကျဆင်းလာသည်။

မှောင်ပိန်းနေသော ညအမှောင်ထဲတွင် ဤဧရာမမြို့တော်ကြီးသည်ဖြည်းညင်းစွာ အထက်သို့ ပျံတက်သွားလေသည်။

…

အာရုဏ်ဦးမြို့တော်၏ စင်္ကြံလမ်းတစ်လျှောက် အလောတကြီး ခြေသံများ ဟိန်းထွက်လာသည်။ အလင်းတမန်တော်ဝန်ကြီး လော့မင်သည် ဖက်ဒရေးရှင်းဥက္ကဋ္ဌရုံးခန်းသို့ အမြန်ရောက်ရှိလာပြီး တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ရာ အတွင်း၌ အစည်းအဝေးငယ်တစ်ခု ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။

ချူကျောက်နန်သည် အစည်းအဝေးစားပွဲ၏ ထိပ်ဆုံးတွင် ထိုင်ကာ လွှတ်တော်အမတ်ကြီးအချို့နှင့်အတူ ‘မိုးကုတ်စက်ဝန်းအလွန်ကြယ်စင်ခရီးစဥ်’ အခြေအနေများကို ဆွေးနွေးနေခြင်းဖြစ်သည်။ လော့မင် အပြေးအလွှားဝင်လာသည်ကို မြင်သောအခါ သူ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

“ဘာဖြစ်တာလဲ”

“တစ်ခုခုတော့ မှားနေပြီ”

လော့မင်က လက်ယမ်းလိုက်ရာ တိုက်ပွဲဝင်စနစ်မြင်ကွင်းပေါ်ရှိ အကြောင်းအရာများမှာ ဗီဒီယိုဖိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဗီဒီယိုသည် ဥက္ကဋ္ဌချူကျောက်နန်နှင့် မြေအောက်မြို့တော်ကော်မတီ အကြီးအကဲရှုယန်အပါအဝင် တက်ရောက်လာသူအားလုံး၏ အာရုံကို ဖမ်းစားသွားသည်။ ၎င်းမှာ တိတ်ဆိတ်မြို့တော်တွင် ဒုဥက္ကဋ္ဌ ကျိုးမင်ယွမ်ကို ကြိုဆိုနေသည့် ဗီဒီယိုဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

“ဒုဥက္ကဋ္ဌကျိုးလား”

ရှုယန်က နားမလည်နိုင်စွာ မေးလိုက်သည်။

“ဒါ မနေ့ကကိစ္စဟမဟုတ်ဘူးလား၊ ဘာလို့ အခုမှ ဗီဒီယို ထွက်လာတာလဲ”

လော့မင်၏ မျက်နှာပျက်ယွင်းသွားပြီး လေးနက်စွာ ပြန်ဖြေသည်။

“ဒါက တိတ်ဆိတ်မြို့တော်ထဲကနေ လာတာပဲ၊၊ ကျင်းဟိုင်ကနေ အာရုဏ်ဦးမြို့တော်ဆီကို စွမ်းအားမြင့်လေကြောင်းသတင်းပို့စနစ်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်လိုက်တာပဲ၊၊၊ အခု ဒီဗီဒီယိုက အသက်ရှင်ကျန်ရစ်သူတွေကြားထဲမှာ ပျံ့နှံ့နေပြီ”

“ဘာပြဿနာရှိလို့လဲ”

အသက် ၄၂ နှစ်အရွယ် ဝေးကွာသော ကြယ်စင်စီမံကိန်းဝန်ကြီး စုကျင်းက စိုးရိမ်တကြီး မေးသည်။

“ကြည့်လိုက်ရင် နားလည်သွားမှာပါ”

လော့မင်က ပြန်ပြောလိုက်သည်။

လော့မင်သည် ဗီဒီယိုကို ရှေ့ကိုကျော်လိုက်ရာ ကျိုးမင်ယွမ်၊ ရှင်းဂျီ၊ ဝမ်တုံနှင့် လင်းရှန်တို့အကြား ပြောဆိုဆက်သွယ်မှုများကို ပြသနေသည်။ ဟိုလိုဂရပ်ဖစ်ဗီဒီယိုပြသနေသော အခန်းထဲရှိ လေထုမှာ ချက်ချင်းပင် အေးစက်သွားပြီး အဆင့်မြင့်ခေါင်းဆောင်များ၏ မျက်နှာများသည် မည်းမှောင်လာသည်။ ထိပ်ဆုံးတွင် ထိုင်နေသော ချူကျောက်နန်သည် လက်ထဲမှ ဟိုလိုဂရပ်ဖစ် ထိန်းချုပ်စက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ရာ သတ္တုသံပင် ထွက်ပေါ်လာသည်။

ကျိုးမင်ယွမ်၏ မောက်မာသော ရယ်သံထွက်ပေါ်လာချိန်တွင် ရှုယန်က လော့မင်ကို ဗီဒီယိုရပ်ရန် အမြန်အချက်ပြလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် လှည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ဒီဗီဒီယိုက အတုပဲ”

“တစ်ပိုင်းက အစစ်၊၊ တစ်ပိုင်းက အတုပါ”

လော့မင်က ချက်ချင်း ရှင်းပြသည်။

“နည်းပညာဌာနက စစ်ဆေးပြီးပြီ၊၊ ထပ်မပျံ့အောင် မြို့လုံးကျွတ် ကွန်ရက်ကို ဖြတ်တောက်ဖို့ စီစဉ်ထားတယ်”

“ဒါဆို ရှင်းလင်းချက်တွေကို မြန်မြန်ထုတ်ပြန်လိုက်တော့”

စုကျင်းက စိုးရိမ်တကြီး အော်ပြောသည်။

“ကွန်ရက်မပိတ်ခင်မှာ ရှင်းလင်းချက်တွေကို တစ်ပြိုင်နက် လွှင့်ခဲ့ပေမဲ့ အချိန်မမီတော့ဘူး၊၊ ခရိုင်းဟောင်းထဲမှာ ဆူပူမှုတွေဖြစ်နေပြီ”

လော့မင်က အစီရင်ခံသည်။

“အခု လူဦးရေထိန်းချုပ်ရေး၊ မြို့တော်ကာကွယ်ရေးတပ်တွေ ညကင်းလှည့်အဖွဲ့တွေအားလုံး အသင့်ပြင်ထားပေမဲ့ အခြေအနေက နည်းနည်းထိန်းမရဖြစ်နေတယ်”

“ဒုဥက္ကဋ္ဌကျိုး ဘယ်မှာလဲ”

ရှုယန်က ချူကျောက်နန်ကို ကြည့်ကာ မေးလိုက်သည်။

“သူ အခုချက်ချင်း လူလုံးထွက်ပြပြီး ရှင်းပြမှ ရမယ်၊၊ အရင်ဆုံး မငြိမ်မသက်ဖြစ်နေတာကို ဖြေရှင်းရမယ်”

ချူကျောက်နန်သည် ရုပ်သေဖြစ်နေသော ကျိုးမင်ယွမ်၏ ရယ်နေသည့်ပုံကို စိုက်ကြည့်ရင်း အသံနက်ကြီးဖြင့် ပြောလိုက်သည်။

“လော့မင်… ကျိုးမင်ယွမ်က တိတ်ဆိတ်မြို့တော်ကို သိမ်းယူဖို့ ကြံစည်နေတာလား”

“ဟုတ်ပါတယ်၊၊ သူတို့က အနီရောင်ကမ္ဘာကို သုံးပြီး တိတ်ဆိတ်မြို့တော်ကို ဒုက္ခပေးဖို့ ရည်ရွယ်ထားတာပါ”

“အခုတော့ ရှင်းဂျီရဲ့ ပြန်လည်တိုက်စစ်ဆင်တာကို ခံလိုက်ရပြီပေါ့ ဟုတ်လား”

ချူကျောက်နန်က မေးသည်။

ရှုယန် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။

“တိတ်ဆိတ်မြို့တော်ဘက်မှာရော ဘာထူးသေးလဲ၊၊ ကင်းစခန်းတွေကနေ သတင်းရလား”

“ဒါ ကျွန်တောါပြောချင်တဲ့ အချက်ပဲ”

လော့မင်က လေးနက်စွာ ပြောသည်။

“လွန်ခဲ့တဲ့ ငါးမိနစ်က သတင်းရတာကတော့ တိတ်ဆိတ်မြို့တော်က ရုတ်တရက် ပျံသန်းစနစ်ကို အသက်သွင်းလိုက်ပြီး အခုကျင်းဟိုင်ဆီကို အရှိန်အဟုန်နဲ့ ဦးတည်နေတယ်”

“ကျင်းဟိုင် ဟုတ်လား”

“ဘာတွေဖြစ်ကုန်တာလဲ၊၊ ကျင်းဟိုင်ကို အငိုက်ဖမ်းတိုက်မှာလား”

“လုထျန်းယဲ့က ဘယ်မှာလဲ”

“ဗိုလ်ချုပ်လုရဲ့ ကျင်းဟိုင်ကာကွယ်ရေးတပ်ဖွဲ့က အင်အားအများစုဟာ ချီလျန်တောင်မှာ ပိတ်မိနေတဲ့ ယာဉ်တန်းတွေကို ကူညီဖို့ ရောက်နေကြတယ်”

“ဥက္ကဋ္ဌကြီး၊၊ အခြေအနေမကောင်းတော့ဘူး”

All Chapters