နတ်ဘုရားမြို့တော်ဝန် - လိုလီချုံး
Vol. 4 Ch. 53
ရှေးဟောင်းနတ်ဘုရားမြို့တော်...
ဖန်ဆင်းရှင်ခေတ်ဦးကတည်းက စတင်၍ တည်ရှိခဲ့ပြီး မြို့ရိုးများမှာ ပေပေါင်းတစ်သောင်းကျော် မြင့်မားကာ အထက်ကောင်းကင်ဘုံနှင့် အောက်ငရဲဘုံကို ဆက်သွယ်ထားသယောင် ရှိသည်။ မြို့တော်ကြီးမှာ လျို့ဝှက် ဆန်းကြယ်ပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေကာ ချဉ်းကပ်လာသူတိုင်းကို ရှေးဟောင်းပြီး ဝါရင့်လှသော လေထုက ဆီးကြိုနေလေသည်။
မြို့တော်တံခါးဝတွင် မရေတွက်နိုင်သော လူသားမဟုတ်သည့် မျိုးနွယ်စုများ ဝင်ထွက်သွားလာနေကြသည်။ တိရစ္ဆာန်ခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော တိရစ္ဆာန်တစ်ပိုင်းမျိုးနွယ်၊ မြင့်မြတ်ဝိညာဉ်မျိုးနွယ်၊ ကျောတွင် အတောင်ပံ ခြောက်ခုပါသော တမန်တော်မျိုးနွယ်နှင့် လှပသော နတ်သူငယ်မျိုးနွယ်များ...
အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်လုံးကို ပိုးသားအနက်စဖြင့် စည်းထားသော လူငယ်တစ်ဦးက မြို့တံခါးဝရှိ မျက်မမြင်တုတ်ကို အမှီပြုကာ မြို့စောင့်စစ်သည်နှင့် နူးညံ့စွာ ပြုံးရယ်လျက် စကားပြောနေသည်။
“ငါက လူသားမျိုးနွယ် ဖြစ်ပေမဲ့ ဒီနယ်မြေမှာတော့ သူစိမ်းတစ်ယောက်ပါပဲ။ ငါတို့အားလုံးက ဒုက္ခသည်တွေပဲ ဆိုတော့ မြို့ထဲ ပေးဝင်ပါလား...”
ထိုသူမှာ တခြားသူမဟုတ်၊ မုန့်ချင်ကျိုးပင် ဖြစ်သည်။ ကြယ်နက်ပေါက်ကွဲသွားချိန်တွင် သူက အချိန်နှင့် နေရာလွတ်မြစ်ထဲသို့ ခုန်ဝင်ခဲ့ရာမှ မတော်တဆ ရှေးဟောင်းနတ်ဘုရားမြို့တော် အနီးသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်...
တောရိုင်းထဲတွင် နှစ်ရက်တိုင်တိုင် လှည့်လည်သွားလာရင်း ငှက်သံလေးများ နားထောင်၊ ပန်းရနံ့လေးများ ရှူရှိုက်နေရင်းမှ နောက်ဆုံးတွင် မြို့တံခါးဝသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
စစချင်းမှာတော့ သူ ဘယ်ရောက်နေမှန်း မသိဘဲ ဝေခွဲမရဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်း ကြည့်ပြီးနောက်မှ ရှေးဟောင်းနတ်ဘုရားမြို့တော် ဖြစ်ကြောင်း သိလိုက်ရသည်။
ရှေးဟောင်းသားရဲကြီး ချုံးရဲ့ အသိုက်အမြုံပေါ့...
ဝတ္ထုရဲ့ နောက်ပိုင်း အခန်းတွေမှာ ဒီရှေးဟောင်းနတ်ဘုရားမြို့တော်ဟာ တကယ့်ကို တောက်ပလာမှာပါ။ စဉ်းစားကြည့်။ မြို့တော်ကြီးက ကိုယ်ပိုင်အသိစိတ်ရှိပြီး အရေးကြုံလာရင် နံနက်ခင်းအလင်းနယ်ပယ်ထက် ကျော်လွန်တဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်စွမ်းရှိတယ်လေ။ ဒါတင်မကသေးဘူး၊ နံနက်ခင်းအလင်းနယ်ပယ် အဆင့်နှောင်းပိုင်းမှာရှိတဲ့ ရှေးဟောင်းသားရဲကြီးချုံးလည်း ရှိသေးတယ်။ ဒီမြို့တော်သာ လောကထဲ ထွက်လာရင် တကယ့်ကို ဟိုးလေးတကျော် ဖြစ်သွားမှာပဲ။
ဝတ္ထုဇာတ်လမ်းအရတော့ စွမ်းအားရှင် ဇာတ်လိုက် ကျော်ကော်ဟာ ရှုဘုရင်ကို မဟာကျင်းထီးနန်း သိမ်းပိုက် နိုင်အောင် ကူညီပေးပြီး အိမ်ရှေ့စံ ဖြစ်လာတဲ့အခါ တိုင်းပြည်ကို လှည့်လည်ရင်း ဒီရှေးဟောင်း နတ်ဘုရားမြို့တော်ကို ရှာတွေ့သွားတာ။ ဇာတ်လိုက်ရဲ့ အစွမ်းနဲ့ သူက မြို့တော်နဲ့ မဟာမိတ်ဖွဲ့ပြီး အပြန်အလှန် ကူညီသူတွေ ဖြစ်လာခဲ့ကြတယ်။
ဒါပေမဲ့ မြို့နေလူထုရဲ့ အများစုဟာ လူသားတွေရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ မျိုးနွယ်စုတွေ ဖြစ်တာကြောင့် လူသားတွေကို အလွန်မုန်းတီးကြပြီး ဒီမြင့်မြတ်နဲ့နယ်မြေထဲကို ခြေချခွင့် မပေးကြဘူး။
မြို့စောင့်စစ်သည်က အတောင်ပံခြောက်ခုပါသော တမန်တော်မလေးတစ်ဦးဖြစ်ပြီး ပြည့်စုံလှပသော ကိုယ်လုံး ကိုယ်ပေါက်နှင့် ချိုသာသော အသံပိုင်ရှင်ဖြစ်သည်။ ထိုတမန်တော်မလေးက အပြာရောင်ဝတ်ရုံနှင့် လူငယ်ကို သံသယဖြင့် စိုက်ကြည့်ကာ ခပ်စူးစူး ပြောလိုက်သည်။
“မရဘူး။ ရှင်တို့ လူသားအောက်တန်းစားတွေက လိမ်လည်လှည့်ဖြားတာပဲ ဝါသနာပါတာ။ ကျွန်မကို လာပြီးတော့ ညာလို့ရမယ် မထင်နဲ့...”
“လွန်ခဲ့တဲ့ နှစ်ရက်ကပဲ လူသားကျင့်ကြံသူ နှစ်ယောက်က ဒီအကြောင်းပြချက်နဲ့ပဲ ခိုးဝင်ခဲ့ကြသေးတယ်။ ရှင်တို့ လူသားတွေက ဒီအကြောင်းပြချက်အဟောင်းကိုပဲ ထပ်သုံးနေတာ ကျွန်မရဲ့ ဉာဏ်ရည်ကို စော်ကားနေတာပဲ...”
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်၏။
လွန်ခဲ့တဲ့ နှစ်ရက်က လူသားကျင့်ကြံသူ နှစ်ယောက် ဒီမြို့ထဲကို ငါ့လိုပဲ အကြောင်းပြပြီး ဝင်သွားကြတယ်ပေါ့။
သို့သော် မုန့်ချင်ကျိုးမှာ မြို့ထဲဝင်ရန် အတင်းအကျပ် မကြိုးစားပေ။ သူက ဤနေရာလေးမှာ အေးချမ်းသည်ဟု ခံစားရသဖြင့် ပုန်းအောင်းရန် ကောင်းသော နေရာတစ်ခုဟုသာ သတ်မှတ်ထားခြင်းဖြစ်သည်။
“တကယ်ပဲ ညှိနှိုင်းလို့ မရတော့ဘူးလား...” မုန့်ချင်ကျိုးက နောက်ဆုံးအကြိမ်အဖြစ် မေးလိုက်သည်။
တကယ်လို့ မရဘူးဆိုရင်လည်း ငါ မဟာကျင်းကို ပြန်သွားမယ်။ ဧကရီနဲ့ ကတိအတိုင်း နှစ်နှစ်၊ သုံးနှစ်လောက် အမှုထမ်းမယ်။ ပြီးရင်တော့ တုန်းဖန်လျူလီနဲ့အတူ လောကအနှံ့ လှည့်လည်သွားတော့မယ်။
အတောင်ပံခြောက်ခုပါ တမန်တော်မလေးက ငြင်းဆန်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရ သွားပြီး ပြောလိုက်သည်။
“အခုတလော မြို့ထဲမှာ ကပ်ရောဂါတစ်ခု ပျံ့နှံ့နေပြီး လူတစ်ဝက်ကျော် ကူးစက်ခံထားရတယ်။ တကယ်လို့ ရှင့်မှာ ဆေးပညာကျွမ်းကျင်မှု ရှိတယ်ဆိုရင် သမားတော်အဖြစ် မြို့ထဲမှာ နေလို့ရတယ်။ အခကြေးငွေကိုလည်း နန်းတွင်းသမားတော်နှုန်းအတိုင်း ပေးမယ်။”
၎င်းကို ကြားသော် မုန့်ချင်ကျိုး တစ်ခုခုကို သတိရသွားသည်။
ရှေးဟောင်းနတ်ဘုရားမြို့တော် ကပ်ရောဂါ ဆိုတာ အရေးကြီးတဲ့ ဇာတ်ကွက်တစ်ခုနဲ့ ဆက်စပ်နေတယ်။
ရှေးဟောင်းသားရဲချုံး ဆိုတာက နတ်ဘုရားအဖြစ် မွေးဖွားလာသူဖြစ်ပြီး သက်တမ်းရှည်သလောက် ကျင့်စဉ် တိုးတက်မှုက လူသားတွေနဲ့ ယှဉ်ရင် အရမ်းနှေးတယ်။ ဒါကြောင့် နှစ်တစ်ရာပြည့်တိုင်း နတ်ဘုရားကပ်ဘေး တစ်ခုကို ရင်ဆိုင်ရလေ့ရှိတယ်။ အောင်မြင်ရင် ဆက်ရှင်သန်မယ်။ ကျရှုံးရင်တော့ သေရမှာပဲ။
အခု မြို့ထဲမှာ ဖြစ်နေတဲ့ ကပ်ရောဂါဆိုတာ တကယ်တော့ ချုံးက ကပ်ဘေး ကျော်ဖြတ်နေရင်းနဲ့ ညစ်ညမ်းမှုတွေ မတော်တဆ ယိုစိမ့်ထွက်လာပြီး မြို့သူမြို့သားတွေကို ကူးစက်သွားတာပဲ။
“ဆေးပညာ အနည်းအကျဉ်း သိပါတယ်။ စမ်းကြည့်ပေးလို့ရတယ်...” မုန့်ချင်ကျိုးက ပြုံးလျက် ပြောလိုက်သည်။
ဒါ တိုက်ဆိုင်မှုပဲလား။ ရှေးဟောင်းသားရဲတစ်ကောင်ကို ငါ ထိတွေ့ကြည့်ချင်နေတာ။ အခုတော့ အခွင့်အရေး ရလာပြီ။
စာအုပ်ထဲမှ ရှေးဟောင်းသားရဲချုံး၏ ဖော်ပြချက်ကို သူ မှတ်မိနေသေးသည်။
[ ချုံးသည် နှစ်တစ်ထောင် ကြာပြီးနောက် လူအဖြစ် အသွင်ပြောင်းခဲ့ရာ နူးညံ့သိမ်မွေ့သော လိုလီ မလေးတစ်ဦး ဖြစ်လာသည်။ ပိုးသားဖြူနှင့် စကတ်အနက်ကို ဝတ်ဆင်ကာ မောက်မာသော ဝမ်းတွင်းမည်းစရိုက် ရှိသည်။ အမွှေးပွသားရဲနားရွက်တစ်စုံ ရှိပြီး လူတောမတိုးသော စရိုက်ရှိကာ ပေါင်းသင်းရန် ခက်ခဲသော်လည်း တစ်ကြိမ် ခင်မင်သွားလျှင်တော့ ခွေးလေးတစ်ကောင်လို မခွဲနိုင်အောင် ကပ်နေတတ်သည် ]
မူရင်းဇာတ်လမ်းတွင် ညီမလေးချုံးက မည်မျှ မောက်မာသလဲဆိုလျှင် စွမ်းအားရှင် ဇာတ်လိုက်ကြီးကိုပင် အထင်သေးခဲ့သည်။
မုန့်ချင်ကျိုးကတော့ အများကြီး မမျှော်လင့်ပေ။ မဟာမိတ်တစ်ယောက် ရရန်သာ ရည်ရွယ်ထား၏။
ချုံးက လူတောမတိုးဘူး။ ရန်သူလည်း မလိုချင်ဘူး။ ငါသာ မြို့သူမြို့သားတွေကို ကုပေးနိုင်ရင် သူရဲ့ ခင်မင်မှုကို ရမှာ သေချာတယ်။ တကယ်လို့ ဧကရီက ကတိဖျက်ပြီး ငါ့ကို အတင်းအကျပ် ထိန်းသိမ်းထားဖို့ ကြိုးစားရင် ငါ့မှာ နောက်ထပ် အစီအစဉ် ရှိသွားပြီ။ ညီမလေးချုံးကို အကူအညီ လှမ်းတောင်းလို့ ရတာပေါ့။
ထိုသို့တွေးပြီး မုန့်ချင်ကျိုးက တာဝန်ကို ပြတ်ပြတ်သားသား လက်ခံလိုက်သည်။
ထိုသို့ဖြင့် မုန့်ချင်ကျိုးက သမားတော်အနေနဲ့ ရှေးဟောင်းနတ်ဘုရားမြို့တော်ထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။
သို့သော် မဝင်ခင် အတောင်ပံခြောက်ခုပါ တမန်တော်မလေးက လူသားကျင့်ကြံသူများ ပြဿနာမရှာအောင် သူ့နောက်မှထပ်ကြပ်မကွာ လိုက်ပါစောင့်ကြည့်နေခဲ့သည်။
“လူသား၊ ရှင့်ရဲ့ ဆေးပညာကို ကျွန်မ အရင်စစ်ဆေးရမယ်။ ကျွန်မကို လာလိမ်ဖို့ ကြိုးစားရင်တော့ ခေါင်းကို မြေကြီးထဲ မြှုပ်ပစ်မယ်...” တမန်တော်မလေးက ချိုသာသောအသံဖြင့် ခြိမ်းခြောက်လိုက်၏။
“ဘယ်လို စစ်ဆေးချင်လို့လဲ....” မုန့်ချင်ကျိုးက အေးအေးဆေးဆေး မေးလိုက်သည်။
သူက လွန်ခဲ့သော သုံးနှစ်ကတည်းက ဆေးပညာကို အထွတ်အထိပ် ရောက်အောင် လေ့လာထားတာ။ ဆေးပညာ မသိဘဲ လောကအနှံ့ ဘယ်လို လှည့်လည်နိုင်မှာလဲ။
ဒါတင်မကသေးဘူး။ သူ့မှာ အရမ်းကြီး မြင့်မားတဲ့ ဆေးပညာ မလိုပါဘူး။ မြို့ထဲက ကပ်ရောဂါက ရောဂါမှ မဟုတ်တာ၊ နတ်ဘုရားကပ်ဘေးရဲ့ ယိုစိမ့်မှုပဲလေ။
လရောင်ထွန်းလင်းနယ်ပယ်ကို ရောက်ပြီးနောက် မုန့်ချင်ကျိုး၏ အချိန်နှင့် နေရာလွတ် လမ်းစဉ်အပေါ် ထိန်းချုပ်မှုက ပိုနက်ရှိုင်းလာပြီး ကပ်ဘေးယိုစိမ့်မှုများကို ဖယ်ရှားရန် နည်းလမ်း အများကြီး ရှိနေလေပြီ။
“ကျွန်မနောက်ကို လိုက်ခဲ့...” တမန်တော်မလေးက အထင်သေးသလို ပြောလိုက်သည်။
မုန့်ချင်ကျိုးက မျက်စိမမြင်ရသည့်အတွက် သူ၏ အထင်သေးတဲ့ အကြည့်ကို လျစ်လျူရှုပြီး ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ၊ လမ်းပြပါဦး။”
တမန်တော်မလေးက မုန့်ချင်ကျိုးကို လမ်းဘေးမှ ဟောင်းနွမ်းနေသော ဆေးခန်းလေးတစ်ခုဆီ ခေါ်သွားသည်။
ဆေးခန်းလေးမှာ ပင့်ကူအိမ်များနှင့် ဖုန်ထူနေပြီး လေထဲတွင် မှိုနံ့များ နံစော်နေကာ ဆိုင်းဘုတ်မှာလည်း သံချေးတက်နေ၏။
“သန့်ရှင်းရေး ကူလုပ်ပေးပါဦး...” မုန့်ချင်ကျိုးက ပြောလိုက်သည်။
“လူသား၊ ရှင့်မှာ လက်မပါဘူးလား” တမန်တော်မလေးက ပြန်ပက်လိုက်သည်။
မုန့်ချင်ကျိုးက မျက်လုံးတွင် စည်းထားသော အနက်ရောင် ပိုးစကို ညွှန်ပြရင် ဆိုသည်။ “ခွင့်လွှတ်ပါ၊ ငါက မျက်မမြင်ဆိုတော့ ဒီလို ပင်ပန်းတဲ့ အလုပ်တွေ မလုပ်နိုင်လို့ပါ...”
တမန်တော်မလေး အံ့ဩသွားပြီး အနီးကပ် လာကြည့်သည်။ “ဟင်... ဒါက အလှဆင်ထားတာ မဟုတ်ဘူးလား။”
ပြီးတော့ သူက ဇဝေဇဝါဖြင့် ပြောသည်။ “မျက်မမြင်က သမားတော် လုပ်လို့ရလို့လား။ လူသား၊ ရှင် ကျွန်မကို လိမ်နေတာ သေချာတယ်...”
“စိတ်အေးအေးထားပါ၊ ငါက အားကိုးရာမဲ့တဲ့ သမားတော်တစ်ယောက်ပါ။ လူသားတွေကို မုန်းတီးတဲ့သူတွေ ပြည့်နေတဲ့ မြို့ထဲမှာ နေပြီး မင်းတို့ကို လိမ်ဖို့ ကြိုးစားတာက ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ မတူဘူးလား။” မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
တမန်တော်မလေး ခဏစဉ်းစားကြည့်လိုက်သည်။
အဲဒါလည်း ဟုတ်တာပဲ...
ဒါ သူ့နယ်မြေလေ။ တကယ်လို့ မျက်မမြင်လူသားက သူကို လိမ်ရဲရင် သူ့ကို နှိပ်စက်ပြီး လူသားအမျိုးသားတွေနဲ့ ပေါင်းဖက်ရတာ ဝါသနာပါတဲ့ အဲဒီမိန်းမရိုင်းတွေဆီ ပို့ပစ်မှာ။
“ဒီမှာ စောင့်နေ...” တမန်တော်မလေးက ပြောလိုက်ပြီး အတောင်ပံ ခြောက်ခုကို ဖြန့်လိုက်ရာ မြင့်မြတ်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဂါထာရွတ်လိုက်သည်။ “မြင့်မြတ်သောအလင်း၊ အညစ်အကြေးနဲ့ အပုပ်အစပ်တွေကို ဖယ်ရှားပေးပါ...”
ခဏချင်းအတွင်းမှာပင် ဆေးခန်းလေးဟာ အသစ်အတိုင်း ပြောင်လက်သွားတော့သည်။
မုန့်ချင်ကျိုး လေကို ရှူရှိုက်ကြည့်လိုက်ရာ မှိုနံ့များ မရှိတော့ဘဲ လန်းဆန်းသော ရနံ့လေးကို ရလိုက်သည်။
စားပွဲနှင့် ကုလားထိုင်များကို လက်နှင့် ပွတ်ကြည့်တော့လည်း ဖုန်မှုန့်တစ်စမရှိဘဲ ချောမွတ်နေ၏။
“မဆိုးဘူး၊ အခု အဓိက အကြောင်းအရာကို သွားရအောင်...” မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။ “ငါ့ရဲ့ ဆေးပညာကို ဘယ်လို စစ်ဆေးချင်လဲ...”
အတောင်ပံခြောက်ခုပါ တမန်တော်မလေးက သူ၏ ရင်အုပ်ကို မောက်ကာ ပြောလိုက်သည်။ “လွယ်ပါတယ်၊ ကျွန်မကိုယ်တိုင်လည်း ကပ်ရောဂါ ကူးစက်ခံထားရတာ။ ကျွန်မကို ကုပေးနိုင်ရင် ရှင့်မှာ စွမ်းရည်ရှိတယ်ဆိုတာ သက်သေပြနိုင်မှာပဲ...”
မုန့်ချင်ကျိုး အသာအယာ ခေါင်းညိတ်လိုက်သည်။
လွယ်ပါတယ်။ ဒီမိန်းကလေးက ကျင့်စဉ်အဆင့်လည်း မဆိုးဘူး၊ တောင်ရွှေ့နယ်ပယ် အစောပိုင်းမှာ ရှိနေတာ ဆိုတော့ သာမန်မြို့စောင့် မဟုတ်နိုင်ဘူး။
တမန်တော်သက်တော်စောင့်တပ်ဖွဲ့က အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်ခြေ များတယ်။ သူတို့က ညီမလေး ချုံးရဲ့ လက်အောက်က အမျိုးသမီးစစ်တပ်ပေါ့။
ညီမလေ ချုံး ကပ်ဘေးကြုံရတဲ့အခါ ပထမဆုံး ကူးစက်ခံရတာက ဒီသက်တော်စောင့်တပ်ဖွဲ့ပဲ။
“လက်ပေးပါ...” မုန့်ချင်ကျိုးက ပြောသည်။
တမန်တော်မလေးက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် သူ့ကို အထင်သေးသလို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သူ၏ ဖြူဖွေးနူးညံ့သော လက်ကောက်ဝတ်ကို ကမ်းပေးလိုက်သည်။
မုန့်ချင်ကျိုးက လက်ကောက်ဝတ်ကို လက်ချောင်း သုံးချောင်းနဲ့ ဖိလိုက်ပြီး အချိန်နှင့်နေရာလွတ် ဓားအသိ အစအနတစ်ခုကို သူ့ကိုယ်ထဲ ပို့ပြီး တစ်လက်မချင်း စစ်ဆေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် တမန်တော်မလေးက တစ်ကိုယ်လုံးကို အမျိုးသားတစ်ယောက်၏ ကြမ်းတမ်းသော လက်များနှင့် ပွတ်သပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ၏ နူးညံ့သော ကိုယ်လုံးလေး တုန်ခါသွားကာ အသားအရေပေါ် ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။
“အား... လူ...လူသား၊ ရှင် ဘာလုပ်နေတာလဲ...” တမန်တော်မလေးက ရှက်ကိုးရှက်ကန်းနှင့် သူ့လက်ကို ချက်ချင်း ပြန်ဆွဲလိုက်သည်။
ထို့နောက် ခါးမှ တမန်တော်ဓားကို ဆွဲထုတ်ပြီး ရက်စက်စွာ ပြောလိုက်သည်။
“သိသားပဲ၊ ရှင်က စိတ်ပုပ်တဲ့ ညစ်ပတ်တဲ့ လူရှုပ်ပဲ၊ ကျွန်မကို နှာဘူးထနေတာမလား။ ရှင့်ရဲ့ ခေါင်းကို မစင်ကျင်းထဲ မြှုပ်ပစ်မယ်...”
မုန့်ချင်ကျိုးက သူကို ဂရုမစိုက်ဘဲ အေးဆေးစွာ ပြောလိုက်သည်။
“ရောဂါအကြောင်းရင်းကို တွေ့ပြီ။ အခု ဘောင်းဘီချွတ်လိုက်၊ ဆေးထိုးပေးဖို့ လိုတယ်...”
သူ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တမန်တော်မလေး လက်ထဲမှ ဓားက မြေပြင်ပေါ် ဝုန်းခနဲ ကျသွားပြီး ကြောင်အအနဲ့ ရပ်နေတော့သည်။
ဘောင်းဘီချွတ်ရမယ် ဟုတ်လား...
“မြို့စား ပြောတာ မှန်တယ်၊ လူသားတွေက အောက်တန်းစားတွေပဲ... ရှင့်ရဲ့ခေါင်းကို ဝံပုလွေမျိုးနွယ်တွေရဲ့ ဖင်ထဲ ထိုးထည့်ပစ်မယ်...”
မုန့်ချင်ကျိုးက လက်မှိုင်ချရင်း ပြောသည်။
“မင်းရဲ့ ရောဂါက ရှုပ်ထွေးတယ်။ ရောဂါပိုးက ပုခုံးကနေ တင်ပါးအထိ ပျံ့နေပြီ။ ဒါကို အမြစ်ပြတ် ဖယ်ရှားဖို့ဆိုရင် ဆေးထိုးတာ ဒါမှမဟုတ် ဓားကို သုံးတာ တစ်ခုခု လုပ်ရမယ်...”
“ပြီးတော့ ငါက မျက်မမြင်ပါ၊ ဘာမှ မမြင်ရဘူး။ ငါ့ကို နှာဘူးလို့ ခေါ်တာကတော့ နည်းနည်း လွန်သွားပြီ...”
တမန်တော်မလေး မျက်နှာက ဒေါသနှင့် ရှက်စိတ်ကြောင့် နီလိုက်၊ ပြာလိုက် ဖြစ်နေသည်။ အကြာကြီး တွေဝေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ဆဲလိုက်သည်။ “လူယုတ်မာ...”
တမန်တော်မလေးက တုန်တုန်ရင်ရင်နှင့် ခါးပတ်ကို ကိုင်ပြီး ဘောင်းဘီကို ဖြည်းဖြည်းချင်း လျှောချနေစဉ်...
မုန့်ချင်ကျိုးက လက်ကို မြှောက်လိုက်ပြီး ပြောသည်။ “ထားလိုက်ပါတော့၊ ဓားပဲ သုံးလိုက်မယ်၊ ဒါက ပိုမြန်ပြီး ပိုလွယ်တယ်...”
ထိုသို့ ပြောလိုက်ပြီး မုန့်ချင်ကျိုးးက သူ့လက်ချောင်းထိပ်တွင် အချိန်နဲ့ နေရာလွတ် ဓားအသိကို စုစည်းကာ တမန်တော်မလေး၏ကိုယ်ထဲ ပစ်သွင်းလိုက်ပြီး နတ်ဘုရားကပ်ဘေးရဲ့ ညစ်ညမ်းမှုများကို တခြားနေရာလွတ် တစ်ခုဆီ လွှဲပြောင်းပေးလိုက်သည်။
ဓားအသိက သွေးကြောတွေတစ်လျှောက် ညစ်ညမ်းမှုတွေကို လိုက်လံချေမှုန်းရင်း တင်ပါးအထိ ဆင်းသွား၏။
တမန်တော်မလေးခမျာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကိုယ်လုံးလေး တုန်ခါသွားကာ ခြေထောက်နှစ်ဖက်ကို မသိစိတ်က အတင်းစိလိုက်မိသည်။
“လူ...လူယုတ်မာ၊ သေထိုက်တဲ့ကောင်...” တမန်တော်မလေး၏ ရွှေရောင်မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာပြီး ရှက်နေရှာသည်။
“ငါ့ကို ဆဲဖို့ မလောပါနဲ့ဦး။ သေချာ ခံစားကြည့်ပါဦး၊ အရင်က နှိပ်စက်နေတဲ့ နာကျင်မှုတွေ ပျောက်သွားသလိုမျိုး ပေါ့ပါးသွားတယ် မဟုတ်လား...” မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။
၎င်းကို ကြားသော် တမန်တော်မလေး ကြောင်သွားပြီးမှ ဒေါသတွေ ပျောက်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
“တကယ်ပဲ... အရင်ကဆိုရင် အရိုးထဲမှာ ပိုးကောင်တွေ ကိုက်နေသလိုမျိုး အရမ်းယားယံနေတာ။ တမန်တော် မျိုးနွယ်ရဲ့ စိတ်ဓာတ်ခိုင်မာမှုသာ မရှိရင် ကျွန်မ မတ်တပ်တောင် ရပ်နိုင်မှာ မဟုတ်ဘူး...”
“ရှေးဟောင်းနတ်ဘုရားမြို့တော်ထဲ ခိုးဝင်လာတဲ့ လူသားကျင့်ကြံသူ နှစ်ယောက်ကလည်း အနားမှာ ဆေးခန်း ဖွင့်ထားပြီး ကပ်ရောဂါကို ကုပေးနိုင်တယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ရက်အတော်ကြာတဲ့အထိ ဘာမှ မထူးဘူး။ သမားတော်ကြီး၊ ရှင့်က တကယ် တော်တာပဲ...”
တမန်တော်မလေးက ချက်ချင်းပင် အထင်ကြီးသွားပြီး အတောင်ပံမှ အမွှေးဖြူတစ်ချောင်းကို နှုတ်ကာ မုန့်ချင်ကျိုးထံ လက်နှစ်ဖက်နဲ့ ကမ်းပေးလိုက်သည်။
“ရှင့်ကို ပေးဖို့ တခြား ဘာမှ မရှိလို့ပါ။ ဒါက ကျွန်မ သန့်စင်ထားတဲ့ မြင့်မြတ်တဲ့ အမွှေးလေးပါ၊ မကောင်းဆိုးဝါးတွေနဲ့ အိပ်မက်ဆိုးတွေကို မောင်းထုတ်ပေးနိုင်သလို စိတ်ကိုလည်း ကြည်လင်စေပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ...”
မုန့်ချင်ကျိုးက မငြင်းဘဲ ဝမ်းသာအားရ လက်ခံလိုက်ပြီး သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
တမန်တော်မလေး စိတ်ကြည်လင်သွားသည်။ ရောဂါပျောက်သွား၍ ဝမ်းသာသလို၊ မုန့်ချင်ကျိုးကို မြို့ပြင်သို့ မောင်းမထုတ်မိလိုက်တာကိုလည်း ကျေနပ်နေသည်။ မဟုတ်လျှင် သမားတော်ကောင်း တစ်ယောက်ကို ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
“သမားတော်ကြီး၊ ခုနက သုံးလိုက်တဲ့ အတတ်က ဘာလဲဟင်။ ကျွန်မ တင်ပါးထဲကို ဝုန်းခနဲ ဝင်သွားသလိုပဲ၊ စစချင်းမှာတော့ နေလို့မကောင်းပေမဲ့ ပြီးတော့မှ ဇိမ်ရှိသွားတာ...” တမန်တော်မလေးက သူ၏ အပြစ်ကင်းသော မျက်လုံးကြီးများနှင့် စူးစမ်းမေးမြန်းလိုက်သည်။
မုန့်ချင်ကျိုး နဖူးကို လက်နဲ့ ရိုက်လိုက်ပြီး စိတ်ထဲမှ ရွတ်နေရသည်။ “ကလေးဆိုတော့ ဘာမှ မသိလို့ ပြောတာပါ။”
ဒီတမန်တော်မလေးက အသက်မငယ်တော့ဘဲ အနည်းဆုံး အနှစ်တစ်ရာလောက် ရှိနေပြီ ဆိုပေမဲ့ သူရဲ့ စိတ်ဓာတ်ကတော့ လူသားကလေး (၁၀)နှစ်သားလောက်တောင် မရင့်ကျက်သေးဘူး။
“ဒါက လျို့ဝှက်ချက်ပါ၊ ပြောပြလို့ မရဘူး...” မုန့်ချင်ကျိုးက လက်ကာပြရင်း ငြင်းလိုက်သည်။
အချိန်နှင့်နေရာလွတ် ဓားသူတော်စင် ဆိုတာက လောကမှာ ကျော်ကြားတယ်။ ဒီဓားအသိက ချန်ယွမ် ဓားသူတော်စင်ရဲ့ အမှတ်အသားဖြစ်လို့ လုံးဝ ပေးသိလို့ မရဘူး။
“ဪ... ကောင်းပါပြီ။” တမန်တော်မလေးက စိတ်ပျက်သလို ပြောလိုက်သည်။
မုန့်ချင်ကျိုးက မေးလိုက်သည်။ “ဒါဆို ငါ မြို့ထဲမှာ နေဖို့ အရည်အချင်း ပြည့်မီပြီလား...”
တမန်တော်မလေးက အားတက်သရော ခေါင်းညိတ်ပြသည်။ “ဒါပေါ့၊ ဒါပေါ့၊ ကျွန်မ မြို့စားကို ချက်ချင်း သတင်းပို့လိုက်မယ်။ ပြီးတော့ မြို့သူမြို့သားတွေ သိအောင်လည်း ကြေညာပေးမယ်”
မုန့်ချင်ကျိုး အသာအယာ ပြုံးလိုက်သည်။
ဒါ ဆေးကုသခွင့် လိုင်စင်ရဖို့ အလုပ်ရှုပ်ရတာ မဟုတ်ဘူးလား။
တမန်တော်မလေး ထွက်သွားပြီးနောက် မုန့်ချင်ကျိုးက အိမ်၏ အပြင်အဆင်ကို လေ့လာပြီး ဆေးခန်းကို သန့်ရှင်းရေး လုပ်လိုက်သည်။ သိုလှောင်လက်စွပ်ထဲမှ ပန်းပင်လေးအချို့ကိုလည်း တံခါးဝမှာ ချထားလိုက်သည်။
“ကဲ... ဒီအခွင့်အရေးကို သုံးပြီး ရှေးဟောင်းနတ်ဘုရားမြို့တော်ရဲ့ ဓလေ့တွေကို လေ့လာရင်း ခဏတဖြုတ် နားလိုက်ဦးမယ်...”
ထို့နောက် မုန့်ချင်ကျိုးက အမြဲထိုင်နေကျ အမှီကုလားထိုင်ကို ထုတ်ယူကာ သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။
အင်း...
ဒီခံစားချက်ပဲ။ အကြာကြီး ပျောက်ဆုံးနေတဲ့ တစ်ကိုယ်တည်း ဘဝလေး ပြန်စပြီ။
သို့သော် သူ လှဲလိုက်ရုံ ရှိသေးသည်။ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်တစ်ယောက်ကြောင့် မုန့်ချင်ကျိုး၏ အေးချမ်းမှု ပျက်စီးသွားရ၏။
ဆေးခန်းရှေ့တွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရပ်နေပြီး မုန့်ချင်ကျိုးကို တိတ်တဆိတ် ကြည့်နေသည်။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။
“ဝန်ကြီးမုန့်၊ ရှင်က ဇိမ်ကျနေတာပဲနော်။ ရှေးဟောင်းနတ်ဘုရားမြို့တော်ကို ရောက်တာနဲ့ တမန်တော်မလေး တစ်ယောက်နဲ့ ဆုံနေပြီပေါ့။ ရှင်တို့ ပြောနေတဲ့ စကားတွေကို နည်းနည်း နားမလည်လို့ ရှင်းပြပေးပါဦးလား...”
တုန်းဖန်လျူလီက နံနက်ခင်းအလင်းနယ်ပယ် စွမ်းအားဖြင့် ရှေးဟောင်းနတ်ဘုရားမြို့တော်ကို မိနစ်ပိုင်းအတွင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ တစ်မြို့လုံးတွင် လူတောမတိုးသော ရှေးဟောင်းသားရဲ ညီမလေးချုံးမှလွဲ၍ သူ့ထက် ကျင့်စဉ်မြင့်သူ မရှိပေ။
မြို့ထဲမှာ လျှောက်သွားရင်း စိတ်ဓာတ်ကျပြီး အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဆီသို့ သွားရန် စဉ်းစားနေတုန်း ဆေးခန်းတစ်ခုရှေ့မှ ရင်းနှီးသော အသံကို ကြားလိုက်ရ၏။
ထို့ပြင် တမန်တော်မလေး၏ ထိတ်လန့်စရာ စကားများကို ကြားလိုက်ရသည်။
တစ်ခုခုက ဝုန်းခနဲ ဝင်သွားတယ်... စစချင်းမှာ နေလို့မကောင်းပေမဲ့ ပြီးတော့မှ ဇိမ်ရှိသွားတယ်... ဆိုတာတွေလေ။
တုန်းဖန်လျူလီသည် ယခင်က တားမြစ်ထားသော စာအုပ်များကို ဖတ်ဖူး၍ ၎င်းကို တွေးလိုက်မိသည်။ ထို့ပြင် တမန်တော်မလေးက ခြေထောက် မခိုင်ဘဲ မျက်နှာနီမြန်းပြီး ထွက်လာသည်ကို မြင်သော် သူ၏ သံသယများက အတည်ဖြစ်သွား၏။
ထိုအချိန် မုန့်ချင်ကျိုး၏အသံကို ကြား၍ ဝမ်းသာနေသော စိတ်များ ပျောက်ကွယ်သွားပြီး မနာလိုစိတ်များ အစားထိုးဝင်ရောက်လာသည်။ သူ၏ မျက်ဝန်းများ နီမြန်းနေပြီး အေးစက်ဒေါသထွက်နေသော အကြည့်များနှင့် မုန့်ချင်ကျိုးကို စိုက်ကြည့်နေတော့သည်။
ထိုသို့ လူမိနေသော အခြေအနေမှာပင် တုန်းဖန်လျူလီက အသံပြောင်းပြီး စာချုပ်ဇနီး ပုံစံကို မဖျက်ဘဲ ထိန်းထားသေး၏။
“လျူလီ...” မုန့်ချင်ကျိုး ထိတ်လန့်တကြားနှင့် ကုလားထိုင်ပေါ်မှ ဂျွမ်းပြန်သလို ဝုန်းခနဲ ထရပ်လိုက်တော့သည်။