← Chapters

အင်အားသုံး တိုက်ခိုက်ခြင်း၊ ကျောက်ယွီဟွမ် မနိုင်တော့ဘူး

Vol. 4 Ch. 50

အင်အားသုံး တိုက်ခိုက်ခြင်း၊ ကျောက်ယွီဟွမ် မနိုင်တော့ဘူး

Vol. 4 Ch. 50

မြို့တော်ကြီးမှာ ကမ္ဘာပျက်မတတ် ဖြစ်ရပ်ဆိုးများကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ရပြီး ထိုသတင်းဆိုးများကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်တော့။ တစ်စုံတစ်ယောက်က ယနေ့ဖြစ်သမျှကို ဆက်သွယ်ရေး ကျောက်စိမ်းပြားမှ တစ်ဆင့် စုစည်းကာ လောကတစ်ခုလုံး သိစေရန် ကြေညာလိုက်လေသည်။

[ အမှန်တရား ပေါ်ထွက်လာပြီ... ဝန်ကြီးမုန့်ရဲ့ ဂုဏ်ပြောင်တဲ့ ဘဝဇာတ်ကြောင်း၊ သူ့ကို စွပ်စွဲပုတ်ခတ်မှုတွေ ရပ်တန့်လိုက်ပါ၊ သူက သစ္စာရှိတဲ့ အရာရှိတစ်ဦးပါ...]

[ ပါရမီရှင် လူငယ်(၇)ဦး မြို့တော်ကို ခြိမ်းခြောက်လာခြင်း၊ မုန့်ရဲ့တပည့် ချန်ယွမ် ဓားသူတော်စင်က ပါရမီရှ၍် လူငယ်ခုနစ်ဦးကို သုတ်သင်လိုက်ပြီ... ]

[ တိုင်းပြည်မဏ္ဍိုင်ကြီး ချင်းဖုန်းဟော် ဒဏ်ရာရရှိ၊ နတ်ဘုရားမြှုပ်နှံရာ တားမြစ်နယ်မြေတွင် တိုင်ကပ်ခံထားရ၊ သူပုန်စစ်တပ်က အဆင့်လိုက် အောင်ပွဲခံနေပြီ... ]

[ ထူးခြားသတင်း... နှစ်ပေါင်းများစွာ အစွမ်းဖုံးကွယ်ထားတဲ့ ကျောက်ယွီဟွမ်က နံနက်ခင်းအလင်းနယ်ပယ် တစ်ပိုင်း မဟာပုဂ္ဂိုလ်တစ်ဦး ဖြစ်နေ... ]

[ ကျောက်ယွီဟွမ်က မြို့တော်ကို စိန်ခေါ်၊ ကြယ်နက်လျို့ဝှက်ပညာ ထွက်ပေါ်လာ... ဧကရီလည်း နံနက်ခင်းအလင်းနယ်ပယ်သို့ ရောက်ရှိနေပြီ... ဧကရီက စိန်ခေါ်မှုကို လက်ခံလိုက်ပြီ... ]

...

သတင်းတစ်ခုပြီးတစ်ခုက မဟာကျင်းနှင့် အိမ်နီးချင်းတိုင်းပြည်များကိုပါ တုန်လှုပ်သွားစေသည်။

ရေတွက်မရသော လူအများမှာ မူးဝေနောက်ကျိကာ လောကကြီး တစ်ခုလုံး ပြောင်းပြန်လှန်ပစ်ခံလိုက်ရသလို ခံစားနေရပြီး အရာအားလုံးမှာ အိမ်မက်ကဲ့သို့ပင်။

တစ်ရက်တည်းအတွင်းမှာပင် ပါရမီရှင် လူငယ်(၇)ဦး တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရသည်၊ အချိန်နှင့် နေရာလွတ် ဓားသူတော်စင်က နတ်ဘုရားအစွမ်းပြခဲ့သည်။ ကျောက်ယွီဟွမ်က မြို့တော်ကို စိန်ခေါ်ခဲ့ပြီး ဧကရီမှာ ဒဏ်ရာရရှိကာ သွေးစွန်းခဲ့ရသည်။

ဧကရီ ဒဏ်ရာရရှိသည့် သတင်းကို ကြားရသောအခါ အချို့က ဝမ်းသာကြပြီး အချို့က စိုးရိမ်ကြသည်။ မဟာကျင်း ပြည်သူပြည်သားများ၏ နှလုံးသားမှာမူ တင်းကျပ်နေပြီး သူတို့၏ ဧကရီအတွက် ဆုတောင်းပေးနေကြသည်။

ဧကရီ နန်းစံစဉ်အတွင်း ရရှိခဲ့သော အောင်မြင်မှုများမှာ အားလုံး၏ မျက်မှောက်တွင် ရှိနေသည်။ သူ့ကို အာဏာရှင်ဆန်သူ၊ သွေးဆာသူဟု ခေါ်ဆိုနိုင်သော်လည်း သူ၏ စွမ်းဆောင်ချက်များကိုမူ ငြင်းပယ်၍ မရပေ။ တိုတောင်းလှသော သုံးနှစ်အတွင်းမှာပင် မဟာကျင်းကို ငြိမ်းချမ်းသာယာစေပြီး ထွန်းကားစည်ပင်အောင် ပြုလုပ်နိုင်ခဲ့သည်။

သို့သော် အိမ်နီးချင်းတိုင်းပြည်များမှာမူ ဧကရီ အနိုင်ရသွားမည်ကို စိုးရိမ်နေကြသည်။ ဤရက်စက်လှသော အမျိုးသမီးသည် နံနက်ခင်းအလင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ရာ ပတ်ဝန်းကျင် တိုင်းပြည်များကို အမှုန့်ကြိတ်ပစ်ရန် လုံလောက်နေပြီဖြစ်သည်။ မဟာချန်ပင်လျှင် မဟာကျင်းကို ယှဉ်နိုင်တော့မည်မဟုတ်။

ကျောက်ယွီဟွမ်လည်း နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်းဟု သတ်မှတ်ခံရသော်လည်း ကြယ်နက် လျို့ဝှက်ပညာ၏ ခေတ္တမြှင့်တင်မှုကြောင့်သာ ထိုအဆင့်သို့ ရောက်ရှိခြင်း ဖြစ်သည်။ သို့သော် ကျောက်ယွီဟွမ်မှာ အလွန်သတိကြီးပြီး တည်ငြိမ်သူဖြစ်ကာ တစ်ခါတစ်ရံမှသာ လက်နက်ထုတ်တတ်သူ ဖြစ်သည်။ အကယ်၍ သူ လှုပ်ရှားပြီဆိုလျှင်လည်း ကမ္ဘာပျက်မတတ် ပြင်းထန်လှ၏။

ထို့ကြောင့် ဤတိုက်ပွဲမှာ လူအများ စောင့်ကြည့်ရဆုံး ဖြစ်နေသည်။

ရေတွက်မရသော အထွတ်အထိပ် ပုဂ္ဂိုလ်များက အခြားနေရာလွတ် တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေကြသည်။

သို့သော် ဖြစ်စဉ်မှာ ထင်မှတ်မထားသလို ဖြစ်လာခဲ့သည်။

ဧကရီကို ကူညီမည့် စစ်သူကြီးများနှင့် မဟာကျင်း ကျင့်ကြံသူများသည် လူစုတစ်စု၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထိုသူများမှာ မဟာချန်တိုင်းပြည်၊ သွေးပင်လယ်တိုင်းပြည်၊ ဝူယာထျန်ဂိုဏ်းနှင့် အခြားအင်အားစုများမှ ဖြစ်ပြီး ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

“မင်းမှာ သစ္စာရှိတဲ့ အမတ်တွေ အများကြီးရှိတာ ငါသိနေတာပဲ၊ ငါ ဘာလို့ အစီအစဉ် မချထားဘဲ နေမလဲ...” ကျောက်ယွီဟွမ်က သူ၏ လှံရှည်ကြီးကို ဝှေ့ယမ်းရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဒီနေ့တော့ ထိပ်တန်းအင်အားစု (၇)ခုက မင်းကို ဝိုင်းရံဖို့ ပူးပေါင်းထားတာပဲ။ မင်း ဘယ်လို ထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့ ချင်းလျူလီ၊ မင်း သေရမယ်...” မဟာချန်အင်ပါယာ၏ ဘိုးဘေးကြီးက အေးစက်စွာ ပြောလိုက်သည်။

တုန်းဖန်လျူလီက ဘာမှပြန်မပြောဘဲ ရှည်လျားလှပသော ခြေထောက်များဖြင့် ဝှေ့ယမ်းကန်လိုက်ရာ ပြင်းထန်လှသော ကန်ချက်ကြောင့် ကျောက်ယွီဟွမ် လွင့်ထွက်သွားသည်။

သို့သော် ရန်သူများမှာ များပြားလွန်းလှပြီး အားလုံးမှာ အတွေ့အကြုံရင့် မိစ္ဆာအိုကြီးများ ဖြစ်ကြကာ လူအင်အားသုံး၍ ပင်ပန်းနွမ်းနယ်အောင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

သူတို့က တိုက်ရိုက်ရင်ဆိုင်ခြင်းထက် လူအင်အားသုံး၍သာ တိုက်ခိုက်ကြသည်။

တစ်စုံတစ်ယောက် ဒဏ်ရာရလျှင် ချက်ချင်း နောက်ဆုတ်၍ ဆေးကုသပြီး ကျန်သူများက အစားထိုး ဝင်ရောက်တိုက်ခိုက်ကြသည်။ ဧကရီ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကို တစ်လှည့်စီ ခုခံရင်း သူ အားကုန်သွားစေရန် ရည်ရွယ်ထားကြသည်။

“တကယ် သန်မာတာပဲ...” ဝူယာထျန်ဂိုဏ်းမှ အကြီးအကဲမှာ သွေးများအန်ထုတ်ကာ ရင်ဘတ်ကို ဖိရင်း စစ်မြေပြင်မှ ဆုတ်ခွာလာသည်။ သူသည် ကုထုံးဆေးလုံးတစ်လုံးကို သောက်ရင်း ပြောလိုက်သည်။

“နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူ (၁၂)ယောက်၊ ပြီးတော့ ကြယ်နက်လျို့ဝှက်ပညာနဲ့ အစွမ်း မြှင့်ထားတဲ့ ကျောက်ယွီဟွမ်တို့ပေါင်းမှ ချင်းလျူလီကို ခက်ခက်ခဲခဲ ထိန်းထားနိုင်တာပဲ။”

သွေးပင်လယ်အင်ပါယာ၏ အမတ်ချုပ်ကြီးက အေးစက်စွာ ဆိုသည်။ “သူ ပိုသန်မာလေလေ၊ ငါတို့ သူကို စောစော သတ်ရလေလေပဲ။ ချင်းလျူလီသာ နံနက်ခင်းအလင်းနယ်ပယ်မှာ အခြေခိုင်သွားရင် ငါတို့အားလုံး ပေါင်းပြီးတော့ တိုက်ရင်တောင် သူကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။”

ချင်းဖုန်းဟော်၏ ကိုယ်ပွားသည် စစ်သူကြီးများကို ဦးဆောင်ကာ ခုခံရေးစည်းကို ဖောက်ထွက်ရန် အသည်းအသန် ကြိုးစားနေသည်။

အင်အားစု (၇)ခု ပေါင်းစည်းထားပြီး လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ ၃၀မှ ၄၀ခန့်က လမ်းကို ပိတ်ဆို့ထားသည်။

“အရမ်းကို အနိုင်ကျင့်လွန်းတယ်...” ချင်းဖုန်းဟော်က ဟိန်းဟောက်ရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရှေ့သို့ ပြေးဝင်သွားသည်။

ချက်ချင်းပင် နှစ်ပေါင်းရာချီ ပျိုးထောင်ထားသော ချင်းဖုန်းဟော်၏ ကိုယ်ပွားမှာ ရန်သူများကြားတွင် ပေါက်ကွဲသွားလေတော့သည်...

လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ (၃)ဦး နေရာမှာတင် သေဆုံးသွားပြီး (၁၀)ယောက်ကျော် ဒဏ်ရာရသွားသော်လည်း ခုခံရေးစည်းမှာမူ ကျောက်ဆောင်ကြီးကဲ့သို့ ခိုင်မြဲနေဆဲပင်။

“မဏ္ဍိုင်ကြီး...” မဟာကျင်း ကျင့်ကြံသူများ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားကြသည်။

မျှော်လင့်ချက် ကင်းမဲ့မှုများက ပိုမို၍ အားကောင်းလာပြီး ဤအတိုင်းဆိုလျှင် ဧကရီမှာ ကြာရှည်ခံတော့မည် မဟုတ်ပေ။

“ဘယ်သူမှ ရလဒ်ကို မပြောင်းလဲနိုင်ဘူး။ ချင်းလျူလီ သေရမယ်...”

“ရက်စက်ကြမ်းကြုတ်ပြီး လူအများအပြားကို သတ်ဖြတ်ခဲ့တဲ့ မဟာကျင်းဧကရီမှာ ပြစ်မှုတွေ အများကြီးရှိတယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် သူကို ဖျက်ဆီးပစ်ရမယ်။”

အင်အားစု (၇)ခုမှ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူများက တရားစီရင်နေသည့်အလား တစ်ယောက်ပြီး တစ်ယောက် ပြောဆိုနေကြသည်။

ထိုအချိန်တွင်...

ပုံရိပ်နှစ်ခုသည် အချိန်ထဲမှ အရိပ်များကဲ့သို့ တစ်ယောက်ရှေ့ တစ်ယောက်နောက် ပေါ်ထွက်လာသည်။ ချန်ယွမ် ဓားသူတော်စင်က မုန့်ချင်ကျိုးကို ဦးဆောင်ကာ ရှေ့သို့ လျှောက်လှမ်းလာပြီး သူတို့၏ ခြေဖဝါးအောက်တွင် အချိန်မြစ်လက်တက်တစ်ခု စီးဆင်းနေကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အမည်းနှင့် အဖြူရောင်သို့ ပြောင်းလဲသွားသည်။

အင်အားစု ခုနစ်ခုမှ တားဆီးသူများက သူတို့ကို မြင်သောအခါ ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားကြသည်။

“ရပ်လိုက်စမ်း၊ ဒီရှေ့ကို ပေးမသွားနိုင်ဘူး...” တစ်စုံတစ်ယောက်က ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ကြယ်အမြုတေကိုပင် ဖောက်ထွင်းသွားသော်လည်း ချန်ယွမ် ဓားသူတော်စင်နှင့် မုန့်ချင်ကျိုးကိုမူ မထိမှန်ခဲ့ပေ။ ဓားအလင်းမှာ သူတို့၏ ခန္ဓာကိုယ်ကို အမှတ်အသား တစ်ခုမျှ မကျန်စေဘဲ ဖြတ်သန်းသွားလေသည်။

မုန့်ချင်ကျိုးမှာမူ ဆူညံသံများကို ဂရုမစိုက်ဘဲ တည်ငြိမ်အေးချမ်းနေဆဲပင်။

“လရောင်ထွန်းလင်းနယ်ပယ်ကို တက်လှမ်းပြီးတော့ ပိုမြင့်မားတဲ့ အချိန်နဲ့နေရာလွတ် ဓားအသိကို နားလည်သွားခဲ့ပြီ...”

“ဒီအကွက်ကိုတော့ ငါက “အချိန်-နေရာလွတ် အရိပ်သွင်”လို့ အမည်ပေးထားတယ်...” ချန်ယွမ် ဓားသူတော်စင်က တိုးတိုးလေး ဆိုသည်။ “ခင်ဗျားတို့ မြင်နေရတာက ဒီအချိန်နဲ့ ဒီနေရာလွတ်ထဲက ငါ မဟုတ်ဘူး။ ငါက သမိုင်းရဲ့ စင်္ကြံလမ်းက အနာဂတ်နဲ့ အတိတ်ထဲမှာ လမ်းလျှောက်နေတာ။”

တားဆီးသူများက မယုံကြည်ကြဘဲ နည်းလမ်းအမျိုးမျိုးဖြင့် ချန်ယွမ် ဓားသူတော်စင်နှင့် မုန့်ချင်ကျိုးကို အလှည့်ကျ တိုက်ခိုက်ကြသည်။

အချို့ဆိုလျှင် အကြောင်းအကျိုး နိယာမများကိုပင် အသုံးချ၍ ချန်ယွမ် ဓားသူတော်စင်ကို အခြေခံကျကျ အပြစ်ပေးရန် ကြိုးစားကြသည်။

“အလကားပဲ။ အကြောင်းအကျိုး နိယာမက အချိန်နဲ့နေရာလွတ် ဓားအသိကို ထိခိုက်စေနိုင်ပေမဲ့ ခင်ဗျားတို့ရဲ့ နားလည်မှုက အရမ်းတိမ်လွန်းတယ်၊ အဝေးကြီး လိုပါသေးတယ်။”

ချန်ယွမ် ဓားသူတော်စင်က ခေါင်းခါလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ချောင်းများကို ဓားသဖွယ် စုလိုက်သည်။

“ဒီဓားက အနာဂတ်ကနေ သတ်ဖြတ်မှာ။ မနက်ဖြန်လည်း ဖြစ်နိုင်တယ်၊ နောက်တစ်စက္ကန့်လည်း ဖြစ်နိုင်တယ်၊ ရှောင်လို့မရဘူး၊ ခန့်မှန်းလို့မရဘူး၊ ခင်ဗျားတို့ အောင့်ခံဖို့ပဲ ရှိတယ်။”

“ငါက တစ်ယောက်ကို တစ်ချက်ပဲ တိုက်ခိုက်မယ်၊ အသက်ရှင်နိုင်ရင် ရှင်ကြည့်ကြပေါ့။”

ထိုသို့ပြောပြီးနောက် ချန်ယွမ် ဓားသူတော်စင်က ဆက်တိုက်ဆိုသလို ညင်သာစွာ ထောက်လိုက်ရာ အချိန်နှင့် နေရာလွတ် နတ်ဓားအသိ ဒါဇင်ပေါင်းများစွာမှာ အချိန်မြစ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

တားဆီးသူများက ချန်ယွမ် ဓားသူတော်စင်မှာ ကြွားဝါနေသည်ဟု ထင်ကာ လှောင်ပြောင်ကြသည်။

“ပင်လယ်လွှမ်းမိုးနယ်ပယ် ကျင့်ကြံသူလေးကများ လာကြွားနေသေးတယ်...”

“နေဦး...”

“မင်း ဘယ်တုန်းက အဆင့်တက်သွားတာလဲ... ဒီအရှိန်အဝါက... လရောင်ထွန်းလင်းနယ်ပယ်ပဲ...”

သွေးပင်လယ်အင်ပါယာ ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်ပြီး စကားအဆုံးမှာပင် နောက်ဘက်မှ ဓားအသိ တစ်ခုက ရုတ်တရက် တိုက်ခိုက်လိုက်ရာ သူ၏ ခေါင်းပြတ်ထွက်သွားပြီး သူ၏ ဝိညာဉ်ပါ ကြေမွ၍ သွားလေတော့သည်။

ထိုအခါမှသာ အင်အားစု (၇)ခုမှ တားဆီးသူများ သဘောပေါက်သွားကြပြီး ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားကာ လူတိုင်း ဘာလုပ်ရမှန်း မသိဖြစ်သွားကြသည်။

ဒါကို ဘယ်လိုတိုက်ရမှာလဲ...

ပြိုင်ဘက်ကို အမှတ်အသားလုပ်လို့မရ၊ ပစ်မှတ်ထားလို့မရ၊ တိုက်ခိုက်လို့လည်း မရ။

ချန်ယွမ် ဓားသူတော်စင်က အေးအေးဆေးဆေးပင် ဓားအသိတစ်ခု ထုတ်လိုက်သည်နှင့် ထိုအသိမှာ အချိန်မြစ်ထဲသို့ ဝင်သွားကာ မည်သည့်အချိန်မှာ ပြန်ထွက်လာပြီး တိုက်ခိုက်မည်ကို မသိနိုင်ပေ။

ဖတ်...

ဖတ်...

...

လူများမှာ မည်သည့်သတိပေးချက်မျှမရှိဘဲ ဆက်တိုက် အသတ်ခံနေရသဖြင့် မြင်ကွင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

နှစ်ပေါင်းထောင်ချီ နေထိုင်လာပြီး လောကဓံကို ကျွမ်းကျင်နေသော လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူများပင်လျှင် ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။

“နတ်ဆိုး... နတ်ဆိုးပဲ... ပြေး... မြန်မြန်ပြေးကြ...”

တဖြည်းဖြည်းနှင့် အချို့မှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။ ဤအခြားနေရာလွတ်မှ ထွက်သွားပြီး ချန်ယွမ် ဓားသူတော်စင်နှင့် တိုက်ရိုက် ရင်မဆိုင်ရလျှင် ဘေးကင်းမည်ဟု ထင်နေကြသည်။

“ခင်ဗျားတို့ ထွက်ပြေးလို့မရပါဘူး၊ အချိန်နှင့် နေရာလွတ် ဓားအသိက ခင်ဗျားတို့ရဲ့ အနာဂတ်ထဲမှာ ပေါင်းစည်းသွားပြီ။ အနာဂတ်ရဲ့ တစ်ချိန်ချိန်မှာ စောင့်နေလိမ့်မယ်။”

“ဒါကို ရှောင်ရှားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ငါ့ထက်ချက်ချင်း သန်မာလာပြီး နောက်တစ်ချက်ကို တောင့်ခံဖို့ပဲ။ ဒါမှမဟုတ်ရင်လည်း အခုချက်ချင်း ကိုယ့်လည်ပင်းကိုယ် လှီးလိုက်ပြီး အသက်စောစော အဆုံးသတ်လိုက်ပေါ့၊ ဒါဆိုရင်တော့ ငါ့ရဲ့ဓားနဲ့ ရင်ဆိုင်ရမှာ မဟုတ်တော့ဘူး။”

ချန်ယွမ် ဓားသူတော်စင်က ခေါင်းခါလိုက်ပြီး အနည်းငယ် ရှင်းပြကာ သူတို့ကို လျစ်လျူရှုလိုက်သည်။ သူက မုန့်ချင်ကျိုး၏ နောက်မှ ခြေလှမ်းမှန်မှန် လိုက်ရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။

အဝေးတစ်နေရာတွင်။

ထိတ်လန့်ဖွယ် ကောင်းလှသော တုန်ခါမှုများ ပျံ့နှံ့နေပြီး သာမန် လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူများမှာ ဒဏ်ရာမရဘဲ အနားသို့ပင် မချဉ်းကပ်နိုင်ကြပေ။

စစ်မြေပြင်၏ အလယ်ဗဟိုတွင် တုန်းဖန်လျူလီမှာ ခိုင်မာစွာ ရပ်တည်နေဆဲပင်။ သူ့တွင် မည်သည့်လက်နက်မျှ မလိုဘဲ လက်သီးချက်များမှာ တားဆီး၍မရသော စွမ်းအားများဖြင့် လှုပ်ရှားနေပြီး အနိုင်မခံ နတ်ဘုရားမတစ်ပါး ကဲ့သို့ ရှိနေသည်။

“ဧကရီ၊ ကျုပ် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။” မုန့်ချင်ကျိုးက အဝေးမှနေ၍ လက်အုပ်ချီ ဦးညွှတ်လိုက်သည်။

သူ၏ တည်ငြိမ်အေးချမ်းလှသော အသံမှာ တုန်းဖန်လျူလီ၏ နားထဲသို့ ရောက်ရှိသွားသည်။

မည်သည့် သတ္တဝါကိုမဆို ရူးသွပ်သွားစေနိုင်သော တုန်းဖန်လျူလီ၏ မျက်နှာမှာ ရန်လိုမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများမှာ ခံစားချက်ကင်းမဲ့ကာ အရာအားလုံးကို သတ်ဖြတ်ရန် အသင့်ဖြစ်နေသည့်အလား အေးစက်နေသည်။

သို့သော် မုန့်ချင်ကျိုး၏ အသံကို ကြားလိုက်ရသောအခါ တုန်းဖန်လျူလီမှာ တုန်ရင်သွားပြီး သူ၏ မျက်လုံးများ ပြန်လည် ကြည်လင်လာသည်။

“ချင်ကျိုး...”

တုန်းဖန်လျူလီသည် သူကိုယ်တိုင်သာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားပြီး ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများကို လျစ်လျူရှုကာ လှည့်ကြည့်လိုက်သည်။

သူက မြေပြင်ပေါ်တွင် ခင်းထားသော ကော်ဇောနီကြီးကဲ့သို့ သူ့ထံသို့ ဆန့်တန်းလာသည့် အချိန်မြစ်ကြီးကို မြင်လိုက်ရသည်။

မုန့်ချင်ကျိုးက ထိုအချိန်မြစ်ပေါ်တွင် လျှောက်လှမ်းရင်း တစ်လှမ်းချင်းစီ နီးကပ်လာသည်။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ... မြန်မြန် ထွက်သွားစမ်း...” တုန်းဖန်လျူလီမှာ ထိုမြင်ကွင်းကြောင့် ခေတ္တမျှ မှင်တက်သွားပြီးနောက် သတိပြန်ဝင်လာကာ အလောတကြီး ငေါက်လိုက်သည်။

ကျောက်ယွီဟွမ်သည်လည်း သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ မုန့်ချင်ကျိုးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည် -

“မင်းက မုန့်ချင်ကျိုးလား၊ ဒါမှမဟုတ် မုန့်ချင်းလား...”

မုန့်ချင်ကျိုးက ခေါင်းကိုကုတ်ကာ အနည်းငယ် ဇဝေဇဝါဖြစ်ဟန်ဖြင့် မျက်တောင်ခတ်ရင်း နားမလည်သလို မေးလိုက်သည်။ “ဘာကို ဆိုလိုတာလဲ...”

မုန့်ချင်းရော မုန့်ချင်ကျိုးရောက ငါပဲလေ။ ခင်ဗျား ဘာတွေ လာပြောနေတာလဲ...

“ထားလိုက်တော့၊ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ သတ်ချင်တဲ့သူပဲ။” ကျောက်ယွီဟွမ်က ရက်စက်စွာ ပြုံးလိုက်သည်။

ဤအရေးကြီးသော အချိန်တွင် ကျောက်ယွီဟွမ်မှာ အသည်းအသန် ဖြစ်နေပြီး တုန်းဖန်လျူလီကို အမြန်ဆုံး သတ်ချင်နေသည်။

ယခုမူ ဧကရီအတွက် အရေးကြီးသောသူတစ်ယောက်က သူ့ထံသို့ ရောက်လာပြီ ဖြစ်သည်။

ဧကရာဇ်မင်းမြတ် မုန့်ချင်ကျိုးဖြစ်စေ၊ ဒုတိယအမတ်ချုပ် မုန့်ချင်ဖြစ်စေ၊ နှစ်ဦးစလုံးမှာ ဧကရီနှင့် နီးကပ်သော ဆက်ဆံရေးရှိကြသည်။

ထို့ကြောင့် သူ့ကို သတ်လိုက်မည်ဆိုလျှင် ဧကရီ၏ တာအိုနှလုံးသားကို ပျက်စီးစေပြီး တိုက်ပွဲကို ထိခိုက်စေမည်မှာ အမှန်ပင်။

“စိတ်မကောင်းပါဘူး၊ ခင်ဗျားမှာ အဲဒီအခွင့်အရေး ရမှာမဟုတ်ဘူး။” မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

သူက သူ၏ ကိုယ်ပွားနောက်သို့ လိုက်ကာ အသက်စွန့်၍ စစ်မြေပြင်သို့ ဝင်လာရခြင်းမှာ ကိုယ်ပွား တစ်ခုတည်းနှင့် နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း (၁၂)ဦးကို မယှဉ်နိုင်မည် စိုးရိမ်သောကြောင့် ဖြစ်သည်။

သူကိုယ်တိုင် ရောက်ရှိလာမှသာ သူ တိုက်ရိုက်ဝင်မတိုက်လျှင်တောင် ဘေးမှ စောင့်ကြည့်နေရုံဖြင့် အချိန်နှင့် နေရာလွတ် ဓားအသိကို ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

“ချန်ယွမ်... သူတို့ကို အချိန်-နေရာလွတ် ပိုင်နက်ထဲ ဆွဲထည့်လိုက်။ စစ်မြေပြင်ကို ဧကရီနဲ့ ကျောက်ယွီဟွမ်တို့ဆီ ပြန်ပေးလိုက်ရအောင်။” မုန့်ချင်ကျိုးက ကျောက်ယွီဟွမ်ကို ကြည့်ကာ နောက်ပြောင်သည့်အလား မျက်ခုံးပင့် ပြလိုက်သည်။

အစ်ကိုကြီး... ခင်ဗျားက သမိုင်းမှာ ပထမဆုံး ဧကရီ၊ အနှိုင်းမဲ့ ပါရမီရှင်ဖြစ်တဲ့ အကြီးမားဆုံး ဗီလိန်ကြီး ချင်းလျူလီရဲ့ ဒေါသကို ရင်ဆိုင်ရတော့မှာပဲ။

ကျောက်ယွီဟွမ်ရဲ့ မျက်နှာပျက်သွားမယ့် အမူအရာတွေကို မမြင်ရတာတော့ တကယ်ကို နှမြောစရာပဲ။

ချန်ယွမ် ဓားသူတော်စင်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ကာ အားရပါးရ လက်ခုပ်တီးလိုက်လေသည်။

အချိန်နှင့် နေရာလွတ် ဓားအသိများက ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နံနက်ခင်းအလင်းနယ်ပယ် တစ်ပိုင်း ကျင့်ကြံသူ (၁၂)ဦးကို လွှမ်းခြုံသွား၏။

“အားလုံးပဲ... သံသရာထဲကို ဝင်လိုက်ကြတော့။” မုန့်ချင်ကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။

အချိန်မြစ်လက်တက်တစ်ခုက နေရာလွတ်ကို ဖောက်ထွင်းကာ အင်အားစုအသီးသီးမှ ခေါင်းဆောင် (၁၂)ဦးကို လွှမ်းခြုံသွားလေသည်။

အချိန်တာအို နားလည်နိုင်စွမ်းအောက်တွင် ထိုခေါင်းဆောင် (၁၂)ဦးမှာ ချက်ချင်းပင် အချိန်သံသရာထဲသို့ ရောက်ရှိသွားပြီး သမိုင်းအပိုင်းအစတစ်ခု သို့မဟုတ် ဘဝအတွေ့အကြုံတစ်ခုခုထဲတွင် ပိတ်မိသွားကြတော့သည်။

ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

လူကြီးပိုင်း အများကြီးခေါ်ပြီး ဧကရီကို အနိုင်ကျင့်ရန် ကြံစည်နေသော ကျောက်ယွီဟွမ်က ရုတ်တရက်ဆိုသလို တစ်ယောက်တည်း ဖြစ်သွားပြီး ဧကရီကို တစ်ဦးတည်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။

“အမ်...” ကျောက်ယွီဟွမ်၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး သူ၏ မျက်နှာမှာ တင်းမာသွား၏။

တုန်းဖန်လျူလီ၏ အေးစက်လှသော မျက်လုံးများမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး တည်ငြိမ်စွာပင် မေးလိုက်သည်။

“ရှင် ဘယ်လိုမျိုး သေချင်တာလဲ...”

All Chapters